← Chapters

မင်းသောက်နိုင်တယ်လို့ ဘယ်သူပြောလဲ

Vol. 3 Ch. 35

မင်းသောက်နိုင်တယ်လို့ ဘယ်သူပြောလဲ

Vol. 3 Ch. 35

ဆေးလုံးထွက်ပေါ်လာသည့်အခါ ရှုမိသားစုတစ်ခုလုံး ပွက်ပွက်ဆူနေသည့် ရေနွေးအိုးကဲ့သို့ လှုပ်ရှားလာကြသည်။

“အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး၊ ဒါက အလှအပပြန်လည်ထိန်းသိမ်း ခြင်းဆေးလုံးပဲ။”

“ဘုရားရေ,ဒါက ဒုတိယမြောက် အလှအပပြန်လည် ထိန်းသိမ်းခြင်းဆေးလုံးပဲ။”

“ဂျန်ဖန်းရဲ့ လက်ဖွဲ့ပစ္စည်းအစစ်က တကယ် အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ဖြစ်နေတာပဲ။”

ဘာ?...

ကျူးဂျန်ရှန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

သူ့မျက်နှာပေါ်က အပြုံးက အပြည့်အဝ ပေါ်မလာခင်မှာပဲ ပြောက်ကွယ်သွားပြီး အကြီးအကျယ်တုန်လှုပ်မှုတွေ အစားထိုးသွားခဲ့သည်။

အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေး တစ်လုံး၏ ဆွဲဆောင်မှုကို သူက မျက်မြင်တွေ့ဖူးတာပဲဖြစ်သည်။

နောက်ဆုံးအကြိမ်က များစွာသော ဂုဏ်သရေရှိအမျိုးသမီးတွေ အဆင်သင့် မပြင်ထားသည့်အတွက် နောင်တရနေခဲ့ကြသည်။

နောက်ထပ်ဆေးတစ်လုံးသာ ထပ်ပေါ်လာလျှင် ထိုအရာ၏တန်ဖိုးက ငွေပြား ၁၄ သိန်းကို ကျော်သွားမည်ပဲ ဖြစ်သည်။

ရှုယင်းရင်း မယုံကြည်နိုင်စွာနှင့် သူမပါးစပ်ကို ကာလိုက်သည်။

စွမ်းအားကြီးအချစ်စစ်တစ်ခုက သူမကို လက်ထပ်ပြီး ဤကဲ့သို့လက်ဖွဲ့ပစ္စည်းမျိုး ပေးဖို့ စိတ်ကူးယဥ်ဖူး၏။ ဂျန်ဖန်းက ထိုအရာကို အသာအယာ ထုတ်ပေးလိုက်၏။

ရှုကျန်းယန်လည်း တုန်လှုပ်သွားပြီး ခဏတာကြောင်အသွားခဲ့သည်။

ဤဆေးလုံး… ဂျန်ဖန်း၌ အမှန်တကယ် တစ်လုံးရှိနေခဲ့သည်။

ထိုအခိုက်အတန့်၌, အလှအပဆေးလုံး ဘယ်ကလာလဲဆိုတာ မည်သူမှ စိတ်မဝင်စားပေ။

သူတို့အားလုံးအာရုံက ဆေးလုံးနှင့် ဝမ်ယင်ဖုန်းအပေါ်၌သာရှိနေခဲ့သည်။

မနေ့က အလှအပဆေးလုံးမရခဲ့သည့်အတွက် ဝမ်ယင်ဖုန်း ရှုမိသားစု၌ သောင်းကျန်းနေခဲ့သည်။

ယခု သူမရှေ့၌ အလှအပဆေးလုံးရှိနေပြီး ဘာလုပ်ရမလဲသေချာမသိတော့ပေ။

ဂျန်ဖန်းနှင့် ရှုရို့ရန်တို့ကို ဆက်လက်ခွဲသင့် လား။ ဒါမှမဟုတ် သူမပြောခဲ့သည့်စကား တွေကို လေကဲ့သို့သတ်မှတ်လိုက်ရမည်လား။….

ဝမ်ယင်ဖုန်း ကြောင်အနေပြီး အလှအပ ဆေးလုံးကို မယုံကြည်နိုင်သည့်မျက်လုံး တွေနှင့်ကြည့်နေခဲ့သည်။

ဒါ… ဒါက သူမအိပ်မက်မက်နေသည့် အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး လား?.....

