အခန်း (၂၅၁)
Vol. 19 Ch. 251
ရှမ့်လန်နှင့် ကျန်းချုံးတို့သည် တစ်ယောက်၏ စိတ်ထဲတွင် ရှိနေသည့် အကြောင်းအရာကို တစ်ယောက်က မြင်ရ၏။ ထို့အပြင် ကျန်းချုံးသည် အသေးစိတ် အချက်အလက်များကို ဘုရင်မင်းမြတ်ဆီသို့ တိတ်တဆိတ် သတင်းပို့ခဲ့ပြီးသား ဖြစ်လေ၏။
“အင်း.... ဘုရင်မင်းမြတ်ဆီကို ကျုပ် လျှို့ဝှက်သတင်းပြီးပါပြီ”
ကျန်းချုံးက ပြောလိုက်သည်။ “ပြီးရင် စစ်ပွဲ၊ ငြိမ်းချမ်းရေး ... ဘာပဲဖြစ်ဖြစ် ဘုရင်မင်းမြတ်ရဲ့ စိတ်ဆန္ဒအပေါ်မှာပဲ မူတည်တော့တယ်”
ရှမ့်လန်က ပြောလိုက်၏။ “ဘုရင်မင်းမြတ် အမိန့်တော်ချမှတ်တဲ့နေ့က ဖမ်းဆီးခံထားရတဲ့ စစ်သည်ပေါင်း ၃၀၀၀ ကျော်ကို ကျုပ် ပြန်ပြီး လွှတ်ပေးတဲ့နေ့ပေါ့ဗျာ”
ကျန်းချုံးက ပြောလိုက်သည်။ “အင်း.... ကောင်းကင်တာအိုအဖွဲ့အစည်းရဲ့ ရွက်သင်္ဘောတွေ နုရှောင့်မြို့မှာ ရှိနေတာ ကျုပ် မြင်ခဲ့တယ်”
“ဟုတ်တယ်” ရှမ့်လန်က ပြောလိုက်၏။
ရွှမ်ဝူအိမ်တော်၏ တိုးချဲ့မှုတွင် ကိုယ်ပိုင်စစ်တပ်၌ စုစုပေါင်း စစ်သည်ပေါင်း ၅၀၀၀ ကျော်ခန့် ရှိ၏။ ထို့အပြင် ချောင်ယောင်းအာဆီမှ ပင်လယ်ဓားပြ ၁၀၀၀ ကျော် ကျန်ရစ်ခဲ့သေးသည်။ ထို့အပြင် ကောင်းကင်တာအို အဖွဲ့အစည်းမှ ပေးပို့ထားသည့် စစ်သည်ပေါင်း ၁၀၀၀ ကျော်ကလည်း တည်ရှိနေ၏။ ထို့ကြောင့် နုရှောင့်မြို့ကို ခုခံကာကွယ်ရန်အတွက် စုစုပေါင်း စစ်သည်ပ ၇၀၀၀ ကျော် ရှိလို့နေသည်။
ပိုမို၍ အရေးကြီးမားသည်မှာ ကျင်းမိသားစုသည် ချောင်ထျန်းဝေ၏ ရွက်သင်္ဘောအားလုံးကို သိမ်းဆည်း ထားခဲ့ပြီး ပင်လယ်ပြင်တစ်ခုလုံးကို ထိန်းချုပ်ထားခဲ့ခြင်းပင်။ ကျန်းချုံး၏ လက်ထဲတွင် ပင်လယ်ဓားပြ ၄၀၀၀ ကျော်သာလျှင် ရှိ၏။ အဘယ်သို့ဒါဇင်ချီသည့် ကျွန်းများကို ခုခံကာကွယ်ရန် တတ်နိုင်မည်နည်း။
ယခု ကျင်းမိသားစုသည် နုရှောင့်မြို့ထဲတွင် ရှိနေသည့် ရဲတိုက်ကြီးသုံးခုကို အပိုင်သိမ်းဆည်းထားခဲ့၏။ ချောင်ထျန်းဝေ၏ ရဲတိုက်ကြီးသည် တကယ့်ကို မာကျောပြီး ကြီးမားလွန်းလှ၏။ ပင်လယ်ဓားပြ ၄၀၀၀ လောက်နှင့် မည်ကဲ့သို့ သွားရောက်ကာ တိုက်ခိုက် အနိုင်ယူနိုင်မည်နည်း။
ထို့သို့ဆိုလျှင် စစ်ပွဲအဖြစ် သတ်မှတ်ကာ တိုက်ခိုက်သိမ်းဆည်းရမည်လား။ ဘုရင်မင်းမြတ်အနေနှင့် စစ်သည်ပေါင်း နှစ်သောင်း၊ သုံးသောင်းကျော်ကို စုစည်းပြီး စစ်သင်္ဘော တော်တော်များများကို တည်ဆောက်မှ ဖြစ်ပေလိမ့်မည်။ ထို့သို့ ပြုလုပ်မည်ဆိုပါက တစ်နှစ်ခွဲလောက် ကြာမြင့်မှသာလျှင် နုရှောင့်မြို့ဆီသို့ လာရောက်ကာ တိုက်ခိုက်နိုင်ပေလိမ့်မည်။
