← Chapters

ရောဂါကုသခြင်း

Vol. 4 Ch. 52

ရောဂါကုသခြင်း

Vol. 4 Ch. 52

ချန်းစီလင် မျက်လုံးတွေတောက်ပသွားခဲ့သည်။ သူမက ဂျန်ဖန်းကို အချက်ပြလိုက်ပြီး အလျှင်အမြန်သဘောတူဖို့ တိုက်တွန်းလိုက်သည်။

ဂျန်ဖန်း သူမအစီအစဥ်ကို သဘာဝအတိုင်း နားလည်တာပဲဖြစ်သည်။

သူမက လက်ထပ်ပွဲငြင်းဆန်ဖို့ သူ့ကို ကူညီစေလိုတာပဲဖြစ်သည်။

သူမ၏ တောင်းပန်သည့်အကြည့်ကို မြင်သည့်အခါ ဂျန်ဖန်း အကူအညီမဲ့စွာ ပြောလိုက်သည်။

“ကောင်းပြီလေ, ဒါဆိုလည်း ငါရို့ရန်နဲ့အတူ လာခဲ့မယ်….”

“ဒါပေမယ့် ငါမျှမျှတတပဲ ဆုံးဖြတ်ပေးမယ်….”

“အဲ့လူက တကယ်ပဲ လူကောင်းတစ်ယောက်ဆိုရင် သခင်မလေးချန်း မင်းသူ့ကို လက်ထပ်သင့်တယ်…”

ချန်းစီလင် သူ့ကို မကျေမနပ်စိုက်ကြည့်လိုက်သည်။

သူမအကြည့်ကြောင့် မသက်မသာခံစားလာရပြီး ဂျန်ဖန်း နောက်ထပ်အချိန်မဆွဲရဲတော့ပေ။ သူက လက်ကိုယှက်လိုက်ပြီး နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

ရှုမိသားစုပြန်ရောက်သည့်အခါ…..

ဂိတ်တံခါးဝမှာရှိသေးတာတောင် သူက ကျယ်လောင်သည့်ရယ်သံတွေနှင့် စကားပြောသံကိုကြားနိုင်၏။ ထိုအရာက ညစာစားပွဲကျင်းပနေတာ သိသာ၏။

ဂျန်ဖန်း အံ့အားသင့်စွာနှင့် အထဲကိုလျှောက်ဝင်သွားသည့်အခါ ရှုရို့ရန်က တောက်ပစွာပြုံးပြီး ကြိုဆိုနေခဲ့သည်။

“ဖန်း, နင်ဘယ်တွေသွားနေလို့ ပြန်လာတာနောက်ကျရတာလဲ….”

“မြန်မြန်လာ, ယင်းရင်ကို သွား ဂုဏ်ပြုကြီရအောင်….”

ဂုဏ်ပြုဖို့လား?....

တစ်ခဏတွေးပြီးနောက် ဂျန်ဖန်း အံ့အားသင့်စွာနှင့် မေးလိုက်သည်။

“သူမက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်သွားပြီလား….”

မနေ့တုန်းက ပီဖုဆေးလုံးဝယ်ဖို့ သူမ သူ့ဆီက ငွေချေးခဲ့သေး၏။

ယခု ရှုမိသားစုက မလုပ်စဖူး ညစာစားပွဲတွေ ကျင်းပနေခဲ့၏။ ထိုအရာက ရှုယင်းရင်း အခြေခံတည်ဆောက်ခြင်းအဆင့် ချိုးဖြတ်နိုင်သည့်အတွက် ဂုဏ်ပြုနေတာသိသာလှ၏။

အခြေခံတည်ဆောက်ခြင်းအဆင့် ချိုးဖြတ်ခြင်းက အမှီအခိုကင်းသည့် သိုင်းပညာရှင်တစ်ယောက်အဖြစ်ရပ်တည်ဖို့ အရည်အချင်းပြည့်မှီသွားပြီပဲဖြစ်သည်။

အထီးကျန်လှေမြို့၌ ထိုအရာက ဂုဏ်သရေရှိပုံရိပ်တစ်ခု ဖြစ်လာမည်ပဲ ဖြစ်သည်။

ရှုကျန်းယန်က သတ်လတ်ပိုင်းအရွယ်မှာ တောင် အခြေခံတည်ဆောက်ခြင်း အဆင့် ၁ သာရောက်ရှိခဲ့၏။

ရှုယင်းရင်း ငယ်ငယ်လေးနှင့် အဆင့်ချိုးဖြတ်နိုင်တာက ရှုမိသားစုသမိုင်းမှာ အမှန်တကယ် အရေးပါသည့်ကိစ္စပဲ ဖြစ်သည်။

“ငါသူ့ကို ဂုဏ်သွားပြုပေးသင့်တယ်….”

