← Chapters

လူတွေရဲ့စိတ်နှလုံးက ပြောင်းလဲသွားပြီ

Vol. 3 Ch. 35

လူတွေရဲ့စိတ်နှလုံးက ပြောင်းလဲသွားပြီ

Vol. 3 Ch. 35

ထိုအချိန်၌ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် ချင်ချွမ်း၏ အားပြင်းသော စကားလုံးများကြောင့် အံ့အားသင့်သွားခဲ့ကြပြီး သူ့အား မှင်သက်ဆွံ့အစွာဖြင့် စကားတစ်ခွန်းတောင် မထွက်ကျတော့ဘဲ ကြည့်လာကြ၏။

ဖုန်းမိသားစုဝင်များလည်း အံ့အားသင့်သွားခဲ့ကြသည်။ ပြီးမှသာ ဖုန်းမိသားစုအကြီးအကဲတစ်ဦးက အသိပြန်ဝင်လာပြီး ခက်ထန်စွာ အော်ဟစ်လေ၏။

"မင်း ဘယ်လိုတောင် ရဲတင်းတာလဲ! ဖုန်းမိသားစုကို မင်း ဆန့်ကျင်နေတာလား"

"ဟက်!"

ချင်ချွမ်းက အေးစက်စွာ ရယ်မောလာပြီး သူ၏ညာဘက်လက်ကို မြှောက်ကာ ပေါ့ပါးစွာ ပြောလာသည်။

"ဖုန်းမိသားစုက ဘာမို့လို့လဲ"

ဘုန်း!

နောက်တစ်မိနစ်အတွင်းမှာပင် သူ မြှောက်ထားသော ညာလက်ကို ရိုက်ချလိုက်၏။ ၎င်းမှာ မမြင်တွေ့နိုင်သော ဓားတစ်လက်က ဖြတ်တောက်လိုက်သည့်အလားပင်။

"ဘန်း!"

ကျယ်လောင်သောအသံနှင့်အတူ နှင်းဖြူရောင်သင်္ဘောကြီးက အပိုင်းပိုင်းပြတ်ထွက်သွားပြီး သင်္ဘောပေါ်မှ လူခုနစ်ယောက်လည်း လွင့်စင်သွားခဲ့သည်။

"ယုတ်မာတဲ့တိရိစ္ဆာန်! မင်းက သေချင်နေတာပဲ!"

ဖုန်းလန်သည် လေထဲသို့ ပြုတ်ကျသွားသော်လည်း အလယ်နား၌ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်နိုင်ခဲ့လေ၏။ သူ့မျက်နှာက အလွန်မည်းမှောင်နေပြီး သတ်ဖြတ်လိုစိတ်မှာလည်း သိသာထင်ရှားသော အား တစ်ခုကဲ့သို့ တရွေ့ရွေ့တိုးလာသည်။

"သတ်!"

သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဖုန်းမိသားစုအကြီးအကဲခြောက်ဦးစလုံးသည် လွှမ်းမိုးသောအရှိန်အဝါဖြင့် ချင်ချွမ်းဆီသို့ ဝင်တိုက်ခိုက်ကြလေ၏။

သို့သော်ငြား သူတို့၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသောအခါ ချင်ချွမ်းထံ၌ ရှောင်တိမ်းချင်စိတ်ပင် မရှိခဲ့ပေ။

သူ့ခန္ဓာကိုယ်ပတ်ပတ်လည်၌ ရွှေရောင်ဘောင်တစ်ခု ပေါ်လာပြီး သူ့တစ်ကိုယ်လုံးအား ရွှေသွန်းထားသော ရုပ်တုတစ်ခုကဲ့သို့ ဖြစ်စေခဲ့သည်။

"ဒေါင်! ဒေါင်! ဒေါင်! ဒေါင်!"

တိုက်ခိုက်မှုတိုင်းက သူ့အပေါ် ကျရောက်လာလေ၏။ မီးပွားများ လွင့်စင်ထွက်လာသော်လည်း သူကတော့ မရွေ့မလျားဘဲ ရပ်နေလေသည်။

"ဘာ! အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာလား"

"ဒါ… မဖြစ်နိုင်ဘူး!!"

"မင်းမှာ ဘယ်လိုလုပ်ပြီး အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာ ရှိနေတာလဲ၊ ဘယ်လိုအခွင့်အရေးနဲ့!"

