ချင်မိသားနှင့်တိုက်ပွဲ
Vol. 3 Ch. 40
သူက တွေဝေမနေပဲ ခြေထောက်ကို အားပြုကာ အလျှင်အမြန်သွားလိုက်သည်။
အရမ်နောက်ကျသွားပြီဆိုတာ မြင်သည့်အခါ သူ၏ သစ်သားဓားကို ပစ်လွတ်လိုက်၏။
သစ်သားဓားက ကလေး၏ အင်္ကျီခေါင်းစွပ်ကို ထိုးဖောက်သွားပြီး အဝေးကို သယ်ဆောင်သွားခဲ့သည်။
ရနွေးအိုတွေနှင့် ကပ်သီလေးလွတ်မြောက်သွားခဲ့သည်။
ဂျန်ဖန်း ရှေ့ကို အလျှင်အမြန်ပြေးသွားပြီး စစ်ဆေးကြည့်လိုက်၏။ ကလေးထိခိုက် ဒဏ်ရာမရတာ အတည်ပြုပြီးသည့်အခါ သူက သစ်သားဓားကိုယူလိုက်ပြီး ချင်သခင်လေးကို စိုက်ကြည့်ကာ စာရေးလိုက်၏။
“မင်းက ကလေးတောင် အလွတ်ပေး ပါ့လား… မင်းတို့ ချင်မိသားစုက လူတိုင်း တိရိစ္ဆာန်တွေလား….”
သူ့ကြောင့် ကလေး သေးဆုံးတော့မည်ကို သိသည့်အခါ ချင်သခင်လေး တစ်ခဏ အပြစ်ရှိသလိုခံစားလိုက်ရသည်။ သို့ပေမယ့် ဂျန်ဖန်းကို မှတ်မိသွားသည့်အခါ သူက နောက်တစ်ဖန် ဒေါသထွက်လာခဲ့သည်။
“ဒီတော့ ငါ့အဖေကို အကြိမ်ပေါင်းများစွာ စော်ကားတာ မင်းပေါ့….”
“ငါ ဒီနေ့ရောက်လာတာ မင်းကြောင့်ပဲ…”
“လူတိုင်း ဒီကိုလာခဲ့ကြ….”
ချင်မိသားစု အဖွဲ့ဝင်တိုင်း ချက်ချင်း သူ့ဘေးနားကို ရောက်ရှိလာကြ၏။
ယဲ့ချင်းရွယ်လည်း အရှေ့ဘက်ခြံဝန်းကို ရောက်ရှိလာခဲ့သည်။ အစပိုင်း၌ သူမက ချင်မိသားစုလုပ်ရပ်တွေကို ရပ်တန့်ချင် ခဲ့၏။ သို့ပေမယ့် အစောပိုင်းက ဂျန်ဖန်း၏ ဓားပစ်လွတ်မှုကိုမြင်သည့်အခါ သူမကြောင်အသွားခဲ့သည်။
“အဲ့ဒီဓားက တိုက်ဆိုင်မှုတစ်ခုလား….”
သူမက မရေမရာနှင့် သိချင်နေခဲ့သည်။
ထိုအကွာအဝေး၌ ဆံချည်တစ်မျှင်တောင် မထိခိုက်စေပဲ ကလေး အင်္ကျီခေါင်းစွပ်ကို ထိမှန်ဖို့က ဓားပညာရှင်တစ်ယောက်သာ ပြလုပ်နိုင်တာဖြစ်၏။
သို့ပေမယ့် ဂျန်ဖန်းက ကျင့်ကြံရေးမရှိသည့် သာမာန်လူဆိုတာ သိသာလှ၏။
ဤတစ်ချိန်လုံး သူမ ဂျန်ဖန်းကို အထင်မှားခဲ့သည်လား….
