အခန်း (၂၆၄)
Vol. 19 Ch. 264
အားလုံးသောသူတို့သည် သူမအား အံ့အားသင့်စွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ သူမသည် သိုင်းပညာတွင် တကယ့်ကို ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်၏။ အဘယ်ကြောင့် ဓားတစ်ချက်ဖြင့် လက်ထဲမှ ဓားမြှောင်က လွင့်စင်သွားရသနည်း။ ဤကဲ့သို့ သရုပ်ဆောင်မှုမျိုးသည် တကယ့်ကို ဆိုးဝါးလွန်းလှချေ၏။
အားလုံးသောသူတို့သည် ပါးစပ်အဟောင်းသားဖြင့် လှမ်းကာ ကြည့်ရှုနေခဲ့၏။ ရုပ်ရည်ချောမောသည့် လူတစ်ယောက်ကို မြင်သည်နှင့် မျက်နှာကို လျှာနှင့်သပ်ရန် စဉ်းစားထားလေသည်လား။
ဤအချိန်မှာပဲ ရှမ့်လန်သည် ရုတ်တရက် အော်ဟစ်နေခြင်းကို ရပ်တန့်ကာဖြင့် လေးလေးနက်နက်ပြောလိုက်၏။ “အရှင်မင်းသမီး... ကျုပ် ခင်ဗျားကို ပြဿနာရှာခဲ့တယ်။ စကားနဲ့ စော်ကားမော်ကား ပြောဆိုခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျုပ် ခင်ဗျားကို ကယ်တင်ချင်လို့ပဲ”
နင်ယန်က နှာခေါင်းရှုံ့လိုက်သည်။ “ငါက မင်းကယ်တင်ပေးဖို့လိုမယ့် လူတစ်ယောက် ဖြစ်နေလို့လား။ ဒီနိုင်ငံတစ်ခုလုံးမှာ ငါက ဘယ်သူ့ရဲ့ကယ်တင်မှုကို လိုအုံးမှာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းသမီး.. ကျုပ် မေးမယ်။ ခင်ဗျား ရေတောင်များများ မသောက်ရဲဘူး မဟုတ်လား”
ထိုစကားကိုကြားသည့်အချိန်မှာတော့ နင်ယန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ ဤလျှို့ဝှက်ချက်သည် သူမ၏ယုံကြည်ရသည့် လူများသာလျှင် သိသည့်အရာ ဖြစ်၏။ တခြားမည်သူမှ မသိရှိချေ။
ပြီးနောက် သူမသည် ချက်ချင်းပဲ ရှမ့်လန် အဘယ်ကြောင့်သိရသည်ဖြစ်ကြောင်း နားလည်လိုက်၏။ အန်းစိုက်ရှီက ပြောဆိုခဲ့ခြင်းပင် ဖြစ်လေလိမ့်မည်။ ရွှမ်ဝူအိမ်တော်၏ အန်းစိုက်ရှီသည် ကျော်ကြားလွန်းသည့် သမားတော်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် နင်ယန်သည် တစ်စုံတစ်ယောက်ကို စေလွှတ်ကာဖြင့် သူမ၏ရောဂါအား တိုင်ပင်ဆွေးနွေးခဲ့၏။
နင်ယန်သည် အမှန်ပင် ကျန်းမာတောင့်တင်းသည့်မိန်းကလေးတစ်ယောက်ဖြစ်၏။ မဟုတ်ပါက သူမကို ကျားမဟု မည်သူက ခေါ်မည်နည်း။
