← Chapters

ဗျာများနေသည့် လျိုချင်းရှန်

Vol. 3 Ch. 38

ဗျာများနေသည့် လျိုချင်းရှန်

Vol. 3 Ch. 38

အခန်း (၃၈)

သူမက တစ်ကိုယ်လုံးချွေတွေစိုဆွဲနေပြီး လေထဲကို အပြင်အထန်တိုက်ခိုက်နေခဲ့သည်။ ချီကျင့်ကြံခြင်းအဆင့် ၈ ပြီးပြည့်စုံခြင်း အဆင့်က သူမကို ဒုက္ခများစေတာ သိသာလှ၏။

ထိုကိစ္စကနားလည်ဖို့ မခက်ပေ။

ဤစမ်းသပ်မှုအားလုံးက တိမ်စိမ်းဂိုဏ်း ပါရမီရှင်တွေ ပြုလုပ်ခဲ့ကြတာဖြစ်၏။

သူတို့ကျင့်ကြံသည့် နည်းလမ်းတွေက ရှုမိသားစု၏ အဝါရောင်အဆင့်နိမ့်ထက် အများကြီးပိုမြင့်တာပဲဖြစ်သည်။

ရှုရို့ရန်က ချီကျင့်ကြံခြင်းအဆင့် ၉ ကို ရောက်ရှိနေသော်လည်း အဆင့် ၈ ပြည့်စုံခြင်းအဆင့်နှင့် ရင်ဆိုင်ရာ၌ ကျင့်ကြံရေးနည်းလမ်းကွာခြားမှုက သိသာလာပြီပဲဖြစ်သည်။

“အဆင့် ၈ ပြီးပြည့်စုံခြင်းအဆင့်က တကယ်ပဲ ဒီလောက်တောင် ခက်တာလား”

ဂျန်ဖန်း စဥ်းစားရင်းနှင့် နောက်တစ်ဆင့် တက်လိုက်သည်။

ချက်ချင်းပဲ အရပ်ရှည်ရှည်နှင့် သူမတူအောင် လှပသည့် မျက်နှာလေးတစ်ခု သူ့ရှေ့မှာ ပေါ်လာခဲ့သည်။

“ဟမ်…. ဒါ မြို့သခင်အိမ်တော်မှာ ငါတွေ့ခဲ့တဲ့ မိန်းခလေးမလား။ သူမနာမည်က ဘာပါလိမ့်…. လျို…ဘာ…. ရှန်ဆိုတုန်းပဲ။”

သူမ သူ့ကို ခရမ်းရောင်တံဆိပ်ပြားတစ်ခု ပေးခဲ့တာကို ဂျန်ဖန်းမှတ်မိသေး၏။

ယနေ့အချိန်ထိ အဲ့ဒီတံဆိပ်ပြားနှင့် ဘာလုပ်ရမလဲဆိုတာ သူမသိသေးပေ။

သို့ပေမယ့် သူ့ရှေ့က စမ်းသပ်မှုက ခရမ်းရောင်မိန်းခလေး လွန်ခဲ့သည့်နှစ်အနည်းငယ်တုန်းက ထားရှိခဲ့တာ သိသာတာပဲဖြစ်သည်။

“လျိုချင်းရှန်, ချီကျင့်ကြံခြင်း အဆင့် ၈ ပြီးပြည့်စုံခြင်းအဆင့်, ကျေးဇူးပြုပြီး အကြံညာဏ်ပေးပါအုန်း…”

ပြောပြီးသည်နှင့် သူမက ခရမ်ဓားကို ထုတ်ယူလိုက်ပြီး အလွန်ထူးခြားသည့် ဓားသိုင်းတစ်ခုကို အသုံးပြုလိုက်၏။

