← Chapters

မြင့်မြတ်ဆေးကျမ်း

Vol. 4 Ch. 46

မြင့်မြတ်ဆေးကျမ်း

Vol. 4 Ch. 46

တစ်ယောက်တည်း?....

ယဲ့ဂျိဖုန်း မနေနိုင်ပဲ နံပါတ် ၁ အရိပ်အစောင့်ကို ကြည့်လိုက်သည်။

ရိုးရိုးသားသားပြောရလျှင် သွေးလင်းနို့နန်းတော်အဖွဲ့ဝင် ၄ ယောက်ကို သူတို့သတ်ခဲ့တာ သူက သံသယအချို့ရှိနေဆဲဖြစ်သည်။

အဆုံးမှာတော့ သံမဏိသိမ်းငှက် အစောင့်အရှောက်နှင့် ဓားသွားနက်ညီအကိုတို့ ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ သူကောင်းကောင်းသိ၏။

ထို့ပြင် အရိပ်စောင့်အဖွဲ့က အတွေ့အကြုံမရှိသည့် ပါရမီရှင် လူငယ်အုပ်စုတွေထက်မပိုပေ။

ခွန်အားနှင့် အတွေ့အကြုံပိုင်းမှာ သူတို့က သွေးလင်းနို့နန်းတော်အဖွဲ့ဝင်တွေထက် များစွာ နှိမ့်ကျတာပဲဖြစ်သည်။

သို့ပေမယ့် သူ့သမီးကြောင့် သူက ထိုအရာကို မပြောလိုပေ။

ရန်သူအားလုံးကို လူတစ်ယောက်တည်းက သတ်ခဲ့တာ ကြားသည့်အခါမှာတော့ သူ၏မသင်္ကာမှုတွေက ပေါက်ကွဲထွက်လာခဲ့သည်။

ထိုအရာက အရိပ်စောင့်အဖွဲ့ ပူပေါင်းလုပ်ခဲ့တာဟုပြောလျှင် သူက ယုံချင်ယောင်ဆောင်ပေးမည်ဖြစ်သည်။

သို့ပေမယ့် တစ်ယောက်တည်း လုပ်ခဲ့တာဆိုရင် တော့ အတော်လေး ရယ်စရာကောင်းသွားပြီဖြစ်သည်။

ဤဟာသပြဇာတ်က ရပ်တန့်သင့်ပြီပဲ ဖြစ်သည်။

သူ့မျက်လုံးတွေ အရောင်တောက်သွားခဲ့သည်။

ရုတ်တရက် သူ့လက်ချောင်းတွေကို ဓားတစ်ချောင်းအဖြစ်အသုံးပြုကာ ဂျန်ဖန်း ရင်ဘတ်ကို ထိုးချလိုက်၏။

ဂျန်ဖန်း လှုပ်ရှားမှုနည်းလမ်းသုံးကာ ကပ်သီးလေး ရှောင်တိမ်းနိုင်လိုက်၏။

ယဲ့ဂျိဖုန်း၏ လက်သည်းတွေက သူ့ကုတ်အင်္ကျီကို ထိလုနီးပါပဲ ဖြစ်သည်။

အာ….

သူက အနည်းငယ်အံ့အားသင့်သွားပြီး ပြောလိုက်သည်။

“မင်းက တကယ်ပဲ ငါ့တိုက်ခိုက်မှုကို ရှောင်နိုင်တာပဲ….”

ပြောပြီးသည်နှင့် သူက နောက်ထပ် လက်ဝါးတစ်ချက် ထုတ်လိုက်သည်။

ဂျန်ဖန်း ဒုနန်းတော်သခင်ဆီကကဲ့သို့သော ဖိအားတစ်ခုကို နောက်တစ်ကြိမ် ခံစားလိုက်ရသည်။

သူက ဂရုမမူပဲ မလုပ်ရဲတော့ပဲ အရိပ်စောင့်တစ်ယောက်ဆီမှ သံဓားကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီး “မြောက်ပိုင်းကြယ်ခုနှစ်လုံး” ဓားကွက်ကို အသုံးပြုလိုက်သည်။

စွမ်းအာကြီးဓားချက်က လက်ဝါးတိုက်ခိုက်မှုကို ချိုးဖြတ်ကာ ယဲ့ဂျိဖုန်း မျက်နှာဆီကို တည့်တည့်မတ်မတ် တိုးဝင်သွားခဲ့သည်။

