← Chapters

အခန်း (၂၅၅)

Vol. 19 Ch. 255

အခန်း (၂၅၅)

Vol. 19 Ch. 255

ကျန်းချုံး ထောင်ကျသွားသည်ဆိုသော သတင်းသည် လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့၏။ အချိန် အတိုင်းအတာအတောအတွင်း များပြားလွန်းသည့် တိုင်ကြားစာများသည် နှင်းကဲ့သို့ပင် နန်းတော်ဆီသို့ ကျဆင်းလျက်ရှိနေ၏။

အချိန်ခဏကြာပြီးသည့်နောက် ကျန်းချုံးသည် မူဝါဒအသစ်၏ သူရဲကောင်းတစ်ယောက်မှသည် ရာဇဝတ်သား တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ပြုမူခဲ့သည့်အပြစ်ဒဏ်များသည် တစ်ခုပြီးတစ်ခု ခေါင်းပေါ်သို့ ရောက်ရှိလာခဲ့၏။ တကယ်ပင် များပြားလွန်းလှချေ၏။ ရေတွက်၍ပင်မရချေ။

ပိုမို ကြောက်မက်ဖွယ်ရာကောင်းသည်မှာ နုကျန့်စီရင်စုတွင် ရှိနေသည့် အရာရှိများ၊ အထူးသဖြင့် ကျန်းချုံး၏ နှုတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြသည့် လူများပင်။

ကျန်းချုံးအား အရင်တုန်းက ဆရာကြီးဟု ခေါ်ဆိုခဲ့သည့် လူများသည် လက်ရှိအခြေအနေတွင် ဘာလုပ်ရမှန်းမသိပင် ဖြစ်နေကြသည်။ သူတို့အား အပေါင်းအဖော်အဖြစ် သတ်မှတ်ပြီး လာရောက်ဖမ်းဆီးလျှင် မည်သို့လုပ်မည်နည်း။

နေ့စဉ်နေ့တိုင်းဆိုသလို ကောလဟာလများကလည်း ပျံ့နှံ့လျက် ရှိနေ၏။ ကျန်းချုံးသည် ခေါင်းဖြတ်သတ် ခံရမည်ဟု ဆို၏။ ကျန်းချုံး ထောင်ထဲတွင် မိမိကိုယ်ကို သတ်သေသွားသည်ဟု ပြောသူကလည်း ရှိ၏။ ကျန်းချုံးသည် သူနှင့်အတူ အကျင့်ပျက်ခြစားခဲ့သည့်အဖွဲ့ဝင်များ၏စာရင်းကို ပေးအပ်ခဲ့သည်ဆိုသည့် သတင်းကိုပင် လူတချို့က ပြောဆိုလျက် ရှိနေသေး၏။ မကြာခင် ရေနက်တပ်ဖွဲ့သည် ထိုသူတို့ကို လာရောက်ကာ ဖမ်းဆီးလိမ့်မည် ဟူသည့် အဓိပ္ပာယ်ပင်။

ရုတ်တရက် အရာရှိအဖွဲ့ဝင်အားလုံးတို့က ကြောက်လန့်သွားခဲ့၏။ ကျန်းချုံးကို ကျိန်းသေပေါက် အလုပ်အကျွေး ပြုခဲ့သည့် လူများပင် ဖြစ်၏။ သူတို့သည် ကြီးမားသည့် ဖိအားဒဏ်ကို မခံစားနိုင်ရှာကြဘဲ မိမိကိုယ်ကို သတ်သေသူများ ပင် ရှိလာခဲ့ကြ၏။ သူတို့၏ ယခင်တုန်းက ပြုလုပ်ခဲ့သည့် မကောင်းမှုများသည် လာရောက်ကာ ခြောက်လှန့်လျက် ရှိနေ၏။

ကျန်းချုံးနှင့် ပတ်သက်၍ တိုင်ကြားစာများကို အရင်ဦးဆုံး ပေးပို့ရေးသားကာဖြင့် မိမိက အပြစ်ကင်းစင်သူများ ဖြစ်ကြောင်း သက်သေပြချင်သည့် လူများကလည်း ပေါများလာခဲ့သည်။

