← Chapters

မင်းမှာကိုယ်ဝန်ရှိနေပြီ

Vol. 4 Ch. 51

မင်းမှာကိုယ်ဝန်ရှိနေပြီ

Vol. 4 Ch. 51

“နင့်ခေါင်းထဲမှာ ဘာတွေရှိနေ….”

ချန်းစီလင် သဘာဝအတိုင်း ပြန်လည်ချေပဖို့ပြင်လိုက်၏။ သို့ပေမယ့် မျက်နှာဖုံးအောက်က မျက်နှာကိုမြင်သည့်အခါ သူမပြောနေတာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

“ဂျန်…. ဂျန်ဖန်း?.....”

သူမက သူမမျက်လုံးတွေသူမ မယုံနိုင် ဖြစ်နေပြီး စိတ်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားခဲ့သည်။

“မင်းခေါင်းထဲမှာ ဘာတွေရှိနေတာလဲ…. ငါ့ကို တဏှာရူးများထင်နေတာလား….”

အာ…

ချန်းစီလင် လုံဝမွန်ထူသွားခဲ့သည်။

ထို့နောက် သူမ၏ ညစ်ပတ်ပေရေနေသည့် အသွင်အပြင်၊ သူမပြုလုပ်ခဲ့သည့် ဆိုးရွားလှသည့် ဟင်းတွေ၊ သူမ၏ ဆိုးရွားသည့်ပုံရိပ်တွေကို တွေးမိသည့်အခါ….

ရုတ်တရက် သူမ အတော်လေး စိတ်ပျက်အားငယ်သွားခဲ့သည်။

သူမအကြိုက်ဆုံးလူရှေ့၌ သူမ၏ ရှက်စရာအကောင်းဆုံးဘက်ခြမ်းကို ပြသခဲ့၏။

“ငါ နောက်ထပ် အသက်မရှင်ချင်တော့ဘူး….”

သူမက ဆောင့်ကြောင့်ထိုင်လိုက်ပြီး မျက်နှာကိုလက်နှင့်ကာကာ အော်ငိုလိုက်သည်။

ဆူညံသံတွေကြားသည့်အခါ ချန်းယုချို ရောက်လာခဲ့သည်။

သမီးဖြစ်သူ မြေပြင်မှာဆောင်ကြောင့် ထိုင်ပြီး ငိုနေတာမြင်သည့်အခါ အနိုင်ကျင့်ခံရသည်ဟု တွေးလိုက်မိ၏။

သူ့နှလုံးသာက နာကျင်သွားပြီး သူ့ကိုယ်သူ အပြစ်တင်လိုက်၏။

“အဖေတောင်းပန်းပါတယ် စီလင်, အဖေမင်းကို ဒီလိုမလုပ်ခိုင်းခဲ့သင့်ဘူး….”

ထို့နောက် သူက ဂျန်ဖန်းကို ကြည့်ပြီး တည်ကြည်စွာပြောလိုက်သည်။

“ကျေးဇူးပြုပြီး နောက်နေ့မှပြန်လာခဲ့ပါ။ ချန်မိသားစုမွဲသွားရင်တောင် ငါတို့ မင်းရဲ့ ကြင်နာမှုကို ပြန်ပေးမှာပါ….”

ချန်းစီလင် သူမမျက်ရည်တွေကို အလျှင်အမြန်သုတ်လိုက်ပြီး ရှင်းပြလိုက်သည်။

“မဟုတ်ဘူး… မဟုတ်ဘူး…. အဖေထင်သလိုမဟုတ်ဘူး…. ငါ အနိုင်ကျင့်မခံရပါဘူး….”

“ငါတို့ နားလည်မှုလွဲနေတာ….”

သူမ ဂျန်ဖန်း၏ အထောက်အထားကို ရှင်းပြပြီးနောက် ချန်းယုချို ရုတ်တရက် နားလည်သွားခဲ့သည်။

လက်စသတ်တော့ သူက အတွေးလွန်နေခဲ့ တာဖြစ်သည်။

ဂျန်ဖန်းက အမှန်တကယ်ပဲ သူ့သမီး အခင်ဆုံးသူငယ်ချင်း၏ သတို့သားဖြစ်၏။

“ငါဝင်ရှုပ်လိုက်တာကိုကြည့်စမ်း….”

