← Chapters

ကျူးမိသားစု၏ တန်ဖိုးကြီးခန်းဝင်ပစ္စည်း

Vol. 3 Ch. 33

ကျူးမိသားစု၏ တန်ဖိုးကြီးခန်းဝင်ပစ္စည်း

Vol. 3 Ch. 33

ရှုမိသားစုအဖွဲ့ဝင်တွေ အကြီးအကျယ် တုန်လှုပ်သွားကြသည်။

“သူ… သူမက တကယ်ပဲ ရှုရို့ရန်လား။ ငါအမြင်မမှားပါဘူးနော်….”

“သူမက ချီကျင့်ကြံခြင်းအဆင့် ၂ ပဲ ရှိတာမဟုတ်ဘူးလား။ ဘယ်အချိန်က အဆင့် ၅ ရောက်သွားပြီး လုကျန်းကို ရိုက်နိုင်သွားတာလဲ။”

“ဒါက ဂျန်ဖန်းကြောင့်ပဲဖြစ်မယ်။”

“မအံ့သြတော့ပါဘူး။ သူမ ဂျန်ဖန်း အရမ်း ချစ်ခင်နေတာ မအံ့သြတော့ပါဘူး။ လက်စသတ်တော့ ဂျန်ဖန်းက သူမကို အကျိုးကျေးဇူးတွေအများကြီး လျို့ဝှက်ပေးနေတာကိုး။”

“ငါသာ ရှုရို့ရန်ဆိုရင်လည်း ဂျန်ဖန်းကို လက်ထပ်မှာပဲ။”

……

ရှုရို့ရန် ဂျန်ဖန်ဘေးကိုပြန်ရောက်လာပြီး နူးညံ့စွာပြောလိုက်သည်။

“ငါလုပ်တာအားလုံး မှန်တယ်မလား”

ဂျန်ဖန်း သူမခေါင်းကို ပုတ်လိုက်ပြီး စာရေးလိုက်သည်။

“အရှုံးသမားခွေးတစ်ကောင်နဲ့ ဘာလို့ စိတ်အနှောက်အယှက်ဖြစ်ခံနေတာလဲ။”

ရှုရို့ရန် ပြန်ပြောလိုက်၏။

“ဘေးနားမှာ ယင်ကောင်တွေ တဝီဝီမြည်နေရင် နည်းနည်းလောက်ရိုက်ပေးလိုက်မှ ငြိမ်ကျသွားတာ။”

မြေပြင်ပေါ်မှာလဲနေသည့် လုကျန်း နီရဲနေသည့် သူ့မျက်နှာကို ကိုင်ထားပြီး အမုန်းတရားတွေနှင့်ပြည့်နှက်နေခဲ့သည်။

“ဂျန်ဖန်း, မင်း စောင့်နေလိုက်ပါ”

ဂျန်ဖန်း ကြည့်လိုက်ပြီး စာရေးလိုက်သည်။

“မင်းငါ့ကို ဘာတွေလုပ်ဖို့များ ရည်ရွယ်ထားတာလဲ….. အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကြီး လုကျန်း”

ထိုအရာက အနာပေါ်ဒုတ်ကျသကဲ့သို့ ဖြစ်၏။

အဆင့် ၉ စိတ်ဝိညာဥ်အမြစ် အထင်မှားခြင်းက လုကျန်း၏ အရှက်ရဆုံးကိစ္စဖြစ်၏။

လုကျန်း အလွန်ဒေါသထွက်သွားပြီး မျက်လုံးတွေ ခေါင်းထဲကထွက်တော့မတတ် ပြူးကျယ်နေခဲ့သည်။ သူ့ရင်ဘတ်လည်း ကြမ်းတမ်းစွာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး အမူအရာက မဲမှောင်နေခဲ့သည်။

ဘန်း…

“ဂျန်ဖန်း, နင် ငါကို ရှိသေးတယ်လို့ သတ်မှတ်သေးရဲ့လား။”

ဝမ်ယင်ဖုန်း စားပွဲကို ရိုက်လိုက်ပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။

