အခန်း (၂၆၃)
Vol. 19 Ch. 263
ပြီးနောက် ရှမ့်လန်သည် သူ၏ X-Ray အမြင်ကို အသုံးပြုပြီး ရှောင်ပင်း၏ ဝမ်းဗိုက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူမသည် တကယ်ပင် ကိုယ်ဝန်လွယ်လျက် ရှိနေ၏။ အထဲတွင်ရှိနေသည့် သန္ဓေသား၏ နှလုံးခုန်ပုံကိုပင် သူက သေသေချာချာ မြင်နေရ၏။
ဤမိန်းကလေးသည် ဤကိစ္စကို လွန်ခဲ့သည့်လဝက်တည်းက သိရှိပြီးဖြစ်ပေလိမ့်မည်။ သို့ပေမည့် သူမက ထုတ်မပြောခဲ့ချေ။ သူမ ကျင်းမိသားစုထဲ ရောက်ရှိနေသည်မှာ ကံကောင်းခြင်းပင်။ အခြားသောမိသားစုတွင် ဆိုပါက အိမ်ကြီးရှင်မ၏ သေမတတ်ရိုက်နှက်ခြင်းကို ခံရလောက်သည်။
သို့ပေမည့် ရှမ့်လန်သည် မည်သို့မျှ မနေနိုင်ဘဲ ပူပန်သွားမိ၏။ အဘယ်ကြောင့် မူလန်က ကိုယ်ဝန် မဆောင်ရသေးသနည်း။ တကယ်တမ်း ရှမ့်လန်နှင့် ရှောင်ပင်းတို့ ချစ်ပွဲဝင်သည့် အကြိမ်အရေအတွက်သည် လက်တစ်ဖက်နှင့်ပင် ရေတွက်၍ရနိုင်၏။ သူတို့သည် လွန်ခဲ့သည့်တစ်လလုံး သုံးကြိမ်မှ လေးကြိမ်နီးပါးသာ ကိစ္စပြီးခဲ့၏။ သူ့အနေနှင့် မလုပ်ချင်၍ မဟုတ်ချေ။ သို့ပေမည့် မည်သို့ဆိုရမှန်းပင် မသိတော့ချေ။
မူလန်သည် အလွန်အားကောင်းပြီး ချစ်ဖို့လည်းကောင်း၏။ ရှမ့်လန်သည် သူ၏အားအင်အကုန်လုံးကို သူ၏မိန်းမအပေါ်တွင်ထုတ်ကာ အသုံးပြုခဲ့၏။ ရှမ့်လန်သည် မူလန်နှင့် တစ်လလျှင် ၃၃ ကြိမ်လောက်ပင် ကြိုးစားတတ်သည်။ နှစ်ယောက်သားသည် ဆာလောင်မွတ်သိပ်သည်နှင့် ထိန်းချုပ်ထားခြင်း မရှိချေ။ ဤလအတွင်း ဆရာလန်သည် ကိုယ်အလေးချိန် ကီလိုဂရမ်အနည်းငယ်ပင် လျော့ကျသွားခဲ့ပြီး မျက်တွင်းများပင် ချိုင့်ဝင်ခဲ့၏။
ထို့ကြောင့် သူ၏ ယောက္ခမကြီးသည် ကျင်းမူလန်ကို ခပ်ဝေးဝေး ခဏနေထိုင်ရန်ပင် တီးတိုး မှာကြားခဲ့ရ၏။ ထို့ကြောင့် မူလန်သည် အနည်းငယ် ထိန်းသိမ်းခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ အကြိမ်အရေအတွက်က အနည်းငယ် များလျက်ရှိနေသေးသည်။ သို့ပေမည့် မည်သို့ပင်ဆိုစေကာမူ မူလန်သည် ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိသေးချေ။ သူမသည် သန္ဓေတားဆေးများ အသုံးမပြုချေ။ သူ့မိန်းမ ခန္ဓာကိုယ်သည် တစ်စုံတစ်ခု မှားယွင်းနေသည်လား။
အဓိပ္ပာယ်မရှိချေ။ ရှမ့်လန်၏ခန္ဓာကိုယ်သည်သာ တစ်စုံတစ်ခု မှားယွင်းနေပေလိမ့်မည်။ သူ့မိန်းမ၏ ခန္ဓာကိုယ် ကတော့ မှားယွင်းနေလိမ့်မည် မဟုတ်ချေ။ သူ့မိန်းမသည် ပြည့်စုံလွန်းသည့် နတ်မိမယ်တစ်ပါးပင်။
................
