ကျေးဇူပြုပြီး မင်းမျက်နှာမင်းပြန်ရိုက်လိုက်ပါ
Vol. 3 Ch. 34
ရှုမိသားစုတစ်ခုလုံး ထိုစကားလုံးလေးလုံးကို အံ့အားသင့်စွာနှင့် စိုက်ကြည့်နေခဲ့ကြသည်။
“ဒါက ဘာကိုဆိုလိုတာလဲ။ ကျူးမိသားစု လက်ဖွဲ့ပစ္စည်းက နည်းတယ်လို့ ထင်နေတာလား။”
“သိန်း ၂၀ တန် လက်ဖွဲ့ပစ္စည်းတွေနော်။ ဒါက အထီးကျန်လှေမြို့တည်ထောင်ကတည်းက ပထမဆုံးပဲ။”
“ဂျန်ဖန်းက ဒီလောက်များတဲ့ လက်ဖွဲ့ပစ္စည်း တွေကို အထင်သေးနေတာလား။”
ရှုရို့ရန်ကတော့ ဝမ်းနည်းသည့်အရိပ်အယောင်တွေ ပြသနေခဲ့သည်။
ထိုအရာက သိန်း ၂၀ တန် လက်ဖွဲ့ပစ္စည်းဖြစ်၏။ ဂျန်ဖန်း ဘယ်လို ယှဥ်နိုင်မည်နည်း။
မနေ့ကကျန်သည့် သစ်ပင်အနှစ်သာရရောင်းမည်ဆို လျှင်တောင် ၁ သိန်းကျော်လောက်ပဲ ရမည်ဖြစ်၏။
ဂျန်ဖန်းမှာရှိသည့် ငါးသိန်းတစ်သောင်းနှင့် ပေါင်းလျှင် ထိုအရာက သိန်း ၂၀ ပြည့်ဖို့ နီးတောင်မနီးစပ်သေးပေ။
ကျူးဂျန်ရှန် ဟန်ဆောင်ပြုံးလိုက်၏။
“မင်းသာ သစ်ပင်အနှစ်သာရတွေ သုံးမပစ်ခဲ့ဘူးဆိုရင် ငါနဲ့ ယှဥ်နိုင်လောက် တယ်။”
“အခုတော့မင်းမှာ ဘာမှမရှိတော့ဘူး။ ငါနဲ့ ယှဥ်ပြိုင်ဖို့ ဘာကိုသုံးမှာလဲ။”
လုကျန်း နောက်ဆုံးမှာတော့ လက်စားချေဖို့ အခွင့်အရေးရသွားခဲ့သည်။
သူက လှောင်ပြောင်လိုက်၏။
“သခင်လေးကျူး, ဒီကောင်က အအမိုလို့သာ၊ ခေါင်မှာတဲ့နေရာမှာတော့ ပြိုင်ဘက်ကင်းပဲ။”
“ဖူးယောင်နေတဲ့ မျက်နှာနဲ့တောင် သူ့ပါးစပ်က အလျော့ပေးမှာ မဟုတ်ဘူး။”
“ရှုရို့ရန် မင်းရင်ခွင်ထဲရောက်တဲ့အခါမှပဲ ဒီကောင်ပါးစပ်ပိတ်သွားမှာ”
ဝမ်ယင်ဖုန်း၏ စိတ်အခြေအနေကောင်းလည်း ဂျန်ဖန်း စကားလုံးကြောင့် ချက်ချင်း ပျက်ဆီးသွားခဲ့သည်။
“နင်က ငွေပြား သိန်း ၂၀ တန်တဲ့ လက်ဖွဲ့ပစ္စည်းကိုတောင် အထင်သေးတယ်လား”
“သခင်လေးဂျန်, နင်က ဘယ်လောက်ပေးတောင် ပေးမှာလဲ”
ရှုကျန်းယန် လေးပင်စွာ သက်ပြင်းချလိုက်သည်။
နောက်ထပ်ယှဥ်ပြိုင်ဖို့က မလိုအပ်တော့ပေ။
ကံကြမ္မာနတ်သမီးဆင်းကူညီရင်တောင် ဒီလောက်များသည့်ငွေအမောက် ဂျန်ဖန်း မစုဆောင်းနိုင်ပေ။
ဆက်လက်ယှဥ်ပြိုင်နေမည်ဆိုလျှင် အရှက်ကွဲတာပဲရှိမည်ဖြစ်သည်။
“ကောင်းပြီ, သခင်လေးကျူး လက်ဖွဲ့ပစ္စည်းပေးပြီးပြီးဆိုမှတော့ လက်ထပ်ပွဲက အတည်ဖြစ်သွားပြီး။ ဂျန်ဖန်း ခန်းဝင်ပစ္စည်း ပြဖို့ မလိုတော့ဘူး။”
ဘန်း….
