ဒုနန်းတောင်သခင်နှင့် ပြင်းထန်သည့်တိုက်ပွဲ
Vol. 4 Ch. 57
ဒုနန်းတော်သခင်၏မျက်နှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
သူက ဂျန်ဖန်းကို တိုက်ခိုက်တာအား ပြတ်ပြတ်သားသား လက်လျော့လိုက်ပြီး ဘေးဘက်ကို ရွေ့လိုက်သည်။ ထို့နောက် ရွှေရောင်ချိတ်တစ်ခုကို ရှုယင်းရင်လက်ကောက်ဝတ်ဆီသို့ပစ်လွတ်လိုက်၏။
ရှုယင်းရင် အံ့အားသင့်သွားပြီး ခုခံဖို့ သူမဓားကို အလျှင်အမြန်ပြန်ရုတ်လိုက်၏။
သို့ပေမယ့် ထိုအရာက ဒုနန်းတောင်သခင် လိုချင်နေသည့်အရာပဲဖြစ်သည်။
သူက မြေပြင်ကို လက်တစ်ဖက်ထောက်လိုက်ကာ ကင်းမြှီးကောက်ပုံစံခုန်လိုက်ပြီး သူမလည်ပင်းကို လှမ်းညှပ်လိုက်၏။
ခုခံမှုကနေ တိုက်ခိုက်မှုကို ပြောင်းသွားသည့်အလှည့်အပြောင်းက မျက်တောင်တစ်ခတ်အတွင်း ဖြစ်သွားခြင်းသည်။ ရှုယင်းရင် သူမ၏ အကန့်အသတ်ရှိသည့် တိုက်ပွဲစွမ်းအားနှင့် ထိုအရာကိုခုခံဖို့က မဖြစ်နိုင်ပေ။
သူမလည်ပင် ဖမ်းမိပြီးလိမ်ချိုးခံရတော့မည်ကိုမြင်သည့်အခါ…..
ရုတ်တရက်….
ဒုနန်းတောင်သခင် နာကျင်စွာအော်ဟစ်လိုက်၏။
ဂျန်ဖန်း ပိုမြင့်မြင့်ကိုခုန်လိုက်ပြီး ပညာသားပါပါဖြင့် ဒုနန်းတောင်သခင် ချိုင်းကြားကို ဓားဖြင့်ထိုးချလိုက်သည်။
ပြင်းထန်လှသည့်နာကျင်မှုကြောင့် ဒုနန်းတော်သခင် ရှုယင်းရင်ကို ဂရုမစိုက်တော့ပဲ ခုခံသည့်နည်းလမ်းကို ပြောင်းလိုက်၏။
“ကောင်လေး, မင်းက သေချင်နေတာပဲ….”
ထိုဒဏ်ရာလောက်ကို ဒုနန်းတော်သခင် မမှုပေ။ သူ့မျက်လုံးတွေက ပိုလို့တောင် ဒေါသမီးတွေ တောက်လောင်လာခဲ့သည်။
ဂျန်ဖန်း မျက်လုံးတွေက အေးစက်စက် အလင်းတစ်ချက် လက်သွားခဲ့သည်။
“သေသင့်တဲ့တစ်ယောက်က မင်းပဲ….”
သူက သစ်သားဓား၏ မိုးကြိုးစွမ်းအင်ကို အသက်သွင်းဖို့ တွေဝေမနေပေ။
ခရက်!
