← Chapters

အံ့အားသင့်ဖွယ်ရိတ်သိမ်းမှု

Vol. 3 Ch. 42

အံ့အားသင့်ဖွယ်ရိတ်သိမ်းမှု

Vol. 3 Ch. 42

ဂျန်ဖန်း ထိုအရာကို အံ့အားသင့်စွာနှင့် ယူလိုက်၏။

၎င်း၏ပူနွေးမှုကို ခံစားမိပြီး သူက မနေနိုင်ပဲ ရှုယင်းရင်း၏ လုံးဝန်းသည့် ရင်ဘတ်ကို တစ်ချက်ကြည့်လိုက်သည်။

သူက အလျှင်အမြန်အကြည့်လွဲလိုက်ပြီး လျစ်လျူရှုယောင် ဟန်ဆောင်ပြီး မေးလိုက်သည်။

“ဒါက ဘာလဲ….”

ရှုယင်းရင်းက ကျောက်စိမ်းပုတီးစေ့ကို ကြည့်လိုက်ပြီး တွန့်ဆုတ်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

“ငါမွေးတုန်းက ဖြတ်သွားဖြတ်လာ ကျွမ်းကျင်သူတစ်ယောက် ငါ့အရိုးဖွဲ့စည်းပုံ ထူးခြားတာကို သတိထားမိပြီး ဒါကို ပေးခဲ့တာ။”

“သူပြောတာတော့ အထဲမှာ ကျင့်ကြံရေး နည်းလမ်းတစ်ခုရှိတယ်တဲ့။ ဒါပေမယ့် ငါတို့ ဘယ်လိုမှ မဖွင့်နိုင်ခဲ့ဘူး။”

“အခု, ငါဒါကို အပေါင်းပစ္စည်းအဖြစ် သုံးမယ်။”

“ငါ အကြွေးပြန်ပေးတဲ့အခါ ဒါကိုပြန်ပေးရမယ်…. မပျောက်စေနဲ့….”

အို….

ဂျန်ဖန်း ထိုအရာကို အစေခံတွေပြောတာ ကြားဖူး၏။

လွန်ခဲ့သည့် ၈ နှစ် ရှုယင်းရင်းမွေးသည့် အချိန်တုန်းက မွေးခန်းထက်မှာ ရောင်စုံသက်တန့်တစ်ခု ပေါ်လာခဲ့သည်။

ထိုအံ့အားသင့်ဖွယ်ဖြစ်ရပ်က ဖြတ်သွားသည့် ကျွမ်းကျင်သူ၏အာရုံကို ဖမ်းစားသွားခဲ့သည်။

စုံစမ်းလိုက်သည့်အခါ ရှုယင်းရင်မှာ ထူးခြားသည့်ပါရမီရှိတာကို သိသွားခဲ့သည်။

သူက ထိုအရာကို ကံကြမ္မာဟု မှတ်ယူပြီး တန်ဖိုးကြီးပစ္စည်းတစ်ခု ပေးခဲ့၏။

မမျှော်လင့်စွာနှင့် ရှုယင်းရင်းက ထိုအရာကို အပေါင်ပစ္စည်းအဖြစ် အသုံးပြုခဲ့သည်။

ခဏတွေးပြီးနောက် ဂျန်ဖန်း ထိုအရာကို ပြန်ပေးလိုက်ပြီး စာရေးလိုက်သည်။

“ဒါကမင်းအတွက် တန်ဖိုးအရမ်းကြီးတဲ့ ပစ္စည်းလေ။ ပျောက်သွားရင် ငါတာဝန်မယူနိုင်ဘူး….”

“ဒါကို အပေါင်ထားဖို့ မလိုပါဘူး။ မင်းပဲ ပြန်ယူထားလိုက်ပါ….”

သို့ပေမယ့် ရှုယင်းရင်း ခေါင်းမာစွာနှင့် ပြောလိုက်သည်။

“မရှိရင်တောင် စွန့်ကျဲပေးကမ်းတာတော့ လက်မခံဘူး။ ငါ နင့်အပေါ် ကျေးဇူးကြွေးတင်ခံလိမ့်မယ်မထင်နဲ့…. ဟမ့်….”