ဖုန်းမိသားစုအကြီးအကဲများက မျက်လုံးပြူးသွားကြကာ မယုံနိုင်သောအမူအရာများကို ပြသလာကြ၏။ နယ်မြေတစ်ခုလုံး၌ အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကို ရရှိထားသူများက အလွန်နည်းပေသည်။

ထို့အပြင် ၎င်းအား တစ်ကြိမ်ရရှိထားသည်နှင့် သာလွန်သောအထွတ်အထိပ်အဆင့်ကို ခြေတစ်လှမ်းလှမ်းထားပြီးသား ဖြစ်သွားသည်ဟု ဆိုလို၏။

အကြောင်းမှာ ရွှေခန္ဓာဟူသည် နတ်ဘုရားဝိညာဉ်ကို မွေးထုတ်ပေးသောကြောင့် အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကို ရရှိခြင်းမှာ သာလွန်သောအထွက်အထိပ်အဆင့်ကို တိုးတက်ရန် လိုအပ်သောအခြေအနေတစ်ခု ဖြစ်သည်။

"ရေတွင်းထဲကဖား"

ချင်ချွမ်းက မထီမဲ့မြင်ပြုကာ လှောင်ပြောင်ပြီးနောက် သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်လေ၏။ ကြီးမားသောရွှေရောင်လက်ဖဝါးတစ်ခုက ထွက်ပေါ်လာပြီး ဖြတ်ရိုက်ချလိုက်တာကြောင့် ထိုခြောက်ဦးစလုံးအား လဲကျစေခဲ့သည်။

"ပွက်! ပွက်! ပွက်! ပွက်!"

ထိုခြောက်ဦးစလုံးက သွေးအန်လာကြပြီး ပြင်းထန်သော အားကြောင့် အရပ်မျက်နှာအသီးသီး သို့ လွင့်ထွက်သွားကြကာ သူတို့၏အသက်များအား အန္တရာယ်ရှိလုနီးပါး ဖြစ်စေခဲ့၏။

နှိုင်းယှဉ်မရသော စွမ်းအား!

ထိုအချိန်မှာ ဖုန်းလန်ကမူ ဒေါသမထွက်သေးဘဲ ချင်ချွမ်းအား အေးစက်စွာစိုက်ကြည့်နေသည်။ သူ့ပုံစံမှာ အချိန်မရွေး ခုန်အုပ်ရန် အသင့်ရှိနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ပင်။

သူ့နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်က အဆုံးစွန်ထိ ပွက်ပွက်ဆူနေလေပြီ။

အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကိုယ်။

၎င်းမှာ သူကိုယ်တိုင်ပင် မရရှိသေးသော အရာဖြစ်ပြီး ဤဘဝမှာလည်း ဘယ်တော့မှ ရတော့မည် မဟုတ်ပေ။

၎င်းက ဤဘဝမှာ သာလွန်သောအထွတ်အထိပ်အဆင့်ကို ချိုးဖောက်ရန် မျှော်လင့်ချက်မရှိတော့ဘူးလို့ ဆိုလို၏။

သို့သော်ငြား သူ့ရန်သူသည် ဤမျှငယ်ရွယ်သောအရွယ်၌ပင် အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကို ကျင့်ကြံပြီးနေလေပြီ။ သူ့အနေဖြင့် ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိမည်နည်း။

"ဒီလူ သေကို သေရမယ်!"

သူ့နှလုံးသားထဲ၌ ဟိန်းဟောက်သံတစ်ခု တိတ်တဆိတ်ထွက်ပေါ်လာပြီး ခန့်ညားသော ခြင်္သေ့ တစ်ကောင်ကဲ့သို့ သူ စတင်လှုပ်ရှားကာ ခုန်အုပ်လိုက်သည်။

"အမျက်ထွက်နေတဲ့ ခြင်္သေ့ရဲ့ဒေါသ!"

သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ များပြားသောစွမ်းအင်များ ပေါက်ကွဲ ထွက်လာပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းထားနိုင်သော ခြင်္သေ့ကြီးအဖြစ်သို့ ပြောင်းလဲသွားကာ ချင်ချွမ်းဆီသို့ ခုန်အုပ်လိုက်လေ၏။

ထိုခြင်္သေ့မှာ မီတာသုံးရာကျော် ကြီးမားပြီး ဒိုင်ဗင်ထိုး ဆင်းလာသည်။ ၎င်း၏စွမ်းအားမှာ ကောင်းကင်ကိုပင် ဆုတ်ဖြဲနိုင်စွမ်းရှိပုံရပြီး ပြိုင်ဘက်ကင်း ပြင်းထန်ရက်စက်လှ၏။

"ရွှေခန္ဓာဓမ္မရုပ်သွင်!"

