← Chapters

အလောင်းမှာသွေးခုန်နှုန်းရှိ၏

Vol. 4 Ch. 47

အလောင်းမှာသွေးခုန်နှုန်းရှိ၏

Vol. 4 Ch. 47

“သခင်လေးဂျန်, နင်ဘာလို့ အခြားတစ်ခုကို မရွေးတာလဲ…. ဒီမှာ အဝါရောင်အလယ်အလတ်အဆင့် ကျင့်စဥ်တစ်ခုရှိတယ်….”

ယဲ့ချင်းရွယ် လေးလေးနက်နက် တိုက်တွန်းလိုက်၏။

ဂျန်ဖန်းအသိပြန်ဝင်လာပြီး မသေမျိုးဆေးကျမ်းကို ကိုင်ကာ ပြောလိုက်သည်။

“ငါဒီတစ်ခုပဲ ယူလိုက်မယ်….”

အာ….

ယဲ့ချင်းရွယ် အံ့အားသင့်သွားခဲ့သည်။

“နင်က ဘာလို့ ဒါကို လိုချင်တာလဲ…. ဘယ်သူမှဒါကို နားမလည်နိင်ဘူး….”

သူ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ဂျန်ဖန်း ပြောလိုက်သည်။

“ငါကြိုးစားကြည့်ချင်တယ်….”

“ငါ့ကို တိတ်ဆိတ်တဲ့ အခန်းတစ်ခန်းလောက်ပြင်ပေးပါ့လား… ငါဒါကို အေးအေးဆေးဆေး လေ့လာချင်တယ်….”

ဂျန်ဖန်း ဟာသပြောနေသည် မဟုတ်တာကို မြင်သည့်အခါ ယဲ့ချင်းရွယ် သက်ပြင်းရှည်ကြီးသာ ချလိုက်၏။

“ကောင်းပြီလေ…. ဒီလောက်ကြီးမားတဲ့ အခွင့်အရေးကို အသုံးမဝင်တဲ့ ဆေးစာအုပ်ပေါ်မှာ ဖြုန်းပစ်တယ်…. ဒါက အတော်လေး နှမျှောဖို့ကောင်းတယ်….”

ခဏကြာပြီးနောက်….

ဂျန်ဖန်း ယဲ့ချင်းရွယ်အသုံးပြုလေ့ရှိသည့် ကျင့်ကြံရေးခန်းထဲကို ဝင်ရောက်သွားခဲ့သည်။

သူက ချက်ချင်းပဲ စာအုပ်ကိုဖွင့်ကာ စတင်ဖတ်လိုက်၏။ သူ့စိတ်ထဲမှာ ရှင်းလင်းသည့်ခံစားချက်က နောက်တစ်ကြိမ်ပြန်ထွက်ပေါ်လာခဲ့သည်။

စာမျက်နှာပေါ်က အပ်ပေါက်တွေလည်း စတင်လုပ်ရှားလာပြီး လူသားတစ်ယောက်၏ ခန္ဓာကိုယ် သွေးကြောပုံက တဖြည်းဖြည်း ဖွဲ့စည်းလာခဲ့သည်။

အပ်ပေါက်တစ်ခုချင်းစီက လူ့ခန္ဓာကိုယ်ပေါ်က အထူးအပ်စိုက်မှတ် တွေကို ကိုယ်စားပြု၏။

ဒုတိယစာမျက်နှာလှန်လိုက်သည့်အခါ ထိုစာမျက်နှာမှအပ်ပေါက်တွေလည်း စတင်လှုပ်ရှားလာပြီး အပ်တစ်ချောင်းကိုင်ထားသည့် ပုံရိပ်တစ်ခု ဖြစ်လာခဲ့သည်။

တတိယစာမျက်နှာမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။

စတုတ္ထစာမျက်နှာ….

