← Chapters

မြို့သခင်သမီး

Vol. 3 Ch. 39

မြို့သခင်သမီး

Vol. 3 Ch. 39

တစ်ချိန်တည်းမှာပဲ….

ခုလေတင်သန့်စင်ပြီးသည့် အဆင့်နိမ့် ပီဖုဆေးလုံး ၂၀ ကို ချန်းစီလင်ရှေ့မှာ ထားလိုက်သည်။

“အချို့ကိုတော့ ငါ့အတွက်ယူထားလိုက်တယ်။ ဒါတွေကို မင်းယူပြီးရောင်းလိုက်ပါ။”

ချန်းစီလင် အလွန်ပျော်သွားခဲ့သည်။

ပီဖုဆေးလုံးက ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်ထက် ပိုလို့တောင် ဆွဲဆောင်မှုရှိတာပဲဖြစ်သည်။ အဆုံးမှာတော့ လူအများစုက တစ်ဘဝလုံးကျင့်ကြံပြီး ချီကျင့်ကြံခြင်းအဆင့် ၉ ကို ရောက်ရှိနိုင်ခဲ့ကြ၏။ သို့ပေမယ့် ပီဖုဆေးလုံးမရှိတာကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကို မချိုးဖြတ်နိုင်ဖြစ်နေ၏။

ယခု သူတို့ရှေ့မှာဆေးလုံးရှိနေပြီဖြစ်၍ မည်သည့်တန်ကျေးမဆို ပေးကြမည်ပဲဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိသွားလျှင် သူတို့၏ အဆင့်အတန်းကလည်း အကြီးကျယ်ပြောင်းလဲသွားမည်ပဲဖြစ်သည်။

ထို့ပြင်ဆေးလုံးပေါင်း အလုံး ၂၀ ရှိသည် ဖြစ်၍ တစ်နေ့တစ်လုံးရောင်းလျှင် ချန်းမိသားစု ဂုဏ်သတင်းကို ထိန်းထားနိုင်မည်ဖြစ်သည်။

“ကျွန်မ စီနီယာကို ပိုက်ဆံဘယ်လိုရှင်းပေး ရမလဲရှင့်။ ပြီးတော့ အစောပိုင်းက ထိပ်တန်းဆင့် ချီကျင့်ကြံခြင်းအရည်တွေ လည်း ရောင်းပြီးပါပြီ။ ကျွန်မ စီနီယာကို အဲ့ဒါအတွက်လည်း ပိုက်ဆံပေးရအုန်းမှာ…”

ချန်းစီလင် ပိုက်ဆံယူဖို့ ပြင်လိုက်၏။

ဂျန်ဖန်း လက်ဝှေ့ယမ်းလိုက်သည်။

“အခုမလိုသေးပါဘူး။ မင်းပဲသိမ်းထားလိုက်ပါ….”

ချန်းမိသားစုပိုင်နက်၌ အကြာကြီး နေတာဟာ မလုံခြုံဘူးလို့ ခံရမိပြီး သူက အလျှင်အမြန်ထွက်ခွာသွားခဲ့သည်။

ချန်းစီလင် စိတ်ထဲမှာ အတော်လေး ကြည်နူးနေခဲ့သည်။ သူမက ထွက်ခွာသွားသည့် ဂျန်ဖန်းပုံရိပ်ကိုကြည့်ပြီး ရေရွတ်လိုက်သည်။

“ဒီတော့ သူက ငါ့ကို ဒီလောက်တောင် ယုံတာပေါ့….”

ဂျန်ဖန်းထွက်ခွာသွားပြီး ခဏအကြာ၌….

ချန်းကျန်တောက်နှင့် လျိုချင်းရှန်တို့ သိမ်းငှက်ကြီးစီးပြီး မြေပေါ် ဆင်းသက်လာခဲ့သည်။

သူတို့က သွယ်ဝှိက်မနေပဲ တိုက်ရိုက်မေးလိုက်သည်။

“အဲ့ဒီ အဆင့် ၃ ဝိညာဥ်သခင် ဘယ်မှာလဲ…”

ချန်းစီလင် ရိုးသားစွာ ဖြေလိုက်သည်။

“သူခုလေးတင် ထွက်သွားပါပြီ….”

ချန်းကျန်းတောက် သူမဘေးက ပီဖုဆေးလုံးတွေကို သတိထားမိပြီး ချက်ချင်းရှေ့တက်ကာ တစ်ပုလင်းယူ၍ အနံ့ခံကြည့်လိုက်၏။

“ပီဖုဆေးလုံး….”