သို့ပေမည့် သူမ မည်မျှ ရဲရင့်သည်ဆိုဆို သူမသည် သေမတတ် နာကျင်မှုမျိုးကို ခံစားနေရ၏။ သေးပေါက်သည့် အချိန်တိုင်းသည် သူမကို နှိပ်စက်သည့် အချိန်ဖြစ်သည်။ တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှချေသည်။
အချိန်တိုင်းခံစားရသည့် နာကျင်မှုသည် တဖြည်းဖြည်း ပိုမိုကာ နာကျင်လာခဲ့သည်။ ကလေးတစ်ယောက် မွေးဖွားသည် ထက်ပင် ပိုမိုကာ ဆိုးရွားသည့် နာကျင်မှုမျိုးကို ရရှိ၏။ အကြိမ်တိုင်းဆိုသလိုပဲ သူမသည် ချွေးများ တပြိုက်ပြိုက်ကျခဲ့၏။ နင်ယန်၏ သန်မာအားကောင်းသည့်ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက တစ်ခါတည်း မေ့မျောသွားနိုင်၏။
ထိုအရာနှင့်ပတ်သက်၍ သမားတော် တော်တော်များများတို့နှင့် တိတ်တဆိတ်ကြိတ်ကာ တိုင်ပင်ခဲ့ဖူး၏။ သို့ပေမည့် မည်သူမှသည် သူမ၏ရောဂါကို ကုသနိုင်ခြင်း မရှိခဲ့ချေ။ မကုသနိုင်ရုံတင်မက မည်သည့်ရောဂါမျိုး ဖြစ်ပွားနေသည်ကိုပင် အဖြေရှာမရကြချေ။
သူမသည် အမျိုးသမီး တစ်ယောက်ဖြစ်၏။ ထို့အပြင် တော်ဝင်မင်းသမီး တစ်ယောက်လည်း ဖြစ်၏။ သူမ၏ ရောဂါသည် ထူးခြားလွန်း၏။ သူမသည် သူမကို စစ်ဆေးရန် အမျိုးသား သမားတော်များကို စေခိုင်းခဲ့ခြင်း မရှိချေ။ ကံဆိုးစွာဖြင့် အမျိုးသမီးသမားတော်များ ရှိသည်ဆိုလျှင်တောင်မှ ကျွမ်းကျင်ခြင်း မရှိကြချေ။ အနည်းဆုံး အမျိုးသမီးသမားတော် လေးယောက်၊ ငါးယောက်တို့သည် သူမကို စမ်းသပ်စစ်ဆေးခဲ့ပြီး ဖြစ်၏။ အကျိုးမထူးခဲ့ချေ။
လေးနှစ်၊ ငါးနှစ်နီးပါးလောက် ကုန်လွန်ခဲ့သည့်အချိန်မှာတော့ သူမသည် နာကျင်မှုကို ပိုမိုကာ ခံစားလာခဲ့၏။ သူမသည် သေဆုံးချင်သည့် အခြေအနေအထိပင် နာကျင်လျက် ရှိနေ၏။ သေးပေါက်ချိန်တိုင်း သွေးများပင် ကျဆင်းလျက်ရှိနေ၏။
နင်ယန်သည် သေဆုံးရမည်ကို ကြောက်လန့်သည်မဟုတ်ချေ။ သို့ပေမည့် သူမက မသေဆုံးချင်သေးပေ။ သေးပေါက်ချိန်တိုင်း နာကျင်မှုကို ခံစားရသည့်ဒုက္ခသည် ဆိုးဝါးလွန်းလှ၏။ သူမကို သူမ ဓားနှင့်လှီးဖြတ်သည် ထက်ပင် ပိုမိုကာဆိုးဝါးသည့် နာကျင်မှုမျိုးကို ရရှိနေပြီး အဆုံးမဲ့သည့်နာကျင်မှုဟုပင် ဖော်ညွှန်းရပေမည်။
