← Chapters

အံ့ဖွယ်ခန်းဝင်ပစ္စည်း

Vol. 3 Ch. 32

အံ့ဖွယ်ခန်းဝင်ပစ္စည်း

Vol. 3 Ch. 32

ချန်းစီလင် ထိပ်တန်းအဆင့် ချီကျင့််ကြံခြင်းအရည် အားလုံးကိုယူပြီး သူမအခန်းသို့ပြန်သွားခဲ့သည်။

အခန်းထဲရောက်သည့်အခါ တည်ငြိမ်နေသည့် မျက်နှာက ကြောက်ရွံ့မှုတွေပေါ်လာခဲ့သည်။

“ကံကောင်းလို့… ဂျန်ဖန်း စောစောပြန်သွားတာ။ အဲ့လိုမှမဟုတ်ရင် ပြဿနာတက်ပြီပဲ။”

ချန်းစီလင် ရင်ဘတ်ကို ဖိထားလိုက်၏။ သူမနှလုံးသားက အပြင်းအထန်ခုန်ပေါက်နေခဲ့သည်။

“ဒီလူနှစ်ယောက်က ဂျန်ဖန်း မိတ်ဆွေလား၊ ရန်သူလား မသိဘူး။ သူတို့ ဂျန်ဖန်းကို သေချာပေါက်ရှာတွေ့လို့မဖြစ်ဘူး။”

သူမလက်ချောင်းကို အနည်းငယ်ကိုက်လိုက်ပြီး စိတ်တည်ငြိမ်အောင်ပြုလုပ်လိုက်၏။

“သူတို့ ထွက်သွားအုန်းမှာမဟုတ်တာ သေချာတယ်။ ငါ့ကို လျို့ဝှက်စောင့်ကြည့်နေ လောက်တယ်။ အခုချိန်သာ ဂျန်ဖန်းနဲ့ ဆက်သွယ်လိုက်ရင် သူတို့ရှာတွေ့သွားမှာ။”

“ဒီကိစ္စကြောင့် မနက်ဖြန် ဂျန်ဖန်း တင်တောင်းပွဲကို မသွားနိုင်တော့ဘူး။”

“ဟူး….”

နောက်တစ်နေ့ အာရုံတက်ချိန်၌ ရှုမိသားစု အဖွဲ့ဝင်တွေအားလုံး စောစော အိပ်ယာက နိုးလာကြ၏။

အဘယ်ကြောင့်ဆိုသော် ဤနေ့က ဂျန်ဖန်း တင်တောင်းမည့်နေ့ပဲဖြစ်သည်။

ပြောရလျှင် ကျူးမိသားစုလည်းလာမည်ဖြစ်၏။

ထိုအချိန်၌ နှစ်ဖက်လုံးက ထိပ်တိုက်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး ရှုံးသည့်ဖက်က အရှက်ကွဲမည်ပဲဖြစ်သည်။

ဂျန်ဖန်း ခန်းဝင်ပစ္စည်း ဘယ်လောက်ပေးမလဲဆိုတာနှင့် နောက်ဆုံးမှာ ရှုရို့ရန်ကို ပိုင်ဆိုင်နိုင်ပါ့မလား ဆိုတာ ရှုမိသားစုက သိချင်နေခဲ့ကြသည်။

“အလုပ်မြန်မြန်ပြီးအောင်လုပ်ကြ။ ဒါမှ ငါတို့ ဘယ်သူ သားမက်အသစ်ဖြစ်လာမလဲဆိုတာ သွားကြည့်လို့ရမှာ။”

“ပြောစရာတောင်လိုသေးလို့လား။ သေချာပေါက် ကျူးသခင်လေးပေါ့။ သူက တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်လေ။ ပြီးတော့ ကျူးမိသားစုက ဂုဏ်သရေရှိမိသားစု တစ်ခုပဲဟာ။”

“မသေချာဘူးနော်။ ငါကြာတာတော့ မနေ့က ဂျန်ဖန်း ငွေ တစ်သိန်းပဲ သုံးပြီး သစ်ပင်အနှစ်သာရပုလင်းများစွာရခဲ့တယ်တဲ့။ တစ်ပုလင်းချင်းစီကို ငွေပြား တစ်သိန်းလောက် တန်တယ်ပြောတယ်။”

“ဂျန်ဖန်း တင်တောင်းတဲ့ပစ္စည်းကလည်း မနည်းလောက်ဘူး။”