ရှေ့ဆက်မသွားတော့ပဲ နောက်တစ်လှမ်းဆုတ်ကာ တံခါးအကွယ် ကနေ ဂျန်ဖန်းကို တိတ်တဆိတ်ကြည့်နေခဲ့ သည်။
“သခင်လေး, ဒီလိုအမှိုက်ကောင်မျိုးကို ကိုင်ကွယ်ဖို့ ကျွန်တော်တစ်ယောက်တည်းနဲ့ လုံလောက်တယ်။”
ချင်မိသားစုမှ ချီကျင့်ကြံခြင်းအဆင့် ၃ လူငယ်တစ်ယောက်က သူ့ဓားကိုဝှေ့ယမ်းပြီး တိုက်ခိုက်လိုက်၏။
“နေအုန်း….”
ချင်သခင်လေး တားဖို့ ကြိုးစားလိုက်ပေမယ့် နောက်ကျသွားပြီ ဖြစ်သည်။
ဂျန်ဖန်း သူ့ဒူးကို အနည်းငယ်ကွေးပြီး လူငယ်၏ဝမ်ဗိုက်ကို သာမန်အတိုင်း လက်သီးတစ်ချက်ထိုးချလိုက်သည်။ လူငယ်၏ နံရိုးများစွာ ကျိုးကြေသွားခဲ့သည်။
တံခါးနောက်ကွယ်၌ ယဲ့ချင်းရွယ် အံ့သြတုန်လှုပ်စွာနှင့် ကြည့်နေခဲ့သည်။
“ရှုယင်းရင် ပြေတော့ သူ့မှာ စိတ်ဝိညာဥ်အမြစ်မရှိဘူးဆို…. ဒါဆို အဲ့ဒီလက်သီးချက်က ဘာကြီးလဲ…”
သူမကို ပိုတုန်လှုပ်သွားစေတာက ချင်မိသားစုခေါင်းဆောင် နောက်ထပ်ပြောလိုက်သည့်အရာပဲ ဖြစ်သည်။
“မင်းခေါင်း မြည်းကန်ခံလိုက်ရတာလား… လုကျန်းတောင် သူ့ကို ရှုံးထားတာ။ အနည်းဆုံး သူ့ကျင့်ကြံရေးက ချီကျင့်ကြံခြင်း အဆင့် ၇….”
“အတူတူတိုက်ခိုက်ကြ….”
သူက အမိန့်မေးလိုက်သည်။
သူ့ဘေးပတ်လည်မှ ချင်မိသားစုအဖွဲ့ဝင် များစွာက ချီကျင့်ကြံခြင်း အဆင့် ၅ အဆင့် ၆ တွေဖြစ်ကြ၏။
သူတို့က အရေအတွက်အားဖြင့် များသော်လည်း အသာစီးမရကြပေ။ ဂျန်ဖန်း သူတို့အားလုံးကို လျှင်မြန်စွာပဲ အမှောက်သိပ်ပေးလိုက်သည်။
တစ်ယောက်ချင်းစီက ဒဏ်ရာမျိုးစုံရရှိသွားကာ မြေပြင်ပေါ်မှာလဲကျပြီး နာကျင်စွာ အော်ဟစ်နေကြသည်။
ချင်သခင်လေး တုန်လှုပ်သွားခဲ့သည်။
“မင်း နောက်တစ်ကြိမ် အဆင့်တက်သွားပြန်ပြီလား….”
ဂျန်ဖန်း အေးစက်စွာ စာရေးလိုက်သည်။
“ဘာလို့ မင်းလာစမ်းမကြည့်တာလဲ….”
သူက ရှေ့ကို ခုန်ထွက်သွားပြီး ချင်သခင်လေး မျက်နှာကို ထိုးချလိုက်သည်။
ချင်သခင်လေး ဒေါသတကြီး လှောင်ပြောင်လိုက်၏။
“ငါက မင်းကို ကြောက်ရမှာလား….”