သို့ပေမည့် ဘုရင်မင်းမြတ်သည် ထိုကဲ့သို့ ကြီးမားသည့် တန်ကြေးတစ်ခုကို ပေးကာ တိုက်ခိုက်ရန် စဉ်းစားပါ့မည်လား။ လက်ရှိအခြေအနေ၌ တောင်ပိုင်းနိုင်ငံ၏ ပုန်ကန်မှုကို ဖိနှိပ်ရန် ကြိုးစားဖြေရှင်းနေရသည်။ ကျင်းမိသားစုကို ထောင့်တစ်ခုဆီသို့ တွန်းပို့ပါက နုရှောင့်မြို့သည် ဝူတိုင်းပြည်ဆီသို့ ကျိန်းသေပေါက် ရောက်ရှိသွားပေလိမ့်မည်။ ထို့သို့ဆိုလျှင် အခြေအနေတစ်ခုလုံး ပြောင်းပြန်လန်သွားမှာ ဖြစ်၏။
ထို့ကြောင့် ရှမ့်လန်နှင့် ကျန်းချုံးတို့၏ ဆွေးနွေးခြင်းသည် အကောင်းဆုံးသောနည်းလမ်းဖြစ်ကြောင်း ထင်ရှားစေခဲ့သည်။ ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာလည်း မကျဆင်းချေ။ မျက်နှာပြင်ထက်တွင် ကြီးမားသည့် အောင်ပွဲတစ်ခု ရရှိခဲ့ပုံပင်ပေါ်သည်။ ထို့အပြင် ရွဲ့ပြည်အနေဖြင့် ပိုင်နက်နယ်မြေတစ်ခုကိုလည်း ထပ်တိုး ရရှိခဲ့သည်။
ဟုတ်ပေ၏။ နင်မိသားစုသည် ကျင်းမိသားစု၏ မျက်နှာပိတ်ရိုက်ခြင်းကိုတော့ ခံခဲ့ရသည်။ ထိုအရာကို ဘုရင်မင်းမြတ်က သည်းခံနိုင်ပါမည်လား။
...........
ကျန်းချုံးသည် ရှမ့်လန်အတွက် ရေနွေးတစ်ခွက်ကို အသာကောင်းငှဲ့ပေးလိုက်၏။ “ဘုရင်မင်းမြတ်ရဲ့ နောက်ဆုံး အမိန့်တော်က ဘာပဲဖြစ်ဖြစ် ဒီအဘိုးကြီးက ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီ”
ကျန်းချုံးက ပြောလိုက်သည်။ “လူငယ်တွေက တကယ့်ကို အကြောက်အလန့်ကင်းမဲ့တယ်ဆိုတာ အမှန်ပဲ”
ရှမ့်လန်က ပြောလိုက်၏။ “ဘုရင်မင်းမြတ်အနေနဲ့ ခင်ဗျားရဲ့အားစိုက်ထုတ်မှုကို သေချာမြင်ရပြီး ခင်ဗျားရဲ့ ကြိုးစားထားမှုတွေကို အသိအမှတ်ပြုလိမ့်မယ်လို့ ကျုပ် ယုံကြည်မိပါတယ်”
ကျန်းချုံးက ပြောလိုက်သည်။ “ကျုပ်က ရွှမ်ဝူနဲ့ အသက်တူတူလောက်ပါပဲ။ ဒါပေမဲ့ ကျုပ်က နောက်ကောက်ကျ ကျန်ခဲ့တယ်။ အခု ကျုပ် ကျရှုံးသွားခဲ့ပြီ။ ကျုပ် အပေါ်ကိုပြန်တက်နိုင်မလား၊ မတက်နိုင်ဘူးလားဆိုတာ မသေချာတော့ပါဘူး”
ရှမ့်လန်က ပြောလိုက်၏။ “ဒီလိုမျိုးတော့ မဟုတ်သေးပါဘူး။ အုပ်ချုပ်ရေးမှူးကျန်းက ကျိန်းသေပေါက် ကောင်းမွန်တဲ့ အနာဂတ်တွေကို ပိုင်ဆိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်မိတယ်”
သူ ထိုသို့ပြောလိုက်သည်ဆိုသော်လည်း ကျန်းချုံး၏ ကံတရားနှင့်ပတ်သက်၍ သေသေချာချာ မသိရှိချေ။ နုရှောင့်မြို့၏တိုက်ပွဲတွင် ကျန်းချုံးသည် ဘုရင်မင်းမြတ်၏အခြေအနေ တစ်ဝက်လောက်ကို ကယ်တင်နိုင်ခဲ့သည်။