ချင်ချွမ်းက အသံတိုးတိုးဖြင့် အော်လိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ဘောင်စွန်းသည် ပူဖောင်း တစ်ခုကဲ့သို့ ရုတ်တရက် ကျယ်ပြန့်လာပြီး ကောင်းကင်ယံ၌ မီတာသုံးရာကျော် မြင့်မားသော ရွှေရောင်ရုပ်သွင်တစ်ခုကို ပုံဖော်လိုက်လေသည်။

ထိုရုပ်သွင်မှာ မူလက ဗလာကြီး ဖြစ်နေသော်လည်း ချင်ချွမ်း၏ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်း တိုးပွားလာမှုကြောင့် ချက်ချင်း ပြည့်သွားခဲ့လေ၏။

ရွှေရုပ်တု တစ်ခုကဲ့သို့ပင်။

"သတ်!"

သူ့ညာဘက်လက်ကို ခပ်မြင့်မြင့် မြှောက်၍ ပြင်းထန်စွာ ရိုက်ချလိုက်သည်နှင့် ထိုရွှေရောင်လူရုပ်သွင်က သူ၏လုပ်ဆောင်မှုအတိုင်း အတုယူလာသည်။

"ဘုန်း!"

ရွှေရောင်လူရုပ်သွင်၏ ညာဘက်လက်က ခြင်္သေ့၏ဦးခေါင်းကို ရိုက်ချလိုက်လေ၏။ ၎င်းက နှိုင်းယှဉ်၍မရသော ပြင်းထန်သည့် ခွန်အားကို ထုတ်လွှတ်လျက် ခြင်္သေ့၏ဦးခေါင်းကို ဖယ်ရှားလိုက်လေသည်။

ထိုမျှတင်မကဘဲ ရွှေရောင်ရုပ်သွင်၏ ခွန်အားက ခြင်္သေ့၏ခန္ဓာကိုယ်တစ်လျှောက် ဆက်လက် ဖြတ်သန်းသွားခဲ့ပြီး လုံးဝပျက်စီးသွားစေခဲ့၏။

"ပွက်!"

ခြင်္သေ့၏အထဲ၌ရှိသော ဖုန်းလန်လည်း တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရပြီး သွေးတစ်ပွက်အန် လိုက်ရကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။

သို့သော်ငြား သူက လုံးဝမရပ်သွားပေ။ ထိုအစား သူ့မျက်လုံးများက ဆိုးယုတ်သော အလင်းရောင်တစ်ခုကို ပြသနေပြီး မြွေတစ်ကောင်ကဲ့သို့ ချင်ချွမ်းဆီ ဝင်တိုးလာ၏။

"ဖျက်ဆီးခြင်းနဂါးလှံ!"

မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ခြိမ်းခြောက်နိုင်စွမ်းရှိသော အနက်ရောင်လှံတစ်ချောင်းက သူ့လက်ထဲ၌ ပေါ်လာသည်။ ထို့နောက် သူ့ခွန်အားအားလုံးကို စုစည်း၍ အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကို ပြင်းထန်စွာထိုးလိုက်လေ၏။

"ဘန်း!"

နှိုင်းယှဉ်၍မရအောင် မာကျောသော အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာသည် မထင်မှတ်ထားဘဲ မီးပွားများလွင့်စင်ကာ အပိုင်းအစများ ပြန့်ကျဲလျက် ထိုးဖောက်ခံလိုက်ရသည်။

လှံ၏ ထက်ရှသောအားက ချင်ချွမ်း၏ ခန္ဓာကိုယ်ဆီသို့ ဆက်တိုက် ရိုက်ခတ်နေလေ၏။ ထိုကဲ့သို့ ထိန်းချုပ်နိုင်စွမ်းမရှိသော ထက်ရှမှုမှာ အရာအားလုံးကို ဆုတ်ဖြဲနိုင်စွမ်းရှိပုံရသည်။

"သေစမ်း!!"

