ကောင်းကင်ဘုံစက်ယန္ဒရား လက်ထောက်ခန်းမသခင်ပြန်ရောက်လာခြင်း
Vol. 3 Ch. 31
သစ်ပင်အနှစ်သာရ၏ ထူးခြားသည့်အကျိုးသက်ရောက်မှုကို မြင်ပြီးနောက် ချန်းစီလင် ထိုအရာကို လက်မခံရဲတော့ပေ။
သူမက အလျှင်အမြန်ပဲ ငြင်းဆန်လိုက်၏။
“ငါ ဒါကို တကယ် လက်မခံနိုင်ဘူး”
ရှုရို့ရန်က သူမ၏ အကြိမ်ကြိမ်ငြင်းဆန်းနေမှုကို မြင်သည့်အခါ စိတ်ပျက်သွားခဲ့သည်။ သူမက ရှေ့တက်ပြီး ချန်းစီလင်အင်္ကျီကော်လံကို ဆွဲဖွင့်ကာ သစ်ပင်အနှစ်သာရကို ထည့်ပေးလိုက်သည်။
“ယဥ်ကျေးမနေပါနဲ့။ နင်လည်း ဖန်းကို အပြင်လူလို့ သဘောမထားဘူးလေ…”
သူမစကားတွေက အဓိပ္ပာယ်နှစ်ခွဖြစ်နေပြီး ချန်းစီလင်ကို တုန်လှုပ်သွားစေခဲ့သည်။
သူမ အလျှင်အမြန်ပဲရှင်းပြလိုက်သည်။
“ရို့ရန်, ငါရှင်းပြပါ့မယ်။ အဲ့ဒါ နင်ထင်သလို မဟုတ်ပါဘူး။”
“ငါ ဂျန်ဖန်းကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံတာ ဘာ… ဘာ….. ဘာကြောင့်လဲဆိုတော့….”
သူမက အထစ်ထစ်အငေါ့ငေါ့နှင့် ရှေ့ဆက်မပြောနိုင်တော့ပေ။
ဂျန်ဖန်း ခွင့်ပြုချက်မရလျှင် သူမ ဘယ်လို့ ဝိညာဥ်သခင်ဆိုသည့် အထောက်အထားကို ထုတ်ဖော်ရဲမည်နည်း။
“ရပြီ… ရပြီ… နင်က အထစ်ထစ်အငေါ့ငေါ့နဲ့ ဘာကိုရှင်းပြမှာလဲ”
ရှုရို့ရန်က သူမကို စိတ်ရှုပ်ထွေးစွာနှင့် ကြည့်လိုက်သည်။
“ငါတို့သိလာတာကြာပြီ။ နင်တွေးနေတာ ငါမသိဘူးများထင်လား။”
“နင် ဂျန်ဖန်းကိုကြိုက်တယ်။ ဒါ အဆင်ပြေပါတယ်….။ ဒါပေမယ့် သူက ငါ့သတို့သားလောင်းနော်…., ဒီတော့ နင် ရပ်တန်းက ရပ်လိုက်ပါ။”
“ငါတို့ရဲ့ နှစ်ပေါင်းများစွာ ခင်မင်လာမှုကို ယောက်ျားတစ်ယောက်အတွက်နဲ့ ပျက်စီးမသွားစေချင်ဘူး။”
သူမစကားတွေက တိုက်ရိုက်ဆန်ပြီး ချန်းစီလင်ကို ရေနွေးပြုတ်ထားသည့်ပုစွန်လုံးကဲ့သို့ နီရဲသွားစေခဲ့သည်။ ထို့ကြောင့် သူမက ထိပ်ထိပ်ပျာပျာနှင့် ပြောလိုက်သည်။
“နင်… နင် တကယ် အထင်လွဲနေပြီ။ ငါတကယ် မဟုတ်ရပါဘူး။”
သူမက ငိုမဲ့မဲ့ဖြစ်လာခဲ့သည်။
ဘယ်လောက်ပဲရှင်းပြဖို့ကြိုးစားစား သူမ ရှင်းရှင်းမပြောနိုင်ဖြစ်နေခဲ့သည်။
ရှုရို့ရန် သူမနဖူးကို ရိုက်လိုက်သည်။
“ငါပြောပြီးပြီပဲ, နင်ငြင်းနေဖို့မလိုပါဘူး”
“ငါတို့သွားတော့မယ်”
သူမက ဂျန်ဖန်းလက်မောင်းကိုကိုင်ကာ လေလံပွဲကနေ ပေါ့ပါးစွာ ထွက်ခွာသွားခဲ့သည်။