ပြောရမည်ဆိုလျှင် ကျင်းမိသားစုသည် လေ့ကျိုးကျွန်းစုတစ်ခုလုံးကို သိမ်းဆည်းနိုင်ခဲ့ခြင်း မရှိချေ။ တချို့သော ကျွန်းအနည်းငယ်တို့ကို ကျန်းချုံးနှင့် ချောင်ဟောင်တို့က သိမ်းဆည်းထားခဲ့၏။ ထို့ကြောင့် ကျင်းမိသားစု အနေနှင့် တည်နေရာအကျယ်ကြီးကို ရရှိသွားခြင်းတော့ မရှိချေ။ သို့ပေမည့် ကျန်းချုံးနှင့် ကျင်းမိသားစု၏ တိုက်ခိုက်မှုတွင်တော့ ကျန်းချုံးက ရှုံးနိမ့်ခဲ့သည်မှာ ထင်ရှား၏။
ဘုရင်မင်းမြတ်သည် စိတ်တိုတတ်သူတစ်ယောက် ဖြစ်ပြီး အကျိုးအကြောင်းမဆီလျော်သည့်အပြင် တစ်ခါတစ်ရံတွင် ကျေးဇူးလည်း ကန်းတတ်သေး၏။ ထို့သို့ဆိုလျှင် ကျန်းချုံး ဘာဖြစ်လာမည်နည်း။ မည်သူမှ ရေရေရာရာ မသိရှိချေ။ ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒပေါ်တွင်သာ အလုံးစုံ မူတည်လျက် ရှိနေသည်။
ကျန်းချုံးသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “အင်း.... အနည်းဆုံးတော့ မူဝါဒအသစ်တွေနဲ့ ပတ်သက်ပြီး ကျုပ် ဘာမှလုပ်စရာ မလိုတော့ဘူးပေါ့”
တကယ်ပင် မူဝါဒအသစ်သည် ကျန်းချုံးနှင့် သက်ဆိုင်တော့မည် မဟုတ်ချေ။ နုရှောင့်မြို့တိုက်ပွဲပြီးနောက် ရွှဲ့ပြည်နယ်၏ မူဝါဒအသစ်သည် ခဏတာ ဆိုင်းငံ့ခြင်းအဖြစ် ရောက်ရှိသွားသည်။ ထို့သို့ဆိုလျှင် မူဝါဒအသစ်သည် မည်သူ့ဆီသို့ ရောက်ရှိသွားမည်နည်း။ တခြားသော တစ်စုံတစ်ယောက်ဆီသို့ ရောက်ရှိသွားမှာတော့ သေချာ၏။
ကျန်းချုံးသည် လျှို့ဝှက်အစီရင်ခံစာများကို နန်းမြို့တော်ဆီသို့ ပေးပို့ခဲ့ပြီးသား ဖြစ်၏။ ထိုအရာသည် အမြန်ဆုံးနှုန်းနှင့် ဘုရင်မင်းမြတ်ဆီသို့ ရောက်ရှိသွားပေလိမ့်မည်။ ဘုရင်မင်းမြတ်နှင့် နန်းတွင်းအတွင်းဝန်ရုံး တစ်ခုလုံး မည်မျှစိုးရွံ့ထိတ်လန့်ကြောက်လန့်သွားမည်နည်း ဆိုသည်ကို ရှမ့်လန် တွေးတောကြည့်၍ပင် မရနိုင်ချေ။
ကျန်းချုံးသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ဒီလိုဆိုရင် ကျုပ်တို့ဆွေးနွေးတာ ပြီးသွားပြီ။ ဒီအဘိုးကြီးက အိပ်ဟောင်းကြီးကို ပြန်ပါတော့မယ်။ ပြီးတော့ ဘုရင်မင်းမြတ်ရဲ့ ဆုံးဖြတ်မှုကို စောင့်မျှော်ကြတာပေါ့”
ရှမ့်လန်သည် ဦးညွှတ်ကာ ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးကျန်း.. တောင်တွေက မြင့်တယ်။ မြစ်တွေက ကျယ်တယ်။ ဘာပဲပြောပြောကျုပ်တို့က ထပ်ပြီးတော့ တွေ့ကြအုံးမှာပါပဲ”
ရွှမ်ဝူနှင့် ကျင်းချုံးတို့သည် နုရှောင့်မြို့ကို စောင့်ကြပ်လျက် ရှိနေ၏။ သူတို့၏ ရှေးရိုးဆန်မှုနှင့် ဆုံးဖြတ်ချက် ပြတ်သားသည့် အမူအကျင့် ၊ စိတ်နေစိတ်ထားအရ မြို့တစ်ခုကို ခုခံကာကွယ်ရန် အသင့်တော်ဆုံးလူများဖြစ်၏။
