← Chapters

သွေးလင်းနို့နန်းတော်ထွက်ပေါ်လာခြင်း

Vol. 3 Ch. 43

သွေးလင်းနို့နန်းတော်ထွက်ပေါ်လာခြင်း

Vol. 3 Ch. 43

ထိုလှုပ်ရှားမှုက အရိပ်စောင့်အားလုံးကို လုံးဝတုန်လှုပ်သွားစေခဲ့သည်။

စိန်ခေါ်ဖို့ရည်ရွယ်ထားသည့်လူတွေလည်း သူတို့အတွေးကို ထိန်းချုပ်ထားလိုက်ကြသည်။

“သူက နံပါတ် ၁ အရိပ်အစောင့်ဖြစ်နေတာ အံ့သြစရာမရှိတော့ပါဘူး….”

“ဒီလို လျို့ဝှက်ဆန်းကြယ်တဲ့ လှုပ်ရှားမှုနည်းလမ်းမျိုးက ငါပြန်တိုက်နိုင်တဲ့အရာမဟုတ်ဘူး….”

“ယဲ့ချင်းရွယ်အမြင်က တကယ် ကောင်းတာပဲ….”

သူတို့စကားသံတွေကို နားထောင်ပြီး ရှုယင်းရင်း ပိုလို့တောင် မကျေမနပ်ဖြစ်လာခဲ့သည်။

သူမ၏ အစောပိုင်းက အပြုအမူကြောင့်ရှက်ရွံ့သွားပြီး ဂျန်ဖန်းမျက်နှာဖုံးကို စိုက်ကြည့်ပြီးပြောလိုက်သည်။

“သွေးလင်းနို့နန်းတော် အကြွင်းအကျန်တွေကို ချေမှုန်းဖို့က အစစ်အမှန်ခွန်အား လိုအပ်တယ်။”

“လုပ်ကြံသတ်ဖြတ်တာက အသုံးမဝင်ဘူး….”

ဤစကားက အတွေ့အကြုံရှိသည့် အရိပ်အစောင့်အချို့ကို လှုံ့ဆော်သွားခဲ့သည်။

လုပ်ကြံသတ်ဖြတ်ခြင်းဆိုသည် အမှောင်ထဲမှာ ပုန်းနေပြီး ပေါ်ပေါ်ထင်ထင်ရှိနေသည့် ရန်သူကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ရမည်ဖြစ်သည်။

သို့ပေမယ့် သွေးလင်းနို့နန်းတော် အကြွင်းအကျန်တွေက အရိပ်ထဲမှာပုန်းပြီး လျို့ဝှက်ဆန်းကြယ်စွာ လှုပ်ရှားကြ၏။ သူတို့ကို လုပ်ကြံသတ်ဖြတ်ဖို့ အခွင့်ရေး ရှိမည်မဟုတ်ပေ။

ထို့ကြောင့် သွေးလင်းနို့နန်းတော်နှင့် ရင်ဆိုင်ရာ၌ တိုက်ခိုက်ရေးစွမ်းအား အမှန်တကယ် လိုအပ်တာပဲဖြစ်သည်။

ဂျန်ဖန်း ရှုယင်းရင်းကို ကြည့်ပြီး မပြုံးပဲ မနေနိုင်ပေ။

မျက်နှာဖုံးရှိနေတာတောင် ဤအခိုက်အတန့်၌ ရှုယင်းရင်း၏ ခေါင်းမာသည့်အမူအရာကို သူတွေးကြည့်လို့ရတာပဲဖြစ်သည်။

ထို့ပြင် မျက်နှာဖုံးနှင့်ဖြစ်၍ သူက စာရေးဖို့မလိုအပ်ပဲ လွတ်လွတ်လပ်လပ် စကားပြောနိုင်တာပဲဖြစ်သည်။

“ငါမှာ လုပ်ကြံသတ်ဖြတ်တဲ့ နည်းလမ်းပဲ ရှိတယ်လို့ ဘယ်သူပြောလဲ….”

ရှုယင်းရင်း လှောင်ပြောင်လိုက်၏။

“ငါတို့ အမှန်တရားကို တိုက်ပွဲကွင်းပြင်ထဲမှာ မြင်ရမှာပါ….”