သူမက ဂျန်ဖန်းကို နောက်ထပ်သည်းမခံနိုင် တော့ပေ။

ဂျန်ဖန်း လေးလေးနက်နက် စာတစ်ကြောင်း ရေးလိုက်၏။

“မင်းက ထိုက်တန်လို့လား။”

ထိုစကားလုံးသုံးလုံး၏ အထင်မြင်သေးမှုက စာရွက်ပေါ်မှာ အထင်းသားရှိနေခဲ့သည်။

ရှုမိသားစုအဖွဲ့ဝင်တွေအားလုံး တုန်လှုပ်သွားကြသည်။ သူက အမှန်တကယ်ပဲ ဝမ်ယင်ဖုန်းကို ပေါ်ထင် စော်ကားရဲ၏။

ရှုရို့ရန် အလွန်ကြောက်ရွံ့သွားပြီး သူမနှလုံးသားက ခုန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူမက အလျှင်အမြန် စာကြောင်းကို ဖုံးဖိလိုက်ပြီး တီးတိုးပြောလိုက်သည်။

“နင်ရူးနေလား…”

“ဒီအချိန်မှာ ဘာလို့ သူမကို ရန်စတာလဲ”

ရှုယင်းရင်း၏ မျက်လုံးတွေ အေးစက်သွားပြီး ဂျန်ဖန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ဂျန်ဖန်း သူမအမေကို မလေးမစားဆက်ဆံတာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီဖြစ်၏။

“ဂျန်ဖန်း, ဒီနေ့ နင် ရှုမိသားစု သားမက်ဖြစ်လာရင် ငါတို့ထဲကတစ်ယောက်လို့တွေးပြီး ဒီကိစ္စကို ခွင့်လွတ်ပေးလိုက်မယ်။ ငါ့အမေကို ရိုရိုသေသေနဲ့ တောင်းပန်လိုက်ရင် ဒီကိစ္စပြီးသွားလိမ့်မယ်။”

“အေး… မဖြစ်လာလို့ကတော့, ငါ နင်နဲ့ ဒီကိစ္စကို သေခြင်းရှင်ခြင်းဖြေရှင်းမယ်။”

ဂျန်ဖန်းလည်း ရှုယင်းရင်းကိုကြည့်လိုက်ပြီး ဘာမပြောညာမပြော စာရေးလိုက်၏။

“အငြိုးကြီးပြီး ရူးနေတဲ့ နင့်အမေလို မိန်းမမျိုးအတွက် ငါ့အသက်ကို ဘာလို့ စွန့်စားရမှာလဲ။ တန်လို့လား…”

ဘာ?....

ဂျန်ဖန်း ဝမ်ယင်ဖုန်းကို ဆက်လက် စော်ကားနေတုန်းလား?.....

ရှုမိသားစုအဖွဲ့ဝင်တွေ တုန်လှုပ်သွားပြီး ကြေက်ရွံ့သွားကြသည်။

“ငါတို့ ပြောချင်ပေမယ့် မပြောရဲတဲ့ စကားကို ဂျန်ဖန်းက ပြောချလိုက်တာပဲ”

“ဒါပေမယ့် သူက အရမ်းစိတ်လိုက်မာန်ပါ လုပ်လွန်းတယ်။”

“သူက စိတ်ရှည်သည်းခံဖို့ ငယ်လွန်းသေးတယ်။”

ရှုကျန်းယန် ခေါင်းကိုက်သွားခဲ့သည်။

သူက အလျှင်အမြန်ပဲ ပြောလိုက်သည်။

“ဂျန်ဖန်း, အဓိပ္ပာယ်မရှိတာတွေ မပြောနဲ”

သူက ဂျန်ဖန်းကို တစ်ချက်ကြည့်လိုက်ပြီး ခုချိန်မှာ သည်းခံဖို့ အချက်ပြလိုက်သည်။

ဂျန်ဖန်းနှင့် ရှုရို့ရန်တို့ လက်ထပ်ပွဲက ဝမ်ယင်ဖုန်း လက်ထဲမှာ ရှိတာဖြစ်သည်။

ဝမ်ယင်ဖုန်း အရမ်းစိတ်ဆိုးလာလျှင် သူတို့ လက်ထပ်ပွဲက သေချာပေါက် ပျက်သွားမည်ဖြစ်၏။

သို့ပေမယ့် ယခုချိန်မှ သတိပေးတာက နောက်ကျသွားပြီဖြစ်၏။

ဝမ်ယင်ဖုန်း ဒေါသတွေဆူပွက်နေပြီး လက်ထဲက လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ် ရိုက်ခွဲလိုက်၏။