သို့ပေမယ့် ဝမ်ယင်ဖုန်းက စာပွဲကို ရိုက်လိုက်ပြီး လှောင်ပြောင်လိုက်၏။
“ဒီအမှိုက်ကောင်ကို ကာကွယ်နေတာ ရပ်လိုက်တော့”
“အခုလေးတင် သူဘယ်လို လေကြီးလေကျယ်တွေ ပြောထားလဲဆိုတာ မေ့သွားပြီလား။”
“ဒီနေ့ သူဘာတွေလုပ်ပြမလဲဆိုတာ ငါတကယ်မြင်ချင်သေးတယ်။”
ကျူးဂျန်ရှန်လည်း လက်နှစ်ဖက်ကို ယှက်ပြီးပြောလိုက်သည်။
“ယောက္ခ်ထီး, ယှဥ်ပြိုင်မှုမရှိရင် ကျူးမိသားစု ရို့ရန်ကို တန်ဖိုးထားတာ ဘယ်လိုသိနိုင်တော့မလဲ”
“ကျူးမိသားစုက ခွန်အားသုံးပြီးအနိုင်ကျင့် ပါတယ်လို့ အပြင်လူတွေထင်သွားလို့ မဖြစ်ဘူး။”
“ဂျန်ဖန်းက ငါနဲ့ ယှဥ်ပြိုင်ပြီဆိုမှတော့ အနိုင်ရသူကို ရှင်းရှင်းလင်းလင်း ခွဲခြားသင့်တယ်။”
ဖြောင်း… ဖြောင်း…. ဖြောင်း….
ရှုကျန်းယန်ပြောတော့မည့်အချိန်မှာပဲ ဂျန်ဖန်း လက်ခုပ်တီးလိုက်သည်။
သူက ခဲ့တံကို ကောက်ပြီးရေးလိုက်သည်။
“သခင်လေးကျူးပြောတာကို ငါ အပြည့်အဝ သဘောတူတယ်။”
“ယှဥ်ပြိုင်မှုမရှိရင် ဘယ်လိုလုပ် ခြားနားမှုရှိမှာလဲ”
ထို့နောက် သူက ရင်ဘတ်ထဲမှ ငွေမှတ်စုစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် ထုတ်ယူလိုက်၏။
ချွင်းချက်မရှိပဲ အားလုံးက တစ်သိန်းတန် ငွေမှတ်စုတွေဖြစ်ကြပြီး အရင်က ငွေပြား ငါးသိန်းတစ်သောင်း မဟုတ်ပေ။
ဤတစ်ချိန်၌ ငွေမှတ်စုတွေက များလွန်းလှပြီး လူတိုင်းကို အသက်ရှုရပ်တန့်သွားစေခဲ့သည်။
သန့်စင်သည့် အဖြူရောင် ငွေမှတ်စုတွေက အပုံလိုက်ကြီးရှိနေခဲံသည်။
“ရေလိုက်….”