ဂျန်ဖန်းပြန်ရောက်လာတာမြင်သည့်အခါ ရှုယင်းရင် ဝိုင်နှစ်ခွက်ယူလာပြီး သူ့ကို တစ်ခွက်ပေးလိုက်သည်။

“နင့်ငွေတွေသာမရှိဘူးဆိုရင် ပီဖုဆေးလုံးကို ငါဝယ်နိုင်ခဲ့မှာ မဟုတ်ဘူး….”

“ကျေးဇူးတင်ပါတယ်…..”

အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်ပြီးနောက် ရှုယင်းရင် အရင်ကထက်ပိုပြီး တည်ငြိမ်လာပြီပဲဖြစ်သည်။

သူမမျက်လုံးတွေက ယုံကြည်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

နယ်ပယ်တွေမြင့်လာခြင်းနှင့်အတူ သူတို့ဆက်ဆံရေးက ပြောင်းလဲလာပုံတူ၏။

ဤတစ်ချိန်၌ သူမကရှောင်လွဲမနေတော့ပဲ ဝိုင်ခွက်ကိုကိုင်ပြီးပြောလိုက်သည်။

“လက်ထပ်ပွဲကိုငြင်းဆန်တုန်းက ငါ ဇွတ်တရွတ်နိုင်သွားတယ်…..”

“ဒါပေမယ့် ငါနောင်တမရဘူး….”

သူမစိတ်ထဲ၌ နံပါတ် ၁ အရိပ်စောင့်၏ပုံရိပ်ပေါ်လာပြီး ပြောလိုက်သည်။

“ငါတို့က အဆင့်တူတွေမဟုတ်ကြဘူး…. ဒီတော့ ရည်မှန်းချက်ပန်းတိုင် တူဖို့ကလည်း အတော်လေးခက်တယ်…..”

“မကျေနပ်ချက်တွေကို နင် မကြာခင် လွတ်ချနိုင်ပြီး သိုင်းပညာလမ်းကြောင်းကို အာရုံစိုက်နိုင်ဖို့ မျှော်လင့်ပါတယ်….”

“ပိုကောင်းလာအောင် ကြိုးစားပါ….”

ဂျန်ဖန်း ဆွံ့အသွားခဲ့သည်။

ဘယ်သူက မကျေမနပ်ဖြစ်လို့လဲ…..

သူက ရှုရို့ရန်ကိုသာ လက်ထပ်ချင်တာ ဖြစ်၏။

သူ့ခေါင်းကို ခါယမ်းလိုက်ပြီး နောက်ထပ် ရှင်းပြမနေတော့ပေ။ တုန့်ပြန်သည့်အနေဖြင့် ဝိုင်တစ်ငုံသောက်လိုက်သည်။

အခမ်းအနားကို ယဲ့ချင်းရွယ်လည်း ဖိတ်ခေါ်ခံထား၏။ သူမက ဂျန်ဖန်းအတွက် မခံမရပ်နိုင်ဖြစ်သွားပြီး အနားကို ချည်းကပ်လာခဲ့သည်။

“ယင်းရင်း, ဘာလို့ဒီလိုစကားတွေပြောရတာလဲ…”

“ဒီမှာလူတွေအများကြီးရှိနေတယ်လေ။ အနည်းဆုံးတော့ သူ့ကို မျက်နှာအချို့ပေးလိုက်ပါ….”

ရှုယင်းရင် တည်ငြိမ်စွာနှင့်ပြောလိုက်သည်။

“ငါက သူကို ပိုကောင်းလာစေချင်ရုံပါ….”

“သူမှာသာ နံပါတ် ၁ အရိပ်စောင့်ရဲ့ အရည်အချင်းတစ်ဝက်လောက်သာရှိရင် ငါလက်ထပ်ပွဲကို လက်ခံခဲ့မှာ….”