အချိန်တိုင်း သူမသည် နတ်ဘုရားများကို တိုင်တည်မိ၏။ သူမ၏ရောဂါသည်သာ ပျောက်ကင်းပါက ကျိန်းသေပေါက် မည်သည့်ပမာဏကိုပဲဖြစ်ဖြစ် ပေးဆပ်ရန် စိတ်ဆန္ဒ တည်ရှိနေ၏။ သူမ၏ မင်းသမီးဆိုသည့် ဂုဏ်သိက္ခာ .. အရာအားလုံးကို စွန့်လွှတ်ရမည်ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ တစ်ခါတည်း အထုပ်အပိုး လွယ်ကာဖြင့် ထွက်ခွာသွားမှာ ဖြစ်၏။ လူတိုင်းသည် နေ့စဉ်နေ့တိုင်း သေးပေါက်ရန် လိုအပ်၏။ ထိုသို့ဆိုလျှင် သူမသည် နေ့စဉ်နေ့တိုင်း နာကျင်မှုကို ခံစားရမည် မဟုတ်ပါလား။ မည်သူက သည်းခံနိုင်မည်နည်း။
ထို့ကြောင့် ရှမ့်လန်၏စကားကို ကြားသည့်အချိန်မှာတော့ မင်းသမီးနင်ယန်က မေးလိုက်၏။ “မင်း ငါ့ကို ကယ်တင် ပေးနိုင်တယ်လို့ ပြောချင်တာလား”
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။
နင်ယန်က ပြောလိုက်၏။ “အင်း... ငါ ဘယ်လောက်များလဲ သမားတော်တွေနဲ့ တိုင်ပင်ခဲ့တယ်ဆိုတာကို မသိတော့ဘူး။ ဒါပေမယ့် ငါဘယ်လိုမျိုး ရောဂါမျိုးကို ခံစားနေတယ်ဆိုတာတောင် သူတို့ မသိကြဘူး။ မင်းက ကျော်ကြားတဲ့ သမားတော်တစ်ယောက်လည်း မဟုတ်ဘူး။ ငါ့ကိုဘယ်လိုလုပ် ကုသပေးမှာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က သားဖွားမီးယပ် အထူးကုပါ”
သူ ဤကဲ့သို့ ပြောဆိုသည်မှာ အဓိပ္ပာယ် ရှိ၏။ ရွှမ်ဝူအိမ်တော်တွင် သူသည် ဆရာကြီးတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူသည် လူနာများကို ကြင်ကြင်နာနာနှင့် ကုသပေးနိုင်၏။ သို့ပေမည့် သူ၏ဆေးစွမ်းရည်ကို အသုံးပြုပြီး လူတိုင်းကို လိုက်လံကုသပေး၍ မဖြစ်ချေ။ နန်းမြို့တော်ထဲတွင်ဆို ပိုမိုကာ ဆိုးဝါး၏။
သူ၏ ဆေးစွမ်းရည်နှင့် X-Ray အမြင်သည် တကယ့်ကို အသုံးဝင်၏။ သို့ပေမည့် ဆေးပညာတတ်ကျွမ်းပြီး မကုသပေးပါကလည်း ပြဿနာတက်ပေလိမ့်မည်။ သူကလည်း အချိန်တိုင်း ဆေးလိုက်မကုချင်ပေ။ ထို့ကြောင့် ရှမ့်လန်သည် မိမိကိုယ်ကိုယ် သားဖွားမီးယပ်အထူးကု ဟု တံဆိပ်တပ်လိုက်၏။ ဤနည်းလမ်းနှင့် သူသည် လူအနည်းငယ်ကိုသာ ကုသပေးရတော့မည်။
