ဂရုစိုက်ပါ… သူက ဒုနန်းတော်သခင်ပဲ….
Vol. 3 Ch. 44
သူက လက်ကောက်ဝတ်ကို လှုပ်ရှားကာ ချက်ချင်းပဲ “အထီးကျန်ကြယ်” ဓားကွက်ကို အသုံးပြုလိုက်၏။
အနက်ရောင်သံဓားမှ စက်ဝန်းပိုင်းပုံ ဓားချီအလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ဓားပြားကြီးနှစ်ခုကို လွင့်ထွက်သွားစေခဲ့သည်။
အန္တရာယ်ကို ယာယီ ဖယ်ရှားပြီးသွားပြီပဲ ဖြစ်သည်။
သို့ပေမယ့် သူ့တိုက်ခိုက်မှုက လုံးဝ မရပ်တန့်သေးပေ။
“လစန္ဒာကြယ်သုံးလုံး….”
မြေပြင်မရောက်ခင်မှာပဲ ချီကျင့်ကြံခြင်း အဆင့် ၈ အဖွဲ့ဝင်တစ်ယောက်ကို ခုတ်ပိုင်းချလိုက်သည်။
ထိုလူ အကြီးအကျယ်တုန်လှုပ်သွား၏။ သူက ဓားပြားကြီးကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး တိုက်ခိုက်မှုကို ခုခံလိုက်၏။
ထန်!
ဓားနှစ်လက်က ထိပ်တိုက်တွေ့သွားပြီး မီးပွားတွေလွင့်စင်ထွက်ကုန်၏။
သို့ပေမယ့် သူက ဂျန်ဖန်း နယ်ပယ်နှင့် ဓားသိုင်းကို လျော့တွက်ထားခဲ့သည်။
ခရက်!
အချိန်ခဏကြာပြီးနောက် သွေးလင်းနို့နန်းတော်အဖွဲ့ဝင်၏ ဓားပြားကြီးက နှစ်ခြမ်းကွဲသွားခဲ့သည်။
ထို့နောက် အနက်ရောင်သံဓားက သူ၏ ပခုံးကိုခုတ်ပိုင်းသွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။
“ကျောက်မင်…”
ဓားတိုကိုင်ထားသည့် အစောက်အရှောက်က ဒေါသတကြီး အော်လိုက်ပြီး ဂျန်ဖန်းနောက်ကနေ တိုက်ခိုက်လိုက်၏။
ဂျန်ဖန်းက ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ကြမ်ကြုတ်စွာခုတ်ပိုင်းလိုက် ကြသည်။
အနက်ရောင်သံဓားက ပုခုံးတစ်လျှောက် ခုတ်ပိုင်းသွားပြီး သွေးလင်းနို့နန်းတော် အဖွဲ့ဝင်ကို နှစ်ခြမ်းခွဲသွားခဲ့သည်။
သူက တိုက်ခိုက်မှုရလဒ်ကို ဂရုစိုက်ဖို့ အချိန်မရှိပေ။
ထိုခုတ်ပိုင်းမှု၏အဟုန်ကို သုံးပြီး တစ်ဖက်လှည့်ကာ အစောင့်အရှောက်၏ ဓားတိုတိုက်ခိုက်မှုနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်၏။
ထိုအရေးကြီးသည့်အခိုက်အတန့်၌ ဂျန်ဖန်းက အသံတိုးတိုးအော်လိုက်၏။
“မြောက်ပိုင်းကြယ်ခုနှစ်လုံး…..”