ယဲ့ချင်းရွယ်သိသာစွာပဲ အံ့အားသင့်သွားခဲ့သည်။

ဂျန်ဖန်းက နံပါတ် ၁ အရိပ်စောင့်၏ တစ်ဝက်တောင်မဟုတ်ပေ။

သူက နံပါတ် ၁ အရိပ်စောင့်ကိုယ်တိုင်ပဲ ဖြစ်သည်။

သူမက ပါးစပ်ကိုဖွင့်လိုက်ပေမယ့် ဂျန်ဖန်း အထောက်အထားလျို့ဝှက်ပေးမယ်လို ကတိပေးထားတာကို သတိရသွားခဲ့သည်။ အဆုံးမှာတော့ ဘာမှမပြောတော့ပေ။

သူမက အနည်းငယ်အစ်အောက်ကြည့်လိုက်၏။

“ယင်းရင် ငါထင်တာတော့ ဂျန်ဖန်းက အလားအလာတော်တော်ရှိပါတယ်….”

“သူနဲ့နင့်အမက ခုထိ တရားဝင်လက်မထပ်ရသေးဘူးဆိုတော့ ငါ နင့်တို့နှစ်ယောက်ကို အောင်သွယ်ပေးမယ်လေ….”

ထိုစကားကြားသည့်အခါ….

ရှုယင်းရင် ယဲ့ချင်းရွယ်ကို အရူးတစ်ယောက်လိုကြည့်လိုက်သည်။

“ချင်းရွယ်, နင်ဆေးစားမှားလာတာလား…”

“ငါက ဒုက္ခပင်လယ်က လွတ်ရုံရှိသေးတယ် နင်က ပြန်ခုန်ချခိုင်းနေတာလား….”

ယဲ့ချင်းရွယ် ခဏကြာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားပြီး ပြောလိုက်သည်။

“ကောင်းပြီလေ, တစ်နေ့မှာ နောင်တမရပါနဲ့….”

ရှုယင်းရင် ပဟေဠိဖြစ်သွားခဲ့သည်။

“ငါက နောင်တရမယ်?....ဂျန်ဖန်းကြောင့်လေ….”

သူမသူငယ်ချင်း သောက်တာများနေပြီဟု သူမတွေးလိုက်၏။

အကြိမ်များစွာ ဂုဏ်ပြုပေးပြီးနောက်….

ဂျန်ဖန်း ပြန်လည်လေ့ကျင့်ဖို့ ညာစာစားပွဲက ထွက်လာခဲ့၏။

ယနေ့ ဒုနန်းတော်သခင်နှင့် တွေ့ဆုံမှုက သူတို့နှစ်ယောက်ကြားကွာဟချက်ကို အတော်လေး နားလည်သွားစေခဲ့သည်။ သူ၏ကျင့်ကြံရေးနယ်ပယ် နောက်တစ်ဆင့်သို့ အလျှင်အမြန် မြှင့်တင်ရမည်ပဲဖြစ်သည်။

ထိုမှသာ သူမှာ အနိုင်ရဖို့ မျှော်လင့်ချက်ရှိမှာပဲဖြစ်သည်။

“ဂျန်ဖန်း, ခဏနေပါအုန်း….”

အဝေးမရောက်ခင်မှာပဲ ယဲ့ချင်းရွယ် ရုတ်တရက် သူ့ကိုမှီလာပြီး အသံနှိမ့်နှိမ့်ဖြင့် ပြောလိုက်သည်။

“နင် တစ်စုံတစ်ယောက်ကို ကယ်ပေးနိုင်မလား….”

ဂျန်ဖန်း အနားမှာဘယ်သူမှမရှိတာ သေချာအောင် တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

“ဘယ်သူလဲ….”

“ကျူးဂျန်ရှန်….”

ယဲ့ချင်းရွယ်ပြောလိုက်သည်။

“ကျူးဂျန်ရှန်က တိမ်စိမ်းဂိုဏ်းမစ်ရှင်တစ်ခုမှာ အဆိပ်ပြင်းတစ်မျိုးမိလာခဲ့တယ်။ ဒါကြောင့်သူက ကုသဖို့ ပြန်လာခဲ့တာ….”

