← Chapters

လိုက်လံဖမ်းဆီးခံနေရသော ချင်ကျီ

Vol. 3 Ch. 32

လိုက်လံဖမ်းဆီးခံနေရသော ချင်ကျီ

Vol. 3 Ch. 32

ယနေ့ မင်ဟောက်မြို့တွင် အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေလေသည်။

နေမင်းကြီးက တောက်ပစွာ ထွက်ပေါ်နေပြီး ကောင်းကင်ကလည်း ကြည်လင်ကာ ပြာလဲ့နေလေ၏။

ရံဖန်ရံခါမှာ အဖြူရောင်ငှက်အုပ်ကြီးများက ပျံသန်း သွားကြပြီး မြို့အလယ်မှာရှိသော နှင်းပွင့်ကဲ့သို့ ဖြူဖွေးကာ ခမ်းနားလှသည့် မြို့အရှင်စံအိမ်နှင့် လိုက်ဖက်ညီနေသည်။

ဤပင်မမြို့တော်သည် အမြဲလိုလို စည်ကားနေပေ၏။ အချိန်တိုင်းမှာ ကောင်းမှု၊ မကောင်းမှုများက ရောနှောဖြစ်ပေါ်နေသည်။

"ဘုန်း! ဘုန်း! ဘုန်း!"

ရုတ်ချည်းပင် ကောင်းကင်ကြီးသည် သိသာထင်ရှားစွာပြောင်းလဲသွားခဲ့ပြီး တိမ်များက ရောနှောသွားကာ လေပြင်းများက ကောင်းကင်ယံ၌ တိုက်ခတ်နေ၏။

မင်ဟောက်မြို့ရှိ မရေတွက်နိုင်သော လူအများစုက ထိတ်လန့်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။

မိုးကုတ်စက်ဝိုင်းကနေ ပြင်းထန်စွာ ဟိန်းဟောက်လာသော ကြီးစိုးသည့် ရွှေရောင်အလင်းတန်းငါးခုကို သူတို့ မြင်တွေ့လိုက်ရ၏။ ၎င်းတို့က ဒေါသထွက်နေသော နဂါးများကဲ့သို့ နေရာတိုင်းကို လွှမ်းခြုံသွားကြသည်။

"ဘုန်း! ဘုန်း! ဘုန်း!"

တုန်ခါမှုလှိုင်းများကဲ့သို့ အားကောင်းသော ဖိအားတစ်ခုသည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာပြီး မြို့ တစ်ဝက်လုံးကို ဖုံးလွှမ်းသွားလေ၏။

"အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ကျွမ်းကျင်သူတွေ"

"ငါးယောက်တောင်လား"

"အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က ကျွမ်းကျင်သူတွေက ဘာလို့ ရုတ်တရက်ကြီး ဒီလောက်များများ ပေါ်လာရတာလဲ၊ ဘာတွေများဖြစ်ခဲ့တာလဲ"

ထိုအချိန်၌ ရေတွက်မရနိုင်သော လူအများစုမှာ ထိတ်လန့် နေကြသည်။

"ရွှစ်!"

ထိုအချိန်၌ မြို့အရှင်စံအိမ်ကနေ ရွှေရောင်အလင်းတန်းတစ်ခု ထိုးတက်သွားလေ၏။ သူကတော့ မင်ဟောက်မြို့၏ မြို့အရှင် ပိုင်ချန်ပင်။

သူ လက်ခုပ်ချင်းယှက်၍ ငါးယောက်စလုံးကို ပြုံးပြကာ ပြောလိုက်၏။

"ကျုပ်က မင်ဟောက်မြို့ရဲ့ မြို့အရှင် ပိုင်ချန် ပါ၊ ခင်ဗျားတို့က ဘယ်သူတွေလဲဆိုတာ သိပါရစေ"