ချန်းယုချိုမျက်နှာက ရှုက်ရွံမှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။ သူက အဆက်မပြတ် အရိုအသေပေးနေပြီး တောင်းပန်လိုက်၏။

“ငါ အမြင်ကျဥ်းပြီး မင်းကိုနားလည်မှု လွဲသွားတယ်….”

“တောင်ပန်းပါတယ်….”

ချန်းယုချို ကို့ရို့ကားယားနှင့် စားပွဲပေါ်မှ ဝိုင်ကိုယူလိုက်ပြီး ဂုဏ်ပြုဖို့ပြင်လိုက်၏။

ရုတ်ရက်, သူက စာပွဲပေါ်က ကြောက်စရာကောင်းသည့်အစားအစာတွေကိုမြင်သည့်အခါ ဒေါသထွက်သွားခဲ့သည်။

“ဘယ်စာဖိုမှုးက ဒီအစားအစာတွေလုပ်ခဲ့တာလဲ….”

“ငါ့ချန်မိသားစုမှာ နောက်ထပ် အလုပ်မလုပ်ချင်တော့ဘူးနဲ့တူတယ်….”

ချန်းစီလင် သူမမျက်နှာကို လက်နှင့်ကာလိုက်၏။

“အဖေ…. တော်တာ့…. ဒါတွေကို သမီးလုပ်ခဲ့တာ….”

“ငါ… ငါ… အသစ်တစ်ပွဲပြန်ပြင်လိုက်ပါ့ မယ်….”

အာ?....

ချန်းယုချို ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ကို့ရို့ကားယားဖြစ်သွားခဲ့ သည်။

“မင်းကိုအရှက်ရစေမိပြီ… ငါ စီလင်ကို ပြန်ပြင်ခိုင်းလိုက်ပါ့မယ်….”

“မလိုအပ်ပါဘူး….”

ဂျန်ဖန်း လက်ဝှေ့ယမ်းလိုက်သည်။

“ငါ ဗိုက်မဆာဘူး။ ချန်းစီလင်ရဲ့ အခြေအနေကို အရင်စစ်ဆေးကြတာပေါ့…”

“ဒီတစ်ကြိမ် မင်းသွေးခုန်နှုန်း ငါ့ကိုစမ်းသပ်ခွင့်ပြုလို့ရမလား…”

ချန်းစီလင်ပိုလို့တောင် ရှက်သွားခဲ့သည်။

လက်စသတ်တော့ ဂျန်ဖန်းက အမှန်တကယ် သူမဖျားနှာမှုကို စမ်းသပ်ပေးဖို့ပဲ ဖြစ်သည်။ သို့ပေမယ့် သူမက သူမကိုအခွင့်ရေးယူမည်ဟု အထင်မှားခဲ့၏။

အလွန်ရှက်ရွံ့သွားပြီး မျက်နှာကို အင်္ကျီလက်နှင့်ကာလိုက်ပြီး အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်သည်။

ချန်းယုချို အံ့အားသင့်သွားခဲ့သည်။

“သခင်လေးဂျန်, ငါ့သမီးက ဖျားနေတာလား… တော်တော်လေး ပြင်ထန်လား…”

ဂျန်ဖန်း ဆေးပညာက သူ့ကို အံ့အားသင့်စေပြီပြီပဲဖြစ်သည်။

သူ့ဆေးပညာက အံ့ဖွယ်လို့ပြောရင်တောင် ချဲ့ကားပြောရာရောက်မည်မဟုတ်ပေ။

ဂျန်ဖန်း၏ ရုတ်တရက် လေးနက်သွားမှုက ချန်းယုချို နှလုံးသားကို ခုန်ပေါက်သွားစေခဲ့သည်။

“စစ်ဆေးပြီးတဲ့နောက်မှာ သိပါလိမ့်မယ်…”