ရွှမ်ဝူမြို့တော်ဝန် လျှိုဝူယန်သည်လည်း ကျန်းချုံးနှင့်ပတ်သက်သည့် တိုင်စာတစ်ခုကို ရေးသားခဲ့၏။ သို့ပေမည့် သူသည် အချိန်တော်ကြာသည်အထိ တွန့်ဆုတ်လျက် ရှိနေပြီး ထိုအရာကို ဘုရင်မင်းမြတ်ဆီသို့ မတင်သွင်းခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ဉာဏ်ကောင်းလွန်း၍ မဟုတ်သလို ကျန်းချုံးအပေါ်တွင် သစ္စာရှိနေခြင်းကြောင့်လည်း မဟုတ်ချေ။

သူသည် ကျင်းမိသားစုနှင့် ကျန်းချုံးတို့ ကြားတွင် ရှိနေသည့် အရှုပ်အထွေး ရုန်းကန်မှုများနှင့် ပတ်သက်၍ နက်နက်နဲနဲ ပါဝင်ခဲ့သူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူက အနည်းငယ် ပိုမိုရှင်းလင်းစွာ မြင်သာ၏။

ကျန်းချုံးနှင့် ပတ်သက်၍ တိုင်ကြားစာများ နိုင်ငံတွင်းတွင် ပိုမိုကာ များပြားလာခဲ့၏။ လူတို့၏ ဒေါသတရားများသည် ပိုမိုကာ တိုးပွားလာခဲ့၏။ ကျန်းချုံးကို သတ်ဖြတ်ပစ်စေချင်သည့် အသံများသည် တစ်လောကလုံးသို့ ပျံ့နှံ့လာခဲ့သည်။

သို့ပေမည့် ထိုတိုင်ကြားစာအားလုံးတို့သည် ပင်လယ်ထဲသို့ နစ်မြုပ်သွားသကဲ့သို့ပင် ပျောက်ကွယ်သွား၏။ ယနေ့အထိ တရားဝင် အရေးယူသည့်သတင်းကို သူတို့ တိတိကျကျ မကြားရသောကြောင့်ပင်။

နုကျန့်စီရင်စုဆီမှ အမှုထမ်းတစ်ယောက်သည် သွေးဖြင့်ပင် စာတစ်စောင်ကို ရေးသားခဲ့၏။ သူသည် လက်ကို ကိုက်ပြီးသည့်နောက် သွေးတိုင်စာအဖြစ် ရေးသားခဲ့ခြင်းဖြစ်၏။

ကျန်းချုံး၏ ဖုံးကွယ်ထားသည့် မကောင်းမှုများကိုသာမက ယခင်တုန်းက ပြုလုပ်ခဲ့သည့် မကောင်းမှုများတွင် သူကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြောင်းကိုပါ ဝန်ခံရေးသားခဲ့၏။ ကျန်းချုံး၏ ဆွဲဆောင်မှုအောက်တွင် သူ မည်သို့မျှ မနေနိုင်ဘဲ လိုက်ပါခဲ့ရကြောင်း ကတိခံဝန် ရေးထိုးကာ ပြောဆိုထားသည်။

ထို့အပြင် သူသည် သူ ယူဆောင်ထားခဲ့သည့် ရွှေဒင်္ဂါး ၂၃၅ ပြားကို ပြန်လည်ကာ ပေးအပ်ခဲ့၏။ တိုင်ကြားစာ၏ အဆုံးတွင် ဘုရင်မင်းမြတ်အနေနှင့် ကျန်းချုံးကို တစ်ခါတည်း သတ်ဖြတ်ပစ်ရန်နှင့် နုကျန့်စီရင်စုတွင် ရှိနေသည့် မမျှမတ ပြုကျင့်ခြင်းကို ခံခဲ့ရသည့် လူပေါင်း တစ်သိန်းကျော်တို့၏အစား အမှန်တရား ရှာဖွေပေးပါရန်ပင် တောင်းပန်ခဲ့လေ၏။