“ဒီကောင်မလေးကတော့”
ရှမ့်လန်သည် ဒေါသတကြီးဖြင့် ဆူငေါက်လိုက်၏။ “ကိုယ်ဝန်ဆောင်ထားရမှန်းသိရဲ့နဲ့ ဘယ်လိုဖြစ်ပြီး ငါ့အိပ်ရာပေါ်တက်ဖို့ စဉ်းစားနေသေးတာလဲ”
ရှောင်ပင်းသည် ဆွဲဆောင်မှုရှိသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “အင်း... ရှင့်ကိုပြုစုဖို့ နည်းလမ်းများစွာကို လေ့လာထားတယ်။ ဒီနည်းလမ်းတွေကို အသုံးမချရရင် ကျွန်မ စိတ်မသက်မသာ ခံစားမိမှာပဲ။
လောကကြီးတွင် ဤသို့ ချစ်ဖွယ်ကောင်းသည့် မိန်းကလေး ရှိနေသေးသည်လား။
“ကောင်းပြီ ... ကောင်းပြီ။ မင်း တကယ်ကို ကျွမ်းကျင်တယ်ဆိုတာ ငါသိပါပြီ။ သွားကြစို့။ ဟိုမှာ ကျားမက ရောက်နေပြီ”
ရှောင်ပင်းသည် မျက်လုံးပြူးသွားမိ၏။ “ရှင့်ကို မျက်စိဒေါက်ထောက်ပြီး ကြည့်ထားဖို့ သခင်မလေးက ကျွန်မကို မှာထားတယ်နော်။ ရှင် အပြင်ထွက်ပြီး တခြားမိန်းမတွေကို ဆွဲဆောင်ဖို့ မကြိုးစားနဲ့။ ဘယ်က ကျားမလဲ”
ရှမ့်လန်သည် သူမ၏နားကို အသာဆွဲလိမ်ကာပြောလိုက်သည်။ “ငါပြောတာ သေသေချာချာ နားထောင်။ အပြင်မှာ ရောက်နေတာ တကယ့် ကျားမပဲ။ မြေခွေးမ မဟုတ်ဘူး။ နားလည်လား။ မြေခွေးမဆိုတာ လူတွေကို ဆွဲဆောင်ရုံပဲ ပြုလုပ်တာ။ ဒါပေမယ့် ကျားမကတော့ လူတွေကို ဆွဲကိုက်ပြီး သတ်နိုင်တယ်”
ပြီးနောက် လေထုတစ်ခုလုံးသည် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွားခဲ့၏။ ကျားမသည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ ပြီးနောက် ရှမ့်လန်ကို အေးစက်စက်ကြည့်ရှုကာဖြင့် ပြုံးလိုက်၏။
“ကောင်းတယ်၊ အရမ်းကောင်းတယ်”
ရှမ့်လန်သည် ကြက်သီးမွှေးညှင်းများပင် တဖြန်းဖြန်းထသွားခဲ့သည်။ ‘ချီးတဲ့မှ... ဘယ်လိုဖြစ်ပြီး ဒီလောက် မြန်ရတာလဲ’
ရှမ့်လန်သည် မည်သို့မျှမနေနိုင်တော့ချေ။ ရှေ့တွင်ရှိနေသည့် ရှမ့်ဆယ့်သုံးနှင့် ဟွမ်ဖန်တို့ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုသူတို့သည် တံခါးကို မည်ကဲ့သို့ စောင့်ကြပ်နေသနည်း။ အဘယ်ကြောင့် တစ်စုံတစ်ယောက်ကို ဤကဲ့သို့ ဝင်ရောက် ခွင့်ပြုရသနည်း။ နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုကာ ကလူကြည်စယ်နေသည်လား။