အချို့အရာက ရင်ထဲမှာသိမ်းထားပြီး မကျေမနပ်ဖြစ်နေတာထက်စာလျှင် တိုက်ရိုက်ပြောပြီး စည်းခြားထားလိုက်တာ ပိုကောင်း၏။
ယခု ရှုရို့ရန်က ဂျန်ဖန်းကို နှောက်ယှက်တာ မကြိုက်ဘူးဟုပြောခဲ့၏။ ချန်းစီလင်၏ အမူအကျင့်အရဆိုလျှင် အနာဂတ်မှာ ဘာလုပ်ရမည်ဆိုတာ သိမည်ပဲဖြစ်သည်။
ဂျန်ဖန်း ချန်းစီလင်ကို လှည့်ကြည့်လိုက်သည့်အခါ သူမမျက်နှာပေါ်၌ ခါးသီးသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။ သူက ပဟေဠိဖြစ်သွားပြီး မေးလိုက်သည်။
“နင် တကယ် နားလည်မှုလွဲနေတာရော မဖြစ်နိုင်ဘူးလား”
ရှုရို့ရန် ခိုင်မာစွာပြောလိုက်သည်။
“မဖြစ်နိုင်ဘူး။ သူ နင့်ကို ကြိုက်နေတာ သေချာတယ်။”
‘ကောင်းပါပြီ’
သို့ပေမယ့် နာလည်မှုလွဲနေတာ တစ်ခုခု ရှိမည်ဟု ဂျန်ဖန်းမသိစိတ်က ပြောနေခဲ့သည်။
သူတို့ အိမ်ပြန်ရောက်သည့်အခါ….
ဂျန်ဖန်း သစ်ပင်အနှစ်သာရ လေးပုံတစ်ပုံကို ထုတ်ယူလိုက်၏။
သူက ခြေချိတ်ထိုင်ကာ ချက်ချင်းပဲ သောက်လိုက်သည်။
များစွာသောစွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲမှာ ချက်ချင်းပြည့်နှက်သွားပြီး သူ့ကိုယ်သူ ဖောင်းပွလာတယ်လို့ ခံစားလိုက်ရ၏။
သူက ချက်ချင်းပဲ သန့်စင်လေကျမ်းကို လည်ပတ်လိုက်ပြီး သန်စင်သည့်စွမ်းအင်တွေကို ကိုယ်ပိုင်စိတ်ဝိညဥ်စွမ်းအင်အဖြစ် အသုံးပြုလိုက်သည်။
သိပ်မကြာလိုက်ပေ။ သူခန္ဓာကိုယ်က တုန်လှုပ်လာခဲ့သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ, ငါ ချီကျင့်ကြံခြင်း အဆင့် ၈ ကို ချိုးဖြတ်သွားပြီ။”
ဂျနဖန်း ပြုံးလိုက်သည်။
ကံမကောင်းစွာနှင့် သစ်ပင်အနှစ်သာရက ပထမတစ်ကြိမ်သာ အလုပ်လုပ်၏။
နောက်ဆုံးကျန်ရှိသည့် သစ်ပင်အနှစ်သာရ လေးပုံတစ်ပုံကိုကြည့်ပြီး ဂျန်ဖန်း ထိုအရာကို သိမ်းထားလိုက်သည်။
ယခုက နေ့လည်ပဲရှိသေးတာဖြစ်၏။
ယနေ့အတွက် ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ချန်မိသားစုသို့ မပို့ရသေးတာကို ဂျန်ဖန်းမှတ်မိလိုက်၏။
ထို့ပြင် မနက်ဖြန်က ခန်းဝင်ပစ္စည်း ပေးဆောင်ရမည့်နေ့ဖြစ်ပြီး အချိန်မရှိပေ။
ထိုအရာကို တွေးပြီး နောက်နေ့အတွက်ပါ တစ်ခါတည်းသန့်စင်ဖို့ ဆုံးဖြတ်လိုက်၏။
ထိုသန့်စင်သည့်အလုပ်က ညရောက်မှသာ ပြီးစီးသွားခဲ့သည်။
သူ့ရှေ့က ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ၃၀၀ကို ကြည့်ပြီး ချန်းမိသားစုကို အမြန်သွားလိုက်၏။
“အများကြီးပါ့လား….”
