← Chapters

အခန်း (၅၄)

Vol. 4 Ch. 54

အခန်း (၅၄)

Vol. 4 Ch. 54

သူက သစ်သားဓားကိုဆုပ်ကိုင်မိတာနဲ့ လွင့်ပစ်ဖို့ပြင်လိုက်၏။

ထိုအခါ ဂျန်ဖန်း ရုတ်တရက် သစ်သားဓားက မိုးကြိုးစွမ်းအားကို အသက်သွင်းလိုက်၏။

အားကောင်းသည့် စွမ်းအင်လှိုင်းတစ်ခုက ကျူးဂျန်ရှန်ခန္ဓာကိုယ်ထဲကို ချက်ချင်း တိုးဝင်လာခဲ့သည်။

သူက နာကျင်စွာအော်ဟစ်လိုက်ရပြီး နေရာမှာပဲ တောင့်တင်းသွားခဲ့သည်။

ထိုအခွင့်အရေးကိုအရယူပြီး ဂျန်ဖန်း ကျူးဂျန်ရှန်ကို မီးကင်စင်ပေါ် ကန်ချလိုက်၏။

“သူ့ကို ကြိုးနဲ့ချည်လိုက်….”

အစေခံတွေ ချက်ချင်းရှေ့တက်လာပြီး ကျူးဂျန်ရှန်ကို ဝက်ကင်စင်ပေါ်မှာပါ ကြိုးနှင့်တုတ်လိုက်ကြ၏။

သူသတိပြန်ရလာသည့်အခါ၌ သူ့လက်နှင့် ခြေထောက်တွေက လှုပ်ရှားလို့မရတော့ပေ။ သူက ဒေါသတကြီးဟိန်းဟောက်ရုံသာ လုပ်နိုင်တော့၏။

“ငါ့ကိုချပေးကြစမ်း…. ငါ့ကိုချပေးကြစမ်း….”

ဂျန်ဖန်း သူ့ကို လျစ်လျူရှုထားပြီး မီးဖိုပေါ် ရွေ့ခိုင်းလိုက်၏။

ပြင်းထန်လှသည့်အပူရှိန်ကြောင့် ကျူးဂျန်ရှန် ကျယ်လောင်စွာ အော်ဟစ်လိုက်ရသည်။

“မင်း ငါ့ကို ဘာလုပ်ဖို့ကြံနေတာလဲ….”

ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။

“သေချာပေါက် မင်းကို ကုသပေးနေတာပေါ့….”

“ဒါပေမယ့် အဓိက ပါဝင်ပစ္စည်းက လိုနေသေးတယ်…..”

သူက ကျူးဂျန်ရှန်ပြန်ယူလာသည့်အထုပ်ကို ဖွင့်လိုက်သည့်အခါ ရွှေရောင် ဝိညာဥ်ခိုးယူခြင်းသစ်ပင်ကို တွေ့လိုက်၏။

ဂျန်ဖန်း အနည်းငယ်ကြောင်အသွားခဲ့သည်။

“ကြေးနီရောင် အပင်ကကော….”

အစေခံတစ်ယောက်က ပြောလိုက်သည်။

“သခင်လေးက ဈေးပေါ်တယ်ဆိုပြီး လမ်းမှာ လွင့်ပစ်ခဲ့ပါပြီ….”

ဂျန်ဖန်း တွန့်ဆုတ်စွာနှင့် ဝိညာဥ်ခိုးယူခြင်း သစ်ပင်ကို ကောက်ယူလိုက်ပြီး ကျူးဂျန်ရှန်ဆီကို သွားလိုက်သည်။

“မတတ်နိုင်ဘူး… မင်းက သံမဏိသွေးဆူးပင်ကို လွင့်ပစ်ခဲ့တာကိုး…. ဒီတော့ ငါတို့ ဒါကိုပဲသုံးရတော့မှာပဲ….”

ထိုအရာကိုမြင်သည့်အခါ ကျူးဂျန်ရှန် ကြောက်လန့်သွားပြီး သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။

“နေပါအုန်း…. မင်းက ဝိညာဥ်ခိုးယူခြင်းသစ်ပင်သုံးပြီး ငါ့ကို ကုမလို့လား… အဲ့ဒါဘာလဲကော မင်းသိရဲ့လား…. အဲ့အဒါက လူကို သေစေနိုင်တယ်နော်…..”

