← Chapters

အခန်း (၂၆၂)

Vol. 19 Ch. 262

အခန်း (၂၆၂)

Vol. 19 Ch. 262

ကျန်းချုံးသည် အထူးတရားရုံး၏ အကျဉ်းထောင်ထဲသို့ ပြန်လာခဲ့ရ၏။

ဘုရင်မင်းမြတ်သည် မျက်လုံးကိုမှိတ်ကာဖြင့် ပြောလိုက်သည်။ “အဆင်ပြေတယ်။ အဆင်ပြေတယ်။ ဒီလိုလူမျိုး မွေးဖွားလာဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ လောလောဆယ် အခု သူ့ကို လွှတ်ပေးထားလိုက်မယ်”

ပြီးနောက် သူသည် ကြင်နာစွာဖြင့် စားပွဲပေါ်သို့ ကြွေခွက်လေးကို အသာတင်လိုက်၏။

ပြီးနောက် အင်ပါရီယာအမိန့်စာကို သေတ္တာထဲမှ ဆွဲထုတ်လိုက်၏။ အကြောင်းအရာကို သေသေချာချာ ရေးသားထားပြီးသား ဖြစ်၏။ ကျင်းကျိုးအား နုရှောင့်မြိုနယ်စားကြီးဟူသည့် ဘွဲ့တံဆိပ် ပေးအပ်ခြင်း ဖြစ်ပြီး ကျင်းမိသားစုအနေနှင့် နုရှောင့်မြို့ကို ခဏတာစီမံအုပ်ချုပ်ထားရန်ဆိုသည့် အမိန့်တော်ပင် ဖြစ်သည်။

သေချာပေ၏။ ထိုအရာသည် ရှမ့်လန် ခန့်မှန်းထားသည့်အတိုင်းပင် ထပ်တူညီကျလျက် ရှိနေ၏။ စာလုံး တစ်လုံးချင်းစီကပင်လျှင် တူညီလျက် ရှိနေသေး၏။ နုရှောင့်နယ်စားကြီး ကျင်းကျိုး၊ နယ်စားကြီးဆိုသည့် ဘွဲ့တံဆိပ်ကို ပေးအပ်ခဲ့၏။ လက်ခံမလား၊ မလက်ခံမလားဆိုသည်ကို ကြည့်ရှုရန်သာ လိုအပ်၏။ တကယ်၍ လက်မခံခဲ့ပါက မည်သူကိုမှ အပြစ်တင်ရန် မသင့်တော့ချေ။

“အင်း... မနက်ဖြန်ကျရင် ဒီအမိန့်စာကို ထုတ်ပြန်လိုက်တော့”

“ကောင်းပါပြီ” မိန်းမစိုးက ဦးခိုက်ကာ ပြောဆိုလိုက်၏။

..........

ကျင်းမူကုန်းသည် လတ်တလောတွင် နာမည်ကျော်ကြားထင်ရှားလျက် ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း ဇာတ်လမ်းတွဲသည် လူသိများထင်ရှားလာသောကြောင့်ပင်။ ထိုအရာ၏ မိတ္တူ မည်မျှ ရောင်းခဲ့ရပြီဖြစ်ကြောင်းကို နတ်ဘုရားများသာလျှင် သိရှိပေလိမ့်မည်။ ထိုအရာကို ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ရောင်းချသူပင်လျှင် ငွေကြေးအမြတ်အစွန်း တော်တော်များများ ရရှိခဲ့သည်။

သို့ပေမည့် ဂုဏ်သိက္ခာအရတော့ သိပ်ပြီး ကောင်းမွန်သည် မဟုတ်ချေ။ ရှမ့်လန် မာယာမျဉ်းပြိုင်ကို ရေးသားသည့်အချိန်က အထက်ပိုင်းအကြီးအကဲများနှင့် ပညာရှိ တော်တော်များများ တို့က ချီးကျူးခဲ့ကြပြီး ဂန္တဝင်စာအုပ်အဖြစ် သတ်မှတ်ခဲ့ကြ၏။ ကျောင်းတော်သားနှင့် တခြားသောသူများ အားလုံးတို့ကလည်း ချီးကျူးခဲ့ကြ၏။

ဤကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းဆိုသည့် စာအုပ်ကိုရေးသားသည့် စာရေးသူ၏အမည်သည် လန်လင်ရှောင်ရှောင်ရှမ့်ပင် ဖြစ်၏၊ ပထမဦးဆုံးစတင် ဈေးကွက်တင်ချိန်၌ လူပေါင်းများစွာတို့သည် အားရဝမ်းသာဖြင့် ဝယ်ယူခဲ့ကြ၏။ မာယာမျဉ်းပြိုင် စာအုပ်ထက်ပင် ပိုမိုကာ ရောင်းချရခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် မာယာမျဉ်းပြိုင်စာအုပ်သည် ချီးကျူးမှုများကို ရရှိခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် လူပေါင်းများစွာတို့သည် ဒုတိယမြောက်စာအုပ်ကို ဖတ်ရှုရန် စောင့်မျှော်နေခဲ့ခြင်းပင်။

စာအုပ်ရောင်းချသူကလည်း တကယ့်ကို အရှက်မဲ့လှ၏။ မျက်နှာဖုံးထက်တွင် ဆွဲဆောင်မှုရှိလွန်းသော မိန်းကလေ တစ်ယောက်၏ ပုံကို အသုံးပြုခဲ့လေ၏။ မာယာမျဉ်းပြိုင်များ၏ ဒုတိယစာအုပ်တွဲလိုပင်။

အရာရှိတော်တော်များများနှင့် တော်ဝင်မျိုးနွယ်များသည် ထိုအရာကို ဝယ်ယူခဲ့၏။

“ချီးတဲ့မှ.. ဒါဘာကြီးလဲ။ လူငယ်တွေကို ငယ်ရွယ်လွန်းတယ်ဆိုပြီး အနိုင်မကျင့်နဲ့ ဟုတ်လား။ ချီးတဲ့မှ... အနိုင်ကျင့်တော့ ဘာဖြစ်လဲကွာ”

“ငါတို့ ဖတ်ချင်နေတာ ဒီလိုမျိုးမဟုတ်ဘူး”

ကျောင်းတော်သားများ၊ တော်ဝင်မျိုးနွယ်များနှင့် ထိုအရာကို ဝယ်ယူခဲ့သည့် လူပေါင်းများစွာတို့သည် တစ်ချိန်တည်းမှာပဲ ဆဲဆိုလျက် ရှိနေ၏။ သူတို့သည် မာယာမျဉ်းပြိုင်စာအုပ်၏ ဒုတိယအတွဲဟု ထင်မှတ်သောကြောင့် ဝယ်ယူခဲ့ခြင်းဖြစ်၏။ ထို့အပြင် မျက်နှာဖုံးထက်မှ ပုံကိုကြည့်လျှင် ကျိန်းသေပေါက် မာယာမျဉ်းပြိုင် ဒုတိယတွဲဖြစ်သည်။ တကယ်တမ်းမှာတော့ ထိုသို့ မဟုတ်ခဲ့ချေ။ ထို့ကြောင့်ပင်လျှင် ဝတုတ်၏ စာအုပ်သည် နာမည်ကျော်ကြားသည်ဆိုသော်လည်း အားလုံးသောသူတို့၏ ဝိုင်းဝန်း ဆဲဆိုခြင်းကို ခံနေရခြင်းပင်။

နောက်ပိုင်းမှာတော့ တစ်စုံတစ်ယောက်က ပြောဆိုခဲ့၏။ လန်လင်ရှောင်ရှောင်ရှမ်းဆိုသည်မှာ လူနှစ်ယောက် ဖြစ်၏။ တစ်ယောက်သည် ရှမ့်လန်ဖြစ်ပြီး အခြားသော တစ်ယောက်မှာ ကျင်းမူကုန်း ဖြစ်ကြောင်းပင်။ မာယာမျဉ်းပြိုင်များကို ရေးသားခဲ့သည့်သူသည် ရှမ့်လန်ဖြစ်ပြီး ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းကို ရေးသားသူသည် ကျင်းမူကုန်းပင် ဖြစ်သည်။

