သွေးလင်းနို့နန်းတော်လျို့ဝှက်ချက်
Vol. 4 Ch. 58
ဂျန်ဖန်းလည်း မျက်မှောင်ကြုတ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သည်။
သူက ချည်းကပ်လာသည့်လူက ကျူးဂျန်ရှန်ဆိုတာ မြင်လိုက်၏။
ကျူးဂျန်ရှန်က အမှောင်ထဲမှာ ပုန်းနေသည့် ဂျန်ဖန်းကို သတိမထားမိပေ။ ဒုနန်းတောင်သခင် အပြင်းအထန်ဒဏ်ရာရနေတာကိုမြင်ပြီး သူက မနေနိုင်ပဲလှောင်ပြောင်လိုက်၏။
“ဟ… ဟ…. ရှိခိုးကောင်းက ပုစဥ်းရင်ကွဲကောင်ကိုချောင်းနေတယ်။ နောက်မှာ အိုရီရိုငှက်ရှိတာကိုတော့ မသိဘူး…..”
“ဒုနန်းတော်သခင်ရဲ့ခေါင်းက ငါ့ဟာပဲ….”
သူသာ တိမ်စိမ်းဂိုဏ်းသို့ ခေါင်းယူသွားလျှင် မရေမတွက်နိုင်သည့် ဆုလဒ်တွေရမည်ပဲဖြစ်သည်။
“မင်းက ငါ့ခေါင်းလိုချင်တာလား…. မင်းနဲ့တန်တယ်လို့ထင်တယ်ပေါ့….”
ဒုနန်းတော်သခင်က ရက်စက်စွာကြည့်လိုက်ပြီး ချက်ချင်းခုန်အုပ်လိုက်၏။
ဤကဲ့သို့လျှင်မြန်မှုမျိုးက ဒဏ်ရာအပြင်းအထန်ရနေသည့်လူနှင့် မတူပေ။
ကျူးဂျန်ရှန် မျက်လုံးတွေတုန်လှုပ်သွားခဲ့သည်။ သူက အားတင်းပြီး သတ္တိရှိအောင်ပြုလုပ် လိုက်၏။
“ငါက တိမ်စိမ်းဂိုဏ်းရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ဂုဏ်သိက္ခာရှိ တပည့်တစ်ယောက်ပဲ။ ငါက ဒဏ်ရာရနေတဲ့ သွေးလင်းနို့နန်းတော်အကြွင်းအကျန်တစ်ယောက်ကို ကြောက်ရမှာလား….”
သူက ဓားကိုဆွဲပြီး ရှေ့ကို ပြေးဝင်သွားကာ ဒုနန်းတော်သခင်၏ တိုက်ခိုက်မှုနှင့် တွေ့ဆုံလိုက်၏။
သို့ပေမယ့် သူတို့တိုက်ခိုက်မှုတွေ တွေ့ဆုံသွားသည့်အခါ ဒုနန်းတောင်သခင်၏ လက်ရှိခွန်အားကို လျော့တွက်မိပြီဆိုတာ ကျူးဂျန်ရှန် နားလည်လိုက်၏။
ဒုနန်းတော်သခင်က ဒဏ်ရာရနေတာတောင် သူက အားကောင်းဆဲဖြစ်သည်။
၁၀ ကွက်ဖလှယ်ပြီးနောက် ကျူးဂျန်ရှန် သတိပေးချက်သံတွေ ပိုတိုးလာခဲ့သည်။
တစ်ဖက်လူ၏ အတွေ့အကြုံက အတော်လေးဝါရင့်ပြီး သူက သေမင်းချောက်ကမ်းပါးမှ အကြိမ်များစွာ ကပ်သီလေး လွတ်မြောက်ခဲ့၏။
ဂျန်ဖန်းအရိပ်ထဲမှ စောင့်ကြည့်နေပြီး မျက်လုံးထဲ၌ ပျော်ရွင်သည့်အရိပ်ယောင် တွေ ပေါ်လာခဲ့သည်။
“ဒုနန်းတော်သခင်ရဲ့ စွမ်းအားက အတော်လေးလျော့သွားတာပဲ၊ ကျူးဂျန်ရှန်တောင် သူနဲ့ ၁၀ ကွက်ဖလှယ် နိုင်တယ်….”