ဂျန်ဖန်း၏စာက သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်နေသည့် ခန်းမကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်။
ရှုကျန်းယန် ပထမဆုံးတုန့်ပြန်လိုက်ပြီး ငွေမှတ်စုကို အလျှင်အမြန်ရေလိုက်၏။
မရေတွက်ရသေးတာတောင် ထိုအမောက်က ငွေပြား သိန်း ၂၀ ကျော်တာ သိသာလှ၏။
သူ့လက်တွေက တုန်ယင်နေပြီး တစ်ရွက်ပြီး ရေလိုက်၏။ စာရွက်တွေ များလွန်၍ သူက အကူအညီတောင်းလိုက်သည်။
“ယင်းရင်း, ဘာရပ်နေတာလဲ။ မြန်မြန်လာကူအုန်း။”
ရှုယင်းရင် မိန်းမောစွာနှင့် လျှောက်လာပြီး ကူရေလိုက်၏။ သူမစိတ်က ဗလာဖြစ်နေခဲ့သည်။
ခနကြာပြီးနောက် သူမက ရေတွက်လို့ပြီး သွားပြီး မယုံကြည်နိုင်စွာနှင့် ပြောလိုက်သည်။
“ငွေပြား ၂၇ သိန်း….”
ထိုအရာက ဘာကိုဆိုလိုနေသနည်း။
ထိုအရာက ရှုမိသားစုလက်ဖွဲ့ပစ္စည်းထက် ၇ သိန်းပိုများတာပဲဖြစ်သည်။
ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားပြီး ငွေပြား ၂၇ သိန်းကို အံ့သြသင့်သည့် မျက်လုံးတွေနှင့် စိုက်ကြည့်နေကြ၏။
ရှုယင်းရင်း တည်ငြိမ်နေသည့် ဂျန်ဖန်းကို ကြည့်လိုက်သည်။ ထို့နောက် အလွန်တုန်လှုပ်နေသည့် ရှုရို့ရန်ကို ကြည့်လိုက်ပြီး သူမစိတ်တွေ ဗြောင်းဆန်သွားခဲ့သည်။
လုကျန်းလည်း အံ့သြတုန်လှုပ်သွားခဲ့သည်။ သူက တစ်ခုခုပြောချင်နေပေမယ့် ဤမျှများသည့် လက်ဖွဲ့ပစ္စည်းကို ချေပဖို့ စာကားလုံးရှာမတွေ့ပေ။
ကျူးဂျန်ရှန်လည်း နေရာတင် အေးခဲနေပြီး ဂျန်ဖန်း ဒီလောက်များသည့်ငွေတွေ ဘယ်ကရလာလဲဆိုတာ နာမလည်နိုင်ဖြစ်နေခဲ့သည်။
လွန်ခဲ့သည့် နှစ်ရက်ကတောင်, သူ့မှာ ငါးသိန်းတစ်သောင်းသာ ရှိ၏။
သူတို့မသိတာက အရင်ကတည်းက ဂျန်ဖန်းမှာ ငွေ ၁၃ သိန်းရှိတာဖြစ်၏။
မနေ့က အလှအပပြန်လည်ထိန်းသိမ်းခြင်း ဆေးလုံး ရောင်းပြီးနောက် ကျူးမိသားစုမှ နောက်ထပ် ၁၄ သိန်း ရရှိခဲ့သည်။
အားလုံးပေါင်းလိုက်လျှင် ငွေပြား ၂၇ သိန်း ရှိတာပဲဖြစ်သည်။
ဂျန်ဖန်း ကျူးဂျန်ရှန်ကို ကြည့်လိုက်ပြီး အနည်းငယ်ပြောလိုက်သည်။
“သခင်လေးကျူး, ထပ်တည့်အုန်းမှာလား။ ငါစောင့်နေတယ်နော်…..”