သူတို့၏တိုက်ပွဲကို အခြားအရိပ်အစောင့်တွေ မအံ့သြကြပေ။

သူတို့က ပညာဖလှယ်ကြရုံသာဖြစ်၏။

သို့ပေမယ့် ယဲ့ချင်းရွယ် အံ့အားသင့် တုန်လှုပ်နေခဲ့သည်။

‘ဂျန်ဖန်း စကားပြောနိုင်တယ်….

သူက အအ မဟုတ်ဘူးလား….’

ယဲချင်းရွယ် ဂျန်ဖန်းအကြောင်းကို အတော်လေး သိချင်လာခဲ့သည်။

သူက ဘာကြောင့် အအ တစ်ယောက်လို ဟန်ဆောင်နေရသနည်း….

ဘာကြောင့် အမှိုက်တစ်ကောင်လို ဟန်ဆောင်နေရသနည်း…..

ဘာကြောင့် ရှုမိသားစုမှာ ကိုယ့်ကိုကိုယ် နှိမ့်ချပြီးနေနေရသနည်း….

ဤမေးခွန်းအားလုံးက သူမကို တစ်ခဏ အတွေးထဲမှာ နစ်မြောသွားစေခဲ့သည်။

ရှုယင်းရင်က စိတ်မရှည်စွာနှင့် သတိပေးလိုက်သည်။

“သခင်မလေ ယဲ့, နင်ငါတို့ကို ဘာလို့ ဆင့်ခေါ်လိုက်တာလဲ….”

ယဲ့ချင်းရွယ် အသိပြန်ဝင်လာခဲ့ပြီး အပြုံးတစ်ခုနှင့် လက်ခုပ်တီးလိုက်၏။

အစောင့်များစွာဝင်လာကြပြီး အမျိုးမျိုးသော ရတနာတွေနှင့် အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်တွေကို သယ်ဆောင်လာကြသည်။

“ဒီလက်နက်အားလုံးကို သံနက်နဲ့ သွန်းလုပ်ထားတာ။ အားလုံးက မာကျောပြီး ထက်ရှတယ်….”

“ပြီးတော့ ဒီအဆင့်နိမ့်ချီကျင့်ကြံခြင်းအရည်တွေ, တစ်ယောက်ကို ၁၀ ပုလင်းစီရမယ်…..”

ထိုအရာကိုကြားသည့်အခါ အရိပ်အစောင့်တွေ၏ မျက်လုံးတွေက တောက်ပလာခဲ့ကြသည်။

အဆင့်နိမ့် ချီကျင့်ကြံခြင်းအရည်တွေကို အသာထား၊ ဤလက်နက်တွေအားလုံးက ထိပ်တန်းအဆင့်လက်နက်တွေဖြစ်ပြီး မြို့သခင်အိမ်တော်က အထူးသွန်းလုပ်ထားတာပဲဖြစ်သည်။

သူတို့၏အရည်အသွေးက သာမန်ပန်းပဲ သမားတွေပြုလုပ်ထားသည့် အရာတွေထက် များစွာကျော်လွန်တာပဲ ဖြစ်သည်။

ရှုယင်းရင်း ပျော်ရွင်သွားခဲ့သည်။

ချီကျင့်ကြံခြင်းအရည်က အခုချိန်မှာ သူမအတွက် သိပ်မဆွဲဆောင်နိုင်တော့ပေ။

သို့ပေမယ့် ကောင်းမွန်သည့်ဓားတစ်ချောင်းက သူမ အလောတကြီးလိုအပ်နေသည့်အရာပဲ ဖြစ်သည်။

သူမလက်ထဲက ဓားစိမ်းက အလယ်အလတ်အဆင့်သာရှိပြီး သူမရှေ့က နတ်ဘုရားလက်နက်တွေထက် အများကြီးပိုအဆင့်နိမ့်တာပဲဖြစ်သည်။

သူမမျက်လုံးတွေက နက်ပြာရောင်သံဓား တစ်ချောင်းပေါ်မှာ ကျရောက်နေခဲ့သည်။

အခြားလူတွေ ချီကျင့်ကြံခြင်းအရည်တွေ ယူနေစဥ်မှာ သူမက ပျော်ရွင်စွာနှင့် ပြေးသွားခဲ့သည်။

သို့ပေမယ့် ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေး လေပြင်းတစ်ခုက သူမကို ဖြတ်ကျော်သွားခဲ့သည်။

မကြာမီ သူမမျက်စိကျနေသည့် အပြာရောင်ဓားက နံပါတ် ၁ အရိပ်အစောင့်၏ လက်ထဲမှာ ရှိနေပြီပဲ ဖြစ်သည်။

“ဓားကောင်းပဲ…..”

