← Chapters

အခန်း (၂၅၂)

Vol. 19 Ch. 252

အခန်း (၂၅၂)

Vol. 19 Ch. 252

မူလန်သည် ဇဝေဇဝါဖြစ်သွားမိ၏။ ဤကဲ့သို့ ဩဇာအာဏာကြီးမားသည့် မိသားစုတစ်ခု ပျက်စီးမည့် နေ့ရက်ကို တွက်ချက်၍ ရနိုင်သည်လား။ သို့ပေမည့် သူမသည် ဦးနှောက်ကို အသုံးပြု၍ လိုက်လံစဉ်းစားနေစရာ မလိုအပ်ချေ။ သူမလုပ်ရန်ရှိသည်မှာ သူမယောကျာ်းကို လက်ခုပ်လက်ဝါးတီးကာ အားပေးရန်သာရှိ၏။

ဟုတ်ပေ၏။ မူလန်အနေနှင့် လက်ရှိအချိန်တွင် ပါးစပ်မှ ထုတ်ဖော်ချီးကျူးခြင်းကို မပြုလုပ်ချေ။ သူမသည် မျက်လုံးကို အသုံးပြုကာ ချီးကျူးပြောဆိုမှုကို ပြုလုပ်လျက်ရှိနေ၏။ အခြေအနေ အချိန်အခါသာ ရသည်ဆိုပါက ရှမ့်လန်သည် ကျိန်းသေပေါက် စုကလန်တစ်ခုလုံးကို ဖျက်ဆီးနိုင်ပေလိမ့်မည်။ ဤအခြေအနေ အချိန်အခါ ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။ ပဉ္စမမြောက်မင်းသား နင်ကျန်းပင် ဖြစ်သည်။

ရှမ့်လန်သည် မူလန်၏ မျက်လုံးများကို စူးစိုက်ကာ ကြည့်ရှုနေ၏။ မျက်လုံးများသည် အလွန့်ကို လှပ၏။ ထို့အပြင် သွေးခဲတို့ပင် နီမြန်းလျက်ရှိနေသေး၏။ ဤမိန်းကလေးသည် ကောင်းကောင်းမွန်မွန် မအိပ်ခဲ့ရသည်မှာ မည်မျှကြာမြင့်ပြီမှန်းတောင် မသိရှိချေ။

“အချစ်လေး.. အိပ်ကြစို့” ရှမ့်လန်က ပြောလိုက်၏။

“ကောင်းပါပြီ ယောကျာ်း။ ရှင် ကျွန်မနဲ့ အိပ်လေ” မူလန်က ပြောလိုက်သည်။

“ကောင်းပြီ” ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်၏။ တစ်ချိန်တည်းမှာပဲ မူလန်သည် သူမ၏ ခါးအောက်ပိုင်းတွင် ရှိနေသည့် အဝတ်အစားများကို ချွတ်လိုက်၏။ ပြီးနောက် ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အဝတ်အစားများကိုလည်း ချွတ်လိုက်သည်။ ပြီးနောက် ရှမ့်လန်ကို အသာဖက်ကာ အိပ်လေ၏။ စောင်အောက်ထဲမှာတော့ အလွန်မွှေးပျံ့သည့်ရနံ့တစ်ခုက ထွက်ပေါ်လာခဲ့ပြီး နူးညံ့ညင်သာသည့် အထိအတွေ့ ကိုလည်း ခံစားမိ၏။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ မူလန်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားခဲ့၏။ လွန်ခဲ့သည့် တစ်လအတွင်း သူမသည် တစ်နေ့ကို သုံးနာရီနီးထက် ပိုကာ အိပ်ခဲ့ရခြင်းမရှိချေ။ ရှမ့်လန်မှာတော့ ကျောက်စိမ်းကဲ့သို့ သန့်စင်ပြီး နွေးထွေးလွန်းသည့် မူလန်ကို ဖက်ထား၏။ သို့ပေမည့် သူ စိတ်ဓာတ်တကျ ဖြစ်လို့နေ၏။ သူ လုပ်ချင်သည့်အရာ ရှိသည်။ သို့ပေမည့် မူလန့်ကို မနှိုးရက်ချေ။

နှစ်မိနစ်ခန့်ကြာပြီးနောက် သူသည်လည်း အိပ်မောကျခဲ့၏။ လွန်ခဲ့သည့် တစ်လတာအတွင်း သူ မည်မျှ မောက်မာစွာ ပြုမူဆောင်ရွက်နေသည်ဆိုဆို ... အရာအားလုံးသည် သူ၏ လှည့်စားမှုအောက်တွင် မည်သို့ ရှိခဲ့သည်ဆိုဆို အချက်အလက်အားဖြင့် သူသည်လည်း ကောင်းကောင်းမအိပ်ခဲ့ရချေ။

.............