ငါးယောက်ထဲက ခေါင်းဆောင်သည် အရပ်ရှည်ကာ အစိမ်းရောင်ဆံပင်ရှိသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ထားကာ သူ၏မျက်ခုံးများကတောင် အစိမ်းရောင် ဖြစ်နေလေသည်။

သူက ပိုင်ချန်ကို အေးစက်စွာ ကြည့်၍ ပြောလာ၏။

"ကျုပ်က ဖုန်းမိသားစုရဲ့ လက်ရှိမိသားစုခေါင်းဆောင် ဖုန်းချန်၊ ဒီလေးယောက်ကတော့ ဖုန်းမိသားစုကအကြီးအကဲတွေပါ"

ထိုစကားကိုကြားသောအခါ ပိုင်ချန်၏မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားလေသည်။

ဖုန်းမိသားစု!

သူတို့က ဤနယ်မြေရှိ နာမည်အကြီးဆုံးမိသားစုများထဲက တစ်ခု ဖြစ်ပြီး သူ၏ ပိုင်မိသားစုနှင့် အဆင့်တူတူပင်။

သူတို့၏ဟန်ပန်ကို ကြည့်ခြင်းအားဖြင့် ကောင်းသောအကြံဖြင့် ရောက်လာခြင်းမဟုတ်ကြောင်း ထင်ရှားလှ၏။

သူ အသက်ပြင်းပြင်းရှူသွင်းကာ အပြုံးတစ်ခုကို အတင်းအကျပ်ဖန်တီး၍ မေးလိုက်သည်။

"ဖုန်းမိသားစုခေါင်းဆောင်က မင်ဟောက်မြို့ကို ဘာကိစ္စရှိလို့ ရောက်လာတာလဲ"

"ဟမ့်! လက်စားချေဖို့အတွက်ပေါ့!"

ဖုန်းချန်က အေးစက်စွာ ဟိန်းဟောက်လာ၏။ သူ့မျက်ခုံးက ကျုံ့နေပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်နေသည်။

"မင်ဟောက်မြို့က ချင်ကျီဆိုတဲ့ကောင်က ကျုပ်သား ဖုန်းဟောက်ကို သတ်လိုက်တယ်၊ ဒီရန်ငြိုးကို မကျေအေးနိုင်ဘူး၊ သူ့ကို အလောင်းတောင် မစုံဘဲ သေ စေရမယ်!"

"ဘာ!"

ပိုင်ချန်၏နှလုံးသားမှာ ဆောင့်ခုန်တက်သွား၏။

အဲ့ဒီလူမိုက်လေးက ဖုန်းဟောက်ကို တကယ် သတ်လိုက်တာလား။

အခုတော့ ပြဿနာ ကြီးနေလေပြီ။

အဓိကက… ချင်ချွမ်းသည် မြို့ထဲ၌ မရှိပေ။ အကြောင်းမှာ ထိုလူသည် မနေ့ညက သူ့ကို နှုတ်ဆက် ၍ ချင်ကျီအား ကြည့်ရှုစောင့်ရှောက်ပေးရန် မှာကြားခဲ့သောကြောင့်ပင်။

ဘယ်လိုလုပ်ရမလဲ။

သူ့စိတ်ထဲ၌ အကြံအမျိုးမျိုး ပေါ်လာသည်။ နောက်ဆုံးတွင် သူ အံကြိတ်ကာဖြင့် အစွမ်းကုန်ကြိုးစားရန် ဆုံးဖြတ်လိုက်လေ၏။

ချက်ချင်းပင် သူ့မျက်နှာက တင်းမာသွားပြီး ဒေါသတကြီး ဟောက်လိုက်သည်။

"ရိုင်းစိုင်းလိုက်တာ! ချင်ကျီက ဒီလိုယုတ်မာတဲ့ လုပ်ရပ်ကို ကျူးလွန်ရဲတယ်လား!"

သူ ဖုန်းချန်ကို ကြည့်၍ သူ့ရင်ဘတ်အား ယုံကြည်ချက်ရှိစွာ ထုလျက်....