သာမန်လူများသည် ဆရာလန်၏ ကုသမှုကို ခံယူရန်အတွက် မည်ကဲ့သို့ အရည်အသွေး ပြည့်မီမည်နည်း။ ထိပ်တန်း တော်ဝင်သမီးတော များသာလျှင် သူ၏ကုသမှုကို ခံယူနိုင်၏။ ထို့အပြင် ထိုကဲ့သို့သော တော်ဝင်သမီးတော်၊ ထိပ်တန်း ဂုဏ်သရေရှိ အမျိုးသမီးများကလည်း သေရေးရှင်ရေးကိစ္စ မဟုတ်သည်ဆိုပါက ရှမ့်လန်ဆီသို့ လာရောက်ကာ ကုသရဲလိမ့်မည် မဟုတ်ချေ။ သောက်ကျိုးနည်း ဉာဏ်ကောင်းလွန်းသည့် ဆရာလန်ပင်။
ရှမ့်လန်၏ ဆေးစွမ်းသည် အရေးအကြောင်း၊ အခြေအနေမျိုးတွင် လူတိုင်းကို ကယ်တင်နိုင်စွမ်း ရှိ၏။ သို့ပေမည့် လူအများအပြားတို့ကို ကယ်တင်ရမည်ကို သူက မနှစ်သက်ချေ။
‘ကျုပ် ဆရာလန်က သားဖွားမီးယပ် ဆရာတစ်ယောက်ပဲ။ မိန်းမတွေကိုပဲ အထူးပြုပြီး ကုသတာ’
ထိုအချိန်မှာတော့ ဘုရင်မ၊ မိဖုရားခေါင်ကြီး၊ မည်သူပဲဖြစ်ဖြစ် ခက်ခဲလွန်းသည့် နာမကျန်းမှု ဖြစ်သည် ဆိုပါက သူ့ဆီ လာရောက်ရန် လိုအပ်၏။ ရှေ့ဆီသို့ တစ်လှမ်းလှမ်းတက်ရုံလောက်သာ။
သူ ... ရှမ့်လန်သည် မွေးဖွားလာကတည်းက မိန်းကလေးများနှင့် ထိတွေ့ခွင့်ရမည့် ကံကြမ္မာကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်လာခဲ့ပြီ။
မင်းသမီးနင်ယန်က လေးလေးနက်နက် ပြောလိုက်သည်။ “ရှမ့်လန်.. ငါတစ်နေ့ကို သုံးကြိမ်တိတိ ခံစားနေရတယ်။ အကြိမ်တိုင်း၊ အကြိမ်တိုင်း ကလေးမွေးဖွားတာထက်တောင် ပိုပြီးနာကျင်တဲ့ ခံစားမှုကို ခံစားနေရတယ်။ ဒီတော့ ငါ့ရဲ့ရောဂါကို ကုသပေးနိုင်တဲ့ ဘယ်သူကိုမဆို ငါ့ရဲ့ကျေးဇူးရှင်အဖြစ် သတ်မှတ်မယ်လို့ ကျိန်ဆိုထားခဲ့တယ်။ ဒါပေမယ့် ငါ့ရဲ့အသက်ကို ကယ်တင်ပေးနိုင်မယ်ဆိုပြီး လိမ်ခဲ့တယ် ဆိုရင်တော့ ငါမင်းကို တကယ် သတ်ပစ်မှာပဲ”
ပြီးနောက် မင်းသမီးနင်ယန်က ပြောလိုက်၏။ “ငါ မင်းကို သတ်လို့ မရနိုင်မှန်း ငါသိတယ်။ ဒါပေမယ့် မင်း ငါ့ကို လိမ်ပြောမယ် ဆိုရင်တော့ ကြီးမားတဲ့တန်ကြေးတစ်ခု ပေးရမယ်ဆိုရင်တောင်မှ ငါ မင်းကိုသတ်ပစ်မယ်။ အများဆုံး ငါ .. ငါ့ရဲ့အသက်ကို ပေးဆပ်ပြီး မင်းကိုသတ်ပစ်မယ်”
ရှမ့်လန်သည် လေးလေးနက်နက်ပြောလိုက်သည်။ “အရှင်မင်းသမီး... ရှမ့်လန်က ဒီလိုကိစ္စတွေနဲ့ပတ်သက်ရင် ဘယ်တော့မှ မနောက်ပါဘူး”