ဂျန်ဖန်း စာအုပ်တစ်အုပ်လုံး ဖတ်ပြီးသည့်အခါ အပြင်မှာ မှောင်နေပြီပဲဖြစ်သည်။

သူက တစ်နေ့လုံး စာအုပ်ဖတ်ခြင်း၌သာ အာရုံစိုက်ထားခဲ့ပြီး ရလဒ်ကလည်း ကြီးမားလှ၏။

အစီအစဥ်တကျပြောင်းလဲနေသည် အပ်ပေါက်တွေမှ သူက အံ့အားသင့်ဖွယ် ဆေးပညာတွေကို သင်ယူခဲ့ရ၏။

ထိုအရာက မသေမျိုးနတ်ဆေးဆရာ၏ အမွေအနှစ်အစစ်အမှန်ပဲဖြစ်သည်။

သို့ပေမယ့် ထိုအရာကို နားလည်ဖို့ အလွန်မြင့်မားသည့် နားလည်မှုမျိုးလိုအပ်တာပဲဖြစ်သည်။

သူ၏ ကျိန်းစပ်နေသည့် မျက်လုံးကို နှိပ်လိုက်ပြီး ဂျန်ဖန်း အခန်းထဲက ထွက်လာခဲ့သည်။

အိပ်တော်အခြေအနက ဖရိုဖရဲဖြစ်နေပြီး အစောင့်စစ်သားတွေအားလုံး အဓိကခန်းမကို အပြေးသွားနေကြသည်။

“တစ်ခုခုဖြစ်ခဲ့တာလား…..”

ဂျန်ဖန်း အစောင့်တစ်ယောက်ကို မေးလိုက်သည်။

“သွေးလင်းနို့နန်းတော်အကြွင်းအကျန်တွေ ထွက်ပေါ်လာတာလား….”

နံပါတ် ၁ အရိပ်စောင့်ကို မြင်သည့်အခါ အစောင့်က ရိုသေစွာနှင့် ချက်ချင်းပြောလိုက်သည်။

“သွေးလင်းနို့နန်းတော်မဟုတ်ပါဘူး….”

“ချန်မိသားစုခေါင်းဆောင် ချန်းယုချို ဖျာနှာပြီး သေသွားလို့ပါ….”

“မြို့သခင်နဲ့ အကြီးဆုံးမမလေးက အတည်သွားပြုဖို့အတွက် လိုက်ပါမယ့် အစောင့်တွေကို ဆင့်ခေါ်နေတာပါ….”

ချန်မိသားစု?.....

ချန်းစီလင်အဖေလား….

အမျိုးသမီးတစ်ယောက်ဖြစ်သည့် ချန်းစီလင်က အဘယ်ကြောင့် မိသားစုလုပ်ငန်းတွေကို ဦးစီးနေရလဲဆိုတာ ဂျန်ဖန်း နားလည်သွားခဲ့သည်။

‘လက်စသတ်တော့ သူမအဖေက အပြင်းဖျားနေတာ အတော်ကြာပြီးကိုး….’

သူနှင့် ချန်းစီလင်၏ဆက်ဆံရေးကို တွေးပြီး ဂျန်ဖန်း တိတ်တဆိတ်သက်ပြင်း ချလိုက်သည်။

“ငါလည်း သွားကြည့်ရမယ်….”

ခဏကြာပြီးနောက်…..

ယဲ့ဂျိဖုန်း ဦးဆောင်ထွက်ခွာသွားခဲ့သည်။

“ချင်းမိသားစုခေါင်းဆောင်က ဘာရောဂါရတာလဲ….”

ဂျန်ဖန်းမေးလိုက်သည်။

ယဲ့ချင်းရွယ် ပေါ့ပါးစွာ သက်ပြင်းချလိုက်သည်။

“သူက ရန်သူတစ်ယောက်ကြောင့် ဒဏ်ရာရပြီး နှလုံးသွေးကြောတွေ ပျက်ဆီးသွားတာ။ ဒီနှစ်တွေတစ်လျောက်မှာ သူ့အသက်ကို ထိန်းသိမ်းဖို့ ကောင်းကင်နဲ့ မြေကြီးရတနာတွေကိုပဲ မှီခိုနေရတာလေ….”