“ဒါပေမယ့် သူ့အခြေအနေက အတော်လေး ရှုပ်ထွေးတယ်။ နေရာအမျိုးမျိုးက နာမည်ကြီးဆေးဆရာတွေတောင် မကူညီနိုင်ဘူး….”

“သူ့အမေက ငါ့တို့မြို့သခင်အိမ်တော်ကို အကူအညီတောင်းထားတယ်လေ။ ဒါကြောင့် ငါနင့်ကို တွေးမိတာ…..”

ဟမ့်….

ဂျန်ဖန်း နှစ်ခါတောင်ပြန်မတွေးပေ။

“ငါကသူ့ကိုကယ်ရမယ်…. မင်း ငါ့တို့ကြားက မကျေနပ်ချက်တွေကို မသိဘူးလား….”

သူက သူတို့ရန်ငြိုးတွေကို ရှင်းပြလိုက်၏။

ထိုအရာကိုကြားသည့်အခါ ယဲ့ချင်းရွယ် အံ့အားသင့်သွားခဲ့သည်။

တစ်ခဏတွေးပြီးနောက် သူမက သူ့ဘက်ကိုလှည့်ပြီးပြောလိုက်သည်။

“ငါကတော့ နင့်ကို ကြိုးစားကြည့်စေချင်တုန်းပဲ….”

“ကျူးမိသားစုမှာ နှစ်တစ်ထောင် မီးရေတွင်းတစ်ခုရှိတယ်။ အဲ့ဒီကနေ ၁၀ နှစ်ကြာတိုင်း မီးစိတ်ဝိညာဥ်ပုလဲ အနည်းငယ် ထုတ်ပေးတယ်…. အဲ့ဒီမီးပုလဲက ချီကျင့်ကြံခြင်းအဆင့် ၉ တွေအတွက် အတော်လေးအကျိုးရှိတယ်….”

“နင့်ရဲ့ပင်ကိုယ်စွမ်းရည်ကသာကောင်းရင် မီပုလဲသုံးလုံးက အဆင့် ၉ ပြီးပြည့်စုံခြင်း အဆင့်ကို ချိုးဖြတ်ဖို့ လုံလောက်တယ်….”

“ကျူးဂျန်ရှန်ကို ကုပေးရင် ကျူးမိသားစုဆီက အဖိုးအခအဖြစ် တောင်းလို့ရတယ်လေ…”

ကျူးမိသားစု၌ ထိုကဲ့သို့ ရတနာမျိုး အမှန်တကယ်ရှိသည်လား….

ဂျန်ဖန်း စိတ်လှုပ်ရှားသွားခဲ့သည်။

သူက ကျူးဂျန်ရှန်ကို မကူညီချင်သော်လည်း မီးစိတ်ဝိညာဥ်ပုလဲ ဆွဲဆောင်မှုက ငြင်းရက်စရာမရှိပေ။

“သူ့ရောဂါလက္ခဏာတွေက ဘာတွေလဲ….”

ယဲ့ချင်းရွယ် သူမသိသည့်အရာအားလုံးကို ပြောပြလိုက်သည်။

နားထောင်ပြီးနောက် ဂျန်ဖန်း တစ်ခစ်ခစ် ရယ်လိုက်သည်။

“ဘာကိုအဆိပ်ပြင်းလဲ…. အဲ့ဒါက အလောင်းကောင်အဆိပ်။ နတ်ဆိုးကျင့်စဥ်ကျင့်တဲ့ အမျိုးသမီးတစ်ယောက်နှင့် ထိတွေ့ရာကနေ အသွင်းပြောင်းလာတာလေ….”

“အဲ့ဒီအဆိပ်ကိုဖယ်ရှားဖို့က အတော်လေး ဒုက္ခများတယ်….”

“ကောင်းပြီလေ, ငါသဘောတူတယ်….”

ယဲ့ချင်းရွယ်မျက်နှာက ပျော်ရွင်မှုတွေနှင့် တောက်ပသွားခဲ့သည်။

“ငါနင့်ကို မနက်ကျရင် လာခေါ်လှည့်မယ်….”

ညဘက်ကျင့်ကြံပြီးနောက်…..

ဂျန်ဖန်း အထွတ်အထိပ်အဆင့် ချီကျင့်ကြံခြင်းအရည် ပုလင်းများစွာ သောက်လိုက်ပေမယ့် အနည်းငယ်တောင် တိုးတက်မလာခဲ့ပေ။

“အမြင့်ရောက်လာလေလေ, ပိုခက်ခဲခဲလာလေလေပါ့လား….”

