← Chapters

အရှေ့ကိုအယောင်ပြပြီး အနောက်ကို တိုက်ခိုက်ခြင်း

Vol. 4 Ch. 56

အရှေ့ကိုအယောင်ပြပြီး အနောက်ကို တိုက်ခိုက်ခြင်း

Vol. 4 Ch. 56

ဂျန်ဖန်း ချက်ချင်းပဲ သစ်သားဓားကိုဆုပ်ကိုင်ကာ မီးခိုတွေရှိရာအရပ်သို့ လေးကြိုးမှပစ်လွတ်လိုက်သည့် မြားတစ်စင်းကဲ့သို့ တစ်ဟုန်ထိုးသွားတော့သည်။

လမ်း၌ သူက နံပါတ် ၁ အရိပ်စောင့်မျက်နှာဖုံး တပ်ဖို့ မမေ့ခဲ့ပေ။

ယဲ့ချင်းရွယ်လည်းနောက်မှ ကပ်လိုက်လာပြီး ပြောလိုက်သည်။

“မီးခိုးဦးတည်ရာကို ကြည့်ရရင် ချင်မိသားစု ပိုင်နက်ပဲ….”

ချင်မိသားစု?....

ဂျန်ဖန်း တစ်ခဏတွေးလိုက်ပြီး နားလည်သွားခဲ့သည်။

“ဒုနန်းတော်သခင်က သူ့မျက်လုံးကုဖို့ ဆေးရှာနေတာပဲ….”

“ငါတို့ သူ့မျက်လုံးပြန်ကောင်းခွင့်ပြုလို့ မဖြစ်ဘူး…..”

မျက်လုံးတစ်လုံးဆုံးရှုံးထားသည့် ဒုနန်းတော်သခင်၏ခွန်အားက ၃၀ ရာခိုင်နှုန်းလောက် လျော့ကျနေမည်ပဲဖြစ်သည်။

သူသာပြန်ကောင်းသွားလျှင် သူ့ခွန်အားက အထွတ်အထိပ်အခြေအနေကို ပြန်ရောက်သွားမည်ပဲဖြစ်သည်။

ထိုအချိန်၌ မြို့သခင်လှုပ်ရှားလျှင်တောင် အနိုင်ရဖို့ ခက်သွားပြီပဲဖြစ်သည်။

သူ နောက်ထပ်အချိန်မဆွဲရဲတော့ပေ။ ချက်ချင်းပဲ လှုပ်ရှားမှုနည်းလမ်းသုံးပြီး အရိပ်တစ်ခုအသွင်ပြောင်းကာ ထွက်ခွာသွားခဲ့သည်။

“ငါအရင်သွားနှင့်မယ်….”

ယဲ့ချင်းရွယ်၏ လှပသည့်မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့သည်။

“လှုပ်ရှားမှုနည်းလမ်း?.... သူ တကယ်ပဲ လှုပ်ရှားမှုနည်းလမ်းတစ်ခု လေ့ကျင့်ထားတာပဲ….”

လှုပ်ရှားမှုနည်းလမ်းတွေက အရှားပါးဆုံး ကျင့်ကြံရေးနည်းလမ်းတွေဟု ကျော်ကြား၏။ ထို့ပြင် ကျင့်ကြံဖို့ကလည်း အခက်ခဲဆုံးပဲဖြစ်သည်။

သာမန်လူတစ်ယောက် ပိုင်ဆိုင်ဖို့ခက်ပြီး ကံကောင်းပြီး ပိုင်ဆိုင်ခဲ့လျှင်တောင် အောင်မြင်အောင် ကျင့်ကြံဖို့ ခက်ခဲတာပဲဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်းက လှုပ်ရှားမှုနည်းလမ်း တစ်ခုလေ့ကျင့်ထားနိုင်၏။

ထိုအရာက သူ၏ သာမန်မဟုတ်သည့် နားလည်နိုင်စွမ်းကို ဖော်ပြဖို့ လုံလောက်နေပြီပဲဖြစ်သည်။

တုန်လှုပ်နေစဥ်မှာပဲ ယဲ့ချင်းရွယ် မနေနိုင်ပဲ ရှုယင်းရင်ကို သနားသွားခဲ့သည်။

“ယင်းရင်, ယင်းရင်… နင် ဒီကမ္ဘာကြီးမှာရှိတဲ့ အကောင်းဆုံးသတို့သားကို လွဲချော်သွားပြီ….”