သူက ချီကျင့်ကြံခြင်းအဆင့် ၉ စိတ်ဝိညာဥ်စွမ်းအင်အားလုံးကို အနက်ရောင်သံဓားထဲသို့ ပေါင်းထည့်ပြီး သူ၏အသန်မာဆုံးတိုက်ခိုက်မှုကို အသုံးပြုလိုက်၏။
အားကောင်းသည့်ဓားချီက အစောင့်အရှောက်ကို ကြက်သေသေသွားစေပြီး သူ့လက်ထဲက ဓားတိုကို လွင့်ထွက်သွားစေခဲ့သည်။
ထိုအခွင့်အရေးကို အသုံးပြုပြီး ဂျန်ဖန်း ဓားကို ရေပြင်ညီအတိုင်း လွဲယမ်းလိုက်၏။
အစောင့်အရှောက် အချက်ပေးသံတွေ ဆူညံသွားပြီး လက်ကို အလျှင်အမြန် နောက်ဆုတ်လိုက်ပေမယ့် အရမ်းနောက်ကျသွားပြီပဲဖြစ်သည်။
ထိုအံ့အားသင့်စရာကောင်းသည့်ဓာချက်က သူ့လက်ချောင်းတွေကို တိုက်ရိုက်ဖြတ်တောက်သွားပြီး ရင်ဘတ်မှာ ရှည်လျားသည့် ဓားဒဏ်ရာကြီး ဖြစ်ပေါ်လာသွားစေခဲ့သည်။
“ဒါ…. မဖြစ်နိုင်တာ….”
အစောင့်အရှောက် သူ့ရင်ဘတ်က သွေးတွေကိုငုံ့ကြည့်ပြီး တဖြည်းဖြည်း မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။
“အစောင့်အရှောက်ချို….”
နောက်ဆုံးကျန်ရှိသည့် ချီကျင့်ကြံခြင်း အဆင့် ၈ အဖွဲ့ဝင်က ကြောက်ရွံ့သွားရမည့်အစား ပိုမိုကြမ်းကြုတ်လာခဲ့သည်။
သူကဓားပြားကြီးကိုကိုင်ပြီး တစ်ဟုန်ထိုးပြေးဝင်လာခဲ့သည်။
ထိုအခိုက်အတိုက်၌….
ရှုယင်းရင်း နောက်ဆုံးမှာ ရောက်ရှိလာပြီပဲ ဖြစ်သည်။
မြေပြင်ပေါ်က အလောင်တစ်လောင်းနှင့် ခေါင်းမိုးပေါ်က အလောင်းနှစ်လောင်းကို မြင်သည့်အခါ သူမ တုန်လှုပ်သွားခဲ့သည်။
ဤကဲ့သို့ အချိန်တိုလေးအတွင်းမှာ ဂျန်ဖန်းက လူသုံးယောက်ကို သတ်ပြီးသွားပြီပဲဖြစ်သည်။
သူက အလျှင်အမြန်ပဲ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။
အသက် ၆၀ အရွယ် သွေးလင်းနို့နန်းတော် အကြွင်းအကျန်တစ်ယောက် လက်နက်တွေ သယ်နေတာကို မြင်သည့်အခါ သူမကအကြည့်တွေစူးရှ သွားပြီး ဓားစိမ်းကိုကိုင်ကာ ပြေးဝင်သွားခဲ့သည်။
“သွေးလင်းနို့နန်းတော် အကြွင်းအကျန်, သေလိုက်တော့…..”
ထိုအရာကိုမြင်သည့်အခါ တိုက်ခိုက်နေသည့် ဂျန်ဖန်း၏ အမူအရာ ပြောင်းလဲသွားပြီး အော်ပြောလိုက်သည်။
“သတိထား…..”
“သူက သာမန်အဖွဲ့ဝင် မဟုတ်ဘူး….”