ဂျန်ဖန်း ထိုအရာကို ကောက်ယူလိုက်ပြီး မှတ်ချက်ပေးလိုက်သည်။

ရှုယင်းရင်း ပြောလိုက်သည်။

“အဲ့ဒါကို ငါအရင်မြင်တာ….”

ဂျန်ဖန်းပြန်လှည့်မကြည့်ပဲ ပြောလိုက်သည်။

“ငါ ဒီနေရာမှာလက်နက်အားလုံး လိုချင်တယ်ဆိုရင် ဒါတွေအားလုံး ငါ့ဟာဖြစ်သွားရောလား….”

သူမအခွင့်မသာတာကို သိပြီး ရှုယင်းရင် နှုတ်ခမ်းကိုက်ပြီး ဘာမှပြန်မပြောပေ။

ထို့နောက် ဂျန်ဖန်းက လက်နက်တွေကြားက အနက်ရောင် ဓားတစ်ချောင်းကို သတိထားမိလိုက်သည်။

ထိုအရာကို ကောက်ကြည့်လိုက်သည့်အခါ လေးလံတာကို သိလိုက်ရသည်။ သို့ပေမယ့် ၎င်းက “မြောက်ပိုင်းကြယ်ခုနှစ်လုံး”၏ ကြီးမားကျယ်ပြန့်သည့် လှုပ်ရှားမှုနှင့် ပိုသင့်တော်တာပဲဖြစ်သည်။

ထို့ကြောင့် သူက အနက်ရောင်ဓားကို နောက်ကျောဘက်ဓားအိမ်ထဲမှာ သိမ်းလိုက်သည်။

ထို့နောက် သူက အပြာရောင်ဓားကို ရှုယင်းရင်းဆီသို့ ပစ်ပေးလိုက်သည်။

“ကောင်းပြီလေ… ယူလိုက်…”

ရှုယင်းရင်း နှုတ်ခမ်းကိုက်လိုက်ပြီး ၎င်းကို ပြန်ပေးလိုက်၏။

“မလိုဘူး…”

“နင်မလိုချင်တဲ့ပစ္စည်းကို ငါကဘာလို့ ယူရမှာလဲ…..”

သူမက စိတ်အခြေအနေ ဆိုးဝါးနေခဲ့သည်။

မနေ့တုန်းက ဂျန်ဖန်းက သနားသလိုလို ဘာလိုလာလုပ်နေခဲ့၏။ ယခုလည်း နံပါတ် ၁ အရိပ်စောင့်က ထိုကဲ့သို့ပြုမူနေပြန်၏။

ထိုအရာက အလွန်အမင်း စိတ်တိုစရာ ကောင်းလှ၏။

‘အထီးကျန်လှေမြို့မှာရှိတဲ့ ယောက်ျားတိုင်းက အတူတူပဲလား….’

ဂျန်ဖန်း ဆွံ့အသွားခဲ့သည်။

“သွေးလင်းနို့နန်းတော် အကြွင်းအကျန်တွေနဲ့ ရင်ဆိုင်ရမှာ အန္တရာယ်များတယ်။ မင်းမှာရှိတဲ့ ဓားနဲ့ မလုံလောက်ဘူး….”

ထိုစကားက ရှုယင်းရင်းကို ပိုလို့တောင် ခေါင်းမာသွားစေခဲ့သည်။

“နင့်ကိစ္စနင်ပဲ စိတ်ဝင်စားစမ်းပါ…..”

တော်တာ်ခေါင်းမာတဲ့ကလေးမပဲ….