ကျင်းဟိုင်မြို့စားအိမ်တော်အတွင်းမှာတော့ အမွေဆက်ခံသူ ထန်ယွင်သည် မြေပေါ်တွင် ဒူးထောက်ထိုင်ကာ ငိုယိုလျက်ရှိနေ၏။ “မဟုတ်ဘူး။ မဟုတ်ဘူး အဖေ။ ဒီလိုဖြစ်လို့မဖြစ်ဘူး။ အခြေအနေက ဒီလို မဟုတ်ဘူးလေ။ ကျင်းမိသားစုက နုရှောင့်မြို့တစ်ခုလုံးကို ယူသွားခဲ့ပြီ။ ဒါက ဘုရင်မင်းမြတ်၏ မျက်နှာကို ပိတ်ရိုက်လိုက်တာနဲ့ တူတူပဲမလား။ ဘုရင်မင်းမြတ်က သူတို့ကို လက်လွတ်ပေးမှာ မဟုတ်ဘူး။ ကျုပ်တို့ ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။ ခဏစောင့်ကြည့်ပါအုံး။ ခဏလောက်စောင့်ကြည့်ပါအုံး”

မြို့စားကြီး ထန်လွမ်သည် နာနာကျင်ကျင်ဖြင့် ပြုံးလိုက်သည်။ “ထပ်ပြီးတော့သာစောင့်မယ်ဆိုရင် မိသားစုတစ်ခုလုံး သေသွားလိမ့်မယ်။ ငါတို့ရဲ့ဘုရင်မင်းမြတ်က အရမ်း ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ သူက အလျှင်လိုပြီး ရက်စက်တယ်။ သူ့ရဲ့ဒေါသတရားကလည်း ကြောက်ဖို့ကောင်းတယ်။ သူ့ရဲ့ဒေါသက ဘယ်သူ့ဆီကို ကျဆင်းလာမလဲဆိုတာ ပြောဖို့ခက်တယ်”

ဆက်ခံသူ ထန်ယွင်သည် ပြောဆိုလိုက်၏။ “ဒါပေမဲ့ ရွှမ်ဝူအိမ်တော်က မူဝါဒသစ်ကို ဖျက်ဆီးခဲ့တာလေ။ ပြီးတော့ ရွှမ်ဝူအိမ်တော်က အခွင့်အရေးကိုအရယူပြီး သူတို့ရဲ့အာဏာသက်ရောက်မှုကိုလည်း တိုးချဲ့ခဲ့တယ်။ ကျုပ်တို့ ထန်မိသားစုကတော့ ဘုရင်မင်းမြတ်ရဲ့ဘေးနားမှာ တစ်ချိန်လုံးနေခဲ့တာမဟုတ်လား။ တကယ်လည်း ပြဿနာ ဖြစ်လာရော ဘယ်လိုဖြစ်ပြီးတော့ ဘုရင်မင်းမြတ်က ကျုပ်တို့အပေါ် ဒေါသတရားတွေ ပုံချရတာလဲ”

မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “တောင်ပိုင်းဘုရင်မင်းမြတ်က လုံလောက်တဲ့ သစ္စာတရား မရှိခဲ့ဘူးလား။ ဘယ်လိုရလဒ်မျိုး ဖြစ်ခဲ့လဲ။ သူက ငါတို့ဘုရင်မင်းမြတ်ရဲ့ လှည့်စားမှုကိုခံရပြီး သေဆုံးသွားခဲ့တယ် မဟုတ်လား။ ပြီးတော့ မင်းသားကျင်းကိုလည်း မြို့တော်ဆီခေါ်ဆောင်ပြီး ဖမ်းဆီးထားခဲ့တယ်မဟုတ်လား။ ပြောရမယ်ဆိုရင် နာကျည်းစရာပဲ။ မင်းသားကျင်းထက်ပိုပြီးတော့ နာကျည်းမယ့်လူက ဘယ်သူရှိမှာမို့လို့လဲ။ ငါတို့ရဲ့နာကျည်းမှုက ဘယ်လောက်များ ကြီးမားမှာမို့လို့လဲ”

ထန်ယွင်က ပြောလိုက်၏။ “ဒါဆိုရင် သူ့ရဲ့ဒေါသတွေကို ကျင်းမိသားစုဆီ ပုံချလေ။ ဘာဖြစ်ပြီးတော့ ... ဘယ်လိုဖြစ်ပြီး ကျုပ်တို့ဆီကို ပုံချရတာလဲ”

မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “ကျင်းမိသားစုက အစောကြီးတည်းက နုရှောင့်မြို့ကို သိမ်းဆည်းထားနိုင်ခဲ့ပြီ။ ချောင်ထျန်းဝေရဲ့ ရေတပ် ၈၀ ရာခိုင်နှုန်းကိုလည်း အပိုင်သိမ်းထားခဲ့ပြီ။ နုရှောင့်မြို့ တစ်ခုတည်းနဲ့တင် ကြောက်စရာကောင်းနေပြီ။