ထိုအရာက အကြည့်တစ်ချက်သာဖြစ် သော်လည်း သူက ထိုအကြီးအကဲဆီမှ ဓားတိုနှင့် အစောင့်အရှောက်ထက် မနိမ့်သည့် ဖိအားကို ခံစားမိ၏။
သို့ပေမယ့် ရှုယင်းရင်က လျစ်လျူရှုထားခဲ့ သည်။
ဂျန်ဖန်းက ခေါင်းသုံးလုံးရရှိပြီးသည်ဖြစ်၍ သူမက အရေးနိမ့်နေပြီပဲဖြစ်သည်။
သူမက ထိုတစ်ယောက်ကိုတောင် မသတ်နိုင်ဘူးဆိုလျှင် ဘယ်လိုလုပ် မျက်နှာရတော့မည်နည်း။
“အား…”
ရှုယင်းရင် အသံနှိမ့်နှိမ့်ဖြင့် အော်ဟစ်လိုက်ပြီး သွေးလင်းနို့နန်းတော်အဖွဲ့ဝင်ကို ဓားနဲ့ထိုးလိုက်သည်။
ထိုအခါမှသာ အကြီးအကဲက သတိထားမိသွားခဲ့သည်။
သူက အထဲကိုခဏလေးသွားလိုက်ပေမယ့် သူ့လူတွေအကုန်လုံးနီးပါး သေကုန်ပြီပဲဖြစ်သည်။
ထိုအရာက သူ့ကို အလွန်ဒေါသထွက်သွား စေခဲ့သည်။
ရှုယင်းရင်း တိုက်ခိုက်လာတာမြင်သည့်အခါ သူက ကြမ်းကြုတ်စွာ အော်ဟစ်လိုက်၏။
“သေချင်နေတာပဲ….”
ရှုယင်းရင်းဓားက ထိူလူဆီမရောက်ခင်မှာပဲ ထွက်ပေါ်လာသည့် စိတ်ဝိညာဥ်စွမ်းအင် ကြောင့် ပြန်လွင့်ထွက်လာခဲ့သည်။
“အခြေခံတည်ဆောက်ခြင်း နယ်ပယ်….”
ရှုယင်းရင် ကြောက်လန့်စွာနှင့် အော်ဟစ်လိုက်၏။ သူမက ရှေ့ကလူကို ချက်ချင်းမှတ်မိသွားပြီး မျက်ခွံ့တွေကျုံ့သွားခဲ့သည်။
“သွေးလင်းနို့နန်းတော် ဒုနန်းတော်သခင်….”
သူက အထီးကျန်လှေမြို့ထဲကို ခိုးဝင်ရဲသည်လား….
“မင်းတို့ စောက်ကလေးတွေ ငါ့ သွေးလင်းနို့နန်းတော်အဖွဲ့ဝင်တွေကို သတ်ရဲတယ်ပေါ့….”
ဒုနန်းတော်သခင် အလွန်ကြမ်းကြုတ်လာခဲ့သည်။
သူက ဟိန်းဟောက်လိုက်ပြီး ရှုယင်းရင်ဆီကို တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
အမိုးပေါ်၌ ဂျန်ဖန်းအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ရှုယင်းရင်း၏ ခွန်အားနှင့် တစ်ချက်တည်းနှင့် အသတ်ခံရမည်ပဲ ဖြစ်သည်။
ဂျန်ဖန်း စိုးရိမ်သွားပြီး တိုက်ခိုက်နေဆဲဖြစ်သည့် ချီကျင့်ကြံခြင်း အဆင့် ၈ အဖွဲ့ဝင်ကို တစ်ချက်ကြည့်လိုက်သည်။
ရုတ်တရက် သူက လှုပ်ရှားမှုနည်းလမ်း သုံးကာ သူတို့ကြားက အကွာအဝေးကို ခြားလိုက်၏။
“မြောက်ပိုင်းကြယ်ခုနှစ်လုံး….”
ထက်ရှသည့်ဓားအလင်းတန်းတစ်ခုက ထိုလူ၏ လည်မျိုကို ပိုင်းဖြတ်သွားခဲ့သည်။
ရလဒ်ကိုကြည့်မနေပဲ ဂျန်ဖန်း ချက်ချင်း ဇန်ပေါင်းများစွာမြင့်သည့် နံရံပေါ်မှ ခုန်ချလိုက်၏။
ထိုအချိန်၌ ဒုနန်းတော်သခင်က ရှုယင်းရင်းအနားကို ရောက်နေပြီပဲဖြစ်သည်။
ရှုယင်းရင်၏ နှလုံးသား ခုန်ပေါက်သွားပြီး အသက်ရူကြပ်ကာ စိတ်ပျက်အားငယ်သွားခဲ့သည်။
သူမက ခွန်အားကုန်အသုံးပြု၍ ဓားကိုလွဲယမ်းကာ ပြန်ခုခံဖို့ ကြိုးစားလိုက်၏။
သို့ပေမယ့် သူမဓားက ဒုနန်းတော်သခင်၏ အပြင်ဘက်စိတ်ဝိညာဥ်စွမ်းအင်အကာအကွယ်ကိုတောင် မထိုးဖောက်နိုင်ပေ။
“သေစမ်း….”