သူက သူ့၏ ချီကျင့်ကြံခြင်းအဆင့် ၇ စွမ်းအားကို ထုတ်ဖော်လိုက်ပြီး အမွာနဂါးနှစ်ကောင်ကဲ့သို့သော လက်သီးတွေဖြင့် တိုက်ခိုက်လိုက်၏။
သို့ပေမယ့် ထိပ်တိုက်တွေ့သွားသည့်အခါ သူ့ကို ချေမွနေသည့် အားတစ်ခုကို ချင်သခင်လေး ခံစားလိုက်ရသည်။
အား….
လက်သီးတစ်ချက်တည်းဖြင့် ချင်သခင်လေး နောက်ကို ချက်ချင်းလွင့်ထွက်သွားခဲ့သည်။
“အရိုင်းအစိုင်းကောင်….”
အခြားတစ်နေရာမှာ လုယက်နေသည့် ချင်းချန်ရှန် သူ့သားကို ဖမ်းဖို့ အပြေးသွားလိုက်သည်။
“မင်းက ငါ့သားကို ရိုက်ရဲတယ်ပေါ့….”
သူ့သား သွေတွေနဲ့ ဖုံးလွမ်နေတာမြင်သည့် အခါ ချင်မိသားစုခေါင်းဆောင် ဒေါသထွက်သွားခဲ့သည်။
ဂျန်ဖန်း အေးစက်စက် စာရေးလိုက်သည်။
“မင်းက ရှုမိသားစုကို ဖျက်ဆီးပြီး မင်းသားဒဏ်ရာရမှ အခြားလူကို လာအပြစ်တင်နေတာလား….”
“မင်းက အမြဲတမ်း စောက်ရှက်မရှိဘူး နော်….”
ချင်းချန်ရှန် တရားသဖြင့် ပြောလိုက်သည်။
“အကြွေးဆိုတာ ပြန်ပေးရမှာပဲလေ…”
“ရှုမိသားစု ဘဏ္ဍာတွေက အသိမ်းခံရ တော့မှာ။ ငါက အကြွေးအတွက် ပစ္စည်းနည်းနည်းလာယူတာ ဘာမှားနေလို့လဲ…..”
ဂျန်ဖန်းက နောက်ထပ်ဆက်မပြောတော့ ပေ။
သူက ငွေပြား ၃ သိန်းတန် မှတ်စုကို ထုတ်လိုက်ပြီး မြေပြင်ပေါ်ပစ်ပေးလိုက်သည်။
“အဲ့မှာ ငွေ…”
“ရှုမိသားစုအကြွေးကို ငါပေးလိုက်မယ်။”
“ဒါပေမယ့် ရှုမိသားစုကို တိုက်ခိုက်တဲ့ ဘယ်သူမဆို ဒီတိုင်းထွက်သွားလို့ ရမယ်မထင်နဲ့….”
ငွေမှတ်စုကို မြင်သည့်အခါ ချင်ချန်ရှန် စိတ်သက်သာယာရစွာဖြင့် သက်ပြင်းချလိုက်သည်။
သို့ပေမယ့် ဂျန်ဖန်း စကားကို ပြန်တွေးမိသည့်အခါ သူက အထင်မြင်သေးစွာ လှောင်ပြောင်လိုက်၏။
“မင်းကိုမင်း ဘယ်သူထင်နေလဲ….”
“ငါ့ချင်မိသားစုက ကြိုက်သလို လာမယ် သွားမယ်။ မင်းက ဘာလုပ်နိုင်မှာလဲ….”
ထို့နောက် သူက ငွေမှတ်စုကိုကောက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
“သွားကြစို့….”
ချင်မိသားစုအဖွဲ့ဝင်တွေ မြောက်ကြွမြောက်ကြွနှင့် ထွက်ခွာသွားကြသည်။
ဂျန်ဖန်းက အမူအရာကင်းမဲ့နေဆဲဖြစ်ပြီး သစ်သားဓားကိုဝှေ့ယမ်းပြီး ချင်မိသားစု လူအုပ်ထဲကို ပြေးဝင်သွားခဲ့သည်။
ချင်းမိသားစုလူများကို ဂျန်ဖန်း တစ်ယောက်တည်းဖြင့်တိုက်ခိုက်တာကို မြင်သည့်အခါ ချင်းချန်ရှန် စော်ကားခံရသလို ခံစားလိုက်ရပြီး ဒေါသထွက်သွားခဲ့သည်။
ထိုအရာက သူ့ချင်မိသားစုကို လုံးဝအလေးမထားတာပဲဖြစ်သည်။
“အတူတူတိုက်ခိုက်ကြ….”
