မင်းနေမကောင်းရင် ကုရမှာပေါ့….
Vol. 4 Ch. 53
ကျူးမိသားစု….
ကျန်းယုရို သတင်းကြားပြီးကတည်းက စောင့်မျှော်နေခဲ့သည်။
သို့ပေမယ့် ယဲ့ချင်းရွယ်က အလွန်ငယ်သည့် မျက်နှာဖုံးနှင့်လူတစ်ယောက်ခေါ်လာတာ မြင်သည့်အခါ သူမ မျက်မှောင်ကြုတ်သွား ခဲ့သည်။
“ချင်းရွယ်, ဒါက သမီးပြောတဲ့ နတ်ဆေးဆရာလား…. ငယ်လွန်းမနေဘူးလား….”
ဤကဲ့သို့စိုးရိမ်မှုမျိုးက အံ့သြစရာ မဟုတ်ပေ။
ဆေးပညာကျွမ်းကျင်ဖို့က အတွေ့အကြုံ များစွာ လိုအပ်တာပဲဖြစ်သည်။ လူတစ်ယောက်က အသက်ကြီးလေလေ အတွေ့ကြုံပိုများလေလေပဲဖြစ်သည်။
ယဲ့ချင်းရွယ် စိတ်ရှည်စွာနှင့် ပြောလိုက်သည်။
“ဒေါ်လေး…. မနေ့က ချန်မိသားစုမှာ သခင်လေးကျူးရှိတယ်လေ….”
“ချန်မိသားစုခေါင်းဆောင်တောင် နံပါတ် ၁ အရိပ်စောင့်ကြောင့် အခေါင်းထဲက ပြန်ထလာခဲ့တာ….”
ကျန်ယုရို မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ရှန်းအာ ပြောတာတော့ ချန်မိသားစုခေါင်းဆောင်က လုံးဝမသေသေးဘူးတဲ့…. ဒါကြောင့် အဲ့ဒါကို ထည့်တွက်လို့ မရဘူးတဲ့….”
အမ်….
ယဲ့ချန်းရွယ်နှင့် ဂျန်ဖန်းတို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
ချန်မိသားစုခေါင်းဆောာင် မသေသေးဘူးဆိုတာ ကျူးဂျန်ရှန် ဘယ်လိုသိလဲ….
ထိုအချိန်က ကျူးဂျန်ရှန်းနှင့် ချန်းဝူဂျီတို့ ချန်မိသားစုခေါင်းဆောင် သေပြီဟု အခိုင်အမာပြောခဲ့ကြ၏။ သူတို့က ဂျန်ဖန်း သွေးကြောစမ်းသပ်မှာကိုတောင် တားခဲ့ကြသေးတာဖြစ်သည်။
နေပါအုန်း….
နှစ်ယောက်သားက အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲမှာ တစ်ယောက် မသင်္ကာမှုတွေကို မြင်လိုက်ကြသည်။
ချန်းဝူဂျီသေသွားချိန်၌ သူ့ကို တစ်ယောက်ယောက်က သတ်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် ထိုအချိန်၌ ကျူးဂျန်ရှန်လည်း ရှိနေခဲ့၏။
အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူက ခြေရာလက်ရာမကျန်ပဲ သတ်နိုင်သည့် လူအနည်းငယ်ထဲက တစ်ယောက်ပဲဖြစ်သည်။
ကိစ္စတွေကိုချိတ်ဆက်လိုက်သည့်အခါ ချန်မိသားစုခေါင်းဆောင်ကိုသတ်ဖို့ ချန်ဝူဂျီနှင့် ပူးပေါင်းတာ ကျူးဂျန်ရှန်ဆိုတာ သေချာလုနီးပါးပဲဖြစ်သည်။
“ပြဿနာရှာမနေနဲ့တော့….”