သူမက သိန် ၂၀ တန် ငွေမှတ်စုတွေကို ကောက်ယူပြီး ပြောလိုက်သည်။

“အနာဂတ်မှာ ငါပြန်ပေးမှာ….”

ထို့နောက် သူမက ဆောင့်ကြီးအောင့်ကြီး နှင့် ထွက်ခွာသွားခဲ့သည်။

ဂျန်ဖန်း စိတ်ရှုပ်ထွေးသွားခဲ့သည်။

“ငါ သူမကို ဘယ်နေရာများ အပြစ်လုပ်မိလို့လဲ….”

ရှုရို့ရန် သူမညီမ၏ ထွက်ခွာသွားသည့် ပုံရိပ်ကိုကြည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။

“နင်က သူမကို အပြစ်မလုပ်ပါဘူး….”

“ဖြစ်နိုင်တာတော့ သူမ…. သူမ နင့်နဲ့ပတ်သက်ပြီး ဂရုစိုက်နေပြီနဲ့ တူတယ်။”

ရှုရို့ရန် သံသယရှိနေခဲ့သည်။

ဂျန်ဖန်း တိုးတက်လာသည့်အခါ သူမညီမက အရင်ကလို သူ့အား မကြိုက်ပဲ နေအုန်းမည်လား…

တစ်နေ့ သူမ ဂျန်ဖန်းကို ကြိုက်လာခဲ့လျှင်….

သူ ဘာလုပ်မည်နည်း….

အဆုံးမှာတော့ ထိုလက်ထပ်ပွဲက အမှန်တကယ် သူမညီမအတွက်ပဲ ဖြစ်သည်။

“နင်က အတွေးလွန်နေတာပဲ… သူမဖို့ပဲ တွေးတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် ငါ့အကြောင်းကို ဂရုစိုက်မှာလဲ….”

ဂျန်ဖန်း သူ့ခေါင်းကို ခါယမ်းလိုက်၏။ ဘေးပတ်ပတ်လည်၌ မည်သူမှ မရှိတာကို မြင်သည့်အခါ သူက အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည်အချို့ကို ထုတ်ယူကာ ရှုရို့ရန်အားပေးလိုက်သည်။

“ဒါကိုမြန်မြန် အသုံးပြုလိုက်….”

ဤတစ်ချိန်၌ ရှုရို့ရန် မငြင်းတော့ပေ။

သွေးလင်းနို့နန်းတော်အကြွင်းအကျန်တွေက ရှုမိသားစုဝင်တွေအပေါ်မှာ တောင်ကြီးတစ်လုံးကဲ့သို့ ဖိထားခဲ့သည်။

ခွန်အားတိုးဖို့က သေးရေးရှင်ရေးလိုအပ် နေပြီပဲဖြစ်သည်။

ရှုရို့ရန်ကို လိုက်ပို့ပြီးနောက် ဂျန်ဖန်း သူ့အခန်းကို ပြန်လာလိုက်သည်။

သူက ကျောက်စိမ်းပုတီးစေ့ကို ထုတ်ယူပြီး စစ်ဆေးကြည့်လိုက်သည်။

အနီးကပ်စစ်ဆေးကြည့်သည့်အခါ အလွန်ကောင်းမွန်သည့်ကျောက်စိမ်းနှင့် လုပ်ထားတာမှလွဲပြီး အခြားဘာမှ ထူးခြားမနေပေ။

“ကျွမ်းကျင်သူဆီက လက်ဆောင်ဆိုမှတော့ သာမန် ကျောက်စိမ်းပုတီးစေ့တော့ မဖြစ်နိုင်ဘူး။”