လက်ဖက်ရည်ပူတွေက လွင့်စင်သွားပြီး ဘေးနားက ကလန်အဖွဲ့ဝင်တွေ နာကျင်စွာ အော်လိုက်ကြသည်။

“ဂျန်… ဖန်း….”

ဝမ်ယင်ဖုန်း အံ့ကြိတ်လိုက်ပြီး သူမခန္ဓာကိုယ်က တုန်ယင်နေခဲ့သည်။

“ဒီနေ့ ငါနင်တို့ လက်ထပ်ပွဲကို ခွင့်ပြုခဲ့ရင် ငါ့နာမည်ကို နောက်ပြန်ရေးပစ်မယ်။”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူမျှ အလွန်ဒေါသထွက်နေသည့် ဝမ်ယင်ဖုန်းကို မကြည့်ရဲကြတော့ပေ။

သူတိုက ဂျန်ဖန်းကို ကြည့်လိုက်ပြီး သနားသည့်အမူအရာတွေ ထုတ်ဖော်လာကြ၏။

ရှုရို့ရန် လည်း ဖျော့တော့သွားခဲ့သည်။

ခန်းဝင်ပစ္စည်းတောင် ယှဥ်ပြိုင်ဖို့မလိုအပ် တော့ပေ။

ကျူးမိသားစု သေချာပေါက် အနိုင်ရသွားမှာပဲ ဖြစ်သည်။

ဝမ်ယင်ဖုန်းက သူမနာမည်ကို နောက်ပြန်ရေးမည်ဟု လူသိရှင်ကြား ကျိန်ပြောလိုက်ပြီဖြစ်သည်။

ယခုချိန်မှာ ဝမ်ယင်ဖုန်း စိတ်ပြောင်းအောင် မည်သည့်အကြောင်းပြချက်မှ သူမရှာမတွေ့ပေ။

ဂျန်ဖန်းသာ မစိုးရိမ်ပဲရှိနေပြီး ဖြည်းညင်းစွာ စာရေးလိုက်သည်။

“မစိုးရိမ်ပါနဲ့…. မင်း သဘောတူမှာပါ။”

ဂျန်ဖန်း ရူးသွားပြီးလားဆိုတာ ရှုကျန်းယန် သိချင်နေခဲ့သည်။

သူက ဝမ်ယင်ဖုန်းကို ကျိန်ဆိုရလောက်တဲ့ထိ ဒေါသထွက်အောင်လုပ်ခဲ့၏။

သူမစကားတွေကိုပြန်ရုတ်သိမ်းပြီး သူမကိုယ်သူမ ရယ်စရာတစ်ခုအဖြစ် မည်သို့ အဖြစ်ခံမည်နည်း။

“ယင်ဖုန်း, ဘာလို့ အရမ်းတွေဒေါသထွက်နေတာလဲ။”

ကျန်းယုရိုက ကျူးဂျန်ရှန်ကိုဦးဆောင်ပြီး အပြုံးတစ်ခုနှင့် ခန်းမထဲကို ဝင်လာခဲ့သည်။

သူတို့ရဲ့အစေခံတွေက တောက်ပသည့် ကျောက်မျက်မျိုးစုံနဲ့ ရတနာသေတ္တာများစွာ ကို သယ်ဆောင်လာခဲ့သည်။

အရင်တစ်ခေါက်ကထက် ပိုများတာပဲ ဖြစ်သည်။

ဝမ်ယင်ဖုန်း ကျန်းယုရိုကို မမှတ်လုနီးပါးဖြစ်သွားခဲ့သည်။

သူမက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသားအရည်က ချောမွေ့ကာ နှင်းဆီရောင်သန်းနေခဲ့သည်။ ဆံပင်ကလည်း နက်မှောင်နေပြီး နောက်မှာရပ်နေသည့် ကျူးဂျန်ရှန်နှင့် ယှဥ်လျှင် အသက်အတူတူလောက်ပဲ ဖြစ်သည်။