ပြတင်းပေါက်အပြင်ဘက်က နေလုံးကို ကြည့်ပြီး ဂျန်ဖန်း မတ်တပ်ရပ်လိုက်သည်။

သွေးလင်းနို့နန်းတော်အကြွင်းအကျန်တွေက အချိန်မရွေးပေါ်လာနိုင်၏။ သူ့ ကျင့်ကြံရေးကို အလျှင်အမြန်မြှင့်တင်ဖို့ လိုအပ်တာပဲဖြစ်သည်။

သူက ကျူးမိသားစုမှ မီးစိတ်ဝိညာဥ်ပုလဲ ကို ရကိုရရမည်ပဲဖြစ်သည်။

မထွက်ခွာခင်….

သူက ကတင်ဘေးမှာထောင်ထားသည့် မိုးကြိုးစိတ်ဝိညာဥ်သစ်သားဓားကို ယူပြီး ခါးမှာချိတ်လိုက်၏။

ဒုနန်းတော်သခင်ကဲ့သို့ သန်မာသည့်ရန်သူနှင့် ရင်ဆိုင်ရာ၌ သာမန်လက်နက်က အကျိုးသက်ရောက်မှု မရှိပေ။

သူတို့၏သန်မာသည့် စိတ်ဝိညာဥ်စွမ်းအား ကြောင့် သာမန်ဓားက အနားတောင် ကပ်ဖို့ မဖြစ်နိုင်ပေ။

သစ်သားဓား၏ မိုးကြိုးစွမ်းအင်နှင့် သူတို့ အကာအကွယ်ကို ဖယ်ရှားမှသာ အနိုင်ရဖို့ အခွင့်အရေးရှိမည်ဖြစ်သည်။

ရှုမိသားစုကထွက်ခွာပြီးနောက်…..

သူက လမ်းကြားသေးလေးတစ်ခု၌ နံပါတ် ၁ အရိပ်စောင့် မျက်နှာဖုံးကို တပ်လိုက်၏။

ခဏကြာပြီးနောက် သူက ယဲ့ချင်းရွယ်နှင့် တွေ့ဆုံသွား၏။

“ငါတို့ ကျူးမိသားစုကို သွားမှာ မဟုတ်ဘူးလား….”

ဆန့်ကျင်ဘက်အရပ်ကို သွားနေတာ သတိထားမိပြီး ယဲ့ချင်းရွယ်အံ့အားသင့်စွာနှင့်မေးလိုက်သည်။

ဂျန်ဖန်း ပြန်ပြောလိုက်သည်။

“အလောင်းကောင်အဆိပ်ဖယ်ရှားဖို့က အထူးအပင်တစ်မျိုးလိုအပ်တယ်….”

သူက အထီးကျန်လှေမြို့၏ အကြီးဆုံးဆိုင်ကို သွားလိုက်သည်။

ပစ္စည်းအချို့ရှာပြီးနောက်, ဆူးချွန်တွေပါသည့် ကြေးနီရောင် အပင်တစ်ပင်ကိုတွေ့လိုက်သည်။

“ကံကောင်းတာပဲ, ဒီမှာရှိသားပဲ….”

ဂျန်ဖန်းပြောလိုက်သည်။

ယဲ့ချင်းရွယ် စူးစမ်းစွာနှင့်ကြည့်လိုက်ပြီး ကိုင်ဖို့ပြင်လိုက်၏။

“မထိနဲ့….”

ဂျန်ဖန်း သူမကို အချိန်မှီထားလိုက်သည်။

“ဒါက သံမဏိသွေးဆူးပင်ပဲ။ မင်းဒါကို လက်နက်တိုက်ရိုက်ထိလို့မရဘူး…. မဟုတ်ရင် မင်းအရေပြား ပြတ်ထွက်သွားလိမ့်မယ်….”

