မြို့သခင်၏တုန်လှုပ်မှု
Vol. 3 Ch. 45
သူမကို နံပါတ် ၁ အရိပ်အစောင့်က ပွေ့ချီထားဆဲဆိုတာ ရှုယင်းရင်သိလိုက်ပြီး သူမပါးက ချက်ချင်းပဲ နီရဲသွားခဲ့သည်။
သူမက အလျှင်အမြန်ခုန်ဆင်းလိုက်ပြီး ရှင်းပြလိုက်သည်။
“စောနက ထွက်ပြေးသွားတဲ့တစ်ယောက်က သာမန်အဖွဲ့ဝင်တစ်ယောက်မဟုတ်ဘူး….”
အို?....
ယဲ့ချင်းရွယ် အံ့အားသင့်သွားခဲ့သည်။
“အစောင့်အရှောက်တစ်ယောက်လား….”
“နင်တို့ပြေးလာရတာ မအံ့သြတော့ပါဘူး….”
“နင်တို့တွေ ဘာမှမဖြစ်တာ ကောင်းတယ်…”
နောက်ကလိုက်လာသည့် အရိပ်အစောင့်တွေလည်း အံ့သြသည့်အမူအရာတွေ ပြသလာကြသည်။
“စောင့်ရှောက်သူတစ်ယောက်ရဲ့ ခွန်အားက အနည်းဆုံး ချီကျင့်ကြံခြင်း အဆင့် ၉ ပဲ။ ပြီးတော့ သူတို့က တိုက်ပွဲအတွေ့အကြုံများပြီး အတော်လေး ရက်စက်ကြမ်းကြုတ်ကြတယ်…..”
“နံပါတ် ၁ အရိပ်အစောင့်နဲ့ နံပါတ် ၂ အရိပ်အစောင့်တို့က အကောင်းတိုင်း ပြန်ဆုတ်လာနိုင်ကြတယ်။ ပြီးတော့ တစ်ဖက်ရန်သူကိုတောင် ဒဏ်ရာရသွားစေခဲ့တယ်။ ဒါက တကယ် အံ့သြစရာကောင်းတာပဲ….”
“ငါတို့သာ အစောင့်အရှောက်တစ်ယောက်နဲ့ ယှဥ်ဆိုင်ရရင် လွတ်မြောက်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး။ သူတို့ကို ဒဏ်ရာရစေဖို့တော့ ပြောမနေနဲ့တော့….”
သူတို့ပြောနေတာတွေကြားသည့်အခါ ရှုယင်းရင် အမူအရာထူးဆန်းသွားပြီး ပြောလိုက်သည်။
“ထွက်ပြေးသွားတဲ့တစ်ယောက်က အစောင့်အရှောက်လို့ ဘယ်သူကပြောလဲ…”
“နံပါတ် ၁ အရိပ်အစောင့်က အစောင့်အရှောက် တစ်ယောက်နဲ့ အဖွဲ့ဝင် သုံးယောက်ကို သတ်ပြီးပြီ။”
ဘာ?.....
ယဲ့ချင်းရွယ်မျက်လုံးတွေ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။
“နံပါတ် ၁ အရိပ်အစောင့်, နင်… နင် တကယ်ပဲ အစောင့်အရှောက်တစ်ယောက် ကိုသတ်ခဲ့တာလား?.... ပြီးတော့ အဖွဲ့ဝင် သုံးယောက်ကောလေ….”
နေပါအုန်း…..
သူမက အလျှင်အမြန်ပဲ အဓိကအချက်ကို မှတ်မိသွားခဲ့သည်။
သူမက အံ့သြတုန်လှုပ်စွာနှင့်မေးလိုက်သည်။
“အဲ့ဒါဆို အခု နင်တို့ကို လိုက်ဖမ်းနေတဲ့ တစ်ယောက်က….”
ဂျန်ဖန်းသာ အစောင့်အရှောက်တစ်ယောက်ကို အလွယ်တကူသတ်နိုင်လျှင် မည်သူက သူ့ကို လိုက်သတ်နိုင်မည်နည်း။
သူတို့ကို လိုက်သတ်နိုင်သည့် တစ်ယောက်က….
“အဲ့ဒါ ဒုနန်းတော်သခင်ပဲ…..”