မင်းသမီးနင်ယန်က ပြောလိုက်၏။ “ဒါဆိုရင်လည်းပြော၊ ငါဘယ်လိုရောဂါမျိုး ခံစားနေရတာလဲ။ သမားတော်တွေက ငါ့ကို စစ်ဆေးပြီးတဲ့နောက်မှာ အရာအားလုံးကောင်းမွန်တယ်လို့ ဘာကြောင့်ပြောခဲ့ရတာလဲ”
ရှမ့်လန်သည် လက်ကိုယမ်းခါလိုက်၏။
ရှမ့်ဆယ့်သုံးက ထွက်ခွာသွားခဲ့၏။ မင်းသမီးနင်ယန်၏ အနားတွင် အမျိုးသမီးစစ်သည်များသာလျှင် ကျန်ရှိတော့သည်။
နင်ယန်က ပြောလိုက်၏။ “ငါ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးချင်တာလား၊ မဟုတ်ဘူး၊ မဖြစ်သေးဘူး။ ငါက မိန်းကလေး၊ မင်းက ယောကျာ်းလေး။ ယောကျာ်းနဲ့မိန်းမကြားမှာ ကွာခြားချက်တွေရှိနေတယ်”
“စစ်ဆေးနေဖို့တောင် မလိုပါဘူး။ အရှင်မင်းသမီး ဘာရောဂါဖြစ်နေတယ်ဆိုတာ ကျုပ် အစောကြီးတည်းက သိပြီးသားပါ” ရှမ့်လန်က ပြောလိုက်သည်။
နင်ယန်သည် တုန်လှုပ်သွားခဲ့၏။ “ဘယ်လိုရောဂါမျိုးလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ကျောက်ကပ်မှာ ကျောက်တည်နေတာ”
နင်ယန်က ကြောင်သွားခဲ့၏။ ဤကဲ့သို့သောရောဂါမျိုးကို သူမတစ်ခါမှ မကြားခဲ့ဖူးချေ။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းသမီး.. ဝမ်းဗိုက်ရဲ့အနောက်နေရာမှာ နာကျင်မှုမျိုးကို ရံဖန်ရံခါသလို ခံစားရတယ် မလား။ အလိပ်လိုက် အလိပ်လိုက်နဲ့ နာကျင်မှုမျိုးပေါ့။ ဒါပေမယ့် လတ်တလောမှာ သေးပေါက်တိုင်း၊ သေးပေါက်တိုင်းမှာ အရမ်းနာကျင်နေတယ်”
နင်ယန်က ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်နှာသွင်ပြင် တစ်ခုလုံးက ဖြူလျော်သွားခဲ့၏။ ဤကဲ့သို့ နာကျင်မှုကို ပြန်လည်ကာ စဉ်းစားမိချိန်မှာတော့ အသက်ရှင်ရသည်ထက် သေဆုံးသွားသည်ကပင် ပိုကောင်းသည်ဟု ခံစားနေမိ၏။
လောက၏ အနာကျင်ဆုံးသောအနာသည် ကျောက်ကပ် ကျောက်တည်ခြင်းနှင့် ဆီးလမ်းကြောင်း ကျောက်တည်ခြင်း သာလျှင် ဖြစ်၏။ အမျိုးသမီးများ ကလေးမွေးဖွားခြင်းထက် ဆယ်ဆ ပိုမိုကာ နာကျင်သည်။
သံနှင့်ပြုလုပ်ထားသည့် ယောကျာ်းတစ်ယောက်ဆိုလျှင်တောင်မှ ကျောက်ကပ် ကျောက်တည်သည်ဆိုပါက မြေပေါ်တွင် လူးလိမ့်ကာ အော်ဟစ်နေရ၏။ ချက်ချင်းပင် သေဆုံးပစ်လိုက်ချင်သည့် နာကျင်မှုမျိုးပင်။