ဆင်တစ်ကောင်တောင် ပုရွက်ဆိတ်အုပ်ကို ကြောက်ရွံ့ရမည်ပဲ ဖြစ်သည်။
ဂျန်ဖန်း ကိုတော့ ပြောစရာကို မလိုတော့ပေ။ သူတို့က တစ်ယောက် ဆံထွေးတစ်ချက်နှင့် သူ့ကို နှစ်မြုပ်သွားအောင် လုပ်လို့ရတာပဲဖြစ်သည်။
ဂျန်ဖန်း တုန်လှုပ်မသွားပဲ သစ်သားဓားကို ချက်ချင်း ဝှေ့ယမ်းလိုက်၏။
“အထီးကျန်ကြယ်…”
“လစန္ဒာကြယ်သုံးလုံး….”
လှုပ်ရှားမှုတိုင်းက ရှေ့တစ်ခုထက် ပိုအားကောင်းတာပဲဖြစ်သည်။
ထိုအရာက သစ်သားဓားဖြစ်ပြီး မထက်ရှပေမယ့် သွေးမျဥ်းကြောင်းတွေကို ရေးဆွဲနေဆဲ ဖြစ်သည်။
အား….
အား….
ခြံဝန်းထဲ၌ ချင်မိသားစုဝင်တွေ၏ အော်ဟစ်သံတွေက ပဲ့တင်ထပ်နေခဲ့သည်။
ဂျန်ဖန်းက သိုးအုပ်ထဲမှာ ကျားတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး ဓားချက်တိုင်းက လူတစ်ယောက်ကို လဲကျသွားစေခဲ့သည်။
အသက်ရှုချိန် အနည်းငယ်ကြာပြီးနောက် ချင်မိသားစုဝင်အများစု လဲကျသွားပြီပဲ ဖြစ်သည်။
ချင်းချန်ရှန် တုန်လှုပ်ပြီး ဒေါသထွက်သွားခဲ့သည်။
“ခွေးမသားလေး, ငါမင်းကို သတ်မယ်…”
သူ၏ ချီကျင့်ကြံခြင်း အဆင့် ၈ ပြီးပြည့်စုံခြင်းအဆင့်ကို ထုတ်ဖော်လိုက်ပြီး ဂျန်ဖန်းဆီကို ပြေးဝင်သွားခဲ့သည်။ သူက သံဓားတစ်ခုကို ဆုပ်ကိုင်ထားပြီး ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်သည်။
သို့ပေမယ့် တိုက်ကွက်တစ်ခုနှင့်….
ဂျန်ဖန်း ချင်ချန်းရှန်ရင်ဘတ်ကို ဟတ်တက်ခွဲလိုက်ပြီး သွေးတွေ တလဟောထွက်လာစေခဲ့သည်။
“မိသားစုခေါင်းဆောင် ဒဏ်ရာရသွားပြီ, ပြေး… ပြေးကြ….”
ချင်မိသားစုဝင်တွေ ထိတ်လန့်သွားကြပြီး ချင်ချန်ရှန်ကို သယ်ကာ အဝေးကို ထွက်ပြေးကြတော့သည်။
ချင်မိသားစုဝင်အားလုံးထွက်ပြေးနေစဥ်မှာပဲ ဂျန်ဖန်းက နောက်ကလိုက်လံတိုက်ခိုက် တော့၏။
ချင်မိသားစုဝင်တစ်ယောက်မှ အကောင်းတိုင်း ထွက်မသွားနိုင်ခဲ့ပေ။
သူ့မိသားစုဝင်တွေ သနားစရာကောင်းစွာ အရိုက်ခံနေရတာကိုမြင်ပြီး ချင်းချန်ရှန် မျက်လုံးတွေ ဒေါသမီးတွေ တောက်လာခဲ့သည်။
“ဂျန်ဖန်း, ရှုမိသားစု…. မင်းတို့ ပြန်ပေးဆပ်စေရမယ်… စောင့်နေကြ….”