ဒါကသာ သူ၏အထွတ်အထိပ်အခြေအနေဆိုလျှင် ရှုယင်းရင်းထက်အများကြီး ပိုမသာပေ။
ထိုအခိုက်အတန့်၌…..
ဒုနန်းတော်သခင်က ကျူးဂျန်ရှန် ဟာကွက်ကို အမိအရယူကာ ညာဘက်လက်မောင်းကို ပြင်းထန်စွာ ရိုက်ချလိုက်၏။
ခရက်!
ချက်ချင်းပဲ….
ကျူးဂျန်ရှန်လက်မောင်း ပြင်းထန်သည့် အားကြောင့် ကျိုးကြေသွားခဲ့သည်။ သူက နောက်ကို လွင့်ပျံသွားပြီး ရှုယင်းရင်းဘေးနားကို ပြုတ်ကျသွားခဲ့သည်။
ရှုယင်းရင်းမျက်လုံးတွေက မျှော်လင့်ချက်တွေနှင့် ပြည့်နှက်သွားပြီး ပြောလိုက်သည်။
“သခင်လေးကျူး, မကြောက်နဲ့….. သူလည်း အားကုန်နေပါပြီ….”
“ဒါက သူ့ရဲ့ အသန်မာဆုံးတိုက်ကွက်ပဲ။ သူ့အခြေအနေက ပိုဆိုးလာဖို့ပဲ ရှိတယ်….”
အဝေး၌ ဒုနန်းတော်သခင် အဆက်မပြတ်သွေးအန်နေတာကို သူမ မြင်နေရ၏။
သူ ချီ နှင့် သွေးစွမ်းအင်က တစ်ဝက်ကျော်ကျော် ဆုံးရှုံးနေပြီပဲဖြစ်သည်။
ယခုချိန်၌ သူက စိတ်စွမ်းအားအနည်းငယ် လေးနှင့် တောင့်ခံထားတာဖြစ်ပြီး အတယ့်တိုက်ပွဲစွမ်းအားကတော့ အနည်းငယ်သာ ကျန်ရှိတော့တာ ဖြစ်၏။
သို့ပေမယ့် ဒုနန်တော်သခင်မျက်လုံးတွေက တိုက်ခိုက်လိုစိတ်တွေနှင့် ပြည့်နှက်နေပြီး ရှေ့ကိုပြေးဝင်လာခဲ့သည်။
သူ့အသွင်အပြင်ကြောင့် ကျူးဂျန်ရှန် ကြောက်ရွံ့သွားပြီး ဦးရေခွံတွေ စပ်ဖျဥ်းသွားခဲ့သည်။
သူက နောက်ထပ်မတိုက်ခိုက်ရဲတော့ပဲ ကမန်းကတန်းထပြေးဖို့ ကြိုးစားတော့၏။
သို့ပေမယ့် တစ်ဖက်လှည့်လိုက်သည်နှင့် တပြိုင်နက် သူ့ကျောက ဒုနန်းတော်သခင်ရှေ့ကို ရောက်လာခဲ့သည်။
“သေစမ်း….”
ဒုနန်းတော်သခင်က အထင်မြင်သေးစွာ လှောင်ပြောင်လိုက်၏။
အလွန်အမင်းအန္တရာယ်ရှိတာကို ခံစားမိပြီး ကျူးဂျန်ရှန် အံ့ကြိတ်ကာ အံ့သြစရာကောင်းသည့် လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်လိုက်၏။
သူက အမှန်တကယ်ပဲ ရှုယင်းရင်းကို ခြေထောက်ဖြင့်ချိတ်ယူပြီး သူနှင့် ဒုနန်းတော်သခင်ကြားမှာ ထားလိုက်၏။
ထို့နောက် နောက်မှာဖြစ်သည့်အရာကို လှည့်မကြည့်တော့ပဲ တစ်ချိုးတည်း ပြေးတော့၏။
“နင်…. အား….”