"ကျေးဇူးပြုပြီး ခင်ဗျားငါးယောက်စလုံး မြို့အရှင်စံအိမ်ကို လက်ဖက်ရည်သောက်ဖို့ ကြွရောက်ပါဦး၊ ကျုပ်ကိုယ်တိုင် သွားပြီးတော့ အဲ့ဒီကောင်လေးကို ဖမ်းဆီးပြီး ခင်ဗျားတို့လက်ထဲကို အပ်ပေးပါ့မယ်!"

"မလိုပါဘူး"

ဖုန်းချန်က ပေါ့ပါးစွာ ပြော၏။

"ဖုန်းမျိုးနွယ်စုခေါင်းဆောင် ဘာမှထပ်မပြောပါနဲ့၊ မင်ဟောက်မြို့မှာ ဒီလိုလူမိုက်တစ်ယောက် ပေါ်လာမှတော့ မြို့အရှင်ဖြစ်တဲ့ ကျုပ်ဆီမှာ မလွှဲမရှောင်သာတဲ့ တာဝန် ရှိနေပါတယ်"

ပိုင်ချန်သည် သူ့လက်ကို ဝှေ့ယမ်း၍ ပြတ်သားစွာ ပြောလိုက်သည်။

"ကျေးဇူးပြုပြီး မြို့အရှင်စံအိမ်ကို လက်ဖက်ရည်သောက်ဖို့ ကြွရောက်ပေးပါ၊ ကျုပ်ချက်ချင်းပြန်လာခဲ့ပါမယ်!"

ထိုသို့ပြောပြီးနောက် သူသည် ရက်စက်သောဟန်ပန် ဖြင့် တစ်ဖက်သို့ ပျံသန်းထွက်ခွာသွားခဲ့၏။

ထိုအချိန်၌ ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော သန့်စင်သောယန်နယ်ပယ်မှ ကျွမ်းကျင်သူနှစ်ဦးသည် မြို့အရှင်စံအိမ်မှ ပျံသန်း ထွက်ပေါ်လာပြီး လေးစားစွာ ဖြင့် "ကြွပါ"ဟူသော အမူအရာကို ပြသခဲ့သည်။

"မိသားစုခေါင်းဆောင်၊ ကျွန်တော်တို့… အရင်ဆင်း ပြီး အနားယူသင့်လား"

ဖုန်းမိသားစုမှ အကြီးအကဲတစ်ဦးက အကြံပြုလေ၏။

ဖုန်းချန်လည်း အနည်းငယ် စဉ်းစားလိုက်သည်။

သူတို့ လူဖမ်းရန်အတွက် ရန်လိုစွာဖြင့် ကိုယ်တိုင် ရောက်လာခဲ့ပြီး ဖမ်းမိသွားပြီးနောက် ချက်ချင်းထွက်သွားလျှင် အရှိန်အဝါ နည်းနေသလို ထင်ရနိုင်၏။

မြို့အရှင်စံအိမ်၌ လက်ဖက်ရည်သောက်၍ ထိုမြို့အရှင်ကို သူတို့အတွက် အလုပ်လုပ်ခိုင်းလိုက်တာက ပိုမြင့်မားသော နေရာ၌ ရှိနေသလို ခံစားရစေလိမ့်မည်။

ထို့အပြင် ဖုန်းမိသားစု၏မျက်နှာကိုလည်း မထိခိုက်စေတော့ပေ။

"ကောင်းပြီ"

နောက်ဆုံးတွင် သူ ခေါင်းညိတ်၍ ဖုန်းမိသားစုအကြီးအကဲလေးဦးကို ဦးဆောင်ကာ မြို့အရှင်စံအိမ် ထဲသို့ ဝင်ရောက်သွားခဲ့၏။ ပိုင်ချန်က ချင်ကျီကို ပြန်ခေါ် လာသည်အထိ ထိုင်စောင့်နေရန် အသင့်ဖြစ်နေလေသည်။

…

ခြံဝန်း ထဲတွင်။

ချင်ကျီက သိုင်းကျင့်ကြံနေလေ၏။

ရွှစ်!