ဒုနန်းတော်သခင် ဟိန်းဟောက်လိုက်၏။ သူက လက်ကို လက်သည်းအသွင်ပြောင်းကာ သူမလည်ပင်းကို ဆုတ်ဖြဲလိုက်၏။
ထိုလက်သည်းက အလွန်လျှင်မြန်လှကာ ရက်စက်ကြမ်းကြုတ်လှ၏။
၎င်းက ရှုယင်းရင်း၏ လည်ပင်းကို လှမ်းကုတ်လိုက်၏။
ရှုယင်းရင်း မျက်နှာဖြူဖျော့သွားပြီး အလွန်ကြောက်ရွံ့သွားခဲ့သည်။ သူမက အသက်တောင်မရူနိုင်ပဲ အေးစက်စက် သေခြင်းတရားအရိပ်ကို ခံစားလိုက်ရပြီး ပင်ကိုယ်ဗီဇအရ မျက်လုံးတွေကို တင်းကြပ်စွာ ပိတ်ထားလိုက်၏။
ထန်!
သို့ပေမယ့် မျှော်လင့်ထားသည့် နာကျင်မှုက ရောက်မလာခဲ့ပေ။ ထိုအစား တိုက်မိသံတစ်သံသာ ထွက်ပေါ်လာခဲ့သည်။
သူမမျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူမရှေ့က ဂျန်ဖန်းကို မြင်လိုက်ရသည်။ သူက အနက်ရောင်သံဓားကိုကိုင်ပြီး တိုက်ခိုက်ခံမှုကို ခုခံထားခဲ့သည်။
“မြန်မြန်ဆုတ်….”
ဂျန်ဖန်း အော်ပြောလိုက်၏။
အခြေခံတည်ဆောက်ခြင်း အဆင့် ၂ နှင့် ရင်ဆိုင်ရသည့်အခါ ဂျန်ဖန်း ကြီးမားသည့် ဖိအားတစ်ခုကို ခံစားနေရ၏။
ရှုယင်းရင်း ကြောင်းအနေပြီး နောက်ကို အလျှင်အမြန်ဆုတ်ခွာသွားခဲ့သည်။
“မင်းတို့ တစ်ယောက်မှ လွတ်မယ် မထင်နဲ့….”
ဒုနန်းတော်သခင် ဟိန်းဟောက်လိုက်၏။
သူ၏ သွေးလက်သည်းကို အားထည့်ညစ်လိုက်သည့်ခါ အနက်ရောင်သံဓားက အက်ကွဲလာခဲ့သည်။
ဂျန်ဖန်းမျက်နှာ အကြီးအကျယ်ပြောင်းလဲ သွားပေမယ့် သူက ချက်ချင်းပဲ အကြံတစ်ခုရသွားခဲ့သည်။
နောက်ပြန်ဆုတ်ရမည့်အစား သူက ပိုများသည့်စိတ်ဝိညာဥ်စွမ်းအင်တွေကို အနက်ရောင်သံဓားထဲသို့ ထည့်သွင်းလိုက်၏။
ဘုန်း!