ဂျန်ဖန်းလည်း သူ့ဓားကိုထုတ်ယူပြီး ပြန်လည်တိုက်ခိုက်လိုက်၏။

သူမ၏ ဓားသိုင်းက ထူးခြားသော်လည်း သူ၏ ကြယ်ခုနှစ်စင်းဓားသိုင်းက ပိုသာတာပဲဖြစ်သည်။

သုံးကွက်လောက်ဖလှယ်ပြီးသည့်နောက်မှာတော့ သူမဓားရှည်က အဝေးကိုလွင့်ထွက်သွားခဲ့သည်။

သူ့ရှေ့က အမှောင်ထု ပျောက်ကွယ်သွားပြီး ဂျန်ဖန်းအောင်မြင်သွားပြီပဲဖြစ်သည်။

ဘေးဘက်ကိုကြည့်လိုက်သည့်အခါ ရှုယင်းရင် အံကြိတ်ပြီး ရုန်းကန်နေဆဲဖြစ်သည်။

ထို့နောက် ဂျန်ဖန်းက ကိုးဆင့်မြောက်လှေကားကို တက်သွားလိုက်သည်။

ချောမောခန့်ညားသည့် လူငယ်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။

“ချန်းကျန်တောက်, ချီကျင့်ကြံခြင်းအဆင့် ၉, ကျေးဇူးပြုပြီး အကြံညဏ်ပေးပါအုန်း”

ထိုစဥ်…

ချန်မိသားစု ကောင်းကင်ထက်၌…..

လျိုချင်းရှန်မျက်မှောက်ကြုတ်လိုက်သည်။

“ဦးလေးချန်း, သူမ အဆင့် ၃ ဝိညာဥ်သခင် ကို ဖုံးကွယ်ပေးနေတာသေချာလို့လား….”

သူတို့ သူမကို စောင့်ကြည့်နေတာ ၄ ရက်ရှိပြီးပဲဖြစ်သည်။

ချန်းစီလင်က ချန်းမိသားစု နေအိမ်များစွာကိုသာ သွားလာနေပြီး မည်သည့်သူစိမ်းတစ်ယောက်နှင့်မှ မဆက်သွယ်ခဲ့ပေ။

ထိုအရာကြောင့် ချန်းကျန်တောက် သူ့ထင်မြင်ချက်ကို စတင်သံသယဝင်လာခဲ့သည်။

“ငါပဲ သံသယလွန်သွားတာလား….”

သူက နှာခေါင်းကို ထိလိုက်သည်။

လျိုချင်းရှန် သက်ပြင်းချလိုက်သည်။

“အဆင့် ၃ ဝိညာဥ်သခင်က တကယ် ရှာဖို့ ခက်တာပဲ….”

ဟမ်….

ရုတ်တရက် လျိုချင်းရှန် မတ်တပ်ထရပ်လိုက်၏။ သူမက အံ့အားသင့်စွာနှင့် နဂါးလမ်းကြောင်း မျှော်စင်ဘက်ကို ကြည့်လိုက်သည်။

“တစ်ယောက်ယောက် နဂါးလမ်းကြေင်းထဲက ငါ့စမ်းသပ်မှုကို အောင်မြင်သွားပြီ”

ချန်းကျန်တောက် ရယ်လိုက်၏။

“ဘာတွေ ဒီလောက်အံ့အားသင့်နေတာလဲ။ ဒါက မင်း ၁၈ နှစ်တုန်းက ထားခဲ့တဲ့ စမ်းသပ်မှုတစ်ခုလေးပဲလေ။”

လျိုချင်းရှန် ပြန်ပြောလိုက်သည်။

“ဒါပေမယ့် ဒီလူက ငါ့ကို သုံးကွက်ထဲနဲ့ အနိုင်ယူသွားတာ….”

အို….

ချန်းကျန်းတောက်လည်း အံ့အားသင့်သည့် အမူအရာဖြစ်လာခဲ့သည်။

အသက် ၁၈ နှစ်တုန်းကတောင် လျိုချင်းရှန်၏ ခွန်အားက လျော့တွက်လို့ မရပေ။

သူက တစ်ခဏစဥ်းစားလိုက်၏။

“မင်းခံစားမိတာများ မှားနေတာလား။ မြို့ထဲက အဆင့် ၉ စိတ်ဝိညာဥ်အမြစ်နဲ့တစ်ယောက်တောင် ချီကျင့်ကြံခြင်းအဆင့် ၇ပဲရှိတာမလား။ မင်းကို သုံးကွက်တည်းနဲ့ အနိုင်ယူတာက သဘာဝမကျဘူး။”