ရှုမိသားစုနှင့် ချင်မိသားစုက မဝေးပေ။

ဂျန်ဖန်း၏ ထူးခြားသည့်လှုပ်ရှားမှုနည်းလမ်းနှင့် လက်ဖက်ရည်ခွက်တစ်ဝက်စာအချိန်မှာ ရောက်လာခဲ့သည်။

သို့ပေမယ့်…..

ချင်မိသားစု အတွင်းကောအပြင်ကောက ပုံမှန်အတိုင်းပဲဖြစ်သည်။

ချင်မိသားစုခေါင်းဆောင်နှင့် ကလန်အဖွဲ့ဝင်များစွာက ခေါင်းမိုးပေါ်မှာ မတ်တပ်ရပ်နေခဲ့ကြသည်။ သူတို့က ကောင်းကင်က မီးခိုတွေကို ကြည့်ပြီး ဟဟေဠိဖြစ်နေခဲ့ကြသည်။

သူတို့ကြည့်ရတာ မီးခိုတွေဘယ်က ပေါ်လာလဲဆိုတာ နားမလည်နိုင်ဖြစ်နေကြ၏။

ဂျန်ဖန်း ကြောင်အသွားခဲ့သည်။

‘သွေးလင်းနို့နန်းတော် ရောက်မလာဘူးပေါ့?.....

သတိပေးချက် မှားနေတာများလား….’

‘မဟုတ်သေးဘူး….’

ဂျန်ဖန်း ရုတ်တရက်နားလည်သွားပြီး သူ့မျက်နှာပြောင်းလဲသွားခဲ့သည်။

“ဒါအာရုံလွဲတဲ့နည်းလမ်းပဲ….”

“သွေးလင်နို့နန်းတော်က မြို့စောင့်စစ်သား တွေကို မသိမသာ အာရုံလွဲသွားတာပဲ။ လက်တွေ့မှာတော့ သူတို့က အခြားနေရာတစ်ခုကို တိုက်ခိုက်ကြမှာ….”

‘ဒါပေမယ့် သူတို့ ဘယ်နေရာကို တိုက်မှာလဲ…..’

ဂျန်ဖန်းစိတ်က ပျာယာခတ်နေခဲ့သည်။

ဒုနန်းတော်သခင် ဆေးရှာနေသည်ဆိုလျင် ချင်းမိသားစုကို မတိုက်ခိုက်လျှင် ကျန်တဲ့ နံမည်ကြီးဆေးဝါးမိသားစုက….

ဂျန်ဖန်း နှလုံးသာကျုံ့ဝင်သွားခဲ့သည်။

“ချန်မိသားစု….”

ချန်မိသားစုက သွေးလင်းနို့နန်းတော်၏ ပစ်မှတ်အစစ်ဖြစ်၏။

သူမျက်နှာအကြီးအကျယ်ပြောင်းသွားခဲ့သည်။ ခေါင်မိုးကိုကန်၍ လှုပ်ရှားမှုနည်းလမ်းကို အကန့်အသတ်ထိ အသုံးပြုပြီး တစ်ဟုန်ထိုးပြေးတော့သည်။

သူ ချန်မိသားစုသို့ ရောက်တော့မည့်အချိန်၌….

ပုံရိပ်တစ်ခုကိုသတိထားမိလိုက်သည်။ ထိုအရာက နံပါတ် ၂ အရိပ်စောင့် ရှုယင်းရင်ပဲ ဖြစ်သည်။

အစောတုန်းက သူမက အပြင်မှာရှိနေခဲ့တာဖြစ်၏။

ထို့ကြောင့် ချင်မိသားစုကို သူတို့ထက်အရင် ရောက်ခဲ့ပြီး သွေးလင်းနို့နန်းတော်၏ ပစ်မှတ်အစစ်အမှန်ကို နားလည်သွားခဲ့သည်။

သူမက မီးခိုးဗုံးတစ်ခုပစ်လွတ်ဖို့ ထုတ်ယူလိုက်၏။

သို့ပေမယ့် မီးခိုးဗုံးတစ်ခုက သူမထက်အရင် ပစ်လွတ်လိုက်တာကို မြင်လိုက်ရ၏။

ပုံရိပ်တစ်ခုအနားရောက်လာသည့်အခါ သူမက ချက်ချင်းပဲ ပျော်ရွင်သွားခဲ့သည်။

“နံပါတ် ၁ အရိပ်စောင့်…. နင်လည်းရောက်လာပြီပဲ….”

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက တင်ကြပ်စွာပိတ်ထားသည့်တံခါးကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။

“သူတို့ အထဲမှာတိုက်ခိုက်နေလောက်ပြီ…”

သူက မည်သည့်အသံမှမထွက်ပဲ ခြံစည်းရိုးကို ခုန်တက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ….