ချန်းစီလင် တုန်လှုပ်သွားခဲ့သည်။
ဂျန်ဖန်းပြောလိုက်သည်။
“နောက်ရက်အနည်းငယ်မှာ ငါလုပ်စရာရှိလို့ လာနိုင်မှာမဟုတ်ဘူး။”
“ပိုက်ဆံကိုတော့ ရောင်းပြီးမှပဲ ပေးလေ။”
ပြောပြီးနောက် သူက ထွက်ခွာသွားခဲ့သည်။
ချန်းစီလင် ကျေးဇူးတင်နေခဲ့သည်။ သူမ တကယ်ပဲ ငွေသိန်း ၃၀ ထုတ်မပေးနိုင်ပေ။
ကံကောင်းစွာနှင့် ဂျန်ဖန်း သူမကို ယုံကြည်၏။
သူထွက်ခွာသွားတာကိုကြည့်ပြီး ချန်းစီလင် ထိပ်တန်းအဆင့်ချီကျင့်ကြံခြင်းအရည် တွေကို စတင်ရေတွက်တော့၏။
ရုတ်တရက် သူမကို အရိပ်တစ်ခုက ဖုံကွယ်သွားပြီး မော့ကြည့်လိုက်သည့်အခါ သူမ တုန်လှုပ်သွားခဲ့သည်။
လရောင်အောက်၌ ဧရာမသိမ်းငှက်ကြီးက မြေပြင်သို့ ဆင်းသက်လာပြီး သိမ်းငှက်ကျောပေါ်၌ အမျိုးသားတစ်ယောက် နှင့် အမျိုးသမီးတစ်ယောက် ရှိနေခဲ့သည်။
သူတို့က လက်ထောက်ခန်းမသခင် ချန်းကျန်တောက်နှင့် တိမ်စိမ်းဂိုဏ်းခေါင်းဆောင်သမီးဖြစ်သူ လျိုချင်းရှန်တို့ ဖြစ်ကြသည်။
သူတို့နှစ်ယောက်က လျှင်မြန်စွာပဲ ဆင်းသက်လာခဲ့ကြသည်။
လျိုချင်းရှန် အလျှင်အမြန်ရှေ့တက်လာပြီး ချန်းစီလင်ကို အကဲဖြတ်လိုက်၏။
“နင်က ချန်းမိသားစု သခင်မလေးလား….”
ချန်းစီလင် သတိအပြည့်ဖြင့် မျက်နှာထားတင်းတင်း မေးလိုက်သည်။
“နင်က ဘယ်သူလဲ?.... ဘယ်လိုတောင် ချန်မိသားစုနယ်မြေထဲကို ကျူးကျော်ရဲရတာလဲ။”
ဤနှစ်ယောက်၏ ကျင့်ကြံရေးက အလွန်မြင့်သည်ဟု သူမ ဝိုးတဝါးခံစားမိ၏။
အထူးသဖြင့် အမျိုးသားဖြစ်၏။ သူက သူမကို မွန်ကျပ်သည့်ခံစားချက်ကို ပေးစွမ်းနေ၏။
ချန်းကျန်တောက်က သူ့လက်တွေကို နောက်ပစ်ထားပြီး ပြောလိုက်သည်။
“ငါက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ လက်ထောက်ခန်းမသခင် ချန်းကျန်တောက်ပဲ။ သူမက တိမ်စိမ်းဂိုဏ်း ခေါင်းဆောင်ရဲ့ သမီး။”
အာ….
ချန်းစီလင်တုန်လှုပ်သွားပြီး အလျှင်အမြန် အရိုအသေပေးလိုက်သည်။
“ဂျူနီယာ စီလင် စီနီယာနှစ်ယောက်ကို အရိုအသေပေးပါတယ်”
သူမ နှလုံးသားက ခုန်ပေါက်နေပြီး စိုးရိမ်နေခဲ့သည်။ ဤစွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က အဘယ်ကြောင့် ချန်းမိသားစုမှာ ပေါ်လာရသနည်း။
လျိုချင်းရှန် အလျှင်လိုသည့်အသံဖြင့် မေးလိုက်သည်။
“နင်တို့ ဒီနေ့ လေလံပွဲတစ်ခုကျင်းပတယ်လို့ ကြားတယ်။ နောက်ဆုံးလေလံပစ္စည်းက တကယ်ပဲ အလှအပပြန်လည်ထိန်းသိမ်းခြင်း ဆေးလုံးလား။”
အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး သတင်းက အလျှင်အမြန်ပဲ ပျံ့နှံ့သွားပြီး တစ်ရက်တည်းနှင့် ပတ်ဝန်းကျင်မြို့တွေကို ရောက်ရှိသွားခဲ့သည်။
ထိုသတင်းကိုကြားသည့်အခါ သူတို့နှစ်ယောက်က ချန်မိသားစုကို စုံစမ်းဖို့ အလျှင်အမြန်လာခဲ့ကြ၏။
အဆင့် ၃ ဝိညာဥ်သခင်သာ ထိုကဲ့သို့ဆေးလုံးမျိုးကို သန့်စင်နိုင်တာ ဖြစ်သည်။