သို့ပေမယ့် ဂျန်ဖန်း၏ ဖျော့တော့တော့ အပြုံးကိုကြည့်ပြီး သူမပြောခဲ့သည့် စကားတွေကို သတိရသွားကာ ယာယီမတင်မကျဖြစ်သွားခဲ့သည်။

ဂျန်ဖန်း အနည်းငယ်ပြုံးလိုက်ပြီး ပြောလိုက်သည်။

“မင်း ဒါကို မလိုချင်မှတော့ လေလံပွဲကိုပဲ ပို့လိုက်တော့မယ်။”

ထိုအရာပြောပြီးနောက် အလှအပဆေးလုံး ကို ရင်ဘတ်ထဲသို့ ပြန်သိမ်းလိုက်၏။

“နေအုန်း…”

ဝမ်ယင်ဖုန်း ထိပ်ထိပ်ပျာပျာ ဖြစ်သွားခဲ့ သည်။ အထူးသဖြင့် ကျန်းယုရို၏ လှပသည့်မျက်နှာကို မြင်သည့်အခါ သူမ မထိန်းထားနိုင်တော့ပေ။

ယခုချိန်မှာမျက်နှာပျက်ခံပြီး နောက်ပိုင်းမှာ ပြန်လည်နှိပ်ကွပ်မည်ပဲ ဖြစ်သည်။

“ကောင်းပြီ, နင်နိုင်တယ်။ နင့် လက်ဖွဲ့ပစ္စည်း ငါ… ငါကျေနပ်တယ်။”

ထိုစကားလုံးတွေနှင့်အတူ နေရာတစ်ခုလုံး အိမ်မက် မက်နေသကဲ့သို့ ခံစားလိုက်ရ၏။

ဂျန်ဖန်းက ဝမ်ယင်ဖုန်းကို အများကြီး စော်ကားထားခဲ့သည်။

အငြိုးကြီးသည့်ဝမ်ယင်ဖုန်းက ဂျန်ဖန်းပြောခဲ့သည့်အတိုင်းပဲ လက်ထပ်ပွဲကို အမှန်တကယ် သဘောတူခဲ့၏။

ဝမ်ယင်ဖုန်းပြောပြီးနောက် သူမမျက်နှာက ပူလောင်လာပြီး ဒေါသတကြီးပြောလိုက်သည်။

“နင် အခုငါ့ကို ပေးလို့ရပြီလား။”

ဂျန်ဖန်း ကြိုတင်ပြင်ဆင်ထားသည့် စာချုပ်တစ်ခုကို သူမရှေ့၌ ထားလိုက်သည်။

“မင်းပါးစပ်ကတိက လေပဲရှိတာလေ…”

“စာချုပ်မှာလက်မှတ်ထိုးတာ ပိုကောင်းတာပေါ့…”

နင်….

နောက်တစ်ကြိမ်စော်ကားခံရသည့်အတွက် ဝမ်ယင်ဖုန်း ဒေါသထွက်သွားခဲ့သည်။

နောက်ပိုင်းမှာ သူမစကားအားပြန်ပြင်ဖို့ စီစဥ်ထားခဲ့သည်။ သို့ပေမယ့် ဂျန်ဖန်းက သူမကို ဖောက်ထွင်းမြင်နေပြီး လှောင်ပြောင်နေခဲ့သည်။

သို့ပေမယ့် အလှအပဆေးလုံးကြောင့် သူမဒေါသကို ဖိနှိပ်ပြီး စာချုပ်မှာ လက်မှတ်ထိုးလိုက်၏။

စာချုပ်လက်မှတ်ထိုးမှုနှင့်အတူ ဂျန်ဖန်းနှင့် ရှုရို့ရန်တို့၏လက်ထပ်ပွဲက တရားဝင်ဖြစ်သွားပြီးပဲဖြစ်သည်။

နောက်ပိုင်းသူမတားချင်သည်ဆိုလျှင်တောင် စာချုပ်အရ ဝင်စွက်ဖက်လို့ရတော့မည် မဟုတ်ပေ။

“အခုပေးလို့ရပြီလား….”