ချန်မိသားစုအနောက်ဘက်ခြံဝန်း၌….

ချန်းယုချိုရင်ဘတ်က သွေးတွေစွန်းထင်နေပြီး မိသားစုအစောင့် များစွာလည်း ပတ်ပတ်လည်မှာ လဲကျနေခဲ့ကြ၏။

သို့ပေမယ့် သူက သူ့နောက်မှာရှိတဲ့ ချန်းစီလင်နှင့် လျိုချီမင်ကို အပြင်းအထန် ကာကွယ်နေဆဲဖြစ်သည်။

သူ့ရှေ့က မျက်လုံးတစ်ဖက်သာရှိသည့် လူအိုကြီးကိုအေးစက်စွာစိုက်ကြည့် လိုက်၏။

“မင်းဘာလိုချင်တာလဲ…. ယူသွားလိုက်…. ဘာလို့လူတွေသတ်နေတာလဲ…..”

ချန်းယုချို အတော်လေး ကြောက်လန့်နေပြီဖြစ်သည်။

သူက သူတို့ကို သိတာပဲဖြစ်သည်။

သူ့ရှေ့ကလူတွေက နာမည်ဆိုးဖြင့် ကျော်ကြားသည့် သွေးလင်းနို့နန်းတော် အကြွင်းအကျန်တွေမှလွဲပြီး အခြားလူတွေ မဟုတ်ကြပေ။

ခေါင်းဆောင်က မရေတွက်နိုင်သည့် သန်မာသူတွေကို တုန်ယင်သွားစေသည့် ဒုနန်းတော်သခင်ပဲဖြစ်သည်။

ဒုနန်းတောင်သခင် သူ့ခြေထောက်နားက သေနေသည့် နောက်ဆုံးအစောင့်အရှောက်ကို ကြည့်လိုက်သည်။

ဒေါသမီးတစ်ခုက သူ့မျက်လုံးထဲမှာ တောက်လောင်လာခဲ့သည်။

“သေစမ်း….. သတင်းက မှားနေတာပဲ…. ချန်းအမည်နဲ့လူက အပြင်းအထန်ဖျားနေပြီး သတိမေ့နေတာ မဟုတ်ဘူးလား….”

အာရုံလွဲတာအပြင် ချန်မိသားစုကို တိုက်ခိုက်ရသည့် အခြားအကြောင်းအရင်း လည်းရှိ၏။

အဘယ်ကြောင့်ဆိုသော် ချန်းမိသားစု၌ မုဆိုးမတွေနှင့် မိဘမဲ့ကလေးတွေသာ ကျန်တော့တာဖြစ်ပြီး အောင်မြင်ဖို့လွယ်တာပဲဖြစ်သည်။

သို့ပေမယ့် အထဲရောက်သည့်အခါ ချန်းယုချိုက သတိရနေခဲ့သည်။

သူက အခြေခံတည်ဆောက်ခြင်း အဆင့် ၂ ဖြစ်၏။ နှစ်ပေါင်းများစွာ သတိမေ့နေတာတောင် သူ့အခြေခံက ကျန်ရှိနေသေးတာပဲဖြစ်သည်။

သူ၏ အစောင့်အရှောက်တစ်ယောက်က သတိမထားမိပဲ လက်ဝါးချက်မိကာ နှလုံးကွဲကြေသွားခဲ့သည်။

“ဟမ့်…. သေခါးနီးရုန်းကန်နေတယ်…. မင်း ငါနဲ့ အပေးအယူလုပ်ရဲတယ်ပေါ့….”

ဒုနန်းတော်သခင် အေးစက်စွာလှောင်ပြောင်ပြီး သတ်ဖြတ်လိုစိတ်နှင့် ရှေ့ကို တစ်ဟုန်ထိုးပြေးဝင်သွားခဲ့သည်။ သူ့လက်သီးက သန်မာသည့်စိတ်ဝိညာဥ်စွမ်းအင်တွေနှင့် ပြည့်နှက်နေပြီး ချန်းစီလင်ကို ကြမ်းတမ်းစွာ ထိုးချလိုက်၏။

ချန်းယုချို ကြောက်လန့်သွားပြီး အံကြိတ်ကာ ခုခံဖို့ လက်သီးနှစ်လုံးပစ်သွင်းလိုက်၏။

သို့ပေမယ့် သူ၏ ဒဏ်ရာများစွာရထားသည့် ခန္ဓာကိုယ်က ဒုနန်းတော်သခင်၏ ပြိုင်ဘက်မဟုတ်ပေ။

ဘုန်း!