ရှမ့်လန်နှင့် ကျင်းချန်တို့မှာတော့ လူပေါင်းတစ်ထောင်ကျော်တို့ကို ဦးစီးပြီး ကျင်းချန်ကျွန်းကို သွားရောက်ကာ တိုက်ခိုက်ခဲ့၏။ အစောတည်းက ရွှမ်ဝူအိမ်တော်မှ လူပေါင်း ၂၀၀၀ တို့သည် ကျင်းချန်ကျွန်းထဲတွင် ရှိနှင့်ပြီးသားဖြစ်သည်။ အတွင်းအပြင်ပူးပေါင်းမှုနှင့်အတူ ရှမ့်လန်တို့သည် ဓားပြပေါင်းတစ်ထောင်ကျော်တို့ကို လွယ်လွယ်ကူကူနှင့် အနိုင်ရရှိခဲ့၏။ နေ့ဝက်နီးပါးခန့်သာလျှင် ကြာမြင့်ခဲ့သည်။
ကျင်းချန်သည် စစ်သည်အပေါင်းတစ်ထောင်ကျော်တို့နှင့်အတူ ကျင်းချန်ကျွန်းကို စောင့်ကြပ်ရန် ကျန်ရှိခဲ့၏။ ကျန်သည့်တစ်ဝက်လောက်ကို ရွှမ်ဝူအိမ်တော်ဆီသို့ ပြန်လည်ကာ ခေါ်ဆောင်လာခဲ့၏။ ရှမ့်လန်သည် စစ်သည်အပေါင်း ၅၀၀ ကျော်ကို စုစည်းကာဖြင့် ရွှမ်ဝူအိမ်တော်ဆီသို့ ပြန်လာခဲ့၏။ သူ အိမ်ကနေ ထွက်ခွာသွားခဲ့သည်မှာ တစ်လကျော်ခန့် ကြာမြင့်ခဲ့၏။ ထို့ကြောင့် အမြန်ဆုံးနှုန်းနှင့် ပြန်ချင်မိ၏။
‘မူလန် အချစ်လေး.. ငါ မင်းကို အရမ်းလွမ်းနေပြီ။ ငါ လွန်ခဲ့တဲ့လအတွင်း ဘယ်သူနဲ့မှ မရှုပ်ခဲ့ဘူး။ ငါ ချောင်ယောင်းအာကို ကြည့်တောင်မကြည့်ခဲ့ဘူး’
နုရှောင့်မြို့ကဲ့သို့သောနေရာတွင် နေထိုင်ခဲ့ပြီး ပိုက်ဆံအလျှံပယ် တည်ရှိနေသည်ဆိုလျှင်တောင်မှ သူသည် မည်သည့်မိန်းမနှင့်မှ ရှုပ်ပွေခဲ့ခြင်းမရှိချေ။ ယနေ့ခေတ်တွင် သူ့ကဲ့သို့ သန့်စင်သည့် ယောကျာ်းတစ်ယောက်ကို ရှာဖွေတွေ့ရှိဖို့ဆိုသည်မှာ လွယ်ကူမည် မဟုတ်ချေ။ ဤအရာသည် ချစ်ခြင်းမေတ္တာ အစစ်အမှန်ပင် ဖြစ်သည်။
ရှစ်ချင်းချင်းသည် ရှမ့်လန်၏အနောက်ဘက်ဆီသို့ ဆွဲဆောင်မှုရှိစွာဖြင့် လျှောက်လာခဲ့ပြီး ရှမ့်လန်၏ ပုခုံးကို အသာ နှိပ်ပေးလိုက်၏။ ပြီးနောက် သူမသည် မတော်တဆဆိုသလိုပဲ သူမ၏ရင်ဘတ်နှင့် ရှမ့်လန်၏ဦးခေါင်းကို ပွတ်သပ်လျက်ရှိ၏။
‘မလုပ်နဲ့၊ မလုပ်နဲ့။ ငါက တကယ့်ကို ဆုံးဖြတ်ချက်ခိုင်မာတဲ့ ယောကျာ်းကောင်း ယောကျာ်းမြတ်ပဲ။ ပြီးတော့ ငါတို့က ကွာရှင်းပြီးသွားပြီလေ။ မူလန့်ကို စိတ်ညစ်စေလို့ မဖြစ်ဘူး။ ငါက အဲလိုလူစားမျိုး မဟုတ်ဘူး။ ဟင်း.. ဒါပေမဲ့ အိအိလေးပါလား’
ရှမ့်လန်သည် သူမ၏ ရင်ခွင်ထဲသို့ ခေါင်းကို အသာမှီလိုက်၏။ မျက်နှာထက်တွင် ပျော်ရွှင်သည့် အရိပ်အရောင် များထင်ပေါ်လာသည်။ ဘေးတစ်ဖက်တွင်ရှိနေသည့် ဟွမ်ဖန်မှာတော့ မချိတင့်ကဲ အမူအရာမျိုးနှင့် တည်ရှိနေ၏။ သူမသည် ထိုအခြင်းအရာကို ကြည့်ရှုကာ အားကျသွားရည်ယိုနေခြင်း မဟုတ်ချေ။ နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့သော သတ်ဖြတ်လိုခြင်း ဆန္ဒများကို မနည်းဖိနှိပ်နေရခြင်းဖြစ်၏။ သို့နှင့် သူမသည် ခန္ဓာကိုယ်ကို အသာ လှည့်လိုက်မိသည်။