ခဏကြာပြီးနောက် ထူးဆန်းသည့်အမူအရာတစ်ခု သူ့မျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။

“သွေးခုန်နှုန်းက ပြန်လှန်လှိုင်းတွေနဲ့ ချောမွေ့ပြီး စည်းချက်မှန်နေတယ်။ ဒါက ဝက်ဝံကြွသံနှလုံးခုန်သံရဲ့ လက္ခဏာပဲ…”

ချန်းစီလင်မျက်လုံးတွေက ရှက်ရွံနေဆဲ ဖြစ်ပြီး စိတ်ရှုပ်ထွေးစွာနှင့် မေးလိုက်သည်။

“ဝက်ဝံကြွသံနှလုံးခုန်သံက ဘာလဲ….”

ဂျန်ဖန်း ချန်းစီလင်၏ ဝမ်းဗိုက်အောက်ပိုင်းကိုကြည့်လိုက်ပြီး တွေဝေနေခဲ့သည်။

“ကိုယ်ဝန်ရှိနေတာ….”

ခရက်!

ချန်းယုချို လက်ထဲက ဝိုင်ခွက်ပြုတ်ကျသွာပြီး အစိတ်စိတ်အမွာမွာ ကွဲကျေသွားခဲ့သည်။

သူမျက်လုံးတွေက တုန်လှုပ်မှုကြောင့် ပြူးကျယ်နေပြီး သူ့သမီးကိုကြည့်လိုက်သည်။

ချန်စီလင်လည်း မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။

“ကိုယ်… ကိုယ်ဝန်ရှိနေတာ….”

တုန်လှုပ်နေစဥ်အတွင်းမှာပဲ ကြီးမားသည့် စော်ကားခံရမှုတစ်ခုက သူမနှလုံးသားထဲမှာ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် ထိုစကားတွေက ဂျန်ဖန်း ပါးစပ်မှထွက်လာသောကြောင့် သူမ ပိုလို့တောင် အစော်ကားခံရတယ်လို့ ခံစားရပြီး မျက်လုံးတွေ လျှင်မြန်စွာနီရဲလာခဲ့သည်။

“ငါက သန့်စင်တယ်။ ငါ ယောက်ျားတစ်ယောက်လက်ကိုတောင် ထိဖူးတာမဟုတ်ဘူး….”

ချန်းယုချိုလည်း တုန်လှုပ်နေရာမှ သတိပြန်ရလာခဲ့သည်။

သူရှေ့ကလူက ဆေးဆရာသာမဟုတ်ဘူး ဆိုလျှင် သူက အဝေးကိုရိုက်ထုတ်လိုက်မည်ပဲဖြစ်သည်။

“သခင်လေးဂျန်, ကျေးဇူးပြုပြီး သေချာလေး စစ်ဆေးပေးပါ… ငါသမီးက အပျိုပဲရှိပါသေးတယ်။ ပြီးတော့ သူမကိုယ်သူမလဲ သန့်စင်အောင် ထိန်းသိမ်းထားပါတယ်။ ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရှိနိုင်မှာလဲ….”

ဂျန်ဖန်း သူ့ခေါင်းကိုခါယမ်းလိုက်ပြီး အလွန်သေချာနေခဲ့သည်။

“ဒါက တကယ်ပဲ ဝက်ဝံကြွသံနှလုံးခုန်သံပဲ။ မမှားနိုင်ဘူး….”

“ကိုယ်ဝန်မဟုတ်ဘူးဆိုရင်, နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုပဲရှိတော့တယ်….”

ဂျန်ဖန်း ချန်းစီလင်၏ ဝမ်းဗိုက်အောက်ပိုင်းကို စူးစိုက်စွာစိုက်ကြည့်နေခဲ့သည်။

“မွေရာပါသန္ဓေသား….”

