မီးစိတ်ဝိညာဥ်ပုလဲအားလုံး တူးဖော်ခြင်း
Vol. 4 Ch. 55
“ကြည့်ရတာ တစ်ယောက်ယောက်က ဒါကြီးကို ရွေ့ထားတယ်နဲ့တူတယ်….”
ဂျန်ဖန်းမျက်လုံးတွေ အလင်းရောင်တစ်ချက်လက်သွားပြီး ကျောက်နံရံကို ကန်ချလိုက်၏။
သူက အလယ်နေရာကိုကန်လိုက်သည့်အခါ လိုင်သံတစ်ခု အထဲမှ ထွက်ပေါ်လာခဲ့သည်။
“အထဲမှာ ပေါက်ခေါင်းကြီးပဲ….”
ဂျန်ဖန်း နောက်ထပ်တွေဝေမနေတော့ပေ။ စိတ်ဝိညာဥ်စွမ်းအင်ကို စုစည်းလိုက်ပြီး ကျောက်နံရံ၏အလယ်ကို လက်ဝါးနှင့်ရိုက်ချလိုက်၏။
ဘန်း!
ကျောက်နံရံပြိုကျသွားပြီး လူအရပ်တစ်ဝက်စာလောက်ရှိသည့် အပေါက်တစ်ခုပေါ်လာခဲ့သည်။
အပေါက်က သိပ်မနက်ပဲ ငှက်တစ်ကောင်၏ လည်ပင်းကဲ့သို့ဖြစ်၏။
တောက်ပသည့်အနီရောင်ပုတီးစေ့ သုံးလုံးက သိပ်သည်းသည့်စိတ်ဝိညာဥ်စွမ်းအင်တွေကို ထုတ်လွင့်နေပြီး ငှက်ဥတွေကဲ့သို့ နီးနီးကပ်ကပ်ရှိနေကြသည်။
“မီးစိတ်ဝိညာဥ်ပုလဲ….”
ဂျန်ဖန် အလွန်ပျော်ရွင်သွားခဲ့သည်။
သူက ချက်ချင်းပဲ မီးစိတ်ဝိညာဥ်ပုလဲ သုံးလုံးကိုယူလိုက်ပြီး အိတ်ထဲသို့ထည့်လိုက်သည်။
“ဒါတွေကို လူတွေဆီကနေ ဖုံးကွယ်ချင်နေကြတုန်းပဲ….”
ဂျန်ဖန်း အနည်းငယ်ပြုံးလိုက်သည်။
ကျူးမိသားစု မီးစိတ်ဝိညာဥ်ပုလဲ မပေးချင်လေလေ သူက ထွက်မသွားချင်လေလေဖြစ်သည်။
အပေါက်အနက်ပိုင်းကိုကြည့်လိုက်ပြီး ပြုံးလိုက်သည်။ ထို့နောက် လှုပ်ရှားမှုနည်းလမ်းကိုသုံးကာ ပုစဥ်းတစ်ကောင် ရေမျက်နှာပြင်ပေါ် လျှပ်ပြေးသကဲ့သို့ လိုက်လံရှာဖွေတော့၏။
သူခြေချလိုက်သည့်အချိန်တိုင်း ငှက်မွေတစ်ခုကဲ့သို့ ကိုယ်ဖော့နေခဲ့သည်။
ချော်ရည်ပူတွေပေါ် အကြိမ်များစွာ သွားလာနေပေမယ့် အန္တရာယ်ကို အလွယ်တကူရှောင်တိမ်းနိုင်နေခဲ့သည်။
ပိုပြီးအန္တရယ်ရှိသည့်နေရာဖြစ်လေလေ ကျူးမိသားစုလာနိုင်ချေနည်းလေလေပဲ ဖြစ်သည်။
ထိုနေရာတွေ၌ မီးစိတ်ဝိညာဥ်ပုလဲတွေ ပိုများမည်ပဲဖြစ်သည်။
သူက မီးရေတွင်းအဆုံးကို ရောက်သည်အထိ မီးစိတ်ဝိညာဥ်ပုလဲတွေ စုဆောင်းနေခဲ့၏။
သူလက်ထဲက မီးစိတ်ဝိညာဥ်ပုလဲ ၁၂ လုံးကိုကြည့်ပြီး ဂျန်ဖန်း ကျေနပ်စွာနှင့် ပြန်လာခဲ့လိုက်သည်။
ခဏကြာပြီးနောက်…..