ထိုအခါ အနက်ရောင်သံဓားက ဖိအားကို မခံနိုင်တော့ပဲ နောက်ဆုံးမှာ ပေါက်ကွဲသွားခဲ့သည်။
ကျယ်လောင်သည့်ပေါက်ကွဲသံအလယ်မှာ ဓားကိုယ်ထည် မရေတွက်နိုင်သည့်အစိတ်အပိုင်းတွေအဖြစ် ကျိုးပဲ့သွားပြီး နှစ်ဖက်လုံးကို လွင့်စင်သွားခဲ့သည်။
ချွန်ထက်သည့် ဓားကျိုးအပိုင်းအစတစ်ခုက ဂျန်ဖန်း မျက်နှာကို ထိမှန်သွားခဲ့သည်။
သို့ပေမယ့် သူ၏မျက်နှာဖုံးက သာမန်မဟုတ်တာကြောင့် ခြစ်ရာလေးသာ ထင်သွားခဲ့သည်။
ဒုနန်းတော်သခင်ကတော့ ကံမကောင်းပေ။
လက်မအရွယ် ဓားအပိုင်းအစတစ်ခုက သူ့နဖူးကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားခဲ့သည်။
“အား….”
ဒုနန်းတော်သခင် နာကျင်စွာ အော်ဟစ်လိုက်၏။
သို့ပေမယ့် ထိုဒဏ်ရာက သူ့ကို မသတ်နိုင်ပေ။
ဂျန်ဖန်းက ပြတ်သားစွနှင့် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ လေထဲက ဓားအပိုင်းအစ အားလုံးက ဒုနန်းတော်သခင်ဆီကို ပြေးဝင်ကုန်၏။
“မင်းလုပ်ရဲ….အား…”
အပိုင်းအစအများစု လွဲချော်သွားပေမယ့် အပ်အရွယ်တစ်ခုက သူ့ညာဖက်မျက်လုံးကို ထိုစိုက်သွားခဲ့သည်။
ချက်ချင်ပဲ သူ၏ ညာဖက်မျက်လုံးက သွေးတွေစီးကျလာခဲ့သည်။
“ငါ့မျက်လုံး….”
ဒုနန်းတော်သခင် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
ကျန်သည့်မျက်လုံးတစ်လုံးနှင့် သူက ဂျန်ဖန်းကို အငြိုးကြီးစွာ စိုက်ကြည့်လိုက်ပြီး သူ့ဆီကို ပြေးဝင်သွားခဲ့သည်။
ဂျန်ဖန်း အသင့်အနေထားဖြစ်နေခဲ့သည်။
သူက ထိန်းမရသိမ်းမရဖြစ်နေသည့် ဒုနန်းတော်သခင်ကို ထိပ်တိုက်ရင်မဆိုင်ရဲပေ။
ချက်ချင်းပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ နောက်ဆုတ်သွားခဲ့သည်။
ဒုနန်းတော်သခင်က သတ်ဖြတ်လိုစိတ်တွေနှင့် ပြည့်နှက်နေပြီး နောက်ကလိုက်သွားခဲ့သည်။ သူအရှိန်က ဂျန်ဖန်းထက် အများကြီး မနှေးပေ။
ပြဿနာအဖြစ်ဆုံးအပိုင်းကတော့ ရှေ့နား၌ ဂျန်ဖန်း ဒဏ်ရာရနေသည့် ရှုယင်းရင် အဝေးကြီးမပြေးနိုင်တာကို မြင်လိုက်ရတာပဲဖြစ်သည်။
သူက စိတ်ထဲမှကျိန်ဆဲလိုက်ပြီး သူမ၏ သေးသွယ်သည့်ခါးလေးကို နောက်မှ ပွေ့ချီကာ ထွက်ပြေးတော့၏။
ရှုယင်းရင် အံ့အားသင့်သွားပြီး ကြည့်လိုက်သည့်အခါ နံပါတ် ၁ အရိပ်အစောင့်ကို မြင်လိုက်ရသည်။ သူက သူမကို အနီးကပ်ပွေ့ချီထားသည့်အတွက် တစ်ယောက်အပူချိန်တစ်ယောက် ထင်ထင်ရှားရှား ခံစားမိနိုင်တာပဲဖြစ်သည်။
သူမ၏လှပသည့်မျက်နှာလေးက ချက်ချင်းပဲနီရဲသွားခဲ့သည်။
နောက်လှည့်ကြည့်လိုက်သည့်အခါ သွေးအလိမ်းလိမ်းဖြင့် မျက်လုံးကန်းနေသည့် ဒုနန်းတော်သခင်ကို မြင်သည့်အခါ သူမ ပိုလို့တောင် တုန်လှုပ်သွားခဲ့သည်။
နံပါတ် ၁ အရိပ်အစောင့်က ဒုနန်းတောင် သခင်ကိုတောင် မျက်လုံးကန်းစေခဲ့တာလား….