သိသာစွာနှင့်ပဲ သူက ထိုပစ္စည်းကို သိနေပြီး ၎င်း၏ ကြောက်စရာကောင်းသည့်သဘာဝကိုလည်း သိတာဖြစ်သည်။

ဂျန်ဖန်း ရွတ်နောက်နောက် အမူအရာတစ်ခု လုပ်ပြလိုက်သည်။

“အို့…. သခင်လေးကျူးပဲ ဒါကို ငါ့ဆီက လုသွားတာလေ။ မင်းက ဒါနဲ့ ဆေးကုမလို့ မဟုတ်ဘူးလား…..”

“မင်း ဒီဆေးရဲ့ အကျိုးသက်ရောက်မှုကို သိတယ်လို့ ငါထင်နေတာ….”

ဘာ?....

ကျူးဂျန်ရှန်မျက်နှာ ဝက်အသည်းကဲ့သို့ နီရဲသွားခဲ့သည်။

သူက ဤအပင်ကိုရဖို့ ငွေများစွာသုံးခဲ့ရ၏။ အခုသိလိုက်ရတာက ထိုအရာက နံပါတ် ၁ အရိပ်စောင့်အတွက် ဖြစ်နေခဲ့သည်လား…..

ထိုကိစ္စကြောင့် သူက အလွန်မကျေမနပ် ဖြစ်သွားခဲ့သည်။

သို့ပေမယ့် သူကိုကြောက်သွားစေသည့် အရာက သူ့အပေါ်မှာ အသုံးပြုမည့်ပစ္စည်းပဲဖြစ်သည်။

အဆိုးဆုံးကတော့ သူက နာကျင်မှုနည်းသည့် သံမဏိသွေးဆူးပင်ကို လွင့်ပစ်ခဲ့ခြင်းပဲဖြစ်သည်။ ယခုအခါမှာတော့ ဝိညာဥ်ခိုးယူခြင်းသစ်ပင်ကိုသာ အသုံးပြုရတော့မည်ဖြစ်သည်။

“နံပါတ် ၁ အရိပ်စောင့်….. ငါမင်းကို သတိပေးလိုက်မယ်…. ဝေးဝေးမှာနေ… အနားကပ်မလာနဲ့နော်…..”

အား….

ဂျန်ဖန်း ဝိညာဥ်ခိုးယူခြင်းသစ်ပင်အား သူ့အပေါ်သို့ ဖိလိုက်စဥ်မှာပဲ ကျူးဂျန်ရှန် စိတ်ဝိညာဥ် ချက်ချင်းပဲ နာကျင်သွားခဲ့သည်။

ထိုအရာက ဓားပါးပါးတစ်ချောင်းဖြင့် သူ့စိတ်ဝိညာဥ်ကို ကြမ်းတမ်းစွာ မွေနှောက်နေသကဲ့သို့ဖြစ်၏။

နာကျင်မှုက ရုပ်ပိုင်းဆိုင်ရာဒဏ်ရာထက် ၁၀ ဆ နာကျင်တာပဲဖြစ်သည်။

သူက ချက်ချင်းပဲ ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်ပြီး နာကျင်လွန်၍ တွန့်လိမ်ကာ တစ်သိမ့်သိမ့်တုန်ယင်နေခဲ့ သည်။

ကျန်းယုရို အသံကြောင့် စိုးရိမ်သွားပြီး ရပ်ခိုင်းဖို့ပြင်လိုက်၏။ သို့ပေမယ့် သူမက ကျူးဂျန်ရှန်အရေပြားမှ အနက်ရောင်အရည်တွေ စိမ့်ထွက်လာတာ သတိထားမိလိုက်၏။

မီးဖိုအပူရှိန်အောက်မှာပဲ ၎င်းအရည်တွေက တဖြည်းဖြည်း အနက်ရောင်အငွေ့တွေအဖြစ် အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့သည်။

ဤနည်းလမ်းက အမှန်တကယ် အလုပ်ဖြစ်၏။

သူမက အံကြိတ်ကာ နားပိတ်ပြီး တစ်ဖက်လှည့်နေလိုက်သည်။

“ရှန်အာ, တောင့်ခံထား…. ခဏနေရင် ပြီးသွားမှာပါ….”