ရှစ်ရှစ်ချင်းချင်းမှာတော့ ဆွဲဆောင်မှုရှိစွာဖြင့် အသာပင်ပြောဆိုလိုက်၏။ “ရှမ့်လန်.. ရှင်... ဆိုးဆေးနည်းပညာထဲမှာ ဘယ်လိုအဆိပ်မျိုးကို ထည့်ထားတာလဲ ပြောပြနိုင်မလား။ ဘယ်လိုဖြစ်ပြီး ကျွန်မတို့မိသားစုကို ဒုက္ခရောက်အောင် လုပ်ခဲ့တာလဲ။ ပြီးတော့ အနောက်တိုင်းကုန်သည်တွေအားလုံး အဆိပ်မိသွားအောင် ရှင်ဘယ်လိုလုပ်ခဲ့တာလဲ”
‘ချီးတဲ့မှ ... ဒီလိုလာပြီး ပွတ်သီးပွတ်သပ် လုပ်နေတာ ဒီလိုမေးချင်လို့ကိုး’
ရှမ့်လန်သည် ခပ်မတ်မတ် အသာထိုင်လိုက်၏။ ပြီးနောက် သူ၏ခေါင်းကို ရှစ်ချင်းချင်း၏ ရင်ဘတ်ဆီမှ အသာခွာလိုက်၏။ သူ ရှမ့်လန်သည် လူကြီးလူကောင်းတစ်ယောက်ဖြစ်၏။ သူ့မိန်းမ အနီးအနား၌ မရှိဘူးဆိုလျှင်တောင်မှ သူသည် မည်သည့်မိန်းမနှင့်မှ ရှုပ်လိမ့်မည် မဟုတ်ချေ။
ပြီးနောက် သူသည် လူကြီးလူကောင်း တစ်ယောက်၏ ဟန်ပန်အမူအရာမျိုးဖြင့် ရဲရင့်ခိုင်မာစွာ ပြောလိုက်သည်။
“မိန်းကလေးရှစ်... ကျုပ်ကို အထင်မှားနေတယ်နဲ့ တူတယ်။ ဒီကိစ္စက နည်းပညာနဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်.. ခင်ဗျားတို့ မိသားစုကို ထိခိုက်နာကျင်အောင် ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ခင်ဗျားတို့ရဲ့ ပိုးချည်အသစ်တွေက ဘယ်လိုဖြစ်ပြီး အဆိပ်မိသွားခဲ့တယ်ဆိုတာ ကျုပ်ဘယ်လိုလုပ်သိမှာလဲ”
ရှစ်ချင်းချင်းသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် နောက်တစ်နည်းပြောကြရအောင်။ အင်း.. ကြည့်ရတာ ဒီဆေးနည်းပညာမှာ ပြဿနာ အနည်းငယ်ရှိနေတယ်နဲ့တူတယ်။ ဒီမှာရှိနေတဲ့ ပြဿနာတွေကို ပြန်ပြီးဖြေရှင်းဖို့အတွက် ရှမ့်က လုပ်ပေးနိုင်မလား”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အင်း.. ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ထိုက်တန်တဲ့ တန်ဖိုးကိုတော့ ပေးဆပ်ရမယ်”
ရှစ်ချင်းချင်းသည် သူ၏ဦးခေါင်းကို ရင်ဘတ်နှင့် အသာဖိထားပြန်၏။ ရှမ့်လန်သည် ခန္ဓာကိုယ်ကို နောက်သို့ အသာလှန်ကာဖြင့် ပြောလိုက်၏။ “အင်း.. ပိုးချည်ရောင်းရငွေတစ်ခုချင်းစီအတွက် ၅ ရာခိုင်နှုန်း အမြတ်ယူမယ်’
ရှစ်ချင်းချင်းသည် အသာတွန့်သွား၏။ ပြီးနောက်ပြောလိုက်သည်။ “ရှမ့်.. ကျွန်မတို့က ဒီလောက်ရင်းနှီးတာလေ။ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ငွေကြေးအကြောင်းပြောပြီး ဖျက်ဆီးတော့မလို့လား”
ရှမ့်လန်သည် သူမကို ခေါင်းဖြင့်အနည်းငယ်ပွတ်သပ်ပြီး ပြောလိုက်၏။ “အင်း... ဘာပဲပြောပြော ကျုပ်တို့က အရင်တုန်းက လင်မယားဟောင်းတွေပဲ။ တစ်ခါလောက် စမ်းကြည့်ကြမလား။”
“တော်စမ်း” ရှစ်ချင်းချင်းသည် သူ့ကို အသာရှေ့ဆီသို့ တွန်းဖယ်လိုက်တော့သည်။
............
