← Chapters

ကျားဘုရင်လက်မှ တစ်စုံတစ်ယောက်ကို ကယ်တင်ခြင်း

Vol. 4 Ch. 48

ကျားဘုရင်လက်မှ တစ်စုံတစ်ယောက်ကို ကယ်တင်ခြင်း

Vol. 4 Ch. 48

ချန်မိသားစုအတွက် ဝမ်းအနည်းရဆုံး အချိန်မှာ တစ်စုံတစ်ယောက်က အကြွေးလာတောင်းနေခဲ့သည်။

ရန်သူတစ်ယောက်သာလျှင် ထိုကဲ့သို့ ကိစ္စမျိုးပြုလုပ်မည်ဖြစ်သည်။

လူတိုင်းက အသံလာရာဆီသို့ ကြည့်လိုက်ကြသည်။

အနက်ရောင်အင်္ကျီဝတ်ဆင်ထားပြီး ထွားကြိုင်သန်မာသည့် လူဝကြီးတစ်ယောက်က စျာပနခန်းမထဲကို လှောင်ပြုံးတစ်ခုနှင့် ဝင်လာခဲ့သည်။ ထိုသူက အခြေခံတည်ဆောက်ခြင်း အဆင့် ၁ ကျွမ်းကျင်သူပဲဖြစ်သည်။

ခေါင်းတလားရှေ့က အမွေးတိုင်အိုးကို မြင်သည့်အခါ သူက ဆောင့်ကန်ပစ်လိုက်သည်။

“ဂုဏ်သိက္ခာမရှိတဲ့လူတစ်ယောက်ကလည်း အမွေးနံ့သာနဲ့ ထိုက်တန်တာပဲလား….”

ချန်းစီလင်ကို အစောင့်တွေဝန်းရံလိုက်ကြသည်။

ချက်ချင်းပဲ သူမမျက်လုံးတွေက ဒေါသမီးတွေပေါက်ကွဲထွက်လာပြီး အော်ပြောလိုက်သည်။

“မျက်နှာနက်ကျား, နင်အရမ်းအနိုင်ကျင့် လွန်းနေပြီ….

ထိုစဥ်က သူမအဖေကို ထိုလူက ဒဏ်ရာအကြီးအကျယ်ရအောင် ပြုလုပ်ခဲ့တာဖြစ်၏။

ယခု သူမအဖေအလောင်းတောင် မအေးသေပေ။ ထိုလူက ဈာပနခန်းမထဲကို လာရောက်စော်ကားနေခဲ့သည်။

ချန်းမိသားစုကို ကျောရိုးမရှိဘူးဟု အမှန်တကယ် ထင်နေသည်လား….

ကျူးဂျန်ရှန်က အလှလေးကို သူရဲကောင်း ကယ်တင်သည့် ပြဇာတ်ကို ကစားချင်နေခဲ့သည်။ သူက နှာမှုတ်လိုက်ပြီး ရှေ့ထွက်လာခဲ့သည်။

“မျက်နှာနက်ကျား…. ခုချက်ချင်း ဒီနေရာက ထွက်သွားပါ။ ဒီနေရာက မင်းရိုင်းစိုင်းလို့ရတဲ့ နေရာမဟုတ်ဘူး….”

သူက တိမ်စိမ်းဂိုဏ်းတပည့်ဖြစ်တာကြောင့် မျက်နှာနက်ကျား သတိထားလိမ့်မည်ဟု ကျူးဂျန်ရှန်ထင်ထားခဲ့သည်။

မမျှော်လင့်စွာနှင့် မျက်နှာနက်ကျားက သူကို အထင်သေးစွာ တစ်ချက်ကြည့် လိုက်ပြီးပြောလိုက်သည်။

“အကြွေးတောင်းတာ ဘာမှားနေလို့လဲ…”

“တိမ်းစိမ်းဂိုဏ်းခေါင်းဆောင် ရောက်လာရင်တောင် ဒီအကြွေးက ပေးရမှာပဲ…..”

“သခင်လေးကျူး, သူရဲကောင်းဇာတ် ကချင်နေရင် ဘာလို့ ချန်မိသားစု အကြွေးတွေကို မပေးတာလဲ….”