ဝမ်ယင်ဖုန်း အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ကို စိုက်ကြည့်ပြီး သူမမျက်လုံးတွေက လိုချင်တပ်မက်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

ရှုကျန်းယန် နောက်ဆုံးမှာတော့ စိတ်သက်သာယာရသွားပြီး အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

ဝမ်ယင်ဖုန်း၏ စိတ်အားထက်သန်မှုကို မြင်သည့်အခါ သူက ပြုံးလိုက်ပြီးပြောလိုက်သည်။

“ဖန်းအာ, မင်းဒေါ်လေးကို ပေးလိုက်လေ။”

“မင်း ဒေါ်လေးက ပြန်ငယ်ဖို့ မစောင့်နိုင်တော့ဘူး။”

ဂျန်ဖန်း ခေါင်းညိတ်ပြီး စာရေးလိုက်၏။

“ဒါပေါ့, ဦးလေးတို့မိသားစုကို ပေးတဲ့ လက်ဖွဲ့ပစ္စည်းဆိုမှတော့ ဦလေးတို့ပဲ ဆုံးဖြတ်လိုက်ပါ။”

“လက်လွဲမပေးခင် ဒီဆေးလုံးကို သေချာအောင်စစ်ဆေးလိုက်ပါအုန်း။”

“ဒါသာ အတုဆိုရင် မယူပါနဲ့။”

ဤမျှနှိမ့်ချနေစရာမလိုဘူးဟု ရှုကျန်းယန် ပြောချင်၏။ သို့ပေမယ့် ဝမ်ယင်ဖုန်းကို ကြည့်ပြီး ဂျန်ဖန်းစိုးရိမ်တာက လုံးဝမှားနေတာတော့မဟုတ်ဘူးလို့ တွေးလိုက်၏။

“ကောင်းပြီ, ငါစစ်ဆေးလိုက်ပါ့မယ်”

သူက ရှေ့တက်လာပြီး ဂျန်ဖန်း ပုလင်းအဖုံးဖွင့်တာကို စောင့်ကြည့်နေခဲ့သည်။

သင်းပျံ့သည့်ဆေးရနံ့က လူတိုင်းနှာခေါင်းထဲကို ရောက်ရှိလာခဲ့သည်။

“ယောက္ခ်ထီး, အနီးကပ်စစ်ဆေးကြည့် လိုက်ပါ….”

ဂျန်ဖန်း စာရေးလိုက်ပြီး ပုလင်းဝကို ရှုကျန်းယန်ဆီလို့ ဦးတည်လိုက်၏။

ရှုကျန်းယန် ခေါင်းညိတ်လိုက်ပြီး ခါးညွှတ်ကာ ဂရုတစိုက်စစ်ဆေးလိုက်၏။

ရုတ်တရက် ဂျန်ဖန်း လက်ဝါးကနေ အားတစ်ခုထွက်ပေါ်လာပြီး အလှအပဆေးလုံးက ကျောက်စိမ်းပုလင်းထဲမှ ထွက်လာခဲ့သည်။

ထိုအရာက ရှုကျန်းယန် ပါးစပ်ထဲကို တန်းတန်းမတ်မတ်ဝင်သွားပြီး လည်ချောင်းထဲကို လိမ့်ဆင်းသွားခဲ့သည်။

အဟွတ်… အဟွတ်… အဟွတ်….

ရှုကျန်းယန် လည်ပင်းနင်သွားပြီး အကြိမ်များစွာ ချောင်းဆိုးလိုက်ရ၏။ သူက စိတ်ရှုပ်ထွေးသွားခဲ့သည်။

“ငါ အလှအပဆေးလုံး စားလိုက်တာလား။”

ထိုမမျှော်လင့်ထားသည့် မြင်ကွင်းက ရှုမိသားစုတစ်ခုလုံးကို အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေခဲ့သည်။

ဝမ်ယင်ဖုန်း ထိုအရာကို မယုံကြည်နိုင်ဖြစ် နေပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

“ငါ့ရဲ့ အလှအပဆေးလုံး….”

“ထွေးထုတ်စမ်း, နင် အယုတ္တမာကောင် ခုချက်ချင်းထွေးထုတ်စမ်း”

ရှုကျန်းယန်လည်း ထိပ်ထိပ်ပျာပျာဖြစ်သွားပြီး ပြန်ထွေးထုတ်ဖို့ ကြိုးစားလိုက်၏။

သို့ပေမယ့် အလှအပဆေးလုံးက အလျှင်အမြန်အရည်ပျော်သွားပြီး သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပြီဖြစ်၏။

ထို့နောက်ချက်ချင်းပဲ ဆူညံသံတွေအလယ်မှာ အသက်ကြီးအိုမင်းနေသည့် ရှုကျန်းယန် မယုံနိုင်လောက်အောင်ပြောင်းလဲသွားခဲ့ သည်။