အံ့အားသင့်စရာကောင်းလွန်းစွာပဲ မင်းသမီးနင်ယန်သည် မြေပေါ်တွင် လူးလိမ့်သည်အထိတော့ မဖြစ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် စိတ်ဓာတ် ခိုင်မာလွန်းသောကြောင့်ပင်။ ထိုသို့ဆိုလျှင်တောင်မှ သူမ ဝတ်ဆင်သည့် အဝတ်အစားတစ်ခုလုံးသည် ချွေးများနှင့် စိုရွှဲသွားခဲ့ရ၏။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းသမီး... သေးပေါက်တဲ့ အချိန်တိုင်းမှာ သွေးတွေကျလာတာကို သတိထားမိလား”
မင်းသမီးနင်ယန်သည် ပိုမိုတုန်လှုပ်စွာဖြင့် ခေါင်းကိုညိတ်လိုက်၏။ ဤကိစ္စသည် လျှို့ဝှက်ချက်တစ်ခု ဖြစ်၏။ အနားတွင် ရှိနေသည့် လူများပင် မသိရှိချေ။ ရှမ့်လန်က အဘယ်သို့ သိရသနည်း။
ရှမ့်လန်က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ကျောက်ကပ်ထဲမှာ ရှိနေတဲ့ကျောက်က ကြီးလာလို့လေ။ သေးပေါက်တဲ့ အချိန်တိုင်း၊ အချိန်တိုင်းမှာ အရမ်းကို နာကျင်လိမ့်မယ်။ အဲဒီကျောက်က ဆီးလမ်းကြောင်းထဲမှာ ပွတ်တိုက်နေတာပေါ့။ ဒါကြောင့် သွေး ထွက်လာခဲ့တာ။ ဒီကိစ္စကို ကောင်းကောင်း မကုသဘူးဆိုရင် ပိုးဝင်နိုင်တယ်။ ဒါဆိုရင် ပြဿနာတက်ပြီပဲ”
အရမ်းကို ဆန်းကြယ်လှချေ၏။ နင်ယန်သည် တစ်လုံးကိုမှ နားမလည်ခဲ့ချေ။ ကျောက်ကပ်ကျောက်တည်သည် ဆိုသည်မှာ ဘာဖြစ်သနည်း။ ခန္ဓာကိုယ်ထဲတွင် ကျောက်က အဘယ်ကြောင့်ရောက်လာရသနည်း။
သို့ပေမည့် ရှမ့်လန်က အလုံးစုံ ကျွမ်းကျင်သူတစ်ယောက်ကဲ့သို့ပင် ပြောဆိုလျက်ရှိနေ၏။ နင်ယန်သည် နားမလည်သော်လည်း ရှမ့်လန် ပြောဆိုနေသည်မှာ အံ့အားသင့်စရာ ကောင်းသည်ဟု ခံစားမိ၏။
မင်းသမီးနင်ယန်၏ အသံသည် မျှော်လင့်ချက်များနှင့် ပြည့်နှက်လာခဲ့သည် “ဒါဆိုရင် မင်း ငါ့ကိုကုသပေးနိုင်လား”
သူမသည် အိပ်မက်ထဲတွင်ပင်လျှင် ထိုအရာ ပျောက်ကင်းသွားသည်ဟု အမြဲတမ်းထည့်မက်သည်။ ဤကဲ့သို့သော နာမကျန်းမှုသည်သာ ပျောက်ကင်းမည်ဆိုပါက သူမ၏ မင်းသမီးဆိုသည့် ဂုဏ်ပုဒ်ကို ဖယ်ရှားပစ်ရမည် ဆိုလျှင်တောင် ကိစ္စမရှိချေ။