ကျူးမိသားစုမှာ နောက်ထပ်ပေးဖို့ မရှိတော့ပေ။
မနေ့က အလှအပပြန်လည်ထိန်းသိမ်းခြင်း ဆေးလုံးဝယ်ဖို့ ပစ္စည်းများစွာ ရောင်းလိုက်ရ၏။
ဤငွေ သိန်း ၂၀ က သူတို့မှာရှိသည့် အရာအားလုံး ခြစ်ကုတ်ယူလာရတာပဲ ဖြစ်သည်။
ကျူးမိသားစုက နောက်ထပ် ၇သိန်း ထပ်မထည့်နိုင်တော့ပေ။
ကျူးဂျန်ရှန် အသံမြည်အောင် အံ့ကြိတ်လိုက်ပြီး လက်သီးတင်းကြပ်စွာ ဆုပ်လိုက်၏။ သူက ဂျန်ဖန်းကို မုန်းတီးစွာနှင့် စိုက်ကြည့်နေခဲ့သည်။
ဂျန်ဖန်း တည်ငြိမ်စွာနှင့် စာရေးလိုက်သည်။
“အဲ့လိုကြီး စိုက်ကြည့်နေတာ အကူအညီဖြစ်လို့လား။”
“မင်းမှာရှိသေးရင် ထုတ်လိုက်….”
“မဟုတ်ရင် မင်း ပစ္စည်းတွေသိမ်းပြီး ပြန်တော့…”
စော်ကားခြင်း….
ထိုအရာက အလွန်အမင်း စော်ကားဖြင်း ဖြစ်၏။
ကျူးဂျန်ရှန် တစ်ဘဝလုံး ဤကဲ့သို့ တစ်ခါမှ အစော်ကားမခံရဘူးပေ။
“ဂျန်ဖန်း, မင်းအဝေးကြီးမသွားနဲ့….”
ကျူးဂျန်ရှန် အော်ပြောလိုက်၏။
ဂျန်ဖန်း ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး အေးစက်စက်နှင့် စာကြောင်းပေါင်းများစွာရေးလိုက်၏။
“အခြားလူရဲ့ဇနီးကို မလုနိုင်တော့ လာဆဲနေတယ်ပေါ့။”
“မင်းကျူးမိသားစုက အရှက်မရှိဘူးဆိုတဲ့ စကားလုံးကို မင်းမျက်နှာမှာရေးပေးထားတာပဲ။”
“မင်း….”
ကျူးဂျန်ရှန် အလွန်ဒေါသထွက်သွားခဲ့ သည်။
သူက ဂျန်ဖန်းကို မသေမရှင်ဖြစ်အောင် ရိုက်နှက်ပစ်ချင်၏။
သို့ပေမယ့် လူရှေ့၌ ရှုကျန်းယန်၏ ကာကွယ်ပေးမှုကြောင့် သူဘာမှမလုပ်နိုင်ပေ။
ကျန်းယုရိုလည်း ဒေါသထွက်သွားခဲ့သည်။
ကျူးမိသားစု အသာစီးရမည်ဟု သူမထင်ထားခဲ့သည်။ သို့ပေမယ့် နေစရာတောင်မရှိသည့်ကောင်က သူတို့ကို မောက်မာစွာဆက်ဆံနေခဲ့၏။
သူတို့က ထပ်ပေးစရာငွေမရှိတော့သည့် အတွက် သူမက ပြောစရာစကားမရှိ ဖြစ်နေခဲ့သည်။
သူမက အေးစက်စွာပြောလိုက်သည်။
“ရှန်အာ, ငါတို့သွားရအောင်…”
သို့ပေမယ့် လူတိုင်း ကိစ္စတွေပြီးသွားပြီဟု ထင်လိုက်ချိန်၌….
ဝမ်ယင်ဖုန်းက ဂျန်ဖန်းကို မုန်းတီးစွာစိုက်ကြည့်ပြီး အော်ပြောလိုက်သည်။
“ဂျန်ဖန်း, နင်ဘာတွေကြီးကျယ်နေတာလဲ။ နင်နိုင်ပြီလို့ ဘယ်သူပြောလဲ။”
အမ်…
ရှုမိသားစုအဖွဲ့ဝင်တွေ ပဟေဠိဖြစ်သွား ကြသည်။
ဆက်ယှဥ်ပြိုင်ဖို့ လိုသေးလို့လား?....