“သူ့ရဲ့သေဆုံးမှုကြောင့် ချန်မိသားစု အနာဂတ်မှာ တော်တော်လေး ရုန်ကန်ရတော့မယ်….”

“အဲ့ဒီရန်သူတွေသာ သူသေသွားတာသိရင် သူ့ဇနီးနဲ့ သမီးကို အလွတ်ပေးမှာ မဟုတ်ဘူး….”

သဘာဝတရားကြီးက ပင်ကိုယ်အားဖြင့် ရက်စက်လွန်းလှ၏။

အထူးသဖြင့် သိုင်းပညာကမ္ဘာကြီးက လူမဆန်လှပေ။

လူတစ်ယောက်က သူ့ရန်သူတွေကို ဒီနေ့ အပြတ်မရှင်းနိုင်လျှင် နောက်နေ့မှာ သူ့မိသားစုပျက်စီးသွားမည်ပဲဖြစ်သည်။

ချန်မိသားစုခေါင်းဆောင် မသေသေးတာကြောင့် တစ်ဖက်ရန်သူက သတိထားနေတာပဲဖြစ်သည်။ ယခု သူသေသွားပြီဖြစ်၍ သူတို့က သေချာပေါက် သူ့မိသားစုကို လွတ်ပေးမည်မဟုတ်ပေ။

ဂျန်ဖန်းထိုအရာကို ကြားသည့်အခါ တိတ်တဆိတ်သက်ပြင်းချလိုက်သည်။

သူက ချန်းစီလင်အတွက် စိတ်မကောင်း ဖြစ်သွားခဲ့သည်။ သူမက အလွန်တော်သည့် မိန်းမလှလေးတစ်ယောက်ပဲ ဖြစ်သည်။

သူအထီးကျန်လှေမြို့မှာ ရှိစဥ်၌ သူမကို ကာကွယ်ပေးကောင်းပေးနိုင်၏။

သို့ပေမယ့် သူထွက်သွားသည့်အခါမှာတော့ သူမ ကံကြမ္မာပေါ်မှာပဲ အလုံးစုံမှီခိုရမည်ဖြစ်သည်။

ခဏကြာပြီးနောက်….

ချန်မိသားစု….

ဝင်ပေါက်၌ အဖြူရောင်မီးပုံးတွေချိတ်ဆွဲ ထားပြီး စာရွက်တွေနှင့် တန်ဆာဆင်ထားခဲ့သည်။

ဗဟိုခြံဝန်း ခန်းမထဲ၌ အနက်ရောင် ခေါင်းတလားတစ်လုံး ရှိနေပြီး အထဲမှာ လေးထောင့်မျက်နှာနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးလဲလျောင်းနေခဲ့သည်။ ထိုသူက ချန်းယုချိုဖြစ်ပြီး ဒါဟွခုနှစ်ပေါက်မှ သွေးတွေစီးကြကာ တစ်ကိုယ်လုံးမည်းနက်နေခဲ့သည်။

ချန်းစီလင် အသုဘအဝတ်အစားကို ဝတ်ဆင်ထားပြီး ခေါင်းတလားရှေ့မှာ ဒူးထောက်နေခဲ့သည်။ သူမမျက်လုံးတွေက မျက်ရည်တွေနှင့် ပြည့်နှက်နေခဲ့သည်။

သူမ၏ သေးသွယ်သည့်ခန္ဓာကိုယ်လေးက ဝမ်းနည်ဖွယ်လေထုအလယ်မှာ အတော်လေး ဝမ်းနည်းပုံပေါ်နေခဲ့သည်။