နုရှောင့်မြို့ကို ပြန်ပြီးသိမ်းပိုက်ဖို့ အင်အားကြီးမားတဲ့ ရေတပ်မရှိဘဲ ဘယ်လိုတိုက်ခိုက်မှာလဲ။ ဘုရင်မင်းမြတ်က နုရှောင့်မြို့ကို တိုက်ခိုက်ချင်တယ် ဆိုရင်တောင်မှ အနည်းဆုံး တစ်နှစ်၊ နှစ်ဝက်လောက်စောင့်ရမယ်။ ပြီးတော့ သင်္ဘောတွေကို အမြန် တည်ဆောက်ရမယ်။ စစ်သည်ပေါင်း ၃၀,၀၀၀ ကျော်ကို ပြင်ဆင်ရမယ်။ အဲလိုအချိန်အတွင်းမှာ ကျင်းမိသားစုက ငြိမ်ငြိမ်သက်သက်နဲ့ထိုင်ပြီး သေဖို့စောင့်နေမှာလား။

“မြောက်ဘက်ပိုင်းမှာ ဝူတိုင်းပြည်ရှိတယ်။ အရင်တုန်းက ပျံ့ရှောင်းက စစ်သည်ပေါင်းတစ်သောင်းကျော်ကို ဦးဆောင်ပြီး ဝူပြည်နယ်ကို သစ္စာဖောက်တယ်။ ပြီးတော့ ငါတို့ဆီကို ရောက်လာခဲ့တာပဲ မဟုတ်လား။ ဒါကြောင့် ဝူပြည်နယ်က ကြီးကြီးမားမား ထိခိုက်ခဲ့တယ်။ ငါတို့ဘုရင်မင်းမြတ်က ဒီလိုအခြေအနေမျိုး ဖြစ်ချင်ပါ့မလား”

ဆက်ခံသူထန်ယွင်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် သူသည် ပိုမိုကာ ငိုကြွေးနေမိ၏။

မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “အင်း.. ငါတို့အတွက် အချိန်က အရမ်းကို ကပ်နေပြီ။ ကျန်းချုံးက လျှို့ဝှက်သတင်းပို့မှုကို မြို့တော်ဆီ ပေးပို့ပြီးပြီဖြစ်လိမ့်မယ်။ ဒီတော့ မင်း အခု အုပ်ချုပ်ရေးမှူးရုံးဆီကို သွားပြီး သတင်းပို့မယ်ဆိုရင် နောက်ကျအုံးမှာမဟုတ်ဘူး။ မဟုတ်ရင် အရာအားလုံး ပြောင်းလဲသွားပြီဆိုတာနဲ့ ငါတို့အိမ်တော်တစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ်။ ဘုရင်မင်းမြတ်ရဲ့ဒေါသတရားက ငါတို့ရဲ့ မျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးဖို့ လုံလောက်တဲ့အရာပဲ”

ဆက်ခံသူ ထန်ယွင်က ပြောလိုက်၏။ “ဒါဆိုရင် တခြားညီအစ်ကိုတွေကရော”

မြို့စားကြီးထန်လွမ်သည် ခဏကြာတိတ်ဆိတ်ငြိမ်သက်သွား၏။ ဟုတ်ပေ၏။ သူ၏ တခြားသောသားများ အတွက်ကကော ...။

တခြားသော နိုင်ငံများဆီသို့ ကြိုတင်ကာထွက်ပြေးသွားမည်ဆိုပါက အသက်ရှင်နိုင်စွမ်းတော့ရှိနေသေး၏။ သို့ပေမည့် သူတို့ ထိုသို့လုပ်မည်လား။ မဖြစ်နိုင်ချေ။ အိမ်တော်ရှိ သားအားလုံးပျောက်သွားပါက ပို၍ အခြေအ‌နေ ဆိုးပေလိမ့်မည်။ ထန်ယွင်ပင် အသက်ရှင်ရန် မကျိန်းသေတော့ပေ။

ဘုရင်မင်းမြတ်သည် လက်ရှိအခြေအနေ၌ မျက်နှာပိတ်ရိုက်ခြင်း ခံခဲ့ရ၏။ ထို့ကြောင့် သူ၏ ဒေါသတရားသည် ကြီးမားစွာ ထွက်ပေါ်လာမှာဖြစ်ပြီး လူပေါင်းများစွာတို့ သေဆုံးရပေလိမ့်မည်။