သူက ရေတွင်းအပြင်ဘက်ကို ပြန်လည်ရောက်ရှိလာခဲ့သည်။
ယဲ့ချင်းရွယ်က အချိန်တော်ကြာစောင့်နေပြီး စိုးရိမ်းစွာနှင့် မေးလိုက်သည်။
“ထိခိုက်ခဲ့သေးလား…..”
အနီးကပ်စစ်ဆေးကြည့်လိုက်သည့်အခါ….
ဂျန်ဖန်းက ဒဏ်ရာမရရုံသာမက မည်သည့်အညစ်အကြေးမှ ပေးကြံမနေခဲ့ပေ။ သူက လုံးဝကို သပ်သပ်ရပ်ရပ်ဖြစ်နေခဲ့သည်။
ကျန်းယုရိုနှင့် ကျူးဂျန်ရှန်တို့ သက်သာယာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ကျူးမိသားစုမှလူတွေ အောက်ဆင်းသွားတိုင်း ညစ်ပတ်ပေရေပြီး ထွက်လာကြစမြဲဖြစ်သည်။
အသေးဆုံးက အသားအရေတွေလောင်ကျွမ်းနေသည့် ဒဏ်ရာတွေပဲဖြစ်သည်။
ဂျန်ဖန်းက ဖုန်တောင်ပေမနေခဲ့သည့်အတွက် အနက်ပိုင်းကို မသွားခဲ့တာသိသာလှ၏။ သူ မီးစိတ်ဝိညာဥ်ပုလဲရလာဖို့က မဖြစ်နိုင်ပေ။
ကျူးဂျန်ရှန် ထေ့ငေါ့စွာပြောလိုက်သည်။
“မင်းက ရေးကြီးခွင်ကျယ်လုပ်ပြီး အောက်ဆင်းသွားတယ်။ ပြီးတော့ ဒါပဲလား….”
“ငါတို့မင်းကို ပြန်ပို့ဖို့ တစ်ခုခုပေးလိုက်တာ ပိုကောင်းမယ်….”
ကျန်ယုရို မျက်ခုံးတွေ ပြေလျော့သွားပြီး ပြောလိုက်သည်။
“သခင်လေး, ရေကန်အောက်ဆင်းသွားတာက မင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ….”
“မဆင်းခင်တကည်းက ရှင်းရှင်းလင်းလင်း ပြောပြီးသားနော်…. တစ်ခုခုရှာတွေ့တာ မတွေ့တာက မင်းရဲ့ကိုယ်ပိုင်စွမ်းရည်ပေါ်မှာပဲ မူတယ်လို့….”
“အခု မင်းက တစ်ခုမှရှာမတွေ့ခဲ့ဘူးဆိုမှတော့ ငါတို့ကျူးမိသားစုကို အပြစ်တင်လို့ မရဘူးနော်…..”
အမေနှင့်သား၏ စိတ်ဝင်စားမှု ကင်းဝေးဖို့ ဂျန်ဖန်း သူ့ရရှိခဲ့တာတွေ ထုတ်ပြဖို့ အစီအစဥ်မရှိပေ။
သို့ပေမယ့် သူတို့က အရမ်းမောက်မာနေ သည့်အခါ ဂျန်ဖန်း ဘာမပြောညာမပြောနှင့် မီးစိတ်ဝိညာဥ်ပုလဲ ၆ လုံးထုတ်ယူလိုက်၏။
“ငါ အတော်လေးကံကောင်းခဲ့တယ်။ ၆ ခုတောင်တွေ့ခဲ့တယ်လေ….”