နဂါးလမ်းကြောင်းက လူငယ်တွေအတွက်သာ ဖြစ်သည်။

ထိုမျှအားကောင်းသည့် လူငယ်တစ်ယောက် တည်ရှိဖို့က မဖြစ်နိုင်ပေ။

လျိုချင်းရှန် ထိုအရာကို တွေးမိပြီး တွေဝေသွားခဲ့သည်။

“ဟုတ်လောက်မယ်….”

အဆုံးမှာတော့ ဂိုဏ်းခေါင်းဆောာင် သမီးဖြစ်သည့်သူမကို သက်တူရွယ်တူတစ်ယောက်က သုံးကွက်တည်းနှင့် အနိုင်ယူလိုက်တာက ချဲ့ကားပြောနေတာပဲဖြစ်သည်။

ထိုအရာက အထင်မှားတာပဲဖြစ်နိုင်၏။

သို့ပေမယ့်….

ခဏကြာပြီးနောက် စောင့်ကြည့်နေဆဲ ဖြစ်သည့် ချန်းကျန်တောက် မတ်တပ်ထရပ်လိုက်၏။

သူလည်း နဂါးလမ်းကြောင်းမျှော်စင်ဘက်ကို အံ့အားသင့်စွာနှင့် ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ… ဦးလေးချန်….”

သူ့အပြုအမူကြောင့် လျိုချင်းရှန် ရုတ်တရက် လန့်သွားခဲ့သည်။

“ငါ့စမ်းသပ်မှုလည်း အနိုင်ယူခံလိုက်ရပြီ။ ပြိုင်ဘက်က ၁၀ ကွက်တည်း သုံးသွားတာ….”

ဟမ်….

လျိုချင်းရှန် ပိုလို့တောင် အံ့သြတုန်လှုပ်သွားခဲ့သည်။

“တကယ်လား… အဲ့အချိန်တုန်းက ဦးလေးက တိမ်စိမ်းဂိုဏ်းနံပါတ်တစ်ပါရမီရှင်လေ။ ဦးလေးခေတ်မှာ ပြိုင်ဘက်ကင်းပဲဟာ…”

ချန်းကျန်တောက်၏ အဆင့် ၈ စိတ်ဝိညာဥ်အမြစ်က ဟာသတစ်ခု မဟုတ်ပေ။

ထို့ပြင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ အရင်းအမြစ်တွေလည်းရှိသေး၏။ သူက အသက် ၁၈နှစ်မှာ တိမ်စိမ်းဂိုဏ်းနယ်မြေအတွင်း ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။

သူ၏စမ်းသပ်မှု အနိုင်ယူခံလိုက်ရတာဟာ ပိုထူးခြားသည့် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပြီဟု ပြောနေတာပဲဖြစ်သည်။

“မင်းနေခဲ့ပြီး ဆက်စောင့်ကြည့်ထားလိုက်…. ငါသွားကြည့်လိုက်အုန်းမယ်….”

ချန်းကျန်တောက် လျိုချင်းရှန်ကိုထားခဲ့ပြီး အလျှင်အမြန်ထွက်ခွာသွားခဲ့သည်။

“ငါလည်းသွားကြည့်ရမယ်။ ဒီအထီးကျန်လှေမြို့က တော်တော်လေး ထူးဆန်းတယ်။”

လျိုချင်းရှန် သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး မခံမရပ်နိုင်ဖြစ်နေခဲ့သည်။

ဤကဲ့သို့ခေါင်သည့်နေရာမျိုးမှာ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ထွက်ပေါ်လာက အံ့အားသင့်စရာကောင်းနေပြီပဲဖြစ်သည်။ ထိုအရာက ကြီးစွာကံကောင်းမှုပဲဖြစ်သည်။

ယခုလည်း အဆင့် ၃ ဝိညာဥ်ဆရာ ပေါ်ထွက်လာပြန်၏။

ဝိညာဥ်ဆရာကို ရှာမတွေ့သေးခင်မှာပဲ နောက်ထပ် ထိပ်တန်းအဆင့် ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပြန်သည်။

အထီးကျန်လှေမြို့က အတော်လေး ရှုပ်ထွေးလှတာပဲဖြစ်သည်။

၎င်းက ကောင်းကင်ဘုံကို ရည်မှန်နေသည်လား….