ဟုတ်ပေ၏။ နုကျန့်စီရင်စုတွင် ရှိနေသည့် လူပေါင်း တစ်သိန်းကျော်တို့သည် တကယ်ပင် အံ့အားသင့်လျက် ရှိနေလေ၏။ ဤအရာက သူတို့၏ကိစ္စ အဘယ်သို့ ဖြစ်လာရသနည်း။ သူတို့နှင့်လည်း မသက်ဆိုင်ချေ။

ဤတိုင်စာ ပေါ်ပေါက်လာခဲ့ပြီးနောက် ရုံးအဖွဲ့ဝင်တော်တော်များများတို့ကလည်း အံ့အားသင့်သွားခဲ့၏။ သေချာပေ၏။ ဤတစ်ကြိမ်တွင် တကယ့်ကို ထူးချွန်သည့်လူတစ်ယောက် ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။ မည်ကဲ့သို့ သရုပ်ဆောင်ရမည် ဖြစ်ကြောင်းကို ကောင်းကောင်းသိရှိနေ၏။

ပြီးနောက် အားလုံးသောသူတို့သည် ဖြစ်ပေါ်လာခဲ့မည့် ရလဒ်ကို ငြိမ်ငြိမ်သက်သက်နှင့် စောင့်မျှော်လျက် ရှိနေပြီး ထိုအလွန်ကောင်းမွန်လှစွာသော ဉာဏ်ပညာနှင့် အမှုထမ်း တွက်ချက်မှုအတိုင်း အောင်မြင်သွားမလား ဆိုသည်ကို သူတို့က စောင့်ကာကြည့်ရှုနေ၏။ အဆုံးသတ်မှာတော့ တစ်ဖက်လူသည် တကယ်ပင် အောင်မြင်သွားခဲ့သည်။

ဘုရင်မင်းမြတ်သည် တုံ့ပြန်လာခဲ့ပြီ ဖြစ်၏။ “မင်းက တကယ့်ကို ထူးချွန်တဲ့ လူတစ်ယောက်ပဲ။ ကျန်းချုံးရဲ့ မကောင်းမှုတွေကို ထုတ်ဖော်ရုံသာမကဘူး။ ကိုယ့်ရဲ့အမှားကို ကိုယ်သိပြီး ပိုက်ဆံတွေကိုပါ ပြန်ပေးခဲ့တယ်။ ဒီလိုဝန်ခံပြီဆိုမှတော့ မင်းရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို ငါ ဘယ်လို စိတ်ပျက်စေလို့ ဖြစ်မှာလဲ”

ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များသည် နုကျန့်စီရင်စုဆီသို့ ရောက်ရှိလာခဲ့ပြီး ထိုတော်ပါသည်ဆိုသော အမှုထမ်းကို ဖမ်းဆီးခဲ့၏။ မြို့တော်တရားရုံးဆီသို့ ရောက်ရှိပြီး သုံးရက်မကြာခင်မှာပင် ထိုသူသည် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့၏။ မိမိ၏ လက်ကောက်ဝတ်ကို မိမိ လှီးဖြတ်၍ သတ်သေသွားခဲ့ခြင်း ဖြစ်၏။ သွေးထွက်သည့် ပမာဏသည် တကယ်ပင် များပြားလွန်းပြီး ထိုသွေးနှင့်ပင် စာများ ရေးသားနိုင်သည်။

အဆုံးသတ်မှာတော့ တလောကလုံးရှိ အရာရှိအားလုံးတို့သည် တိတ်ဆိတ်ငြိမ်သက် သွားခဲ့ကြ၏။ သူတို့၏ ကျန်းချုံးအပေါ် တိုင်ကြားမည့် တိုင်ကြားစာများကို ပြန်လည်ကာ ဖျက်ဆီးခဲ့ကြ၏။ ဘာတစ်ခုမှ မဖြစ်ခဲ့သကဲ့သို့ပင်။

ကျန်းချုံးဆိုသည်မှာလည်း လောကတွင် မရှိခဲ့သည့် လူတစ်ယောက်ကဲ့သို့ပင် သူတို့က လျစ်လျူရှုလိုက်ကြတော့၏။