ရုတ်ချည်းပင် လေပြင်းတစ်ချက်က တိုက်ခတ်သွားပြီး လူတစ်ဦးက ချင်ကျီ၏လက်ကို ဆွဲကိုင်ကာ ပြေးတော့သည်။

"ဦးလေးပိုင်လား"

ချင်ကျီမှာ အံ့အားသင့်စွာ တုန်လှုပ်သွားပြီးမှ သူ့ကို ဆွဲပြေးနေသူသည် ပိုင်ချန်မှအပ အခြားသူမဟုတ်ကြောင်း သဘောပေါက်သွားရ၏။

"မြန်မြန်! အသက်ဘေးကလွတ်အောင်ပြေး!"

ပိုင်ချန်က ပြေးရင်း အော်ဟစ်လာသည်။

"ဘာဖြစ်ခဲ့တာလဲ"

ချင်ကျီမှာ စိတ်ရှုပ်ထွေးစွာ မေးမိ၏။

"မင်း ဖုန်းဟောက်ကို သတ်လိုက်တယ်လေ၊ ဖုန်းမိသားစုက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က ကျွမ်းကျင်သူငါးယောက်ကို မင်ဟောက်မြို့ထဲမှာ မင်းကို သတ်ဖို့ အင်အားသုံးလိုက်ပြီ!"

ပိုင်ချန်က စိုးရိမ်တကြီး ပြောလာသည်။

"ဒါပေမယ့် ကျွန်တော် ဖုန်းဟောက်ကို မသတ်ဘူး၊ ကျွန်တော်က သူ့လောက် မမြန်လို့ အဲ့ဒီနေ့က သူ ထွက်ပြေးသွားခဲ့တာ"

ချင်ကျီက အနည်းငယ်မှင်သက်နေရင်း ပြောလာ၏။

"ဘာ!"

ပိုင်ချန်လည်း အနည်းငယ်အံ့အားသင့်သွားပြီးနောက် သက်ပြင်းချလိုက်မိသည်။

"မင်း သတ်လား၊ မသတ်လားက အရေးမကြီးတော့ဘူး၊ အရေးကြီးတာက သူတို့က မင်းကို အခုသတ် ချင်နေတာ! မြန်မြန်ပြေး! မင်းအဖေက ဒီမှာ မရှိဘူး၊ မင်ဟောက်မြို့ထဲမှာ သူတို့ကို ဘယ်သူမှ တားလို့မရဘူး!"

"ကောင်းပါပြီ!"

ချင်ကျီ ခေါင်းညိတ်လိုက်ပြီးနောက် အနည်းငယ်စိုးရိမ်စွာ မေးလိုက်၏။

"ကျွန်တော် ထွက်သွားရင် သူတို့က ခင်ဗျားကို ဒုက္ခပေးမှာလား"

"ငါက ပိုင်မိသားစုဝင် တစ်ဦးပါ၊ ပြီးတော့ တော်ဝင်မိသားစုက ကိုယ်တိုင်ရွေးချယ်ခန့်အပ်ထားတဲ့ မြို့အရှင်လည်း ဖြစ်တယ်၊ သူတို့ ငါ့ကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး"

ပိုင်ချန်က စိတ်ချစေမည့် အပြုံးဖြင့် ပြောလာသည်။

"ဒါဆိုရင် ကောင်းပါပြီ"

ချင်ကျီက သက်ပြင်းချလေသည်။

"မင်းမှာ ခဏတာ ပျံသန်းနိုင်တဲ့ လျှို့ဝှက်ပညာ ရှိတာ ငါသိတယ်၊ ဒါပေမယ့် မင်း အခု ပျံသန်းလို့မရဘူး၊ ဟိုက အလွယ်တကူရှာတွေ့ သွားလိမ့်မယ်၊ မင်း မြင်းလှည်းနဲ့ပဲ မြို့ထဲကနေ ထွက်သွားရမယ်"