သူက နည်းလမ်းမျိုးစုံကိုသုံးကြည့်ခဲ့သည်။ ဖယောင်တိုင်မီးပေါ်တင်ခြင်း၊ ရေစိမ်ခြင်း၊ ချီကျင့်ကြံခြင်းအရည်ထဲမှာစိမ်ခြင်း စတာတွေကို ပြုလုပ်ခဲ့သည်။

သူကြားဖူးသည့်ပုံပြင်ထဲက ဖွင့်နည်းအားလုံးကို ကြိုးစားခဲ့၏။

သို့ပေမယ့် ကျောက်စိမ်းပုတီးက ဘာမှ မပြောင်းလဲပေ။

“ဒါက တကယ်ပဲ သာမန်ကျောက်စိမ်းပုတီးစေ့တစ်ခု လား…”

ဂျန်ဖန်း စိတ်ပျက်စွာနှင့် ထိုအရာကို လည်ပင်းမှာဆွဲထားလိုက်သည်။

ဤကဲ့သို့တန်ဖိုးကြီးပစ္စည်း ပျောက်သွားလျှင် ရှုယင်းရင်က သူကို သတ်မှာပဲဖြစ်သည်။

“ငါက ဘာလို့ဒါကို လိုအပ်မှာလဲ…. ဒါက သုံးမရတဲ့အာလူးပူပူတစ်ခုပဲဟာ….”

ဂျန်ဖန်း အိပ်ယာပေါ်လဲလိုက်၏။ သူက သူ့ရင်ဘတ်ကို ထိလိုက်ပြီး ရေရွတ်လိုက်၏။

သို့ပေမယ့် သူလက်၏ညင်သာစွာထိတွေ့မှုနှင့်အတူ ဝိညာဥ်စွမ်းအင်အနည်းငယ်က ကျောက်စိမ်းပုတီးစေ့မှ ထွက်ပေါ်လာခဲ့သည်။

ထိုပါးလွာသည့်ဝိညာဥ်စွမ်းအင်က သာမန်လူသတိထားမိဖို့ မဖြစ်နိုင်ပေ။

သို့ပေမယ့် ဂျန်ဖန်း ချက်ချင်းပဲ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ငါးကြင်းတစ်ကောင်ကဲ့သို့ ခုန်ထလိုက်၏။ သူက ကျောက်စိမ်းပုတီးစေ့ကို ဆွဲယူလိုက်ပြီး မျက်နှာက အံ့အားသင့်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

“ဝိညာဥ်စွမ်းအင်…. ထိုက်ယင်ကျမ်းလိုပဲ ဒါကိုဖွင့်ဖို့ ဝိညာဥ်စွမ်းအင်လိုတာလား….”

ဂျန်ဖန်း ရုတ်တရက် အာခေါင်ခြောက်လာခဲ့သည်။

သူက ဆံထွေးမြိုချလိုက်ပြီး ဝိညာဥ်စွမ်းအင်ကို ကျောက်စိမ်းပုတီးစေ့ထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်၏။

ချက်ချင်းပဲ ကျောက်စိမ်းပုတီးစေ့က တုန့်ပြန်လာပြီး အစိမ်းရောင်အလင်းတန်းတွေ ထုတ်လွတ်လာခဲ့သည်။

ထို့နောက် လေထဲကိုမြောက်တက်သွားပြီး စာကြောင်းတွေအဖြစ် ပြောင်းသွားခဲ့သည်။

“အဆင့်မြင့် သိမ့်မွေ့အဆင့် လှုပ်ရှားမှုနည်းလမ်း - အထီးကျန်ငန်းရိုင်းအရိပ်….”

ဘာ?....