အားလုံးသောသူတို့က ရုတ်တရက် နားလည်သွားခဲ့ကြ၏။ ထို့ကြောင့် သူတို့အားလုံးတို့သည် ကျင်းမူကုန်းအား ကလောင်နာမည် ခွဲထားရန်ပင် တောင်းဆိုကြ၏။ သို့ပေမည့် မည်သို့ပင်ဖြစ်ဖြစ် ကျင်းမူကုန်းသည် ကျော်ကြား လာခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ဆဲဆိုရင်းမှာပဲ စာအုပ်ကို ဖတ်ကြသည်။ ထို့ကြောင့် ထိုစာအုပ်ကို စွဲလမ်းသွားကြသည်။ မျက်နှာဖုံးသည် မိန်းမပုံဖြစ်နေသောကြောင့် တစ်ချို့သောစာအုပ်အဖုံးများကို ကပ်ကာပင် ထားကြသည်။ တစ်ချို့ဆိုလျှင် စာကြီးပေကြီး၊ ကျမ်းစာအုပ်အဖုံးများကို ဖြုတ်ကာ ကျင်းမူကုန်း၏ စာအုပ်တွင် ကပ်ထားကြသည်။ မဟုတ်ပါက လူရှေ့သူရှေ့ ဖတ်မရသောကြောင့် အိမ်သာထဲ သွားသွားဖတ်နေရ၏။

နောက်ဆုံးမှာတော့ စာအုပ်ကို မဖတ်ရမနေနိုင်တော့ချေ။

ပုံနှိပ်ထုတ်ဝေပေးသူသည် ဒုတိယအတွဲကို မြန်မြန်ရေးပေးပါရန် ကျင်းမူကုန်းကို တောင်းဆိုရ၏။ မကြာခင်မှာပင် လူပေါင်းများစွာတို့ကလည်း မြန်မြန်ရေးပေးပါရန် တောင်းဆိုလာကြသည်။

ဝတုတ်ကလည်း ထိုအရာကို ရေးသားချင်၏။ သို့ပေမည့် ယောက်ဖသည် သူ့ကို ရေးသားရန် ဇာတ်လမ်း မူကြမ်း မပေးသေးချေ။ သူ့ဘာသာ တစ်ယောက်တည်း ရေးသားချင်မိ၏။ သို့ပေမည့် မရေးရဲချေ။ ဂန္တဝင်ဆန်သော စာအုပ်တစ်အုပ် ပျက်စီးသွားမည်ကို သူ စိုးရွံ့မိ၏။

ထို့ကြောင့်ပင်လျှင် ဝတုတ်သည် နေ့စဉ်နေ့တိုင်းဆိုသလို သူ၏ယောက်ဖကို စောင့်မျှော်လျက် ရှိနေသည်။

“ယောက်ဖ.. ဘယ်အချိန်မှ နန်းမြို့တော်ကို ရောက်လာမှာလဲ။ ကျုပ် ခင်ဗျားကို ဘယ်လောက်လွမ်းနေတယ် ဆိုတာ မသိဘူးလား။ နှစ်သစ်တောင် ရောက်ပြီးပြီ။ ကျုပ်ဆီ စာလေးတစ်စောင်တောင် ခင်ဗျား မရေးပါလား။ ဘယ်လိုဖြစ်ပြီး ကျုပ်ကို မေ့လျော့နေရတာလဲ”

မည်သို့ပင်ဆိုစေကာမူ ဝတုတ်သည် အောင်မြင်နေခဲ့သည်။

ထို့ကြောင့် နန်းမြို့တော်တွင် နေထိုင်ရင်း ပျော်ရွှင်လာခဲ့ကြ၏။ နေ့စဉ်နေ့တိုင်းဆိုသလို သူ၏ အနီးအနားတွင် ကျောင်းသားဆိုးများနှင့် ပြည့်နှက်ရှိ၏။ ဤလူများသည် သူ့ကို ဒုတိယတွဲ ရေးသားရန် လှုံ့ဆော်လျက် ရှိနေကြ၏။

ကျင်းမူကုန်းသည် ထိုသူတို့နှင့် မတွေ့ရဲတော့ချေ။ စာအုပ် ထုတ်ဝေပေးသူဆိုလျှင် နေ့စဉ်နေ့တိုင်း ဆိုသလို သူ့ဆီသို့ လာရောက်ပြီး ဒုတိယအတွဲကို ရေးသားပေးပါရန် နားပူနားစာ လုပ်သည်။ အိမ်ရှေ့တံခါးဝတွင် ဒူးထောက်ခြင်းကိုပင် ပြုမူခဲ့သည်။

ဝတုတ်သည် တကယ့်ကို ဆွံ့အလျက် ရှိ၏။ သူလည်း ရေးသားချင်၏။ သို့ပေမည့် သူ၏ယောက်ဖက ရောက်မလာသေးချေ။

.................

