← Chapters

မှော်လက်နက်ပြုလုပ်ခြင်း

Vol. 3 Ch. 37

မှော်လက်နက်ပြုလုပ်ခြင်း

Vol. 3 Ch. 37

ရှုကျန်းယန် လှောင်ပြုံးပြုံးလိုက်၏။

“တိမ်စိမ်းဂိုဏ်းက ငါ့ကို အမိန့်ပေးထားတယ်။ အထီးကျန်လှေမြို့ မိသားစုတွေကနေ ကျွမ်ကျင်သူတွေ စုဆောင်ပြီး ပတ်ဝန်းကျင်မြို့တွေက သွေးလင်းနို့နန်းတော် အကြွင်းအကျန်တွေကို ချေမှုန်းပါတဲ့….”

“သွေးလင်းနို့နန်းတော်အဖွဲ့ဝင် ဘယ်လောက်များများ မိသားစုအသီးသီးက အမြစ်ပြတ်ရှင်းရမယ်လို့ ငါဆုံးဖြတ်ထားတယ်။”

ရှုကျန်းယန် မျက်မှောင်ကြုတ်သွားသည်။

သွေးလင်းနို့နန်းတော်မှ လူတွေက အလွန်ရက်စက်ကြမ်းကြုတ်ပြီး အတော်လေး အားကောင်းကြတာပဲဖြစ်သည်။

သူတို့ထဲက အများစုက ချီကျင့်ကြံခြင်း နယ်ပယ် အဆင့် ၇ ပဲဖြစ်သည်။

စောင့်ရှောက်သူတွေဆိုရင် အဆင့် ၉ တောင် ရောက်ရှိနေပြီဖြစ်သည်။

ထို့ပြင် ဒုနန်းတော်သခင်က အခြေခံတည်ဆောက်ခြင်း နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။

မြို့သခင်က သွေးလင်းနို့နန်းတော်ကို တိုက်ခိုက်ဖို့ လူအများအပြား စေလွတ်ခဲ့ပေမယ့် အားလုံးအကြီးအကျယ် ဆုံးရှုံးခဲ့ကြတာပဲဖြစ်သည်။

ရှုမိသားစုက လူများစွာသာ တာဝန်ပေးအပ်ခံရလျှင် အကျိုးဆက်က….

ကျူးဂျန်ရှန်း စာရွက်ကို ခါလိုက်၏။

“ဂိုဏ်းကပေးတဲ့ သတင်းအရတော့ သွေးလင်းနို့နန်းတော် ဒုနန်းတော်သခင် တစ်ယောက်၊ စောင့်ရှောက်သူနှစ်ယောက် နဲ့ အဖွဲ့ဝင် ၃၀ အထီးကျန်လှေမြို့အနီးအနားကို ထွက်ပြေးတိမ်းရှောင်နေတယ်တဲ့။”

“မင်းတို့ရှုမိသားစုတွေ ခေါင်းငုံ့အရိုအသေပေးပြီး အမှားကိုဝန်ခံ။ ပြီးရင်ရှုရို့ရန်ကို ငါ့ကိုပေး။ ဒါဆိုရင် မင်းတို့ ရှုမိသားစုကို ချမ်းသာပေးမယ်။ နောက်ဆုံးမှာတော့ ရှုမိသားစုက အလယ်အလတ်အဆင့် မိသားစုလေးတစ်ခုပါပဲ။ မင်းတို့တက် အားကောင်းတဲ့မိသားစုတွေ အများကြီးရှိတယ်လေ။”

“မင်းတို့ငြင်းမယ်ဆိုရင်တော့…. စိတ်မကောင်းပါဘူး။ ဒုနန်းတော်သခင်က မင်းတို့တာဝန်ဖြစ်သွားပြီ။”

ဘာ?....