ရှုယင်းရင် တိုးလျစွာ အော်ဟစ်ရန်သာအချိန်ရလိုက်ပြီး ဒုနန်းတောင်သခင်၏ ကြောက်စရာကောင်သည့်အားက သူမခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။ သူမက နာကျင်စွာအော်ဟစ်လိုက်ရပြီး အဝေးကိုလွင့်ထွက်သွားခဲ့သည်။
ကျူးဂျန်ရှန်က ရှုရင်းယင်း ကံကြမ္မာကို လုံးဝဂရုမစိုက်ပေ။ သူက အသက်လုပြီး ထိပ်ထိပ်ပျာပျာပြေးတော့သည်။
ကွင်းပြင်ထောင့်စွန်းကို ရောက်သည့်အခါ အမှောင်ထဲမှလျှပ်စီးကဲ့သို့ပုံရိပ်တစ်ခုက သူ့ကိုဖြတ်ပြေးသွားခဲ့သည်။
ပုံရိပ်က လွင့်ထွက်သွားသည့် ရှုယင်းရင်းကို လေထဲက ဖမ်းယူလိုက်၏။
“နံပါတ် ၁ အရိပ်စောင့်….”
ကျူးဂျန်ရှန် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။
ဂျန်ဖန်း မျက်လုံးတွေက အေးစက်နေပြီး သူ့ကို စိုက်ကြည့်နေခဲ့သည်။ အပြစ်ရှိသလိုခံစားလိုက်ရပြီး ကျူးဂျန်ရှန် ဒီနေရာမှာ နောက်ထပ်မနေရဲတော့ပေ။ သူက ချက်ချင်းပဲ အဝေးကို အသားကုန်ပြေးတော့သည်။
မကြာမီ ဂူအပြင်ဘက်၌ လျှင်မြန်စွာဆုတ်ခွာသွားသည့် မြင်းခွာသံတွေ ထွက်ပေါ်လာခဲ့သည်။
“ဘယ်လို သုံးစားမရတဲ့ကောင်လဲ….”
ထိုစကားပြောလိုက်သူက ဒုနန်တော်သခင်ဖြစ်ပြီး သူက တံတွေးထွေးလိုက်သည်။
သူက ဂျန်ဖန်းဘက်လှည့်လိုက်သည့်အခါ မျက်လုံးထဲ၌ အမုန်းတရားတွေရှိနေပေမယ့် အထင်သေးမှုတွေတော့ မရှိပေ။
သူက ရင်ဘတ်က သွေးထွက်နေသည့် ဒဏ်ရာကို ဖိကိုင်ထားပြီး တယိမ်တယိုင်နှင့် မတ်တပ်ရပ်ဖို့တောင် ခက်ခဲနေခဲ့သည်။
ရှုယင်းရင်ပြောသည့်အတိုင်း သူ့ချီနှင့် သွေးစွမ်းအားက တစ်ဝက်ကျော်ကျော်ထိ ဆုံးရှုံးနေပြီပဲဖြစ်သည်။
နောက်ထပ်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
“အမွေးတောင်စုံအောင်မပေါက်သေးတဲ့ စောက်ကလေးတစ်ယောက်လက်ထဲမှာ သေလိမ့်မယ်လို့ ထင်မထားဘူး၊ ဒါက တကယ်စိတ်ပျက်စရာပဲ….”
သူက တယိမ်တယိုင်နှင့် ရုပ်ထုဆီကိုသွားလိုက်ပြီး အားနည်းစွာ ဒူးထောက်ချလိုက်သည်။
ထို့နောက် ရုပ်ထုအောက်ခြေကို လက်ဝါးနှင့် ရိုက်ချလိုက်၏။
“ငါသာ ဒီနေရာက စက်ယန္ဒယားကို ဖွင့်နိုင်ရင် ဘယ်သူမှ ငါ့ကို မသတ်နိုင်တော့ဘူး၊ တိမ်စိမ်းဂိုဏ်းခေါင်းဆောင်တောင် ငါ့ကို မသတ်နိုင်ဘူး…..”