ထန်းမိသားစုတစ်ခုလုံး အသတ်ခံရလျှင်တောင်မှ ထန်ယွင်ကတော့ ကျန်ရှိနေသေး၏။ ဘုရင်မင်းမြတ် ပြုလုပ်မည့် အကြောင်းအရာများကို တွေးရမည်ဆိုလျှင် သူတို့သည် ကျိန်းသေပေါက် နာကျင်မှုများကို ခံစားရပေမည်။ သူ၏သားထန်လွမ်သည်သာ ဝူပြည်နယ်ဆီသို့ လွတ်မြောက်အောင်ပြေးနိုင်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ဘုရင်မင်းမြတ်သည် ဦးနှောက်မရှိသည့် လူတစ်ယောက် မဟုတ်ချေ။ ကြိုတင်ကာ အစောင့်ချ ကြည့်ရှုပြီး ဖြစ်ပေမည်။

မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “မင်းရဲ့ တခြားအစ်ကိုတွေကို မပြောနဲ့တော့။ တိတ်တိတ်လေး ထွက်သွားပြီး အုပ်ချုပ်ရေးမှူးရုံးဆီ သတင်းပို့လိုက်”

ထန်ယွင်သည် တုန်ယင်သွားမိ၏။ သူ၏ မျက်နှာထက်ဆီသို့ မျက်ရည်များက တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းလာခဲ့၏။ သူ၏ အဖေသည် မိသားစုတစ်ခုလုံး၏အသက်နှင့် သူ့ကို လဲလှယ်တော့မှာဖြစ်၏။ ထန်ယွင်၏ နှလုံးသား တစ်ခုလုံးသည် ပေါက်ထွက်သွားသကဲ့သို့ပင် ခံစားနေမိသည်။

မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “မင်း ငါ့အကြောင်း သတင်းပို့ပြီးသွားရင် ချက်ချင်း နန်းမြို့တော်ဆီသွား။ ပြီးရင် မင်းသားတစ်ပါးပါးကို ရွေးချယ်ပြီး သူ့ဆီမှာ ခိုလှုံလိုက်”

ဆက်ခံသူ ထန်ယွင်က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် ဘယ်သူ့ဆီမှာ ခိုလှုံရမှာလဲ”

မြို့စားကြီး ထန်လွမ်သည် တွေဝေငေးငိုင်သွားမိ၏။ သူသည် အိမ်ရှေ့စံမင်းသားကို ပြောရမည်လား၊ တတိယမင်းသားကို ပြောရမည်လား မသိချေ။

“ကိုယ့်ဘာကိုယ် ဆုံးဖြတ်လိုက်တော့။ ဒီအချိန်မှာ ငါ သေသေချာချာ မသိတော့ဘူး”

မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ဒါပေမဲ့ မှတ်ထား။ မင်း ရှမ့်လန်နဲ့ ဘယ်တော့မှ ရန်သူမလုပ်နဲ့။ ရွှမ်ဝူအိမ်တော်က မင်းရဲ့ရန်သူမဟုတ်ဘူး”

ဆက်ခံသူ ထန်ယွင်က ပြောလိုက်သည်။ “ဘာကြောင့်လဲ။ ကျုပ်တို့မိသားစု ဒီလိုအခြေအနေမျိုးကြုံရတာ ရှမ့်လန်ကြောင့် မဟုတ်လား။ ကျုပ်ကျိန်ပြောတယ်။ အနာဂတ်မှာ သူ့ကို အပိုင်းပိုင်းအစစဖြစ်အောင် လုပ်ပစ်မယ်။ ကျင်းမိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်”

မြို့စားကြီး ထန်လွမ်သည် ထန်ယွင်အား နောက်ဘက်သို့ လွင့်စင်သွားသည်အထိ ပါးပိတ်ရိုက်လိုက်၏။

“အရူး....”

မြို့စားကြီး ထန်လွမ်က အော်ဟစ်လိုက်သည်။ “ရှမ့်လန်ရဲ့ စီစဉ်ပေးမှုကြောင့်သာမဟုတ်ရင် မင်းတောင် အသက်ရှင်မှာ မဟုတ်ဘူး”

ထန်ယွင်က ပြောလိုက်၏။ “ဒါဆိုရင် ဒီအမုန်းတရားကို နှလုံးသားထဲမှာ သိမ်းထားရတော့မှာလား”

မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “မင်း လက်စားချေချင်တယ်ဆိုရင်တောင်မှ မင်းရဲ့ရန်သူက ဘယ်သူဖြစ်တယ်ဆိုတာကို သေသေချာချာ ကြည့်ဖို့လိုတယ်”

ဆက်ခံသူ ထန်ယွင်က ကြောင်အသွားမိ၏။ ပြီးနောက် သူသည် မျက်ရည်များ တစ်ပေါက်ပေါက်နှင့် ကျဆင်းလာခဲ့၏။

.........