ရှုယင်းရင်း ကြောက်ရွံ့စွာနှင့်ပြောလိုက်သည်။
ပြိုင်ဘက်ကင်း ဓားသိုင်းပညာနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ဖိအားတို့ကို ပြန်တွေးမိသည့်အခါ သူမ အသက်ရူကျပ်သွားခဲ့သည်။
“ဒုနန်းတော်သခင်လား….”
ယဲ့ချင်းရွယ်အသံက တုန်ယင်နေခဲ့သည်။
ထိုကဲ့သို့သော တည်ရှိမှုက သူမဖွဲ့စည်းထားသည့် အရိပ်အစောင့် အဖွဲ့ကိုင်တွယ်နိုင်တာကို ကျော်လွန်နေပြီပဲဖြစ်သည်။
သူမ၏ မူလရည်ရွယ်ချက်က သာမန်အဖွဲ့ဝင်တွေကို ရှင်းလင်းပြီး သူမအဖေ မြို့သခင်၏ တာဝန်တွေကို လျော့ပေါ့စေလိုတာပဲဖြစ်သည်။
ဒုနန်းတော်သခင်ကိုတော့ သူမအဖေနှင့် ကျန်ကျွမ်းကျင်သူတွေက ရင်ဆိုင်မည်ပဲဖြစ်သည်။
သို့ပေမယ့် နံပါတ် ၁ အရိပ်အစောင့်က ဒုနန်းတော်သခင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရာ၌ မျက်လုံးတစ်ဖက်ကန်းအောင်ပြုလုပ်နိုင်ပြီး ဒဏ်ရာမရပဲ လွတ်မြောက်လာခဲ့သည်။
ဂျန်ဖန်းကို နံပါတ် ၁ အရိပ်အစောင့်အဖြစ် သတ်မှတ်ပေးတာ ပိုလွန်းသည်ဟု သူမအမြဲတွေးထားခဲ့သည်။
ယခုအခါမှာတော့ သူမ ဂျန်ဖန်းခွန်အားကို လျှော့တွက်ထားတယ်ဆိုတာ သိလိုက်ရ၏။
အရိပ်အစောင့်တွေလည်း တုန်လှုပ်မှုကြောင့် မျက်လုံးတွေပြူးကျယ်နေခဲ့ကြသည်။ သူတို့က နံပါတ် ၁ အရိပ်အစောင့်၏ အံ့ဖွယ်ပုံရိပ်ကို ကြည့်ပြီး မတုန်လှုပ်ပဲ မနေနိုင်ကြပေ။
သူကို အငြိုးထားနေသည့် လူတွေလည်း ယခုအခါ ကြည်ညိုလေးစားခြင်းတွေသာ ကျန်ရှိတော့၏။
ယဲ့ချင်းရွယ် တိတ်တဆိတ်ပျော်ရွင်နေခဲ့သည်။ ဂျန်ဖန်းကို အရိပ်အစောင့်အဖွဲ့ထဲသို့ ခေါ်ယူခဲ့တာဟာ အတော်လေးအမြော်အမြင်ရှိသည့် ဆုံးဖြတ်ချက်ပဲဖြစ်သည်။
“သွားကြစို့…. အလောင်းတွေသွားစစ်ကြီရအောင်….”
မကြာမီ…..
အလောင်း ၄ လောင်းက လူတိုင်းရှေ့မှာရှိနေခဲ့သည်။
ဓားချက်တစ်ချက်တည်းဖြင့် သေစေနိုင်လောက်သည့် ဒဏ်ရာတွေကို မြင်သည့်အခါ လူအုပ်စုက မနေနိုင်ပဲ ပင့်သက်ရှိုက်လိုက်ကြသည်။
အထူးသဖြင့် ချီကျင့်ကြံခြင်းအဆင့် ၈ အကြွင်းအကျန်၏ အလောင်းဖြစ်၏။ သူက ရင်ဘတ်ကနေ နှစ်ခြမ်းခြမ်းခံထားရတာပဲဖြစ်သည်။
သူတို့၏ ဂျန်ဖန်းခွန်အားအပေါ်နားလည်မှုက နောက်တစ်ဖန်ပြောင်းလဲသွားခဲ့သည်။
“ငါ ဒီလူကိုသိတယ်။ သူက ဒုနန်းတော်ရဲ့ ညာလက်ရုံးအစောင့်အရှောက်ပဲ။ နာမည်က သံမဏိသိမ်းငှက်တဲ့, ဒုနန်းတော်သခင်ရဲ့ အယုံကြည်ရဆုံး လူတစ်ယောက်လေ….”