ယဲ့ချင်းရွယ် အသံနှိမ့်နှိမ့်ဖြင့် ပြောလိုက်သည်။
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
သူတို့က ထင်မြင်ချက်တစ်ခုသာဖြစ်ပြီး သက်သေအတိအကျမရှိပေ။ မဆင်မခြင်ပြောလိုက်မယ်ဆိုလျှင် ကျူးဂျန်ရှန်က သူတို့ကိုတောင် အပြစ်ပြန်ဖို့မည်ပဲဖြစ်သည်။
သို့ပေမယ့် ထိုအရာက ဂျန်ဖန်း ဤကိစ္စကို ဒီတိုင်းထားမည်ဟု မဆိုလိုပေ။
အဆုံးမှာတော့, ချန်းယုချိုက ချန်းစီလင်၏ အဖေဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူက ချန်းယုချိုအတွက် တရားမျှတမှုရှာပေးရမည်ပဲဖြစ်သည်။
သူက မယုံသင်္ကာဖြစ်နေဆဲဖြစ်သည့် ကျန်းယုရိုကြည့်ပြီးပြောလိုက်သည်။
“သခင်မကျူး, မင်းသုံးနေတဲ့ ချီပျိုးထောင်ခြင်းဆေးတွေနဲ့ သွေးအားကောင်းဆေးကို ရပ်သင့်တယ်။”
“အလှအပဆေးလုံးက မင်းခန္ဓာကိုယ် နုပျိုဖို့အတွက် လုံလောက်နေပြီ။ မင်း အဲ့ဆေးတွေဆက်သုံးနေမယ်ဆိုရင် လိုတာထက်ပိုသွားလိမ့်မယ်….”
ကျန်းယုရို မယုံသေးပေ။
“ငါကတော့ အတော်လေး အဆင်ပြေတယ်လို့ ခံစားရတယ်….”
ဂျန်ဖန်းက ထူးမခြားနားစွာပြောလိုက်သည်။
“မင်း မနက်စောစောနဲ့ညဘက်တွေမှာ နှာခေါင်းသွေးယိုတာလည်း ကောင်းတာပဲလား….”
ဘာ?....
ကျန်ယုရို ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။
“နောက်ပိုင်းတွေ ငါနှာခေါင်းသွေးယိုနေတာ နင်ဘယ်လိုသိလဲ….”
ဂျန်ဖန်း ပြန်မဖြေပဲ ပြုံးနေခဲ့သည်။
ယဲ့ချင်းရွယ်ပြုံးပြီးပြောလိုက်သည်။
“သခင်မကျူး, နံပါတ် ၁ အရိပ်စောင်ရဲ့ ဆေးပညာကို အခုယုံပြီလား…..”
“သူက ချန်မိသားစုခေါင်းဆောင်ရဲ့ သွေးခုန်နှုန်းကို အဝေးကနေ စမ်းသပ်မိခဲ့တာနော်….”
ဤအချိန်၌ ကျန်းယုရို နံပါတ် ၁ အရိပ်စောင့်၏ ဆေးပညာကို နောက်ထပ် မသင်္ကာမဖြစ်ရဲတော့ပေ။
သူက အလျှင်အမြန်ပြောလိုက်သည်။
“မြန်မြန်လာကြစမ်း…. နတ်ဆေးဆရာလေးအတွက် အကောင်းဆုံးလက်ဖက်ရည်ယူလာခဲ့….”
ထိုင်ခုံ၌ထိုင်ပြီးနောက်….
ကျန်းယုရို ကျူးဂျန်ရှန်အခြေအနေကို မေးလိုက်သည်။
“နတ်ဆေးဆရာလေး, နတ်ဆေးဆရာလေးမှာ ကျွန်မသားအဆိပ်ကို ကုသဖို့ တကယ်ယုံကြည်ချက်ရှိတာလား….”
သူမ မသိချင်ယောင်ဆောင်နေတာကို မြင်သည့်အခါ ဂျန်ဖန်း တိုက်ရိုက်ပဲ ပြောလိုက်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒါက အဆိပ်ပြင်း မဟုတ်ဘူး…. အလောင်းကောင်အဆိပ်…..”