ဂျန်ဖန်း သူမကို လျစ်လျူရှုထားလိုက်၏။ သူက သံဓားကိုလွဲယမ်းနေပြီး ရင်းနှီးကျွမ်းကျင်အောင်ပြုလုပ်နေခဲ့သည်။

ထိုအရာက မှော်ရတနာတစ်ခု မဟုတ်တာတော့ နောင်တရစရာပဲဖြစ်သည်။

၎င်းက သူ၏ သစ်သားဓားကဲ့သို့ မိုးကြိုးစွမ်းအင် မထုတ်လုပ်နိုင်ပေ။

လူတိုင်း သူတို့၏လက်နက်တွေနှင့် ချီကျင့်ကြံခြင်းအရည်တွေ ရွေးချယ်ပြီးနောက် ယဲ့ချင်းရွယ်က အကြွင်းအကျန်တွေ၏အခြေအနေကို ရှင်းပြလိုက်သည်။

“ငါတို့ရဲ့ နောက်ဆုံးရသတင်းတွေအရ အကြွင်းအကျန်အုပ်စု တိမ်စိမ်းဂိုဏ်း လက်ကနေ လွတ်မြောက်လာပေမယ့် သူတို့က အလောတကြီးပြေးလာကြရတာ။ သူတို့မှာ အရင်းအမြစ်အများကြီး မရှိဘူး။”

“ဒါကြောင့် သူတို့က အရင်းအမြစ်ရဖို့ အထီးကျန်လှေမြို့ကို စိမ့်ဝင်လာကြမှာပဲ”

ထိုအရာကိုကြားသည့်အခါ လူတိုင်း ချက်ချင်းပဲ နိုးနိုးကြားကြားဖြစ်လာကြသည်။

သွေးလင်းနို့နန်းတော် အကြွင်းအကျန်တွေ အထီးကျန်လှေမြို့ကို စိမ့်ဝင်နေသည်လား….

ယဲ့ချင်းရွယ် ဆက်ပြောလိုက်သည်။

“မစိုးရိမ်ကြပါနဲ့…. ဝင်ရောက်လာတဲ့ လူတွေက အစောက်အရှောက်တွေနဲ့ အဖွဲ့ဝင်တွေပါပဲ….”

“ဒုနန်းတော်သခင်က ဒီလိုစွန့်စားမှုမျိုး မလုပ်ရဲပါဘူး…..”

ထိုအခါမှသာ လူတိုင်း အနည်းငယ် စိတ်သက်သာယာရသွားခဲ့သည်။

ချီကျင့်ကြံခြင်းအဆင့် ၉ စောက်ရှောက်သူတွေဆိုလျှင် သူတို့ တိုက်ခိုက်ဖို့ အခွင့်အရေးရှိသေးတာပဲ ဖြစ်သည်။

သို့ပေမယ့် အခြေခံတည်ဆောက်ခြင်း အဆင့် ၂ ဒုနန်းတော်သခင်သာဆိုလျှင် သူတို့က သေမင်းနဲ့တွေ့သွားမည်ပဲဖြစ်သည်။

ယဲ့ချင်းရွယ်က နောက်ဆုံးရသတင်းတွေ ပြောပြီးနောက် သူတို့ကို လူစုခွဲခိုင်းလိုက်၏။

“နိုးနိုးကြားကြားနေကြပါ…. မြို့ထဲက သတိပေးချက်တွေကို….”

သူမပြောမပြီးခင်မှာပဲ မြို့တောင်ဘက်ပိုင်း၌ အချက်ပြမီးတစ်ခု ကျယ်လောင်သည့်အသံနှင့်အတူ ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှာ အနီရောင်မီးခိုးငွေ့တွေရစ်ဝဲနေခဲ့သည်။

ယဲ့ချန်းရွယ် ကြောင်အသွားသည်။

အရိပ်အစောင့်တွေလည်း ကြောင်အသွားကြသည်။

ထိုအရာက တိုက်ဆိုင်မှုတစ်ခုလားဆိုတာ သူတို့က သိချင်နေခဲ့သည်။

သူတို့ပြင်ဆင်ပြီးရုံရှိသေး သွေးလင်းနို့နန်းတော်က ထွက်ပေါ်လာပြီပဲ ဖြစ်သည်။

ဂျန်ဖန်းက ပထမဆုံးတုံ့ပြန်လိုက်၏။ သူက သံဓားကိုဆုပ်ကိုင်ကာ ခြံဝန်းအပြင်ဘက်ကို လေပွေတစ်ခုကဲ့သို့ တစ်ဟုန်ထိုးပြေးထွက်သွားခဲ့သည်။