ပထမတော့ ကျူးဂျန်ရှန် အော်နိုင်သေး၏။

သို့ပေမယ့် ကုသချိန်ကြာလာသည့်အချိန်မှာတော့ နာကျင်လွန်း၍ အသံတောင် မထွက်နိုင်တော့ပေ။

သူက တစ်ကိုယ်လုံး တွန့်လိမ်နေပြီး ပါးစပ်မှာ အမြုပ်တစီစီဖြစ်နေခဲ့သည်။

တစ်ဘဝလုံးကြုံတွေ့ဖူးသည့် နာကျင်မှုတွေက ဤအခိုက်အတန့်နှင့် ယှဥ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။

ယဲ့ချင်းရွယ် လိုက်ပိုက်ကြည့်နေပြီး အံအားသင့်သွားခဲ့သည်။

ဓားပေါင်းတစ်ထောင်ဖြင့် နည်းနည်းချင်းမွန်းသတ်မယ်ဆိုရင်တောင် ကျူးဂျန်ရှန်လောက် ခံစားရမည်မဟုတ်ပေ။

သို့ပေမယ့် ထိုအရာက ထိုက်တန်တာပဲ ဖြစ်သည်။

ထိုကောင်က ချန်မိသားစုခေါင်းဆောင်ကို လျို့ဝှက်ကြံစည်ခဲ့၏။

တစ်နာရီလောက်ကြာပြီးနောက်…..

ဂျန်ဖန်း နောက်ဆုံးမှာ ရပ်တန့်သွားခဲ့သည်။ ကျူးဂျန်ခန္ဓာကိုယ်မှ အနက်ရောင်အရည်တွေလည်း နောက်ထပ်ထွက်မလာတော့ပေ။

“ပြီးပြီ…. အလောင်းကောင်အဆိပ်ကို ဖယ်ရှားပြီးပြီ…..”

ကျန်းယုရို အလျှင်အမြန်ပဲ တစ်စုံတစ်ယောက်အား ကျူးဂျန်ရှန်ကို တွဲထူခိုင်းလိုက်၏။

သူမသားက နာကျင်မှုကြောင့် တွန့်လိမ်နေပြီး မသေရုံတမယ်သာ ကျန်ရှိတော့၏။ မမှတ်မိနိုင်လောက်အောင် ဖြစ်နေသည့် သူမသားကိုကြည့်ပြီး နာကျင်စွာ ငိုလိုက်၏။

တုန်ယင်နေသည့်လက်ချောင်းတွေဖြင့် ကျူးဂျန်ရှန် ဂျန်ဖန်းကို အားနည်းစွာ ညွှန်ပြလိုက်သည်။

“ဒီ…. ကောင့်ကို ….မောင်းထုတ်…. လိုက်စမ်း…..”

ဂျန်ဖန်း ပခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး…. သခင်လေးကျူး၊ ငါခုချက်ချင်းပြန်နိုင်အုန်းမယ်မထင်ဘူး….”

“ဘာလို့လဲဆိုတော့ မင်းတို့ကျူးမိသားစု နှစ်တစ်ထောင်မီးရေတွင်းက မီးစိတ်ဝိညာဥ်ပုလဲတွေ စုဆောင်ရအုံးမယ်လေ…..”

ဘာ?.....

ကျူးမိသားစုက ဒီကောင့်ကို မီးစိတ်ဝိညာဥ်ပုလဲ တကယ်ကြီး ပေးမလို့လား?.....

သူ့ကို ဒီလောက်ညှင်းပန်းနှိပ်စက်တာတောင် ကျူးမိသားစုက ထိုကောင့်ကို မီးစိတ်ဝိညာဥ်ပုလဲ လက်ဆောင်ပေးဖို့ ရည်ရွယ်နေသေး၏။

“မင်း…. မင်း…..”

စိတ်ဝိညာဥ်နာကျင်ထားပြီးပြီဖြစ်၍ ဤကဲ့သို့ ထိုးနှက်မှုမျိုးကို ကျူးဂျန်ရှန် တောင့်မခံနိုင်တော့ပေ။ သူက နေရာမှာပဲ မူးလဲသွားခဲ့သည်။

ကျူးမိသားစုဝင်တွေ ထိပ်ထိပ်ပျာပျာ ဖြစ်သွားကြ၏။

စစ်ဆေးပြီသည့်နောက် ပြင်းထန်သည့်ဒဏ်ရာရှာမတွေ့မှသာ ကျန်းယုရို စိတ်သက်သာယာရစွာဖြင့် သက်ပြင်းချလိုက်သည်။

သူမက ဂျန်ဖန်းကို ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်, နတ်ဆေဆရာလေး…. အလောင်းကောင် အဆိပ်က အလုံးစုံပျောက်ကင်းသွားပြီ။ ကျွန်မသား မကြာခင် ပြန်ကောင်းလာတော့မယ်….”

“ကျွန်မနဲ့လိုက်ခဲ့ပေးပါ….”