ရှုကျန်းယန် မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

“မင်းက ပုဂ္ဂိုလ်ရေးရာအတွက် အာဏာကို အလွဲသုံးစားလုပ်နေတာပဲ။”

ကျူးဂျန်ရှန် အရှက်မဲ့စွာနှင့် ပခုံးတွန့်လိုက်သည်။

“မင်း မကျေနပ်ရင် တိမ်စိမ်းဂိုဏ်းကို သွားပြောလေ။”

“တကယ်လို့ ၁၀ ရက်အတွင်း တာဝန် မပြီးမြောက်ရင် ရှုမိသားစု ဘဏ္ဍာတွေကို သိမ်းပြီး လူတွေထောင်ချခံရမယ်။”

ထိုအရာက အဓိပ္ပယ်မရှိသည့် ခြိမ်းခြောက်မှု မဟုတ်ဘူးဆိုတာ လူတိုင်းသိ၏။

ပေးအပ်သည့်တာဝန်သာ မပြီးမြောက်လျှင် တိမ်စိမ်းဂိုဏ်းက အမှန်တကယ်အပြင်းအထန် အပြစ်ပေးမည်ပဲဖြစ်သည်။

သို့ပေမယ့် ရှုမိသားစုအား ဒုနန်းတော် သခင်ကို သုတ်သင်ဖို့ ခိုင်းတာက ဟာသတစ်ခုသာဖြစ်၏။

ရှုမိသားစု၌ အသန်မာဆုံးလူမှာ ရှုကျန်းယန်ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်း ပထမ အဆင့်သာရှိ၏။

ပြောစကားတွေအရ ဒုနန်းတော်သခင်က အခြေခံတည်ဆောက်ခြင်းအဆင့် ဒုတိယအဆင့်ဖြစ်၏။

ထို့ပြင် ပြိုင်ဘက်က အလွန်ရက်စက်ကြမ်းတမ်းလှပြီး ရှုကျန်းယန် မည်သို့ ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။

“ရွေးချယ်ပါ…”

ကျူးဂျန်ရှန် အေးအေးဆေးဆေး ပြောလိုက်သည်။

ထိုအခိုက်အတန့်၌….

ဂျန်ဖန်း စာတစ်ကြောင်းရေးလိုက်သည်။

“ဦးလေး, ဒုနန်းတော်သခင်ကို ငါ့ဆီ လွဲထားလိုက်ပါ”

သူက ဆယ်ရက်အတွင်း အခြေခံတည် ဆောက်ခြင်းအဆင့်ကို ရောက်ရှိမည်ဟု ယုံကြည်မှုရှိတာပဲဖြစ်သည်။ ထိုအခါ နဂါးရှာဖွေကျမ်းနှင့်အတူ သူ့ခွန်အားက နောက်တစ်ဆင့်ကို တိုးတက်သွားမည်ပဲ ဖြစ်သည်။

ဒုနန်းတော်သခင်ကို ရင်ဆိုင်ဖို့က လုံလောက်တာပဲဖြစ်သည်။

ရှုကျန်းယန် ဂျန်ဖန်းပုခုံးကို သဘောကျစွာနှင့် ပုတ်လိုက်သည်။

“မင်းက ငါအသိအမှတ်ပြုရတဲ့ သားမက်ကောင်းတစ်ယောက်ပဲ”

“ငါ့ကို စိတ်မပျက်စေဘူး…..”

သူက ဘေးမှာရှိသည့် ကျူးဂျန်ရှန်ကို အထင်မြင်သေးစွာ ကြည့်လိုက်၏။

“မင်းလို စက်ရှုပ်ဖွယ်ကောင်းတဲ့ ကောင်းက ငါ့သမီးနဲ့လက်ထပ်ဖို့ တန်လို့လား….”

“ငါတို့ရှုမိသားစုက ဂျန်ဖန်းလို ကျောရိုးရှိတဲ့လူမျိုးပဲ အလိုရှိတယ်။”

“မင်းက ဂျန်ဖန်း ဖိနပ်သယ်ဖို့တောင် အဆင့်အမှီဘူး။”

“ထွက်သွား…. ၁၀ရက်နေရင် ခေါင်း လာယူလှည့်”

ကျုးဂျန်ရှန် စော်ကားခံလိုက်ရပြီး ဒေါသထွက်သွားခဲ့သည်။ သူက အံ့ကြိတ်ပြီး ပြောလိုက်သည်။

“သိပ်ကောင်းတယ်…. ရှုကျန်းယန်။ ဒါမင်းတောင်းဆိုတာနော်….”

“၁၀ ရက်နေလို့မှ ဒုနန်းတော်သခင် ခေါင်း မတွေ့ရင် ငါမင်းခေါင်းကို ယူမှာ….”