ဟွမ်ဖန်က ဆွံ့အလျက်ရှိနေ၏။ မင်းသမီးနင်ယန် ရောက်လာသည့်အချိန်တွင် တားဆီးရန်မလိုအပ်ဟု သခင်လေးရှမ့်ကိုယ်တိုင် သူမကို မှာကြားခဲ့သည်မဟုတ်ပါလား။ ယခု အထဲသို့ ရောက်ရှိလာသည့်အချိန်တွင် အဘယ်ကြောင့် ပြူးကြောင်ကြောင်ဖြင့် သူတို့ကို စူးစိုက်ကာ ကြည့်ရှုနေရသနည်း။
ဤမုဆိုးမ၏ အော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။ အခန်းထဲတွင် မတ်တပ်ရပ်လျက် ရှိနေသည် ဆိုလျှင်တောင်မှ အခန်းတစ်ခုလုံးက သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွား၏။ ထို့အပြင် သူမသည် အနီရောင်ဝတ်ဆင်ခြင်းကို နှစ်သက်၏။ နီစွေးပြီး တောက်ပလေ ပိုမိုကာ ကောင်းမွန်လေပင်။ ထိုအရောင်သည် သွေးရောင်ကဲ့သို့ပင်။
ထို့ကြောင့် သူမကို ကြည့်ရှုရသည်မှာ မီးဘောလုံးကြီးတစ်ခုနှင့် ဆင်တူလို့နေ၏။ ထို့အပြင် သူမသည် အနီရောင် ဘောင်းဘီကို ဝတ်ဆင်ရခြင်းအား နှစ်သက်၏။ လောကတွင်ရှိနေသည့် မိန်းကလေး တော်တော်များများတို့သည် စကတ်ကို ဝတ်ဆင်ကြ၏။
သို့ပေမည့် နင်ယန်မှာတော့ မြင်းစီးနင်းခြင်းကို အမြဲပြုလုပ်သောကြောင့် ဘောင်းဘီကျပ်ကျပ်ကိုသာ ဝတ်ဆင်လေ့ ရှိ၏။ အားလုံးသောသူတို့ စကတ်ကို ဝတ်ဆင်ချိန်တွင် သူမက ဘောင်းဘီကို ဝတ်ဆင်သည်။ တမူထူးခြားနေသည် မဟုတ်ပါလား။
အခြားသောသူများ ဘောင်းဘီဝတ်ဆင်သည်ဆိုပါက သူမသည် အတွင်းခံကိုသာ ဝတ်ဆင်ပေလိမ့်မည်။ တခြားသူများ အတွင်းခံသာ ဝတ်ဆင်မည်ဆိုလျှင် သူမ က ဘာမှမဝတ်ဘဲ နေမလားမသိချေ။
မည်သို့ပင်ဆိုစေကာမူ ဘောင်းဘီကျပ်ကျပ်ကို ဝတ်ဆင်ထားခဲ့သောကြောင့် သူမ၏ ခန္ဓာကိုယ် အသွင်အပြင် ကောက်ကြောင်းသည် ထင်းကနဲ ပေါ်ပေါက်နေ၏။ ကြီးမားလွန်းသည့်တင်၊ ထွားလွန်းသည့်ပေါင်... ထိုအရာကို ရှမ့်လန်တစ်ယောက်တည်း ပြောဆိုသည် မဟုတ်ချေ။ သစ်ပင်ပေါ်တွင်ချိတ်ကာ ရိုက်နှက်ခြင်း ခံခဲ့ရသူသည်လည်း ထိုကဲ့သို့ ပြောဆိုခဲ့ဖူး၏။
ထို့အပြင် ထိုအရာကို နန်းမြို့တော် တစ်ခုလုံးတွင် ရှိနေသည့် ယောကျာ်းပေါင်း များစွာတို့ကလည်း ပြောဆိုခဲ့ဖူး၏။ အပြင်ဘက်သို့ထုတ်ကာ ပြောဆိုခြင်းနှင့် မပြောဆိုခြင်းကသာလျှင် ကွာခြားသည်။