ရွှမ်ဝူအိမ်တော်ဆီသို့ ပြန်ရောက်ပြီးနောက် သူသည် မူလန်ဆီနှင့် တွေ့ရန် အချိန်ပင် ကောင်းကောင်းမရခဲ့ချေ။ အလောင်းမြောက်များစွာ မြေပေါ်လဲကျလျက် ရှိနေသည်ကို မြင်ခဲ့ရသောကြောင့်ပင်။ အလောင်းပေါင်း များစွာရှိနေပြီး ယောကျာ်း၊ မိန်းမ၊ လူအို၊ လူငယ် အစုံတည်ရှိနေ၏။ ထိုသူအားလုံးသည် ရွှမ်ဝူအိမ်တော်၏ သစ္စာရှိကျေးကျွန်များဖြစ်၏။
ရှမ့်လန် အနေနှင့် ထိုသူတို့၏ နာမည်များကို မသိရှိသော်လည်း မျက်နှာများကိုတော့ ကောင်းကောင်းမှတ်မိ၏။ အလောင်းများသည် စုစုပေါင်း ၁၀၀ ကျော်ခန့်ပင် ရှိနေပြီး တိုက်ပွဲတွင် တိုက်ခိုက်ပြီး သေဆုံးသွားခဲ့သည့် စစ်သည်များလည်း ပါဝင်၏။ အသစ်ခေါ်ယူထားခဲ့သည့်စစ်သည်များအပါအဝင် စစ်သည်ဟောင်းများလည်း အပါအဝင်ပင်။
သူ၏ ယောက္ခမကြီး စုဖေးဖေးသည် ကျောဘက်တွင် ကြီးမားသည့် ဒဏ်ရာကြီးတစ်ခု ရရှိခဲ့သည်။ တစ်ပေနီးပါးခန့် ရှိသော ဓားဒဏ်ရာကြီးတစ်ခုဖြစ်ပြီး အလွန်ပင်နက်ရှိုင်း၏။ သူမ၏ အရိုးများကိုပင် မြင်လျက်ရှိ မြင်နေရတော့၏။
အန်းစိုက်ရှီက ပြောလိုက်သည်။ “သခင်လေး... အမျိုးသမီးသမားတော်က သွေးတိတ်အောင်တော့ လုပ်ပေးထားတယ်။ ပြီးတော့ မြို့စားကတော်ကို ဆေးလိမ်းပေးထားတယ်။ ကျုပ်ကို ခင်ဗျားသင်ပေးထားတဲ့ အနာချုပ်တဲ့နည်းကို မှတ်မိတဘ်။ ဒါပေမဲ့ မြို့စားကြီးကတော်ကို ကျုပ်မလုပ်ပေးရဲဘူး”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်လုပ်လိုက်မယ်။ အင်း... ချုပ်ဖို့အတွက် ပစ္စည်းပစ္စယတွေ စုံလင်ပြီလား”
ရှမ့်လန်သည် ဤလောကဆီသို့ ရောက်ရှိခဲ့သည်မှာ မကြာသေးချေ။ သို့ပေမည့် သူသည် သမားတော်ကြီး အန်းစိုက်ရှီကို အနာ မည်သို့ ချုပ်ရမည်ဖြစ်ကြောင်း သင်ကြားပေးခဲ့ပြီးဖြစ်သည်။ ထို့အပြင် သူသည် ထိုအရာကို ကျွမ်းကျင်သည် မဟုတ်ပါလား။
သူ၏ ယောက္ခမကြီး စုဖေးဖေးသည် ပျင်းရိလေးကန်တတ်သည့် လူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ သူမ၏ သိုင်းစွမ်းရည်ကတော့ မြင့်မား၏။ ခန္ဓာကိုယ်ကလည်း အားကောင်း၏။ ထို့ကြောင့် သာမန်ဒဏ်ရာလောက်ကို ပြန်လည်ချုပ်ရန် ပြဿနာရှိလိမ့်မည် မဟုတ်ချေ။
စုဖေးဖေးသည် အိပ်ရာပေါ်တွင် လဲလျောင်းလျက် ရှိနေ၏။ သူမသည် ရှေ့မှသာ ဝတ်ထားပြီး ကျောဘက်တွင် ဓားဒဏ်ရာကြီးတစ်ခု ရှိနေလေ၏။ မှောက်လျက်အနေအထားနှင့် သူမသည် နောက်ကျောဘက် ဖြစ်နေသည်ဆိုလျှင်တောင်မှ တခြားသော အမျိုးသားသမားတော်များကိုမှ ခန္ဓာကိုယ်ကို ထိကိုင်ခွင့် မပေးချေ။ သို့ပေမည့် ရှမ့်လန်မှာတော့ သူမ၏ သားဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိပေ။
ရှမ့်လန်သည် စုဖေးဖေး၏ ဒဏ်ရာများကို သေသေချာချာပင် ချုပ်ပေး၏။ သူသည် အလွန်ပင် သတိထားကာ ပြုလုပ်ခဲ့၏။ “အမာရွတ်တော့ နည်းနည်းကျန်မယ်ထင်တယ်”
“အင်း... ငါဒီလောက် အိုနေပါပြီ။ အမာရွတ်လေးကျန်တော့တာနဲ့ ဘာဖြစ်မှာမို့လို့လဲ”
စုဖေးဖေးက ပြောလိုက်သည်။ “မင်းအဖေက ငါ့ကို မကြိုက်တော့တာမျိုး ဖြစ်နိုင်လား”
ရှမ့်လန်က ပြောလိုက်၏။ အင်း.. ကျုပ်ရဲ့စွမ်းရည်အရဆိုရင် ဒဏ်ရာအမာရွတ်က နည်းနည်းလေးပဲ ကျန်မယ်လို့ အာမခံပါတယ်။ အင်း.. ဒါပေမဲ့ အမာရွတ်ကို ဖုံးကွယ်နိုင်ဖို့ တခြားနည်းလမ်း ရှိပါသေးတယ်”
“ဘာလဲ” စုဖေးဖေးက မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “နောက်ကျောဘက်မှာ ဆေးမင်ကြောင်တစ်ခုခုကို ထိုးလိုက်ဖို့ပေါ့”
စုဖေးဖေးက ပြောလိုက်သည် “ဒီအသက်အရွယ်ရောက်မှ ဆေးမင်ကြောင်ထိုးဖို့ဆိုတာ သင့်တော်တဲ့အရာ မဟုတ်ဘူး”
သူမသည် မသင့်တော်ဘူးလို့ ပြောဆိုမိသော်လည်း တကယ်ပဲ ထိုအရာကို ပြုလုပ်ချင်မိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဘယ်သူမှ မြင်မှာမှ မဟုတ်တာ။”
စုဖေးဖေးက ပြောလိုက်၏။ “ဘာပဲပြောပြော ဒီကိစ္စကို နောက်မှပြောကြရအောင်”
................