“ချင်မိသားစုရဲ့ အဆင့် ၁ (ကြယ်တစ်လုံး) ဝိညာဥ်သခင် မကြာခင် ပြန်လာတော့မယ်။”
“အဲ့ဒီအချိန်ကျရင် မင်းတို့တွေ အဆုံးသတ်သွားပြီ…”
စစ်မှန်သည့် ဝိညာဥ်သခင်တစ်ယောက်က မြို့တိုင်း ရိုသေလေးစားရသည့် ပုံရိပ်တစ်ခု ဖြစ်သည်။
သူတို့သာ ဒေါသထွက်လာလျှင် တောင်တန်းနှင့် မြစ်တွေ အရောင်ပြောင်းလာပြီး သွေးချောင်းစီးကုန်မည်ပဲဖြစ်သည်။
ကြယ်တစ်လုံး ဝိညာဥ်သခင်?....
ဂျန်ဖန်း ပခုံးတွန့်လိုက်၏။
‘အဲ့ကောင်ကိုလာခိုင်းလိုက်ပါ….’
ခြံဝန်းထဲသို့ပြန်ရောက်သည့်အခါ သူက အစေခံတွေကို ရှုပ်ပွနေတာတွေ သန့်ရှင်းရေးလုပ်ဖို့ အမိန့်ပေးလိုက်၏။ တစ်ချိန်က သူတို့အထင်သေးခဲ့သည့် ဂျန်ဖန်းကို ယခုချိန်မှာ ကြောက်ရွံ့စွာနှင့် နာခံနေရပြီပဲဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မှ အသက်ကျယ်ကျယ်တောင် မရှူရဲပေ။
ဤတိုက်ပွဲ… ဂျန်ဖန်း ချင်မိသားစုတစ်ခုလုံးကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့၏။
ဘယ်လောက်တောင် ပြောင်မြောက်လှပြီး ပြိုင်ဘက်ကင်းစွမ်းရည်ဖြစ်လိုက်သနည်း….
တံခါးနောက်၌ ယဲ့ချင်းရွယ်မျက်လုံးတွေလည်း တောက်ပလာခဲ့သည်။ သူမက ရတနာတစ်ခုရှာတွေ့သလိုဖြစ်နေပြီး အော်ပြောလိုက်သည်။
“သခင်လေးဂျန်, နင်က အရည်အချင်း အစစ်အမှန်တွေ ဖုံးကွယ်ထားတာပဲ….”
အစောပိုင်းတုန်းက ဂျန်ဖန်း သူ့နယ်ပယ်ကို ချီကျင့်ကြံခြင်းအဆင့် ၈ သာထုတ်ဖော်ပြသခဲ့ပြီး အသန်မာဆုံးဓားကွက်ကိုလည်း မထုတ်ဖော်ရသေးပေ။
သူက သူ၏ အစစ်အမှန်ခွန်အားကိုတောင် အသုံးမပြုရသေးပေ။
သူကတည်ငြိမ်စွာပဲ စာရေးလိုက်သည်။
“မင်းက ငါ့ကို အထင်ကြီးနေတာပဲ…. ငါ့မှာရှင်းလင်းစရာလေးတွေရှိသေးလို့ မင်းကို ဧည့်မခံနိုင်သေးဘူး။ ကျေးဇူးပြုပြီး မမလေးယဲ့ ကိုယ့်ဘာသာ အဆင်ပြေသလို နေလိုက်ပါ….”