သူမဘေး၌ ကျော်ကြားသည့် မိသားစုဝင်အများအပြားလည်း ရှိနေခဲ့သည်။

ချန်မိသားစုက အထီးကျန်လှေမြို့၌ ထင်ရှားကျော်ကြားသည့်မိသားစု တစ်ခုဖြစ်သည်။

သဘာဝအတိုင်း အဆင့်တန်းမြင့် မိသားစုတွေနှင့် အဆက်အသွယ်ရှိ တာပဲဖြစ်သည်။

ကျူးမိသားစုလည်း ထိုအထဲ၌ ပါဝင်တာပဲ ဖြစ်သည်။

ကျူးဂျန်ရှန်း ခေါင်းတလားရှေ့မှာဒူးထောက်နေပြီး ဝမ်းနည်းဟန်ဆောင်ကာ ပြောလိုက်သည်။

“ဦးလေးချန်း, မင်းက မတရားသဖြင့် သေရတာ…..”

“ဒါက နှလုံးသွေးကြောဒဏ်ရာလို့ ငါသာစောစောသိခဲ့ရင် တိမ်စိမ်းဂိုဏ်းကို ပြန်ပြီး ဘယ်နည်းနဲ့မဆို ရွှေပိုးကောင် အသက်ဆွဲဆန့်ဆေးကို သွားယူပါတယ်….”

ထိုအရာကိုကြားသည့်အခါ…..

ချန်မိသားစုကတော် လျိုချီမင် သူ့ကို ထောက်ခံပြီး မျက်ရည်တွေနှင့်ပြောလိုက်သည်။

“သားမှာ ဒီလိုရည်ရွယ်ချက်ရှိတာ သိရင် သားဦးလေး တမလွန်မှာ ကျေနပ်နေမှာပါ….”

ဂျန်ဖန်း သူ့ခေါင်းကို အနည်းငယ် ခါးယမ်းလိုက်သည်။

ရွှေပိုးကောင်အသက်ဆွဲ့ဆန့်ဆေးက မသေမျိုးနတ်ဆေးဆရာ၏ အထူးဆေးညွှန်းတစ်ခုဖြစ်၏။

သူသေသွားကတည်းက ထိုဆေးလုံးက ပျောက်ဆုံးသွားပြီးဖြစ်၍ တိမ်စိမ်းဂိုဏ်းမှာ ရှိမည်မဟုတ်ပေ။

ကျူးဂျန်ရှန်က ချန်မိသားစု နှစ်သက်မှုကို ရဖို့ အလိမ်အညာတွေသုံးနေတာပဲ ဖြစ်သည်။

“ငါတို့လည်း အရိုအသေသွားပေးကြီ ရအောင်….”

ယဲ့ဂျိဖုန်းက ယဲ့ချင်းရွယ်ကိုဦးဆောင်ကာ အရိုအသေသွားပေးလိုက်သည်။

“သခင်မလေးချန်းနဲ့ အဖော်ပြုပြီး ခဏစကားပြောပေးလိုက်အုန်း…. အဖေအရင်ပြန်နှင့်မယ်….”

သူထွက်သွားပြီးနောက်….

ဂျန်ဖန်းလည်းဒူးထောက်ပြီး အရိုအသေပေးလိုက်သည်။ ထို့နောက် မျက်ရည်တွေနှင့် ပြည့်နှက်နေသည့် ချန်းစီလင်ကို ကြည့်လိုက်သည်။

“ငါလည်း စိတ်မကောင်းပါဘူး…”

ချန်းစီလင် ကြောင်အသွားခဲ့သည်။

အသံက အလွန်ရင်းနှီးနေသည်ဟု သူမ ခံစားရ၏။

သို့ပေမယ့် ထိုအခိုက်အတန့်၌ သူမက ကြီးစွာဝမ်းနည်းပူဆွေးနေပြီး ဂရုတစိုက် တွေးမနေနိုင်ပေ။ တုန့်ပြန်သည့်အနေဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။

ဂျန်ဖန်း တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်ဖို့ ပြင်လိုက်၏။

ရုတ်တရက် သူ့နားက လှုပ်ရှားသွားပြီး ခေါင်းတလားကို အံ့အားသင့်စွာနှင့် ကြည့်လိုက်သည်။

သူက အမှန်တကယ်ပဲ သွေးခုန်နှုန်းသံကို ကြားလိုက်၏။

သွေးခုန်နှုန်းသံက တစ်စုံတစ်ယောက် အသက်ရှင်နေသေးတာကို ဆိုလိုတာပဲ ဖြစ်သည်။

ချန်းယုချို အသက်ရှင်နေသေးသည်လား….

