← Chapters

ရှုကျန်းယန် ဒေါသထွက်ခြင်း

Vol. 3 Ch. 36

ရှုကျန်းယန် ဒေါသထွက်ခြင်း

Vol. 3 Ch. 36

“မိသားစုပြဿနာတက်ပြီ” ဆိုသောစကားက ပျော်ရွင်နေသည့် ရှုမိသားစုအဖွဲ့ဝင်တွေကို ရပ်တန့်သွားစေခဲ့သည်။

ရှုကျန်းယန် မျက်နှာမဲမှောင်သွားပြီး ပြောလိုက်သည်။

“သခင်လေးကျူး, ကျေးဇူးပြုပြီး မင်းစကားကို ကြည့်ပြောပါ”

“ငါတို့ရှုမိသားစုက အမြဲတမ်း စည်းနဲ့ကမ်းနဲ့ နေလာတာ။ ဘယ်လိုလုပ် မိသားစုက ပြဿနာတက်မှာလဲ။”

သို့ပေမယ့် ကျူးဂျန်ရှန်က အူလိုက်သည်းလိုက်ရယ်လိုက်၏။ သူ့အကြည့်က ရှုမိသားစုအဖွဲ့ဝင်တွေကို လှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးမှာ လုကျန်းပေါ်၌ ရပ်တန့်သွားခဲ့သည်။

“မင်းတို့ ဘာလို့ လုကျန်းကို မေးမကြည့်တာလဲ။ အထီးကျန်းလှေမြို့ ကင်းလှည့်မြေပုံကို သွေးလင်းနို့နန်းတော်ကို ရောင်းခဲ့လားလို့…”

ဘာ?....

ရှုမိသားစုအဖွဲ့ဝင်တွေ တုန်လှုပ်သွားကြသည်။

သွေးလင်းနို့နန်းတော်?....

တိမ်စိမ်းဂိုဏ်းနယ်မြေထဲမှာ ပုန်းကွယ်နေသည့် နတ်ဆိုးအင်အားစုလား….

တိမ်စိမ်းဂိုဏ်းက ထိုအင်အားစုကို အမြစ်ပြတ်သုတ်သင်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ။ သူတို့က သွေးလင်းနို့ဂိုဏ်းနှင့် အဆက်အသွယ်မလုပ်ဖို့ တင်းကြပ်စွာ စည်းကမ်းထုတ်ထားပြီး ပတ်သက်မှုတိုင်းကို သွေးလင်းနို့နန်းတော်နှင့် ပူးပေါင်းသည်ဟု ယူဆမည်ပဲဖြစ်သည်။

မလိုက်နာလျှင် မိသားစုတစ်ခုလုံး အမြစ်ပြတ်သုတ်သင်မည်ပဲ ဖြစ်သည်။

ရှုကျန်းယန် တုန်လှုပ်သွားခဲ့သည်။ သူက လုကျန်းကို လူအုပ်ထဲမှဆွဲထုတ်လိုက်ပြီး အော်ပြောလိုက်သည်။

“ပြောစမ်းဟျောင့်…. မင်း သွေးလင်းနို့ နန်းတော်နဲ့ ပူးပေါင်းခဲ့လား”

ထိုအခိုက်အတန့်၌ ဂျန်ဖန်းနှင့် ရှုရို့ရန်တို့ အကြည့်ခြင်းဖလှယ်လိုက်ကြပြီး နှစ်ယောက်လုံး စိုးရိမ်သွားကြသည်။

ယခင်နေ့တွေတုန်းက တောင်ပေါ်မှာ ရှုရို့ရန် သွေးလင်းနို့နန်းတော် အဖွဲ့ဝင်သုံးယောက်ကိုတွေ့ခဲ့၏။ သူတို့ပြောတာအရ လုကျန်း သူတို့ဆီပိုက်ဆံအကြွေးတင်နေခဲ့သည်။

လုကျန်း သွေးလင်နို့နန်းတော်နှင့် အဆက်အသွယ်ရှိတာ သိသာလှ၏။

အစောပိုင်းက ယုံကြည်မှုရှိနေသည့် လုကျန်း မြေပြင်ကိုစိုက်ကြည့်နေပြီး ချွေးအေးတွေ စီးကျလာခဲ့သည်။ သူက ခေါင်းကို ကြမ်းတမ်းစွာ ခါယမ်းလိုက်၏။

“မဟုတ်ဘူး… မဟုတ်ဘူး…. ဒါက ကောလဟာလတွေပါ။”