ခြံဝင်းထဲသို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ရှမ့်လန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ရုတ်တရက် အေးစက်သွားခဲ့၏။ သူသည် မိသားစုတစ်ခုကို ဘယ်တုန်းကမှ ဤမျှမမုန်းခဲ့ချေ။ ကျန်းယွမ်နယ်စား စုကလန်၊ စုနန်၊ စုကျန့်ထင်။
မူလန်သည် အိပ်ရာပေါ်တွင် လှဲလျက်ရှိနေပြီး သူမ၏ အပေါ်ပိုင်းခန္ဓာကိုယ်တစ်ခုလုံးသည် ဗလာဟင်းလင်း ဖြစ်လို့နေ၏။ သူမ၏ ပန်းသွေးရောင်ကဲ့သို့ တောက်နေသည့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။
စုကလန်ဆီမှ သိုင်းကျွမ်းကျင်သူတစ်ယောက်သည် သူမကို တူနှင့် ထုနှက်ခဲ့၏။ သူမသည် ဓားပြ အယောင်ဆောင်ထားသောလူများနှင့် တိုက်ခိုက်ပြီး မြေပိုင်နက်ထဲမှလူများကို ကာကွယ်ပေးခဲ့ရ၏။ ပြင်ပဒဏ်ရာများ ဖြစ်ပေါ်ခဲ့သလို အတွင်းဒဏ်ရာကိုလည်း သူမက ရရှိခဲ့၏။
ရှမ့်လန်သည် တစ်ကိုယ်လုံး တုန်ယင်သည်အထိ ဒေါသထွက်လျက်ရှိနေ၏။ သူသည် ဆေးရည်ကိုယူကာဖြင့် မူလန်၏ နောက်ကျောဘက်တွင်ရှိနေသည့် ဒဏ်ရာဒဏ်ချက်များကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးနေသည်။
“ယောကျာ်း.. ရှင်ကျွန်မကို အပြစ်မတင်ဘူးမလား” မူလန်က မေးမြန်းလိုက်၏။
မူလန်သည် ရှမ့်လန်၏ရင်ခွင်ထဲသို့ အသာတိုးဝင်မိ၏။ ရှမ့်လန်၏ လက်ကိုအသာဆွဲယူပြီး သူမ၏ ရင်ခွင်ထဲသို့ ဆွဲထည့်ထားသည်။
ရှမ့်လန်က ပြောလိုက်၏။ “ဟမ် .... ဘာကို အပြစ်တင်ရမှာလဲ။ ဒီအရာက တမင်တကာ မင်းကို အပြင် ထွက်သွားအောင်လို့ သူတို့မြှားခေါ်ခဲ့တာပဲလေ။ ဘာပဲပြောပြော မြေပိုင်နက်ထဲမှာရှိတဲ့ လူတွေကို ကယ်တင်နိုင်ခဲ့တာပဲ။ မင်း ... မူလန်ကြောင့် သူတို့တွေ အသက်ရှင်ခဲ့တာပဲ”
မူလန်သည် ခန္ဓာကိုယ်ကို အသာလှည့်ပြီး ရှမ့်လန်၏ကိုယ်တက်လိုက်သည်။ ပြီးနောက် ရှမ့်လန်၏နှုတ်ခမ်းကို အသာပင် နမ်းရှိုက်လိုက်၏။ မည်သည့်စကားမှ မဆိုချေ။ ထို့အတူ မည်သည့်စကားမှ မလိုချေ။
နုရှောင့်မြို့ကို သိမ်းဆည်းရယူခဲ့ပြီးဖြစ်၏။ ချောင်ယောင်းအာကလည်း ထွက်ခွာသွားခဲ့၏။ ဝမ်ကျားကျွန်းတိုက်ပွဲ၌ ကြီးမားသည့် အောင်ပွဲကြီးတစ်ခုကို ရရှိခဲ့၏။ ချောင်ထျန်းဝေ၏ စစ်တပ်တစ်ခုလုံးသည် ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
ရှမ့်လန်သည် ထိုသတင်းနှင့်ပတ်သက်၍ မည်သည့်စကားကိုမှ မဆိုချေ။ ဟုတ်ပေ၏။ ပြောနေစရာလည်း မလိုအပ်ချေ။ သူသည် လူများကိုစေလွှတ်ကာဖြင့် မိသားစုအား သတင်းပေးပို့ခဲ့ပြီးသားဖြစ်၏။ လက်ရှိတွင် သူတို့အနေနှင့် ရင်ဆိုင်စရာတစ်ခုသာလျှင် ကျန်ရှိတော့၏။
“အင်း.. စုမျိူးနွယ်ရဲ့ လျှို့ဝှက်စာကို မီးရှို့လိုက်ပြီ မဟုတ်ဘူးလား။ စုနန်ကလည်း ဒီကိစ္စကို ယုံကြည်ပြီးသားလေ။ ဘယ်လိုဖြစ်ပြီး စုကျန့်ထင်က ဒီကို ရောက်လာပြီး လုယူခဲ့ရတာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ပြီးတော့ ဒါကိုရဖို့အတွက် ဘာလို့သူက ကြီးကြီးမားမား ပေးဆပ်ခဲ့ရတာလဲ”