ဂျန်ဖန်း သစ်သားဓားကိုကိုင်ပြီး ရှေ့လျှောက်လာခဲ့သည်။
ထို့နောက် ဒုနန်းတော်သခင်၏ ညာဘက်ရင်ဘတ်ကို ပြတ်သားစွာ ထိုးသွင်းလိုက်၏။
ဒုနန်းတော်သခင် ရှောင်တိမ်းဖို့ ကြိုးစားပေမယ့် ခွန်အားမရှိတော့ပေ။
အစောပိုင်း ကျူးဂျန်ရှန်နှင့် တိုက်ခိုက်မှုကြောင့် သူ့နောက်ဆုံးခွန်အားက ကုန်ဆုံးသွားပြီ ဖြစ်သည်။
စွပ်!
ဒုနန်းတော်သခင်ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် လက်မြောက်ဖို့တောင် အားမရှိတော့ပေ။ သူက ကောင်းကင်ကိုကြည့်ပြီး ခါးသီးစွာပြုံးလိုက်သည်။
“ကောင်းပြီ…. ငါရှုံးတယ်… ငါရှုံးတယ်….”
“ဒါပေမယ့် ဒီလျို့ဝှက်ချက်ကို ဘယ်သူမှ ရမှာမဟုတ်ဘူး…. ဘယ်သူမှ….”
ဂျန်ဖန်း သူ့ကို ဘေးဘက်ကန်ထုတ်လိုက်ပြီး ရုပ်ထုအောက်ခြေကို ကြည့်လိုက်သည်။
အောက်ခြေ၌ အလယ်ဗဟိုမှာ စက်ဝိုင်းပုံအပေါက်တစ်ခုကို သူတွေ့လိုက်ရသည်။
ထိုအရာပတ်လည်၌ အမှတ်အသားတွေ များစွာရှိနေခဲ့သည်။ သွေးလင်နို့နန်းတော်က ထိုအရာကိုဖွင့်ဖို့ အကြိမ်များစွာ ကြိုးစားခဲ့တာ သိသာလှ၏။
ခဏတွေးပြီးနောက် သူက ကျောက်စိမ်းပုတီးစေ့ကို ထုတ်ယူလိုက်သည်။
နှိုင်းယှဥ်ကြည့်လိုက်သည့်အခါ ကျောက်စိမ်းပုတီးစေ့က စက်ဝိုင်းသဏ္ဍာန်အပေါက်နှင့် အရွယ်အစားတူနေတာကို တွေ့လိုက်ရသည်။
သူက ကျောက်စိမ်းပုတီးစေ့ကို အပေါက်ထဲသို့ ထည့်လိုက်သည်။
ချက်ချင်းပဲ….
ရုပ်ထုအောက်ခြေက ကျယ်လောင်သည့် အသံတွေထွက်ပေါ်လာပြီး စက်ယန္ဒယား တစ်ခုခုကို အသက်သွင်းလိုက်၏။
ရုပ်ထုတစ်ခုလုံးက အောက်ခြေနှင့်အတူ နှေးကွေးစွာ လည်ပတ်လာခဲ့သည်။ ထို့နောက် သုံးဇန်လောက် ကျယ်ဝန်းသည့် မြေအောက်အခန်းတစ်ခု ပေါ်လာခဲ့သည်။
အခန်းအလယ်၌ ခရမ်းရောင်အလင်းတန်းတွေ ထုတ်လွင့်နေသည့် လျို့ဝှက်ဆန်းကြယ်သည့် ဓားတစ်ချောင်း စိုက်နေခဲ့သည်။
“အမ်… စိတ်ဝိညာဥ်လက်နက်! ဒါ တကယ်ပဲ ထိပ်တန်းအဆင့် စိတ်ဝိညာဥ် လက်နက်ပဲ….”