အားကောင်းသည့်လျှပ်စစ်စွမ်းအင် အသံတစ်သံထွက်ပေါ်လာခဲ့သည်။
လျှပ်စစ်စီးကြောင်းက ချက်ချင်းပဲ ဒုနန်းတော်သခင်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့ပြီး သူ့ကို တောင့်တောင့်ကြီးဖြစ်သွားစေခဲ့သည်။
သူက မြေပြင်ကို တရှိန်ထိုးပြုတ်ကျသွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ရှုယင်းရင် အံ့သြတုန်လှုပ်သွားခဲ့သည်။
ချန်းယုချိုတောင် ကြောင်အသွားခဲ့သည်။
ဂျန်ဖန်း အမှန်တကယ်ပဲ ဒုနန်းတောင်သခင်ကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်၏။
သို့ပေမယ့် ဂျန်ဖန်း ရပ်တန့်ဖို့ ရည်ရွယ်ချက်မရှိပေ။
သူက ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး မြေပြင်မှာ အကြောသေ ဒူးထောက်နေသည့် ဒုနန်းတော်သခင်၏ ရင်ဘတ်ဘယ်ဘက်ခြမ်းကို ထိုးသွင်းလိုက်၏။
ချက်ချင်းပဲ…..
သွေးတွေ ထိန်းမနိုင်သိမ်းမရ ပန်းထွက်လာခဲ့သည်။
ရှုယင်းရင် ထိုအရာကိုကြည့်နေပြီး တုန်လှုပ်နေခဲ့သည်။
“နင်… နင် ဒုနန်းတော်သခင်ကို သတ်လိုက်တယ်….”
သူမ မိန်မောသွားခဲ့သည်။
နံပါတ် ၁ အရိပ်စောင့်က အမှန်တကယ်ပဲ ဤပုဂ္ဂိုလ်ကို မျက်နှာချင်းဆိုင်သတ်နိုင်သည်လား?.....
ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ့နားကလှုပ်သွားပြီး အမူအရာ ပြောင်းသွားခဲ့သည်။
“နောက်ဆုတ်ကြ….”
သူက သစ်သားဓားကိုတောင် ဆွဲမထုတ်တော့ပဲ နောက်ကို ခုန်ဆုတ်သွားခဲ့သည်။
နှလုံးသားကို ထိုးဖောက်ခံထားရသည့် ဒုနန်းတော်သခင်က ရုတ်တရက် ထရပ်လာခဲ့သည်။
သူက ဂျန်ဖန်းနောက်ကို ပြေးလိုက်လာခဲ့သည်။ သူ့မျက်နှာက ဒေါသကြောင့် တွန့်လိမ်နေပြီး လက်နှစ်ဖက်ဖြင့်ထိုးချလိုက်သည်။
“မင်းခွေးမသား…. သေစမ်း…..”
“ငါ့နှလုံးက ညာဖက်မှာရှိမနေဘူးဆိုရင် မင်းလက်ထဲမှာသေတော့မလို့….”
ဖြစ်ချင်တော့ ဂျန်ဖန်း သူ့နှလုံးခုန်သံကိုကြားပြီး တစ်ခုခုမှားနေတာကို သတိထာားမိခဲ့သည်။
သူ့ဓားက တစ်ဖက်လူ၏ နှလုံးသားကို အတိအကျထိုးဖောက်သွားသင့်သည်။
သို့ပေမယ့် ဒုနန်းတောင်သခင်က နှလုံးခုန်နေဆဲဖြစ်သည်။
ကံကောင်းပြီး သူက အလျှင်အမြန် တုန့်ပြန်နိုင်ခဲ့၏။
ထိုသို့မှမဟုတ်လျှင် ဒုက္ခများပြီပဲ ဖြစ်သည်။
သို့ပေမယ့် သူ့ဓားကို ဆုံးရှုံးသွားပြီဖြစ်၍ ဓားသိုင်း အသုံးပြုလို့မရတော့ပေ။
ထိုအခိုက်အတန့်၌….
ချန်းမိသားစုအိမ်တော်အပြင်ဘက်ကနေ ကျယ်လောင်သည့်အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“သွေးလင်းနို့နန်းတော် အကြွင်းအကျန်ကောင်တွေ , မင်းတို့တွေ မျိုးပြုတ်ဖို့ အချိန်ရောက်ပြီ…..”