ရုတ်တရက်ဆန်သည့်ဓားချက်ကြောင့် ယဲ့ဂျိဖုန်း ထိတ်လန့်သွားခဲ့သည်။

သူက အလျှင်အမြန်ပဲ လက်ဝါးကို ရုတ်သိမ်းကာ နောက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရသည်။

ခန်းမက ချက်ချင်းပဲ တိတ်ဆိတ်သွားခဲ့သည်။

နံပါတ် ၁ အရိပ်စောင့်က အထီးကျန်လှေမြို့၏ ထိပ်သီးကျွမ်းကျင်သူကို အမှန်တကယ် နောက်ဆုတ်သွားစေသည်တဲ့လား….

ယဲ့ချင်းရွယ်နှင့် အရိပ်အစောင့်တွေ ကြက်သေသေသွားခဲ့သည်။

သူတို့က နံပါတ် ၂ အရိပ်စောင့်ဆီမှ ဂျန်ဖန်း ဒုနန်းတော်သခင်ကို ဒဏ်ရာရအောင် လုပ်ခဲ့သည်ဟု သိခဲ့ရ၏။ သို့ပေမယ့် သူတို့ကိုယ်ပိုင်မျက်စိနှင့် မြင်တာက မတူသည့် ကိစ္စဖြစ်သည်။

ယဲ့ဂျိဖုန်း ဓားချီဖြင့် ဖြတ်ခံထားရသည့် သူ့လက်ဝါးကိုကြည့်လိုက်သည်။ ထို့နောက် နံပါတ် ၁ အရိပ်စောင့်ကို ကြည့်ပြီး သူ့မျက်လုံးတွေက အံ့အားသင့်မှုတွေနှင့်ပြည့်နှက်နေခဲ့သည်။

“မင်းဘယ်သူလဲ….”

“ငါ့ အထီးကျန်လှေမြို့မှာ ဘယ်အချိန်က ဒီလိုပါရမီရှင်တစ်ယောက်ရှိလာတာလဲ…”

သူက နံပါတ် ၁ အရိပ်စောင့်၏ မျက်နှာဖုံးကို စိုက်ကြည့်ပြီး နောက်ကွယ်က မျက်နှာကို သိဖို့ အလွန်စိတ်အားထက်သန်နေခဲ့သည်။

ယဲ့ချင်းရွယ် အလျှင်အမြန်တုန့်ပြန်လိုက်ပြီး ဂျန်ဖန်းရှေ့မှာ ဝင်ရပ်ကာ ပြောလိုက်သည်။

“အဖေ, အရိပ်စောင့်တွေရဲ့ အထောက်အထားတွေကို မထုတ်ဖော်ပါဘူးလို့ ငါသူတို့ကို ကတိပေးထားတယ်….”

“အဖေကိုလည်း သူ့တို့မျက်နှာတွေ စုံစမ်းဖို့ ခွင့်မပြုဘူး…..”

ယဲ့ဂျိဖုန်း စိတ်ထဲမှာ မရိုးမယွဖြစ်လာခဲ့သည်။

သို့ပေမယ့် နံပါတ် ၁ အရိပ်စောင့်၏ မျက်နှာဖုန်းကို အားသုံးပြီးဖယ်ရှားလျှင် သူ့သမီးကို ဒေါသထွက်စေမည်ပဲဖြစ်သည်။ ထို့ပြင် ဤအံ့ဖွယ်ပါရမီရှင်ကိုလည်း အမှားလုပ်မိမည်ဖြစ်သည်။

“ကောင်းပြီ….”

ယဲ့ဂျိဖုန်း အလျော့ပေးလိုက်ပေမယ့် သူ့မျက်လုံးထဲက အံ့အားသင့်မှုတွေတော့ ပျောက်ကွယ်မသွားသေးပေ။

ထိုလှုပ်ရှားမှုတစ်ခုတည်းဖြင့် သွေးလင်းနို့နန်းတော် အဖွဲ့ဝင်တွေကို နံပါတ် ၁ အရိပ်စောင့်သတ်လိုက်တာ ရှင်းလင်းသွားပြီပဲဖြစ်သည်။

“တကယ်ပဲ လူငယ်မျိုးဆက်က အရင်လူတွေကို ကျော်တက်ကုန်ပြီပဲ….”