“ပြီးတော့ မင်း, ဂျန်ဖန်း… မင်းလက်ဗလာနဲ့ ပြန်လာခဲ့ရင် ရှုမိသားစုကို ဘယ်လိုမျက်နှာချင်းဆိုင် မလဲဆိုတာ မြင်ချင်သေးတယ်။”

ပြောပြီးနောက် သူက ဒေါသတကြီးထွက်ခွာသွားခဲ့သည်။

ဂျန်ဖန်း လက်သီးဆုပ်လိုက်၏။

၁၀ ရက်…. အချိန်က အမှန်တကယ် နည်းလွန်းလှ၏။

ထိုအခိုက်အတန့်၌ ရှုကျန်းယန် သူ့ပခုံးကို နောက်တစ်ကြိမ်ပုတ်လိုက်သည်။

“စိတ်အေးအေးထားပါ…. ဒုနန်းတော်သခင် ကို ငါသတ်လိုက်ပါ့မယ်။ မင်းက အိမ်မှာနေပြီး ရို့ရန်ကို အဖော်ပြုပေးလိုက်။”

တကယ်တော့ သူ့မှာလည်း ဂျန်ဖန်းကဲ့သို့ အတွေးမျိုးရှိတာပဲဖြစ်သည်။

ဂျန်းဖန်းဝင်မပြောလျှင်တောင် သူက အပြတ်အသတ် ငြင်းမည်ပဲဖြစ်သည်။

ထို့ပြင် ထိုကဲ့သို့အန္တရာယ်များသည့်ကိစ္စ ကို မိသားစုခေါင်းဆောင်တစ်ယောက် အနေဖြင့် အငယ်တွေကို မည်သို့ ကိုင်တွယ်ခိုင်းနိုင်မည်နည်း။

လူတိုင်း လူစုကွဲသွားပြီးနောက်….

ရှုမိသားစုအဖွဲ့ဝင်တွေ ဘေးအန္တရာယ်ကို ခံစားမိပြီး သူတို့၏ ကျင့်ကြံရေးကို လုံ့လဝီရီယရှိရှိနှင့် ကျင့်ကြံနေကြ၏။

ဂျန်ဖန်းလည်း ချွင်းချက်မဟုတ်ပေ။

သူက ချီကျင့်ကြံခြင်းအဆင့် ၈ ကို ချိုးဖြတ်ပြီးပြီဖြစ်၍ အချိန်တိုအတွင်း နောက်ထပ်တိုးတက်ဖို့က နှေးကွေးမည်ဖြစ်၏။

သူ့ခွန်အားမြှင့်တင်ဖို့ တစ်ခုတည်းသော နည်းလမ်းက တိုက်ခိုက်ရေးစွမ်းအားပဲ ဖြစ်သည်။

သူက အဝါရောင်အဆင့်မြင့် တိုက်ခိုက်ရေးသိုင်းကျမ်းဖြစ်သည့် ကြယ်ခုနှစ်စင်း ဓားသိုင်းကို ထုတ်ယူလိုက်၏။

ထိုအရာက တစ်မြို့လုံးမှာ အမြင့်ဆုံး ဓားသိုင်းဖြစ်ပြီး အလွန်မတန် နက်နဲလှတာပဲဖြစ်သည်။

ထို့ပြင် ယခုလက်ရှိသူက ဓား မရှိသေးပေ။

ထိုအရာကို တွေးပြီး သူက လေလံပွဲက ရခဲ့သည့် မိုးကြိုးသစ်သားကို ကုတင်အောက်မှ ထုတ်ယူလိုက်သည်။

“ထိုက်ယင်ဝိညာဥ်ကျမ်းအရတော့ မိုးကြိုးစိတ်ဝိညာဥ်သစ်သားက မှော်လက်နက်တွေသန့်စင်တဲ့နေရာမှာ အထူးကောင်းမွန်တယ်တဲ့။ လက်နက်သွန်လုပ်တာ မကျွမ်းကျင်ရင်တောင် သဘာဝမှော်လက်နက်တစ်ခုအဖြစ် ပြုလုပ်နိုင်တယ်ဆိုပဲ။”

ဂျန်ဖန်း ရေရွတ်လိုက်ပြီး ဓားသေးသေးဖြင့် နည်းနည်းခြင်းပုံဖော်နေခဲ့သည်။

နေ့တစ်ဝက်ကြာပြီးနောက်…..