စွမ်းအာကြီးအားကောင်းသည့်အသံက အထီးကျန်လှေမြို့၏ နံပါတ် ၁ သန်မာသူမှလွဲပြီး တစ်ခြားသူမဟုတ်ပေ။
ဒုနန်းတောသခင်၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
သူက ဂျန်ဖန်းကို မတိုက်ခိုက်တော့ပဲ ရှုယင်းရင်းကို ရုတ်တရက် တိုက်ခိုက်လိုက်၏။
ရှုယင်းရင်း အမူအရာတောင့်တင်းသွားပြီး ချက်ချင်းပဲ ဓားကိုကိုင်ကာ တိုက်ခိုက်လိုက်၏။ သူမက ဒုနန်းတော်သခင်ကို ရပ်တန့်ဖို့ကြိုးစားလိုက်ပြီး ယဲ့ဂျိဖုန်း လှုပ်ရှားမှာကို စောင့်မျှော်နေခဲ့သည်။
သို့ပေမယ့် သူမက ဘယ်လိုလုပ် ဒုနန်းတောင်သခင်၏ ပြိုင်ဘက်ဖြစ်မည်နည်း။
သုံးကွက် ငါးကွက်လောက် တိုက်ခိုက်ပြီးနောက် သူက အခွင့်အရေးတစ်ခုရသွားခဲ့သည်။ သူမဓားကို လုယူလိုက်ပြီး လည်ပင်းမှာ ချိန်ရွယ်ထားလိုက်သည်။
ထို့နောက် သူမကို ဓားစားခံအဖြစ် ဖမ်းလိုက်၏။
“နောက်ဆုတ်ကြ…. ငါ့နောက်ကို လိုက်ရဲတဲ့လူရှိရင် သူ့ကို သတ်ပစ်မယ်…”
ယဲ့ဂျိဖုန်းနှင့် အထီးကျန်လှေမြို့၏ အခြားကျွမ်းကျင်သူတွေနှင့် ရင်ဆိုင်ရာရသည့်အခါ ဒုနန်းတော်သခင် ဓားကိုတင်းကြပ်စွာကိုင်ပြီး ရှုယင်းရင်၏ လည်ပင်းမှာ ထောက်ထားလိုက်သည်။
ထက်ရှသည့်ဓားသွားကြောင့် သူမလည်ပင်းမှာ အနီရောင်မျဥ်းကြောင်း တစ်ခုပေါ်လာခဲ့သည်။
ဂျန်ဖန်း ရှေ့မတိုးရဲတော့ပဲ ဂရုတစိုက်တွေးနေခဲ့သည်။
နံပါတ် ၁ အရိပ်စောင့် အရမ်းစိုးရိမ်နေတာ မြင်သည့်ခါ ရှုယင်းရင်း သူမ၏ စွမ်းအားမဲ့မှုကို ရှက်ရွံ့သွားခဲ့သည်။
သူမက သတ္တိမွေးလိုက်ပြီး ဒုနန်းတောင်သခင် ရင်ဘတ်မှ သစ်သားဓားကို ဆုပ်ကိုင်ကာ ဂျန်ဖန်းဆီ ပစ်ပေးလိုက်သည်။
“နံပါတ် ၁ အရိပ်စောင့်, ငါ့အတွက် စိုးရိမ်မနေနဲ့…. သူ့ကို မလွတ်စေနဲ့…..”
သို့ပေမယ့် ယဲ့ဂျိဖုန်း ထိတ်လန့်သွားပြီး ပြောလိုက်သည်။
“ငါတို့လှုပ်လို့မရဘူး….”
“ရှုယင်းရင်က တိမ်စိမ်းဂိုဏ်း ရွေးချယ်ထားတဲ့တပည့်ပဲ။ ငါတို့ ဘယ်လိုစွန့်စားမှုမျိုးကိုမှ အကြောင်းမဲ့လုပ်လို့မရဘူး…..”