ရှုယင်းရင် အံ့အားသင့်သွားခဲ့သည်။
‘ဒီလူက ဘယ်လောက်တောင် သန်မာတာလဲ….’
ဒုနန်းတောင်သခင်နှင့် ရင်ဆိုင်ဖူးတာကြောင့် သူ့ခွန်အားကို သူမသိ၏။
သူ့ရှေ့၌ သူမက အသတ်ခံရမည့် မီးခွက်တစ်ခုကဲ့သို့ဖြစ်နေခဲ့သည်။ သို့ပေမယ့် ဤကောင်က သူ့ကိုဒဏ်ရာရစေပြီး လွတ်မြောက်လာခဲ့သည်။
သူမက သူ၏ နံပါတ် ၁ အရိပ်အစောင့်နေရာကို မကျေနပ်ပြီး အမြဲရန်စနေတာကို ပြန်တွေးမိသည့်အခါ ရှက်သွားခဲ့သည်။
သူတို့၏ ထွက်ပြေးမှုက မကြာလိုက်ပေ။
ယဲ့ချင်းရွယ်က အခြားအရိပ်အစောင့်တွေ၊ မြို့သခင်အိမ်တော် သံချပ်ကာစစ်တပ်အတူ ရောက်လာခဲ့သည်။
ဒုနန်းတော်သခင် ထိုအရာကို မြင်သည့်အခါ မကျေနပ်စွာနှင့် လမ်းကြားထဲကို ဝင်သွားဖို့သာ တတ်နိုင်၏။
ထွက်မသွားခင် သူက ကျန်သည့်မျက်လုံးတစ်လုံးဖြင့် ဂျန်ဖန်းကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
“ငါမင်းကို မှတ်ထားမယ်… ငါမင်းကို မှတ်ထားမယ်….”
သူက ဂျန်ဖန်းကို မကျေမချမ်းစိုက်ကြည့်ပြီး လမ်းကြားထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ချင်းရွယ်ချည်းကပ်လာသည့်အခါ ဂျန်ဖန်းရင်ခွင်ထဲက ရှုယင်းရင်းကို မြင်သည့်အခါ သူမမျက်နှာပေါ်မှာ ထူးဆန်းသည့်အမူအရာတစ်ခုပေါ်လာခဲ့သည်။
ရှုယင်းရင်းသာ နံပါတစ် ၁ အရိပ်အစောင့်က ဂျန်ဖန်းဆိုတာသိလျှင် မည်သိုတုန့်ပြန်မလဲဆိုတာ သူမသိချင်နေခဲ့သည်။
“အဟမ်း…”
သူမက လည်ချောင်းရှင်းပြီး မေးလိုက်သည်။
“ခုလေးတင်ထွက်ပြေးသွားတာ သွေးလင်းနို့နန်းတော်အဖွဲ့ဝင်တစ်ယောက်လား….”
“ဘယ်လိုလုပ် နင်တို့နှစ်ယောက် သူလိုက်ဖမ်းတာခံနေရတာလဲ….”
ယဲ့ချင်းရွယ်မျက်လုံးတွေက သူတို့ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။
သာမန်အဖွဲ့ဝင်တစ်ယောက်ကို ကိုင်တွယ်တာ ဒီလောက်အခြေအနေမဆိုးသင့်ပေ။
သူတို့သာ ထိုမျှလောက်ထိအမှန်တကယ်အားနည်းလျှင် သူမဖွဲ့စည်းထားသည့် အရိပ်အစောင့် အဖွဲ့က ဟာသတစ်ခုဖြစ်မှာကို ယဲ့ချင်းရွယ် စိုးရိမ်၏။