ချန်းယုချိုနှင့် ချန်းစီလင်တို့ အနည်းငယ် စိတ်သက်သာယာရသွားပေမယ့် သူတို့က ပဟေဠိဖြစ်သွားခဲ့သည်။

သူတို့က မွေးရာပါသန္ဓေသားကို မကြားဖူးတာ သိသာလှ၏။

ဂျန်ဖန်း ရှင်းပြလိုက်၏။

“မွေးရာပါသန္ဓေသားက အယူအဆပိုင်းဆိုင်ရာ ရုပ်ခန္ဓာတစ်ခုပဲ….”

“သန္ဓေသားနှစ်ခု သားအိမ်တစ်ခုတည်းမှာ သန္ဓေတည်မယ်ဆိုရင် ဖြစ်နိုင်ချေသေးသေးလေးတစ်ခုရှိတယ်။ အဲ့ဒါက တစ်ခုက အခြားတစ်ခုကို စုပ်ယူတာပဲ….”

“သန္ဓေသားနှစ်ခုက ခန္ဓာတစ်ခုကို မျှသုံးတာပေါ့…”

“ဒါက မွေးရာပါသန္ဓေသားပဲ….”

ထိုအရာကိုကြားပြီးနောက်….

ချန်းယုချို စဥ်းစားနေသည့်အမူအရာ ဖြစ်လာခဲ့သည်။

သူက အတိတ်ကို ပြန်တွေးလိုက်၏။

“ငါ့မိန်းမ ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်တုန်းက တကယ်ပဲ ဆေးဆရာက အမွာလေးလို့ပြောခဲ့တယ်။ ဒါပေမယ့် မွေးလာတော့ တစ်ယောက်ထဲပဲ…”

“ဆေးဆရာ မကျွမ်းကျင်ပြီး အမှားလုပ်မိတယ်လို့ပဲ ငါတို့အမြဲထင်ခဲ့တာ…”

ဘာ?....

ချန်းစီလင် သူမဝမ်းဗိုက်အောက်ပိုင်းကို ကိုင်လိုက်ပြီး ချမ်းစိမ့်စိမ့် ဖြစ်သွားခဲ့သည်။

“နင်ပြောတာ… ငါ့ခန္ဓာကိုယ်ထဲမှာ နောက်ထပ်လူတစ်ယောက်ရှိနေတယ်ပေါ့…”

ဂျန်ဖန်း လက်ဝှေ့ယမ်းလိုက်ပြီး သူမကို နှစ်သိမ့်ပေးလိုက်၏။

“မကြောက်ပါနဲ့…. ထူးဆန်းဖြစ်ရပ်ထက် မွေးရာပါသန္ဓေသားလို့ခေါ်တာက အကြောင်းရှိတယ်။ ဒီရုပ်ခန္ဓာကို အမျိုးသမီးသိုင်းပညာရှင်အများစုက အလွန်အမင်းလိုချင်နေတာလေ….”

“အမျာဆုံးစုပ်ယူတဲ့သန္ဓေသားက ကြီးထွားလာစဥ်မှာ ခန္ဓားကိုယ်နဲ့ တဖြည်းဖြည်းပေါင်းစပ်လာတယ်…”

“မင်းအရွယ်ရောက်လို့ ဒါက ဆက်ရှိနေအုန်းမယ်ဆိုရင်, ဒါက သာမာန်မဟုတ်တာသေချာတယ်….”

“အဲ့ဒါသာ နိုးထလာမယ်ဆိုရင် ထူးခြားတဲ့စွမ်းရည်တွေပိုင်ဆိုင်မှာ သေချာတယ်။ ထူးခြားစွမ်းရည်အချို့ရတာ ဒါမှမဟုတ် အဓိကခန္ဓာကိုယ်ကို မြှင့်တင့်ပေးတာမျိုးပေါ့…. အားကောင်းတဲ့ စိတ်ဝိညာဥ်အမြစ်တစ်ခုတောင် ပါကောင်း ပါလာနိုင်တယ်။”

ဤရှင်းပြချက်နှင့်အတူ ချန်းယုချို ပျော်ရွင်သွားခဲ့သည်။

“ဒါက တကယ်ကောင်းတဲ့ ကိစ္စပဲ…. သခင်လေးဂျန်, အဲ့ဒါကို နိုးထအောင်လုပ်ဖို့ နည်းလမ်းရှိလား….”