သူက မတွေဝေပဲ ချီးကျူးလိုက်၏။

“မင်းရဲ့ အနာဂတ်အောင်မြင်မှုက ငါ့ကို ကျော်သွားလိမ့်မယ်….”

ဂျန်ဖန်းပြောလိုက်သည်။

“မြို့သခင်က ကြင်နာလွန်းနေပါပြီ….”

ယဲ့ချင်းရွယ် ဂုဏ်ယူမှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။ ယနေ့ နံပါတ် ၁ အရိပ်စောင့်က သူမကို အကြီးအကျယ်မျက်နှာရအောင် လုပ်ပေးလိုက်တာပဲဖြစ်သည်။

“အဖေ, သမီး အရိပ်စောင့်အဖွဲ့ကို ကတိပေးထားသေးတယ်။ သူတို့သာ အကျိုးဆောင်မှုကြီးကြီးလုပ်နိုင်ခဲ့ရင် မြို့သခင်အိမ်တော် စာအုပ်ဆောင်က ကြိုက်ရာစာအုပ်ကို ရွေးချယ်ခိုင်းမယ်လို့လေ….”

“နံပါတ် ၁ အရိပ်စောင့်က ဒီလိုကြီးမားတဲ့ အကျိုးဆောင်မှုကြီးလုပ်ခဲ့တာ။ သူရွေးချယ်လို့ရတယ်မလား….”

ထိုအရာကို ကြားသည့်အခါ ယဲ့ဂျိဖုန်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဒါက….. မြို့သခင်အိမ်တော် စာအုပ်ဆောင်က စာအုပ်တွေက သာမန်တွေမဟုတ်ဘူး။ အချို့ဆို တိမ်စိမ်းဂိုဏ်းကနေလာတာ….”

“သွေးလင်းနို့နန်းတော် အကြွင်းအကျန်လေးအနည်းငယ်က မလုံလောက်ဘူး….”

မလုံလောက်ဘူး?....

ဂျန်ဖန်း စိတ်ပျက်သွားခဲ့သည်။

သူက မြို့သခင်အိမ်တော်၌ ရတနာအချို့ ရှာတွေ့ဖို့ မျှော်လင့်ထားခဲ့သည်။

“ဒါပဲလို့ ဘယ်သူပြောလဲ….”

ယဲ့ချင်းရွယ်ထူးဆန်းစွာပြုံးလိုက်ပြီး ပြောလိုက်သည်။

“နံပါတ် ၁ အရိပ်စောင့်က ဒုနန်းတော်သခင်နဲ့တောင် တိုက်ခဲ့သေးတယ်….”

ဘာ?....

ယဲ့ဂျိဖုန်း နောက်တစ်ကြိမ်လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ သူ့မျက်နှာက သဘောကျမှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။

“အထင်ကြီးစရာပဲ… တကယ်အထင်ကြီး စရာပဲ….. မင်းက ဒုနန်းတော်သခင် လိုက်သတ်တာကနေ လွတ်မြောက်နိုင်ခဲ့တာပဲ….”

“ငါသူနဲ့ တစ်ခါတိုက်ဖူးတယ်။ သူ့စိတ်ဝိညာဥ်စွမ်းအားက ငါ့ထက်တောင် သန်မာတယ်….”

“မင်းက တကယ်ပဲ သူဆီက လွတ်မြောက်နိုင်ခဲ့တာပဲ….”

ယဲ့ချင်းရွယ် ဟာသနှော၍ ပြောလိုက်သည်။

“နံပါတ် ၁ အရိပ်စောင့်က လွတ်မြောက်လာရုံတင်မဟုတ်ဘူးနော်…. ဒုနန်းတော်သခင် မျက်လုံးတောင် ကန်းအောင်လုပ်ခဲ့တာ။ ဒါက သူ့တိုက်ခိုက်ရေးစွမ်းအားကို အကြီးအကျယ်လျော့ကျသွားစေမှာ အသေအချာပဲ….”

ဘာ?.....

ယဲ့ဂျိဖုန်း အစစ်အမှန် တုန်လှုပ်သွားခဲ့သည်။

“ဒါအမှန်ပဲလား….”