“သခင်မကျူး, မင်းသားကို နတ်ဆိုးမိန်းမတွေနဲ့ ပတ်သက်တာ တားရင်ပိုကောင်းမယ်….”
“ဒီတစ်ချိန်က သူအလောင်းကောင် အဆိပ်လောက်ပဲကူးစက်ခံရတာ ကံကောင်းတယ်ပြောရမယ်….”
“အဲ့ဒီမိန်းမတွေက အလောင်းကြမ်းပိုးတွေနဲ့ မကြာခဏပတ်သက်နေကြတာ။ သူတို့တစ်ကိုယ်လုံးမှာက သေစေနိုင်တဲ့အဆိပ်တွေ အပြည့်ပဲလေ….”
ကျန်ယုရို၏အမူအရာ ချက်ချင်း ပြောင်းသွားခဲ့သည်။
ကျူးဂျန်ရှန်ခန္ဓာကိုယ်ထဲက အဆိပ်ကို သူမသိတာ သိသာလှ၏။
ဖော်ထုတ်ခံလိုက်ရတာက အတော်လေး ရှက်စရာကောင်းတာပဲဖြစ်သည်။
သို့ပေမယ့် တစ်ချိန်တည်းမှာပဲ သူမ ဝမ်းသာသွားခဲ့သည်။
နတ်ဆေးသမားတော်လို့ခေါ်သည့် အခြားလူတွေက မျက်နှာချင်းဆိုင် စစ်ဆေးကြတာတောင် အဆိပ်အမျိုးအစား မခွဲခြားနိုင်ပေ။
ဤနံပါတ် ၁ အရိပ်စောင့်ကတော့ ရောဂါလက္ခာအနည်းငယ်လေးနှင့် အဆိပ်ကို အတိအကျပြောနိုင်တာပဲ ဖြစ်သည်။
သူတောင် သူမသားရောဂါကို မကုနိုင်ဘူးဆိုရင် ကမ္ဘာကြီး၌ မည်သူမှ ကုသနိုင်တော့မည်မဟုတ်ပေ။
“နတ်ဆေးဆရာလေး, ကျွန်မသားရောဂါကို ရှင့်လက်အပ်ပါတယ်….”
ကျန်းယုရို စိတ်လှုပ်ရှားစွာနှင့် ပြောစွာလိုက်သည်။
ဂျန်ဖန်း လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
“အဲ့ဒီအလောင်းကောင်အဆိပ်ကို ငါဖယ်ရှားနိုင်တယ်….”
“ဒါပေမယ့်…. ငါမင်းတို့ကျူးမိသားစုရဲ့ မီးစိတ်ဝိညာဥ်ပုလဲ လိုချင်တယ်….”
ဘာ?....
ကျန်းယုရို တွေဝေသွားပြီး အခက်တွေ့သည့် အမူအရာဖြစ်လာခဲ့သည်။
သူမက ခဏကြာ တွေဝေနေပြီး ပြောလိုက်သည်။
“နတ်ဆေးဆရာလေး, မီးစိတ်ဝိညာဥ်ပုလဲ အစား အခြားတစ်ခုခု ပြောင်းပြောပါလား…”
“ကျူးမိသားစု ရတနာတိုက်ကနေ ကြိုက်တာရွေးလေ….”
“မီးစိတ်ဝိညာဥ်ပုလဲကတော့ မရလို့ပါ။ အဲ့ဒါက တိမ်စိမ်းဂိုဏ်း အတွင်းစည်းတပည့်တွေအတွက် သီးသန့်မိုလို့ပါ….”
ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်။
“ငါ မီးစိတ်ဝိညာဥ်ပုလဲပဲ လိုချင်တယ်…. ကျန်တာတွေ ငါဂရုမစိုက်ဘူး…..”