ဖုန်းလန်၏ မျက်နှာပေါ်၌ ရူးသွပ်နေသော အသွင်ကို ပြသနေလေ၏။ အထဲ၌ မီးလျှံများ လောင်ကျွမ်းနေသကဲ့သို့ သူ့မျက်လုံးထဲမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။

"ဒင်!"

သို့သော် အသံခပ်တိုးတိုးတစ်ခု မြည်လာပြီး လှံမှာ နောက်ထပ်မတိုးနိုင်တော့ပေ။ ချင်ချွမ်း၏ လက်ဖဝါးနှစ်ဖက်က ပူးကပ်သွားပြီး လှံထိပ်အား ဖမ်းဆုပ်ထားလေ၏။

"လွှတ်!"

ဖုန်းလန်က ဟိန်းဟောက်လာသည်။ လှံရိုးကို ဆုပ်ကိုင် ထားသော သူ၏ ညာဘက်လက်က ပြင်းထန်စွာ လှုပ်ခါသွားပြီး ချက်ချင်းပင် အားလှိုင်းတစ်ခုက ချင်ချွမ်းဆီသို့ ရိုက်ခတ်လာလေ၏။

သို့သော်ငြား ချင်ချွမ်းက ရုတ်ချည်းပင် လှံထိပ်အား လွှတ်၍ သူ၏ ညာခြေဖျားဖြင့် လှံရိုးကို ကန်လိုက်လေသည်။

ရွှစ်!

ချက်ချင်းပင် ရှေ့ကို ထိုးစိုက်နေသော လှံက ကောင်းကင်ယံသို့ တိမ်းစောင်းသွားလေ၏။ တစ်ချိန်တည်းမှာပင် ချင်ချွမ်းသည် ညာလက်အား လက်သီးဆုပ်၍ ထိုးချလိုက်သည်။

"ဘုန်း!!"

လက်သီးက လှံကို ဝင်တိုက်သွားပြီး ချက်ချင်းပင် တောက်ပသောအလင်းများက တဖျတ်ဖျတ် လင်းလက်သွားကာ မီးပွားများ လွင့်စင်သွားလေ၏။ လှံရိုးက ဖုန်းလန်၏ ရင်ဘတ်အား ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

"ဆုတ်ဖြဲစမ်း!"

အားပြင်းသောသက်ရောက်မှုကြောင့် ဖုန်းလန်၏ အဝတ်အစားများက ဆုတ်ပြဲသွားကာ သူ၏ ကြွက်သားထူထပ်သော ခန္ဓာကိုယ်အပေါ်ပိုင်းမှာလည်း ပေါ်လွင်လာပြီး အနောက်ကို လွင့်စင်သွားလေ၏။

ကျရှုံးနေချိန်မှာ အခွင့်အရေးယူ!

ချင်ချွမ်း အသက်ပြင်းထန်စွာ ရှူသွင်းလိုက်သည်။ ထိုးဖောက်ခံထားရသော ရွှေခန္ဓာဓမ္မရုပ်သွင်မှာလည်း သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်စုပ်ယူခံလိုက်ရပြီး သူ့ပုံသဏ္ဍာန်မှာ ရွှေရောင်ပြန်ဖြစ်သွားလေ၏။ ထို့နောက် ညာခြေဖြင့် လေဟာနယ်ထဲသို့ နင်းကာ သူ့ခန္ဓာကိုယ် အား ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲလျက် ဖုန်းလန်ဆီသို့ ဝင်တိုက်လိုက်သည်။

"သေစမ်း!"

အနောက်သို့ ဆက်လက်လွင့်နေသော်လည်း ဖုန်းလန် က သူ့လက်များကို တစ်ဖက်သို့လှည့်ကာ လှံကို ပြောင်းပြန်လှန်၍ ချင်ချွမ်းရှေ့သို့ ထိုးသွင်းလာ၏။

သို့သော်ငြား ချင်ချွမ်းက လုံးဝမရှောင်ဘဲ သူ့ညာဘက်လက် ကို မြှောက်လိုက်သည်။ ထို့နောက် ငွေဖြူရောင်နဂါးပုံစံ ရစ်ပတ်နေသော လက်ဖဝါးဖြင့် ရိုက်ချလိုက်၏။

"သေချင်နေတာပဲ!"