မျက်နှာနက်ကျားက အထီးကျန်လှေမြို့၏ မြေအောက်အင်ပါယာဖြစ်ပြီး မကောင်းမှုဒုစရိုက်စီးပွားရေးတွေကို အထူးပြုလုပ်တာပဲဖြစ်သည်။

သူက ဒေသခံအာဏာရှင်တစ်ယောက်ဖြစ်ပြီး တိမ်စိမ်းဂိုဏ်းမှပြန်လာသည့်တပည့်တစ်ယောက်ကို လုံးဝမကြောက်ပေ။

ကျူးဂျန်ရှန် အံကြိတ်လိုက်ပြီး ပြောလိုက်သည်။

“ဘယ်လောက်လဲ…. ငါ ညီမစီလင်အတွက် ပြန်ပေးမယ်….”

ငွေ သိန်းဂဏန်းအနည်းငယ်ကို သူစီစဥ်ပေးနိုင်တာပဲဖြစ်သည်။

မျက်နှာနက်ကျားက လှောင်ပြုံးပြုံးလိုက်ပြီး ရွတ်နောက်နောက် ပြောလိုက်သည်။

“မများပါဘူး… မများပါဘူး… သိန်း ငါးဆယ်ထဲပါ… မင်းအတွက်ဆို ပါးပါးလေးပါ….”

သိန်း… ငါးဆယ်….

ကျူးဂျန်ရှန် အသက်ပြင်းပြင်းရူလိုက်ပြီး ကို့ရို့ကားယားဖြစ်သွားခဲ့သည်။

ကျူးမိသားစုပစ္စည်းတွေအားလုံး ရောင်းလျှင်တောင် ထိုငွေပမာဏရဖို့ မဖြစ်နိုင်ပေ။

မျက်နှာနက်ကျား အေးစက်စွာရယ်လိုက်သည်။

“ပိုက်ဆံပေးမှာလား…. မဟုတ်ရင် ဘေးဖယ်နေလိုက်။ သူရဲကောင်းဇာတ်ကဖို့ ဒီနေရာမှာ မင်းအတွက် နေရာမရှိဘူး…”

ကျူးဂျန်ရှန်မျက်နှာ နီလိုက်ပြာလိုက် ဖြစ်သွားခဲ့သည်။

သူက ဒေါသထွက်သွားပေမယ့် ထွက်ပေါက်မရှိဖြစ်နေခဲ့သည်။

သူက တိတ်တဆိတ်နှာမှုတ်လိုက်ပြီး ဘေးဖက်ကို ဆုတ်နေလိုက်သည်။

အဆုံးမှာတော့, ဤကဲ့သို့များပြားသည့် အကြွေးကို သူမပေးနိုင်ပေ။ မည်သူမှလည်း ချန်မိသားစုအကြွေးကို ဖြေရှင်းမပေးနိုင်ဟု သူယုံကြည်တာပဲ ဖြစ်သည်။

ယဲ့ချင်းရွယ်လည်း မသက်မသာဖြစ်လာခဲ့သည်။

သူမက မြို့သခင်သမီးဖြစ်သော်လည်း အကြွေးတောင်းတာကို ဝင်ရောက်မစွက်ဖက်နိုင်ပေ။

သူမလုပ်နိုင်တာအားလုံးက ချန်မိသားစု၏ များစွာသောအကြွေးတွေကို အပြစ်တင်ဖို့ပဲ ဖြစ်သည်။ ထိုအရာကြောင့် သူမကူညီချင်ရင်တောင် စွမ်းအားမဲ့သလို ဖြစ်နေခဲ့သည်။

“နင် လိမ်နေတာပဲ….”

ချန်းစီလင် မျက်ရည်တွေနှင့် အော်ပြောလိုက်၏။

“လွန်ခဲ့တဲ့ သုံးနှစ်က ငါ့အဖေ နင့်ဆီက ချေးခဲ့တာ ၁၀ သိန်းတည်းရယ်….”

“ပိုက်ဆံပြန်ပေးပြီးနောက်မှာ နင်ငါ့အဖေကို ချောင်းမြောင်း တိုက်ခိုက်လို့ အပြင်းအထန် ဒဏ်ရာသွားတာ…..”