ဤအမျိုးသမီးသည် သာမန်မိန်းကလေးများထက် ပိုမိုကာ ထွားကျိုင်း၏။ အဘယ်ကြောင့်ဆိုသော် သူမသည် မြင်းစီးနင်းခြင်းကို နှစ်သက်လွန်းသောကြောင့် ကျန်းမာရေး လေ့ကျင့်ခန်းတစ်ခု ပြုလုပ်သလို ဖြစ်သွားခြင်းပင်။ ခေတ်ကာလအမြင်အရ ကြည့်ရှုရမည်ဆိုလျှင် သူမ၏ခန္ဓာကိုယ်သည် တကယ့်ကို စွဲမက်စရာ ကောင်းလွန်း၏။ မွန်မများလိုပင်။
“မင်း... တဏှာရူးရှမ့်လန် ဆိုတာ မင်းလား” နင်ယန်က မေးမြန်းလိုက်၏။
“ဟုတ်ပါတယ်”
နင်ယန်က ပြောလိုက်သည်။ “ဒီနေ့ ငါ့ရဲ့တင်က တော်တော်ကြီးပြီးတော့ ပေါင်ကလည်း တော်တော် ထွားတယ်လို့ ပြောခဲ့တယ်ဆို”
“ဟုတ်ပါတယ်”
နင်ယန်က ပြောလိုက်၏။ “ပြီးတော့ သည်းခံမနေနိုင်တော့ဘူး။ စိတ်ကို မနည်းထိန်းထားရတယ် ဆိုတာတောင် ပြောခဲ့သေးတယ်ဆို”
“ဟုတ်ပါတယ်”
မုဆိုးမ၏ မျက်လုံးများသည် မီးကဲ့သို့ ဝင်းဝင်းတောက်လာခဲ့၏။ သူမကို မည်ကဲ့သို့သော မိန်းမမျိုး ထင်မှတ် နေသနည်း။ သူမသည် ယခုနှစ်တွင် ၂၄ နှစ်သာလျှင် ရှိသေး၏။ ဒုတိယအစ်မ နင်ဟန်နှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း လှပလွန်းသည့် မိန်းကလေးတစ်ယောက်ပင် ဖြစ်၏။ တစ်ဖက်လူ၏ လေသံကို နားထောင်ရသည်မှာ သူမကို အထင်သေးနေသလိုပင်။
မုဆိုးမသည် စကားတစ်လုံးချင်းစီကို ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်းဒီလိုပြောခဲ့တယ် ဆိုမှတော့ ငါ ဘယ်သူလဲဆိုတာကိုရော သိလား”
“သိပါတယ်”
ချက်ချင်းပင် သတ်ဖြတ်လိုခြင်းဆန္ဒများက မြင့်တက်လာခဲ့သည်။ နင်ယန်က ပြောလိုက်သည်။ “ဘာကြောင့် ငါ့ကို မုဆိုးမလို့ခေါ်တာလဲ သိလား”
ရှမ့်လန်က ပြောလိုက်၏။ “သိပါတယ်”
ယောကျာ်းကို သေသွားသလို ကျိန်ဆဲခြင်းကြောင့်ဖြစ်သည်။
နင်ယန်က ပြောလိုက်၏။ “ဘာကြောင့် ငါ ငါ့ယောကျာ်းရဲ့မိသားစုကနေ ထွက်လာလဲ သိလား”
“အဲတာတော့ မသိပါဘူး”
နင်ယန်က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ငါအဲဒီအိမ်ကနေ ထွက်မလာဘူးဆိုရင် ငါ့ယောကျာ်းကို ငါ ရိုက်သတ်မိမှာစိုးလို့။ သူ့ရဲ့အသက်ကို ချမ်းသာပေးချင်တာကြောင့် ငါအိမ်ကနေ ထွက်လာခဲ့တာပဲ”