ဂျန်ဖန်း အံ့သြတုန်လှုပ်သွားခဲ့သည်။

ထိုအရာက အမှန်တကယ်ပဲ အဆင့်မြင့် သိမ်မွေ့အဆင့် သိုင်းကျမ်တစ်ခုဖြစ်၏။ ထို့ပြင် အတော်လေး ရှားပါးသည့် လှုပ်ရှားမှုသိုင်းကျမ်းလည်းဖြစ်နေသေးသည်။

ကျင့်ကြံရေးနည်းလမ်းအားလုံးထဲမှာ လှုပ်ရှာမှုနည်းလမ်းတွေက အရှားပါးဆုံးပဲဖြစ်သည်။

အထီးကျန်လှေမြို့တစ်ခုလုံးမှာ လှုပ်ရှားမှုနည်းလမ်း တစ်ခုတောင် မရှိပေ။

အဆင့်နိမ့်သိုင်းကျမ်းတစ်ခုတောင် မရှိပေ….

သူ့ရှေ့က အထီးကျန်ငန်းရိုင်းအရိပ်က လှုပ်ရှားမှုနည်းလမ်းတစ်ခုဖြစ်ရုံသာမက အဆင့်မြင့် သိမ်မွေ့အဆင့် လည်းဖြစ်နေသေး၏။

ကျွမ်းကျင်သူက ရှုမိသားစုကို အရူးမလုပ်ခဲ့ပေ။ သူက အမှန်တကယ်ပဲ ရှုယင်းရင်အတွက် ကျင့်ကြံရေးနည်းလမ်း တစ်ခုထားခဲ့တာဖြစ်သည်။ ထို့ပြင် ထိုအရာက အလွန်အမင်း တန်ဖိုးကြီးလှ၏။

သူက ချက်ချင်းပဲ ကျင့်ကြံရေးနည်းလမ်းကို အလျှင်အမြန် ချရေးလိုက်၏။

အဆုံးမှာ သူက ကျွမ်းကျင်သူချန်ထားခဲ့သည့် အမှာစာကို တွေ့လိုက်ရ၏။

“ကောင်းကင်ဘုံတောင်၊ တိမ်မြူခိုးဂူ…. အဲ့ဒီနေရာမှာ ငါ ပစ္စည်းအချို့ ထားခဲ့တယ်။ မင်းအတွက်အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်…..”

ဂျန်ဖန်း ခဏရပ်တန့်သွားခဲ့သည်။

ထိုအရာက ကျွမ်းကျင်သူ ရှုယင်းရင်းအတွက် ချန်ထားခဲ့သည့် နောက်ထပ်အခွင့်အရေးတစ်ခု ဖြစ်နိုင်၏။

သို့ပေမယ့် သူမှတ်မိတာအရဆိုလျှင် ထိုနေရာက သွေးလင်းနို့နန်းတော် ဂိုဏ်းခွဲတစ်ခုနေရာပဲဖြစ်သည်။

သူက သံသယအနည်းငယ်ရှိသွားခဲ့သည်။

“ဒါကိုမေ့လိုက်တော့, အများကြီးတွေးမနေတော့ဘူး။ ဒီလှုပ်ရှားမှုသိုင်းကျမ်းကို အရင်လေ့ကျင့်တာပဲကောင်းတယ်။”

ဂျန်ဖန်း မစောင့်နိုင်တော့ပေ။

အထီးကျန်ငန်းရိုင်းအရိပ်ကို အဆင့် ၃ ဆင့် ခွဲထား၏။

ပထမအဆင့်ကို အောင်မြင်သွားလျှင် ရေပါ်မှာလမ်းလျှောက်နိုင်ပြီး နံရံပေါ်မှာ မြေပြင်ကဲ့သို့ သွားနိုင်မည်ပဲဖြစ်သည်။

ဒုတိယအဆင့်ကို အောင်မြင်သွားလျှင် မိုင်ပေါင်းတစ်ရာကို ခြေတစ်လှမ်းထဲဖြင့် ရောက်ရှိနိုင်မည်ဖြစ်သည်။

တတိယအဆင့်အောင်မြင်သွားလျှင်တော့ စိတ်ဝိညာဥ်စွမ်းအင်ကို တောင်ပံအဖြစ်အသုံးပြုပြီး လေထဲမှာ ပျံသန်းနိုင်မည်ပဲဖြစ်သည်။