‘ဒါက အလှအပပြန်လည်ထိန်းသိမ်းခြင်း ဆေးလုံး အာနိသင်လား။’

ထိုအရာက ချဲ့ကားပြောသည့် ကောလဟာလ တွေလို့ ဝမ်ယင်ဖုန်း တွေးထားခဲ့သည်။

ယခု ကျန်းယုရို၏ပြောင်းလဲမှုက သတင်းတွေထက်တောင် ပိုတယ်ဆိုတာ သူမမြင်လိုက်ရ၏။

သူမစိတ်ထဲမှာ မနာလိုမှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။

ဆေးတစ်လုံးက အမျိုးသမီးတစ်ယောက်ကို အသက် ၂၀ ငယ်သွားစေ၏။

ကံမကောင်းစွာနှင့် ထိုအရာက တစ်ခုသာ ရှိတာဖြစ်သည်။

သူမက ရှုပ်ထွေးသည့်အမူအရာနှင့် နှုတ်ဆက်လိုက်၏။

“ကိစ္စသေးသေးလေးအချို့ပါ….. အသေးအမွားလေးပါ….”

ကျန်းယုရို သူမ၏ဂုဏ်ယူမှုကို ဖုံးကွယ်မထားပဲ ရွင်ပြစွာပြောလိုက်သည်။

“ဝမ်ဖုန်း, ပျော်ပျော်နေစမ်းပါ။ ဒီနေ့က ရှုမိသားစု ပျော်ရွင်စရာနေ့ပဲလေ။”

“ရှန်အာ, သားရဲ့ အနာဂတ် ယောက္ခ်မကို အရိုအသေပေးလိုက်အုန်း။”

ကျူးဂျန်ရှန် အလျှင်အမြန်ပြုံးလိုက်ပြီး ယဥ်ကျေးစွာပြောလိုက်သည်။

“သားမက် ကျူးဂျန်ရှန် အရိုအသေပေးပါတယ်။”

ဝမ်ယင်ဖုန်း ခုချိန်ထိ စိတ်အခြေအနေ မကောင်းသေးပေ။ သူမက အားတင်းပြုံးလိုက်၏။

“ထိုင်ကြပါ။ လူတိုင်းထိုင်ကြပါ။”

သူမထိုင်ခုံကိုပြန်ရောက်သည့်အခါ ဝမ်ယင်ဖုန်းစိတ်က အခြားတစ်နေရာကို ရောက်နေခဲ့သည်။

အထူးသဖြင့် ရှုမိသားစုအဖွဲ့ဝင်တွေအားလုံး ပြောင်းလဲသွားသည့် ကျန်းယုရိုကို စိုက်ကြည့်နေတာ သတိထားမိသည့်အခါ သူမစိတ်အခြေအနေက ပိုဆိုးသွားခဲ့သည်။

ရှုကျန်းယန်က တည်ငြိမ်သည့်အမူအရာဖြင့် မေးလိုက်သည်။

“သခင်မကျူး, ဒီနေ့ ဘာခန်းဝင်ပစ္စည်းတွေ ယူလာခဲ့လဲ။”

တောက်ပသည့်ရတနာတွေကိုကြည့်ပြီး သူက ဂျန်ဖန်းအတွက် စိုးရိမ်သွားခဲ့သည်။

ကျူးဂျန်ရှန်း ရှေ့ထွက်ပြီးပြောလိုက်သည်။

“ကျွန်တော် မိတ်ဆက်ပေးပါရစေ။”

“ရွေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ အာလုံး ငွေပြား ၁၀ သိန်းတန်ပါတယ်ဗျ။”

ဝိုး….