ရှုယင်းရင်လည်း သူမဓားစိမ်းကို ဆုပ်ကိုင်ကာ သူ့နောက်က အလျှင်အမြန် လိုက်သွားခဲ့သည်။

သို့ပေမယ့် သူမ ခြံဝန်းအပြင်ရောက်သည့် အခါ ဂျန်ဖန်းကို မည်သည့်နေရာမှာမှ မတွေ့တော့ပေ။

ထိုအရာကြောင့် သူမယှဥ်ပြိုင်လိုစိတ်က ပိုမိုတောက်လောင်လာခဲ့သည်။

“ဘယ်သူသာတယ်ဆိုတာ တိုက်ပွဲထဲမှာ သိလာရမှာပါ….”

မကြာမီ အခြားအရိပ်အစောင့်တွေလည်း နောက်ကလိုက်လာခဲ့ကြသည်။

ထိုအရာက ဟာသတစ်ခုမဟုတ်ပေ။

ထိုအရာက အမှန်တကယ် သွေးလင်းနို့နန်းတော် အကြွင်းအကျန်တွေ ပေါ်ထွက်လာတာပဲဖြစ်သည်။

ထို့ကြောင့် သူတို့အားလုံးက မီးခိုးငွေ့ရှိရာသို့ ဦးတည်လိုက်ကြသည်။

ယဲ့ချင်းရွယ်လည်း ကြန့်ကြာမနေပဲ နောက်က အလျှင်အမြန်လိုက်သွားခဲ့သည်။

ဂျန်ဖန်း အိမ်ခေါင်မိုးပေါ်တွေကနေ လေပြင်းတစ်ခုကဲ့သို့ တစ်ဟုန်ထိုးပြေးနေ ခဲ့သည်။

အမွေးတိုင်တစ်ဝက်စာလောက်ကြာသည့် အခါ သူက မြို့တစ်ဝက်လောက်ဖြတ်လာပြီး မီးခိုးအရင်းအမြစ်ဆီကို ရောက်လာခဲ့သည်။

အိမ်ခေါင်မိုးအစွန်းတစ်ခုမှာ မတ်တပ်ရပ်နေပြီး သူက အောက်ကို ငုံ့ကြည့်လိုက်သည်။

ဤနေရာက မြို့သခင်အိမ်တော် တရားဝင်လက်နက်သွန်းလုပ်သည့် နေရာပဲဖြစ်သည်။

မြေပြင်၌ များစွာသော စစ်သားတွေ သေဆုံးနေခဲ့သည်။

သူတို့က မသေခင်မှာ အချက်ပြမီးကို ပစ်လွတ်ခဲ့တာပဲဖြစ်သည်။

သွေးလင်းနို့အဖွဲ့ဝင်များစွာက လက်နက်တွေနှင့် ကုန်ကြမ်းပစ္စည်းတွေကို အလျှင်အမြန်ယူဆောင်နေကြသည်။

ဂျန်ဖန်း သွေးလင်းနို့နန်းတော်အဖွဲ့ဝင် တစ်ယောက်ကို သတိထားမိလိုက်သည်။

ထိုသူက မြူခိုး(လန်းယွင်)တောင်၌ ရှုရို့ရန်ကို အတင်းအဓမ္မခေါ်ဆောင်ဖို့ ကြိုးစားသည့်သူပဲဖြစ်သည်။

“ဘယ်သူလဲ….”