သူမက သိမ်းငှက်ပြာကို စီးကာ အဝေးကို ပျံသန်းထွက်ခွာသွားခဲ့သည်။

ထိုအချိန်၌ ဂျန်ဖန်းက ၁၀ ဆင့်မြောက် လှေကားထစ်ကို တက်လိုက်၏။

“ယွင်ထျန်းကျောက်, ချီကျင့်ကြံခြင်း အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်, ကျေးဇူးပြု၍ အကြံညဏ်ပေးပါအုန်း…”

သူတို့ တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက် ဂျန်ဖန်း ကြီးမားသည့်ဖိအားကို ချက်ချင်း ခံစားလိုက်ရ၏။

သို့ပေမယ့် ထိုအရာက ပိုတောင် ကောင်းသေး၏။

သူက ခွန်အားကုန်သုံးကာ တိုက်ခိုက်လိုက်ပြီး သစ်သားဓား၏ မိုးကြိုးစွမ်းရည်ကိုတောင် အသုံးပြုလိုက်၏။

ထိုသို့ဆိုလျှင်တောင် သူက လှုပ်ရှားမှု တစ်ရာလောက်သုံးပြီးနောက် စမ်းသပ်မှုကို အောင်မြင်သွားတာဖြစ်၏။

၁၁ ဆင့်မြောက်ကို ကြည့်လိုက်ပြီး ဂျန်ဖန်း အားကုန်နေပြီဖြစ်ကာ လာရာလမ်းအတိုင်း နောက်ပြန်ဆုတ်သွားခဲ့သည်။

၁၁ ဆင့်မြောက်က အခြေခံတည်ဆောက်ခြင်းနယ်ပယ်ပဲဖြစ်သည်။

ချီကျင့်ကြံခြင်းအဆင့် ၉ ပြည့်စုံခြင်းအဆင့်ကို ရင်ဆိုင်တာတောင် သူက ဖိအားခံစားနေရပြီဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်ဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။

ထိုအရာကို အတင်းအကြပ်ကြီးလုပ်ယူဖို့ မလိုအပ်ပေ။

ယခုချိန် သူလိုအပ်တာက ပြန်သွားပြီး ကျင့်ကြံဖို့ပဲဖြစ်သည်။ ဤအခွင့်အရေးကို အသုံးချပြီး စိတ်ဝိညာဥ်စွမ်းအင် အခြေခိုင်အောင်ပြုလုပ်ပြီး အဆင့် ၉ ကို တစ်ခါတည်းတက်ရမည်ပဲဖြစ်သည်။

အခွင့်ကြုံမှပဲ သူက နောက်တစ်ကြိမ်လာ ကြိုးစားကြည့်ရမည်ပဲဖြစ်သည်။

အပြန်လမ်း၌ ရှုယင်းရင်းက အဆင့်၈ ပြီးပြည့်စုံခြင်းအဆင့် နှင့် တိုက်ခိုက်နေဆဲဖြစ်ပြီး အသာစီးမရသေးပေ။

ထိုစဥ်၌ ရှုရို့ရန်က အဆင့် ၅ နှင့် အဆင့် ၅ ပြီးပြည့်စုံခြင်းအဆင့်ကို အောင်မြင်စွာ အနိုင်ယူပြီးပြီပဲဖြစ်သည်။

သူမက ယခု အဆင့် ၆ နှင့် ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဆင်နွဲနေခဲ့သည်။

ဂျန်ဖန်း လွန်စွာကျေနပ်နေ၏။ သူက သူမကို မနှောက်ယှက်တော့ပဲ နဂါးလမ်းကြောင်းမှ ထွက်ခွာသွားခဲ့သည်။

သူက ချန်မိသားစုကိုသွားလိုက်သည်။

ယနေ့ည၌ သူက ချီကျင့်ကြံခြင်းအဆင့် ၉ ကို ချိုးဖြတ်မည်ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် ပြင်ဆင်ထားသင့်၏။

အခြေခံတည်ဆောက်ခြင်း အဆင့်ကို ချိုးဖြတ်မည့် ကျင့်ကြံသူတိုင်းက ဆေးတစ်လုံးလိုအပ်တာပဲဖြစ်သည်။

ပီဖုဆေးလုံး….