တစ်ခဏအတွင်းမှာပဲ ဒုနန်းတောင်သခင်၏လက်သီးက ချန်းယုချို လက်မောင်းကိုဖြတ်ကာ သူ့ရင်ဘတ်ပေါ်ကို တိုက်ရိုက်ကျရောက်သွားခဲ့သည်။

ချက်ချင်းပဲ ချန်းယုချို သွေးအန်လိုက်ရပြီး နောက်ကို တယိမ်းတယိုင်ဆုတ်သွားခဲ့သည်။ သူက နောက်မှာရှိသည့် လျိုချီမင်နှင့် သူ့သမီးပေါ်ကို လဲကျသွားခဲ့သည်။

ဒုနန်းတော်သခင်က အေးစက်စွာပြုံးလိုက်ပြီး ရှေ့ကို လျှောက်လာလိုက်၏။ ချန်းယုချို နောက်ထပ်မတိုက်ခိုက်နိုင်တော့ဘူးဆိုတာ အတည်ပြုပြီးနောက် သူမျက်လုံးတွေက ချန်စီလင်ဘက်ကို လှည့်လိုက်သည်။

“လှလိုက်တဲ့မိန်းခလေးပါလား…..”

“ငါ့မျက်လုံးကန်းသွားကတည်းက အနာဂတ်မှာပြုစုဖို့ အမျိုးသမီးတစ်ယောက်လိုနေတာ…. မင်းက အသင့်တော်ဆုံးပဲ….”

သူက ခါးကိုင်းလိုက်ပြီး ချန်းစီလင်ပုခုံးကို ဆုပ်ကိုင်လိုက်၏။

ချန်းယုချို ထိပ်ထိပ်ပျာပျာဖြစ်သွားပြီး ရပ်တန့်ချင်နေ၏။ သို့ပေမယ့် သူ့ရင်ဘတ်ရိုးတွေက ကျိုးကြေနေပြီး မလှုပ်ရှားနိုင်ဖြစ်နေခဲ့သည်။

ထိုအရေးကြီးအခိုက်အတန့်၌……

ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ချန်းယုချိုနှင့် ဒုနန်းတော်သခင်တို့ ကြည့်လိုက်ကြသည်။

အံ့အားသင့်စွာနှင့်ပဲ ပုံရိပ်တစ်ခု အနောက်ဘက်ခြံဝန်းထဲကို တိတ်တဆိတ် ရောက်နေခဲ့သည်။

ဓားချက်တစ်ချကနှင့် တံခါးကိုစောင့်ကြပ်နေသည့် သွေးလင်းနို့နန်းတောင်အဖွဲ့ဝင် လည်မျိုကို ထိုးဖောက်ပစ်လိုက်သည်။

“မင်းပဲ….”

ဒုနန်းတောင်သခင် ဒေါသထွက်သွားခဲ့သည်။

နံပါတ် ၁ ထွင်းထားသည့် ထိုမျက်နှာဖုံးကို မြင်သည့်အခါ သူ၏ကျန်သည့်မျက်လုံးတစ်ဖက်ထဲ၌ အမုန်းတရာတွေတောက်လောင်လာခဲ့သည်။

သူတို့အံ့အားသင့်နေစဥ်မှာပဲ ဂျန်ဖန်း အံ့အားသင့်စရာကောင်းသည့်အရှိန်ဖြင့် နောက်ဆုံးကျန်ရှိသည့် သွေးလင်းနို့နန်းတော်အဖွဲ့ဝင်ကို အသာအယာသတ်ဖြတ်လိုက်၏။

“မင်းအလှည့်ရောက်ပြီ….”

ဂျန်ဖန်း သစ်သားဓားကိုမြှောက်လိုက်ပြီး ဒုနန်းတော်သခင်ကို ညွှန်ပြလိုက်သည်။

ဒုနန်းတောင်သခင် ယခုတစ်ယောက်တည်း ကျန်တော့တာဖြစ်ပြီး ဒေါသထွက်လာခဲ့သည်။

“အချိန်ကိုက်ပါ့လား…. ရန်ငြိုးအဟောင်းကော အသစ်ကော ငါ ဒီနေ့မင်းနဲ့စာရင်းရှင်းမယ်…..”