အနက်ရောင်ဓားတစ်ချောင်းက ဂျန်ဖန်းလက်ထဲမှာရှိနေခဲ့၏။

“ဒါက မှော်လက်နက်လား…”

ဂျန်ဖန်း ခေါင်းကုတ်လိုက်၏။ သူက ၎င်းကို လေထဲမှာ လွဲယမ်းလိုက်ပေမယ့် မှော်လက်နက်တစ်ခုနှင့် မတူပေ။

ပြောကြတာတော့ မှော်လက်နက်တွေက အသုံးပြုလျှင် အထူးစွမ်းရည်တွေကို ထုတ်ပေး၏။

ဤသစ်သားဓားက မည်သည့်တုန့်ပြန်မှုမှ မပြပေ။

သူက အလျော့ပေးဖို့ဆန္ဒမရှိပဲ ဓားနှင့် လက်မောင်းကို အနည်းငယ်ထိုးလိုက်သည်။

ရလဒ်ကတော့…..

သစ်သားဓားမှ မိုးကြိုးစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ဂျန်ဖန်းလက်မောင်းကို ထိမှန်သွားခဲ့သည်။

ချက်ချင်းပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး မိုးကြိုးစွမ်းအင်ကြောင့် ထုန်ကျင်သွားခဲ့သည်။

ခြေလက်တွေ တောင့်တင်းကုန်ပြီး မလှုပ်ရှားနိုင်တော့ပေ။

ခဏကြာသည့်အခါမှ ပြန်ကောင်းလာပြီး သူ့နှလုံးသားက အပြင်းအထန်တုန်လှုပ်နေခဲ့သည်။ ထိုမိုးကြိုစွမ်းအင်ကြောင့် သူက အကြီးအကျယ်ပင့်သက်ရှိုက်လိုက်သည်။

“ဒါ… မိုးကြိုးစွမ်းအင်ပဲ?”

မရေမတွက်နိုင်အောင် မိုးကြိုးအပစ်ခံရပြီး နောက် ထိုစိတ်ဝိညာဥ်သစ်သား၌ မိုးကြိုးစွမ်းအင်အနည်းငယ် တည်ရှိနေခဲ့၏။

ရန်သူကိုတိုက်ခိုက်သည့်အခါ သူတို့ ခန္ဓာကိုယ်တွေ အကြောသေသွားမည်ပဲ ဖြစ်သည်။

ထိုအရာက ရန်သူအတွက် သေစေနိုင်လောက်သည့် လက်နက်တစ်ခုပဲ ဖြစ်သည်။

ဂျန်ဖန်း ၎င်း၏ အသုံးဝင်မှုကို ချက်ချင်း နားလည်လိုက်ပြီး အလွန်ပျော်ရွင်သွားခဲ့ သည်။

သူက ချက်ချင်းပဲ ကြယ်ခုနှစ်စင်းဓားသိုင်းကို စတင်ကျင့်ကြံလိုက်၏။

ထိုဓားသိုင်းကို အဆင့်သုံးဆင့်ခွဲထားပြီး အဆင့်မြင့်၊ အလယ်အလတ်၊ နှင့် အဆင့်နိမ့်တို့ပဲ ဖြစ်သည်။

ပထမအဆင့်က အထီးကျန်ကြယ် ဖြစ်၏။

ဒုတိယအဆင့်က လစန္ဒာကြယ်သုံးလုံး ဖြစ်သည်။

တတိယအဆင့်ကတော့ မြောက်ပိုင်း ကြယ်ခုနှစ်လုံးပဲ ဖြစ်သည်။

လှုပ်ရှားမှုတစ်ခုချင်းစီက နောက်ဆုံးတစ်ခုထက် ပိုအားကောင်းတာပဲ ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးဓားကွက်က သံနက်ကိုတောင် ဖြတ်တောက်နိုင်ပြီး အလွန်ကြောက်စရာကောင်းသည့် စွမ်းအားကို ထုတ်ပေးနိုင်၏။

ကျင့်စဥ်နည်းလမ်းနားလည်တုန်းကကဲ့သို့ ဓားသိုင်းကျင့်ကြံရာမှာလည်း ပိတ်ဆို့မှု မရှိဘူးဆိုတာ သူရှာတွေ့လိုက်၏။

နောက်ဆုံးအဆင့်ကတော့ ချွင်းချက်ဖြစ်ပြီး အတွေးအမြင်တစ်ချို့ လိုအပ်တာပဲဖြစ်သည်။ ကျန်သည့် ဓားသိုင်းတစ်ခုလုံးကတော့ လုံးဝခက်ခဲမှု မရှိပေ။

သုံးရက်ကြာပြီးနောက်….