ညသို့ရောက်သည့်အချိန်မှာတော့ ဆက်ခံသူထန်ယွင်သည် ကျင်းဟိုင်မြို့စားအိမ်တော်ဆီမှ ထွက်ခွာသွားခဲ့ပြီး ထျန်းနန်စီရင်စု၏ အုပ်ချုပ်ရေးမှူးရုံးဆီသို့ ဦးတည်လျက် ရှိနေသည်။

ညသန်းခေါင်ဆီသို့ ရောက်ရှိလာခဲ့၏။ ပြည်နယ်အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် မအိပ်သေးချေ။ သူမည်ကဲ့သို့ အိပ်နိုင်မည်နည်း။ ကျန်းချုံးဆီမှ လျှို့ဝှက်စာကို လက်ခံရရှိပြီးနောက် သူသည် ထိုစာကို ထပ်တလဲလဲ ဖတ်လို့နေခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အေးစက်သွားသလို ခံစားနေမိ၏။

ကျင်းမိသားစုသည် နုရှောင့်မြို့တစ်ခုလုံးကို သိမ်းဆည်းသွားခဲ့၏။ ယနေ့မှစ၍ ထိုသူတို့သည် ကောင်းကင်ယံဆီသို့ မြင့်တက်သွားတော့မှာ ဖြစ်၏။ သူတို့အနေနှင့် ဖိနှိပ်ထား၍ ရနိုင်တော့မည်မဟုတ်ချေ။ အနည်းဆုံးအနေနှင့် မူဝါဒသစ်၏ ဓားသည် ထိုသူတို့အပေါ် အသုံးပြု၍ ရနိုင်တော့မည် မဟုတ်ချေ။

ကျန်းချုံးသည် အထက်မြက်ဆုံးသော ဓားတစ်စင်းဖြစ်ခဲ့၏။ ထိုဓားနှင့် ခုတ်ပိုင်း၍မရပါက ဘာလုပ်၍ ရတော့မည်နည်း။

နုရှောင့်မြို့သည် ရွှမ်ဝူအိမ်တော် ပိုင်ဆိုင်သည့်အရာဖြစ်လာခဲ့၏။

သူတို့ အားနည်းလွန်းသောကြောင့် တစ်ဖက်လူကအနိုင်ရရှိခဲ့လေသည်လား။ မဟုတ်ပေ။ သူတို့သည် အလွန် အားကောင်းသည့်လူများ ဖြစ်၏။ သို့ပေမည့် ရွှမ်ဝူအိမ်တော်၏ သမက်တော် သည် ကြောက်မက်ဖွယ်ရာကောင်းသည့် ဉာဏ်ပညာရှင်ဖြစ်လို့နေသည်။ ကျူးကျွင်းအနေနှင့် ဖြစ်စဉ်တစ်ခုလုံး၌ ပါဝင်ခဲ့ခြင်း မရှိလျှင်တောင်မှ ထိုအခြင်းအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ထိပ်တန်းကျွမ်းကျင်သူများကြားထဲတွင် တည်ရှိနေသည့် စစ်တုရင်ကစားပွဲတစ်ခုကဲ့သို့ပင် ဖြစ်၏။ အဆုံးသတ် မှာတော့ ကျန်းချုံးသည် ရှုံးနိမ့်ခဲ့၏။ ကျန်းချုံး ရှုံးနိမ့်သည်သာမကချေ။ အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည်လည်း ရှုံးနိမ့်ခဲ့၏။

ကျန်းချုံးသည် အစိုးရအသစ်၏ စစ်သူကြီးတစ်ယောက်ဖြစ်ခဲ့သည်ဆိုပါက ကျူးကျွင်းသည် ထိုစစ်သူကြီးကို အမိန့်ပေးသည့် လူပင်ဖြစ်၏။ တကယ်တမ်းဆိုပါက တုံးကျန့်မြို့စားအိမ်တော်ကို ဖျက်ဆီးခဲ့ပြီးနောက် ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးနိုင်ရပေမည်။ အစိုးရ၏ မူဝါဒသစ်သည် ရွှဲ့ပြည်နယ်တစ်ခုလုံးသို့ မီးကဲ့သို့ပင် လောင်ကျွမ်းစေမှာ သေချာ၏။ သို့ပေမည့် ယခု အစိုးရသစ်၏မူဝါဒသစ်သည် ရွှမ်ဝူအိမ်တော်ဆီသို့ ကျဆင်း မသွားနိုင်တော့ချေ။

ဘာလုပ်ရမည်နည်း။ သူတို့ ဆက်လက်ကာ ပြုလုပ်ရမည်လား။ မည်သူ့ကို သူထပ်မံကာ ရှာဖွေရမည်နည်း။ မည်သူ့ဆီက ဓားကို ထပ်မံကာ ငှားရမည်နည်း။ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် အစိုးရ၏ မူဝါဒသစ်သည် ကျိန်းသေပေါက် တိတ်တဆိတ်နှင့် ရပ်တန့်သွားတော့မှာ ဖြစ်၏။ ကျန်းချုံးသည် တာဝန်ယူရပေမည်။ ထို့အတူ ကျူးကျွင်းသည်လည်း ထိုနည်းလည်းကောင်းပင်။