ယဲ့ချန်းရွယ် အနည်းငယ် စိတ်ပျက်သွားခဲ့ သည်။
မြို့သခင်သမီးဖြစ်သည့် သူမက သူ့ကို စကားပြောနေတာကို သူက လျစ်လျူရှုနေခဲ့၏။
အရည်အချင်းလေးနည်းနည်းရှိတာနှင့်ပဲ မောက်မာလာသည်လား…
သူမက သူ့ကို သင်ခန်းစာတစ်ခု ပေးသင့်သည်ဟု ခံစားမိ၏။
“သခင်လေးဂျန်, ငါမြင်တာတော့ နင့်ရဲ့ ဓားသိုင်းက အနည်းငယ် ချို့ယွင်းနေတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့ဆရာက ဓားကျင့်ကြံသူတစ်ယောက်လေ။ ငါနင့်ကို အနည်းငယ် လမ်းညွှန်ပေးနိုင်တယ်….”
လမ်းညွှန်ပေးမည်?....
ဂျန်ဖန်း ခဏတွေလိုက်ပြီး သဘောတူလိုက်၏။
ယဲ့ချင်းရွယ်၏ ပါရမီက ရှုယင်းရင်းထက် မနိမ့်ပေ။ ထို့ပြင် သူမက အပြင်မှာ လေ့ကျင့်လာသည့်အတွက် သူမနည်းလမ်းတွေက အားကောင်းမည်ပဲဖြစ်သည်။
သူမက သူခွန်အားကုန်သုံးဖို့ ထိုက်တန်သည့် ပြိုင်ဘက်တစ်ယောက်ပဲ ဖြစ်သည်။
သူက သစ်သားဓားကို ဆွဲထုတ်လိုက်ပြီး သူမကို စတင်ဖို့အချက်ပေးလိုက်၏။
ယဲ့ချင်းရွယ် စိတ်ထဲက လှောင်ပြုံး ပြုံးလိုက်၏။
“မောက်မာနေတဲ့ကောင်လေး, ငါနင့်ကို ဘယ်လို ပညာပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်….”
သူမက ပြောပြီးသည်နှင့် သူမအစိမ်းရောင်ဓားကို ဆွဲထုတ်လိုက်ပြီး အားကောင်းသည့် ဓားသိုင်းတစ်ခုကို ထုတ်ဖော်လိုက်၏။ ထို့နောက် သူမ၏ ချီကျင့်ကြံရေး အဆင့်၉ နယ်ပယ် စွမ်းအားက ထွက်ပေါ်လာခဲ့သည်။
ဂျန်ဖန်း ချက်ချင်းလေးနက်သွားပြီး သူ့ခွန်အားကို ဖုံးကွယ်မထားရဲတော့ပေ။
သူက သူ၏ ချီကျင့်ကြံခြင်းအဆင့် ၉ စွမ်းအားကို ထုတ်ဖော်လိုက်ပြီး အသန်မာဆုံး ဓားကွက်ကို ထုတ်ဖော်လိုက်သည်။
“မြောက်ပိုင်းကြယ် ခုနှစ်လုံး….”
သူတို့၏ ဓားတွေတွေ့ဆုံသွားသည့် အခိုက်အတန့်၌ ယဲ့ချင်းရွယ်အားကောင်းသည့် တိုက်ခိုက်မှုတစ်ခုကို ခံစားလိုက်ရ၏။
သူမလက်ထဲက ဓားက ချက်ချင်းပဲ အဝေးကို လွင့်ထွက်သွားခဲ့သည်။
ဂျန်ဖန်းဓားက သက်တောင့်သက်သာပဲ ခုခံမှုကိုချိုးဖြတ်ကာ သူမလည်ပင်းပေါ်၌ တင်ထားခဲ့သည်။
ဂျန်ဖန်း ကြောင်အသွားခဲ့သည်။
ဒါက….
ယဲ့ချင်းရွယ်လည်း အံ့သြတုန်လှုပ်သွားခဲ့သည်။
ငါရှုံးသွားပြီလား…..
တစ်ကွက်တည်းနဲ့လေ….