သူ၏မီးခိုးရောင်ဆံပင်တွေက မြင်နိုင်သည့်အရှိန်ဖြင့် အနက်ရောင်ပြောင်းသွားခဲ့သည်။

မျက်နှာပေါ်က ပါးရေနားရေတွေနှင့် အစက်အပြောက်တွေလည်း လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အနည်းငယ်ခါးကုန်းနေသည့် သူ့ပုံရိပ်ကလည်း ပြန်မတ်လာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ သက်လတ်ပိုင်းအရွယ်ကနေ ၃၀ အစောပိုင်းအရွယ်သို့ပြန်ငယ်သွားခဲ့သည်။

တောက်ပြောင်သည့်အဝတ်အစားတွေနှင့် ပြန်လည်နုပျိုသွားသည့်သူက ၂၀ ကျော် လူငယ်တစ်ယောက်လိုဖြစ်နေခဲ့သည်။

ထိုအရာက ထိပ်တန်းအဆင့် အလှအပဆေးလုံး၏ အာနိသင်ပဲဖြစ်သည်။

အဆင့်နိမ့်နှင့်ယှဥ်လျှင် အကျိုးသက်ရောက်မှု နှစ်ဆရှိတာပဲ ဖြစ်သည်။

“ငါ…. ငါ ပြန်ငယ်သွားပြီ”

ရှုကျန်းယန် သူ့ပုံစံအသစ်အား မယုံကြည်နိုင်စွာနှင့်ကြည့်နေပြီး အိမ်မက်မက်နေသကဲ့သို့ ခံစားနေရ၏။

ယခုသူ့ပုံစံက လွန်ခဲ့သည့် အနှစ် ၃၀ ရှုမိသားစုကို လွဲပြောင်းယူစဥ်ကကဲ့သို့ အရှိန်အဝါအပြည့်ပဲဖြစ်သည်။

သူမယောက်ျား၏ အကြီးအကျယ်ပြောင်း လဲမှုကိုကြည့်ပြီး ဝမ်ယင်ဖုန်း စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

“ဒါ ငါ့ဟာလေ။ ဒါက ငါ့ အလှအပဆေးလုံးလေ….”

ရှုကျန်းယန် အသိပြန်ဝင်လာခဲ့သည်။

“မိန်းမ, ဘာဖြစ်သွားလဲဆိုတာ ငါမသိလိုက်ဘူး။”

“ငါဒါကို ရည်ရွယ်ချက်ရှိရှိ စားလိုက်တာ မဟုတ်ပါဘူး။”

ဝမ်ယင်ဖုန်း နားလည်၏။ သူမမျက်လုံးတွေက အမုန်းတရားတွေနှင့် ပြည့်နှက်နေပြီး ဂျန်ဖန်းကို စိုက်ကြည့်နေခဲ့သည်။

“အဲ့ဒါ နင်ပဲ…”

“နင် တမင်တကာလုပ်လိုက်တာ….နင် တမင်လုပ်လိုက်တာမလား….”

ဂျန်ဖန်း သူမကို တိတ်ဆိတ်စွာကြည့်နေပြီး တွေဝေမနေပဲ စာရေးလိုက်သည်။

“ဟုတ်တယ်လေ….”

“နင့်လို ပေါ်ကျော့နေတဲ့သူထက်စာရင် ဦးလေးရှုက အလှအပဆေးလုံး ပိုလိုအပ်တယ်။”

တန်ဖိုးကြီးအလှအပဆေးလုံးအား ဝမ်ယင်ဖုန်းအားပေးဖို့ သူ့မှာ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိပေ။

သူ့အစီအစဥ်က စာချုပ်ရဖို့သာဖြစ်၏။ ထို့နောက် ရှုကျန်းယန်ကို ဆေးလုံးပေးလိုက်ခြင်းဖြစ်သည်။

ဝမ်ယင်ဖုန်း ဒေါသပေါက်ကွဲထွက်လာခဲ့သည်။

“နင် ငါ့ကို လှည့်စားတာပဲ”

ဂျန်ဖန်း သူ့ခေါင်းကို ခါယမ်းလိုက်၏။

“ဒါက လက်ဖွဲ့ပစ္စည်းလေ။ နင့်တို့မိသားစုကို ပေးမှတော့ ဘယ်သူမဆို ယူလို့ရတာပဲ။”