“မင်းရဲ့ကျူးမိသားစုက မပေးနိုင်ဘူးဆိုရင်လဲ ငါထွက်သွားလိုက်မယ်…”
ပြောပြီးနောက် သူက တွေဝေမနေပဲ ချက်ချင်းမတ်တပ်ရပ်လိုက်၏။
ထိုအရာကြောင့် ကျန်းယုရို စိုးရိမ်သွားပြီး အကူအညီတောင်းသည့်အနေဖြင့် ယဲ့ချင်းရွယ်ကို ကြည့်လိုက်သည်။
ယဲ့ချင်းရွယ် အကူအညီမဲ့စွာနှင့် ပုခုံးတွန့်လိုက်၏။
“ဒေါ်လေးတို့မိသားစုပေးနိုင်တဲ့အရာတွကို ချန်းမိသားစုလည်း ပေးနိုင်တာပဲ…. ပြီးတော့ သူတို့က အသက်ကယ်ကျေးဇူးအတွက် အများကြီး ပေးလိုက်တာ….”
“နံပါတ် ၁ အရိပ်စောင့်မှာ သာမန်ပစ္စည်းတွေ ရှားပါးမနေဘူး….”
“ဒေါ်လေး မီးစိတ်ဝိညာဥ်ပုလဲ ထုတ်မပေးနိုင်ဘူးဆိုရင် ကျွန်မတို့ မလာခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ….”
“အခုကစပြီး ဒေါ်လေး နံပါတ် ၁ အရိပ်စောင့်ကို ကိုယ်တိုင် ဆက်သွယ်လိုက်ပါ။ ဒေါ်လေးတို့ အကူအညီကို ကျွန်မပြန်ပေးပြီးသွားပြီ….”
ယဲ့မိသားစုက ကျူးမိသားစုပေါ် အကူအညီတစ်ခု အကြွေးတင်မနေဘူးဆိုလျှင် ယဲ့ချင်းရွယ်က ကျူးဂျန်ရှန်အတွက် နံပါတ် ၁ အရိပ်စောင့်ကို ဖိတ်ခေါ်ပေးဖို့ စိတ်ရှုပ်ခံနေမည်မဟုတ်ပေ။
ယခု အကူအညီကို ပြန်ပေးပြီးသွားပြီ ဖြစ်၏။
သူမက အနာဂတ်မှာ ဂရုစိုက်နေတော့မည် မဟုတ်ပေ။
ကျန်းယုရို ချက်ချင်း စိုးရိမ်သွားခဲ့သည်။ သူမသာ နံပါတ် ၁ အရိပ်စောင့်ကို ထွက်သွားခွင့်ပြုလိုက်လျှင် သူမသား၏ အလောင်းကောင်အဆိပ်က ဘယ်တော့မှ ပျောက်ကင်းတော့မည်မဟုတ်ပေ။
“ကောာင်းပြီး…. ငါသဘောတူတယ်….”
သူမက အံ့ကြိတ်ပြီးပြောလိုက်သည်။
“ဒါပေမယ့် မကြာသေးခင်နှစ်တွေမှာ မီးရေတွင်းက မီးစိတ်ဝိညာဥ်ပုလဲတွေ ထုတ်လုပ်တာ နည်းလာတယ်….”
“ဆယ်နှစ်ကြာပြီးတဲ့အခါ ဘယ်လောက်ကျန်အုန်းမယ်ဆိုတာ ငါမသေချာဘူး….”
“နင့်ကို အောက်ဆင်းပြီး တစ်ခါယူခွင့်ပေးမယ်လို့ပဲ ကတိပေးနိုင်တယ်…..”
“ရတာမရတာကတော့ နင့်အပေါ်မှာပဲ မူတည်တယ်….”
ဂျန်ဖန်း အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
အရေအတွက်အာမခံချက်မရှိဘူးလား….