သူ့မျက်ခွံ့တွေကျုံ့သွားခဲ့သည်။

“အရည်အသွေးက တော်တော်ကောင်းတယ်။ တကယ် အဆင့် ၃ ဝိညာဥ်သခင်ပဲ….”

လျိုချင်းရှန် ဒေါသထွက်သွားပြီး ခြေဆောင့်လိုက်သည်။

“ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ….”

“ငါတို့ထွက်သွားတာနဲ့ သူက ရောက်ချလာတယ်။ ငါတို့လည်းပြန်လာရော သူကထွက်သွားပြီတဲ့….”

“ဘယ်သူက ဘယ်သူ့ကို စောင့်ကြည့်နေတာလဲ….”

သူမ၏ခြေဆောင့်မှုနှင့်အတူ အောက်က သိမ်းငှက်ကြီးနာကျင်သွားခဲ့သည်။ ၎င်းက ခေါင်းလှည့်ကြည့်လိုက်ပြီး အပြစ်ကင်းသည့်မျက်လုံးတွေနှင့် ကြည့်လိုက်သည်။

နင်က အဲ့ဒီဝိညာဥ်သခင်ကိုဒေါသထွက်ရမှာလေ။

ဘာလို့ ငါ့ကို လာကန်နေတာလဲ….

ငါက ဖြတ်သွားဖြတ်လာ ငှက်တစ်ကောင်ပဲဟာကို….

တိမ်စိမ်းဂိုဏ်း ခေါင်းဆောင်သမီး အလွန်ဒေါသထွက်နေတာကို ကြည့်ပြီး ချန်းစီလင် ဂျန်ဖန်းအတွက် မစိုးရိမ်ပဲ မနေနိုင်ဖြစ်သွားခဲ့သည်။

‘ဂျန်ဖန်း, ဂျန်ဖန်း နင် ဒီသခင်မလေး ဆီမှာ အဖမ်းမခံရေစနဲ့… မဟုတ်လို့ကတော့ နင် သေချာပေါက် သင်ခန်းစာပေးခံရမှာ။’

ချန်းကျန်တောက်လည်း စိတ်ရှည်မှုကုန် ဆုံးသွားပြီး ပြောလိုက်သည်။

“ငါတို့ကံကပဲ ဆိုးလွန်နေတာလို့ ပြောရမှာပဲ….”

“ငါတို့က ပါရမီရှင်နဲ့ လွဲချော်သွားတယ်။ အခုလည်း အဆင့် ၃ ဝိညာဥ်သခင်နဲ့ လွဲသွားပြန်ပြီ။”

“ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ ငါ ဒီမှာ နေလိုက်မယ်။ နင်က နဂါးလမ်းကြောင်းကို သွားစောင့်နေလိုက်….”

“ငါတို့ သူတို့ထဲက တစ်ယောက်ယောက် တော့ ဖမ်းမိနိုင်မှာပါ….”

လျိုချင်းရှန် အတော်လေး နှောင်တရနေခဲ့သည်။

သူမသာ ထွက်မသွားခဲ့လျှင် အဆင့် ၃ ဝိညာဥ်သခင်ကို သေချာပေါက် ဖမ်းမိမည်ပဲ ဖြစ်သည်။

ထို့ကြောင့် သူမက ချက်ချင်းသဘောတူ လိုက်၏။ ထို့နောက် သူတို့နှစ်ယောက်က သိမ်းငှက်ကြီးကို စီးနှင်းကာ ကောင်းကင်သို့ နောက်တစ်ဖန် ပျံသန်းသွားခဲ့သည်။

ချန်းစီလင်တစ်ယောက်သာ နဖူးမှာ ချွေးတွေစီးကျနေပြီး ကျန်နေခဲ့သည်။

‘ဒုက္ခတော့များပြီ…., သူတို့က အခု ငါတို့ကို ပေါ်တင်စောင့်ကြည့်နေပြီ။’

ရှုမိသားစုပြန်ရောက်ပြီးနောက်….

ဂျန်ဖန်း အခုလေးတင် တိုက်ပွဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဥ်စွမ်းအင်တွေက အခြေခိုင်နေပြီဖြစ်၏။ သူက အလျှင်အမြန်ပဲ အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည်ကို သောက်လိုက်ပြီး ခြေချိတ်ထိုင်ကာ ကျင့်ကြံလိုက်၏။

ခဏကြာပြီးနောက်….

သူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီး များပြားသည့် စိတ်ဝိညာဥ်စွမ်းအင်တွေ ထွက်ပေါ်လာခဲ့သည်။

သူက အံ့အားသင့်စွာနှင့်ပဲ ချီကျင့်ကြံခြင်း အဆင့် ၉ ကို ရောက်ရှိသွားခဲ့သည်။

ခန္ဓာကိုယ်ထဲက စိတ်ဝိညာဥ်စွမ်းအင် နှစ်ဆသိပ်သည်းလာသည်ကို ခံစားမိပြီး ၁၁ လွာက အခြေခံတည်ဆောက်ခြင်း အဆင့်နှင့် အကွက်အနည်းငယ် ဖလှယ်နိုင်မည်ဟု ယုံကြည်မှုရှိတာပဲ ဖြစ်သည်။

“သခင်လေးဂျန်, သခင်လေးဂျန်… “

ရုတ်တရက် အပြင်ဘက်ကနေ အိမ်တော်ထိန်း၏ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

ဂျန်ဖန်း တံခါးဖွင့်လိုက်ပြီး အလျှင်စလို ဖြစ်နေသည့် အိမ်တော်ထိန်းကျန်းကို ကြည့်ပြီး အံ့အားသင့်စွာနှင့် စာရေးလိုက်၏။

“ဘာဖြစ်လို့လဲ….”

အိမ်တော်ထိန်းကျန်း အသက်တောင် မရူနိုင်ပဲ ပြောလိုက်သည်။

“မြို့သခင်…. မြို့သခင်သမီး မမလေး ယဲ့ချင်းရွယ် ရောက်နေတယ်။”

‘ယဲ့ချင်းရွယ်?.....’

‘သူမက ရှုယင်းရင်း သူငယ်ချင်းမလား?....’

‘လွန်ခဲ့တဲ့သုံးနှစ်က သူမှ ပညာသင်သွားတာမလား။ အခု ရှုမိသားစုကို ရုတ်တရက်ရောက်လာတယ် ဆိုတော့ ရှုယင်းရင်းကို လာရှာတာတယ်ပဲ ဖြစ်မယ်။’

ဂျန်ဖန်း စာရေးလိုက်သည်။

“ရှုယင်းရင်းက ပြန်မရောက်သေးဘူးလား….”

အိမ်တော်ထိန်းကျန်း စိုးရိမ်စွာနှင့် ပြောလိုက်သည်။

“သခင်မလေးတင်မဟုတ်ပါဘူး။ မိသားစု ခေါင်းဆောင်နဲ့ သခင်မကြီးလည်း ပြန်မရောက်သေးပါဘူး။ ကလန်အဖွဲ့ဝင်တွေလည်း သွေးလင်းနို့ နန်းတော်သတင်း စုံစမ်းဖို့ ထွက်သွားကြတယ်။ အခုမိသားစုမှာ ဘယ်သူမှမရှိပါဘူး။ ဒါကြောင့် သခင်လေးကို ဧည့်ခံပေးဖို့ လာမေးတာပါ။”

သူတို့ ဂျန်ဖန်းကို လာရှာတာ အံ့သြစရာ မရှိတော့ပေ။

ဂျန်ဖန်း အနည်းငယ် စိတ်မပါပေ။

ရှုယင်းရင်၏ လွမ်းမိုးမှုကြောင့် ယဲ့ချင်းရွယ်လည်း သူ့အပေါ် အမြင်ကောင်း မရှိတာကို သူမှတ်မိနေသေး၏။

သူတို့တွေ့တိုင်း သူမက မတွေ့လိုသည့် အမူအရာဖြစ်နေပြီး သာသာယာယာတစ်ခါမှ မရှိပေ။

သို့ပေမယ့် ရှုမိသားစု၌ တကယ်ပဲ လူတစ်ယောက်မှ မရှိပေ။

ရွေးချယ်စရာမရှိပဲ သူ့ကိုယ်သူအားပေးလိုက်ပြီး အဓိကခန်းမထဲကို သွားလိုက်သည်။

ယဲ့ချင်းရွယ်က အင်္ကျီလက်မှာ ရွှေရောင် လိပ်ပြာပုံပန်းထိုးထားသည့် လရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး နက်မှောင်တောက်ပသည့် ဆံနွယ်တွေက ကျောဘက်မှာ ကျက်သရေရှိရှိ ဖြာဆင်းနေခဲ့သည်။

သူမ၏ သေးသွယ်သည့်ပုံရိပ်လေးက ဝတ်ရုံရည်အောက်မှာ ဝိုးတဝါးမြင်နေရပြီး လူတိုင်းကို စိတ်လှုပ်ရှားစေတာပဲဖြစ်သည်။

နတ်သမီးတမျှလှပသည့် နှင်းဆီးရောင် မျက်နှာလေးက အေးစက်ပြီးအထက်တန်း ဆန်လှ၏။

သူက ဂျန်ဖန်းလာနေသည်ကို မြင်သည့်အခါ ပဟေဠိဖြစ်သွားခဲ့သည်။

“နင်က ဘယ်သူလဲ….”