တော်လှပါသည်ဆိုသော ဉာဏ်ကောင်းသည့် မင်းမှုထမ်းသည် မသေဆုံးခင်တွင် တကယ်ကို စိတ်ဓာတ်တကျ ခံစားခဲ့ရသည်။

ထို့အတူ ဆရာလန်သည်လည်း ဤအချိန်တွင် တကယ်ကို စိတ်ပျက်လက်ပျက် ခံစားနေမိ၏။ သူအသက်ပင် မရှင်ချင်တော့ပေ။ သူ၏ ဘဝတစ်ခုလုံးက အဓိပ္ပာယ်ကင်းမဲ့သလို ခံစားနေမိ၏။ ပထမဦးဆုံးအကြိမ်၏ သုံးမိနစ် ဆိုသည်ကို သူ လက်သင့်ခံနိုင်၏။ သို့ပေမည့် ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ အကြိမ်အားလုံးတို့သည် သုံးမိနစ်သာလျှင် ကြာမြင့်ခဲ့၏။

ထိုကဲ့သို့ပင် မူလန်သည်လည်း သူ့အတွက် အကြောင်းအရာမျိုးစုံကို ရှာဖွေကာ ပေးနေရ၏။ ဥပမာအားဖြင့် ရာသီဥတုက အေးလို့၊ ပူလို့၊ အိပ်ရာက နူးညံ့လို့၊ အပြင်ဘက်က ဆူညံနေလို့၊ အပြင်ဘက်က တိတ်ဆိတ်နေလို့။ ဤခြံဝန်း၏ ဖုန်းရွှေ သဘောအရ မကောင်းကြောင်းပင် ပါဝင်နေသေးသည်။

နည်းလမ်းမျိုးစုံကို အသုံးပြုပြီး ရှမ့်လန်အား အကြောင်းအရာမျိုးစုံတို့ဖြင့် နှစ်သိမ့်လျက် ရှိနေ၏။ သို့ပေမည့် တစ်ခုမှသည် အလုပ် မဖြစ်ခဲ့ချေ။ အဆုံးသတ်မှာတော့ ရှမ့်လန်သည် မူလန်ကိုပင် ထိကိုင်ရဲခြင်း မရှိတော့ချေ။ သူ၏ မျက်နှာထက်တွင် အပြုံးဟူ၍ မရှိတော့ချေ။

ဤကဲ့သို့သော သတင်းအချက်အလက်သည် ခြံဝင်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ ခြံဝန်းထဲတွင် ရှိနေသည့် အစေခံအားလုံးက ထိုအကြောင်းကို သိရှိ၏။ သို့ပေမည့် ခြံဝန်း၏ အပြင်ဘက်တွင် ရှိနေသည့် လူများကတော့ မသိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် မည်သူမှ ထုတ်ဖော်ကာ မပြောရဲသောကြောင့်ပင်။

မူလန်ကလည်း စိတ်ဓာတ်ကျလျက် ရှိနေ၏။ သူမက ဆက်တိုက်ဆိုသလို ရှမ့်လန်ကို နှစ်သိမ့်နေမိ၏။ ဤကဲ့သို့သော ကိစ္စများသည် သူမအတွက် သိပ်ပြီး ထူးခြားသည့် အရာမျိုး မဟုတ်ကြောင်း။ သူမသည် လိင်ဆက်ဆံရခြင်းကို တကူးတက နှစ်ခြိုက်လွန်းသူတစ်ယောက် မဟုတ်ကြောင်း။ သူမက ရှမ့်လန်ကို ချစ်၏။ အချစ်တွင် လိင်ကိစ္စကအရေးပါသော်လည်း အသက်တမျှအရေးမကြီးကြောင်း ပြောဆိုနှစ်သိမ့်ခဲ့သည်။

သုံးမိနစ်ထက် ပို၍ ကြာတော့ ဘာထူးမည်နည်း။ မည်သို့ပင်ဖြစ်ဖြစ် တစ်မိနစ်ကြာပြီး ကလေးတစ်ယောက် ရလျှင်လည်း မဆိုးချေ။