ကျူးဂျန်ရှန် အေးစက်စွာ လှောင်ပြောင်လိုက်၏။

“တိမ်စိမ်းဂိုဏ်းကလူတွေ သွေးလင်းနို့နန်းတော် ဂိုဏ်းခွဲတစ်ခုကို ရုတ်တရက် ဝင်တိုက်ကြတယ်။ အဲ့မှာ အဖွဲ့ဝင်များစွာ ဖမ်းမိခဲ့တယ်လေ။”

“သူတို့က မင်းအကြောင်းကို ထုတ်ပြောပြီး မင်းသူတို့ကိုပေးထားတဲ့ ကင်းလှည့်မြေပုံကို တောင် ထုတ်ပေးခဲ့တယ်တဲ့။”

“လူသက်သေ၊ ပစ္စည်းသက်သေတွေ အစုံရှိတယ်။ မင်းငြင်းနေလည်းအပိုပဲ။”

ဝမ်ယင်ဖုန်း မတ်တပ်ရပ်လိုက်ပြီး သူမတူကို ကာကွယ်လိုက်၏။

“ဒါ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး….”

“ငါတူမှာ အလားအလာကောင်းတဲ့ အနာဂတ်ရှိပြီးသား။ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ်လုပ်မှာလဲ။”

ကျူးဂျန်ရှန် လှောင်ပြောင်လိုက်၏။

“တိမ်စိမ်းဂိုဏ်းကလူတွေက မထင်မရှား လူတစ်ယောက်ကို အကောက်ကြံမယ်လို့ မင်းထင်လား….”

“လုကျန်း မင်းဘာသာ ဝန်ခံမလား။ ငါ နှိပ်စက်ပြီးမေးရမှာလား….”

သူလုပ်ရပ်ပေါ်သွားတာကို မြင်သည့်အခါ လုကျန်းမျက်နှာက သေလောက်အောင် ဖြူဖျော့သွားခဲ့သည်။ သူက ဝမ်ယင်ဖုန်းရှေ့မှာ ဒူးထောက်လိုက်ပြီး ထိပ်ထိပ်ပျာပျာနှင့် ရှင်းပြလိုက်၏။

“ဒေါ်လေး, ငါလည်းတွန်းအားပေးခံရတာပါ….”

“မတော်တဆ သူတို့ဆီမှာ အကြွေးတင်သွားပြီး ပြန်မပေးရင် ငါ့ကိုသတ်မယ်တဲ့။”

“ဒါကြောင့်ပဲ သူတို့ပြောတဲ့အတိုင်း ကင်းလှည့်မြေပုံကို ခိုးပေးခဲ့တာ။”

“ငါကိုကယ်ပါအုန်း… ငါ့ကိုကယ်ပါ….”

ရှုမိသားစုအဖွဲ့ဝင်တွေ ပင့်သက်ရှိုက်လိုက်ကြ၏။

ဒီတော့ ဤကိစ္စကအမှန်ပေါ့….

ရှုကျန်းယန်၏ အမြင်တွေ မဲမှောင်သွားပြီး လဲကျလုနီးပါးဖြစ်သွားခဲ့သည်။

ကံကောင်းစွာနှင့် ရှုရို့ရန် ရှေ့တက်လာပြီး သူ့ကို ထိန်းထားလိုက်သည်။

“လုကျန်း, မင်းတိရိစ္ဆာန်ကောင်…. ဘယ်လိုတောင် သွေးလင်းနို့နန်းတော်နဲ့ ဆက်သွယ်ရဲရတာလဲ။ အထီးကျန်လှေမြို့ ကင်းလှည့်မြေပုံတောင် ရောင်းလိုက်သေးတယ်။”

ကင်းလှည့်မြေပုံက အထီးကျန်လှေမြို့ကို ကာကွယ်ပေးနေသည့် ကင်းလှည့်စစ်တပ်၏ အဓိကလျို့ဝှက်ချက်တစ်ခုဖြစ်၏။

သွေးလင်းနို့နန်းတော်သာ ထိုမြေပုံပိုင်ဆိုင် သွားလျှင် အထီးကျန်လှေမြို့ကို ဖောက်ထွင်းဝင်ရောက်ဖို့က အလွန်လွယ်ကူသွားမည်ပဲဖြစ်သည်။

ဝမ်ယင်ဖုန်းတောင်မှ တုန်လှုပ်သွားခဲ့သည်။

သူမက အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း ကင်းလှည့်မြေပုံ ဘာကို ကိုယ်စားပြုလဲဆိုတာ နားလည်၏။

လုကျန်း ကျူးလွန်သည့်ကိစ္စက အမှားသေးသေးလေးမဟုတ်ပေ။ ထိုအရာက ကြီးလေးသည့် ရာဇဝတ်မှု ကြီးတစ်ခု ဖြစ်၏။