တိမ်စိမ်းဂိုဏ်းကသာ တာဝန်ယူခံခိုင်းလျှင် မြို့သခင်တစ်ယောက်အနေဖြင့် သူက တာဝန်ယူနိုင်မည်မဟုတ်ပေ။
ဒုနန်းတော်သခင်က အေးစက်စွာနှာမှုတ်လိုက်ပြီး သတိထားကာ ရှုယင်းရင်းကို ဓားစားခံအဖြစ်ခေါ်ဆောင်သွားခဲ့သည်။ တဖြည်းဖြည်းနှင့် ချန်မိသားစုမှ ထွက်လာပြီး မြင်းပေါ်ကိုတက်လိုက်သည်။ ထို့နောက် အလျှင်အမြန်ပဲ အထီးကျန်လှေမြို့မှ ထွက်ခွာကာ တောင်အနက်ပိုင်းထဲကို ထွက်ပြေးတော့၏။
ယဲ့ဂျိဖုန်း အံ့ကြိတ်လိုက်၏။
“လိုက်ကြ…. ငါတို့ ရှုယင်းရင်းကို ဘာမှ ဖြစ်စေလို့မရဘူး…..”
ဂျန်ဖန်း လည်း နောက်က လိုက်ပါသွားခဲ့သည်။
လူတိုင်းက ဒုနန်းတော်သခင်၏ သွေးစီးကြောင်းအတိုင်း တောင်အနက်ပိုင်းထဲကို လိုက်လာခဲ့ကြသည်။
သို့ပေမယ့် လမ်းဆုံတစ်ခု ရောက်သည့်အခါ လူအုပ်က ရပ်တန့်သွားကြသည်။
နှစ်ခုလုံးက ကြမ်းတမ်းသည် တောင်လမ်းတွေဖြစ်ပြီး ဒုနန်းတော်သခင် ဘယ်လမ်းကိုသွားလဲဆိုတာ ဆုံးဖြတ်ဖို့က မဖြစ်နိုင်ပေ။
ဤကဲ့သို့အားကောင်းသည့် ရန်သူမျိုးနှင့် ရင်ဆိုင်ရာ၌ သူတို့က လူခွဲပြီးမသွားရဲပေ။ သူတို့ကိုတစ်ယောက်ပြီးတစ်ယောက် သတ်သွားမှာကို ကြောက်နေခဲ့ကြသည်။
ထိုအခိုက်အတန့်၌ စစ်သားခေါင်းဆောင်က လမ်းတစ်ခု၌ ထင်းရူးအပ်တစ်ခုကို တွေ့လိုက်၏။
“မြို့သခင်, ဒီနေရာမှာ ထင်းရူအပ်တွေ လွင့်ပစ်သွားတယ်….”
လူအုပ်မျက်နှာက တောက်ပသွားခဲ့သည်။
ကြည့်ရတာ ဒုနန်းတော်သခင်က သူ့သွေးတွေက ခြေရာကျန်နေတာကို သတိထားမိသွားတာ ဖြစ်နိုင်၏။
ထို့ကြောင့် ပညာရှိရှိနှင့် ချုပ်လိုက်ခြင်းဖြစ်နိုင်၏။
“လိုက်ကြ…..”
မြို့သခင်မျက်လုံးတွေ တောက်ပသွားပြီး လူအုပ်ကိုဦးဆောင်ကာ အလျှင်အမြန်လိုက်သွားလိုက်သည်။
ဂျန်ဖန်းလည်း သူတို့နှင့် ပြေးလိုက်သွားခဲ့သည်။
သို့ပေမယ့်….