ဟုတ်ပေ၏။ ဤကဲ့သို့သောစကားလုံးများသည် ရှမ့်လန်ကို နှစ်သိမ့်နိုင်စွမ်း မရှိခဲ့ချေ။ ရှမ့်လန်သည် လုံးဝ စိတ်ဓာတ်ကျလျက် ရှိနေ၏။ သူ့၏ ဘဝတစ်ခုလုံး အဓိပ္ပာယ်ကင်းမဲ့သလိုပဲ ခံစားနေ၏။

‘ဟင်း.. ငါဘာကြောင့် ဝိညာဉ်ကူးပြောင်း ရောက်ရှိလာရတာလဲ။ ယောက်ျားတစ်ယောက်အနေနဲ့ ဒီကိစ္စကို ကြာကြာမလုပ်နိုင်ဘူးဆိုရင် လောကကြီးမှာ ပျော်ရွှင်မှုဆိုတာ ဘယ်ရှိတော့မှာလဲ’

မူလန်သည် တကယ့်ကို စိတ်ဓာတ်ကျသွားမိ၏။ တစ်ရက်မှာတော့ စုဖေ့ဖေ့သည် မူလန်ကို ခေါ်ဆောင်ပြီး သူမကို စကားလုံးအနည်းငယ် ပြောဆိုခဲ့၏။

ထိုညမှာပဲ ရှောင်ပင်းသည် ရှမ့်လန်၏အိပ်ရာပေါ်သို့ ကိုယ်လုံးတီးဖြင့် တွားသွားကာ တက်လာခဲ့၏။ ရုတ်တရက် ဆရာလန်သည် သူ၏ အားအင်ကင်းမဲ့နေသည့် ခန္ဓာကိုယ်ကို အသုံးပြု၍ ရှောင်ပင်းကို ချက်ချင်းပဲ ဖိနှိပ် အနိုင်ယူခဲ့၏။ အခြေအနေသည် တကယ်ကို ပြောင်းလဲခဲ့၏။ ဆရာလန်၏ တိုက်ခိုက်နိုင်စွမ်းသည် ယခင်နှင့်မတူ ပိုမိုကာ ကြာမြင်ခဲ့သည်။

ရှမ့်လန်သည် မူလန်ဆီသို့ အားရပါးရ ပြေးသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “မိန်းမ ကြည့် ကြည့်... ဒီကိစ္စက ငါ့ပြဿနာ မဟုတ်တော့ဘူး။ ဒါ မင်းရဲ့ ပြဿနာပဲ။ ငါ့ကိုကြည့်။ ငါ ရှောင်ပင်းနဲ့ဆိုရင် ဘယ်လောက် အံ့အားသင့်စရာကောင်းလဲ တွေ့တယ်မလား”

မူလန်သည် အနည်းငယ် မနာလိုဝန်တိုပင် ခံစားမိ၏။ သို့ပေမည့် သူမသည် အားတင်းပြုံးကာ ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဒါတွေအားလုံး ကျွန်မအပြစ်ပါပဲ။ ယောက်ျားက အရမ်းအားကောင်းပါတယ်။ ဟုတ်ပြီလား”

ပြီးနောက် ရှမ့်လန်၏ စိတ်ဓာတ်ကျမှုသည် ဆေးကုသစရာပင် မလိုဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ထိုနေ့မှစ၍ ရှမ့်လန်သည် အရှက်ကင်းမဲ့ပြီး ပျော်ရွှင်သည့် ဘဝဖြင့် နေထိုင်ခဲ့၏။ သို့ပေမည့် ဘာအကြောင်းကြောင့်မှန်း မသိချေ။ တဖြည်းဖြည်းနှင့် ကိုယ်အလေးချိန်ကျဆင်းလာခဲ့၏။