ယဲ့ချင်းရွယ် သူမလက်ကို အလျှင်အမြန် ပြန်ရုတ်လိုက်၏။

“တော်တော်မှော်ဆန်တာပဲ… သူ့နောက်က ရွှေရောင်နဲ့ တစ်ခုကရော ဘာလဲ…”

သူမက ရိုးရှင်းပုံပေါ်သည့် ရွှေရောင်အပင်ကို ညွှန်ပြလိုက်သည်။

“ဒါကပိုတောင်ဆိုးသေးတယ်၊ နာမည်က ဝိညာဥ်ခိုးယူခြင်းသစ်ပင်တဲ့…. ဒါကို ထိလိုက်ရင် ဝိညာဥ်က မချိမဆန့်နာကျင်လာပြီး သေချင်စိတ်တောင် ပေါက်သွားလိမ့်မယ်….”

“အခြေအနေဆိုးတဲ့ လူနာတွေပဲ ဒါကိုလိုအပ်တယ်…..”

ဤကိစ္စ၌ လူနာမှာ သေချာပေါက် ကျူးဂျန်ရှန်ပဲ ဖြစ်သည်။

ဂျန်ဖန်းလက်အိတ်ဝတ်လိုက်ပြီး ကြေးနီရောင် သံမဏိသွေးသစ်ပင်ကို ကောက်ယူလိုက်သည်။

“ဒါနဲ့ဆိုလုံလောက်ပြီး၊ ဝိညာဥ်ခိုးယူခြင်း သစ်ပင်နဲ့သာဆိုရင် ကျူးဂျန်ရှန် သေသွားနိုင်တယ်….”

ထိုအခိုက်အတန့်၌….

ကျူးဂျန်ရှန်းပန်းစည်းနှင့် လျှောက်ဝင်လာပြီး အဝေးမှ အော်ပြောလိုက်၏။

“ဆိုင်ပိုင်ရှင်…. နာကျင်မှုသက်သာစေတဲ့ ဆိတ်ချိုအပိုင်းအစ ငါ့ကို နောက်ထပ် နည်းနည်းလောက်ပေးပါအုန်း….”

ရုတ်တရက်…..

သူက ဂျန်ဖန်းကို သတိထားမိပြီး ချက်ချင်းပဲ လှောင်ပြုံးပြုံးလိုက်၏။

“အို့…. နံပါတ် ၁ အရိပ်စောင့် လည်း ပစ္စည်းလာဝယ်ပါ့လား…. ဒီတစ်ချိန်ကော ဘယ်သူ့ကို အသက်ပြန်သွင်းအုန်းမလို့လဲ….”

ဂျန်ဖန်းလက်ထဲက သံမဏိသွေးသစ်ပင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းကာပြောလိုက်သည်။

“ဆိုင်ရှင်, သူကိုင်ထားတာ အားလုံး ငါလိုချင်တယ်…”

ဆိုင်ရှင်မျက်လုံးတွေတောက်ပသွားခဲ့သည်။

“ကောင်းပါပြီ… ကောင်းပါပြီ…. သခင်လေးကျူးအတွက် ငါထုတ်ပိုးပေးပါ့ မယ်….”

ဒီကောင်က ဒါကိုတောင်လိုချင်နေတာလား….

ဂျန်ဖန်းက ဝိညာဥ်ခိုးယူခြင်းသစ်ပင်ကို ကောက်ယူလိုက်၏။ ကျူးဂျန်ရှန် နောက်တစ်ကြိမ်လက်ကိုဝှေ့ယမ်းပြလိုက်သည်။

“ငါအဲ့ဒါလည်း လိုချင်တယ်….”

“ငါက ဒီမှာ အဓိက ဖောက်သည်တစ်ယောက်ပဲ…. ငါ့ကိုဦးစားပေးသင့်တယ်မလား….”

ဆိုင်ရှင် ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပြီး ဝိညာဥ်ခိုးယူခြင်းသစ်ပင်ကိုလည်း ထုတ်ပိုးလိုက်၏။

ဂျန်ဖန်း ထူးဆန်းသည့်အပြုံးတစ်ခု ပြုံးလိုက်သည်။

လိုအပ်သည့်ဆေးတွေကို လူနာက ကိုယ်တိုင်ပဲ ဝယ်ယူနေခဲ့သည်။

ဘယ်လောက်ကောင်းလိုက်သနည်း….

သူက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“သခင်လေးကျူး, ပျော်ရွင်ပါစေ….”

ပြောပြီးနောက်, သူက ယဲ့ချင်းရွယ်နှင့်အတူ ကျူးမိသားစုကို ထွက်ခွာလာခဲ့လိုက်သည်။

All Chapters