သူ့ခြေလှမ်းတွေက တဖြည်းဖြည်း နှေးလာခဲ့သည်။
ဒုနန်းတော်သခင်နှင့် နှစ်ကြိမ်ရင်ဆိုင်ဖူးသည့်အတွက် ဂျန်ဖန်းက ထိုကောင်၏ညဏ်များမှုကို အတော်လေးနားလည်နေပြီဖြစ်၏။
ထိုကဲ့သို့လူတစ်ယောက်က သူ့ဒဏ်ရာကို ချုပ်ချင်လျှင် သဲလွန်စကျန်ခဲ့ဖို့က ခဲယှဥ်းလွန်း၏။
မဟုတ်လျှင် သူက လမ်းလွဲဖို့ တမင်သက်သက် သဲလွန်စအချို့ ချန်ထားခဲ့တာပဲဖြစ်သည်။
ဂျန်ဖန်း မြို့သခင်နှင့် အခြားလူတွေကို လှမ်းခေါ်ချင်၏။
သို့ပေမယ့် သူက စဥ်းစားလိုက်၏။
တကယ်လို့ သူမှားနေလျှင်ကော….
အဆုံးမှာတော့ လူစုခွဲသွားတာက လက်ခံလို့ရတာပဲဖြစ်သည်။
သူတို့သာ ဒုနန်းတော်သခင်နှင့်တွေ့လျှင် လူအင်အားနှင့် ဒုနန်းတော်သခင်ကို ရင်ဆိုင်တာက မခက်ခဲသင့်ပေ။
သူနဲ့တွေ့ခဲ့လျှင်လည်း တတ်နိုင်ရင် ထိုကောင့်ကို သတ်မည်ပဲဖြစ်သည်။ မသတ်နိုင်လျှင်လည်း အချိန်တော့ ဆွဲထားနိုင်၏။ မြို့သခင်တို့ မကြာခင်သတိထားမိသွားပြီး ရောက်လာကြမည်ပဲဖြစ်သည်။
ထိုအချက်တွေကိုတွေးပြီး သူက လူအုပ်ထဲမှ ခွဲထွက်ကာ အခြားလမ်းတစ်ခုကို အလျှင်အမြန်သွားတော့၏။
လူအုပ်ထဲ၌ ကျူးဂျန်ရှန်မျက်လုံးတွေ တောက်ပသွားခဲ့သည်။
သူက အခြားလမ်းကို ရွေးချယ်လိုက်ပြီး နောက်ကနေ တိတ်တဆိတ် လိုက်သွားခဲ့သည်။
တစ်နာရီလောက်လိုက်ပြီးနောက်…..
ဂျန်ဖန်း ရုတ်တရက် လတ်ဆတ်သည့် သွေးစက်အချို့ကို လမ်းဘေးက သစ်ရွက်တွေပေါ်မှာ သတိထားမိလိုက်၏။
သူနှလုံးသား ခုန်ပေါက်သွားခဲ့သည်။ သူ့ခန့်မှန်းချက်က မှန်နေခဲ့၏။
ဤအရာက ဒုနန်းတော်သခင် ထွက်ပြေးသွားသည့် လမ်းကြောင်းအစစ်အမှန်ပဲဖြစ်သည်။
ထို့ပြင်, လမ်းတစ်လျှောက်၌ သွေးစက်တွေပိုပိုများလာပြီး ဂျန်ဖန်း မျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်လာခဲ့သည်။
“ကြည့်ရတာ ငါ့ဓားချက်က ဒုနန်းတော်သခင် ပြောသလို ပါးပါးလေးပဲ မဟုတ်ဘူးနဲ့တူတယ်….”
“သူ့နှလုံးကို မထိပေမယ့် ကိုယ်တွင်းအင်္ဂါတွေ ဒဏ်ရာရသွားမှာပဲ။ မဟုတ်ရင် သွေးတွေအများကြီး ထွက်မှာမဟုတ်ဘူး….”
“အခုဆိုရင် သူ့ခွန်အားက အစောပိုင်းကထက် သိသိသာသာ လျော့ကျနေမှာ….”
သေချာသလောက်ပဲ….