အညွှန်းဖတ်နေရင်း ဂျန်ဖန်းသွေးတွေ ဆူပွက်လာခဲ့သည်။

ထင်ထားသည့်အတိုင်း ဤကျင့်ကြံရေးနည်းလမ်းက အခက်ခဲဆုံး လှုပ်ရှားမှုနည်းလမ်းဆိုတာလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထား၏။

ပထမအဆင့်အောင်မြင်ဖို့ လူတစ်ယောက်က တစ်နှစ်တိတိ လုံ့လဝီရိယရှိစွာ ကျင့်ကြံရမည်ပဲဖြစ်သည်။ မာနကြီးလို့မရသလို ဆန္ဒစောလို့လဲမရပေ….

“အဲ့လိုလား…..”

ဂျန်ဖန်း ချက်ချင်းပဲ ဂရုတစိုက် နားလည်ဆင်ခြင်လိုက်၏။ ခဏကြာပြီး သည့်နောက် သူက မနေနိုင်ပဲ ပြောလိုက်သည်။

“ပထမအဆင့်က အဲ့လောက်လည်း မခက်ပါဘူး…..”

ထိုအစိမ်းရောင်စိတ်ဝိညာဥ်အလင်းတန်းတွေကို ကျေးဇူးတင်ရမည်ဖြစ်၏။ ခက်ပါတယ်ဆိုသည့် ကျင့်ကြံရေးနည်းလမ်းတွေက သူ့အတွက် အခက်ခဲတော့ပေ။

နောက်တစ်နေ့နံနက်၌…..

ဂျန်ဖန်း သူ့အခန်းထဲမှာ အလွန်လျှင်မြန်သည့်အရှိန်ဖြင့် ရွေ့လျားနေခဲ့သည်။ သူက နံရံတွေနှင့် မျက်နှာကျက်တွေပေါ်မှာ ရှေ့နောက် ခုန်ပျံ ပြေးလွားနေခဲ့သည်။

သာမန်ခြေလှမ်းတစ်ခုနှင့် သူက မီတာ ပေါင်းများစွာ ရောက်နိုင်တာပဲဖြစ်သည်။

သူသာ အစွမ်းကုန်ပြေးလျှင် အခန်းနံရံတစ်ဖက်မှ အခြားတစ်ဖက်ကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်သွားမည်ပဲဖြစ်သည်။

သူက တစ်ကိုယ်လုံးချွေးတွေစိုဆွဲနေပြီး မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။

“အသေးစားအောင်မြင်မှုနဲ့တောင် ဒီလောက်မြန်နေပြီ။ အောင်မြင်ကြီးခြင်း အဆင့်သာဆိုရင် ငှက်မွေးလိုပေါ့ပါးပြီး လေလို လျှင်မြန်လာမလားမသိဘူး….”

လှုပ်ရှားမှုနည်းလမ်း အတွေ့အကြုံကို ခံစားရင်း ဂျန်ဖန်း အတော်လေး စိတ်ကျေနပ်နေခဲ့သည်။

သူက ဆက်လက်ကျင့်ကြံချင်၏။ သို့ပေမယ့် ကံမကောင်းစွာနှင့်ပဲ မြို့သခင်အိမ်တော်ကို သွားရမည်ဖြစ်သည်။

ရှုအိမ်တော်က ထွက်ခွာပြီး အလျှင်အမြန်ပဲ မြို့သခင်အိမ်တော်ကို ရောက်လာခဲ့သည်။ သူက နောက်ဖေးလမ်းကြားတစ်ခုကို ရှာကာ နံပါတ် ၁ မျက်နှာဖုံးကို တပ်ဆင်လိုက်၏။

ထို့နောက် လှုပ်ရှားမှုနည်းလမ်းကို အသုံးပြုကာ ၁၀ပေအမြင့်ရှိသည့်နံရံကို အသာအယာ ကျော်လိုက်၏။

မြို့သခင်အိမ်တော်၊ ညာဘက်ခြံဝန်းထဲ၌….