သူမ၏ဦးဆောင်မှုဖြင့် ဂျန်ဖန်း ကျူးမိသားစု၏ တားမြစ်နယ်မြေကို ရောက်လာခဲ့သည်။

မီးရေတွင်း…. ထိုအရာက အလွန်နက်သည့် ရေတွင်းတစ်ခုဖြစ်၏။

အောက်ခြေက အလွန်ကျယ်ဝန်းပြီး ကျူးမိသားစုအိမ်တော်နှင့် ယှဥ်လျှင်တောင် မသေးငယ်ပေ။

“အောက်ကိုဆင်းသွားရင် ဂရုစိုက်ပါ….”

ကျန်းယုရို သတိပေးလိုက်သည်။

“ငါတို့တွေ မီးစိတ်ဝိညာဥ်ပုလဲတွေ စုဆောင်းတိုင်း လူအချို့ဆုံးရှုံးရစမြဲပဲ….”

ဒီလိုလား?....

ဂျန်ဖန်း ငုံ့ကြည့်လိုက်သည့်အခါ ရေကန်အောက်ခြေက အလွန်တိတ်ဆိတ်နေတာ မြင်လိုက်၏။

အတော်လေးပူနွေးနေတာကလွဲပြီး ဘာမှထူးထူးခြားခြားမရှိပေ။

ကျန်းယုရို လက်အပြည့် ကျောက်တုံးတွေကို ကောက်ယူလိုက်ပြီး အောက်ခြေကို ပစ်ချလိုက်သည်။

ကျောက်တုံးတွေထဲက တစ်ခု အောက်ခြေရောက်ရုံရှိသေး အနီရောင် ကျောက်ရည်ပူတွေထွက်လာပြီး ထိုအရာကို ဝါးမျိုသွားခဲ့သည်။

ဂျန်ဖန်း မျက်ခွံ့တွေ အနည်းငယ်ကျုံ့သွားခဲ့သည်။

ကျန်းယုရို သူ့ကိုစိုက်ကြည့်လိုက်သည်။

“မင်းကြောက်နေတယ်ဆိုရင်လည်း ရက်အနည်းငယ်လောက်စောင့်လိုက်လေ။ ငါတို့ကျူးမိသားစုက စုဆောင်းလို့ ပြီးတော့မှာပါ….”

“အနည်းငယ်ရလာရင် မင်းကို တစ်လုံးပေးမယ်လေ….”

“မရလာခဲ့ရင်လည်း အခြားတစ်ခုနဲ့ အစားထိုးပေမယ်….. ဘယ်လိုသဘောရလဲ….”

အတွက်အချက်ကောင်းလှ၏။ ဟန်ဆောင်ပြီး သူ့ကို အဝေးကို မောင်းထုတ်ချင်နေ၏။

ဂျန်ဖန်းသာ ဤနေရာ၌မရှိလျှင် ကျူမိသားစု ဘယ်လောက်ရခဲ့လဲ ဘယ်လိုလုပ် သိနိုင်မည်နည်း။

သူတို့က ရခဲ့လျှင်လည်း ဖုံးကွယ်ထားပြီး ကြုံရာကျပန်းတစ်ခုခု ပေးလိုက်လျှင် သူဘာတတ်နိုင်မည်နည်း။

“မလိုပါဘူး…. ငါ့ဘာသာပဲ အောက်ဆင်းသွားလိုက်မယ်…..”

ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။

လှုပ်ရှားမှုနည်းလမ်းနှင့် သူက ကျောက်ရည်ပူထဲမတော်တဆ ရောက်သွားလျှင်တောင် အလျှင်အမြန် ရှောင်တိမ်းနိုင်တာပဲဖြစ်သည်။

ကျန်းယုရို စိတ်ပျက်သွားပြီး ပြောလိုက်သည်။

“ဒါဆိုလည်း ဂရုစိုက်ပါ….”

သူမက နောက်ထပ် မီးရေတွင်းအချက်အလက်တွေ ဘာမှ မပြောတော့ပဲ သူမသားကိုစစ်ဆေးဖို့ ထွက်ခွာသွားလိုက်သည်။

ယဲ့ချင်းရွယ် စိုးရိမ်စွာနှင့် ပြောလိုက်သည်။

“သခင်လေးဂျန်, ဂရုစိုက်နော်…. မီးရေတွင်းမှာ တကယ်ပဲ အသက်တွေ အများကြီး သေခဲ့ကြတာ….”

“မစိုးရိမ်ပါနဲ့….”