ရှမ့်လန်သည် သင်ခန်းစာအဖြစ် မှတ်သားထားလိုက်သည်။ ဤကဲ့သို့ တောင့်တင်းခိုင်မာသည့် ကျားရဲတစ်ကောင်ကဲ့သို့သော မိန်းမအမျိုးအစားနှင့် လက်ထပ်ပါက အန္တရာယ်ရှိသည် ဆိုခြင်းပင်။
မုဆိုးမနင်ယန်က ပြောလိုက်သည်။ “ဒီနေ့ ငါ့ကို အဲလိုမျိုးပြောဆိုခဲ့တဲ့ မြို့စားတစ်ယောက်ရဲ့ သားရှိခဲ့တယ်။ အဆုံးသတ်မှာတော့ ငါသူ့ကို သစ်ပင်ပေါ်မှာ ကြိုးနဲ့ချိတ်ပြီး အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက သွေးချင်းချင်းရဲနေခဲ့ပြီ။ မင်း... ရှမ့်လန်ကော ငါ့ကို ဘယ်လိုမျိုး ပြောဆိုခဲ့လဲ။ ဘယ်နှစ်ကြိမ်လောက် ပြောဆိုခဲ့လဲ။ ပြန်စဉ်းစားစမ်း။ ငါ မင်းကို ဘယ်လိုအပြစ်ပေးရင် ကောင်းမလဲ”
ရှမ့်လန်သည် နင်ယန်အပေါ် မည်မျှစော်ကားပြောဆိုခဲ့သနည်း။ စောဏကလေးတင် ရှောင်ပင်းနှင့် ပြောဆိုခဲ့သေးသည်။ ထိုအရာက သုံးကြိမ်မှ ငါးကြိမ်ခန့် ရှိမည်ဖြစ်သည်။ တနေ့တာအဖြစ် တွက်ချက်ရမည်ဆိုလျှင် ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့်ပင် ရှိပေမည်။ ထိုသို့ဆိုလျှင် သူ အကြိမ် ၈၀၀ နီးပါးခန့် ကြာပွတ်နှင့် ရိုက်နှက်ခံရမည်လား။ ဆရာလန်၏ ခန္ဓာကိုယ်သွင်ပြင်အရဆိုလျှင် အချက် ၈၀လောက် ရိုက်နှက်လျှင်ပင် သေဆုံးသွားနိုင်၏။
မုဆိုးမနင်ယန်က ပြောလိုက်သည်။ “ရှမ့်လန်.. မင်းက တကယ့်ကို စကားပြောကောင်းတဲ့လူတစ်ယောက်ပဲ။ တကယ့်ကို ကောင်းတယ်။ ငါ့ကို စိတ်ကူးသစ်တွေ ပေးအပ်ခဲ့တယ်”
ရှမ့်လန်၏ လည်ကုပ်အပေါ်တွင် ရှိနေသည့် အမွှေးအမျှင်များသည် ထောင်ထသွားခဲ့၏။
“ကဲ ... သူ့ရဲ့ဘောင်းဘီကိုချွတ်၊ ပြီးတော့ သစ်ပင်ပေါ်မှာ ဇောက်ထိုးဆွဲထားလိုက်။ ပြီးရင် ရေနွေးပူပူနဲ့ သူ့ လဗြွတ်ကို လောင်းစမ်း။ ပြီးရင် သံဘရပ်နဲ့ အကြိမ် ၁၀၀ လောက် ပွတ်မယ်”
ဤစကားကို ကြားရချိန်မှာတော့ ရှမ့်လန်သည် သေးများပင် ထွက်ကျလုမတတ် ဖြစ်သွားခဲ့သည်။
‘ချီးတဲ့မှ.. ဒီလောက်ကြီးတောင် ကြောက်ဖို့ကောင်းတာလား။ ဘယ်လိုဖြစ်ပြီး ဒီလောက်ရက်စက်တဲ့ ကိစ္စရပ်မျိုးကို စဉ်းစားနိုင်ရတာလဲ။ ကျုပ် ရှမ့်လန်က တော်တော်ကြီးကို ရက်စက်တဲ့လူတစ်ယောက်ပဲ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ထက်တောင် သာနေတာပဲ”