ဟုတ်ပေ၏။ ကျူးကျွင်းသည် သူ့ကိုယ်သူ စိတ်မဝင်စား စိတ်မပူလှချေ။ သို့ပေမည့် သူသည် ကျန်းချုံး အတွက်တော့ စိုးရိမ်ပူပန်မိ၏။ အထက်မြတ်ဆုံးသော ဓားသည် ထိုကဲ့သို့ပင် ကျိုးသွားခဲ့လေသည်လား။ ဘုရင်မင်းမြတ်သည် မည်ကဲ့သို့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်သနည်း။ ကျူးကျွင်းက အကောင်းဆုံးသိ၏။

ပြောရမည်ဆိုလျှင် ဤတိုက်ပွဲတွင် ကျန်းချုံးသည် မည်သည့်အမှားအယွင်းကိုမှ မပြုလုပ်ခဲ့ချေ။ ထိုအစား ကောင်းမွန်သည့်အရာများကို ပြုလုပ်ခဲ့သည်ဟုပင် သတ်မှတ်ရပေလိမ့်မည်။ သို့သော်ငြား ဘုရင်မင်းမြတ်၏ မျက်လုံးထဲတွင်တော့ ကျန်းချုံးက ရှုံးနိမ့်ခဲ့၏။ သူ၏ ဂုဏ်သိက္ခာ ထိခိုက်ခဲ့သည်။ ဘာလုပ်ရမည်နည်း။

“ငါဘာလုပ်ရမလဲ။ ကျန်းချုံးကို ဘယ်လိုကာကွယ်ပေးရမလဲ” ကျူးကျွင်းသည် ခေါင်းကိုက်မတတ်ပင် စဉ်းစားနေမိ၏။

ဘေးတစ်ဖက်တွင်ရှိနေသော အကြံပေးရန်ဝူကျိက ပြောလိုက်သည်။ “ဘုရင်မင်းမြတ်က အရမ်းကို ဒေါသထွက်လိမ့်မယ်။ သူ့ရဲ့ဒေါသတရားတွေကို ဖွင့်ထုတ်လိမ့်မယ်။ ထန်လွမ်တစ်ယောက်တည်းနဲ့ လုံလောက်မှာ မဟုတ်ဘူး။ ဒီတော့ သူ့ရဲ့ဒေါသတွေက ကျန်းချုံးပေါ်ကို ကျဆင်းလာမှာ သေချာတယ်။ ကျန်းချုံးက ရှမ့်လန်ကို ရှုံးနိမ့်ခဲ့ပြီး သူ့ကို သိက္ခာကျအောင် လုပ်ခဲ့တယ်။ ဘုရင်မင်းမြတ်က ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ စိတ်သဘောထား ကျဉ်းမြောင်းပြီး ရက်စက်လွန်းတယ်”

ရန်ဝူကျိက ပြောလိုက်၏။ “တကယ်လို့ ကျုပ်တို့သာ ကျန်းချုံးကို ကယ်တင်ချင်တယ်ဆိုရင် ကြီးမားတဲ့ တစ်စုံတစ်ခုဖြစ်မှ ဖြစ်လိမ့်မယ်။ သူ့ကို ပိုပြီးဒေါသထွက်စေတဲ့ ကိစ္စမျိုးပေါ့။ ဒါဆိုရင် ကျန်းချုံးက အခွင့်အရေး ရနိုင်သေးတယ်”

ဘုရင်မင်းမြတ်၏ ဒေါသတရားကြောင့် ရန်ဝူကျိ၏ မိသားစုတစ်ခုလုံးသည် သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် သူသည် ဘုရင်မင်းမြတ်အပေါ်တွင် အမြင်မကြည်ချေ။ ကျူးကျွင်း၏ဘေးသို့ ရောက်ခဲ့သည် ဆိုလျှင်တောင်မှ သူသည် ဘုရင်မင်းမြတ်၏ ကောင်းကြောင်းကို မပြောချေ။

ဘုရင်မင်းမြတ်သည် ရန်ကလန်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းခဲ့ရုံနှင့် မလုံလောက်သေးချေ။ ရန်ကလန်တွင် ရှိနေသည့်လူများအားလုံး မည်သည့်အစိုးရအဖွဲ့အစည်းတွင်မှ အလုပ် လုပ်ကိုင်ခွင့်မရသည့် အခြေအနေအထိ တားမြစ်ပိတ်ပင်ခဲ့၏။

ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ကျေးကျွန်တစ်ယောက်က သတင်းပို့လာသည်။ “သခင်ကြီး... ကျင်းဟိုင်မြို့စား အိမ်တော်ရဲ့ ဆက်ခံသူထန်ယွင်က တွေ့ခွင့်တောင်းနေပါတယ်။ သူက အရေးကြီးတဲ့ လျှို့ဝှက်သတင်းတစ်ခုကို ပေးချင်လို့တဲ့”

အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “အင်း.. သူ့ကို ဝင်ခိုင်းလိုက်”

ခဏလောက်ကြာပြီးနောက် ဆက်ခံသူထန်ယွင်သည် အထဲဆီသို့ လျှောက်ဝင်လာ၏။ ကျူးကျွင်းရှေ့၌ ဒူးထောက်ကာ ထိုင်ပြီး ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူး... ကျုပ်အဖေနဲ့ပတ်သက်ပြီး သတင်းပို့ချင်လို့ပါ။ ကျုပ်အဖေက ချောင်ထျန်းဝေနဲ့ ပူးပေါင်းပြီး ကျင်းမိသားစုကို လက်စားချေဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ ကျင်းချန်ကျွန်းကို ပင်လယ်ဓားပြတွေဆီ ပေးခဲ့တယ်။ မိသားစုရဲ့သီးသန့်စစ်တပ်က ပင်လယ်ဓားပြ အယောင်ဆောင်ပြီး ရွှမ်ဝူအိမ်တော်ရဲ့ဝမ်ကျားကျွန်းကို တိုက်ခိုက်ခဲ့တယ်။ ကျုပ် ... ထန်ယွင်က ဘုရင်မင်းမြတ်၏သစ္စာကို စောင့်သိသူတစ်ယောက်ပါ။ ဒါကြောင့် မိသားစုကို မျက်ကွယ်ပြုပြီး သတင်းလာပို့တာပါ”

ပြောပြီးနောက် ဆက်ခံသူ ထန်ယွင်သည် အသာဦးတိုက်လိုက်၏။ သူသည် မလှုပ်ရှားတော့ချေ။ သူ၏ အဖေနှင့် ပတ်သက်သော သတင်းပို့ချက်စာလွှာကို လက်နှစ်ဖက်ဖြင့် ကိုင်စွဲကာ ပေးထား၏။

အုပ်ချုပ်ရေးမှူးကျူးကျွင်းသည် ထိုအရာကို လှမ်းယူပြီး ကြည့်ရှုလိုက်သည်။

“အင်း.. မင်းအဖေ မင်းကို လွှတ်လိုက်တာမလား” ကျူးကျွင်းက မေးမြန်းလိုက်၏။

ဆက်ခံသူထန်ယွင်သည် မြေပေါ်တွင် ဦးတိုက်လျက်ရှိသည်။ မည်သည့်အသံမှ မထွက်ချေ။

“အင်း.. မလွယ်ကူခဲ့ဘူးပဲ”

ကျူးကျွင်းက ပြောလိုက်သည်။ “မင်း အချိန်ကောင်းမှာရောက်လာတာပဲ။ နောက်ထပ် နာရီဝက်လောက်သာ နောက်ကျမယ်ဆိုရင် ငါဘုရင်မင်းမြတ်ဆီကို ရောက်နေလောက်ပြီ”

ထန်ယွင်၏နောက်ကျောဘက်တွင် ချွေးစေးများပြန်လာခဲ့၏။ သေချာပေသည်။ ထန်းမိသားစုသည် သုတ်သင်ခံရရန် နီးစပ်နေ၏။

ကျူးကျွင်းက ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင်လည်း ထတော့။ မြို့တော်ကို ငါနဲ့အတူလိုက်ခဲ့”

နာရီဝက်ခန့်ကြာမြင့်ပြီးနောက် မြင်းတပ်သားတစ်ရာကျော်တို့သည် အုပ်ချုပ်ရေးမှူး ကျူးကျွင်းကို စောင့်ကြပ်ပြီးနောက် ထျန်းနန်စီရင်စုဆီမှ မြို့တော်ဆီသို့ ဦးတည်သွားခဲ့၏။

အကြီးမားဆုံးသော နိုင်ငံရေး ပြဿနာက ဖြစ်ပွားနေလေသည်။ အခြေအနေတစ်ခုလုံးသည် အုတ်အော်သောင်းနင်းကဲ့သို့ပင်။ မည်သည့်အချိန်တွင် မိုးကြိုးပစ်ချမည်ဖြစ်ကြောင်း မည်သူမှ မသိနိုင်ချေ။ လောကကြီး ငြိမ်းချမ်းမည်လား။ ဆိုးဝါးစုတ်ပြတ်သည့် ဆူပူမှုမျိုး ဖြစ်လာမည်လား။ မည်သူမှ အတတ် မသိနိုင်ချေ။ အရာအားလုံးသည် ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒအပေါ်တွင်သာ မူတည်နေ၏။ အကောင်းဆုံးဖြစ်ရန်သာ သူတို့ မျှော်လင့်နေမိသည်။

တောင်ပိုင်းနိုင်ငံ၏ စစ်ပွဲသည် ထင်မှတ်ထားသည့်အတိုင်း ချောချောမွေ့မွေ့ ပြီးဆုံးသွားမည်အရာမျိုး မဟုတ်တော့ချေ။ ရူးသွပ်လျက်ရှိနေသည့် မင်းသားကျင်းသည် သဲကန္တာရလူရိုင်းတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး တိုက်ခိုက်ရေး တည်နေရာတစ်ခုလုံးကို သွေးများ ဖုံးလွှမ်းစေခဲ့၏။

ရွှဲ့ပြည်နယ်သည် ကြီးမားသည့် စစ်ပွဲကြီး၏ဒဏ်ကို ကြာရှည်ခံနိုင်လိမ့်မည်မဟုတ်ချေ။

.........