အာရုံခံစားမှုကောင်းသည့် သွေးလင်းနို့နန်းတော် အဖွဲ့ဝင်တစ်ယောက်က မော့ကြည့်ပြီး အော်ပြောလိုက်သည်။

သူက အသက် ၆၀ ဝန်းကျင်ဖြစ်ပြီး နှာခေါင်းကောက်ကောက်၊ မျက်လုံးချွန်ချွန်ရှိကာ အသွင်အပြင်က ထူးဆန်းလှတာပဲဖြစ်သည်။

သူ၏အော်သံနှင့်အတူ အခြားသွေးလင်းနို့နန်းတော် အဖွဲ့ဝင် ၄ ယောက်လည်း ဂျန်ဖန်းကို သတိထားမိလိုက်သည်။ အရင်တစ်ခေါက် ဂျန်ဖန်းလက်မှ လွတ်မြောက်သွားသည့် တစ်ယောက်လည်းအပါအဝင်ဖြစ်ပြီး သူ့ကို မှတ်မိသွားခဲ့သည်။

“ငါတို့လူနှစ်ယောက်ကို သတ်သွားတာ ဒီစောက်ကလေးပဲ…..”

နောက်ထပ်စကားမပြောတော့ပဲ သူနှင့် အခြားအဖွဲ့ဝင်သုံးယောက်က ချက်ချင်း အမိုးပေါ်တက်သွားကြသည်။

နှစ်ဖက်လုံးက စကားတစ်ခွန်းမှမပြောပဲ တိုက်ရိုက်တိုက်ခိုက်ကြတော့၏။

ဂျန်ဖန်း တွေဝေမနေပေ။

သူတို့ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် မလုပ်နိုင်ခင်မှာပဲ သူက အရင်ဆုံး တိုက်ခိုက်လိုက်၏။

သူ၏ အနက်ရောင်ဓားကို လွဲယမ်းပြီး အရင်တစ်ခေါက်လွတ်သွားသည့် အဖွဲ့ဝင်၏ ခေါင်းကို ဖြတ်ပစ်လိုက်သည်။ သွေးတွေပန်းထွက်သွားပြီး ထိုလူ ခေါင်းမိုးပေါ်မှ ပြုကျသွားခဲ့သည်။

သို့ပေမယ့် သူတိုက်ခိုက်ပြီးပြီးချင်းမှာပဲ ဂျန်ဖန်း အန္တရာယ်ကို ခံစားမိလိုက်သည်။

ကျန်ရှိသည့်အဖွဲ့ဝင် သုံးယောက်ထဲ၌ ချီကျင့်ကြံခြင်းအဆင့် ၉ အစောင့်အရှောက် တစ်ယောက်ပါဝင်နေခဲ့သည်။

ဝါရင့်အတွေ့အကြုံနှင့်အတူ သူက ဂျန်ဖန်း တိုက်ခိုက်ပြီးသည့်အခိုက်အတန့်၌ ဓားတိုဖြင့် သူ့နံကြားကိုထိုးလိုက်သည်။

ကံကောင်းစွာနှင့် ဂျန်ဖန်းက လှုပ်ရှားမှုနည်းလမ်းကို လေ့ကျင့်ထားခဲ့သည်။

သူက ခြေဆောင့်ပြီး နောက်ကို ဆုတ်ခွာသွားကာ ဓားကို ရှောင်တိမ်းလိုက်၏။ သူ့အရေပြားသာ အနည်းငယ် ရှပ်ထိသွားခဲ့သည်။

အခြား ချီကျင့်ကြံအဆင့် ၈ နှစ်ယောက်လည်း အလွန်တိကျစွာ တိုက်ခိုက်လိုက်ကြ၏။

ဂျန်ဖန်း လေထဲမှာရှိနေစဥ်မှာပဲ သူတို့က ရှေ့နောက် နှစ်ဖက်မှ ခုတ်ပိုင်းလိုက်ကြသည်။

ဂျန်ဖန်း အတော်လေး ဖိအားများသွားခဲ့သည်။

ချီကျင့်ကြံခြင်းအဆင့် ၈ သာရှိသော်လည်း ဤသွေးလင်းနို့နန်းတော်အဖွဲ့ဝင်တွေက နဂါးလမ်းကြောင်းမှ စမ်းသပ်မှုတွေထက် ပိုအားကောင်းတာပဲဖြစ်သည်။

လှုပ်ရှားမှုတိုင်းက သေစေနိုင်ပြီး သူတို့ တိုက်ပွဲဝင်စွမ်းရည်က အတော်လေးမြင့်တာပဲဖြစ်သည်။

သူက နောက်ထပ် ထိန်ချန်မထားရဲတော့ပေ။

All Chapters