← Chapters

ချန်းစီလင်၏ နာလည်မှုလွဲခြင်း

Vol. 4 Ch. 50

ချန်းစီလင်၏ နာလည်မှုလွဲခြင်း

Vol. 4 Ch. 50

“ဒါတွေကဘာတွေလဲ…. အတူးတွေလား….”

ဂျန်ဖန်း အံ့အားသင့်စွာနှင့် မေးလိုက်သည်။

ချန်းစီလင်က သူ၏ ဆန့်ကျင်ဘက်မှာ ထိုင်နေခဲ့သည်။

သာမာန်အချိန်တွေကဲ့သို့ ဂုဏ်သရေရှိအမျိုးသမီးတစ်ဦး၏ ကျက်သရေရှိအမူအရာနှင့် မတူပဲ သူမက ဆီတွေပေကျံနေသည့် ရှေ့ဖုံးခါးဆီးကို တမင်တကာ ဝတ်ဆင်ထားခဲ့သည်။

သူမ၏ နူးညံ့ချောမွေ့သည့်လက်လေးတွေကလည်း ဆီတွေနှင့်ပေကျံနေခဲ့သည်။

အစောပိုင်းက ရင်သက်ရှုမောဖွယ်လှပသည့် မျက်နှာလေးတောင် မီးခိုနှင့် ဆီတွေပေကျံနေပြီး ဆံပင်တွေကလည်း ညစ်ပေဆုပ်ပွနေခဲ့သည်။

သူမက အလုပ်ကြမ်းလုပ်ရသည့် အစေခံတစ်ယောက်နှင့် တူနေခဲ့သည်။

“နင်က ဟာသတွေပြောနေတာပဲ, သခင်လေး…. ဒီအစားအစာတွေကို ငါကိုယ်တိုင်ချက်ခဲ့တာ….”

ချန်းစီလင်အားတင်ပြုံးလိုက်ပြီး အဆင်မပြေသည့်ပုံဖမ်းလိုက်၏။

“အသွင်အပြင်က ဆွဲဆောင်မှုမရှိပေမယ့် အရသာကတော့ တကယ်ကောင်းပါတယ်….”

“ဘာလို့စားမကြည့်တာလဲ…..”

မဖြစ်နိုင်တာ….

ဂျန်ဖန်း စာပွဲအပြည့်ဟင်လျာတွေကို ကြောင်အသည့်အမူအရာနှင့် ကြည့်နေပြီး သက်ပြင်းချလိုက်သည်။

“ပြောရရင် မင်းက ချက်ပြုတ်တဲ့နေရာမှာ တကယ်မတော်ဘူးပဲ….”

“ကလေးတောင် မင်းထက်ကောင်းအောင် ချက်တတ်တယ်…..”

ချန်စီလင် ဝမ်းနည်းသွားမည်ဟု ဂျန်ဖန်း တွေးလိုက်၏။

သို့ပေမယ့် မမျှော်လင့်စွာနှင့်ပဲ သူမ တိတ်တဆိတ်ကျေနပ်နေပြီး စိတ်ထဲက တွေးလိုက်သည်။

‘ဟုတ်တယ်… ဟုတ်တယ်…. ငါက လုံးဝ မချက်နိုင်ဘူး။ မြန်မြန်လေး ငါ့ကို မုန်းလိုက်တော့….”

သူမ၏အမူအရာကိုဖုံးကွယ်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်။

“ငါ အရမ်းကြိုးစားထားတာပါနော်…..”

ဂျန်ဖန်း ထိုကိစ္စနှင့်ပတ်သက်ပြီး သူမကို ခက်ခဲအောင်မလုပ်ချင်ပေ။ အစောပိုင်းတုန်းက သူမ ဘာကြာင့် စိတ်ထိခိုက်စွာ ငိုနေလဲဆိုတာသာ သူသိချင်၏။

“သခင်မလေးချန်း, ခန်းမထဲမှာတုန်းက ငါမင်းကို အမှားလုပ်မိသေးလား….”