မင်းသမီးနင်ယန်၏ အိမ်တော်အတွင်းမှာတော့ ....

“အား... အား” ဆိုးရွားလွန်းသည့် သွေးပျက်ဖွယ်ရာ အော်သံများ ထွက်ပေါ်လျက် ရှိနေ၏။ အဝတ်အစားများ စုတ်ပြတ်လျက် ရှိနေသည့်လူသည် သစ်ပင်တွင် ချည်နှောင်ခြင်း ခံထားရ၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများနှင့် ပြည့်နှက်လျက် ရှိ၏။

ဤလူငယ်သည် တော်ဝင်မျိုးနွယ်တစ်ယောက် ဖြစ်၏။ ထိုသူ၏အဖေသည် မြို့စားတစ်ယောက် ဖြစ်ပြီး ထိုသူ၏ အဘိုးသည် နိုင်ငံအတွက် ကြီးမားသည့် ကောင်းကျိုးများကို ပြုလုပ်ခဲ့သူပင်။ ထို့ကြောင့်ပင်လျှင် မြို့စားကြီး ဆိုသည့်ဘွဲ့ကို ပေးအပ်ခြင်း ခံခဲ့ရ၏။ ကိုယ်ပိုင်စစ်တပ်နှင့် မြေပိုင်နက်များကို မပိုင်ဆိုင်သော်လည်း တော်ဝင်မျိုးနွယ် အသစ် တစ်ယောက်ပင်။ ၎င်း၏အဖေသည် နန်းတွင်းအဖွဲ့ဝင်များ ကြားထဲတွင် အဆင့်မြင့်မြင့် ရာထူးတည်နေရာကို ပိုင်ဆိုင်ထားသည်။

သို့ပေမည့် စကားလုံးတစ်ခုကြောင့် ဤတော်ဝင်မျိုးနွယ်မှ လူငယ်သခင်လေးသည် သစ်ပင်တွင် ကြိုးနှင့်ချည်ကာ သေမတတ် ရိုက်နှက်ခြင်းကို ခံနေရ၏။ မင်းသမီးနင်ယန်ကို မြင်စဉ်က သူသည် တီးတိုး ပြောခဲ့ဖူး၏။ ‘အရှင်မင်းသမီးရဲ့ ဖင်က တအားကို ကြီးတာပဲ’ ပြီးနောက်မှာ ဤကဲ့သို့ပင် ရိုက်နှက်ခြင်းကို ခံနေရလေ၏။

အခန်းထဲမှာတော့ မင်းသမီးသည် စာအုပ်တစ်အုပ်ကို ဖတ်ရှုနေ၏။ ထိုစာအုပ်သည် ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းပင် ဖြစ်၏။ သူမ ထိုအရာကို ငါးကြိမ်တိတိ ဖတ်ခဲ့ပြီးဖြစ်သည်။ အလွန်တရာ ကောင်းမွန်လွန်း၏။ လောကကြီးထဲတွင် ယခုစာအုပ်ထက် ပိုမိုကာ ကောင်းမွန်သည့် စာအုပ်ပင် ရှိတော့မည် မထင်ချေ။

ဤလှပလှသည့် မင်းသမီးသည် ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းစာအုပ်ကို ဖတ်ရှုပြီးနောက် ချက်ချင်းပင် မာယာမျဉ်းပြိုင်များ စာအုပ်ကို ရှာဖွေကာ ဖတ်ရှုခဲ့၏။ တူညီသည့်ကလောင်နာမည်၏ လက်ရာများပင် မဟုတ်ပါလား။ အဆုံးသတ်မှာတော့ စာရွက်အနည်းငယ်ကိုသာ ဖတ်ရှုနိုင်ခဲ့ပြီး စာအုပ်ကို အိမ်သာထဲသို့ ပစ်လွှတ်ခဲ့၏။

“သောက်တလွဲ၊ ချီး.. ဘာတွေ လျှောက်ရေးထားတာလဲ။ ဆိုးရွားလိုက်တာ”