“အခု ငါ့အဖေသေတော့မှ နင်က အကြွေး သိန်း ၅၀ လာတောင်းနေတာလား….”

ချန်းမိသားစုက သိန်း ၅၀ ပေးဖို့ မတတ်နိုင်ပေ။

တတ်နိုင်တယ်ဆိုလျှင်တောင် သူတို့မိသားစု ဥစ္စာပစ္စည်းတွေကို အကြောင်းမဲ့သက်သက် လာညစ်နေတာ ခွင့်ပြုမည်မဟုတ်ပေ။

မျက်နှာနက်ကျား ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“မင်းအဖေက အကြွေးပြန်ပေးပြီးပြီးပေါ့…. ဘယ်မှာလဲ စာချုပ်….”

ချန်းစီလင် ဒေါသတကြီး ပြန်ပြောလိုက်သည်။

“ငါ့အဖေက နင့်ကြောင့် ဒဏ်ရာရခဲ့တာလေ။ အဲ့ချိန်ကတည်းက သူသတိမေ့သွားတာ။ စာချုပ်သာရှိရင် အရင်ကတည်းက ငါတို့မှာရှိမှာပေါ့….”

ထိုအရာကို ကြားသည့်အခါ မျက်နှာကျား၏ မျက်လုံးတွေ မည်းမှောင်သွားခဲ့သည်။ သူက လက်ကို မြောက်ပြီး သူမမျက်နှာကို ရိုက်လိုက်၏။

“စာချုပ်မရှိဘူး, ဟုတ်လား…. ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ….”

သူ့လက်ဝါး ချန်းစီလင်မျက်နှာပေါ် ကျရောက်တော့မည့်အချိန်၌….

ထက်ရှသည့်ဓားတစ်လက်က သူမနားရွက်ကို ဖြတ်ကာ ပါးနပ်စွာထိုးသွင်းလိုက်၏။

မျက်နှာနက်ကျားကြောက်ရွံ့သွားခဲ့သည်။ သူက လက်အလျှင်အမြန်ပြန်ရုတ်ကာ နောက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်၏။

သူ့လက်ကိုကြည့်လိုက်သည့်အခါ ဓားချီဖြင့် ဖြတ်ပိုင်းရာတစ်ခုရှိနေခဲ့သည်။ သူက ချက်ချင်းပဲ နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်။

ဓားချီက သူ့လက်ကို ဖျက်စီးလုနီးပါးပဲ ဖြစ်သည်။

ဘယ်အချိန်က ချန်မိသားစုမှာ ထိုကဲ့သို့ စွမ်းအားကြီးသူ ရှိလာသနည်း။

မော့ကြည့်လိုက်သည့်အခါ နံပါတ် ၁ ထွင်းထားသည့် မျက်နှာဖုန်းဝတ်ထားတဲ့ လူတစ်ယောက် ချန်းစီလင်ဘေးကနေ ဖြည်းညင်းစွာထွက်ပေါ်လာခဲ့သည်။

“သူမကို ထပ်ထိရဲ့ထိကြည့်, ငါမင်းကို ဒုက္ခိတဖြစ်အောင် လုပ်ပေးမယ်….”

ဂျန်ဖန်း သူ့ဓားကို မျက်နှာနက်ကျားဆီသို့ ညွှန်ပြပြီး အေးစက်စွာပြောလိုက်သည်။

မျက်နှာနက်ကျား အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။

“မင်းဘယ်သူလဲ….”

သူလုပ်ငန်းလုပ်သည့်အခါ နာမည်ကြီးမိသာစုတွေကို ဘယ်တုန်းကမှ မကြောက်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် နာမည်ကြီးမိသားစုတွေ၌ အကြီးအကဲတွေနှင့် ကလေးတွေရှိတာပဲ ဖြစ်သည်။

သူတို့သာ မျက်နှာနက်ကျားကို တိုက်ခိုက်ရဲလျှင် သူက သူတို့မိသားစုတွေကို ပြန်လည်လက်စားချေမည်ပဲ ဖြစ်သည်။

သူက သူ့ရှေ့မှာရှိသည့် မျက်နှာဖုံးနှင့် လူမျိုးတွေကို အကြောက်ဆုံးဖြစ်သည်။

အထောက်အထားထူးခြားပြီး ခွန်းအား ကောင်းလွန်းလှ၏။

တိုက်ခိုက်ခံရလျှင် မျက်နှာနက်ကျား ဘယ်ကိုသွားလက်စားချေရမည်နည်း။

ဂျန်ဖန်း ချန်းစီလင်ရှေ့မှာ ရပ်လိုက်ပြီး ထူးမခြားနားစွာ ပြောလိုက်သည်။

“နံပါတ် ၁ အရိပ်စောင့်….”