ရွှဲ့နိုင်ငံ၏ နန်းမြို့တော်အတွင်း ...

တော်ဝင်နန်းဆောင်တစ်ခုလုံးသည် ခမ်းနားထည်ဝါလွန်းလှသည်။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် ကျန်းချုံး၏ လျှို့ဝှက်စာတမ်းကို လက်ထဲတွင် ကိုင်ဆောင်ထားခဲ့၏။ ဘုရင်မင်းမြတ်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ စာမျက်နှာနှစ်ရွက်ကို ဖတ်ပြီးနောက် သူသည် ထိုစာရွက်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ဆွဲဖြဲလိုက်မိ၏။ ပြီးနောက် သူသည် အရှေ့တွင် ရှိနေသည့် စားပွဲကြီးကို ကန်ကျောက်လိုက်၏။

မင်းမှုထမ်းများနှင့် မိန်းမစိုးအားလုံးတို့သည် ချက်ချင်းပဲ မြေပေါ်၌ ဒူးထောက်ထိုင်ခဲ့၏။ သူတို့အားလုံးသည် အသက်ပင် ရဲရဲမရှုရဲကြချေ။ သတင်းပေးပို့ခဲ့သည့် စာလွှာသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီဖြစ်၏။ ဘုရင်မင်းမြတ်သည် မြေပေါ်တွင်ရှိနေသည့် အစိပ်အပိုင်းများကို လှမ်းကာကြည့်ရှုပြီး အေးစက်စက် ပြောလိုက်သည်။ “ဒါတွေအားလုံးကို ပြန်ပြီးတော့ ဆက်ပေးစမ်း။ အစိတ်အပိုင်းတစ်ခုလောက် ပျောက်ဆုံးသွားပြီ ဆိုတာနဲ့ မင်းတို့အားလုံး ပြဿနာတက်မယ်”

“ကောင်းပါပြီ”

မိန်းမစိုးအားလုံးသည် ရှေ့ဆီသို့လှမ်းတက်ပြီး စာရွက်၏အစိတ်အပိုင်းတစ်ခုချင်းစီကို ပြန်လည်ကာ ဆက်ပေးလိုက်၏။ ချက်ချင်းဆိုသလိုပဲ ပြည့်စုံသည့် စာရွက်တစ်ခုသည် ဘုရင်မင်းမြတ်၏ ရှေ့သို့ ရောက်ရှိသွာခဲ့သည်။

ဤတစ်ကြိမ်မှာတော့ ဘုရင်မင်းမြတ်သည် ကျန်းချုံး၏ အစီရင်ခံစာကို သေသေချာချာ ဖတ်ရှုလိုက်၏။ မျက်နှာသွင်ပြင်တစ်ခုလုံးကလည်း နီရဲလျက် ရှိနေ၏။ ပြီးနောက်မှာတော့ သူသည် ထိုသတင်းစာရွက်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ထပ်မံကာ ဆွဲဖြဲလိုက်ပြန်၏။ ပြီးနောက် ဒေါသတကြီး အော်ဟစ်လျက်ရှိနေ၏။

“ဒါပုန်ကန်မှုပဲ။ ကျင်းမိသားစုက ပုန်ကန်တာပဲ။ အင်း.. ဒီလိပ်ကောင်က ခေါင်းထွက်လာပြီဆိုတာနဲ့ ပုန်ကန်တော့တာပဲ။ ကျန်းချုံးက သုံးစားလို့မရဘူး။ ကျန်းချုံးက တကယ်သုံးစားလို့မရတဲ့ကောင်။ အစောင့်တွေ... ကျန်းချုံးကို မြို့တော်ဆီကို ခေါ်ခဲ့။ ပြီးတော့ သူ့ကို ရေနက်အကျဉ်းထောင်ထဲ စေလွှတ်လိုက်။ ပြီးတော့ ကျူးကျွင်းလည်း လာခဲ့စမ်း။ နန်ကုန်းအိုကိုလည်း လာခဲ့ခိုင်းလိုက်။ စစ်သည်တော်တွေအားလုံးကို စုစည်းထား။ ပုန်ကန်မှုကို ပြန်ပြီးတော့ ဖိနှိပ်ရမယ်။ အားလုံးအဆင်သင့်ပြင်ထားကြ”

All Chapters