ထိုအရာကိုတွေးမိသည့်အခါ သူ သူမအား အမှတ်မထင် အမှားလုပ်မိသည်ဟု ထင်လိုက်၏။

ချန်းစီလင် တစ်ခဏကြောင်အသွားခဲ့ သည်။

ဈာပနခန်းမထဲ၌ ဂျန်ဖန်းက ပထမဆုံး သူမကို ကယ်ခဲ့၏။ ထို့နောက် သူမအဖေနှင့် ချန်မိသားစုတစ်ခုလုံးကို ကယ်တင်ခဲ့၏။

သူမက သူ့ကို ကျေးဇူးတောင် ကောင်းကောင်း မတင်ရသေးပေ။

သူ ဘယ်အချိန်က သူမကို အမှားပြုလုပ်မိသနည်း။

သူမက လက်ကို အလျှင်အမြန်ဝှေ့ယမ်း လိုက်ပြီး ရှင်းပြချင်နေ၏။ သို့ပေမယ့် ဘာကြောင့်ရှင်းပြရမည်နည်း။

ယခုချိန်၌ သူမအလိုချင်ဆုံးက သူ သူမကို မကြိုက်ဖို့ပဲ ဖြစ်သည်။

ထို့ကြောင့် သူမက ရင်ဘတ်ရှေ့မှာ လက်ပိုက်လိုက်ပြီး စကားတစ်လုံးမှ မပြောပဲ ခေါင်းမော့ထားလိုက်သည်။

သူမညာဖက်ခြေတောက်က မြေပြင်ကို ခပ်ဖွဖွပုတ်နေခဲ့သည်။

သူမက တိတ်တဆိတ် ဒေါသတကြီး ခြေဆောင့်လိုက်ပြီး သူ့ကို ခန့်မှန်းခိုင်းလိုက်၏။

ဂျန်ဖန်း အချိန်အတော်ကြာ စောင့်နေခဲ့သည်။ သူမပုံစံကိုမြင်သည့်အခါ သူ့မျက်လုံးတွေကို အမှတ်မထင် ဝှေ့ဝိုက်ကြည့်လိုက်သည်။

ဘယ်သူက ခန့်မှန်းချင်လို့လဲ….

ဤမျိုးသမီးက တကယ် စိတ်ပျက်ဖို့ ကောင်း၏….

“ကောင်းပြီလေ, မင်း မပြောချင်မှတော့…”

ဂျန်ဖန်း စိတ်ပျက်သွားပြီး ထွက်သွားဖို့ ပြင်လိုက်၏။

သို့ပေမယ့် သူက မတရားဘူးဟုခံစားရ၏။

ဘာကြောင့်လဲ….

သူက ချန်မိသားစုကို များစွာကူညီခဲ့၏။ သို့ပေမယ့် သူက ဤကဲ့သို့ ဆက်ဆံခံနေရ၏။

သူက တူကိုချထားလိုက်ပြီး အေးစက်စွာပြော လိုက်သည်။

“ငါ့ပုခုံးတွေကိုက်ခဲနေတယ်…. နှိပ်ပေးအုန်း….”

ယနေ့ ဘာပဲဖြစ်ဖြစ် သူ့ဂုဏ်သိက္ခာကို ပြန်လည်ရယူရမည်ဖြစ်၏။

ချန်းစီလင် တိတ်တဆိတ် ဂျန်ဖန်းကို အထင်သေးစွာကြည့်လိုက်သည်။

‘ကြည့်လေ…. အဲ့ဒီမှာ မြေခွေးအမှီးက ပေါ်လာပြီ….’

‘သူက စားတောင်မစားရသေးဘူး, ငါ့ကို နှိပ်ခိုင်းနေပြီ….’

“သူ့အကြံကို လူတိုင်းသိတယ်….”

သူမ တောင်တစ်လုံးကဲ့သို့ တုတ်တုတ်မှ မလှုပ်မယက်ထိုင်နေသည်ကို မြင်သည့်အခါ ဂျန်ဖန်းက ချောင်းဟန့်ပြီး ပြောလိုက်သည်။

“မင်းအဖေက ငါ့ကို ကောင်းကောင်း ဂရုစိုက်ဖို့ မပြောလိုက်ဘူးလား….”

“ငါ့ပုခုံးကိုနှိပ်ဖို့ မင်းအတွက်အရမ်းခက်ခဲ နေရင် မင်းအဖေကို သွားပြောမှ အပြစ်မတင်နဲ့….”

ဒီခွေးကောင်ကတော့…..

တကယ် စက်ရှုပ်ဖို့ကောင်းတာပဲ….