ဘာနံမည်ကြီးလဲဟ?.....

မျက်နှာနက်ကျား ဒေါသထွက်သွားခဲ့သည်။ သို့ပေမယ့် တဖက်လူက သူ့အထောက်အထား ထုတ်ဖော်ရလောက်အောင် နုံ့အမနေဘူး ဆိုတာ သူသိ၏။

သူက လက်ချင်းယှက်လိုက်ပြီး အနည်းငယ်နှိမ့်ချစွာ ပြောလိုက်သည်။

“ဒီကညီငယ်လေး…. ငါက အကြွေးလာတောင်းရုံပါ…. ကျေးဇူးပြုပြီး ဝင်မပါပါနဲ့…..”

ဂျန်ဖန်း အနည်းငယ်မျက်မှောင်ကြုတ်သွား ခဲ့သည်။

အကြွေးပြန်တောင်းတာက မမှားပေ။

သာမန်အကြွေးပြန်တောင်းခြင်းဆိုလျှင် သူဝင်ပါမည်မဟုတ်ပေ။

သို့ပေမယ့် ထိုအရာက ငွေညစ်နေတာ ဖြစ်ပြီး လုံးဝမတူသည့်အရာဖြစ်သည်။

သူက ချန်းစီလင်ဘက်ကို လှည့်လိုက်သည်။

“မင်းပြောတာအမှန်တွေပဲလား….”

ချန်းစီလင် နံပါတ် ၁ အရိပ်စောင့်ကို စူးစမ်းစွာနှင့်ကြည့်နေခဲ့သည်။

သူက သူမကို ဘာကြောင့် ကာကွယ်ပေး လဲဆိုတာ နားမလည်နိုင်ဖြစ်နေခဲ့သည်။

ထို့ပြင် သူမက ဤကဲ့သို့ စွမ်းအားကြီး ပုဂ္ဂိုလ်မျိုးနှင့် မသိကျွမ်းပေ။

“ငါကျိန်ရဲပါတယ်… ဒါတွေက အမှန်တွေပါ….”

ချန်းစီလင် ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။

မျက်နှာနက်ကျားက လှောင်ပြောင်လိုက်၏။

“ကောင်းလိုက်တဲ့ ကျိန်ဆိုမှု, ငါကိုသက်သေ အခိုင်အမာပြလေ….”

“ဒီမှာ မင်းတို့ ချန်မိသားစုငွေချေးထားတဲ့ သက်သေ။ အတိုးနဲ့ဆိုရင် သုံးနှစ်အတွင်းမှာ သိန်း ၅၀ အတိအကျပဲ….”

“မင်းမှာစာချုပ်ရှိရင် ခုထုတ်လာလိုက်….”

သူတို့နှစ်ယောက်ပြောတာကို နားထောင်ပြီး ချန်းယုချို၏ အခြေအနေကို စဥ်းစားမိသည့်အခါ ဂျန်ဖန်း အကြံတစ်ခုရသွားခဲ့သည်။

သူက မျက်နှာနက်ကျားကို ကြည့်ပြီး ပြောလိုက်သည်။

“လူသေက သက်သေမလုပ်ပေးနိုင်ဘူးလို့ မင်းထင်နေလား….”

ဤအချိန်ကို မျက်နှာနက်ကျား ရွေးလာရသည့်အကြောင်းအရင်းက ချန်ယုချိုအသက်ရှင်နေသေးလားဆိုတာ သူမသေချာလို့ပဲဖြစ်သည်။

ယခု လုံးဝသေသွားပြီဖြစ်၍ သူက ငွေညစ်ရဲတာပဲဖြစ်သည်။

မျက်နှာနက်ကျားက ကြောက်ရွံ့မနေပေ။ သူက ထိုင်ခုံတစ်ခုဆွဲယူပြီးဈာပနခန်းမ အလယ်မှာ ထိုင်နေခဲ့သည်။

“မင်းတို့ဘာပြောပြော ကိစ္စမရှိဘူး…..”