ပြောပြီးနောက် သူက တစ်ဝက်ခွဲကာ ယဲ့ချင်းရွယ်ဆီသို့ ပစ်ပေးလိုက်သည်။
“ဒီသုံးခုက မင်းအတွက်ပဲ…. အလုပ်ရှာပေးလို့ ဆုလဒ်ပေါ့…”
ယဲ့ချင်းရွယ် သူတို့ကိုဖမ်းလိုက်ပြီး အံ့အားသင့်သည့်အမူအရာ ဖြစ်လာခဲ့သည်။
“နင်က တကယ် ၆ခု တောင်ရှာတွေ့ခဲ့တာပဲ။ ဘယ်လိုလုပ်ခဲ့တာလဲ….”
“ကျူးမိသားစုအောက်ဆင်းတိုင်း သုံးလုံးပဲ ရကြတာ….”
ကျန်းယုရိုနှင့် ကျူးဂျန်ရှန်တို့ မျက်နှာတွေ အကြီးအကျယ်ပြောင်းလဲသွားကြသည်။
ကျူးဂျန်ရှန် အော်ပြောလိုက်သည်။
“၆ခု… မင်း… မင်း အများကြီးဘယ်လိုရလာတာလဲ…. အဲ့ဒါတွေ ခုချက်ချင်း ချထားလိုက်…..”
ဂျန်ဖန်း လှောင်ပြောင်လိုက်၏။
“ဒါတွေကို ငါ့ကိုယ်ပိုင်စွမ်းအားနဲ့ ရှာတွေ့ခဲ့တာ။ ဘာလဲ…ရောဂါကုပြီးပြီး ဆိုတော့ ကျူးမိသားစုက စကားကို ပြန်ပြင်ချင်နေတာလား…..”
ကျန်းယုရိုမျက်နှာ ဖြူဖြော့သွားခဲ့သည်။
“သခင်လေး, နင် တစ်ခုနှစ်ခုလောက် ယူတာကို ငါစိတ်မရှိပါဘူး…. ဒါပေမယ့် ၆ ခုကြီးကြ မများလွန်းဘူးလား…..”
“ဒီလိုဆိုရင်ကော, နင်သုံးခုယူလိုက်လေ၊ သုံးခုတော့ပြန်ပေးပေါ့…. ဒီလိုဆို ငါတို့ အနာဂတ်မှာ မိတ်ဆွေတွေဖြစ်နေအုန်း မှာပါ…..”
ဟမ့်…..
ဒီလောက်တောင် စိုးရိမ် နေကြတာလား…..
သူတို့သာ ဂျန်ဖန်း မီးရေတွင်းတစ်ခုလုံး ပြောင်တလင်းခါအောင် လုပ်ခဲ့သည်ကို သိသွားလျှင် နေရာမှာပဲ ချက်ချင်းတိုက်ခိုက်ကြမည်ဖြစ်သည်။
ဂျန်ဖန်း အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
“သခင်မကျူး… မင်းအစောပိုင်းကပြောတော့ ငါ့အရည်အချင်းနဲ့ရှာတွေ့သမျှ ငါ့ဟာဆို….”
“ဘာမှမတွေ့တော့ ငါက အရည်အချင်းမရှိဘူးတဲ့။ အများကြီးလည်းရှာတွေ့ကော အကြင်နာမဲ့တယ်ဖြစ်သွားကောလား….”
မီးစိတ်ဝိညာဥ်သုံးလုံးရထားသည့် ယဲ့ချင်းရွယ်လည်း သူ့ဘက်က ရပ်တည်လိုက်၏။
“ဒေါ်လေး, ဒီကိစ္စက ငါတို့မိသားစုနှစ်ခုရဲ့ မိတ်ဆွေဆက်ဆံရေးနဲ့ဆိုင်တယ်နော်…. နတ်ဆေးဆရာကို ကျွန်မပဲ ဖိတ်ခေါ်ခဲ့တာ….”