ဝမ်ယင်ဖုန်း အသိစိတ်ဆုံးရှုံးသွားပြီး အော်ပြောလိုက်၏။

“သူ့ကို သေတဲ့အထိ ရိုက်ကြစမ်း။ သေတဲ့အထိရိုက်ကြစမ်း…”

သို့ပေမယ့် ရှုမိသားစုအဖွဲ့ဝင်တွေက မလှုပ်ရှားပေ။ သူတို့က ထိုအရာဟာ တရားတယ်လို့ ထင်နေဆဲဖြစ်သည်။

ဤအလှအပဆေးလုံးဟာ အလုပ်ကြိုးစားသည့် ရှုကျန်ယန်နှင့်သာ သင့်တော်သည့်ဟု ယုံကြည်ကြတာပဲ ဖြစ်သည်။

သူမ အမိန့်အား မည်သူမျှမလိုက်နာသည့် အခါ ဝမ်ယင်ဖုန်း ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်။

“ရှုယင်းရင်း, နင်ဘယ်ရောက်နေလဲ….”

“နင့်အမေ အလိမ်ခံရတာ မမြင်ဘူးလား။”

“ခုချက်ချင်း ဂျန်ဖန်းကို သတ်စမ်း၊ မြန်မြန်သတ်စမ်း….”

ရှုယင်းရင်း မတ်တပ်ရပ်နေဆဲဖြစ်ပြီး မလှုပ်ရှားပေ။

သူမက ဂျန်ဖန်းကို ခါးသီးမှုအချို့နှင့် တစ်ချက်ကြည့်လိုက်၏။

“အမေ, ငါနင့်ကို အနားယူဖို့ ခေါ်သွားပေးမယ်။”

အဆုံးမှာတော့ ဂျန်ဖန်းက အလှအပဆေးလုံးအား သူမအဖေကို ပေးလိုက်ခြင်းဖြစ်၏။

သူမ၏ အလုပ်ကြိုးစားသည့်အဖေ ပြန်နုပျိုးလာသည်ကိုမြင်သည့်အခါ သူမ အလွန်ပျော်ရွင်စိတ်လှုပ်ရှားလာခဲ့သည်။

ထို့ကြောင့် သူမက ဂျန်ဖန်း မှားတယ်လို့ မထင်ပေ။

သူမအမေကသာ ထိုအရာကို လက်မခံနိုင် ခြင်းဖြစ်သည်။

“နင်ကတောင် ငါ့ကို သစ္စာဖောက်တယ်ပေါ့။ ငါ သေလိုက်တာပဲ ကောင်းတယ်။”

ဝမ်ယင်ဖုန်း မြေပြင်ပေါ်ထိုင်ကာ ဆောင့်အောင့်ပြီး ကျယ်လောင်စွာ ကျိန်ဆဲနေခဲ့သည်။

သူမက ကလေးဆိုးကြီးတစ်ယောက်ကဲ့သို့ ပြုမူနေခဲ့သည်။

ရှုကျန်းယန်နှင့် ရှုယင်းရင်းတို့ ရှက်သွားပြီး အကူအညီမဲ့သလို ခံစားလိုက်ရသည်။

ကလန်အဖွဲ့ဝင်တွေလည်း သူတို့ခေါင်း တွေကို ခါယမ်းလိုက်ကြသည်။

ထို့နောက် ရှုရို့ရန်က ဂျန်ဖန်းလက်မောင်းကို ကိုင်ကာ ပြောလိုက်သည်။

“လူတိုင်း လူစုခွဲကြတော့။ ကိစ္စတွေက ပြီးသွားပြီ။”

သို့ပေမယ့် ထိုအခိုက်အတန့်၌ ကြိုကြာပုံ စာရွက်တစ်ခုက မှော်ဆန်ဆန် ပျံသန်းလာပြီး ကျူးဂျန်ရှန်လက်ထဲကို ဆင်းသက်လာခဲ့သည်။

“အို, ဂိုဏ်းက စာပဲ….”

သူက အလျှင်အမြန်ဖွင့်ဖတ်လိုက်ပြီး မျက်နှာက အလေးအနက်ဖြစ်လာခဲ့သည်။

ထို့နောက် ရက်စက်စွာပြုံးလိုက်သည်။

“ကိစ္စတွေပြီးသွားပြီလို့ ဘယ်သူပြောလဲ။”

“ရှုမိသားစု, မင်းတို့တော့ ပြဿနာတက်ပြီ….”

All Chapters