ငွေ ၂၇ သိန်းနှင့် သိန်း ၂၀ က အပြတ်အသတ်ကြီးဖြစ်သည်။
အရူးတောင် မည်သည့်လက်ဖွဲ့ပစ္စည်းက ပိုများလဲသိနိုင်တာပဲဖြစ်သည်။
ရှုကျန်းယန် အံ့သြတုန်လှုပ်သွားပြီး ဝမ်ယင်ဖုန်းကို ဆွဲကာ ပြောလိုက်သည်။
“ကျိုးကြောင်းမဆီလျှော်တာတွေ လုပ်မနေနဲ့။”
“ဂျန်ဖန်း လက်ဖွဲ့ပစ္စည်းက များနေမှတော့ ဂျန်ဖန်းနိုင်တာပေါ့။”
ဝမ်ယင်ဖုန်း သူ့ကို အဝေးသို့တွန်းလိုက်ပြီး အော်ဟစ်လိုက်၏။
“သွားစမ်းပါ….”
“ဒီလက်ထပ်ပွဲကို ငါဆုံးဖြတ်မယ်”
ရှုကျန်းယန်၏မျက်နှာက ဖြူလိုက်ပြာလိုက်ဖြစ်သွားခဲ့သည်။
ဂုဏ်သရေရှိမိသားစုခေါင်းဆောင်တစ်ယောက်၏ အာဏာက သူမအော်သံကြောင့် ပျက်စီးသွားပြီ ဖြစ်သည်။
ဝမ်ယင်ဖုန်း ဂျန်ဖန်းကို မကျေနပ်စွာနှင့် စိုက်ကြည့်လိုက်သည်။
“ငါ့ကို ကျိုးကြောင်းမဆီလျော်ဘူးမပြောနဲ့။ ငါပြောခဲ့တာကို နင်မှတ်မိတယ်မလား။”
ဂျန်ဖန်းက ထိုအရာကို မျှော်လင့်ထားပုံပေါ်ပြီး အသင့်ပြင်ထားသည့် စာတစ်ကြောင်းထုတ်ယူလိုက်၏။
“မင်းကျေနပ်မဲ့ ခန်းဝင်ပစ္စည်းမလား….”
ဝမ်ယင်ဖုန်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
သူမဒါပဲ ထပ်ပြောအုန်းမည်ဆိုတာ ဂျန်းဖန်း ကြိုသိထားခဲ့၏။
သို့ပေမယ့် ထိုအရာက ကိစ္စမရှိပေ။
ယနေ့ ကောင်းကင်ကြီးပြိုကျလာလျှင် တောင် သူမက ဤလက်ထပ်ပွဲကို သဘောတူမည်မဟုတ်ပေ။
“ကောင်းတယ်”
ဝမ်ယင်ဖုန်း လှောင်ပြောင်လိုက်သည်။
“နင့် လက်ဖွဲ့ပစ္စည်းက ပိုများပေမယ့် ငါက သခင်လေးကျူးရဲ့ လက်ဖွဲ့ပစ္စည်းကို ပိုသဘောကျတယ်။”
“ဒါက ပြောထားတာနဲ့ ကိုက်ညီတယ်မလား။”
ဘာ?.....