“ဒေါ်လေးသာ ဒေါ်လေးစကားပြန်ပြင်မယ် ဆိုရင် ယဲ့မိသားစု ဘာဖြစ်သွားမလဲ….”
ကျန်ယုရို ခါးသီးစွာခံစားလိုက်ရပေမယ့် ဘာမှမပြောနိုင်ခဲ့ပေ။
ဂျန်ဖန်း မီးစိတ်ဝိညာဥ်ပုလဲ ၆ခု တွေ့ဖို့ သူမ တစ်ခါမှ မမျှော်လင့်ထားပေ။
သို့ပေမယ့်ရှေ့မှာ ကတိပေးထားပြီဖြစ်၏။ ထို့ပြင် မြို့သခင်သမီးလည်း ဘေးနားရှိတာဖြစ်၍ သူမစကားကို ပြန်ပြင်ဖို့က ခက်ခဲလှ၏။
သူမက ဒေါသတကြီးပြောဖို့သာ တတ်နိုင်၏။
“ကောင်းပြီလေ, ယူလိုက်…. ကျူးမိသားစု ဆုံးတာဝန်ခံတယ်….”
ဂျန်ဖန်းနှင့် ယဲ့ချင်းရွယ် ထွက်ခွာသွားပြီးနောက်….
ကျူးဂျန်ရှန် ဒေါသတွေပေါက်ကွဲထွက်လာပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။
“သေစမ်း… ဒီကောင်က လုပ်ရဲတယ်ပေါ့….”
“ဒါပေမယ့်…. ဒီပုံအတိုင်းဆိုဆိုရင် ငါတို့မီးရေတွင်းမှာ မီစိတ်ဝိညာဥ်ပုလဲ အများကြီးရှိတာပေါ့….”
“မဟုတ်ရင် ပထမအကြိမ်မှာတင် သူက ဘယ်လိုလုပ် ဒီလောက်အများကြီး ရနိုင်မှာလဲ….”
ကျန်းယုရိုမျက်လုံးတွေ သူ့စကားကြောင့် တောက်ပသွားခဲ့သည်။
သူမက ချက်ချင်းပဲ ကလန်အဖွဲ့ဝင်တွေကို ဆင့်ခေါ်ပြီး အောက်ကို ဆင်းရှာခိုင်းလိုက်သည်။
သို့ပေမယ့် နေ့တစ်ဝက်ကြာပြီးနောက်….
သူတို့က ဘာမှမရခဲ့ပဲ ဒဏ်ရာတွေနှင့် ပြန်လာခဲ့ကြသည်။ မီးစိတ်တိညာဥ်ပုလဲ တစ်လုံးတောင်မရခဲ့ပေ။
“သခင်မကိုတင်ပြပါတယ်…. ဝှက်ထားတဲ့ နေရာက မီးစိတ်ဝိညာဥ်ပုလဲအားလုံးက အဲ့ဒီကောင်းလေးယူသွားပါပြီ….”
“ဒါ့အပြင် အနက်ပိုင်းက ငါတို့မြင်နေရတဲ့ မီးစိတ်ဝိညာဥ်ပုလဲတွေလည်း မရှိတော့ပါဘူး….”
ဘာ?.....
ကျူးဂျန်ရှန် ဒေါသထွက်သွားခဲ့သည်။
“သူက မီးစိတ်ဝိညာဥ်ပုလဲအားလုံး ယူသွားတယ်?.... တစ်ခုလေးတောင် ချန်မထာားခဲ့ဘူး…..”
“ခွေးမသား…. ငါမင်းကို ဘယ်တော့မှ ခွင့်မလွတ်ဘူး….”