နင်ယန်က ပြောလိုက်၏။ “ငါ့ရဲ့ရောဂါကိုသာ ကုသပေးနိုင်ရင် မင်းက ငါ့ရဲ့ကျေးဇူးရှင်ပဲ။ ဒီနေ့ကစပြီး တစ်စုံတစ်ယောက်က မင်းကို ပြဿနာရှာရဲတယ်ဆိုရင် ငါသူ့ကို သတ်ပစ်မယ်။ မင်းပိုက်ဆံ လိုချင်တယ်ဆိုရင် ငါပိုက်ဆံပေးမယ်။ မင်းမိန်းမ လိုချင်တယ်ဆိုရင် ငါတစ်နေ့ကို ဆယ်ယောက် ပို့ပေးမယ်။ တကယ်လို့ အရာရှိတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တောင် ငါမင်းကို ပေးနိုင်တယ်။ ဒါပေမယ့် အဆင့်ခုနစ် အောက်မှာရှိတဲ့ အရာရှိတစ်ယောက်ပေါ့”
နင်ယန်က တကယ်ပင် စိတ်လှုပ်ရှားလျက် ရှိနေ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ခံစားခဲ့ရသည့် အိပ်မက်ဆိုးများသည် အဆုံးသတ်မည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။ အနည်းငယ်မျှသော မျှော်လင့်ချက် ရှိသည်ဆိုလျှင်တောင် သူမသည် ထိုအရာကို လက်လျှော့ပေးလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ကုသပေးနိုင်တာပေါ့”
နင်ယန်က ပြောလိုက်၏။ “ဒါဘယ်လောက်ကြာမှာလဲ”
တစ်နှစ်၊ နှစ်ဝက်လောက် ကြာလိမ့်မည်ဟုတော့ ပြောဆိုရန် မသင့်ချေ။ သူမ ထိုမျှအထိ သည်းညည်းမခံနိုင်တော့ချေ။ လတ်တလော တစ်နေ့လျှင် သုံးကြိမ် နာကျင်လျက် ရှိ၏။ ဆက်လက်ကာ အသက်ရှင်သန်ချင်စိတ်ပင် မရှိချေ။
ရှမ့်လန်က ပြောလိုက်သည်။ “နှစ်နာရီလောက်တော့ ကြာလိမ့်မယ်”
မင်းသမီးနင်ယန်သည် ချက်ချင်းပဲ အံ့အားတသင့် ဖြစ်သွားခဲ့၏။ ပြီးနောက် အားတက်တရောဖြင့် ပြောဆိုလိုက်၏။ “မြန်မြန်လုပ်တော့ .. ဒါဆိုရင် ငါ့ကိုကုသတော့။ တကယ်လို့ မင်း ငါ့ကို ကုသပေးနိုင်တယ်ဆိုရင် မင်းက ငါ့ရဲ့ ကျေးဇူးရှင်ကြီးပဲ”
ကျောက်ကပ်ကျောက် - အရေးကြီးသည့်အရာပင် ဖြစ်၏။ ထိုအရာကို ခွဲစိတ်ကုသရန် လိုအပ်၏။ သို့ပေမည့် ဤလောကကြီးထဲတွင် မည်သို့ခွဲစိတ်ကုသရမည်နည်း။ ထို့အပြင် ဤအရာသည် အဓိကခွဲစိတ်မှုမျိုး ပြုလုပ်ရမည့် အရာမျိုးပင်။ စနောက်ရန် မသင့်ချေ။ လူသေဆုံးသွားနိုင်သည်။
အမိကမ္ဘာမြေ၏ ခေတ်သစ်ကြီးထဲတွင် ထိုကဲ့သို့သောကျောက်ကို လေဆာဖြင့် ချေဖျက်နိုင်စွမ်း ရှိ၏။ အသံလှိုင်း ကြိမ်နှုန်းကို အသုံးပြုပြီး အထဲတွင် ရှိနေသည့်ကျောက်အား အမှုန့်ဖြစ်အောင် ပြုလုပ်နိုင်သည်။ ထိုကျောက်သည် အမှုန့်အဖြစ်သို့ ပြောင်းလဲကာ ဆီးမှတစ်ဆင့် အပြင်ဘက်သို့ ထွက်သွားနိုင်၏။ သို့ပေမည့် လက်ရှိအခြေအနေတွင် မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤလောကကြီးထဲတွင် လေဆာ သို့မဟုတ် အသံကြိမ်နှုန်းကို အသုံးပြု၍ ကျောက်ကို ချေဖျက်သည့်စက်ဟူ၍ အဘယ်မှာရှိမည်နည်း။