သူက ဂျန်ဖန်းဆီကို ပြေးဝင်သွားခဲ့သည်။

အခြေခံတည်ဆောက်ခြင်း အဆင့် ၂ ၏ ပြိုင်ဘက်ကင်းစိတ်ဝိညာဥ်စွမ်းအားက ဆက်တိုက်ထွက်ပေါ်နေပြီး သူ့ခြေထောက်အောက်က ဖုန်မှုန့်တွေကို လွင့်စင်သွားစေခဲ့သည်။

ဂျန်ဖန်း အာရုံစိုက်လိုက်၏။

သူက လှုပ်ရှားမှုနည်းလမ်းနှင့် ကျင့်ကြံရေးကို တစ်ခါတည်း လုပ်ဆောင်လိုက်၏။

တစ်ချိန်တည်းမှာပဲ “ကြယ်ခုနှစ်လုံးဓားသိုင်း” ၏ နောက်ဆုံးဓားကွက်ကို ထုတ်ဖော်လိုက်၏။

“မြောက်ပိုင်းကြယ်ခုနှစ်လုံး…..”

အားကောင်းသည့်ဓားစွမ်းအားက ဒုနန်းတောင်သခင်ပတ်လည်က စိတ်ဝိညာဥ်စွမ်းအားကို ပျောက်ကွယ်သွားစေပြီး သူ့လည်ပင်းကို တိုက်ရိုက်ဦးတည်လိုက်၏။

ဒုနန်းတော်သခင်၏ မျက်ခွံ့တွေ ကျုံ့ဝင်သွားခဲ့သည်။

သူ၏ များပြားလှသည့်တိုက်ပွဲအတွေ့အကြုံအရ ဓားချက်ကိုရှောင်တိမ်းဖို့ နောက်ဘက်ကို ပြတ်သားစွာ ယိုင်လိုက်၏။

“မင်းကျင့်ကြံရေး တိုးတက်လာပြီပဲ….”

နောက်ဆုံးအကြိမ်တုန်းက ဂျန်ဖန်းက အနားကပ်နိုင်ရုံသာဖြစ်ပြီး ယခုတစ်ချိန်က သူ့ကိုသတ်လုနီးပါးပဲဖြစ်သည်။

ဂျန်ဖန်း သူ့စကားတွေကြောင့် စိတ်ပျံလွင့်မသွားပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ နောက်ကို ခုန်ဆုတ်သွားခဲ့သည်။

သူ နောက်ကို ခုန်ဆုတ်သွားရုံရှိသေး ကြမ်းကြုတ်သည့်ခြေထောက်တစ်ချောင်းက အောက်မှထွက်ပေါ်လာခဲ့သည်။ ထိုအရာက သူ့နှာခေါင်းကိုသာ ရှပ်ထိသွားခဲ့သည်။

အနည်းငယ်သာနီးသွားလျှင် သူ့မေးရိုး ကျိုးသွားမည်ပဲဖြစ်သည်။

ထိုအရာက နီးကပ်လွန်းသည်ဟု ဂျန်ဖန်း တိတ်တဆိတ်တွေးလိုက်သည်။

ဒုနန်းတော်သခင်၏စကားတွေက သူ့ကို အာရုံထွေပြားအောင်လုပ်ဖို့ဆိုတာ ယခုချိန်မှာ သိသာသွားပြီဖြစ်၏။ ကန်ချက်က သူ၏ သေစေနိုင်သည့်နေရာကို ချိန်ရွယ်ထားခဲ့တာပဲ ဖြစ်သည်။

“အတော်လေး သတိရှိတာပဲ…. ဟမ့်….”

ဒုနန်းတော်သခင် အေးစက်စွာ နှာမှုတ်လိုက်၏။

“ဒါပေမယ့် ဒီနေ့ မင်းမလွတ်ပါဘူး…..”

သူက နောက်တစ်ကြိမ်ပြေးဝင်သွားခဲ့သည်။

သူ့လက်သီးကျရောက်တော့မည့်အချိန်မှာပဲ အားကောင်းသည့်ဓားချီတစ်ခု နောက်ကနေ ထွက်ပေါ်လာခဲ့သည်။

ထိုအရာက ရှုယင်းရင်းပဲဖြစ်သည်။ သူမက အခွင့်အရေးကို အမိအရဖမ်းယူကာ သူ့နောက်ကျောကို ဓားဖြင့်ထိုးလိုက်ခြင်းဖြစ်သည်။

ယခု အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နေပြီဖြစ်၍ သူမဓားချီက သာမန်မဟုတ်တော့ပေ။

နောက်ဆုံးအကြိမ်သူမ မချိုးဖြတ်နိုင်ခဲ့သည့် စိတ်ဝိညာဥ်စွမ်းအင်ကို ထိုးဖောက်ဖို့က လွယ်ကူသွားပြီပဲဖြစ်သည်။ သူမက ဒုနန်းတောင်သခင်၏ သေစေနိုင်သည့်နေရာကို တိုက်ရိုက်တိုက်ခိုက်လိုက်၏။

All Chapters