ထိုစဥ်, ဂျန်ဖန်းနှင့် ယဲ့ချင်းရွယ်တို့က ရှုမိသားစုကို အလျှင်အမြန်ပြန်လာခဲ့ကြသည်။
ယဲ့ချင်းရွယ် မီးစိတ်ဝိညာဥ်ပုလဲသုံးလုံးကို ကိုင်ထားပြီး မခွဲနိုင်မခွာရက်ဖြစ်နေခဲ့သည်။
၎င်းတို့၏အရောင်တွေလွင့်ပြယ်စပြုလာ တာကိုသတိထားမိပြီး သူမအလျှင်အမြန်ပဲ သတိရသွားခဲ့သည်။
“မေ့တော့မလို့…..”
“မီးစိတ်ဝိညာဥ်ပုလဲတွေကို ကျောက်ရည်ပူထဲကယူလာရင် အာနိသင်တွေ တဖြည်းဖြည်းဆုံးရှုံးလာတယ်။ မြန်မြန်အသုံးပြုလိုက်….”
ဂျန်ဖန်း အံ့အားသင့်သွားခဲ့သည်။
သူက ရှုမိသားစုကို အမြန်ပြန်တော့၏။
ပြန်ရောက်သည့်အခါ ရှုရို့ရန်ကိုခေါ်လိုက်ပြီး မီးစိတ်ဝိညာဥ် သုံးလုံးပေးလိုက်သည်။
“ဒါတွေကိုယူပြီး မြန်မြန်ကျင့်ကြံလိုက်….”
ရှုရို့ရန် စိတ်ရှုပ်သွားပေမယ့် သူ့ ညွှန်ကြားချက်အတိုင်း ချက်ချင်းလုပ်ဆောင်လိုက်၏။
ယဲ့ချင်းရွယ် တုန်လှုပ်သွားခဲ့သည်။
“နင့်မှာ ဘယ်လိုလုပ် နောက်ထပ် သုံးခု ရှိနေသေးတာလဲ….”
ဂျန်ဖန်း မျက်တောင်ခတ်လိုက်ပြီး နောက်ထပ်သုံးခု ထုတ်ပြလိုက်၏။
“အာ, ၁၂ခုတောင်…. နင် မီးရေတွင်းကို အပြောင်ရှင်းလာတာလား….”
ယဲ့ချင်းရွယ် ပါးစပ်အဟောင်းသာဖြစ်နေခဲ့သည်။ ထို့နောက် သူမက ပြောလိုက်သည်။
“မြန်မြန်, အဲ့ဒါတွေ ရှုယင်းရင်းကို ပေးလိုက်….”
“သူမက ခုလေးတင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်ထားတာ…. ဒါတွေက သူမအတွက် အကျိုးရှိတယ်….”
ဂျန်ဖန်း မျက်နှာ စူပုပ်သွားခဲ့သည်။
သူက ရှုကျန်းယန်ကို ဖိတ်ခေါ်လိုက်ပြီးး မီးစိတ်ဝိညာဥ်ပုလဲ သုံးလုံး ပေးလိုက်သည်။
“ဦးလေး, ဒါတွေကို မြန်မြန်မျိုချလိုက်….”
ရှုကျန်ယန် ထိုအရာတွေက ဘာတွေလဲ မသိပေ။ သို့ပေမယ့် ရတနာတွေဆိုတာကို ခံစားမိပြီး ဒုတိယအကြိမ်တွေးမနေတော့ပဲ မျိုချလိုက်သည်။
သတင်းကြားပြီး ရှုယင်းရင် ရောက်လာသည့်အခါ…
မီးစိတ်ဝိညာဥ်ပုလဲ ၁၂ လုံးက ခွဲဝေပြီးသွားပြီပဲဖြစ်သည်။
“မီးစိတ်ဝိညာဥ်ပုလဲ….”