သူမအတွက် မာယာမျဉ်းပြိုင်များ စာအုပ်သည် ဆိုးရွားစုတ်ပြတ်လျက် ရှိနေသည်။ ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း စာအုပ်မှာတော့ တကယ့်ကို ဂန္တဝင်ဆန်သည့်အရာမျိုးပင် ဖြစ်၏။ အဘယ့်ကြောင့် တူညီသည့်စာရေးသူ တစ်ယောက်က ရေးသည်ဆိုလျှင်တောင်မှ ဤမျှ အဆင့်အတန်း ကွာခြားနေရသနည်း။

နောက်ပိုင်းမှာတော့ မင်းသမီးနင်ယန်က ကြားခဲ့ရ၏။ မတူညီသည့်လူနှစ်ယောက်က ရေးသားထားသည့် အကြောင်းအရာပင်။ တစ်ယောက်ကို ရှမ့်လန်ဟုခေါ်ပြီး အခြားတစ်ယောက်မှာတော့ ကျင်းမူကုန်းပင် ဖြစ်၏။ ဤကျင်းမူကုန်းသည် တကယ့်ကို အစစ်အမှန် နတ်ဘုရားတစ်ပါးသာလျှင် ဖြစ်မည်။ ရှမ့်လန်ဆိုသည်မှာတော့ အမှိုက်တစ်စပင် ဖြစ်၏။

အဘယ့်ကြောင့် ဤမျှ ဆိုးရွားစုတ်ပြတ်နေသည့် အရာများကို ရေးသားနိုင်ရသနည်း။

ထို့ကြောင့် မင်းသမီးနင်ယန်သည် ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းစာအုပ်ကို နောက်တစ်ကြိမ် ဖတ်ရှု၏။ သူမသည် တကယ်ပင် စိတ်ဝင်တစား ဖြစ်လို့နေခဲ့၏။ စာအုပ်ဖတ်ရှုသည်မှာ ခြောက်ကြိမ်တိတိရှိပြီ ဖြစ်၏။ သို့ပေမည့် တကယ်ပင် ကောင်းမွန်လှချေ၏။ ဖတ်၍ ပျင်းမသွားခဲ့ချေ။

“သွား... ဒီကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းရဲ့ ဒုတိယအတွဲကို ဘယ်အချိန်ရောင်းမှာလဲလို့ ပုံနှိပ်ထုတ်ဝေသူကို မေးလိုက်။ ငါ ထပ်ပြီး မစောင့်ချင်တော့ဘူးလို့။ ထွက်မလာဘူးဆိုရင် သူ့ရဲ့ စာအုပ်ဆိုင်ကို ငါ မီးလာရှို့မယ်လို့”

“ကောင်းပါပြီ။ သွားပြီးတော့ ဆော်ဩလိုက်ပါ့မယ်။ အခု သွားလိုက်ပါ့မယ်” အမျိုးသမီးစစ်သည်တော်က ပြေးထွက်သွားခဲ့၏။

ဟုတ်ပေ၏။ မင်းသမီးနင်ယန်သည် ဤစာအုပ်မှာ ကျင်းမူကုန်း ရေးသားခြင်းဖြစ်ကြောင်း သိရှိသည့် အချိန်မှာတော့ ချက်ချင်းပဲ ကျင်းမူကုန်းကို မသိမသာ သွားကြည့်ခဲ့သည်။ တွေ့ပြီးနောက်မှာတော့ သူမသည် ဤစာအုပ်၏ စာရေးသူမှာ ကျင်းမူကုန်းဖြစ်ကြောင်း မေ့လျော့သွားစေရန် မနည်းပင်အတင်း ကြိုးစားခဲ့ရ၏။

ရှေးစကားလုံးတစ်ခွန်း ရှိသည်။ ကြက်ဥ စားမည်ဆိုလျှင် ကြက်ဖင်ကို မကြည့်ရန်ပင်။ ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း ဒုတိယအတွဲကြောင့်သာ မဟုတ်ပါက မင်းသမီးနင်ယန်သည် ကျင်းမူကုန်းကို မြင်တည်းက ထကာ ရိုက်နှက်မိမှာ သေချာသည်။ ကျင်းမူကုန်းသည် မွေးရာပါ ရိုက်နှက်ချင်သည့်မျက်နှာကို ပိုင်ဆိုင်နေသလိုပင်။