သို့ပေမယ့် သူ့ရှေ့၌ အခွင့်အရေးရှိနေပြီ ဖြစ်၍ မလွဲချော်ချင်ပေ။
တစ်ခဏတွေးပြီးနောက် တစ်စုံတစ်ယောက်က ဆေးကုသဖို့ ပစ္စည်းတွေထုတ်ပေးမည်ဆိုတာကို သူမှတ်မိသွားခဲ့သည်။ သူက လုံ့လအနည်းငယ်သာ စိုက်ထုတ်ရမည်ဖြစ်၏။
ထို့ကြောင့် အလျှင်အမြန်ပဲ လက်ခံလိုက်၏။
“ကောင်းပြီလေ…”
“အခု ငါ့ညွှန်ကြားချက်အတိုင်း ကုသဖို့ ပြင်ဆင်တော့….”
သူ့ ညွှန်ကြားမှုအောက်၌….
ကျူးမိသားစုအစေခံတွေက မီးကင်သည့်စင်တစ်ခု ယူလာခဲ့သည်။
ထို့နောက် မီးသွေးပူတွေပြည့်နေသည့် ဇလုံကြီး ၁၀ ခုလည်းယူလာခဲ့ကြသည်။
ကျန်းယုရို အနည်းငယ် အံ့အားသင့်သွား ခဲ့သည်။
“နတ်ဆေးဆရာ, ဒါတွေက ကုသဖို့လား….”
ထိုအရာတွေက ဘာကြောင့် ဝက်သတ်ဖို့နှင့် တူနေရသနည်း….
ဂျန်ဖန်း သတိရသွားခဲ့သည်။
“အလောင်းကောင်အဆိပ်ဖယ်ရှားတဲ့ ဖြစ်စဥ်က အလွန်နာကျင်လိမ့်မယ်…”
“ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ သခင်မကျူး။ မင်းသာ ခရီးတစ်ဝက်မှာ နှောက်ယှက်ရင် မင်းသားရဲ့ အလောင်းကောင်အဆိပ်က လုံးဝကုသလို့ မရ ဖြစ်သွားလိမ့်မယ်….”
ကျန်းယုရို ခေါင်းညိတ်လိုက်၏။
“ကုသနိုင်မှတော့ နည်းနည်းလောက်နာတာ ဘာဖြစ်မှာလဲ…..”
ဂျန်ဖန်း မနေနိုင်ပဲ သူ့ခေါင်းကို ခါယမ်းလိုက်သည်။
အလောင်းကောင်အဆိပ်ဖယ်ရှားရာ၌ ဘယ်လောက်နာကျင်မည်ဆိုတာ သူမသိပေ။
ခဏကြာပြီးနောက်….
ကျူးဂျန်ရှန် ပြန်ရောက်လာခဲ့သည်။
ကျန်းယုရို အလျှင်အမြန်ပဲ ပြောလိုက်သည်။
“ရှန်အာ, မြန်မြန်လာပြီး နတ်ဆေးဆရာကို နှုတ်ဆက်လိုက်အုန်း…. သူက သခင်မလေယွဲ့ ညွှန်းပေးတဲ့ ဆေးဆရာကြီးပဲ….”
ယနေ့ သူ့ရောဂါကို နောက်ထပ် ဆေးဆရာတစ်ယောက် လာကုမည်ဟု မနေ့ညက သိခဲ့ရ၏။
ထိုသူကို ယဲ့ချင်းရွယ်ကိုယ်တိုင် ညွှန်းပေးတာပဲဖြစ်သည်။
သူ အလောင်းကောင်အဆိပ်မိနေတာ နှစ်ဝက်လောက်ကြာပြီပဲဖြစ်သည်။ သူ့ကျန်းမာရေးက အခြေအနေပိုပို ဆိုးလာပြီး အချိန်မှီမကုသလျှင် အသက်အန္တရာယ်ရှိနိုင်တာပဲ ဖြစ်သည်။
သူက ရှေ့တက်သွားလိုက်ပြီး လက်ကို ယှက်ပြီးရိုသေစွာပြောလိုက်သည်။
“ကျွန်တော်က ကျူးဂျန်ရှန်ပါ၊မင်းရဲ့ …. မင်းပဲ….”