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

သူကချက်ချင်းပဲ ဆေးညွှန်းတစ်ခုရေးလိုက်သည်။ အထဲ၌ ဈေးကြီးသည့် ဆေးမြစ်တွေပါဝင်တာပဲ ဖြစ်သည်။

ချန်းယုချို ရုတ်တရက် နာကျင်သလို ခံစားလိုက်ရသည်။ သို့ပေမယ့် သူ့သမီး၏ အလားအလာပြောင်းလဲသွားမည်ကို တွေးမိသည့်အခါ သူက အံ့ကြိတ်လိုက်ပြီး ဘဏ္ဍာထိန်းကို ပစ္စည်းတွေစတင်စုဆောင်းဖို့ အမိန့်ပေးလိုက်သည်။

ချန်းစီလင် သူမနှုတ်ခမ်းကို ပေါ့ပါးစွာ ကိုက်လိုက်သည်။

သူမက နောက်ထပ်မကြောက်တော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အနည်းငယ် စိတ်အားထက်သန်နေပြီး ကြီးမားသည့် ပြောင်းလဲမှုကြီးကို မျှော်လင့်နေခဲ့သည်။ ထိုအရာကြောင့် သူမနှင့် ဂျန်ဖန်းကြား ကွာဟချက်ကျဥ်းမြောင်းသွားမည်ပဲ ဖြစ်သည်။

“ဂျန်ဖန်း…. ငါ့ကို အများကြီး ကူညီပေးလို့ ကျေးဇူးတင်ပါတယ်…”

သူ့ကို ဘာပြန်ပေးရမလဲဆိုတာ သူမမသိပေ။

သူမမျက်လုံးတွေက သဘောကျမှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

အဖေတစ်ယောက်အနေဖြင့် ချန်းယုချို တစ်စုံတစ်ခုကို သတိထားမိပြီး နောင်တရသွားခဲ့သည်။

“သခင်လေးဂျန်က စေ့စပ်ပြီးတာ ဝမ်းနည်းစရာပဲ။ မဟုတ်ရင် သူ့ကို သမီးနဲ့ လက်ထပ်ပေးတယ်…..”

နတ်ဆေးဆရာတစ်ယောက်….

အထီးကျန်လှေမြို့၏ ထိပ်တန်းပါရမီရှင် တစ်ယောက်….

ဤကဲ့သို့ လူတွေကြားက နဂါးတစ်ကောင်ကို သူတို့မိသားစုထဲ ဆွဲခေါ်နိုင်လျှင် သူက ပိုလို့တောင် ပျော်ရွင်လိမ့်မှာပဲဖြစ်သည်။

ချန်စီလင်နှလုံးသားက အပြင်းအထန် ခုန်ပေါက်နေခဲ့သည်။ သူမအဖေက ဂျန်ဖန်းကို အတော်လေး သဘောကျတာပဲ ဖြစ်သည်။

ခဏတွေးပြီးနောက် သူမက တီးတိုးပြောလိုက်သည်။

“အဖေ, သခင်လေးဂျန်မှာ တကယ်တော့ နောက်ထပ် အထောက်အထားတစ်ခု ရှိသေးတယ်။ ဘယ်သူ့မှမပြောနဲ့နော်….”

“သူက ကြယ်သုံးလုံး ဝိညာဥ်သခင်လေ….. ငါတို့မြို့က ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်တွေနှင့် ပီဖုဆေးလုံးကို သူသန့်စင်ခဲ့တာ….”

ဘာ?....

ချန်းယုချိုမျက်ခွံတွေ အကြီးအကျယ် ကျုံ့သွားပြီး သဘာဝအလျောက် အရိုအသေပေးဖို့ ပြင်လိုက်၏။ သို့ပေမယ့် ချန်းစီလင်က တားလိုက်သည်။

“အဖေ, သူကြယ်သုံးလုံးဝိညာဥ်သခင်မှန်း ငါသိနေတယ်ဆိုတာ သူမသိဘူး….”