ရုတ်တရက် အရိပ်အစောင့်တစ်ယောက် ကလည်း သူ့ကို မှတ်မိသွားပြီး အော်ပြောလိုက်သည်။
“သူ့ ခွန်အားက ဒုနန်းတော်သခင်ပြီးရင် ဒုတိယပဲ…..”
“သူက ဓားတိုကို အထူးကျင့်ကြံပြီး အထီးကျန်လှေမြို့က ချီကျင့်ကြံခြင်းအဆင့် ၈ ကျွမ်းကျင်သူများစွာကို သတ်ခဲ့တာ။ တော်တော်လေး ရက်စက်ကြမ်းကြုတ်တယ်…..”
“ကံမကောင်းစွာနှင့်သူက နံပါတ် ၁ အရိပ်အစောင့် ဓားအောက်မှာ သေသွားခဲ့ရတယ်။”
အခြားလူအနည်းငယ်လည်း စစ်ဆေးလိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက်ပြောကြတော့သည်။
“ဒီချီကျင်ကြံခြင်းအဆင့် ၈ နှစ်ယောက်လည်း အစောင့်အရှောက်လက်အောက်က ထိပ်တန်းတိုက်ခိုက်သူတွေပဲ….. သူတို့က နာမည်ဆိုးနဲ့ကျော်ကြားတယ်….”
“အို, သူတို့အားလုံးကို နံပါတ် ၁ အရိပ်အစောင့်က တစ်ယောက်တည်း သတ်လိုက်တာပဲ။”
“ဒါ့ပြင် တိုက်ပွဲလက္ခဏာကိုကြည့်ရရင် သူတို့က နံပါတ် ၁ အရိပ်အစောင့်ကို ဝိုင်းတိုက်ကြတာ…. ဒါပေမယ့် သူတို့ပဲ အသတ်ခံလိုက်ရတယ်….”
ထိုအရာကြောင့် သူတို့က နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့ရပြန်သည်။
ဒုနန်းတော်သခင်ရဲ့ အသန်မာဆုံး အစောင့်အရှောက်ရယ်၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့ဝင်နှစ်ယောက် ဝိုင်းတိုက်တာတောင် သူတို့ပဲ အသတ်ခံလိုက်တယ်….
ချီကျင့်ကြံခြင်းအဆင့် ၉ ခွန်းအားပဲ ရှိသော်လည်း အဘယ်ကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် စွမ်းအားကြီးသူကဲ့သို့ ခံစားနေရသနည်း။
ယဲ့ချင်းရွယ် အလွန်ပျော်ရွင်သွားပြီး ဂျန်ဖန်း၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
“သွားကြစို့… ငါနင့်ကို မြို့သခင်အိမ်တော် ခုချက်ချင်းခေါ်သွားမယ်။ ငါ့ရဲ့ အရိပ်စောင့်အဖွဲ့က ဘယ်လောက် အထင်ကြီးစရာကောင်းလဲဆိုတာ အဖေ့ကို ပြရမယ်…..”
“အခြားလူတွေ, အလောင်းတွေ မြို့သခင်အိမ်တော်ကို သယ်ခဲ့ကြ….”
ရှုယင်းရင်းပြောလိုက်သည်။
“ငါမလိုက်တော့ဘူး….”
သူမက နံပါတ် ၁ အရိပ်အစောင့်ကိုကြည့်ပြီး လေးနက်စွာပြောလိုက်သည်။
“ဒီတစ်ချိန်နင်နိုင်တယ်….”
“ငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်ပြီးတဲ့ အချိန်ကျရင် ငါတို့ နောက်တစ်ကြိမ်ထပ်ပြိုင်ကြမယ်….”
ပြောပြီးသည်နှင့် သူမက အလျှင်အမြန် ထွက်ခွာသွားခဲ့သည်။
ပီဖုဆေးလုံးအတွက် ချန်မိသားစု လေလံပွဲက စတင်တော့မည်ပဲ ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမက ထိုအရာကို ရရမည်ပဲဖြစ်သည်။ ထိုအခါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တစ်ခါးတည်း ချိုးဖြတ်မည်ပဲဖြစ်သည်။
ထိုသို့မှမဟုတ်လျှင် သူမက နံပါတ် ၁ အရိပ်အစောင့်နှင့် ယှဥ်ပြိုင်နိုင်မည်မဟုတ်ပေ။
မြို့သခင်အိမ်တော်….