ထိုအရာက အဆင့် ၂ စိတ်ဝိညာဥ်ဆေးလုံး ဖြစ်ပြီး ယခုလက်ရှိတော့ တိမ်စိမ်းဂိုဏ်းမှ ဝိညာဥ်သခင်သာ သန့်စင်နိုင်၏။

ထိုအရာက ဈေးကွက်ထဲမှာ ဝယ်ယူဖို့ အတော်လေး ခက်ခဲတာပဲဖြစ်သည်။

ရှိခဲ့လျှင်လည်း မှောင်ခိုဈေး၌သာ ရှိတတ်၏။

“ဟမ်… နင်က ဘာလို့ ဒီရောက်နေတာလဲ။”

အဝတ်ပွကြီးနှင့် ဂျန်ဖန်းကိုမြင်သည့်အခါ ချန်းစီလင် သူ့အား သူမအခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။

လှပခမ်းနားသည့် အမျိုးသမီးအိပ်ခန်းကို ကြည့်ပြီး ဂျန်ဖန်းအနည်းငယ် သဘာဝမကျမှုကို ခံစားလိုက်ရ၏။ ထိုအရာက သူ့အတွက် အမျိုးသမီးအလှပြင်ခန်းသို့ ရောက်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်၏။

(ရှေ့ပိုင်းတုန်းက ရှုရို့ရန်အလှပြင်ခန်းထဲ လည်း ရောက်ဖူးတယ်။ ဘယ်လိုလည်းတော့ မသိဘူး။ မှားရေးတာနဲ့တူတယ်။)

သို့ပေမယ့် မကြာခင်မှာပဲ ချန်းစီလင်စကားတွေက သူ့ကို အသိပြန်ဝင်သွားစေခဲ့သည်။

“တစ်စုံတစ်ယောက်က ငါ့ကို ရှာနေတာလား….”

ဂျန်ဖန်း အံ့သြသွားခဲ့သည်။

ထိုပုဂ္ဂိုလ် ကောင်းလား ဆိုးလားဆိုတာ ကိစ္စမရှိပေ။ သူက သူ့အထောက်အထားကို မထုတ်ဖော်နိုင်ပေ။

ယခုချိန်မှာ သူက အလွန်အားနည်းနေပြီး ဘာနောက်ခံမှ မရှိပေ။ ထို့ပြင် သူက အခြားလူတွေတပ်မက်သည့် စွမ်းရည်တွေလည်းပိုင်ဆိုင်ထားသေး၏။

ထိုအရာသာ ထုတ်ဖော်ခံရလျှင် အကျိုးဆက်က တွေးကြည့်လို့တောင် ရမည်မဟုတ်ပေ။

“ဒါဆို အချိန်ခဏတော့ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ထောက်ပံပေးနိုင် အုန်းမှာ မဟုတ်ဘူး။”

ဂျန်ဖန်း စဥ်းစားပြီး ပြောလိုက်သည်။

“ဒါပေမယ့် ဒါက မင်းတို့ ချန်မိသားစုရဲ့ လုပ်ငန်းကို ထိခိုက်စေလိမ့်မယ်။”

ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည် ဆက်တိုက်ထောက်ပံပေးဖို့ သူက ကတိပေးထားခဲ့၏။

ချန်းစီလင် စိုးရိမ်သွားခဲ့သည်။

“ဘာလို့ ငါ့မိသားစုလုပ်ငန်းကို ဂရုစိုက်နေတာလဲ။ နင့်ကိုနင်ကာကွယ်ဖို့က ပိုအရေးကြီးတယ်။”

“ဒီကို နောက်ထပ်မလာနဲ့တော့….”