“ငါက ငွေသိန်း ၅၀ မြင်ရဖို့ပဲ လိုတယ်…”

“အဲ့လိုမှမဟုတ်ရင် ချန်းယုချို ညိမ်းညိမ်းချမ်းချမ်း အနားယူရမယ် မထင်နဲ့….”

ထိုအရာကိုမြင်သည့်အခါ ဂျန်ဖန်း သူ့ထင်မြင်ချက်ကို ပိုလို့တောင် သေချာသွားခဲ့သည်။

သူက ပြတ်သားစွာပြောလိုက်သည်။

“ငါမင်းကို ပြောရမှာတော့ စိတ်မကောင်းပါဘူး…. ချန်မိသားစုခေါင်းဆောင်က ခုထိ မသေသေးဘူး….”

မျက်နှာနက်ကျား ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ သို့ပေမယ့် အစောပိုင်း ချန်ယုချို မျက်နှာကို တိတ်တဆိတ်စစ်ဆေးစဥ် ထိုအရာက သေနေသည့်အခြေအနေဆိုတာ သိသာ၏။ ထို့ကြောင့် သူက ပြန်လည်စိတ်အေးသွားခဲ့သည်။

သူက ပြုံးပြီး ထေ့ငေါ့စွာပြောလိုက်သည်။

“အို…. အထင်ကြီးစရာပဲ…. မင်းနှုတ်ခမ်းလေးလှုပ်ရုံနဲ့ သေတဲ့လူတောင် ပြန်အသက်ရှင်လာတယ်….”

ဂျန်ဖန်း သူ့ကို လျစ်လျူရှုထားလိုက်သည်။

သူက ချန်းစီလင်ဘက်ကို လှည့်ပြီး ပြောလိုက်သည်။

“မင်းအဖေမှာ သွေးခုန်နှုန်း နည်းနည်း ကျန်နေတုန်းပဲ….”

“အခုချိန် ကုသရင် သူ့ကိုကယ်ဖို့ အခွင့်အရေးရှိသေးတယ်….”

“မင်းကလန်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးလိုက်ပါ… မင်းတို့သဘောတူရင် ငါချက်ချင်းကုပေးမယ်။ မဟုတ်ရင်တော့ ငါလည်း ဘာမှလုပ်လို့မရတော့ဘူး….”

အစောပိုင်းက စိတ်အားထက်သန်နေသည့် မိသားစုဝင်တွေ ယခုချိန်မှာ အားလုံး တိတ်ဆိတ်နေကြပြီပဲဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်, ယခုလက်ရှိ၌ ချန်မိသားစုအတွက် တစ်ခုတည်းသော မျှော်လင့်ချက်က ချန်မိသားစုခေါင်းဆောင် အသက်ပြန်ရှင်လာတာပဲဖြစ်သည်။

ချန်းဝူဂျီ တစ်ယောက်သာလျှင် ပေါက်ပြားကို နောက်တစ်ကြိမ်ထမ်းပြီး အော်ပြောလိုက်သည်။

“ရဲတင်းလိုက်တာ…. ငါ ဒီမှာရှိနေသမျှ မင်း မိသားစုခေါင်းဆောင်ကို ထိ….”

သို့ပေမယ့်…..

သူက လျိုချီမင် ကြိမ်းမောင်းတာကို ခံလိုက်ရသည်။

“ကလန်အကြီးအကဲ, နင်က ချန်မိသားစု ပျက်ဆီးမှာကို မြင်ချင်နေတာလား…..”

“ဒီသခင်လေး မှန်မှန်မှားမှား သူ့ကို ကြိုးစားခွင့်ပေးလိုက်ပါ။ သေမှာထိုင်စောင့်နေရာတာထက်စာရင်တော့ ကောင်းပါသေးတယ်….”

ပြောပြီးသည်နှင့် သူမက အရိုအသေပေးလိုက်သည်။

“သခင်လေး, ကျေးဇူးပြုပြီး ငါ့ယောက်ျားကို ကယ်ပေးပါ…. ချန်းမိသားစုကို ကယ်တင်ပေးပါ….”