ပိုင်ချန်သည် ချင်ကျီအား သယ်ဆောင်၍ ကုန်သည်အသင်းတစ်ခု၏ နယ်မြေထဲသို့ ဝင်ရောက်လာ၏။ ပထမဦးစွာ ပြင်းထန်စွာ တုံ့ပြန်လာသော လုံခြုံရေးအစောင့်အချို့ကို သတိလစ်စေလိုက်သည်။ ထို့နောက် ရှင်းပြခြင်းမရှိဘဲ အင်အားသုံးကာဖြင့် သူဌေးကို စည်းရုံးပြီးနောက် ချင်ကျီကို မြင်းလှည်းထဲသို့ ထိုးထည့်လိုက်လေ၏။

"မြို့ထဲကနေ ထွက်သွားပြီးရင် အနက်ရောင်ဝတ်ရုံ ဝတ်လိုက်၊ လူသူကင်းမဲ့တဲ့ နေရာတစ်ခုကို ရှာပြီး မင်းအဖေပြန်လာတဲ့ သတင်းကို ကြားတဲ့အထိ မင်ဟောက်မြို့ကို မပြန်လာဘဲ စောင့်နေ"

ပိုင်ချန်က စိတ်ရင်းမှန်ဖြင့် တိုက်တွန်းလာသည်။

"ဟုတ်ကဲ့"

ချင်ကျီလည်း ခေါင်းညိတ်လိုက်လေ၏။ သူ့နှလုံးသား ထဲ၌ နွေးထွေးသောခံစားမှုတစ်ခုက စီးဆင်းသွားလေသည်။ သူသည် သူ့အမေနှင့် တစ်ခါမှမတွေ့ဖူးပေ။ ဤခံစားချက်က… ဖြစ်နိုင်သည်မှာ...

"ဘုန်း!!"

ရုတ်တရက် အပေါ်ကနေ ကျယ်လောင်သောအသံ တစ်ခု ထွက်ပေါ်လာလေ၏။ ခေါင်မိုးတစ်ခုလုံးက ပွင့်ထွက်သွားပြီး နေရောင်ခြည်က ဖြာကျလာသည်။

"အား!!"

သူဌေးနှင့် ဝန်ထမ်းများက အော်ဟစ်လာကြပြီး ချက်ချင်းပင် မြေကြီးပေါ်၌ ဒူးထောက်ကာ ငှက်ကုလားအုတ်များကဲ့သို့ သူတို့၏ခေါင်းများကို မြေကြီးထဲ၌ မြှုပ်ထားကြလေ၏။

ချင်ကျီနှင့် ပိုင်ချန်တို့လည်း မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ယံအား ရွှေရောင်အလင်းများဖြင့် ဖုံးအုပ် ထားသော လူငါးဦးကို မြင်လိုက်ရပြီး သူတို့အား အပေါ်စီးကနေ စူးစိုက်ကြည့်နေကြ၏။

"ဟက် မင်းတို့က ဘယ်သွားဖို့ စီစဉ်နေတာလဲ"

ဖုန်းချန်က အေးစက်သော ရယ်မောသံဖြင့် ပြောလာသည်။

"ပြေး!!"

ပိုင်ချန်က ဟစ်အော်လာပြီး ညာလက်ဖြင့် ချင်ကျီ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ပစ်ပေါက်၍ လေထဲသို့ ပစ်လွှတ်လိုက်လေ၏။

ထို့နောက် သူ ကိုယ်တိုင်ကမူ နေမင်းတစ်စင်းကဲ့သို့ အားကောင်းသောအလင်းတန်းကို ထုတ်လွှတ်၍ ဖုန်းမိသားစုမှ ငါးဦးစလုံးဆီသို့ ဝင်တိုးသွားသည်။

"ဘုန်း!"