ချင်ချွမ်းက သူ့လှံကို လက်ဗလာဖြင့် ပြောင်ပြောင်တင်းတင်း ဖမ်းနေသည်ကို မြင်သောအခါ ဖုန်းလန်က လှောင်ပြောင်လာသည်။ သို့သော် နောက်တစ်မိနစ်အတွင်းမှာပင် ထို လှောင်ပြောင်မှုက တောင့်ခဲသွားလေ၏။

ထိုလက်ဖဝါးရိုက်ချက်က လှံထိပ်အား တိုက်ရိုက်ချိုးပစ်ကာ စွမ်းအင်လှိုင်းတစ်ခုက ရေစီးကြောင်းတစ်ခုသဖွယ် စီးဆင်းလာသောကြောင့် ဖြစ်သည်။

"ဖူး!"

ဖုန်းလန်သည် လှံရိုးက သူ့လက်ဖဝါးအား ပြင်းထန်သောအပူရှိန်ဖြင့် လောင်ကျွမ်းစေသည်ကို ခံစားလိုက်ရ၏။ ထို့နောက် လှံရိုး၏အောက်ခြေက သူ့ရင်ဘတ်ကို တန်းတန်း ထိုးဖောက်သွားလေသည်။

"ဘယ်လိုလုပ်...ဖြစ်နိုင်မှာလဲ…"

ဖုန်းလန်သည် ခဲယဥ်းစွာ ခေါင်းငုံ့လျက် သူ့ရင်ဘတ်ကို ထိုးဖောက်နေသော လှံရိုးကို စိုက်ကြည့်နေ၏။ သူ့လှံရိုးဖြင့် အသတ်ခံရနိုင်သည်ဟု အိပ်မက်ထဲမှာပင် သူ မမက်ခဲ့ဖူးပေ။

ချင်ချွမ်းသည် ကျိုးပဲ့နေသောလှံထိပ်ကို ဆုပ်ကိုင်လျက် လှံရိုးအား ဆွဲထုတ်လိုက်သည်။ ရုတ်ချည်းပင် ဖုန်းလန်၏ ရင်ဘတ်ထဲမှ သွေးများ ပန်းထွက်လာလေ၏။

သွေးဟူသည်မှာ အသက်စွမ်းအားကို ကိုယ်စားပြုလေသည်။

ဖုန်းလန်၏ အသက်စွမ်းအားက လျင်မြန်စွာ လျော့နည်းလာပြီး ထိပ်ဆုံးအဆင့် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ကျွမ်းကျင်သူ၏ အော်ရာများက ဒီရေများကဲ့သို့ ဆုတ်ခွာသွားလေ၏။

သို့သော်ငြား ထိပ်ဆုံးအဆင့် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူ့ထံ၌ ကြံ့ခိုင်သောအသက်စွမ်းအား ရှိသောကြောင့် သူ့အား ချက်ချင်းလက်ငင်း သေစေမည် မဟုတ်ပေ။

သူက ချင်ချွမ်းကို ကြည့်လာသည်။

အသက်စွမ်းအင်နှင့် ခွန်အားဆုံးရှုံးမှုက သူ့နှလုံးသားထဲရှိ မုန်းတီးမှု နှင့် ဒေါသများကိုလည်း ကုန်ခန်းစေပုံရ၏။ သူ့အမူအရာမှာ အထူးတည်ငြိမ်နေလေသည်။

"ဖုန်းမိသားစုက သွားပြီ..."

သူက ခါးသီးစွာပြုံး၍ တီးတိုး ရေရွတ်လာ၏။

"ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အားကောင်းပြီး အဆင့်အတန်းမြင့်တဲ့ မိသားစုတစ်ခုကို မရှိ,ရှိရာကနေ ငါ တည်ဆောက်ခဲ့တယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ အချည်းနှီး ဖြစ်ခဲ့ရတယ်… ငါ့ကို ပြောပါ...ငါ ဘယ်နေရာမှာ မှားသွားတာလဲ"

ချင်ချွမ်းက ခဏတာမျှ တိတ်ဆိတ်နေသည်။

ထို့နောက် သူ့ကို ကြည့်ကာ ပြောလိုက်၏။

"ဖြစ်နိုင်တာက လူတွေရဲ့စိတ်နှလုံးက ပြောင်းလဲသွားလို့ပဲ....နဂါးသတ်သမားက ရှောင်လွှဲလို့မရတဲ့ကံကြမ္မာကြောင့် နဂါး ဖြစ်လာတယ်၊ သူ နဂါး ဖြစ်လာတာနဲ့ နောက်ဆုံးမှာ နဂါးသတ်သမားအသစ်တစ်ယောက်က သူ့ကို လာသတ်မှာပဲ"