ပြီးနောက် အမျိုးသမီးစစ်သည်တော် အနည်းငယ်တို့သည် ရှေ့ဆီသို့လှမ်းတက်လာခဲ့ပြီး ရှမ့်လန်အား စားပွဲပေါ်သို့ အတင်းဆွဲလှန်ချ၏။ ပြီးနောက် ဘောင်းဘီကို ဆွဲချွတ်ရန် ပြင်ဆင်လျက်ရှိ၏။
ရှောင်ပင်းသည် ရှေ့ဆီသို့ တိုးလာပြီး အော်ဟစ်လိုက်သည်။ “သမက်တော်ရဲ့ ဘောင်းဘီကို မဆွဲနဲ့။ ကျွန်မ ဘောင်းဘီကိုပဲ ဆွဲပါ။ ကျွန်မဘောင်းဘီကိုပဲ ဆွဲပါ”
သို့ပေမည့် ပြောပြီးနောက် သူမသည် တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားနေမိ၏။ “မဟုတ်သေးပါဘူး။ ကျွန်မရဲ့ဘောင်းဘီကိုလည်း မဆွဲပါနဲ့။ ကျွန်မက ကိုယ်ဝန်ရှိနေပါတယ်”
ထိုစကားကိုကြားသည့်အချိန်မှာတော့ နင်ယန်သည် မည်သို့မျှမနေနိုင်ချေ။ ရှောင်ပင်း၏ ဝမ်းဗိုက်ဆီသို့ ရှုပ်ထွေးသည့် အကြည့်များဖြင့် လှမ်းကာ ကြည့်ရှုလိုက်မိသည်။
အပြင်ဘက်ရှိ ဟွမ်ဖန်နှင့် ရှမ့်ဆယ့်သုံး တို့သည်လည်း စိုးရွံ့သွားခဲ့မိ၏။ အစောပိုင်းတုန်းက ရှမ့်လန်သည် အထဲ၌ ဘာကိစ္စပဲဖြစ်ဖြစ် အထဲသို့ဝင်မလာရန် မှာကြားထား၏။ သူတို့ သမက်တော် သံဘရပ်နှင့်ပွတ်တိုက်ခံရမည့် အခြေအနေကို ဤအတိုင်းထိုင်ကာ ကြည့်ရှုရမည်လား။
“ဘေးဖယ်စမ်း” မင်းသမီးနင်ယန်က အော်လိုက်၏။
ပြီးနောက် တခြားသော စစ်သည်တော်နှစ်ယောက်တို့သည် ရှောင်ပင်းကို အပြင်ဘက်သို့ ဆွဲထုတ်သွားခဲ့၏။ တစ်ဖက်လူများသည် အလွန်ပင် အားကောင်း သန်မာကြ၏။ ထို့ကြောင့် ရှောင်ပင်းအနေနှင့် ဘယ်လိုမှ ရုန်းကန်နိုင်ခြင်း မရှိချေ။ ထို့အပြင် တစ်ဖက်လူများသည် သေသေချာချာ စည်းစနစ်ကျကျဖြင့် ဆွဲခေါ်သွားခဲ့ခြင်း ဖြစ်၏။ သူမ၏ဝမ်းဗိုက်ကို လုံးဝ မထိခဲ့ချေ။
“သမက်တော်ကို ထိခိုက်အောင် မလုပ်ပါနဲ့။ ကျွန်မရဲ့ သမက်တော်ကို ထိခိုက်အောင် မလုပ်ပါနဲ့” ရှောင်ပင်းက စူးစူးဝါးဝါး အော်ဟစ်နေ၏။ ပြီးနောက် သူမသည် အမှတ်မထင် ဆိုသလိုပဲ သမက်တော် ပေးထားသည့် လက်နက်ပုန်းကို လှမ်းကာ ကိုင်လိုက်၏။ သို့ပေမည့် ဤအရာကို သူမက ခလုတ်မနှိပ်ခဲ့ချေ။ ခလုတ်မနှိပ်ခဲ့ခြင်းက ကံကောင်းခြင်း ဖြစ်၏။ မဟုတ်ပါက ပြဿနာ အကြီးအကျယ်တက်လေပြီ။