“အကြီးဆုံးသခင်မလေးကို ဘယ်သူက မနာလိုမဖြစ်ပဲနေမှာလဲ။ သခင်လေးတွေက မကြိုက်ကြပေမယ့် လက်ထပ်ပွဲက အခြားသခင်မလေးတွေထက် အများကြီးကြီးကျယ်ခမ်းနားနေပြီ။”

“ဒုတိယသခင်မလေး နောင်တရနေလောက်လား။ အစက ဂျန်ဖန်းက သူမကို လက်ထပ်ချင်ခဲ့တာလေ။”

ထိုအခိုက်အတန့်၌…

ရှုယင်းရင် လေ့ကျင့်ရေးကွင်းပြင်မှ ပြန်လာပြီး အစေခံတွေ အတင်းပြောနေတာကို ကြားလိုက်သည်။

သူမမျက်နှာက ချက်ချင်းအေးစက်သွားပြီး ကြိမ်းမောင်းလိုက်၏။

“နင်တို့အားလုံး လုပ်စရာအလုပ်မရှိကြဘူးလား။”

အစေခံတွေ လူစုခွဲသွားကြသည်။ သို့ပေမယ့် သူမအမူအရာက အချိန်အတော်ကြာ နေမထိထိုင်မသာဖြစ်နေခဲ့သည်။

သူမက ဓားရိုးကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး အနည်းငယ် အံ့ကြိတ်လိုက်၏။

“နောင်တရရမယ်တဲ့လား… ဟာသပဲ…”

“ဂျန်ဖန်း တင်တောင်းတဲ့ပစ္စည်း ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက် တန်းဖိုးရှိရှိ ငါကဂရုစိုက်ရမှာလား…”

ဒေါသထွက်နေပြီး သူမအမေခန်းက ဖြတ်ကျော်သွားချိန်၌ အထဲက ဆူညံသံတွေကို ကြားလိုက်သည်။

“ရှုကျန်းယန် ဒါတွေအားလုံးက နင့်အမှားတွေပဲ။ နင်ဘာလို့ ဒီလောက် အသုံးမကျရတာလဲ။ ဘာလို့ ပိုက်ဆံများများ မရှာနိုင်ရတာလဲ။”

“အလှအပဆေးလုံး ငါ့ရှေ့မှာရှိလျက်နဲ့ မဝယ်နိုင်ခဲ့ဘူး။”

“ကျန်းယုရို ဆေးသောက်ပြီးတဲ့နောက်မှာ အသက် ၂၀ လောက်ငယ်သွားတယ်တဲ့။ သူမသားနဲ့ယှဥ်ရင် မောင်နှမတွေအတိုင်းပဲတဲ့။”

“ငါဘာလို့ အရမ်းသနားစရာကောင်းနေရတာလဲ။ နင့်ရဲ့ ရှုမိသားစုက ငါ့တက်လမ်းတွေကို ပိတ်ဆို့နေတာပဲ။”

ရှုယင်းရင်း ညင်သာစွာ သက်ပြင်းချလိုက်၏။

“တစ်ညကျော်သွားတောင် ငြင်းခုန်နေကြတုန်း။”

လေလံပွဲက ပြန်ရောက်ကတည်းက ဝမ်းယင်ဖုန်း ပြောလို့မပြီးတော့ပေ။

ကျန်းယုရို၏ ပြောင်းလဲမှုကို သိပြီးနောက် သူမက ပိုလို့တောင် သောင်းကျန်းလာပြီး ရှုကျန်းယန်နှင့် မရပ်မနား အငြင်းပွားနေခဲ့သည်။

“အဖေက တကယ် ခံနိုင်ရည်ရှိတာပဲ။ အနာဂတ် ငါ သခင်လေးတစ်ယောက်ကို လက်ထပ်တဲ့အခါ အမေ့အတွက် အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ပေးနိုင်မလားလို့မေးရမယ်။

ရုတ်တရက် ဗျောက်အိုးဖောက်သံတွေ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

ရှုယင်းရင် အနည်းငယ်ပြုံးလိုက်သည်။

“ကျူးမိသားစု ခန်းဝင်ပစ္စည်းတွေ ရောက်လာပြီ။”

ကျူးဂျန်ရှန် သူမ အမကို အကြမ်းဖက်တာအား သူမသိ၏။

သူ့ကိုလက်ထပ်တာက ကျားရဲတွင်းထဲ သိုးတစ်ကောင်ဝင်သွားသကဲ့သို့ဖြစ်မည်ကို သိသော်လည်း သူ့အမကို ဂျန်ဖန်းနှင့် လက်မထပ်စေလိုပေ။