ချန်းစီလင်မျက်လုံးတွေလည်း ပိုလို့တောင် နီရဲလာခဲ့သည်။

အစောပိုင်းတုန်းက သူက နံပါတ် ၁ အရိပ်စောင့်ကို မယုံကြည်ခဲ့ပေ။ သို့ပေမယ့် အစောပိုင်း မတော်တဆမှု ပြီးနောက် ဤနံပါတ် ၁ အရိပ်စောင့်က သူမကို ကာကွယ်ပေးနေသည်ဟု ခံစားရ၏။

သူမအဖေ အမှန်တကယ် မသေသေးပဲ အသက်ပြန်ရှင်လာနိုင်သေးတာပဲဖြစ်သည်။

ဒုန်း!

သူမက ဒူးထောက်ချလိုက်သည်။

“သခင်လေး, နင်သာ ငါ့အဖေကို ကယ်ပေးရင် ငါ နင့်ကို တစ်သက်လုံး မြင်းလိုနွားလို အလုပ်အကျွေးပြုပါ့မယ်။”

“မင်းက ကြင်နာလွန်းနေပါပြီ….”

ဂျန်ဖန်းသူမကို မတ်တပ်ရပ်ဖို့ ကူညီပေးလိုက်ပြီး ပြောလိုက်သည်။

“မင်းတို့အားလုံး မကန့်ကွက်မှတော့ ငါ စတင်ကုသတော့မယ်….”

သူက ချန်းယုချို ခန္ဓာကိုယ်နားကို ချဥ်းကပ်သွားခဲ့သည်။ ထို့နောက် မသေမျိုးဆေးကျမ်းထဲမှ ဆေးပညာကို အသုံးပြုပြီး အသက်ရူနိုင်အောင် ချန်းယုချို ဝိညာဥ်စွမ်းအင်တွေကို လှည့်ပတ်ပေးလိုက်၏။

တစ်ချိန်တည်းမှာပဲ သူက အဓိကအပ်စိုက်မှတ် အမျိုးမျိုးကို ဖိနှိပြီး ရပ်တန့်လုနီးပါးဖြစ်နေသည့် ကိုယ်တွင်းအစိတ်အပိုင်းတွေကို လုံ့ဆော်လိုက်၏။

အမွေးတိုင်တစ်တိုင်စာအချိန် ကုန်သွားပြီးနောက်….

ဂျန်ဖန်း တစ်ကိုယ်လုံးချွေးတွေ စိုဆွဲနေပြီ ဖြစ်သည်။ သို့ပေမယ့် ချန်းယုချိုက အသက်ပြန်ရှင်မည့် လက္ခဏာမပြသေးပေ။

မျက်နှာနက်ကျား စိတ်သက်သာယာ ရသွားပြီး သူ့ခေါင်းကိုကိုင်ပြီး ပြောလိုက်သည်။

“တော်လောက်ပြီး…. လှည့်ကွက်တွေ သုံးမနေနဲ့တော့…..”

“အကြွေးကို ချန်းမိသားစု ပြန်ပေးရမယ်….”

အစောပိုင်း မျှော်လင့်ချက်တွေနှင့် ပြည့်နှက်နေသည့် ချန်းစီလင်မျက်လုံးတွေ လည်း ယခု ထိုင်းမှိုင်းနေပြီပဲ ဖြစ်သည်။

သူမမျက်နှာက ဝမ်းနည်းမှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

သူမ အရမ်းရူးလွန်သွား၏။

သေပြီသည့်လူက ပြန်ရှင်လာမည်ဟု အမှန်တကယ်ယုံကြည်နေခဲ့သည်။

ကျူးဂျန်ရှန်နှင့် ချန်းဝူဂျီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လှောင်ပြောင်သည့် အမူအရာတွေပြသလာကြသည်။

ချန်းမိသားစုဝင်တွေလည်း အတော်လေး စိတ်ပျက်နေကြသည်။

သို့ပေမယ့်….

ရုတ်တရက်, အားနည်းသည့် ညည်းညူသံ တစ်ခု ခေါင်းတလားထဲမှ ထွက်ပေါ်လာခဲ့သည်။

All Chapters