ဆရာလန်သည် သန်မာအားကောင်းလွန်းသည့် အမျိုးသမီး စစ်သည်လေးယောက်တို့၏ ဖမ်းချုပ်ခြင်းကို ခံထားရပြီး လှုပ်ရှား၍ပင် မရခဲ့ချေ။ ပြီးနောက် အရပ်ရှစ်ပေနီးပါးခန့်ရှိသော အမျိုးသမီးစစ်သည်တော် တစ်ယောက်သည် ရှေ့ဆီသို့ရောက်ရှိလာခဲ့ပြီး ရှမ့်လန်၏ဘောင်းဘီကို ဆွဲချွတ်ရန် ပြင်ဆင်နေ၏။
ထို့အပြင် သူမ၏ အမူအရာကို ကြည့်ရှုရသည်မှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက် ရှိနေသည့်ပုံပင်။ အမှန်အကန် မြင်ရတော့မည်ဆိုသည့် မျက်နှာသွင်ပြင်မျိုးက တည်ရှိလျက်ရှိ၏။ မျက်လုံးများကလည်း မီးဝင်းဝင်း တောက်နေပုံပင်။
မင်းသမီးနင်ယန်က ပြောလိုက်၏။ “ရှမ့်လန်... လောကကြီးမှာ မင်းကိုဘယ်သူမှ ကယ်တင်လို့ မရတော့ဘူး။ မင်းငါ့ကို ရန်ပြုခဲ့တယ်။ ပြဿနာရှာခဲ့တယ်။ ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ တူတူပဲ။ ငါ ကျိန်းသေပေါက် မင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်”
ဤစကားစုသည် တကယ့်ကိုကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ရေနွေးပူပူနှင့် မိသားစုရတနာကို လောင်းချမည့်အပြင် သံဘရပ်နှင့်ပင် ပွတ်တိုက်ဦးမည်။ ၁၀၀ ရာခိုင်နှုန်း ဒုက္ခရောက်မည့်အဖြစ်ပင်။ သင်းကွပ်ခံရသည်ထက်ပင် ပိုမိုကာ ဆိုးရွားသည်။
ရှမ့်လန်က ပြောလိုက်၏။ “မင်းသမီးနင်ယန်.. ခင်ဗျားက ကလေးရဖို့ အိပ်မက်မက်နေတာ မဟုတ်ဘူးလား။ ခင်ဗျားယောကျာ်း မိသားစုမှာအဆင်မပြေခဲ့တာ ကလေးမရှိလို့ပဲ။ ဒီတော့ ကျုပ် ခင်ဗျားကို ကလေးရအောင် လုပ်ပေးနိုင်တယ်”
နင်ယန်သည် ထိုစကားကိုကြားသည့်အချိန်မှာတော့ ရုတ်တရက် ကြောင်သွား၏။ ပြီးနောက် အလုံးစုံ ပေါက်ကွဲသွားခဲ့သည်။
“တဏှာရူး… စောက်ရူး၊ မင်းငါနဲ့အိပ်ချင်လို့လား ဟုတ်လား။ မင်းက ကိုယ့်သေတွင်း ကိုယ် တကယ်တူးနေပြီ။ ငါ နင်ယန်က ဒီလိုမျိုး ရုပ်ချောချောနဲ့ ပေါက်ပန်းလေးဆယ် ပြောတဲ့လူမျိုးကို အမုန်းဆုံးပဲ။