လူတိုင်း အမူအရာ ပြောင်းလဲသွားကြသည်။
များစွာသော မိသားစုအဖွဲ့ဝင်တွေ ချက်ချင်း ဝင်ပြောလိုက်ကြ၏။
“သခင်မ, နင်ရူးသွားပြီလား။ ဂျန်ဖန်း လက်ဖွဲ့က ၂၇ သိန်းနော်။”
“ပြီးတော့ ဂျန်ဖန်းက ငါတို့ထဲက တစ်ယောက်လေ။ ငါတို့ သူ့လက်ဖွဲ့ကို ပြန်ပေးစရာမလိုဘူး။ သူပေးသမျှက ငါတို့ပိုင်မှာ။”
“ဒါပေမယ့် ကျူးမိသားစုလက်ဖွဲ့က တစ်ယောက်တစ်ဝက်ခွဲရမှာနော်”
ဘယ်မိသားစုကမှ သတို့သမီကြေးကို အကုန်ရမည်မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာကို လက်ဖွဲ့ပစ္စည်းအဖြစ်ပြန်ပေးရမည်ဖြစ်၏။
ထို့ပြင် ဂျန်ဖန်း၏ ငွေ ၂၇ သိန်းက ရှုမိသားစုကို အကြီးအကျယ်တိုးတက်စေပြီး မိသားစုခွန်အားကို တိုးမြှင့်နိုင်တာပဲဖြစ်သည်။
“ပါးစပ်ပိတ်ထားကြစမ်း….”
ဝမ်ယင်ဖုန်း အော်ပြောလိုက်၏။
“ရှုမိသားစုအကြောင်းတွေ ငါဂရုမစိုက်ဘူး။”
“ငါ ဂျန်ဖန်းနဲ့ ရှုရို့ရန်ကိုပဲ ခွဲချင်တယ်။”
“သူတို့ ဘယ်တော့မှ အတူတူမရှိစေရဘူး”
ထို့နောက် သူမက ဂျန်ဖန်းကို လက်ညိုးထိုးကာ ပြောလိုက်သည်။
“ငါ နင့်လက်ဖွဲ့ပစ္စည်းကို ကျေနပ်မှုမရှိဘူး။”
“ဒီတော့ ရှုမိသားစုကနေ ထွက်သွားလိုက်တော့။”
“အခုချက်ချင်းထွက်သွား….”
ဂျန်ဖန်း ဘာမှမပြောပဲ ပြုံးနေခဲ့သည်။
သူက ငွေမှတ်စုစာရွက်တွေကို ဘေးဖက်တွန်းလိုက်ပြီး ကြိုရေးထားသည့် နောက်ထပ်စာတစ်ကြောင်းကို ထုတ်ယူလိုက်သည်။
“ငါ့မှာ လက်ဖွဲ့ဖို့ နောက်ထပ်ပစ္စည်းတစ်ခုရှိသေးတယ်။”
“မင်း ကျေနပ်မှုရှိမှာပါ”
ဟ… ဟ… ဟ….
ဝမ်ယင်ဖုန်း ကျယ်လောင်စွာ ရယ်လိုက်၏။
“ဂျန်ဖန်း, အို ဂျန်ဖန်း….”
“နင် ငါ့အတွက်ဘာယူလာလဲ”
“ဒီအခြေအနေတောင်ရောက်နေပြီ ငါ့မျက်နှာငါပြန်ရိုက်မယ်လို့ နင်ထင်နေတာလား။”
“နင့်မှာ အင်မော်တယ်ဆေးလုံးရှိရင်တောင် ဒီနေ့ နင်ထွက်သွားရမှာပဲ။”
ဂျန်ဖန်း တစ်ခစ်ခစ်ရယ်လိုက်ပြီး ဘယ်လက်ထဲမှ စာရွက်တစ်ရွက်ကိုင်ထား ခဲ့သည်။
“ငါ့မှာ အင်မော်တယ်ဆေးလုံးမရှိပါဘူး။ ဒါပေမယ့် ဒီဆေးလုံးရှိတယ်လေ။”
ညာဘက်လက်ဖြင့် သူ့ရင်ဘတ်ထဲက ကျောက်စိမ်းပုလင်းတစ်ခုကို ဖြည်းညင်းစွာ ထုတ်ယူလိုက်၏။
အထဲမှာရှိသည့်အရာက အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး မှလွဲ၍ အခြားမဟုတ်ပေ။