သူမက နှုတ်ခမ်းကိုကိုက်လိုက်ပြီး တွန့်ဆုတ်စွာနှင့် ဂျန်ဖန်း နောက်ကို သွားလိုက်သည်။

စိတ်ထဲမှာ သူမက သူ့ခေါင်းကို ရက်စက်သည့်ပုံစံတွေလုပ်ပြနေခဲ့သည်။

ထို့နောက် လက်ကို တွန့်ဆုတ်စွာ ဆန့်ထုတ်လိုက်ပြီး ဂျန်ဖန်း ပုခုံးကို နှိပ်ပေးလိုက်၏။

ဒါပေါ့ သူမ သေချာပေါက် ညင်ညင်သာသာ မလုပ်ပေ။

နှိပ်ချက်တိုင်း၌ သူမအားကုန်ကို အသုံးပြုထားခဲ့သည်။

ကံကောင်းစွာနှင့်ပဲ ဂျန်ဖန်းက ချီကျင့်ကြံခြင်းအဆင့် ၉ ကို ချိုးဖြတ်ပြီးပြီဖြစ်၏။ သူ့အရေပြားက အခြားလူထက် အများကြီးပိုမာတာပဲ ဖြစ်သည်။

ထို့ကြောင့် သူမအားကုန်သုံးတာက ဂျန်ဖန်းအတွက် အနေတော်ဖြစ်နေခဲ့သည်။

“မဆိုဘူးဟ…. မင်းအားသုံးတာ အနေတော်ပဲ…. ကြည့်ရတာ မင်းက ဒီလိုအလုပ်မျိုးအတွက် ပါရမီရှိတယ်နဲ့ တူတယ်….”

ဂျန်ဖန်း ချီမွမ်းလိုက်၏။

ထိုအရာကြောင့် ချန်းစီလင် စိုးရိမ်သွားခဲ့ သည်။

ဤနံပါတ် ၁ အရိပ်စောင့် သူမအား သဘောကျတာ မလိုချင်ပေ။ သဘောမကျဖို့ပဲ အလိုရှိ၏။

ထို့ကြောင့် အနည်းငယ်နှိပ်ပြီးနောက် သူမက ပင်ပန်းဟန်ဆောင်ကာ မောပန်းစွာ ပြောလိုက်သည်။

“ငါဆက်မနှိပ်နိုင်တော့ဘူး…. ငါလက်တွေ အရမ်းကို ညောင်းကိုက်ပြီး အားကုန်နေပြီ….”

တကယ်လား?....

သူမ အချက်ရေ အနည်းငယ်ပဲ နှိပ်ရသေးတာဖြစ်၏။

သူမတမင်လုပ်တာ အရူးတောင်သိနိုင်တာပဲ ဖြစ်သည်။

သူ သူမကို ဆက်လက်နှိပ်ခိုင်းတော့မည့် အချိန်မှာ….

ရုတ်တရက် သူက တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။

“အမ်, မင်းသွေးခုန်နှုန်းက နည်းနည်း မူမမှန်ဘူးနဲ့တူတယ်….”

ဂျန်ဖန်းတစ်ဖက်လှည့်ပြီး သွေးခုန်နှုန်း စမ်းသပ်ဖို့ သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။

သို့ပေမယ့် ချန်းစီလင်က သူမလက်ကို အလျှင်အမြန်ဆွဲယူလိုက်ပြီး စိတ်ထဲမှာ စက်ဆုပ်ရွံ့ရှာမှုတွေ တိုးလာခဲ့သည်။

‘နင်က ပိုပို ရဲတင်းလာတာပဲ….’

‘ပထဆုံး နှိပ်ခိုင်းတယ်။ အခုကျ ငါ့လက်ကို အခွင့်ရေးယူပြီးကိုင်ပြန်တယ်….’

‘နောက်တစ်ဆင့်ဆို ဒီထက်ပိုတာတွေ လုပ်တော့မှာမလား….’

‘ငါ့ နင့်အကြံကို ကောင်းကောင်းသိတယ်….’

ဂျန်ဖန်းပုံရိပ်က သူမစိတ်ထဲမှာ အမှတ်မထင်ပေါ်လာခဲ့သည်။

သူလည်း စွမ်းအားကြီးလူတစ်ယောက်ဖြစ်ပေမယ့် ဘယ်လောက်တောင် ယဥ်ကျေးပြီး နှိမ့်ချလိုက်သနည်း။

သူမနှင့် နှစ်ယောက်တည်းရှိချိန်တိုင်း ဂျန်ဖန်းက အမြဲအကွာအဝေးထိန်းထားပြီး လူကြီးလူကောင်းဆန်စွာပြုမူတာပဲ ဖြစ်သည်။

ဤနံပါတ် ၁ အရိပ်စောင့်နှင့် လုံးဝမတူပေ။

အခွင့်ရေးယူဖို့ နည်းလမ်းတွေရှာနေတာ အမှန်တကယ် စက်ဆုပ်ဖို့ ကောင်းတာပဲ ဖြစ်သည်။

သူက ဂျန်ဖန်း၏ ၁ ရာခိုင်းနှုန်းနှင့်တောင် မယှဥ်နိုင်ပေ။

“မလိုဘူး… ငါနေကောင်းတယ်….”