အဘယ်ကြောင့်ဆိုသော် သူ့အမသာ ဂျန်ဖန်းကို လက်ထပ်လို့ ကောင်းကောင်းမနေရလျှင် ကိစ္စမရှိပေ။

ရှုရို့ရန်သာ ပျော်ပျော်ရွင်ရွင်နေရလျှင် ဂျန်ဖန်းကိုလက်လွတ်လိုက်သည့်အတွက် သူမအမြင်အရှိဘူးလို့ ဆိုလိုနေမည်ဖြစ်၏။

“သခင်လေးကျူး အနိုင်ရဖို့ မျှော်လင့်တယ်။”

ရှုယင်းရင်း တီးတိုးပြောလိုက်သည်။

ဂျန်ဖန်းအခန်းထဲ၌…..

ရှုရို့ရန် မနက်အစောကြီးရောက်လာခဲ့ပြီး ဂျန်ဖန်းရင်ခွင်ထဲမှာ တိတ်တဆိတ်ငိုနေခဲ့သည်။

“ဖန်း, ငါတို့ အတူတူနေရမှာပါနော်။”

အစတုန်းက သူ့ ညီမအစားလက်ထပ်ရတာ မတရားဘူးဟုခံစားရ၏။

သို့သော်လည်း အတူတူအချိန်အချို့ ကုန်ဆုံးပြီးနောက် နှစ်ပေါင်းများစွာ အအဟန်ဆောင်ထားသည့် ဤကောင်လေးကို သူမကြိုက်နေပြီဆိုတာ သိလိုက်ရ၏။

သူမက ဂျန်ဖန်းကလွဲပြီး မည်သူ့ကိုက လက်မထပ်ချင်တော့ပေ။

ဂျန်ဖန်းက သူမကျောကို ပွတ်ပေးလိုက်ပြီး ပြောလိုက်သည်။

“အလိုက်တဲ့ကောင်းမလေး, ငါ မင်းကိုပေးတဲ့ ကတိတိုင်းကို ဖျက်ဖူးလို့လား။”

“ငါ မင်းကို လက်ထပ်မယ်လို့ ကတိပေးထားမှတော့, သေချာပေါက်မင်းကို လက်ထပ်မှာပေါ့။”

“ဘယ်သူမှ ငါ့ကို မရပ်တန့်နိုင်ပါဘူး။”

အပြောကတော့ လွယ်တာဖြစ်ပြီး လက်တွေ့ကတော့ ထင်သလောက်မလွယ်ပေ။

ရှုရို့ရန်က မျက်မှောင်ကြုတ်နေဆဲဖြစ်သည်။

နောက်ဆုံးတစ်ခေါက်ပြီးနောက် ကျူးမိသားစုက ဒီတစ်ချိန် ပိုမိုပြင်ဆင်လာမည်ပဲဖြစ်သည်။

“ဖန်း, ဒေါ်လေးဝမ် စိတ်ကျေနပ်ဖို့ သစ်ပင်အနှစ်သာရ အချို့ပေးလိုက်ပါလား။”

“အဲ့လိုမှမဟုတ်ရင် သူမ နင့်ကို ခက်ခဲအောင် လုပ်မှာ ငါစိုးရိမ်တယ်။”

ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်။

“မင်း သခင်ဒုန်ဂေါက်နဲ့ မြေခွေးပုံပြင်ကို ကြားဖူးတယ်မလား။”

“မင်း မြေခွေးကို စိတ်ကျေနပ်အောင် လုပ်နိုင်မှာမဟုတ်ဘူး။ သူလိုချင်တဲ့ အသားအားလုံးပေးလိုက်ရင်တောင် မင်းအရိုးမှာကပ်နေတဲ့ အသားကိုလိုချင်နေအုန်းမှာပဲ။”

“ဝမ်ယင်ဖုန်းလည်း အတူတူပဲ”

“သူမက သစ်ပင်အနှစ်သာရနဲ့ ကျေနပ်မှာတဲ့ လား။ မကျေနပ်ဘူး…. သူမက ငါ့ရဲ့ ငွေပြား ငါးသိန်းတစ်သောင်းကိုလည်း လိုချင်အုန်းမှာ။ မင်း နဲ့ ငါ သူမကို ခယတောင်းပန်တာကိုလည်း မင်းကို အကျိုးအမြတ်အတွက် ကျူးမိသားစုနဲ့ လက်ထပ်ခိုင်းအုန်းမှာပဲ။”