ရှမ့်လန် အားအသုံးပြုမှု နည်းပါးစေရန်အတွက် မူလန်သည် ရံဖန်ရံခါဆိုသလို အပြင်ဘက်သို့ ထွက်ခွာခဲ့၏။ ထို့အပြင် သူမသည် ရှောင်ပင်းကိုလည်း အပြင်သို့စေလွှတ်ကာ ခိုင်းစေခဲ့သေးသည်။ ရှမ့်လန် တစ်ချိန်လုံး ထိုအရာကို ပြုလုပ်မနေစေရန်ပင်။

အချိန်သည် တဖြည်းဖြည်း ရေကဲ့သို့ပင် မြန်ဆန်စွာ ကုန်လွန်သွားခဲ့၏။ တစ်နှစ်ဆိုသည်မှာ အချိန်ခဏလေး ကုန်လွန်သွားခဲ့သလိုပင်။ နုရှောင့်မြို့နှင့်ပတ်သက်သည့် အမိန့်တော်က ရောက်ရှိမလာခဲ့ချေ။ ထိုကိစ္စကို မေ့လျော့နေသကဲ့သို့ပင်။

တစ်နေ့မှာတော့ ကျင်းကျိုးသည် နုရှောင့်မြို့ဆီသို့ ပြန်လာခဲ့ပြီး ရှမ့်လန်နှင့် လာရောက်ဆွေးနွေး၏။ အရေးကြီးသည့် ကိစ္စရပ်တစ်ခုကို ပြောဆိုခဲ့၏။

“ရှမ့်လန်... မင်းနဲ့ မူလန်တို့ရဲ့ လက်ထပ်ပွဲကို ဘာလို့ထပ်ပြီး မကျင်းပတာလဲ”

ရှမ့်လန်သည် နာလျက်ရှိနေသည့် သူ၏ ခါးနောက်ပိုင်းကို အသာနှိပ်ကာဖြင့် ပြောဆိုလိုက်သည်။ “လက်ထပ်ပွဲ ကျင်းပမှာ ဟုတ်လား။ ဟင်... ဒါဆိုရင် နောက်ထပ် မင်္ဂလာဦးညတစ်ခုကို ဖြတ်သန်းရမှာပေါ့။ မဖြစ်သေးဘူး။ မဖြစ်သေးဘူး”

သူ၏ ယောက္ခထီးသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ ချက်ချင်းဆိုသလိုပင် ထကာ ရိုက်နှက်ချင်စိတ် ပေါက်သွားခဲ့၏။ သူသည် အတွေ့အကြုံရှိသည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်၏ စကားကို နားလည်၏။

မြို့စားကြီး ကျင်းကျိုးက ပြောလိုက်သည်။ “ဒီလိုလေ။ ပြီးတော့ သမက်တော်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ သိပ်ပြီးကောင်းတာ မဟုတ်ဘူး။ ဒီတော့ ဒီဂုဏ်သိက္ခာကို ပြောင်းပစ်ရမယ်။ မူလန်ကို ရှမ့်မိသားစုထဲကို ထည့်ပြီး လက်ထပ်ရမယ်။ ပြီးတော့ ဧည့်သည်တွေကို ဖိတ်ခေါ်ပြီးတော့ မင်းရဲ့အိမ်မှာပဲ လက်ထပ်ပွဲ ကျင်းပရင် မကောင်းဘူးလား”

ရွှမ်ဝူသည် ဤကဲ့သို့ ကောင်းမွန်သည့် အမြင်ရှိ၏။ ရှမ့်လန် တစ်စုံတစ်ခု ရှိနေမည်ကို စိုးရိမ်မိ၏။

“မဟုတ်ဘူး မဟုတ်ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “အဖေ။ ကျုပ် သမက်တော်ဖြစ်ရတာ အရမ်းပျော်နေတယ်။ ဒီတော့ ပုံမှန် သမက်ဖြစ်အောင် မလုပ်ပါနဲ။ အိမ်ပါ သမက်ပဲ လုပ်ချင်တယ်”