မင်းချောတယ်ဆိုတာ ငါသိပါတယ်။ ချောတယ်ဆိုရုံနဲ့ လုပ်ချင်တာတိုင်းကို လုပ်လို့ရနေပြီလား။ လောကမှာရှိတဲ့ မိန်းမတိုင်းက မင်းကိုကြိုက်နေမယ်လို့ ထင်နေတာလား။ မင်းက မိန်းမကောင်းတွေ အကုန်လုံးကို ထိခိုက် နာကျင်စေနေပြီ။ ငါ .. နင်ယန်က ကျိန်းသေပေါက် ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်ဘူး။ ဒီလို ရုပ်ချောချောကောင်ကို စုတ်ပြတ်သတ်သွားအောင် ငါပြုလုပ်နိုင်တယ်။ လောကကြီးထဲမှာ ဒီလို ပေါက်ပန်းလေးဆယ် ကောင်မျိုးတွေကို ထားလို့ မဖြစ်ဘူး”
နင်ယန်သည် ပြုံးကာပြောလိုက်၏။ “ရှမ့်လန်.. မင်းက တကယ့်ကို သတ္တိကောင်းနေတာပဲ။ ငါ့ကို ကလေးတစ်ယောက်ရအောင် လုပ်ပေးချင်တယ် ဟုတ်လား။ မင်းက ငါနဲ့အိပ်ချင်တာပေါ့။ ကောင်းပြီ။ ငါမင်းရဲ့ လဗြွတ်ပေါ်ကို ရေနွေးပူပူလောင်းပြီး သံဘရပ်နဲ့ တိုက်ရုံ မလုံလောက်တော့ဘူး။ ပြီးတော့ တစ်စစီ ဖြည်းဖြည်းချင်း လှီးဖြတ်မယ်။ ပြီးရင် ငါ့ရဲ့အိပ်ဆောင်ဆီ မိန်းမစိုးတစ်ယောက်အဖြစ် ခေါ်ဆောင်သွားရမယ်။ ဒါဆိုရင် ဘယ်လိုလဲ။ ကဲ ... လုပ်လိုက်တော့။ ဖြတ်လိုက်ကြစမ်း”
နင်ယန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ဤတဏှာရူးသည် တကယ်ပင် သူမ၏ရှေ့တွင်ပင်လျှင် မောက်မာရိုင်းစိုင်းစွာဖြင့် ပြုမူပြောဆိုလျက်ရှိနေသည်။
ရှမ့်လန်က တုန်လှုပ်သွားခဲ့၏။ “ကျုပ် အဲဒါဆိုလိုတာ မဟုတ်ဘူး။ ကျုပ်ဆိုလိုတာ အဲလိုမဟုတ်ဘူး။ ခင်ဗျားရဲ့ ရောဂါကို ကုသပေးမယ်လို့ ပြောတာ”
နင်ယန်က ပြောလိုက်သည်။ “မင်းဘာကိုပဲဆိုဆို ဆိုဆို၊ ကိစ္စမရှိဘူး။ အခုနောက်ကျသွားပြီ။ သူ့ကို ဖြတ်လိုက်ကြစမ်း”
ပြီးနောက် အရပ်ရှစ်ပေခန့်ရှိပြီး ကြီးမားလွန်းသည့်ခန္ဓာကိုယ်နှင့် အမျိုးသမီးစစ်သည်သည် ခါးကြားရှိ ဓားမြှောင်ကို ဆွဲထုတ်လိုက်၏။ “သခင်လေး.. တောင်းပန်ပါတယ်။ ကျွန်မ လုပ်တော့ မလုပ်ချင်ပါဘူး”
ပြီးနောက် သူမသည် ဓားမြှောင်ကို ဆွဲယူကာဖြင့် အောက်သို့ပိုင်းချလိုက်သည်။
ဤအချိန်မှာပဲ ဟွမ်ဖန်နှင့် ရှမ့်ဆယ့်သုံး တို့သည် ရှေ့ဆီသို့ရောက်ရှိလာခဲ့ပြီး သူတို့၏ဓားများကို ထုတ်ကာဖြင့် တားဆီးလိုက်ကြ၏။ ရှစ်ပေခန့်ရှိသည့် အရပ်အမောင်းနှင့် အမျိုးသမီးစစ်သည်တော်သည် ထိတ်လန့်တကြားဖြင့် ထကာအော်ဟစ်လိုက်၏။ သူမ၏လက်ထဲရှိ ဓားမြှောင်သည် အဝေးဆီသို့ လွင့်စင်သွားခဲ့၏။