သူမ သူ့ကို အရမ်းဂရုစိုက်နေတာ မြင်သည့်အခါ ဂျန်ဖန်းပိုလို့တောင် အပြစ်ရှိသလိုခံစားလိုက်ရသည်။

“ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ မင်းတို့မိသားစုမှာ ပီဖုဆေးလုံး ကုန်ကြမ်းရှိလား…. ငါခုချက်ချင်း များများသန့်စင်လိုက်မယ်။ ချန်မိသားစုက ဒါကိုသုံးပြီး ဖောက်သည်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်။”

“အခြေအနေတွေ ငြိမ်သွားရင်တော့ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်တွေ ဆက်သန့်စင်မှာပါ။”

ပီဖုဆေးလုံး?....

ချန်းစီလင်အံ့အားသင့်သွားခဲ့သည်။

“ဒါပေမယ့် တိမ်စိမ်းဂိုဏ်းမှာပဲ ဆေးညွှန်းရှိတာလေ။”

ဂျန်ဖန်းပြုံးလိုက်သည်။

“ဒါနဲ့ပတ်သက်ပြီး မခက်ပါဘူး….”

ခဏကြာပြီးနောက်….

ချန်းမိသားစု ဆေးဖော်စပ်ခန်းထဲ၌ ဆေးလုံး ရနံ့တွေနှင့်ပြည့်နှက်သွားခဲ့သည်။

ချန်းကျန်တောက်နှင့် လျိုချင်းရှန်တို့ နဂါးလမ်းကြောင်းကို အပြေးသွားပေမယ့် ဘာမှမတွေ့ပေ။

“နောက်ကျသွားပြီ…. ဒီလူက ယွင်ထျန်းကျောက်ကိုတောင် အနိုင်ယူသွားပြီ။ သူက ငါ့တို့ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ ခန်းမသခင်ပဲ။”

ချန်းကျန်တောက် အံ့အားသင့်နေခဲ့သည်။

လျိုချင်းရှန်လည်း အံ့အားသင့်နေခဲ့သည်။

သူမနှင့် ချန်းကျန်တောက်ကို အနိုင်ယူတာက အတော် ကြီးကျယ်နေပြီ ဖြစ်၏။ ယခု ယွင်ထျန်းကျောက်ကိုတောင် အနိုင်ယူသွားပြီဖြစ်၏။

ယွင်ထျန်းကျောက်က ကုန်မြေတိုက်ကြီး၏ ထိပ်တန်းကျွမ်းကျင်သူ ၁၀ ယောက်ထဲက တစ်ယောက်ပဲဖြစ်သည်။

ထို့ကဲ့သို့လူကိုတောင် အနိုင်ယူနိုင်တာ စိန်ခေါ်သူက မည်သူနည်း။

မေးခွန်များစွာရှိနေပေမယ့် သူတို့မှာ အဖြေမရှိပေ။

ရုတ်တရက် ချန်မိသားစု ကောင်းကင်ထက်၌ ထူးဆန်းသည့် တိမ်တွေစုဝေးလာတာ လျိုချင်းရှန် သတိထားမိလိုက်၏။

“ဦးလေးချန်း, အဲ့ဒါဘာတွေလဲ….”

ချန်းကျန်တောက်ကြည့်လိုက်ပြီး အံ့အားသင့်သည့်အမူအရာ ပြသလာခဲ့သည်။

“ဒါ ဆေးလုံး ရနံ့….။ အရည်အသွေးမြင့် ဆေးလုံးရနံ့ပဲ….. တစ်စုံတစ်ယောက် ချန်မိသားစုမှာ ဆေးလုံးသန့်စင်နေတယ်။”

သူတို့က လူတစ်ယောက်ကို တစ်ပြိုင်နက်တည်း တွေးမိလိုက်ကြသည်။

အဆင့်သုံး ဝိညာဥ်သခင်….

သူတို့က သိမ်းငှက်ကြီးပေါ်တက်ကာ အပြေးသွားတော့သည်။

All Chapters