ထို့ကြောင့် သူက လုပ်ဆောင်ချက်ကို ရပ်တန့်လိုက်၏။

သို့ပေမယ့် သူ့နှလုံးသားကတော့ ဗြောင်းဆန်နေဆဲဖြစ်သည်။

ကြယ်သုံးလုံးဝိညာဥ်သခင်…. ထိုအရာက ဘာကိုဆိုလိုနေသနည်း။

ထိုအရာက တိမ်စိမ်းဂိုဏ်းသခင်တောင် ဒူးထောက်အောင် ပြုလုပ်နိုင်၏။

ဤကဲ့သို့လူမျိုးက လက်ထပ်ပြီးပြီဆိုလျှင် တောင် သူ့သမီးကို ကိုယ်လုပ်တော်အဖြစ် ဘာကြောင့် လက်ထပ်မပေးနိုင်ရမည်နည်း။

သူက သူ့ပေါင်ကို ခပ်ပြင်းပြင်းရိုက်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“အား, မင်းအမေသာ ကိုယ်ပိုင် ဆုံးဖြတ်ချက်မလုပ်ဖူးဆိုရင်….”

ချန်းစီလင် အံ့အားသင့်သွားခဲ့သည်။

“အမေက ဘာလုပ်လို့လဲ….”

ချန်းယုချို အကူအညီမဲ့စွာပြောလိုက်သည်။

“မင်းအမေက ငါမရှိတော့ရင် ချန်းမိသားစု ပျက်ဆီးသွားမှာ စိုးရိမ်နေတယ်လေ။ ဒါကြောင့် ပိုင်လုမြို့က ကျောင်းမိသားစုနဲ့ ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့တယ်….”

“မကြာခင် သူတို့လာတင်တောင်းလိမ့်မယ်….”

ဘာ?....

ချန်းစီလင် မျက်နှာဖြူဖျော့သွားပြီး နောက်ကိုဆုတ်သွားခဲ့သည်။

သူမမှာလည်း လက်ထပ်ကြောင်းလမ်းမှုတစ်ခု ရှိနေသည်တဲ့လား….

ဒါဆို သူမနှင့် ဂျန်ဖန်း….

ထိုအရာကိုတွေးမိသည့်အခါ သူမမျက်နှာက ခါးသီးမှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။

ချန်းယုချို တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး ဂျန်ဖန်းကို ပြောလိုက်သည်။

“သခင်လေးဂျန်က အတွေ့အကြုံများမှာပဲ…”

“တင်တောင်းတဲ့နေ့ကျရင် မျက်မြင်သက်သေအဖြစ် သတို့သားကို အကဲခတ်ပေးလှည့်ပါအုန်း။ သူက ငါ့သမီးနှင့်လက်ထပ်ဖို့ ထိုက်တန်လားဆိုတာပေါ့…..”

အကဲခတ်ဖို့လား?....

ဂျန်ဖန်း ငြင်းဆိုလိုက်၏။

“မိသားစုနှစ်ခုကြားက ကိစ္စကို အပြင်လူဖြစ်တဲ့ငါက ဘယ်လိုလုပ် ဝင်ပါနိုင်မှာလဲ….”

ချန်းယုချိုက ကြယ်သုံးလုံးဝိညာဥ်သခင် ဆိုသည့် ဂျန်ဖန်းအထောက်အထားကို တကယ်တန်ဖိုးထားတာပဲဖြစ်သည်။

ဤကဲ့သို့ ပုဂ္ဂိုလ်၏ ဆုံးဖြတ်ချက်က သေချာပေါက် မှားမည်မဟုတ်ပေ။

“ကျေးဇူးပြုပြီး သခင်လေးဂျန် ကူညီပေးပါ…. ငါ့သမီးသာ မကောင်းတဲ့လူကို လက်ထပ်မိရင် တစ်ဘဝလုံးနောင်တရနေရလိမ့်မယ်….”

All Chapters