သူက မနေနိုင်ပဲ မေးလိုက်သည်။

“ချန်မိသားစုခေါင်းဆောင်ရဲ့ နှလုံးသွေးကြာက လုံးဝပျက်စီးသွားပြီဆိုတာ မင်းတို့သေချာလား…”

ထိုမေးခွန်းက ချန်မိသားစုဝင်တွေကို မကျေမနပ်ဖြစ်သွားစေခဲ့သည်။

လျိုချီမင် မေးလိုက်သည်။

“သခင်လေး, နင်ဘာကို ဆိုလိုတာလဲ….”

အချိန်မရွေးရပ်သွားနိုင်သည့် အလွန်အားနည်းသည့် သွေးခုန်းနှုန်းသံကို ကြားသည့်အခါ ဂျန်ဖန်း ရှင်းပြဖို့ အချိန်မရှိတော့ပေ။

သူက ခန္ဓာကိုယ်ဆီကို လျှောက်သွားပြီး ၎င်း၏သွေးကြောကို စမ်းသပ်ဖို့ ပြင်လိုက်၏။

“ငါ့ စစ်ဆေးကြည့်ပါရစေ….”

“ရိုင်းစိုင်းလိုက်တာ…..”

“သူကိုတားကြစမ်း….”

ချန်မိသားစုအဖွဲ့ဝင်တွေ ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး ဂျန်ဖန်းကို တာဆီးဖို့ ကြိုးစားလိုက်၏။

မုတ်ဆိတ်မွေးဖြူနှင့် အသက်ကြီးကြီး လူတစ်ယောက်က ဂျန်ဖန်း နှောက်စိကို ပေါက်ပြားနှင့် ပိတ်ရိုက်လိုက်၏။

ဂျန်ဖန်း ရွေးချယ်စရာမရှိပဲ ရှောင်တိမ်းလိုက်ရ၏။

လျိုချီမင်၏ မျက်လုံးတွေ ဒေါသကြောင့် ပြူးကျယ်သွားခဲ့သည်။

“နင့်မှာ ငါတို့ချန်မိသားစုနဲ့ မကျေနပ်ချက်ရှိလို့လား…. ဘာလို့ နင် ငါ့ယောက်ျားခန္ဓာကိုယ်ကို မရိုမသေလုပ်ရတာလဲ…”

ယဲ့ချင်းရွယ် အမူအရာအနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သူမက အလျှင်အမြန်ပဲ ရှေ့တက်လာခဲ့သည်။

“ချန်သခင်မ, ကျေးဇူးပြု၍ စိတ်အေးအေး ထားပါ။ ချန်မိသားစုဝင်တွေလည်း စိတ်အေးအေးထာားပေးကြပါ….”

“ဒါက ငါ့ရဲ့ နံပါတ် ၁ အရိပ်စောင့်ပါ။ သူမှာ ထိခိုက်လိုတဲ့စိတ်မရှိပါဘူး….”

မုတ်ဆိတ်မွေးဖြူလူကြီးက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်လိုက်ပြီး လှောင်ပြောင်လိုက်၏။

“ထိခိုက်လိုစိတ်မရှိဘူးဆိုရင် ငါတို့မိသားစု ခေါင်းဆောင်ကို ဘာလို့ မရိုမသေလုပ်ရတာလဲ….”

ဒါက…..