သူမက တုန်လှုပ်သွားပြီး လုကျန်းကို အဝေးသို့တွန်းလွတ်လိုက်၏။ သူမက အနည်းငယ် နောက်ဆုတ်သွားပြီး လုကျန်းကို ကပ်ဆိုးတစ်ခုအဖြစ် ဆက်ဆံလိုက်၏။

သူမ သူ့ကို မည်သို့ ကာကွယ်ပေးရဲတော့ မည်နည်း။

ကျူးဂျန်ရှန် အေးစက်စက်ပြုံးလိုက်၏။

“တိမ်စိမ်းဂိုဏ်းက ငါ့ကို ဒီကိစ္စကိုင်တွယ် ခိုင်းထားတယ်။”

“ငါ့အမြင်အရတော့ ဒီကိစ္စက အကြီးကြီး ဖြစ်သွားနိုင်သလို သေးသေးလေးလည်း ဖြစ်သွားနိုင်တယ်။”

“မင်းတို့ကို သနားညှာတာပြီး ဒီကိစ္စကို ဘာမှမဖြစ်လို နေပေးလို့ရတယ်။ ဒါပေမယ့် ငါသာ စစ်ဆေးရင် မင်းတို့ ရှုမိသားစုတစ်ခုလုံး လွတ်မှာမဟုတ်ဘူး။”

သူက ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်ပြီး ရှုရို့ရန် မေးစေ့လေးကို လက်ဖြင့်မပြီး ကျီစယ်လိုက်၏။

“ငါလိုချင်တာမင်းသိပါတယ်….”

“ဒီနေ့ည ရှုရို့ရန် ငါ့ကို ကောင်းကောင်းပြုစုရမယ်”

“သူမပြုစုတာကောင်းလို့ ငါပျော်ရွင်မယ် ဆိုရင် မင်းတို့ရှုမိသားစုကို ချမ်းသာပေးမယ်။”

“အဲ့လိုမှမဟုတ်ရင်….”

ဘန်း…

ရုတ်တရက် လက်ဖက်ရည်တစ်ခွက် ပျံသန်းလာပြီး ကျူးဂျန်ရှန် လက်မောင်းကို ထိမှန်သွားခဲ့သည်။

ကျူးဂျန်ရှန် နာကျင်စွာနှင့် လက်ကိုပြန်ရုတ်လိုက်ပြီး ဂျန်ဖန်းကို ဒေါသတကြီး ကြည့်လိုက်၏။

လက်ဖက်ရည်ခွက် ပစ်လိုက်တာ ဂျန်ဖန်းပဲ ဖြစ်သည်။ သူကမုန်းတီးစွာနှင့် ပြောလိုက်သည်။

“ငါမင်းကိုပြောလိုက်မယ်…. မင်းလည်းလွတ်မှာ မဟုတ်ပါဘူး….”

ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။

“ရှုမိသားစုတစ်ခုလုံး အမြစ်ပြန်သုတ်သင်ဖို့ မင်းကို ဘယ်သူ အာဏာပေးလိုက်တာလဲ။”

“လုကျန်းက လုမျိုးရိုးလေ။ ရှုမိသားစုနဲ့ ဘာဆိုင်လို့လဲ….”

ထိုအရာကြောင့် ရှုမိသားစုအဖွဲ့ဝင်တွေ တုန်လှုပ်နေရာမှ သတိပြန်ရလာခဲ့သည်။

ရှုယင်းရင်းလည်း ရုတ်တရက် အသိပြန်ဝင်လာပြီး သူမဓားကိုမြှောက်ကာ အော်ပြောလိုက်၏။

“ကျူးဂျန်ရှန်, ရှုမိသားစုကို ဖျက်ဆီးချင်ရင် နင် ငါ့ကိုလည်းထည့်တွက် မှရမယ်။”

“ငါက တိမ်စိမ်းဂိုဏ်ရဲ့ အစစ်အမှန်တပည့် အဖြစ်သတ်မှတ်ခံထားရတာ မမေ့နဲ့။ ငါ့အနာဂတ် အဆင့်အတန်းက နင့်ထက် အများကြီးပိုမြင့်တယ်။”

ယနေ့ ကျူးဂျန်ရှန် ရှုမိသားစုအား ဖျက်ဆီးဖို့ အာဏာသုံးရဲလျှင် တစ်နေ့ ရှုယင်းရင်းက ကျူးမိသားစုကို သေချာပေါက် ဖျက်ဆီးပစ်မည်ပဲ ဖြစ်သည်။

ရှုကျန်းယန်လည်း အသိပြန်ဝင်လာပြီး အလျှင်အမြန်ပြောလိုက်သည်။

“ဟုတ်တယ်…. ဟုတ်တယ်…. သွေးလင်းနို့နန်းတော်နဲ့ ဆက်သွယ်တာ လုကျန်းလေ။ ရှုမိသားစုနဲ့ ဘာဆိုင်လို့တုန်း….”