ထိုအရာသာအမှန်ဆိုလျှင် ဒုနန်းတော်သခင်၏ ခြိမ်းခြောက်မှုက အကြီးအကျယ်လျော့ကျသွားမှာပဲဖြစ်သည်။

ယဲ့ချင်းရွယ် ပြောလိုက်သည်။

“သမီးကိုယ်တိုင်မြင်ခဲ့တာ… ပြီးတော့ အရိပ်စောင့်တွေလည်းမြင်ခဲ့တယ်လေ…”

ထိုအရာအမှန်ဆိုတာသိပြီးနောက် ယဲ့ဂျိဖုန်း အလွန်ပျော်ရွင်သွားခဲ့သည်။ သူက ဂျန်ဖန်း ပခုံးကိုပုတ်ပြီး ပြောလိုက်သည်။

“ကောင်းတယ်… ကောင်းတယ်….”

“မင်းက အကျိုးဆောင်မှုအကြီးကြီး လုပ်ခဲ့တာပဲ…..”

“ချင်းရွယ် သူ့ကို မြို့သခင် စာအုပ်ဆောင်ကို ခေါ်သွားလိုက်….. သူကြိုက်တဲ့ စာအုပ်တစ်အုပ်ရွေးခိုက်လိုက်ပါ….”

အခြားအရိပ်စောင့်တွေ အတော်လေး မနာလိုဖြစ်သွားခဲ့သည်။

မြို့သခင်စာအုပ်ဆောင်က ရတနာသိုက်ကြီးပဲဖြစ်သည်။

သူတို့၏ မနာလိုသည့်အကြည့်တွေအောက်မှာပဲ ယဲ့ချင်းရွယ် နံပါတ် ၁ အရိပ်စောင့်ကို စာအုပ်ဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။

မြို့သခင်စာအုပ်ဆောင်က မြေအောက်မှာ တည်ရှိပြီး ထိပ်ဆုံးမှ အောက်ဆုံးထိ တံခါးကြီး သုံးခုရှိတာပဲဖြစ်သည်။ တစ်ထပ်ချင်းဆီက ပုန်းကွယ်နေသည့် အစောင့်တွေ၊ စက်ယန္ဒားယားတွေနှင့် ပြည့်နှက်နေတာပဲဖြစ်သည်။

သွေးလင်းနို့နန်းတော်တောင် အထဲကို ချိုးဖြတ်ဝင်ရောက်ဖို့ ခက်ခဲမည်ပဲဖြစ်သည်။

စာအုပ်ဆောင်၌….

သလင်းကျောက်သေတ္တာတွေထဲမှာ ချိပ်ပိတ်ထားသည့် စာအုပ်တွေကို ကြည့်ပြီး ဂျန်ဖန်း တစ်ခုချင်းဆီကို စိတ်အားထက်သန်စွာ စစ်ဆေးလိုက်၏။

အများစုက ကျင့်ကြံရေးနည်းလမ်းတွေ ဖြစ်ပြီး အပြင်မှာရှာဖို့ခက်သည့် ကျင့်စဥ်နည်းလမ်းတွေလည်း ရှိတာဖြစ်သည်။

သို့ပေမယ့် သူတို့အားလုံးက အဝါရောင် အဆင့် ကျင့်စဥ်တွေသာဖြစ်ကြ၏။

ထိုအရာတွေက ဂျန်ဖန်းအတွက်တော့ အသုံးမဝင်ပေ။

ထိုအခိုက်အတိုက်၌….

သူက မျက်နှာကျက်မှာ ချိတ်ဆွဲထားသည့် ခရမ်းရောင်သလင်းကျောက်ကို သတိထားမိလိုက်သည်။ ထိုထဲ၌ စာအုပ်တစ်အုပ်ကို ချိတ်ပိတ်ထားခဲ့သည်။

“အဲ့ဒီထဲကလည်း ကျင့်ကြံရေးနည်းလမ်းပဲလား….”

ဂျန်ဖန်း အံ့အားသင့်စွာနှင့် မေးလိုက်သည်။

ယဲ့ချင်းရွယ် ခေါင်းခါယမ်းလိုက်သည်။

“မဟုတ်ဘူး…. အဲ့ဒါက ကမ္ဘာ့အတော်ဆုံး မသေမျိုးနတ်ဆေးဆရာရဲ့ ဆေးကျမ်းလေ….”

ဘာ?....

ဂျန်ဖန်းမျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။

“မင်းသေချာလား….”