ကျယ်လောင်သောပေါက်ကွဲသံက ကောင်းကင်အား တုန်ခါစေလေ၏။

ချင်ကျီသည် လေထဲရောက်နေရာမှ နောက်လှည့်ကြည့်လိုက်ရာ ပေါက်ကွဲမှုအလယ်၌ ဖုန်းမိသားစုမှ လူငါးဦးစလုံးသည် ရွှေရောင်အလင်းအလွှာတစ်ခုဖြင့် ကာကွယ်ခံထားရပြီး မထိခိုက်ဘဲ ရှိနေသည်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ပိုင်ချန်၏ ခန္ဓာကိုယ်သည် မိုးမခရွက်တစ်ရွက်ကဲ့သို့ ညင်သာစွာဖြင့် အောက်သို့ ကျဆင်းနေ၏။

သူ့မျက်နှာပေါ်၌ ခါးသီးသောအပြုံးဖျော့ဖျော့တစ်ခုက ရှိနေသည်။ သူ့လက်က ချင်ကျီဘက်ကို ဆန့်တန်းနေပြီး "မြန်မြန်… ပြေး…" ဟု ပြောနေသကဲ့သို့ ဖြစ်နေသည်။

"ဦးလေးပိုင်!"

ချင်ကျီ၏ မျက်လုံးများက အနည်းငယ် စိုစွတ်သွားလေ၏။ သို့သော် နောက်ပြန်လှည့်ခြင်းက အချည်းနှီးသာ ဖြစ်ပြီး သေဆုံးခြင်းသာ ဖြစ်လိမ့်မည်ကို သူ နားလည်ထားသည်။

ထို့ကြောင့် သူ အံတင်းတင်းကြိတ်ကာ သူ့ဆရာ၏ စွမ်းအားကို ယူ၍ သူ၏သိုင်းအဆင့်ကို သန့်စင်သောယန်နယ်ပယ်၏ ထိပ်ဆုံးအဆင့်သို့ မြှင့်တင်လျက် လျင်မြန်စွာပင် အဝေးသို့ ထွက်ပြေးလာခဲ့၏။

တစ်ဖက်တွင် ဖုန်းချန်သည် ဒဏ်ရာပြင်းထန်စွာရပြီးမြေပြင်ပေါ်မှာ လဲလျောင်းနေသော ပိုင်ချန်ကို ကြည့်နေရင်း ပြင်းထန်သောသတ်ဖြတ်လိုစိတ်က သူ့မျက်နှာ ပေါ်၌ လျှပ်တပြက် ပေါ်လာလေသည်။

သို့သော် သူ ထိန်းချုပ်ထားလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူသည် ပိုင်မိသားစုဝင်တစ်ဦးဖြစ်ပြီး ပင်မမြို့တော်၏ မြို့အရှင်လည်း ဖြစ်သည်။ သူ့ကို သတ်လိုက်ပါက ဖုန်းမိသားစုပင်လျှင် အကျိုးဆက်များကို မခံနိုင်ပေ။

"ဟမ့်! လိုက်ကြ!!"

သူ အေးစက်စွာ ကြွေးကြော်လျက် ဖုန်းမိသားစုအကြီးအကဲလေးဦးကို ဦးဆောင်ကာ ထွက်ပြေးသွားသောချင်ကျီ၏အနောက်သို့ လိုက်သွားခဲ့၏။

ပြေးလို့ရမယ်လို့ ထင်နေလား။

ထိုအရာက မလွယ်ပေ!

ယနေ့ သူသည် ချင်ကျီအား ထွက်ပြေးရန် နေရာမရှိတော့သည်အထိ လိုက်လံဖမ်းဆီးပြီး စိတ်ပျက်အားငယ်ရမှုအား လုံးဝခံစားရစေရန် ရည်ရွယ်ထားသည်။

**************

All Chapters