ချန်းစီလင် အေးစက်စွာ ငြင်းဆန်လိုက်၏။

သို့ပေမယ့် ဂျန်ဖန်းက တစ်စုံတစ်ခုကို အမှန်တကယ်ပဲ စမ်းသပ်မိ၏။

သူက သူမအသွင်းအပြင်ကို အံ့အားသင့်စွာနှင့်ကြည့်ရှုစစ်ဆေးနေခဲ့သည်။ သို့ပေမယ့် တစ်ခုမှ မူမမှန်တာမတွေ့ပေ။

“နေလည်းကောင်းပါတယ်…. ဒါက တကယ်ကို ထူးဆန်းတယ်….”

“သခင်မလေးချန်း, ဆေးသောက်ရမှာ ကြောက်တာနဲ့ပဲ မင်းဖျားတာကို ဖုံးကွယ်မထားပါနဲ့။ ငါမင်းကို မညာပါဘူး…”

“ငါကို စမ်းသပ်ခွင့်ပြုပါ… တစ်ချက်ကြည့်ရုံနဲ့ ငါတန်းသိမှာပါ….”

ချန်းစီလင် စိတ်ထဲမှာ လှောင်ပြောင်လိုက်၏။

‘အခွင့်ရေးယူဖို့ မအောင်မြင်တော့ ငါ့ကို လာခြောက်နေတယ်ပေါ့…..”

သူမက ထိုအကွက်ထဲ ကျသွားလိမ့်မည် မဟုတ်ပေ။

“မလိုဘူး… ငါလုံးဝကို အကောင်းတိုင်းပဲ….”

သူမက မျက်လုံးတွေကို ဝှေ့ဝိုက်ကြည့်လိုက်ပြီး စာပွဲပေါ်က ညာစာကို မယဥ်ကျေးစွာ ညွှန်ပြလိုက်သည်။

“သခင်လေး, နင် မြန်မြန်စားတာ ပိုကောင်းလိမ့်မယ်….”

“စာပြီးရင် နင့်အခန်းလိုက်ပို့ဖို့ အစေခံတစ်ယောက်လွတ်လိုက်မယ်….”

သူမက ဤနံပါတ် ၁ အရိပ်စောင့်ကို အခွင့်အရေးမပေးဖို့ ဆုံးဖြတ်လိုက်၏။

သို့ပေမယ့် ဂျန်ဖန်းက သူမအခြေအနေကို အမှန်တကယ်စိုးရိမ်နေခဲ့သည်။

ထိုသွေးခုန်နှုန်း… ထိုအရာက သာမန်ဖျားနှာတာမဟုတ်ပေ။

သူမက ကြယ်သုံးလုံး ဝိညာဥ်သခင်နေရာကို အမည်မသိစွမ်းအားကြီးရန်သူဆီမှ ဖုံးကွယ်ပေးဖို့ သူ့အားကူညီခဲ့၏။

ထိုအရာကို တွေးပြီး ဂျန်ဖန်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“တောင်ပန်ပါတယ်…. သခင်မလေးချန်း….”

ချန်းစီလင်ကြောင်အသွားပြီး အလျှင်အမြန်မတ်တပ်ရပ်လိုက်သည်။ သူမက ရင်ဘတ်ရှေ့မှာ လက်ကို ကာထားပြီး သတိကြီးစွာနှင့်ပြောလိုက်သည်။

“နင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ….”

စကားတစ်ခွန်းမှမပြောပဲ ဂျန်ဖန်း ရှေ့ကို အလျှင်အမြန်တက်လာကာ သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ဖို့ ဆန့်ထုတ်လိုက်၏။

“နင်လုပ်ရဲလား….”