ဂျန်ဖန်း အောက်ကို ခုန်ချသွားခဲ့သည်။

လှုပ်ရှာမှုနည်းလမ်းကို သုံးပြီး ရေကန်အောက်ခြေကို ရှာလိုက်သည်။

ရေကန်အပေါ်ပိုင်းက ကျူးမိသားစု မရေမတွက်နိုင်အောင်ရှာပြီးသည့်အတွက် မီးစိတ်ဝိညာဥ်ပုလဲတွေ အချိန်တော်ကြာကတည်းက မရှိတော့ပေ။

ရှာတွေ့ဖို့ဆိုလျှင် သူက ကျူမိသားစု တစ်ခါမှ မရှာဖွေရသေးသည့် အနက်ပိုင်းကို သွားရမည်ပဲဖြစ်သည်။

အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။

ဂျန်ဖန်း ခုထိ အောက်ခြေကို မရောက်သေးပေ။

ထိုစဥ်…

အားပြန်ပြည့်လာသည့် ကျူးဂျန်ရှန် နိုးလာခဲ့သည်။

အလောင်းကောင်အဆိပ်ဖယ်ရှားပြီးနောက် သူ့ခန္ဓာကိုယ်က ပိုကောင်းလာပြီပဲ ဖြစ်သည်။ ကုသဆေးအနည်းငယ်နှင့်ဆိုလျှင် သူက အိပ်ရာထဲက ထလို့ရပြီပဲဖြစ်သည်။

သို့ပေမယ့် ယခုလက်ရှိ၌ သူက သူ့ခန္ဓာကိုယ်ကို မစိုးရိမ်ပေ။

ဂျန်ဖန်း မီးစိတ်ဝိညာဥ်ပုလဲ ရသွားလား မရသွားဘူးလားဆိုတာပဲ သိချင်နေခဲ့၏။

“အမေ, ဘာလို့ နံပါတ် ၁ အရိပ်စောင့်ကို မီးရေတွင်းထဲ ဆင်းသွားခိုင်းလိုက်ရတာလဲ။ ဒီတစ်ချိန်ရတဲ့ မီးစိတ်ဝိညာဥ်ပုလဲတွေကို အတွင်းဂိုဏ်က စီနီယာအကိုကျောင်းကို ပေးဖို့ သား ကတိပေးထားပြီးပြီ…..”

“သူ့စောင့်ရှောက်မှုနှင့်သာဆိုရင် တိမ်စိမ်းဂိုဏ်းမှာသားအဆင့်အတန်း မြှင့်တက်လာမှာ…..”

ကျန်းယုရို မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“စိုးရိမ်ဖို့ မလိုပါဘူး…..”

“မီရေးတွင်းကို ဒီနှစ်တွေတစ်လျှောက်လုံး တူးဖော်လာတာ ပုလဲထုတ်ပေးနိုင်တဲ့ နေရာက အတော်လေးနည်းနေပြီ…..”

“အလုံခြုံဆုံးနေရာက အတော်လေးရှာရခက်တယ်… သူရှာတွေ့မှာ မဟုတ်ပါဘူး….”

“အနက်ဆုံးအပိုင်းအတွက်တော့ မင်းအဖေတောင် အဲ့ဒီနေရာတွေကို မရှာဖွေရဲဘူး…..”

“သူ အဲ့နေရာကိုသွားရင် သေချင်လို့ပဲ နေမှာ….”

ကျူးဂျန်ရှန် အနည်းငယ် သက်သာယာရသွားခဲ့သည်။

သို့ပေမယ့် သူက သံသယရှိနေဆဲ ဖြစ်သည်။

“သွားစို့…. ရေတွင်းကိုသွားပြီး အခြေအနေတွေ စောင့်ကြည့်ကြီရအောင်….”

“အဲ့လိုမှမဟုတ်ရင်, သူက ဖျက်လို့ဖျက်ဆီးနဲ့ ငါတို့မိသားစု ရတနာကို ဖျက်ဆီးပစ်လိမ့်မယ်….”

ကျန်းယုရို ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။

“ငါ ဒါကို ဘာလို့မတွေးမိဘာလိမ့်…. မြန်မြန်သွားပြီး စစ်ဆေးကြည့်ကြီရအောင်….”

ရေကန် အနက်ပိုင်း၌…..

ဂျန်ဖန်း ကျောက်နံရံရှေ့မှာ မတ်တပ်ရပ်နေပြီး စိတ်ဝင်တစား ကြည့်နေခဲ့သည်။

သူလာစဥ်၌ အခြားကျောက်နံရံတွေက နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ကျောက်ရည်ပူတွေနှင့် ဖုံးနေခဲ့၏။

သို့ပေမယ့် ဤကျောက်နံရံကတော့ ကျောက်ရည်ပူနည်းနည်းသာရှိနေပြီး အတော်လေး ထူးဆန်းလှ၏။

All Chapters