ထိုအရာကိုကြားသည့်အခါ မှန်တယ်ဆိုတာ ရှုရို့ရန်သိ၏။

သို့ပေမယ့် ဘာမှမလုပ်လို့ နောက်ပိုင်း ဝမ်ယင်ဖုန်းဒေါသထွက်လာလျှင် ရှုကျန်းယန်တောင် သူမကို ရပ်တန့်နိုင်မည် မဟုတ်ပေ။

“မစိုးရိမ်ပါနဲ့…., ငါပြင်ဆင်ထားတဲ့ ခန်းဝင်ပစ္စည်းက ဝမ်ယင်ဖုန်းကို ကျေနပ်စေမှာပါ။”

“ငါ သူမျက်နှာကိုရိုက်ရင်တောင်, အံ့ကြိတ်ပြီး ကျေနပ်ကြောင်းပြောအုန်းမှာ”

အာ….

ရှုရို့ရန် အံ့အားသင့်သွားခဲ့သည်။

ဘယ်လို ခန်းဝင်ပစ္စည်းမျိုးက ဤလောက်ကြီးကျယ်နိုင်ရသနည်း။

ဂျန်ဖန်းက ဟာသပြောနေပုံမပေါ်ပေ။ ထိုအရာက သူမကို ပိုလို့တောင် သိချင်စိတ်ဖြစ်လာစေခဲ့သည်။

ဗုံသံကြောင့် ရှုရို့ရန်၏ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့သည်။ သူမက ဂျန်ဖန်းကို ဆုံးရှုံးရမည်စိုး၍ ပိုမိုတင်းကျပ်စွာ ဖက်လိုက်သည်။

ဂျန်ဖန်း သူမကို စနောက်လိုက်၏။

“မစိုးရိမ်ပါနဲ့…. ခန်းဝင်ပစ္စည်းပေးပြီးတဲ့အခါကျရင် မင်းကြိုက်သလောက်ငါ့ကို ဖက်နိုင်ပါတယ်။”

ရှုရို့ရန်၏မျက်နှာက ဒေါသထွက် ရှက်သွေးဖြာပြီး နီရဲသွားခဲ့သည်။

“ဒီအချိန်မျိုးမှာတောင် ဟာသလုပ်နေနိုင်သေးတယ်။”

သူ့ရင်ခွင်ထဲမှာ အချိန်အတော်ကြာ တိုးဝှေ့ပွေ့ဖက်နေပြီးနောက် ရှုရို့ရန် လေးပင်စွာ သက်ပြင်းချလိုက်သည်။ မကြည်မသာနှင့် ဂျန်ဖန်းနောက်ကနေ ရှုမိသားစုခန်းမထဲသို့လိုက်လာခဲ့သည်။

ထိုအချိန်၌ ရှုကျန်းယန်, ဝမ်ယင်ဖုန်း, လုကျန်, ရှုမိသားစုအဖွဲ့ဝင်တွေအားလုံး ရောက်ရှိနေပြီး ဖြစ်၏။

ရှုကျန်းယန်က ဂျန်ဖန်းအနိုင်ရဖို့ မျှော်လင့်နေခဲ့၏။ သူအပြင် အခြားလူတွေကတော့ ပျော်ရွင်စွာနှင့် ခံစားချက်မဲ့စွာစောင့်ကြည့်နေကြ၏။

လုကျန်းက အခွင့်အရေးကို အရယူကာ မိသားစုတစ်ခုလုံးရှေ့၌ လှောင်ပြောင်လိုက်၏။

“ဂျန်ဖန်း, ဖိအားတွေအရမ်းကြီးမများပါနဲ့။ မင်းဘယ်နည်းနဲ့မှ အနိုင်မရပါဘူး။”

မူလတုန်းက ဂျန်ဖန်း တုန်ပြန့်ဖို့ ရည်ရွယ်ချက်မရှိပေ။

သို့ပေမယ့် လုကျန်းက ဆက်လက် လှောင်ပြောင်နေခဲ့၏။

“ငါမရနိုင်တဲ့ မိန်းမကို မင်းလည်းမရပါဘူး။”

“ငါ့အမြင်ကတော့, မင်းရိုးရိုးသားသား အရှုံးကို ဝန်ခံသင့်တယ်။ မျက်နှာအချို့ရတာပေါ့။”