နတ်ဆေးဆရာလို့ခေါ်သည့်လူက နံပါတ် ၁ အရိပ်စောင့်ဖြစ်နေတာ သိသွားသည့်အခါ…
သူက ချက်ချင်းပဲ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“အမေ, ဘာလို့သူ့ကို ခေါ်ထားတာလဲ….”
“သူ့ကိုထွက်သွားခိုင်းလိုက်…. ငါသူနဲ့ မကုချင်ဘူး….”
ကျန်းယုရို ပြစ်တင်ကြိမ်းမောင်းလိုက်၏။
“ပါးစပ်ပိတ်ထားစမ်း…. နင် ဘယ်လိုတောင် နတ်ဆေးဆရာကို မရိုမသေလုပ်ရဲတာလဲ….”
“နင့်ရဲ့ အလောင်းကောင်အဆိပ်ကို သူကလွဲပြီးဘယ်သူမှမကုနိုင်ဘူး….”
သို့ပေမယ့် ကျူးဂျန်ရှန်း နံပါတ် ၁ အရိပ်စောင့်ကိုကြည့်လိုက်သည့်အခါ ပိုလို့တောင်စိတ်ပျက်သွားခဲ့သည်။
အထူသဖြင့် သူတို့က စကားများထားပြီ ဖြစ်၍ ဘယ်လိုလုပ် သူ့ရောဂါကို ကုသခိုင်းနိုင်မည်နည်း။
သူက လှောင်ပြောင်လိုက်၏။
“သူနဲ့ကုချင်တဲ့ လူတိုင်းကုနိုင်တယ်။ ငါဂရုမစိုက်ဘူး…”
ပြောပြီးနောက် သူက ထွက်သွားဖို့ ပြင်လိုက်၏။
ကျန်းယုရို ဒေါသထွက်သွားပြီး ပြောလိုက်သည်။
“အဲ့ကောင်ကို ကြိုးနဲ့တုတ်ကြစမ်း…”
ပြင်းထန်သည့်ရောဂါတစ်ခုအတွက် ထိုကဲ့သို့ပြုမူနေဖို့ အချိန်မရှိပေ။
အစေခံအနည်းငယ်က ကျူးဂျန်ရှန်ကို အလျှင်အမြန်ပဲ ဝန်းရံလိုက်ကြ၏။
သို့ပေမယ့် သူတို့က ဘယ်လိုလုပ် ကျူးဂျန်ရှန်ပြိုင်ဘက်ဖြစ်မည်နည်း။
သူက လှုပ်ရှားမှုအနည်းငယ်ဖြင့် သူတို့ကို ကန်ထုတ်ပစ်လိုက်သည်။
“မင်းတို့ခွေးကောင်တွေ, ငါ့ကို လုပ်ရဲတယ်ပေါ့….”
ကျူးဂျန်ရှန် ဒေါသတကြီး အော်ပြောလိုက်၏။
ထို့နောက် သူ့အမြင်တွေမှုန်ဝါးသွားပြီး နံပါတ် ၁ အရိပ်စောင့်က သစ်သားဓားတစ်ချောင်းကိုင်ပြီး သူ့ဆီကို လာနေခဲ့၏။
ကျူးဂျန်ရှန် ဒေါသတကြီး ရယ်လိုက်၏။
“ချီကျင့်ကြံခြင်းအဆင့် ၉ လေးနဲ့ မင်းက ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့….”
သူက လက်ကိုဆန့်ထုပ်ပြီး သစ်သားဓားကို ဆုပ်ကိုင်လိုက်၏။
သူမသိတာက ဤသစ်သားဓားက လုံးဝ ထိလို့မရဘူးဆိုတာပဲဖြစ်သည်။