“ဘာ?... ချင်းရွယ်က သွေးလင်းနို့နန်းတော် အကြွင်းအကျန်တွေကို သုတ်သင်ဖို့ အရိပ်အစောင့်အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်….”
ဘဏ္ဍာထိန်း၏ သတင်းပို့မှုကို ကြားသည့်အခါ ယဲ့ဂျီဖုန်း ဒေါ်သထွက်သွားခဲ့သည်။
“အဓိပ္ပာယ်မရှိတာ…. အဲ့ဒီအကြွင်းအကျန်တွေက တိမ်စိမ်းဂိုဏ်း ဝန်းရံမှုကနေလွတ်လာကြတဲ့လူတွေ။ အကုန်လုံးက ရက်စက်ကြမ်းကြုတ်တဲ့ လူတွေကြီးပဲ….”
“တိုက်ပွဲအတွေ့ကြုံတောင်မရှိတဲ့ လူငယ်အုပ်စုကို သူတို့နဲ့ရင်ဆိုင်းခိုင်းတာ သွားအသေခံခိုင်းလိုက်သလိုပဲ…”
“သူမကို ခုချက်ချင်း ပြန်သွားခေါ်ခဲ့….”
ထိုအခိုက်အတန့်၌….
ယဲ့ချင်းရွယ် ပျော်ရွင်စွာနှင့် ပြေးဝင်လာခဲ့သည်။ သူမနှင့်အတူ ဂျန်ဖန်းလည်းပါလာခဲ့သည်။
“အဖေ, သတင်းကောင်း…. သတင်းကောင်း….”
ယဲ့ဂျိဖုန်းက သူမကို တွေ့တာနဲ့ ချက်ချင်း ဆူပူကြိမ်းမောင်းလိုက်၏။
“အဓိပ္ပာယ်မရှိတာ…. နင့်ကို ဘယ်သူက အရိပ်အစောင့် အဖွဲ့ကို ဖွဲ့ခိုင်းလို့လဲ….”
“အဲ့ဒါကို ခုချက်ချင်းဖျက်လိုက်….”
သူမဘေးက နံပါတ် ၁ မျက်နှာဖုံးနှင့် ဂျန်ဖန်းကို သတိထားမိသည့်အခါ သူက ထိုအရာကို ပိုလို့တောင် အဓိပ္ပာယ်မရှိဘူးလို့ ခံစားလိုက်ရ၏။
“သွား ခုချက်ချင်း ဖျက်ကြီ…”
ယဲ့ချင်းရွယ် နှုတ်ခမ်းစူပြီး ပြောလိုက်သည်။
“ငါ့ရဲ့ အရိပ်အစောင့်အဖွဲ့ကို အထင်မသေးပါနဲ့… သူတို့က အတော်လေး အထင်ကြီးစရာကောင်း တယ်….”
ယဲ့ဂျိဖုန်း ဒေါသထွက်သွားခဲ့သည်။
“အပြည့်အဝတောင် မကြီးထွားသေးတဲ့ လူငယ်တစ်အုပ်က ဘယ်လောက်တောင် အထင်းကြီးစရာကောင်းမှာမိုလို့လဲ…..”
“သူတို့အားလုံးကို ပြန်လွတ်ပြီး သူတို့မိသားစုတွေနဲ့ပဲနေခိုင်းလိုက်။ ပြီးတော့ အပြင်းအထန်လေ့ကျင့်လို့…. ဒါက အဖြစ်သင့်ဆုံးကိစ္စပဲ….”
“သွေးလင်းနို့နန်းတော်နဲ့ ရင်ဆိုင်တဲ့တာဝန်ကို အဲ့ဒီကလေးတွေ စိုးရိမ်စရာမလိုဘူး….”
ငါ့ အရိပ်စောင့်အဖွဲ့ကို အထင်သေးတယ်ပေါ့….
ယဲ့ချင်းရွယ် တိတ်တဆိတ်ရယ်လိုက်ပြီး လက်ခုပ်တီးလိုက်သည်။
“သူတို့ကို အထဲယူလာခဲ့…..”