တိမ်စိမ်းဂိုဏ်းနယ်မြေထဲ၌ အဆင့် ၃ ဝိညာဥ်သခင် ပေါ်လာတာ အသေးအမွား ကိစ္စမဟုတ်ပေ။
ထိုအရာကိုကြားသည့်အခါ, ချန်းစီလင် စိတ်သက်သာယာရသွားခဲ့သည်။
ဂျန်ဖန်းနှင့် ပူးပေါင်းကတည်းက ဝိညာဥ်သခင်အကြောင်းကို ထိုအင်အားစုတွေ သူမအား လာမေးကြမည်ဟု မျှော်လင့်ထားပြီးဖြစ်၏။
ထို့ကြောင့် သူမက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည်။
“စီနီယာလျိုကို အကြောင်းပြန်ပါတယ်။ ဒီကိစ္စက အမှန်ပါ။”
ထိုအရာကို ကြားသည့်အခါ လျိုချင်းရှန်၏ ရင်သက်ရှုမောဖွယ်မျက်နှာလေးက အံ့သြသည့်အရိပ်အယောင်တွေ ပေါ်လာခဲ့သည်။
“နင် ဆေးဆရာကို မြင်ဖူးလား။”
ချန်းစီလင် ချောမွေ့စွာပဲ ပြန်ဖြေလိုက်၏။
“သူက မကြာသေးခင်ကမှ ချန်းမိသားစုနဲ့ လက်တွဲလုပ်တာပါ။”
“ဒါပေမယ့် ငါ့ သူ့အသွင်အပြင်၊ အသက်၊ နာမည် ဘာဆိုဘာမှမသိရဘူး။ သူ ယောက်ျားလား, မိန်းမလားဆိုတာတောင် မသိဘူး။”
“သူလာတိုင်း ခန္ဓာကိုယ်ကို အဝတ်ပွကြီးတစ်ခုနဲ့ ဖုံးထားတယ်လေ။ ဒါကြောင့် ငါသိချင်ပေမယ့် မမေးရဲဘူး။”
ထိုအဖြေကိုကြားသည့်အခါ လျိုချင်းရှန် မျက်လုံးတွေက စိတ်ပျက်မှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။
သူမက သူ့ကိုရှာတွေ့ဖို့ မျှော်လင့်ထားခဲ့သည်။
သူတို့သာ အဆင့် ၃ ဝိညာဥ်သခင်ကို တိမ်စိမ်းဂိုဏ်းသို့ ခေါ်ယူနိုင်လျှင် အချိန်တိုအတွင်းခွန်အားတိုးလာမှာ သံသယရှိစရာမလိုပေ။
အခြားတစ်ဖက်မှာတော့ ချန်းကျန်တောက်က စားပွဲပေါ်က ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်တွေကို သတိထားမိလိုက်၏။ သူက ပုလင်းတစ်ခုကို ကောက်ယူပြီး အဖုံးဖွင့်ကာ အနံ့ခံလိုက်သည်။
သူ့မျက်လုံးတွေ ချက်ချင်း တောက်သွားခဲ့သည်။
“အရည်အသွေးက ဈေးကွက်ထဲက ဟာထက် အများကြီးပိုမြင့်တာပဲ”
“သေချာပေါက် အဆင့် ၂ ဝိညာဥ်သခင် မသန့်စင်နိုင်ဘူး။ ဒီပုဂ္ဂိုလ်က တကယ် အဆင့် ၃ ဝိညာဥ်သခင်ပဲ။”
“သခင်မလေး, သူ နောက်တစ်ကြိမ် ဘယ်အချိန်လောက်လာမလဲ။”
ချန်းစီလင်က တည်ငြိမ်စွာပဲ စားပွဲပေါ်က ချီကျင့်ကြံခြင်းအရည် ပုလင်းတွေကို ညွှန်ပြလိုက်သည်။
“အဲ့ဒီစီနီယာပြောတာတော့ ဒီရက်ပိုင်း သူလုပ်စရာတစ်ချို့ရှိတယ်တဲ့။ ဒါကြောင့် အများကြီးလုပ်ပေးခဲ့တာ။”
“သူ ဘယ်အချိန်လောက် ထပ်လာမလဲ ငါမပြောတတ်ဘူး။”
ထိုအရာကို ကြားသည့်အခါ ချန်းကျန်တောက် အနည်းငယ်ခေါင်းညိတ်လိုက်သည်။
“ငါ့တို့ကို ဒါတွေပြောပြလို့ ကျေးဇူးတင်ပါတယ်။ ဒါကမင်းအတွက်ပါ။”
သူက သာမာန်အတိုင်း စွမ်းအားကြီး အဆောင်စာရွက်တစ်ခုကို ပေးလိုက်သည်။ ထိုအရာက ငွေပြားတစ်သိန်းလောက် တန်တာပဲဖြစ်သည်။
ချန်းစီလင် ပျော်ရွင်စွာနှင့် လက်ခံလိုက်၏။
“ကျေးဇူးတင်ပါတယ် စီနီယာ, ကျေးဇူးတင်ပါတယ် စီနီယာ….”