“အဲ့လိုမှမဟုတ်ရင် ကျူးမိသားစု တင်တောင်းတဲ့ပစ္စည်းက မင်းကို အရှက်ရသွားစေလိမ့်မယ်။”

“နင့်ပါးစပ် ပိတ်ထားစမ်း…”

အထင်မြင်သေးသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လုကျန်းကို မကျေနပ်စွာဖြင့် ကြိမ်းမောင်းလိုက်သည့် လူက အမြဲလိုလို သိမ်မွေ့ညင်သာသည့် ရှုရို့ရန်ပဲဖြစ်သည်။

“နင် စောက်သုံးမကျတာနဲ့ပဲ ဖန်းကိုလည်း နင့်လိုထင်မနေနဲ့။”

“ဖန်းက နင့်ထက် အဆတစ်ရာသာတယ်။”

မည်သည့်ယောက်ျားမှ အနှိုင်းယှဥ်မခံလိုပေ။ အထူးသဖြင့် သူကြိုက်သည့်အမျိုးသမီးရှေ့မှာ ဖြစ်သည်။

လုကျန်း ရှက်သွားပြီး ဒေါသထွက်စွာနှင့် ပြောလိုက်သည်။

“ဂျန်ဖန်းက ဘယ်လိုငါ့ထက်သာ…..”

သူက တစ်ဝက်တပြတ်နှင့် ရပ်တန့်လိုက်၏။

မကြာသေးခင်က လက်ထောက်ခန်းမသခင်ချန်းရှေ့၌ ဂျန်ဖန်း သူ့အား ခွေးတစ်ကောင်ကဲ့သို့ အသာအယာ နှင်းချေသွားခဲ့သည်။

ထို့ကြောင့် လုကျန်းအသံ ပြောင်းသွားခဲ့သည်။

“သူ့ကို ဒီလောက်ကာကွယ်နေရအောင် နင့်ကို ဘာတွေပေးထားလို့လဲ”

ရှုရို့ရန် နောက်ထပ်သည်းမခံနိုင်တော့ပေ။

သူမက မတ်တပ်ရပ်ကာ လုကျန်းကို ပါးပိတ်ရိုက်လိုက်သည်။

လုကျန်း ဒေါသထွက်သွားပြီး ပြောလိုက်သည်။

“ကောင်းတယ်… ကောင်းတယ်…. မိန်းမတစ်ယောက်က ငါ့ကို ရိုက်ရဲတယ်ပေါ့။ ဒါဆိုလည်း ငါရိုင်းတာကို အပြစ်မတင်နဲ့။”

ရှုယင်းရင်ရိုက်လျှင် သူခံသာသေး၏။ သူမက ချီကျင့်ကြံခြင်းအဆင့် ၉ ဖြစ်၏။

သို့ပေမယ့် အဆင့် ၂သာ ရှိသည့် ရှုရို့ရန်က သူ့ကို ရိုက်ရဲသည်လား။

ကောင်းပြီလေ ဝမ်ယင်ဖုန်း နှစ်ရှည်လများ သဘောမကျခဲ့သည့် ရှုရို့ရန်ကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်၏။

သူက ဒေါသတကြီး လက်သီတစ်လုံးပစ်သွင်းပြီး ပြန်လည်တိုက်ခိုက်လိုက်၏။

ဖြန်း….

သို့ပေမယ့် သူတို့ ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ သူ့စိတ်ဝိညာဥ်စွမ်းအားက ရှုရိုရန်ထက် နိမ့်ကျတာ တုန်လှုပ်စွာနှင့် သိလိုက်ရသည်။

သူမရိုက်ချက်က သူ့လက်ကို လမ်းကြောင်းလွဲသွားစေပြီး မျက်နှာပေါ် တိုက်ရိုက်ကျကာ မြေပြင်ပေါ် လဲကျသွားခဲ့သည်။

ရယ်နေကြသည့် ရှုမိသားစုအဖွဲ့ဝင်တွေအားလုံး တုန်လှုပ်သွားကြသည်။ လုကျန်းလည်း ရှုရို့ရန်ကို သစ္ဆေသရဲတစ်ကောင်ကဲ့သို့ ကြည့်နေခဲ့သည်။

ရှုရို့ရန်က အေးစက်စွာနှင့် သူမလက်ကို ပြန်ရုတ်လိုက်ပြီး လုကျန်းကို စက်ဆုပ်ရွံ့ရှာစွာ ကြည့်လိုက်သည်။

“အခု ဖန်း ငါ့ကို ဘာပေးလဲ သိပြီလား”

All Chapters