ယဲ့ချင်းရွယ်လက်ထဲက မီးစိတ်ဝိညာဥ်ပုလဲ ၃လုံးကို ကြည့်ပြီး ရှုယင်းရင် အော်ပြောလိုက်၏။
“ချင်းရွယ်, ဒါတွေက ကျူးမိသားစုမှာပဲ ရှိတာမလား…. နင်ဘယ်ကရလာတာလဲ….”
ယဲ့ချင်းရွယ် ဂျန်ဖန်းကို ညွှန်ပြလိုက်သည်။
“ငါကဒါတွေကို ဘယ်လို့လုပ်ရနိုင်မှာလဲ။ ဒါတွေအားလုံက သူ့ကြောင့်ပဲ….”
ဂျန်ဖန်းရခဲ့တာလား…..
သူမကို ပိုအံ့သြသွားစေသည်က သူမအဖေ ရှုကျန်းယန်၊ သူအမ ရှုယင်းရင် တို့ ပုလဲတွေ ရပြီး စွမ်းအင်တွေကို ချေဖျက်နေကြတာဖြစ်၏။
သူမကလွဲပြီး လူတိုင်းတစ်ခုစီရကြ၏။
ရှုယင်းရင် ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။ သူမက သူ့ကို မှန်မှန်ကန်ကန်လုပ်ဖို့ အချက်ပြနေခဲ့၏။
ဂျန်ဖန်း သူမကို လျစ်လျူရှုထားခဲ့သည်။
သူက နောက်ဆုံးကျန်ရှိသည့် မီးစိတ်ဝိညာဥ်ပုလဲ သုံးလုံးကို တစ်ခါတည်းမျိုးချလိုက်၏။ ထို့နောက် ခြေချိတ်ထိုင်ကာ ကျင့်ကြံလိုက်၏။
“နင်….”
ရှုယင်းရင် ခြေဆောင့်လိုက်၏။
ရှုရို့ရန်ကို မီးစိတ်ဝိညာဥ်ပုလဲပေးတာက သာမန်ကိစ္စပဲဖြစ်သည်။
သူမအဖေရှုကျန်ယန်ကိုပေးတာလည်း မထွန့်တက်စရာမလိုပေ။
သို့ပေမယ့် သူမအစား ယဲ့ချင်းရွယ်ကို ပေးတာကတော့…..
သူမက အပြင်လူတစ်ယောက်လောက် တောင် အရေးမပါဘူးလား….
ယဲ့ချင်းရွယ် မီးစိတ်ဝိညာဥ်ပုလဲတွေကို ယူထားတာမသင့်လျော်ဘူးဟု ခံစားမိ၏။ သူမက ရှုယင်းရင်းကို ပေးလိုက်သည်။
“ယင်းရင်, ဒီသုံးခုယူလိုက်…. ဒါတွေက နင့်ဟာတွေပဲ…..”
ရှုယင်းရင် မျက်လုံးထဲက မျက်ရည်တွေစီးကျလာပြီး ဂျန်ဖန်းကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
“ငါ အဲ့ဒါတွေ မလိုချင်ဘူး….”
“မီးစိတ်ဝိညာဥ်ပုလဲလေးပဲဟာ…. ငါဂရုစိုက် မနေဘူး….”
သူမက နီရဲသည့်မျက်လုံးတွေနှင့် ပြေးထွက်သွားခဲ့သည်။
ယဲ့ချင်းရွယ် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
“ဘာလို့ဒီလိုတွေဖြစ်လာတာလဲ…..”
“ဒီမီးစိတ်ဝိညာဥ်သုံးလုံးက နင့်ဟာတွေ ဖြစ်သင့်တာ….”
နေ့တစ်ဝက်လောက်ကြာပြီးနောက်….