သူက ဓားသိုင်းပညာမှာ အောင်မြင်မှုကြီးစွာ ရရှိခဲ့၏။

ဤရက်တွေအတွင်း သူက နေ့ပိုင်း၌ ဓားသိုင်းကျင့်ကြံပြီး ညပိုင်း၌ အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည် အကူအညီဖြင့် ကျင့်စဥ်နည်းလမ်းကို လေ့ကျင့်ခဲ့၏။ ထို့ကြောင့် သူက ချီကျင့်ကြံခြင်းအဆင့် ၈ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားခဲ့သည်။

စိတ်ဝိညာဥ်စွမ်းအင်အခြေခိုင်မို့နှင့် အဆင့် ၉ကို ချိုးဖြတ်ဖို့အတွက် သူက ပြင်းထန်သည့် တိုက်ပွဲတစ်ခုသာလိုအပ်၏။

“ဖန်, ဖန်… သတင်းကောင်းပဲ။ အထီးကျန်လှေမြို့ရဲ့ နဂါးလမ်းကြောင်း ဖွင့်ပြီတဲ့”

ရှုရို့ရန် ပျော်ရွင်စွာနှင့်ပြေးလာပြီး ပြောလိုက်သည်။

နဂါးလမ်းကြောင်း?....

ထိုအရာက တိမ်စိမ်းဂိုဏ်းမြို့တိုင်းမှာ ပြုလုပ်ထားသည့် စမ်းသပ်ရေးနေရာတစ်ခု ဖြစ်၏။

အတွင်းပိုင်း၌ စိတ်ဝိညာဥ်စွမ်းအင် ကြွယ်ဝပြီး ကျင့်ကြံရေးအတွက် အထူးသင့်တော်တာပဲဖြစ်သည်။ ထို့ပြင် ပိုအရေးကြီးတာက အမျိုးအမျိုးသော စမ်းသပ်မှုတွေကိုတိုက်ခိုက်နိုင်တာပဲ ဖြစ်သည်။

ထိုစမ်းသပ်မှုတွေကို တိမ်စိမ်းဂိုဏ်းပါရမီရှင်တွေ ငယ်ရွယ်စဥ်က ပြုလုပ်ခဲ့ကြတာဖြစ်၏။

စမ်းသပ်မှုတွေက ကျင့်ကြံရေးနည်းလမ်း မျိုးစုံကိုနှင့် သူတို့၏ အသန်မာဆုံး အခြေအနေကို ထုတ်ဖော်နိုင်တာပဲဖြစ်သည်။

သူတို့က စမ်းသပ်မှုသာဖြစ်သောကြောင့် စမ်းသပ်ခံသူတွေ မထိခိုက်စေပဲ တိုက်ပွဲစွမ်းရည် တိုးတက်လာနိုင်တာပဲဖြစ်သည်။

ထိုအရာက မူလတုန်းက ၁၀ နှစ်ကို တစ်ကြိမ်သာဖြစ်၏။

သို့ပေမယ့် ဒီတစ်ချိန်၌ သွေးလင်းနို့နန်းတော်ကို တိုက်ခိုက်ရတော့မည်ဖြစ်တာကြောင့် ထူးထူးခြားခြားဖွင့်လှစ်လာခဲ့တာဖြစ်သည်။

“သွားကြစို့…”

ယခုချိန်မှာ ဂျန်ဖန်းအလိုအပ်ဆုံးက စစ်မှန်သည့်တိုက်ပွဲတစ်ခုပဲဖြစ်သည်။

နဂါးလမ်းကြောင်းက မျှော်စင်တစ်ခု ဖြစ်သည်။

ကျောက်လှေကားတစ်ခုက မျှော်စင်ပထမ ထပ်ကနေ ထိပ်ဆုံးထပ်ထိ ရောက်ရှိနေခဲ့သည်။

များစွာသောလူတွေက ကျောက်လှေကားပေါ်မှာ မတ်တပ်ရပ်နေပြီး သိုင်းပညာတွေ အားသွန်ခွန်စိုက် သရုပ်ဖော်ပြသနေခဲ့ကြ သည်။