ရှုမိသားစုအဖွဲ့ဝင်တွေတုန်လှုပ်သွားခဲ့သည်။

အစောပိုင်း စိတ်ဓာတ်ကျနေသည့် ဝမ်ယင်ဖုန်းလည်း ရုတ်တရက် တက်ကြွလာခဲ့သည်။ ငွေပြား ၁၀ သိန်းက အလွန်များသည့်ပမာဏဖြစ်၏။

ထိုငွေအမောက်သာရှိခဲ့လျှင် မနေ့က အလှအပဆေးလုံးဟာ သူမဟာဖြစ်နေပြီပဲဖြစ်သည်။

ကျူးဂျန်ရှန်က သူတို့တုန့်ပြန်မှုတွေကို ကျေနပ်သွားပြီး ဆက်ပြောလိုက်သည်။

“အလယ်အလတ်အဆင့် ချီကျင့်ကြံခြင်းအရည် ပုလင်း ၂၀။ ဒါကတော့ ငွေပြား ၂ သိန်း တန်ပါတယ်။”

“ငွေပြား ၃ သိန်းတန်တဲ့ အဝါရောင် အဆင့်နိမ့် သိုင်းကျမ်းတစ်ခု။”

“ငွေပြား ၅ သိန်းတန်တဲ့ အဆင့်နိမ့် မှော်လက်နက်တစ်ခု”

မှော်လက်နက်အကြောင်းပြောသည့်အခါ ရှုယင်းရင်း ထိုင်မနေနိုင်တော့ပေ။

“မှော်လက်နက်?....”

သာမာန်လက်နက်တွေနှင့်မတူပဲ, မှော်လက်နက်တွေ၌ စိတ်ဝိညာဥ်စွမ်းအားပါရှိ တာပဲဖြစ်သည်။

ထိုအရာသုံးခြင်းဖြင့် သူမ ဓားသိုင်းပညာ၏စွမ်းအားကို အကြီးအကျယ် တိုးမြှင့်နိုင်မှာပဲဖြစ်သည်။

ထိုကဲ့သို့ ပစ္စည်းမျိုးက တိမ်စိမ်းဂိုဏ်းမှာသာ ရရှိနိုင်၏။

ထို့ပြင် သူတို့က အရမ်းတန်ဖိုးကြီးပြီး အလွန်ထူးချွန်သည့် တပည့်တွေကိုသာ ဆုအဖြစ် ပေးအပ်၏။။

သူမ မနေနိုင်ပဲ ရှုရို့ရန်ကို မနာလိုဖြစ်လာခဲ့သည်။ သူမက ထိုကဲ့သို့များပြားသည့် ခန်းဝင်ပစ္စည်းတွေတောင် ရရှိတာပဲဖြစ်သည်။

ဝမ်ယင်ဖုန်း မျက်နှာလည်း ပျော်ရွင်မှုတွေနှင့် ပြည့်နှက်လာခဲ့သည်။

အာလုံးပေါင်းလိုက်လျှင် ထိုအရာက ငွေပြား သိန်း ၂၀ တန်ဖိုးရှိ၏။

“တော်လိုက်တဲ့သားမက်လေး။ ငါတို့ ရို့ရန်က သားနဲ့ တကယ် ရေစက်ရှိတာပဲ။”

ဝမ်ယင်ဖုန်း ပြုံးနေတာကို မရပ်နိုင်တော့ပေ။

ကျူးဂျန်ရှန် လည်း ယုံကြည်မှုတွေ မြင့်တက်လာခဲ့သည်။

ယှဥ်ပြိုင်မှုက ပြီးဆုံးသွားပြီပဲ ဖြစ်သည်။

သူက ခုချိန်ထိ တည်ငြိမ်နေသေးသည့် ဂျန်ဖန်းကို လှည့်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“ဂျန်ဖန်း, မင်း မနေ့က လေလံပွဲမှာ အတော်လေးမောက်မာနေတာမဟုတ်ဘူး လား။”

“အခုရော မင်းမောက်မာနိုင်သေးလား”

“မင်းရဲ့ ခန်းဝင်ပစ္စည်းက မင်းရဲ့မောက်မာမှုနဲ့ ယှဥ်နိုင်လားဆိုတာ ကြည့်ရအောင်….”

ဂျန်ဖန်း သူ့မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

သူက တည်ငြိမ်စွာပဲ စာတစ်ကြောင်းရေးလိုက်သည်။

“မင်းမှာရှိတာ ဒါပဲလား….”

All Chapters