ထို့နောက် အလောင်း ၄ လောင်း ယဲ့ဂျိဖုန်း ရှေ့ ယူလာခဲ့ကြသည်။
သူက သူတို့ကို ချက်ချင်းမှတ်မိလိုက်ပြီး မျက်နှာ အကြီးအကျယ်ပြောင်းလဲ သွားခဲ့သည်။
“ဒုနန်းတော်သခင်ရဲ့ ညာလက်ရုံး အစောင့်အရှောက်, သံမဏိသိမ်းငှက်…. ဓားသွားနက်ညီအကို, ချန်းဂျူး နဲ့ ချန်းလန်….”
သူက အစောင့်အရှောက်ကို သိရုံသာမက ချီကျင့်ကြံခြင်းအဆင့် ၈ အကြွင်းအကျန် နှစ်ယောက်ကိုလည်း သိတာဖြစ်သည်။
သူတို့က သွေးလင်းနို့နန်းတော်၏ မကောင်းမှုဖြင့်ကျော်ကြားသည့် ကျွမ်းကျင်သူတွေပဲဖြစ်သည်။
မြို့ထဲက ကျွမ်းကျင်သူများစွာ သူတို့လက်ထဲ၌ ကျဆုံးခဲ့ကြ၏။
သူတို့နှင်ရင်ဆိုင်ဖို့ ယဲ့ဂျိဖုန်း များစွာသော ကျွမ်းကျင်သူတွေကို အသုံးပြုခဲ့ရပြီး အမြဲသတိထားနေခဲ့ရသည်။
မည်သူထင်ထားမည်နည်း။ သူတို့အားလုံး သေသွားပြီပဲဖြစ်သည်….
“ချင်းရွယ်, နင်လုပ်ခဲ့တာလား… ဒါကို နင်လုပ်ခဲ့တာလား….”
ယဲ့ဂျိဖုံး မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ယဲ့ချင်းရွယ်လက်ပိုက်လိုက်ပြီး ဂုဏ်ယူစွာနှင့် ခေါင်းမော့လိုက်သည်။
“ဒါက ငါ့ အရိပ်စောင့်အဖွဲ့ပဲ….”
“ဒါပေမယ့် အဖေက သူတို့ကို အထင်မကြီးမှတော့ ငါ့အဖေအမိန့်ကို နာခံပြီး အရိပ်စောင့်အဖွဲ့ကို ဖျက်သိမ်းလိုက်ပါ့မယ်….”
ပြောပြီးနောက် သူမက လက်ဝှေ့ယမ်းကာ ဂျန်ဖန်းနှင့် အခြားလူတွေကို အဖွဲ့ဖျက်ခိုင်းလိုက်၏။
“နေပါအုန်း… ခဏနေကြပါအုန်း….”
ယဲ့ဂျိဖုန်း ထိပ်ထိပ်ပျာပျာဖြစ်သွားပြီး အရိပ်စောင့်အဖွဲ့ကို နောက်တစ်ကြိမ် လေးလေးနက်နက်ကြည့်လိုက်သည်။
“မြို့သခင်တစ်ယောက်အနေနဲ့ အစောပိုင်းက ငါ့ရဲ့ ရိုင်းစိုင်းမှုကို တောင်းပန်ပါတယ် လူငယ်သူရဲကောင်းလေးတို့….”
“တစ်ယောက်ယောက်လာစမ်း…. စားသောက်ပွဲကြီးပြင်ဆင်လိုက်…. မြို့သခင်အိမ်တော်ရဲ့ အကောင်းဆုံး ဝိုင်ကိုပါ ထုတ်လာခဲ့….”
“ဒီနေ့ည, ငါသူတို့ကို ကောင်းကောင်း ဆုချရမယ်….”
ယဲ့ချင်းရွယ် ဘဝင်ခိုက်နေခဲ့သည်။
အရိပ်စောင့်အဖွဲ့လည်း အလွန်အမင်း ဂုဏ်ယူနေခဲ့ကြသည်။
သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး အမှန်တရားကို ပြောလိုက်ကြသည်။
“မြို့သခင်ကို ပြောရမှာတော့ ရှက်ပါတယ်….”
“တကယ်တော့ ဒီလူလေးယောက်ကို နံပါတ် ၁ အရိပ်စောင့် တစ်ယောက်တည်းက သတ်ခဲ့တာပါ….”