မသေမျိုးနတ်ဆေးဆရာ…သူက ကောင်းကင်ဘုံစက်ယန္တရားခန်းမ ပိုင်နက်ထဲ၌ အတော်ဆုံးဆေးဆရာဖြစ်သည်။

သူက ဘဝမှာ မရေမတွက်နိုင်သည့် လူနာတွေကိုကုသခဲ့ပြီး သူ့လက်ထဲမှာ သေသွားသည့် လူနာမရှိခဲ့ပေ။ ထို့ကြောင့် မသေမျိုးနတ်ဆေးဆရာဟု အမည်တွင်ခဲ့တာပဲဖြစ်သည်။

ဤကဲ့သို့ဂုဏ်သတင်းကြီးသည့် လူတစ်ယောက်က သူ့ဆေးကျမ်းကို အထီးကျန်လှေမြို့ကဲ့သို့ နေရာသေးသေးလေးမှာ ထားခဲ့သည်လား….

“နင်တွေးနေတာကို ငါသိတယ်…., ငါတုန်းကဆိုရင်လည်း ပိုလို့တောင် အံ့သြတုန်လှုပ်ခဲ့ရတာ…”

ယဲ့ချင်းရွယ် ခါးသီးစွာပြုံးလိုက်ပြီး သလင်းကျောက်သေတ္တာကို အောက်ချလိုက်သည်။

“ဒါကို မသေမျိုးနတ်ဆေးဆရာ စီစဥ်ခဲ့တာလေ… သူက ဆေးကျမ်းကို မိတ္တူရာချီကူးပြီး မြို့တိုင်းမှာထားခဲ့တယ်…”

“ရည်ရွယ်ချက်ကတော့ တစ်နေ့မှာ သူ့ဆေးပညာအမွေအတွက် ရေစက်ရှိတဲ့လူကို ရှာဖို့ပဲ…”

ဂျန်ဖန်း မယုံသင်္ကာဖြစ်သွားခဲ့သည်။

“မသေမျိုးနတ်ဆေးဆရာမှာ အမွေဆက်ခံမယ့်သူမရှိဘူးလား….”

သူ၏ အံ့ဖွယ်ဆေးပညာနှင့်ဆိုလျှင် မရေမတွက်နိုင်သည့်လူတွေ သူ့ဗဟုသုတတွေကို အမွေဆက်ခံဖို့ စိတ်အားထက်သန်ကြမည်ပဲဖြစ်သည်။

“နင် ဒါကို ကြည့်ပြီးရင် နားလည်သွားပါ လိမ့်မယ်….”

ယဲ့ချင်းရွယ် သက်ပြင်းချလိုက်သည်။

ဂျန်ဖန်း ဆေးကျမ်းကိုယူလိုက်ပြီး စိတ်အားထက်သန်စွာ ဖွင့်လိုက်သည်။ ထို့နောက် သူ ကြောင်အသွားခဲ့သည်။

စာမျက်နှာတွေက စီစဥ်တကျမရှိသည့် များပြားတဲ့အပ်ပေါက်တွေနှင့် ပြည့်နှက်နေခဲ့သည်။

ထိုအရာက ကလေးတစ်ယောက် နောက်ပြောင်ထားတာနှင့် တူနေခဲ့သည်။

“ဒါက မသေမျိုးနတ်ဆေးဆရာရဲ့ အမွေအနှစ်လား…”

ဂျန်ဖန်း ထိုမေးခွန်းနှင့်အတူ မျက်မှောင်ကြုတ်သွားခဲ့သည်။

ယဲ့ချင်းရွယ် သက်ပြင်းချလိုက်သည်။

“ဒီဆေးကျမ်းကို ဘာလို့မသုံးပဲ သိမ်းထားလဲဆိုတာ နင်သိပြီလား….”

“မသေမျိုးနတ်ဆေးဆရာ စီစဥ်ထားတာကြောင့်သာမဟုတ်ရင် ငါတို့ ဒါကို လွင့်ပစ်လိုက်တာကြာပြီ….”

ဂျန်ဖန်း စိတ်ရှုပ်သွားခဲ့သည်။

မသေမျိုးနတ်ဆေးဆရာက လူတိုင်းကို နောက်ပြောင်နေသည်လား….

သူတွေးနေစဥ်မှာပဲ ရှင်းလင်းသည့်ခံစားမှု တစ်ခုက ရုတ်တရက် သူ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့သည်။

စာရွက်ပေါ်က အပ်ပေါက်တွေက သူ့မြင်ကွင်းထဲမှာ ထူးဆန်းစွာ လုပ်ရှားလာခဲ့သည်။

All Chapters