အဆုံးမှာတော့ သူက ဂျန်ဖန်းကို ရံဖန်ရံခါသာ မြင်ဖူးတာဖြစ်သည်။ ထို့ပြင် သူက အဝေးကိုသွားနေတာ သုံးနှစ်ရှိနေပြီ ပဲဖြစ်သည်။

ဂျန်ဖန်း အသွင်အပြင်က အနည်းငယ် ပြောင်းလဲသွားပြီဖြစ်၏။

သူက ခဲတံထုတ်လိုက်ပြီး လျှင်မြန်စွာ စာရေးလိုက်၏။

သူခဲတံထုတ်လိုက်သည်ကိုမြင်သည့်အခါ, ယဲ့ချင်းရွယ် နားလည်သွားခဲ့သည်။

“မလိုတော့ဘူး…. နင်က အအကောင် ဂျန်ဖန်းပဲ….”

သူတို့က ဆုံခဲပေမယ့် ဂျန်ဖန်းနာမည်က သူမနားထဲမှာ အကြိမ်မရေမတွက်နိုင် အောင် ကြားဖူး၏။

သူတို့တွေ့ဆုံတိုင်း ရှုယင်းရင်းက ဂျန်ဖန်း အကြောင်းကို ညည်းညူလေ့ရှိ၏။ သူက အအကောင်ဖြစ်ကြောင်း၊ စိတ်ဝိညာဥ်အမြစ်မရှိကြောင်း၊ အရှက်မဲ့ပြီး သူမကို လက်ထပ်လိုကြောင်း အမြဲတမ်း ညည်းညူနေတာပဲဖြစ်သည်။

ယဲ့ချင်းရွယ်က ထိုအရာတွေကို နားပူအောင် ကြားဖူးတာပဲဖြစ်သည်။

သူမက သူ့ကို မမြင်ဖူးခင်ကတည်းက ကြည့်မရတော့ပေ။

ဂျန်ဖန်း အလျှင်အမြန်ပဲ စာတစ်ကြောင်း ရေးပြီးသွားခဲ့သည်။

“ရှုယင်းရင်းက နဂါးလမ်းကြောင်းမှာ၊ ဦလေးရှုနဲ့ ဒေါ်လေးရှုကလည်း အပြင်မှာ အလုပ်များနေတယ်။”

“ငါ နင့်အတွက် တစ်ယောက်ယောက်ကို လက်ဖက်ရည်ပြင်ခိုင်းလိုက်မယ်။”

ရှုယင်းရင် အိမ်မှာမရှိသည့်အတွက်ကြောင့် ယဲ့ချင်းရွယ် စိတ်ပျက်သွားခဲ့သည်။ သူမက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

“မလိုတော့ဘူး….”

“ရှုယင်းရင် ပြန်ရောက်ရင် မြို့သခင်အိမ်တော်မှာ ငါ့ကို လာရှာဖို့ ပြောလိုက်ပါ။ ငါ သူမ အကူအညီလိုနေတယ်လို့….”

ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။

သူက စိတ်သက်သာယာရစွာဖြင့် သက်ပြင်းအနည်းငယ်ချလိုက်သည်။ ရှုယင်းရင်၏ သူငယ်ချင်းကို ဘယ်လိုဧည့်ခံရမည်လဲဆိုတာ သူမသိပေ။

သာမန်အတိုင်းဆက်ဆံရင်လည်း မသင့်တော်ပေ။ ပိုလွန်းပြန်ရင်လည်း အဆင်ပြေမည်မဟုတ်ပေ။

ထိုအခိုက်အတန့်၌…..

အိမ်တော်ထိန်းကျန်းက ရုတ်တရက် ထိတ်ထိတ်ပျာပျာနှင့် ပြေးလာခဲ့သည်။ သူ့နဖူး၌ ဒဏ်ရာတစ်ခုရှိနေပြီး သွေးထွက်နေခဲ့သည်။

“သခင်လေးဂျန်, မကောင်းတော့ဘူး။ ချင်မိသားစုခေါင်းဆောင် သူ့လူတွေခေါ်ပြီး အိမ်တော်ထဲကို ရောက်နေတယ်။ သူတို့က လူတွေရိုက်နှက်ပြီး ပစ္စည်းတွေလည်း ယူနေကြတယ်။”

“မင်းသွားပြီး တစ်ချက်လောက်ကြည့်လိုက်ပါအုန်း….”

ဘာ?....