သို့ပေမည့် အတွင်းအား ချီဆိုသည်မှာတော့ ရှိ၏။ ကျောက်တုံးတစ်ခုလုံးကိုပင် ကွဲကြေနိုင်စွမ်း ရှိ၏။ ဟုတ်ပေ၏။ သို့ပေမည့် ထိုအရာကို အသုံးပြုဖို့ဆိုလျှင် ကျောက်တုံး တည်ရှိနေသည့်နေရာကို သေသေချာချာ တိတိကျကျ သိရှိရမည်။ ကျောက်ကပ်ဆိုသည်မှာ ကျောက်ထက် ပိုမိုကာ ပျော့ပြောင်းလွန်းသည့် အရာဖြစ်၏။ အနည်းငယ်သော ဂရုမစိုက်မှုနှင့် ပြုလုပ်ပါက ကျောက် မကြေသွားဘဲ ကျောက်ကပ် ကြေမွပြီး တစ်ခါတည်း သေဆုံးသွားနိုင်၏။
ထို့ကြောင့် ဤအခြေအနေတွင် ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက်ကို ရှာဖွေရန် လိုအပ်လာ၏။ အမျိုးသမီးဖြစ်ရန်လည်းလို၏။ ထို့အပြင် အလွန်နီးကပ်သည့် ဆက်ဆံရေးကို ပိုင်ဆိုင်သည့်လူလည်း ဖြစ်သင့်သည်။
ရှမ့်လန်က မေးလိုက်၏။ “အရှင်မင်းသမီးရဲ့ နာမကျန်းမှုကို ကုသဖို့အတွက် ထိပ်တန်းသိုင်းပညာ ကျွမ်းကျင်သူ အမျိုးသမီးတစ်ယောက် လိုအပ်တယ်။ သူက မဟာပညာရှင်တွေနဲ့ မယှဉ်နိုင်ဘူးဆိုရင်တောင် ခပ်ဝေးဝေးမှာ မရှိတဲ့လူပေါ့”
မင်းသမီးနင်ယန်က ပြောလိုက်သည်။ “သွား သွား.. အဒေါ်နင်ကျဲ့ကို သွားခေါ်ခဲ့လိုက်”
နာရီဝက်မပြည့်ခင်မှာပဲ ထိပ်တန်းအမျိုးသမီး ကျွမ်းကျင်သူတစ်ယောက်သည် အခန်းထဲသို့ဝင်ရောက်လာခဲ့၏။
နင်ကျဲ့ - ထိုသူသည် ဘုရင်မင်းမြတ်၏ညီမတော် ဖြစ်၏။ ထိပ်တန်းသိုင်းပညာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး မင်းသမီးနင်ဟန်၏ သိုင်းပညာသင်ပြပေးရာ ဆရာလည်း ဖြစ်၏။ ကျိုးရှီ၏ ဆရာတူညီမဖြစ်ပြီး ကောင်းကင်ပင်လယ်နန်းဆောင်၏ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ပင်။ သို့ပေမည့် တစ်ခါမှ လက်ထပ် ခဲ့ဖူးခြင်း မရှိချေ။
မင်းသမီးနင်ယန်သည် အိပ်ရာထဲတွင် လဲလျောင်းလျက် ရှိနေပြီး သူမ၏ခါးကို အသာဖော်ထား၏။ ရှမ့်လန်သည် သူမကို တရားဝင် ကုသခွင့်ရရှိခဲ့ပြီ ဖြစ်၏။