ဖုန်းလန်က ထိုစကားကိုကြားပြီးနောက် စဉ်းစားနေပုံရသည်။

သူသည်လည်း တစ်ချိန်တုန်းက တရားမျှတသောစိတ်ဓာတ်ရှိသူ လူငယ်တစ်ဦး ဖြစ်ခဲ့၏။ အောင်ပွဲများခံလျက် မကြောက်မရွံ့ ရှေ့ဆက်လျှောက်လှမ်းခဲ့ပြီး မကောင်းမှုများအပေါ်၌ ပြင်းထန်သော မုန်းတီးမှုရှိခဲ့သည်။

သို့သော်ငြား တဖြည်းဖြည်းနှင့်...

သူသည် မြင့်မားသောအဆင့်သို့ ရောက်ရှိသောအခါ သူကိုယ်တိုင်အား အရာအားလုံး၏ အထက်တွင် ထား ရှိပြီး သူကိုယ်တိုင်ကသာ တစ်ဦးတည်းသော အုပ်စိုးသူအဖြစ် သတ်မှတ်လိုက်လေ၏။

သူသည် တရားမျှတမှု သို့မဟုတ် ကျိုးကြောင်းဆီလျော်မှုကို ဂရုမစိုက်နိုင်တော့ဘဲ သူ့အား ဆန့်ကျင်သူ မည်သူ့ကိုမဆို သူ ဖယ်ရှားနိုင်လျှင် ဖယ်ရှားပစ်ခဲ့သည်။

ဤတစ်ကြိမ်ကဲ့သို့ပင်။

ဖုန်းမိသားစုက စမှားခဲ့ကြောင်း သူ အစကတည်းက သိခဲ့၏။ ချင်ကျီက ဖုန်းဟောက်ကို မသတ်ခဲ့သလို ဖုန်းချန်ကိုလည်း မသတ်ခဲ့ပေ။ သို့သော်ငြား လူသတ်သမားကို သူ မရှာတွေ့သောကြောင့် ဒေါသထွက်မိကာ ချင်ကျီအား သတ်ပစ်ရန် လိုခဲ့သည်။

သူသည် အကြောင်းပြချက်များအား မလိုအပ်ခဲ့ပေ။

သူ အပြစ်မဲ့သူအား မှားယွင်းစွာ သတ်မိမှာကို မကြောက်ခဲ့ပေ။ အကြောင်းမှာ သူ့ထံ၌ ခွန်အားအလုံအလောက်ရှိသောကြောင့်ပင်။ ထို့ကြောင့် အပြစ်မဲ့သူများအား သူ သတ်လိုက်၍ သေဆုံးသွားလျှင်လည်း ဘယ်သူကများ သူ့ကို ဘာလုပ်နိုင်မည်နည်း။

"ဟားဟား...ဒီလိုကိုး! လူတွေရဲ့စိတ်နှလုံးက တကယ်ပဲ ပြောင်းလဲသွားပြီ၊ ငါ့ကို သတ်မယ့်ဓားကို ငါ ကိုယ်တိုင် မင်းလက်ထဲ ထည့်ပေးခဲ့တာပဲ"

အချိန်အတော်ကြာပြီးနောက် ဖုန်းလန်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်နေသော အပြုံးတစ်ခုကို ပြသလာ၏။

ထိုကဲ့သို့ ပြောပြီးနောက် သူ့အငွေ့အသက်က လုံးဝပျောက်ကွယ်သွားလေသည်။ ထို့နောက် သူ့ခန္ဓာကိုယ် မှာလည်း အောက်သို့ ကျဆင်းသွားလေ၏။

အဝေး၌ ပိုင်ချန်ကလည်း ထိုမြင်ကွင်းကို ကြည့်နေသည်။ သူ့မျက်လုံးများက အနည်းငယ် ကြောင်ငေးနေပြီး ချင်ချွမ်းက သူ့ကို တစ်ချိန်က ပြောခဲ့သော စကားကို ပြန်လည်သတိရသွားခဲ့၏။

ဖုန်းမိသားစု၏ ကံကြမ္မာသည် သူတို့ကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

********************

All Chapters