ယဲ့ချင်းရွယ် အနည်းငယ်မျက်မှောင်ကြုတ်နေပြီး ဝင်ပေါက်ကို ကြည့်နေခဲ့သည်။

နံပါတ် ၂ ကနေ ၉ ထိ အားလုံးရောက်ရှိ နေပြီဖြစ်၏။

နံပါ ၁ အရိပ်အစောင့်ဖြစ်သည့် ဂျန်ဖန်းသာ မရောက်သေးတာဖြစ်၏။

ရှုယင်းရင် မကျေနပ်စွာနှင့်ပြောလိုက်သည်။

“တော်တော်စိတ်ကြီးဝင်တဲ့ကောင်…. ငါတို့အားလုံက သူ့ကိုစောင့်နေရတယ်….”

“သူကိုယ်သူ ရှာမှရှားတဲ့ ပါရမီရှင်ကြီးလို့ တကယ်ထင်နေတာလားမသိဘူး…..”

သူမပြောပြီးနောက် အခြား အရိပ်အစောင့် ၈ ယောက်လည်း သူတို့၏ မကျေနပ်ချက်တွေကို ပြောလိုက်ကြသည်။

သူတို့အားလုံးက ယဲ့ချင်းရွယ် လူသန်းပေါင်းများစွာထဲက ရွေးချယ်ထားသည့် ထိပ်သီးအကျော်အမော်တွေဖြစ်ကြ၏။ မည်သူက သူတို့ကိုယ်သူတို့ အောက်ကျို့ချင်မည်နည်း။

ယဲ့ချင်းရွယ် သူတို့ကို စိတ်လျှော့ဖို့သာ ပြောနိုင်၏။

“စိတ်အေးအေးထားကြပါ…. သူရောက်တာနဲ့အကြောင်းကြားဖို့ ငါ ဂိတ်စောင့်ကို ပြောထားပြီးပါပြီ….”

ပြောပြီးသည်နှင့် ယဲ့ချင်းရွယ် ရှုယင်းရင်း ဘေးဘက်ကို မတော်တဆကြည့်မိလိုက်ပြီး သူမမျက်ခွံ့တွေ အကြီးအကျယ်ကျုံ့သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမသတိမထားမိလိုက်ခင်မှာပဲ လူတစ်ယောက်က ရှုယင်းရင်းဘေးနားမှာ ရပ်နေခဲ့သည်။

အရိပ်အစောင့်တွေ ယဲ့ချင်းရွယ်၏ ပုံမှန်မဟုတ်သည့်အကြည့်ကို သတိထားမိပြီး လိုက်ကြည့်လိုက်ကြသည်။

သူတို့မြင်လိုက်ရသည့်အရာကြောင့် အားလုံး တုန်လှုပ်သွားကြသည်။

အထူးသဖြင့် ရှုယင်းရင်ဖြစ်၏။ လူတစ်ယောက် သစ္ဆေသရဲကဲ့သို့ သူမဘေးမှာ ပေါ်လာတာကြောင့် သူမနှလုံးသားက အပြင်းအထန်ခုန်ပေါက်သွားခဲ့သည်။

မျက်နှာဖုံးပေါ်က “နံပါတ် ၁” ဆိုသည့် စကားလုံးကိုမြင်သည့်အခါမှ သူမ စိတ်သက်သာယာရသွားခဲ့သည်။

သို့ပေမယ့် သူမနှလုံးသားကတော့ ခုန်ပေါက်နေဆဲဖြစ်သည်။

ထိုလူသာရန်သူဆိုလျှင် သူမ အလောင်းကောင်ဖြစ်နေပြီပဲဖြစ်သည်။

သူက ဘယ်အချိန်က ရောက်နေခဲ့သနည်း။

သူ အနားချဥ်းကပ်လာတာ သူမသတိမထားမိလိုက်ပေ။

သူက အံ့ဖွယ်လျို့ဝှက်နည်းလမ်းအချို့ လေ့ကျင့်ထားသည်လား….

All Chapters