တရစပ်ပြောဆိုမှုတွေကြောင့် ကျူးဂျန်ရှန် ကို့ရို့ကားယားအခြေအနေ ရောက်သွားခဲသည်။

သူက အံ့ကြိတ်လိုက်ပြီး အလျော့မပေးပဲ ခံပြောလိုက်၏။

“လုကျန်းက မင်းတို့ရှုမိသားစုမှာပဲ ကြီးပြင်းလာတာလေ။ သူ ပြစ်မှုကျူးလွန် မှတော့ မင်းတို့ရှုမိသားစုလည်း ကိုယ်လွတ်ရုန်းလို့ရမယ်မထင်နဲ့။”

ဂျန်ဖန်း ဟန်ပါပါနှင့် စာရေးလိုက်၏။

“မင်းပြောပုံအရဆိုရင် ရှုမိသားစုကို လက်ထပ်မှုကမ်းလှမ်းတဲ့ ကျူးမိသားစုလည်း ဒီကိစ္စကို ပူးပေါင်းကြံစည်တာပေါ့။ သူတို့ကိုလည်း အတူတူသုတ်သင်လိုက်ကြတာပေါ့….”

လူတိုင်း၏ မျက်လုံးတွေ တောက်ပသွားကြသည်။

ဂျန်ဖန်းက အအတစ်ယောက်ဖြစ်ပေမယ့် သူ့စကားတွေက ချက်ကောင်းကိုထိတာ တော့ ဝန်ခံရမည်ပဲဖြစ်သည်။

ရှုကျန်းယန် ချက်ချင်းပဲ ကြေညာလိုက်၏။

“ဒီအချိန်ကစပြီး လုကျန်းကို ရှုမိသားစုက ထုတ်ပယ်တယ်။ သူက နောက်ထပ် ငါတို့နဲ့ ပတ်သက်မှုရှိတော့မှာမဟုတ်ဘူး။”

“မဟုတ်ဘူး… ဒေါ်လေး, ငါ့ကိုကယ်ပါအုန်း။ ငါ့ကို နောက်ထပ် အခွင့်အရေးတစ်ခုပေးပါ။”

လုကျန်းမျက်နှာ ဖြူဖျော့သွားပြီး ငိုယိုတောင်းပန်လိုက်၏။

သူထုတ်ခံရလျှင် သေခြင်းတရားက သူ့ကို စောင့်ဆိုင်းနေမည်ပဲဖြစ်သည်။

ဝမ်ယင်ဖုန်း ဆန္ဒမရှိသော်လည်း သူမတူအတွက် စိတ်မကောင်းဖြစ်သွား ခဲ့သည်။

သူမက ရှုကျန်းယန်ကို ခေါ်လိုက်၏။

“ယောက်ျား, ဘာလို့ ရို့ရန်ကို သခင်လေးကျူးနဲ့ လက်ထပ်မပေးတာလဲ။ ဒါက နှစ်ဖက်လုံးအကျိုးရှိတဲ့ အခြေအနေပဲ မဟုတ်လား။”

ဖြန်း…..

တုန့်ပြန်မှုအနေဖြင့် သူမ လက်ဝါးတစ်ချက် လက်ခံရရှိလိုက်၏။

ရှုကျန်ယန် ဒေါသထွက်နေပြီး အော်ပြောလိုက်၏။

“ဒီလိုအချိန်မှာတောင် နင့်တူကို ဘယ်လိုကာကွယ်ပေးနိုင်ရတာလဲ။”

“ဒီအယုတ်တမာကောင်ရဲ့အသက် အတွက်နဲ့ ငါ့သမီးပျော်ရွင်မှုကို စတေးရမယ်ပေါ့”

“မင်း ရှုမိသားစု အရင်းအမြစ်တွေနဲ့ လုကျန်းရဲ့ အဆင်ခြင်မဲ့လုပ်ရပ်တွေ ထောက်ပံပေးတယ်။ အိမ်တော်တွင်းမှာ လည်း သူသောင်းကျန်းတာတွေကို ခွင့်ပြုထားသေးတယ်။ ပြီးတော့ ဂျန်ဖန်းရဲ့ လက်ဖွဲ့ပစ္စည်းတွေနဲ့တောင် ချင်းမိသားစုဆီက သူ့အကြွေးတွေကို ဆပ်ပေးဖို့လုပ်နေသေးတယ်။”

“အခု သူက ခွင့်လွတ်လို့မရတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်တာ။ ဒါက ရှုမိသားစုကို အမြစ်ပြန်သုတ်သင်သွားနိုင် တယ်။ ဒါတောင် နင်က သူ့ကို ကာကွယ်ပေးချင်နေတုန်း။”

“ရှုမိသားစု ပျက်ဆီးသွားမှ နင်က ကျေနပ်မှာလား….”