“ဟမ်” မြို့စားကြီး ကျင်းကျိုးသည် ဆွံ့အသွားခဲ့၏။ သူ၏ သမက် ဘာမှားနေသနည်း။

ရှေးခေတ်တရုတ်ပြည်တုန်းက မိသားစုကိုစွန့်ပစ်ကာဖြင့် မိန်းမ၏မိသားစုထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ ပြစ်မှုတစ်ခု ဖြစ်၏။ ရွှဲ့ပြည်နယ်တွင် ထိုကဲ့သို့သော စည်းမျဉ်းစည်းကမ်းမရှိသည့်အပြင် သမက်တော်များသည် နန်းတွင်းစာမေးပွဲကိုပင် ဝင်ရောက်ဖြေဆိုနိုင်စွမ်း ရှိနေ၏။

သို့ပေမည့် ဟိုးယခင်ခေတ်တုန်းက မိန်းမ၏ မျိုးရိုးကို ယူဆောင်ကာ လက်ထပ်ရသည့် သမက်တော်များသည် ဂုဏ်သိက္ခာ ထည်ဝါမှုမရှိကြချေ။ အားလုံးသောသူတို့၏ အထင်သေးခြင်းကို ခံရ၏။ ပညာရှိတစ်ယောက် ဖြစ်လာသည် ဆိုလျှင်တောင်မှ နန်းတွင်း၌ အမှုတော်ထမ်းလျှင် ဂုဏ်ငယ်ကြသည်။

ရှမ့်လန်က ပြောလိုက်၏။ “ပထမဦးဆုံးအနေနဲ့ ကျုပ်က နန်းတွင်းအရာရှိ ဖြစ်ချင်တာမဟုတ်ဘူး။ သမက်တော်ဆိုတဲ့ ဂုဏ်သိက္ခာက ကျုပ်ကို ကာကွယ်ပေးထားတဲ့ အကာအကွယ်တစ်ခုပဲ။ ဒုတိယအားဖြင့် ရန်သူတွေက ကျုပ်ရဲ့ အဆင့်အတန်းကို ကြားလိုက်ပြီဆိုတာနဲ့ ကျုပ်ကို ချက်ချင်း အထင်သေး သွားလိမ့်မယ်။ သူတို့ အထင်သေးလေ ပိုပြီး ကောင်းလေပဲ”

ဤအရာကို အကြောင်းပြချက်အဖြစ် ခေါ်ရမည်လား။

မြို့စားကြီးရွှမ်ဝူသည် ရှမ့်လန်ကို ထပ်တလဲလဲ သွေးဆောင်လျက်ရှိသည်။ အိမ်ပါသမက်ဆိုသည့် ဂုဏ်သိက္ခာကို စွန့်လွှတ်ပစ်လိုက်ရန်ပင်။ နောက်ဆုံးမှာတော့ သူ၌ ရွေးချယ်ခွင့် မရှိချေ။ ရှမ့်လန်၏အိမ်ဆီသို့ သွားပြီး ရှမ့်လန်၏ မိဘများကို ခွင့်လွှတ်ပေးပါရန် သွားရောက်တောင်းပန်လိုက်ရသည်။

ပြီးနောက် သူသည် နုရှောင့်မြို့ဆီသို့ ပြန်သွားခဲ့၏။

နုရှောင့်မြို့သည် ကျင်းမိသားစု၏ အသက်သွေး တည်နေရာ ဖြစ်လာခဲ့၏။ ကျင်းကျိုးသည် မြို့ကို သိမ်းပိုက်ပြီးသည့်နောက် အလွန်အလုပ်များလျက် ရှိနေသည်။

သူ၏ ယောက္ခထီး အိမ်သို့ပြန်လာခြင်းမှာ သူ့အား အိမ်ပါသမက် ဂုဏ်ပုဒ်အား စွန့်လွှတ်ရန် ကြိုးစားပန်းစား လာရောက် ဖြောင်းဖျခြင်း ဖြစ်လိမ့်မည်ဟု ရှမ့်လန်က မယုံကြည်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ယောက္ခထီး ရောက်လာပြီး နောက်မနက်တွင် ယောက္ခထီးရော ၊ ယောက္ခမကြီးပါ မျက်တွင်းများ ချောင်ကျနေသောကြောင့်ပင်။ သူ အကြောင်းအရာကို ရှာဖွေတွေ့ရှိခဲ့၏။

....

တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့၏။ ကျင်းမိသားစု ပိုင်နက်မြေ၌ များပြားလွန်းသည့် ရွှေ့ပြောင်း နေထိုင်သူများ နှင့် ပြည့်နှက်လာခဲ့၏။ တခြားသော တည်နေရာဆီမှလူများသည် သူတို့၏ မွေးရပ်မြေကို စွန့်ခွာကာဖြင့် ကျင်းမိသားစု၏ မြေပိုင်နက်ထဲသို့ ဝင်ရောက်ကာ အခြေချကျသည်။

အဘယ့်ကြောင့်ဆိုသော် ရွှမ်ဝူအိမ်တော်၏ အခွန်အခသည် အလွန့်ကို နိမ့်ပါး၏။ မြို့စားကြီးကျင်းကျိုးသည် လူများအား မိမိ၏ ကိုယ်ပိုင်ကလေးငယ်ကဲ့သို့ ချစ်မြတ်နိုး၏။ နေရပ်စွန့်ခွာ ရောက်ရှိလာသည့်လူများကို နေ့စဉ်နေ့တိုင်းဆိုလို သူက လက်ခံလျက် ရှိနေ၏။ မြေပိုင်နက် တည်နေရာကြီးသည် လူပေါင်းတစ်သိန်းကျော်လောက် စုပေါင်း နေထိုင်ရန် လုံလောက်သည့်နေရာ ဖြစ်၏။ သို့သော်ငြား တဖြည်းဖြည်းနှင့် လူများ ကြပ်လာခဲ့၏။

ကံကောင်းစွာဖြင့် အထဲတွင် စီးပွားရေး လုပ်ကိုင်နိုင်ရန်အတွက် များပြားလွန်းသော ပိုးစာပင်များ နှင့် ပိုးချည် မွေးမြူရေးလုပ်ငန်းများက အဆင်သင့်ရှိနေသည်။ ထိုအရာများရှိသည်ဆိုလျှင်တောင်မှ လူပေါင်းတစ်သိန်းကျော် သင့်တောင့်သင့်တယ် နေထိုင်နိုင်ရန် လုံလောက်သည့် စီးပွားရေးအခွင့်အလမ်းမျိုး ဖန်တီးမပေးနိုင်သေးချေ။

ထို့ကြောင့် ရွေ့ပြောင်းနေထိုင်သူများထဲမှ လူနှစ်သောင်းကျော်တို့အား လေ့ကျိုးကျွန်းစုသို့ ထပ်မံ ရွှေ့ပြောင်းပေးခဲ့၏။ ဤကျွန်းသည် စတုရန်းကီလိုမီတာ ၅၀၀၀ နီးပါးခန့် ရှိ၏။ ကျွန်း၏ စိုက်ခင်းဧရိယာက ကျယ်ပြောသည်။ အနည်းဆုံးအနေနှင့် သီးနှံစားပင်များကို စိုက်ပျိုးကာ နေထိုင်နိုင်စွမ်း ရှိကြသည်။

ချောင်ထျန်းဝေ လေ့ကျိုးကျွန်းစုတစ်ခုလုံးကို အုပ်ချုပ်သည့်အချိန်က ဤကျွန်းကြီးသည် စွန့်ပစ်ခြင်း ခံခဲ့ရ၏။ လယ်ယာစိုက်ပျိုးရန် ကောင်းမွန်သည့် မြေနေရာမျိုးဖြစ်ကြောင်း သိသာလှသော်လည်း ပင်လယ်ဓားပြများသည် လယ်ယာစိုက်ပျိုးနည်းကို မသိရှိကြသလို ထိုအရာကို ပြုလုပ်ရန်လည်း စိတ်ပါဝင်စားမှု မရှိကြချေ။ ယခု လူပေါင်း ၂၀၀၀၀ ကျော်တို့သည် လေ့ကျိုးကျွန်းစုဆီသို့ ရောက်ရှိလာခဲ့ပြီးနောက် တကယ်ပင် ကြိုးစားပမ်းစားနှင့် အလုပ်လုပ်လို့နေကြ၏။

All Chapters