ချန်းစီလင် အော်ဟစ်လိုက်ပြီး ထိပ်ထိပ်ပျာပျာနှင့် နောက်ဆုတ်သွားခဲ့သည်။

သို့ပေမယ့် သူမနှောက်မှာ စင်္ကြံမြင့်တစ်ခု ရှိနေပြီး ခလုတ်တိုက်ကာ နောက်ကို လဲကျသွားခဲ့သည်။

ထိုအရာက ကိစ္စမရှိသေးပေ။ ကိစ္စရှိတာက သူမက ဂျန်ဖန်းလက်ကို ဆွဲပြီး သူ့ကိုပါ သူမနှင့်အတူ ဆွဲချသွားခဲ့သည်။

ထို့ကြောင့် ရှက်စရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဂျန်ဖန်း ချန်းစီလင် အပေါ်မှာ လဲကျနေပြီး သူတို့နဖူးတွေက တစ်ခုနှင့်တစ်ခု ဖိကပ်နေခဲ့သည်။

သူတို့က တစ်ယောက်အသက်ရူသံ တစ်ယောက် ကြားနိုင်တာပဲ ဖြစ်သည်။

နည်းနည်းလောက်ထပ်နီးကပ်လိုက်နှင့် သူတို့နှုတ်ခမ်းတွေက ထိသွားတော့မည်ပဲ ဖြစ်သည်။

ယောက်ျားတစ်ယောက်ဖြစ်သည့် ဂျန်ဖန်းတောင် ချက်ချင်းရှက်သွားပြီး အလျှင်အမြန်မတ်တပ်ထရပ်ကာ ပြောလိုက်၏။

“ငါ တောင်းပန်ပါတယ်…. ငါရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပါဘူး….”

သို့ပေမယ့် ချန်းစီလင်က ဒေါသကြောင့် တုန်ယင်နေခဲ့သည်။

တကယ်ပဲ သူမက ကြိုတင်ခန့်မှန်း ထားသည့်အတိုင်းပင်ဖြစ်၏။

ဤအရှက်မရှိသည့်ကောင်က အသားယူဖို့ နည်းလမ်းရှာနေတာပဲဖြစ်ပြီး နောက်တစ်ဆင့်ဆို တိုက်ရိုက် အခွင့်ရေးယူတော့မှာပဲဖြစ်သည်။

ချန်းစီလင် ကြောက်သွားခဲ့သည်။

သူမက သူမရည်ရွယ်ချက်ကို နောက်ထပ် ဖုံးကွယ်မထာားတော့ပဲ မတ်ရပ်လိုက်ပြီး နောက်ဆုတ်သွားခဲ့သည်။ ထို့နောက် အေးစက်စွာပြောလိုက်သည်။

“ဆရာ, ကိုယ့်ကိုယ်ကို လေးစားမှုရှိပါ…”

“ငါ့နှလုံးသားထဲမှာ တစ်စုံတစ်ယောက် ရှိနေပြီသား၊ အခြားယောက်ျားတစ်ယောက်ကို လက်ခံမှာမဟုတ်ဘူး….”

“နင် ရှေ့ဆက်တိုးမယ်ဆိုရင် ငါ့ကိုယ်ကို သတ်သေလိုက်မယ်….”

အမ်….

ဂျန်ဖန်း ကြောင်အသွားခဲ့သည်။

ချန်းစီလင် တစ်စုံတစ်ခုကို နားလည်မှုလွဲနေသည်လား….

“သခင်မလေးချန်း, ငါပြောတာနားထောင်ပါ၊ တကယ်….”

“ရှင်းပြဖို့မလိုပါဘူး…..”

ချန်းစီလင် ကျယ်လောင်စွာ ကြားဖြတ်ဝင်ပြောလိုက်၏။

“နင်တွေးနေတာကို ငါကောင်းကောင်းသိတယ်….”

“ဟုတ်ပါတယ်... နင်က ငါတို့ ချန်းမိသားစု တစ်ခုလုံးကိုကယ်တင်ခဲ့တယ်။ နင်ကို ကျေးဇူးတင်ဖို့ ငါတို့ အရာရာကို လုပ်သင့်ပါတယ်….”

“ဒါပေမယ့် ငါနင့်ကို လက်မထပ်နိုင်ဘူး….”

“နင်နားလည်ဖို့ ငါမျှော်လင့်တယ်…”

ဂျန်ဖန်း သွေးတိုးချင်သလိုဖြစ်သွားခဲ့သည်။

သူက မျက်နှာဖုံးကိုချွတ်လိုက်ပြီး ပြောလိုက်သည်။

“ချန်းစီလင်, မင်းခေါင်းထဲမှာ တကယ်ပဲ ဘာတွေရှိနေတာလဲ….”

All Chapters