မူလန်သည် ခေါင်းကို အသာခါယမ်းပြီး သူမသည်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ဇဝေဇဝါဖြစ်နေကြောင်း ထုတ်ဖော်ပြသလိုက်၏။ ဤအရာ၏ကြားထဲတွင် မထင်မှတ်ထားသည့် ကိစ္စတစ်ခုခုရှိနေမှာ သေချာ၏။
ကောင်းပေ၏။ ဤအရာကလည်း တကယ်ကောင်းပေသည်။
မူလအားဖြင့် ရှမ့်လန်သည် ရွှယ်ကလန်နှင့် စုကလန် နှစ်ခုတွင် မည်သူ့ကို အရင်လက်စားချေရမည်ဖြစ်ကြောင်း မဆုံးဖြတ်နိုင်ခဲ့ချေ။ ယခုအချိန်မှာတော့ အဖြေရခဲ့ပြီဖြစ်၏။ သူ စုကလန်ကို ဖျက်ဆီးရပေလိမ့်မည်။
ရှမ့်လန်၏ ဦးနှောက်သည် အလျင်အမြန်ဆိုသလိုပဲ အလုပ်လုပ်လျက်ရှိနေ၏။
စုကလန်၊ မင်းကြီးဝူဝေနှင့် ကျန်းယွမ်နယ်စားတို့သည် တန်ခိုးဩဇာကြီးမားသည့် နန်းတွင်းအရာရှိကြီးများ ဖြစ်သည်။ အကြီးမားဆုံးသော မြေပိုင်နက်နှင့် အစွမ်းထက်သော ကိုယ်ပိုင်စစ်တပ်ကို ပိုင်ဆိုင်သည်။
စုနန်သည် အိမ်ရှေ့မင်းသား၏ အငယ်တန်းကာကွယ်စောင့်ရှောက်သူဖြစ်ပြီး စစ်သူကြီးတစ်ယောက်လည်း ဖြစ်၏။ တကယ့်ကို ကြီးမားသည့် ဩဇာအာဏာကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်၏။ ထိုကဲ့သို့သော သူကို အနိုင်ယူဖို့ဆိုသည်မှာ အလွန်ခက်ခဲလှ၏။
ကျန်းချုံး၏ ဉာဏ်ပညာသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေ၌ ရှိသည်ဆိုလျှင်တောင်မှ သူ၏ အခြေခံမှာ နိမ့်ပါးလွန်းသည်။ စုကလန်၏ အခြေခံမှာတော့ ရွှမ်ဝူအိမ်တော်ထက်ပင် ပိုမိုကာ ကြီးမား၏။ စုကလန်ကို ငရဲကြီးရှစ်ထပ်ဆီသို့ ဆွဲချနိုင်ဖို့ဆိုသည်မှာ ကောင်းကင်ကို တက်လှမ်းရသည်ထက်ပင် ပိုမိုကာ ခက်ခဲပေလိမ့်မည်။
သို့ပေမည့် သူ့အား အချိန်ကာလတစ်ခုသာ ပေးသည်ဆိုပါက ကျိန်းသေပေါက် အရာအားလုံးကို ဖြစ်မြောက်အောင် ပြုလုပ်နိုင်သည်။
‘အင်း.. ငါ့ကို အချိန်သာပေး။ ငါ စုကလန်တစ်ကိုယ်လုံးကို ဖျက်ဆီးပစ်မယ်’
ရှမ့်လန်သည် သူ၏ လက်ချောင်းများကို အသုံးပြုကာ တွက်ချက်လျက်ရှိနေ၏။
မူလန်သည် သူ့ကို စနောက်ကာဖြင့် နမ်းရှိုက်လျက်ရှိနေ၏။ ဆော့ကစားနေသကဲ့သို့ပင်။ ပထမဦးဆုံး မျက်လုံးကို နမ်း၏။ ပြီးနောက် နှာခေါင်းကို နမ်းသည်။ မူလန် မည်သည့်နေရာကို နမ်းမည်ဖြစ်ကြောင်း ရှမ့်လန်က ခန့်မှန်းဖြေဆိုရသည်။
နောက်ထပ်အနမ်းမှာတော့ နားရွက်နောက်ဘက်ဆီသို့ ဖြစ်၏။ သို့ပေမည့် လက်ရှိ အခြေအနေမှာတော့ ရှမ့်လန်သည် လက်ချောင်းများကိုအသုံးပြုကာဖြင့် သေသေချာချာ တွက်ချက်လျက်ရှိ၏။
သူမသည် မည်သို့မှ မနေနိုင်တော့ချေ။ ထို့ကြောင့် အသာပင် မေးမြန်းလိုက်သည်။ “ရှင်ဘာတွေလုပ်နေတာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ငါတွက်ချက်နေတာ။ စုကလန်ကို ဖျက်ဆီးဖို့ ရက်ပေါင်း ဘယ်လောက်လောက် ကြာမလဲ ဆိုတာကို”
မူလန်က ပြောလိုက်သည်။ “တွက်ပြီးသွားပြီလား”
ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ရက်ပေါင်း ၁၅၀ လောက်ကြာလိမ့်မယ်”