ဘယ်လိုဖြစ်ပြီး ထူးခြားသည့်ဉာဏ်ရည်ကို ပိုင်ဆိုင်သည့် စာရေးသူတစ်ယောက်သည် ဤပုံစံဖြစ်နေရသနည်း။ ရှမ့်သခင်လေး ဘာသာပြန်သူနှင့် ကွာခြားလှပါဘိ။

“သွား.. ကျင်းမူကုန်းကို သွားပြီး သတိပေးစမ်း။ ဒုတိယအတွဲကိုသာ မရေးဘူးဆိုရင် သူ့ကို တစ်ခါတည်း သတ်ပစ်မယ်လို့” မင်းသမီးနင်ယန်က ပြောလိုက်သည်။

“ကောင်းပါပြီ” ဒုတိယမြောက် အမျိုးသမီးစစ်သည်တော်သည် ကျင်းမူကုန်းကို သတိပေးရန် ထွက်ခွာသွားခဲ့၏။

ထိုအချိန်မှာပင် ဆဋ္ဌမမင်းသား နင်ကျင်း ဝင်ရောက်လာခဲ့၏။ မင်းသမီးနင်ယန်သည် တစ်ချက်လှမ်းကြည့်ပြီး လျစ်လျူရှုထား၏။ သူမသည် နိုင်ငံတစ်ခုလုံးတွင် အကြမ်းတမ်းဆုံးသော မင်းသမီးတစ်ပါးလည်း ဖြစ်၏။ ဘုရင်မင်းမြတ်နှင့် သူမ၏အမေမှလွဲလျှင် တခြားမည်သူ့ကိုမှ ဂရုမစိုက်ချေ။ သူမ ရိုက်ချင်သည့်လူကို ရိုက်နှက်မည်။ ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း ဒုတိယအတွဲကို မျှော်နေသည်သာ မဟုတ်ပါက ကျင်းမူကုန်းကို သေမတတ် ရိုက်နှက်ပစ်ပြီးပြီ ဖြစ်သည်။

“သွားစမ်း” မင်းသမီးနင်ယန်က အော်ငေါက်လိုက်၏။

ဆဋ္ဌမမင်းသားနင်ကျင်းက ပြောလိုက်သည်။ “တတိယအစ်မ... တစ်စုံတစ်ယောက်က ဒီနေ့ ခင်ဗျားကို မကောင်း ပြောခဲ့တယ်။ ပြီးတော့ သူက ခင်ဗျားရဲ့ တင်က အရမ်းကြီးပြီး ပေါင်ကလည်း တုတ်တယ်တဲ့”

မင်းသမီးနင်ယန်သည် ထိုစကားကို ကြားသည့်အချိန်မှာတော့ တကယ်ပဲ ပေါက်ကွဲသွားခဲ့၏။ ဤအရာက ရန်စခြင်းလား။ အသက်ရှင်သန်ချင်စိတ်မရှိသည့် လူတစ်ယောက်ကို ထပ်မံကာ တွေ့ရသည်လား။ မြို့စားတစ်ယောက်၏သားပင်လျှင် သစ်ပင်ပေါ်တွင် ချိတ်ဆွဲပြီး သေမတတ် ရိုက်နှက်ခြင်း ခံခဲ့ရ၏။ သူမကို ဖင်ကြီးသည်ဟု ပြောဆိုခဲ့သောကြောင့်ပင်။

ယခု ထိုကဲ့သို့ ပြောဆိုရဲသည့်လူ နောက်တစ်ယောက်ကို ထပ်မံကာ ထွက်ပေါ်လာလေသည်လား။

“သေချင်နေတာပဲ။ သေချင်နေတာပဲ”

မင်းသမီးနင်ယန်က ပြောလိုက်၏။ “အဲလူ ဘယ်သူလဲ။ ငါသူ့ကို သွားသတ်မယ်”

ဆဋ္ဌမမင်းသားသည် အသာပင် ပြောဆိုလိုက်သည်။ “သူက ကျင်းမိသားစုကပဲ။ သူက ရွှမ်ဝူအိမ်တော်ရဲ့ သမက်တော် ရှမ့်လန်ပဲ”

မင်းသမီးနင်ယန်က အေးစက်စက် ပြောလိုက်၏။ “ဒါဆိုရင် ကျင်းမိသားစုရဲ့ အိမ်တော်ဆီကို ငါနဲ့ လိုက်ခဲ့လိုက်။ အဲဒီ သမက်ဆိုတဲ့ကောင်ကို သွားသတ်မယ်”