သွေးစက်တွေနောက်လိုက်ရင်း ဂူအဝင်ဝ တစ်ခုကို ရောက်လာခဲ့သည်။
ဝင်ပေါက်၌ “တိမ်မြူခိုးဂူ” ဟု ထင်ရှားစွာ ရေထားခဲ့သည်။
ဂူဘေး၌ မြင်းတစ်ကောင်ရပ်ထားပြီး မြက်စားနေခဲ့သည်။
“ဒါက သွေးလင်းနို့နန်းတော်၏ နေရာဟောင်းတစ်ခုလား….”
ဂျန်ဖန်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူက ရှုယင်းရင်း၏ ကျောက်စိမ်းပုတီးစေ့ကို သတိရလိုက်၏။
ကျောက်စိမ်းပုတီးစေ့ချန်ထားခဲ့သည့်လူက ကောင်းကင်ဘုံတောင်က တိမ်မြူခိုးဂူမှာ တစ်စုံတစ်ခုချန်ထားခဲ့၏။
နောက်ပိုင်း၌ တိမ်မြူခိုးဂူက သွေးလင်းနို့နန်းတော်၏ နေရာတစ်ခုဖြစ်လာခဲ့သည်။
“သွေးလင်းနို့နန်းတော် ဒီနေရာကို ပိုင်ဆိုင်တာ တိုက်ဆိုင်မှုပဲလား….”
သူက အသက်ပြင်းပြင်းရူလိုက်ပြီး ဂူထဲကို ဂရုတစိုက်ဝင်သွားခဲ့သည်။
တိမ်စိမ်းဂိုဏ်းဝန်းရံတိုက်ခိုက်ခံရပြီးနောက် ဂူက မီးလောင်ပျက်ဆီးနေပြီး နေရာတိုင်းမှာ အရိုးပြာတွေနှင့် ဖုံးလွမ်းနေခဲ့သည်။
သူက ဒုနန်းတော်သခင်၏ အသံကိုလည်း ကြားရ၏။
“သေစမ်း…. ဒါက ဘာလို့မပွင့်တာလဲ….”
ဂျန်ဖန်း တိတ်တဆိတ်ချည်းကပ်လာပြီး အမှောင်ထဲမှာ ပုန်းကွယ်နေခဲ့သည်။
သူက အာရုံအပြည့်စိုက်ထားခဲ့သည်။
ဂူထဲ၌ ကြီးမားသည့်ကွင်းပြင်ကြီးတစ်ခု ရှိပြီး ထိုနေရာ၌ ရုပ်ထုတစ်ခုတည်ထားခဲ့သည်။
ရှုယင်းရင်းက ထိုနားမှာကြိုးတုတ်ခံထားရ၏။ သို့ပေမယ့် အသက်အန္တရာယ်တော့မရှိပေ။
ဒုနန်းတော်သခင် သွေးထွက်လွန်နေပြီး ရုပ်ထုရှေ့၌ ဒူးထောက်နေခဲ့သည်။ သူက ရုပ်ထုအောက်ခြေကို ဟိုစမ်းဒီစမ်းနှင့် တစ်စုံတစ်ခုကို ဖွင့်ဖို့ကြိုးစားနေခဲ့သည်။
ဂျန်ဖန်း မျက်လုံးတွေ တောက်ပသွားခဲ့သည်။
‘အဲ့ဒီရုပ်ထုအောက်မှာ ဟိုလူချန်ထားခဲ့တဲ့ ပစ္စည်းရှိနေတာလား….”
‘သွေးလင်းနို့နန်းတော်က ဒီနေရာကို ရွေးချယ်တာ အဲ့ဒီလျို့ဝှက်ချက်ကို ဖုံးကွယ်ချင်လို့နဲ့တူတယ်….”
ရုတ်တရက်….
ဂူအပြင်ဘက်ကနေ ခြေလှမ်းသံတွေ ထွက်ပေါ်လာပြီး ဒုနန်းတော်သခင် နိုးနိုးကြားကြားဖြစ်သွားခဲ့သည်။
“ဘယ်သူလဲ….”