ဂျန်ဖန်းဘာကြောင့် အရမ်းမဆင်မခြင် လုပ်ရလဲဆိုတာ ယဲ့ချင်းရွယ်လည်း နားမလည်ပေ။

လူတစ်ယောက်၏ အသက်နှင့် သက်ဆိုင်ပြီး ထိုအရာက ချန်းစီလင် အဖေဖြစ်တာကြောင့် ဂျန်ဖန်း အလျှင်အမြန်ပြောလိုက်သည်။

“ရိုးရိုးသားသားပြောရရင် ငါက ဆေးပညာအချို့နားလည်တယ်…. ခုလေးတင် ချန်မိသားစုခေါင်းဆောင်ဆီက သွေးခုန်နှုန်းအချို့ကို ကြားလိုက်တယ်။”

“သူက အသက်ရှင်နေသေးတာ ဖြစ်နိုင်တယ်….”

ဘာ?.....

ချန်းစီလင် စိတ်လှုပ်ရှားစွာနှင့် မတ်တပ်ရပ်လိုက်ပြီး မျက်ရည်တွေကို သုတ်လိုက်သည်။

“နင်ပြောတာ အမှန်ပဲလား…..”

ကျူးဂျန်ရှန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

‘ဒီကောင်ကဘယ်သူလဲဟ, ငါ့အခွင့်အရေးကို လာလုနေတယ်….”

သူက သိမ်မွေ့စွာပြောလိုက်သည်။

“စီလင်, ဘယ်လိုလုပ်ပြီး မင်းတို့မိသားစုရဲ့ဆေးဆရာကို ကျော်ပြီး အပြင်လူရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ယုံနေရတာလဲ….”

မုတ်ဆိတ်ဖြူ အကြီးအကဲလည်း ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။

“ကောင်လေး, မင်းက ဘာပြောချင်တာလဲ….”

“မင်းဆိုလိုတာ,အထီးကျန်လှေမြို့ရဲ့ နံပါတ်တစ် နတ်ဆေးဆရာဖြစ်တဲ့ ငါ ချန်ဝူဂျီက လူတစ်ယောက် သေးလား ရှင်လားတောင် မခွဲခြားနိုင်ဘူးပေါ့လေ….”

မုတ်ဆိတ်ဖြူအကြီးအကဲက ချန်မိသားစု၏ နာမည်ကျော်နတ်ဆေး ဆရာ ချန်းဝူဂျီပဲဖြစ်သည်။

သူ၏ ဆေးပညာအရည်အချင်းနှင့် အသက်ရှင်နေသည့်လူတစ်ယောက်ကို သေပြီဟု မှားပြောတာက မဖြစ်နိုင်ပေ။

ချန်းစီလင်လည်း အသိပြန်ဝင်လာခဲ့သည်။ သူမမျက်နှာက ပူဆွေးမှုတွေနှင့် တဖန်ပြန်လည်ပြည့်နှက်သွားပြီး ခေါင်းတလားရှေ့မှာ ဒူးထောက်လိုက်၏။

ဂျန်ဖန်း စိုးရိမ်သွားခဲ့သည်။ သူက နောက်ထပ်ပြောချင်ပေမယ့် ချန်းဝူဂျီက ကြိမ်းမောင်းလိုက်၏။

“ဒီပြဿနာကောင်ကို အဝေးခေါ်သွားကြစမ်း….”

ယဲ့ချန်းရွယ် ဂျန်ဖန်းအတွက် နောက်ထပ် မပြောပေးတော့ပေ။

သူမကပြောလိုက်သည်။

“နင်က ပင်ပန်းနေပြီဖြစ်ရမယ်။ ပြန်ပြီး နားလိုက်ပါ….”

ဂျန်ဖန်း အကူညီမဲ့သလို ခံစားလိုက်ရသည်။

ချန်းယုချို အသက်ရှင်နေသေးတာ သိသာလှ၏။ သို့ပေမယ့် သူက ကူညီဖို့ စွမ်းအားမဲ့နေခဲ့သည်။

ထိုအခိုက်အတန့်၌….

ကျယ်လောင်သည့်ရယ်သံတစ်ခု အပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့သည်။

“ချန်မိသားစု, မင်းတို့ အကြွေးပြန်ပေးဖို့ အချိန်ကျပြီ…..”

All Chapters