ရှုရို့ရန်ပြောလိုက်သည်။

“ဖန်, ကျောက်လှေကားထစ်တစ်ခုချင်းစီ မှာ စမ်းသပ်မှုတစ်ခုရှိတယ်။ အဲ့ဒီ စမ်းသပ်မှုကို အနိုင်ယူနိုင်မှပဲ နင်က နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ။”

“ပြောကြတာတော့ ထူးထူးချွန်ချွန် လုပ်ဆောင်နိုင်တဲ့သူကို ဆုချီးမြင့်တယ်တဲ့။”

ဂျန်ဖန်းက ဆုလဒ်ကို ဂရုမစိုက်ပေ။

သူက ကြီးကျယ်သည့်တိုက်ပွဲတစ်ခုသာ အလိုရှိနေခဲ့သည်။

ထို့ကြောင့် သူက ချက်ချင်းပဲ ပထမ အဆင့်ပေါ်ကို တက်လိုက်သည်။

သူခြေလှမ်းချလိုက်သည်နှင့် အမြင်အာရုံမဲမှောင်သွားပြီး စင်မြင့်အလွတ်တစ်ခုပေါ်မှာ ပေါ်လာခဲ့သည်။

ထိုအချိန်၌ ၁၈ နှစ်လူငယ်လေးတစ်ယောက် နှေးကွေးစွာထွက်ပေါ်လာခဲ့သည်။

“လီဇီဂျင်, ချီကျင့်ကြံခြင်း အဆင့် ၅, ကျေးဇူးပြုပြီး သင်ကြားပေးပါအုန်း….”

ဒီတော့ အစဆုံးကကို အဆင့် ၅ ပေါ့….

ဂျန်ဖန်း ခေါင်းညိတ်လိုက်ပြီး တိုက်ခိုက်လိုက်၏။ ထိုအရာက လက်သီးတစ်ချက်နှင့် ပြောက်ကွယ်သွားခဲ့သည်။

“ဘာမှလည်းမခက်ပါဘူး….”

ဂျန်ဖန်း အလျှင်အမြန်ပဲ ဒုတိယအဆင့်ကို တက်လိုက်သည်။

“ဟွမ်းကိုင်းဟူ, ချီကျင့်ကြံခြင်း အဆင့် ၅ ပြီးပြည့်စုံခြင်းအဆင့်…. ကျေးဇူးပြု၍ သင်ကြားပေပါအုန်း…..”

ထိုအဆင့်လည်း လက်သီးတစ်ချက်ပဲ ဖြစ်သည်။

“ချန်းယွမ်ချင်း, ချီကျင့်ကြံခြင်းအဆင့် ၆…. ကျေးဇူးပြု၍ သင်ကြားပေးပါအုန်း…”

လက်သီးတစ်ချက်ပဲ ဖြစ်သည်။

“ယွမ်ကျောင်းတောက်, ချီကျင့်ကြံခြင်းအဆင့် ၆ ပြီးပြည့်စုံခြင်းအဆင့်…., ကျေးဇူးပြုပြီး သင်ကြားပေးပါအုန်း….”

……

ဂျန်ဖန်း တစ်ယောက်ချင်းစီကို လက်သီးတစ်ချက်နှင့် အနိုင်ယူပြီး မရပ်တန့်လုနီးပါးပဲဖြစ်သည်။ ထိုအရာက လမ်းလျှောက်နေသကဲ့သို့ဖြစ်သည်။

ချီကျင့်ကြံခြင်းအဆင့် ၈ ကို အနိုင်ယူပြီးသည့်အခါမှသာလျှင် သူ့ခြေလှမ်းတွေ အရှိန်လျော့လာခဲ့သည်။

မော့ကြည့်လိုက်သည့်အခါ သူကြောင်အပြီး အံ့အားသင့်သွားခဲ့သည်။ သူ့ရှေ့မှာရှိသည့်လူက ရှုယင်းရင်းပဲ ဖြစ်သည်။

All Chapters