“ချင်းရှန် သွားစို့”
ချန်းကျန်တောက်က သိမ်းငှက်ကြီးပေါ်ကို ခုန်တက်လိုက်သည်။ လျိုချင်းရှန်လည်း တွန့်ဆုတ်သည့်အမူအရာဖြင့် နောက်ကလိုက်လာခဲ့သည်။
သိမ်းငှက်ကြီးက စူးစူးရှရှ အော်လိုက်ပြီး ကောင်းကင်သို့ပျံတက်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
သို့ပေမယ့် ထိုအရာက အဝေးကို ပျံသန်းမသွားပဲ တိမ်တွေကြားမှာ ပုန်းကွယ်နေခဲ့သည်။
“ဦးလေးချန်, ငါတို့ ဒီလိုပဲ ထွက်သွားတော့မှာလား။ ဒါက အဆင့် ၃ ဝိညာဥ်သခင်နော်။ ကောင်းကင်ဘုံစက်ယန္ဒယား ခန်းမတောင် အဆင့် ၃ ဝိညဥ်သခင် တစ်ယောက်ပဲ ရှိတာမလား။”
“ဒီလိုပုံရိပ်ကို ငါတို့လက်အောက် မသိမ်းသွင်းနိုင်ဘူးဆိုရင်တောင် သူ့အကြောင်း ရှင်းရှင်းလင်းလင်း စုံစမ်းသင့်တယ်။”
“ငါတို့ ဒီလို ထွက်သွားလို့ ဘယ်ဖြစ်မလဲ”
လျိုချင်းရှန် စိုးရိမ်စွာနှင့်ပြောလိုက်သည်။
ချန်းကျန်တောက်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ချန်းစီလင်၏ လုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည်။ သူ့မျက်လုံးတွေက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ငါတို့ ထွက်သွားမယ်လို့ ဘယ်သူပြောလဲ”
“အခုလဲ ငါတို့သူ့ကို ရှာနေတာမဟုတ်ဘူးလား”
လျိုချင်းရှန် ကြောင်အသွားခဲ့သည်။
“ဒီမှာစောင့်နေမယ်။ အဲ့ဒီဝိညာဥ်သခင်က သူ့ဘာသာထွက်လာမယ်လို့ ဦလေး ပြောချင်တာလား။”
ချန်းကျန်တောက်က သိမ်မွေ့သည့်အပြုံး တစ်ခုကို ထုတ်ဖော်လိုက်သည်။
“မင်း သတိမထားမိဘူးလား။ ချန်မိသားစုက ကောင်မလေးရဲ့ အဖြေတွေက ချောမွေ့လွန်းနေတယ်။”
လျိုချင်းရှန် ပြန်လည်စဥ်းစားလိုက်ပြီး တစ်စုံတစ်ခုမှားနေတာကို သိလိုက်၏။
“ဟုတ်တယ်, တကယ်ပဲ အရမ်းချောမွေ့လွန်း နေတယ်။”
“သူမက အဖြေတွေ ကြိုတင်ပြင်ဆင်ထား သလိုပဲ”
ချန်းကျန်တောက် ခေါင်းညိတ်လိုက်၏။
“သူမက ဝိညာဥ်သခင်ကို တမင်တကာ ဖုံးကွယ်ထားတယ်လို့ငါထင်တယ်။”
“အဲ့ဒီဝိညာဥ်သခင်ကိုရှာဖို့က ငါတို့ သူမကို စောင့်ကြည့်နေရုံပဲ။ နောက်ရက်တွေမှာ သူမ ဘယ်သူနဲ့ဆက်သွယ်တယ်ဆိုတာမြင်ရင် ဒါက ရှင်းလင်းသွားပါလိမ့်မယ်။”