ဂျန်ဖန်း တုန်လှုပ်သွားခဲ့သည်။

ချင်မိသားစုခေါင်းဆောင်ရောက်လာခြင်းက သံသယရှိစရာမလိုအောင် လုကျန်းအကြွေး ၃ သိန်း လာတောာင်း တာပဲဖြစ်သည်။

သို့ပေမယ့် သူက ပိုက်ဆံလိုချင်သည်ဆို လျှင် ဘာကြောင့်လူတွေကို ရိုက်နှက်နေရသနည်း။

သူက စာပွဲပေါ်က သစ်သားဓားကို ကောက်ယူလိုက်ပြီး ယဲ့ချင်းရွယ်ကို အရိုအသေပေးကာ အိမ်တော်ရှေ့ဘက်ခြံဝန်းကို အလျှင်အမြန်သွားလိုက်သည်။

ယဲ့ချင်းရွယ် အနည်းငယ် ခေါင်းခါယမ်း လိုက်သည်။

“ရှုယင်းရင်မှန်တာပဲ။ ဒီဂျန်ဖန်းက အရုံတင်မကဘူး, ထုံပါထုံသေးတယ်။ မဟုတ်သေးဘူး…. လုံးဝကို အသိညာဏ် မရှိတာလို့ ပြောရမယ်။”

“ချင်းမိသားစုက ကလန် တစ်ခုလုံးရောက်လာတာ။ သူလို ဘာကျင့်ကြံရေးမှမရှိတဲ့လူက ဘာလုပ်နိုင်မှာမိုလို့လဲ။ သူ့ကိုယ်သူ သွားအသေခံတာပဲ မဟုတ်ဘူးလား…”

“ခုချက်ချင်းလုပ်ကမှာက ရှုကလန်အဖွဲ့ဝင်တွေကို ပြန်ခေါ်ရမှာလေ….”

“ဒါမှမဟုတ်လည်း သူသာ ညာဏ်ရှိရင် ငါ့ကို အကူအညီတောင်းရမှာ မဟုတ်ဘူးလား….”

သက်ပြင်းတစ်ခုနှင့်အတူ သူမက အကူအညီမဲ့စွာနှင့် လိုက်ပါသွားခဲ့သည်။

“ကောာင်းပြီလေ, ငါဒီနေရာမှာရှိနေမှတော့ ဒီတစ်ချိန် ရှုယင်းရင်ကို ကူညီလိုက်မယ်။”

အရှေ့ဘက်ခြံဝန်းထဲ၌…..

ချင်းမိသားစု သခင်လေးက သုံးနှစ်အရွယ် ရှုမိသားစုဝင် ကလေးတစ်ယောက်ကို အမျိုးသမီးအစေခံအိုကြီးတစ်ယောက်ဆီမှ ဆွဲယူနေခဲ့သည်။

ကလေးငယ်က ကြောက်လန့်ပြီး အော်ဟစ်ငိုကြွေးနေခဲ့သည်။ သူက ထိုအရာကို လျစ်လျူရှုထားပြီး ကလေးခြေတစ်ထောက်တစ်ဖက်ကို ဆုပ်ကိုင်ကာ လေထဲမှာ စောက်ထိုးဆွဲထားလိုက်၏။ ထို့နောက် အထင်မြင်သေးစွာနှင့် ပြောလိုက်သည်။

“ရှုမိသားစုက ဆန်ကုန်မြေလေးတွေ…. အကုန်လုံးအတူတူတွေကြီးပဲ။ ကြည့်ရမှာတောင် စိတ်ပျက်ဖို့ကောင်းတယ်။”

ထို့နောက် သူက ပုံမှန်အတိုင်း ကလေးကို ထောင့်တစ်နေရာသို့ လွင့်ပစ်လိုက်သည်။

ထိုနေရာက အစေခံတွေ ရေနွေးအိုး တည်ထားသည့် နေရာပဲဖြစ်သည်။

အမျိုးသမီး အစေခ့အိုကြီးနှင့် အစေခံတွေ တုန်လှုပ်စွာအော်ဟစ်လိုက်ကြပြီး ကလေးကို ကယ်ဖို့ အပြေးသွားကြ၏။ သို့ပေမယ့် သူတို့က အတော်ဝေးဝေးမှာ ရှိနေပြီး အလွန်နောက်ကျသွားပြီဖြစ်၏။

ဂျန်ဖန်း ရောက်ရှိရုံရှိသေး ထိုမြင်ကွင်းကို မြင်လိုက်ရသည်။

သူမျက်ခွံတွေက ချက်ချင်းပဲ ကျုံ့သွားခဲ့သည်။

All Chapters