ပြီးနောက် မင်းသမီးနင်ယန်သည် ဒါဇင်နှင့်ရှိသော အမျိုးသမီးစစ်သည်များကို ခေါ်ဆောင်ကာဖြင့် ကျင်းမိသားစု ခြံဝန်းဆီသို့ ချီတက်လာခဲ့သည်။

ရှမ့်လန်သည် စာကြည့်ခန်းထဲတွင် စောင့်မျှော်လျက် ရှိနေ၏။ သူသည် သူ့ကို လာရောက် သတ်ဖြတ်ရန် နင်ယန် ရောက်ရှိလာမည်ကို စောင့်မျှော်နေခြင်းပင်။ သူသည် အိပ်ချင်နေပြီဖြစ်သည်။ သို့ပေမည့် မင်းသမီးနင်ယန်က ရောက်မလာသေးချေ။ ထိုအစား ရှောင်ပင်းသာလျှင် ရောက်ရှိလာခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “ပင်းအာ.. ဒီနေ့ ငါတစ်ယောက်တည်း နေမယ်လို့ ပြောထားတယ်လေ။ မင်းလည်း တစ်ယောက်တည်း အိပ်တော့”

ရှောင်ပင်းသည် အချိန်ခဏကြာ တုံ့ဆိုင်းနေ၏။ ပြီးနောက် ရဲဆေးတင်ကာဖြင့် ပြောလိုက်၏။ “သမက်တော်... ကျွန်မ ... ကျွန်မ ကိုယ်ဝန်ဆောင်ထားရပြီ”

ရှမ့်လန်က တုန်လှုပ်သွားခဲ့သည်။ “မင်း.. မင်း ကိုယ်ဝန်ဆောင်ထားရပြီ ဟုတ်လား။ မူလန်တောင် ကိုယ်ဝန် မဆောင်ရသေးဘူး။ မင်းက ဘယ်လိုဖြစ်ပြီး ကိုယ်ဝန်ဆောင်ရတာလဲ”

ရှောင်ပင်းက ပြောလိုက်၏။ “ကျွန်မ ဓမ္မတာမလာတာ လွန်ခဲ့တဲ့ လကပဲ။ ပြီးတော့ အန်ချင်သလို ခံစားနေရတယ်”

ရှမ့်လန်က အံအားတသင့် ပြောလိုက်သည်။ “ဒါဆိုရင် ဘာကြောင့် ငါ့ကို စောစောစီးစီး မပြောတာလဲ။ ဘာလို့ အန်းစိုက်ရှီကို သွေးကြော မစမ်းသပ်ခိုင်းရတာလဲ”

ရှောင်ပင်းက ပြောလိုက်၏။ “ကျွန်မ ရှင်နဲ့အတူ နန်းမြို့တော်ကို လိုက်ချင်လို့လေ။ ကျွန်မသာ ကိုယ်ဝန် လွယ်ထားတာ သိမယ်ဆိုရင် ရွှမ်ဝူအိမ်တော်မှာပဲ ကျန်ခဲ့ရတော့မှာပေါ့”

ဘာလုပ်သင့်သနည်း။ ရှောင်ပင်းသည် ကိုယ်ဝန်ဆောင်ထားရသည်မှာ နှစ်လနီးပါးရှိပြီ ဖြစ်၏။ ထိုသို့ဆိုလျှင် အချိန်အတော်ကြာ တစ်ယောက်တည်း နေထိုင်သင့်သည် မဟုတ်ပါလား။

ထိုအချိန်မှာပဲ ရှမ့်ဆယ့်သုံးသည် အလျင်အမြန်နှင့် ပြေးဝင်လာသည်။ “သမက်တော်... တစ်စုံတစ်ခုတော့ ဖြစ်ပြီပဲ။ မင်းသမီးနင်ယန်က စစ်သည်တော်တစ်ဒါဇင်ကျော်ကို ခေါ်ပြီး ဒီနေရာကို ရောက်လာပြီ”

ရှမ့်လန်သည်ပျော်ရွှင်သွားခဲ့၏။ ထိုမုဆိုးမ မင်းသမီးနင်ယန်သည် နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

All Chapters