လူလေးယောက် တစ်ယောက်ပြီးတစ်ယောက် မျက်လုံးတွေ ပွင့်လာကြသည်။
ရှုကျန်းယန် စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည်။
“ငါသိသိသာသာ တိုးတက်သွားတယ်။ အခြေခံတည်ဆောက်ခြင်းအဆင့် ၂ကို ချိုးဖြတ်ဖို့က မကြာလောက်တော့ဘူး….”
အခြေခံတည်ဆောက်ခြင်း အဆင့် ၁ နှင့် အဆင့် ၂ ကြားက ခြားနားချက်က ကြီးမားလှ၏။
ရှေ့တစ်ခုက တစ်ကိုယ်တည်းရပ်တည် နိုင်မှာဖြစ်ပြီး နောက်တစ်ခုကတော့ အထီးကျန်လှေမြို့၏ ထပ်သီးကျွမ်းကျင်သူ တစ်ယောက်အဖြစ် ယူဆလို့ရတာပဲဖြစ်သည်။
ရှုမိသားစု ဂုဏ်သတင်းက အနာဂတ်မှာ မြင့်တက်လာတော့မည်ပဲဖြစ်သည်။
ရှုရို့ရန်လည်း ပျော်ရွင်စွာပြောလိုက်သည်။
“ငါ ချီကျင့်ကြံခြင်းအဆင့် ၇ ကို ချိုးဖြတ်သွားပြီ…..”
ဂျန်ဖန်း သူမကို ထူးဆန်းသည့်အရည်တွေနှင့် အဖုံးမပါသည့် ကျင့်စဥ်နည်းလမ်း ပေးကတည်းက…..
တစ်လထက်နည်းသည့်အချိန်အတွင်းမှာ သူမက ချီကျင့်ကြံခြင်းအဆင့် ၂ ကနေ အဆင့် ၇ ကို ချိုးဖြတ်နိုင်ခဲ့၏။
သူမက ထိုအရာကိုတွေးမိတိုင်း အိမ်မက်တစ်ခုလို ခံစားရ၏။
ဂျန်ဖန်းနှင့် ယဲ့ချင်းရွယ်တို့က ချီကျင့်ကြံခြင်း အဆင့် ၉ တွေဖြစ်ကြ၏။
မီးစိတ်ဝိညာဥ်ပုလဲအာနိသင်အောက်မှာ သူတို့က အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့၏။
“စိတ်ဝိညာဥ်စွမ်းအား ၅၀ ရာခိုင်နှုန်းလောက် တိုးလာပြီ….”
ဂျန်ဖန်း အနည်းငယ်အံအားသင့်စွာနှင့် ပြောလိုက်သည်။
ချီကျင့်ကြံခြင်းအဆင့် ၉ နှင့် အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်၏ စိတ်ဝိညာဥ်စွမ်းအင်ကွာခြားမှုက ကြီးမားလှ၏။
ဒုနန်းတော်သခင် နောက်တစ်ကြိမ်ရင်ဆိုင်ရလျှင် သူ၏ စိတ်ဝိညာဥ်စွမ်းအင်အကာအကွယ်ကို ချိုးဖြတ်နိုင်မည်ဟု ဂျန်ဖန်း ယုံကြည်မှုရှိတာပဲဖြစ်သည်။
အနီးကပ်၌ သူ၏ဓားသိုင်းနှင့် သစ်သားဓား၏ မိုးကြိုးစွမ်းအင်ကို ထုတ်သုံးနိုင်တာပဲဖြစ်သည်။
ရုတ်တရက်….
စူးရှကျယ်လောင်သည့်အသံတစ်ခု ကောင်းကင်ကို ပစ်လွတ်လိုက်၏။
မီးပန်းက ကောင်းကင်ကို မြှင့်တက်သွားပြီး ကြီးမားသည့်မီးခိုးတိမ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဂျန်ဖန်းမျက်နှာ ပြောင်းလဲသွားခဲ့သည်။
“သွေးလင်းနို့နန်းတော်… ဒီကောင်တွေ လာပြီပဲ….”