“ထွက်သွား… နင်လည်းထွက်သွားတော့….”

“နင်ရှိနေရင် ရှုမိသားစု တစ်နေ့မှာ ပျက်စီးလိမ့်မယ်။”

ဝမ်ယင်ဖုန်း ကြောက်လန့်သွားခဲ့သည်။ ဆယ်စုနှစ်ကြာလက်ထပ်ပြီးနောက် ရှုကျန်းယန် သူမကို ဒေါသထွက်တာ ဒီတစ်ကြိမ်ပထမဆုံးဖြစ်သည်။

ရှုမိသားစုအဖွဲ့ဝင်အားလုံး စိတ်သက်သာယာ ရသွားခဲ့သည်။

သူမက ထိုအရာနှင့် ထိုက်တန်တာပဲ ဖြစ်သည်။

သူမက ပြင်းထန်သည့် သင်းခန်းစာ တစ်ခုနှင့် ထိုက်တန်၏။

ထိုမိန်းမက ရှုကျန်းယန်ကြင်နာမှုကိုသုံးပြီး အမြဲဗိုလ်ကျကာ ရှုမိသားစုကိစ္စတွေမှာ အတော်လေး ဝင်ရောက်စွတ်ဖက်တာပဲ ဖြစ်သည်။

ယခုလည်း သူမတူ မိသားစုသို့ ဘေးဒုက္ခယူလာတာတောင် အသိတရာမရသေးပေ။

ရှုကျန်းယန် ဒေါသမပြေသေးပဲ ပြောလိုက်သည်။

“လုကျန်ကို ခြေထောက်တွေဖြတ်ပြီး လမ်းမှပေါ်ပစ်ထားလိုက်။”

လုကျန်းကြောင့် ခံစားဖူးသည့် အစေခံများစွာက ချက်ချင်း ဝိုင်းချုပ်လိုက်ကြပြီး ခြေထောက်တွေ ဖြတ်လိုက်ကြ၏။

လုကျန်း နာကျင်စွာနှင့် အော်ဟစ်လိုက်၏။

သူတို့က သူ့တောင်းပန်မှုတွေကို လျစ်လျူရှုထားပြီး သနားညာတာမှုကင်းစွာနှင့် လမ်းပေါ်လွင့်ပစ်လိုက်ကြသည်။

ရှုကျန်းယန် ကျူးဂျန်ရှန်ကို အေးစက်စွာ ကြည့်လိုက်သည်။

“သွေးလင်းနို့နန်းတော်နဲ့ ပူးပေါင်းတဲ့ တစ်ယောက်ကို ရှုမိသားစုက အပြစ်ပေးပြီးပြီ။”

“နောက်ပိုင်း သူ့ကို သတ်မလား ဖြတ်မလားဆိုတာက မင်းသဘောပဲ။ ဒီကိစ္စက ရှုမိသားစုနဲ့ မဆိုင်တော့ဘူး။”

ကျူးဂျန်ရှန် ဆက်လက်အကျပ်မကိုင် နိုင်တော့ပဲ ကျဥ်းထဲကျပ်ထဲကို ရောက်သွားခဲ့သည်။

သူက ကြီးစွာစော်ကားခံလိုက်ရ၏။ ထိုအရာက ရှုရို့ရန်ကို ပိုင်ဆိုင်ဖို့ သက်သက်မဟုတ်တော့ပေ။

ယခုချိန်က သူမျိုသိပ်ထားရသည့် ဒေါသတွေကို ထွက်ပေါက်ရှာရမည့်အချိန် ပဲဖြစ်သည်။

ရုတ်တရက် သူကစာရွက်နောက်ဖက်ခြမ်း ကြည့်လိုက်သည်။

ထိုအရာကို ဖတ်ပြီးနောက် သူက ရက်စက်စွာ လှောင်ပြောင်လိုက်၏။

“မင်း အောင်ပွဲခံတာစောလွန်နေသေးတယ်”

“ဂိုဏ်းရဲ့စာထဲမှာ နောက်ထပ် ညွှန်ကြားချက်တစ်ခုပါသေးတယ်။”

All Chapters