နောက်ဆုံးအသက်တစ်မျှင်သာကျန်ရှိတော့သည့် ဒုနန်းတော်သခင် မျက်လုံးတွေပြူးကျယ်နေပြီး ပင့်သက်ရှိုက်လိုက်သည်။
ဂျန်ဖန်းလည်း အံ့အားသင့်သွားခဲ့သည်။
သူ့လက်ထဲက သစ်သားဓားက အဆင့်နိမ့် မှော်လက်နက်သာဖြစ်သည်။
အထီးကျန်လှေမြို့၌ ထိုအရာကကို ပြိုင်ဘက်ကင်းတည်ရှိမှုပဲ ဖြစ်သည်။
တိမ်စိမ်းဂိုဏ်းမှာတောင် အမြင့်ဆုံးက မှော်ရတနာတစ်ခုသာဖြစ်နိုင်၏။
ယခုက စိတ်ဝိညာဥ်လက်နက်တစ်ခုဖြစ်ပြီး ထိပ်တန်းအဆင့်လည်း ဖြစ်သေး၏။
သူက မထိန်းနိုင်တော့ပဲ စိတ်လှုပ်ရှားလာခဲ့သည်။
ထို့နောက် ခရမ်းဓားဘေး၌ ကျောက်စိမ်းသေတ္တာနှစ်ခုကိုလည်း တွေ့လိုက်၏။
တစ်ခုက အရည်တွေနှင့် ပြည့်နေပြီး အခြားတစ်ခုက ကြက်သွေးရောင်ဆေးနှစ်လုံး ပါဝင်၏။
ဝိညာဥ်သခင်တစ်ယောက်ဖြစ်သည့် ဂျန်ဖန်း ဤအချိန်မှာ ထိုဆေးလုံးတွေကို အမျိုးအစားမခွဲခြားနိုင်ပေ။
ဒုနန်းတော်သခင် မျက်ဆံတွေမှေးသွားပြီး အော်ပြောလိုက်သည်။
“ဒဏ္ဍာရီက အမှန်ပဲ၊ ဒီနေရာမှာ အမြစ်မဲ့ကောင်းကင်ရေစင် ရှိတယ်။ ဒါက အခြေခံတည်ဆောက်ခြင်းအဆင့်ကို တိုးမြှင့်နိုင်တယ်….”
“ပြီး…. ပြီးတော့ စိတ်ဝိညာဥ်အမြစ်ကို တိုးမြှင့်ပေးနိုင်တဲ့ နတ်ဘုရာပစ္စည်း…. သေခြင်းကျော်လွန်ခြင်းဆေးလုံး….”
“ဒီဆေးလုံးနဲ့ဆိုရင်, ငါ ရွေးချယ်ခံသူ…. ရွေးချယ်ခံသူ တစ်ယောက်ဖြစ်လာလိမ့်မယ်….”
“ဒါ ငါ့ဟာ…. အားလုံးငါ့ဟာတွေပဲ….”
သူက အခန်းဆီကို ကုန်းရုန်းပြီး တွားသွားလိုက်၏။
သို့ပေမယ့် သူက အဆုံးမှာတော့ အားအင်ကုန်ပြီး သေဆုံးသွားခဲ့သည်။
အခန်းဝင်ပေါက်၌ ဆန္ဒမရှိစွာနှင့် လဲကျသေဆုံးသွားခဲ့သည်။
သူ့မျက်လုံးတွေက ပြူးကျယ်နေပြီး ဆန္ဒတွေမပြည့်ဝလိုက်ရပဲ သေဆုံးသွားခဲ့တာဖြစ်သည်။
သူတစ်ဘဝလုံးလိုက်ရှာနေခဲ့သည့် ရတနာကို လူငယ်လေးတစ်ယောက်က ပိုင်ဆိုင်သွားခဲ့သည်။
ဘယ်လိုလုပ် သူ ငြိမ်းငြိမ်းညမ်းညမ်း အနားယူနိုင်မည်နည်း။
ဂျန်ဖန်း မျက်လုံးတွေ အရောင်တောက်လာခဲ့သည်။
သူက အောက်ကို ခုန်ဆင်းဖို့ ပြင်လိုက်၏။
ရုတ်တရက် ဂူအပြင်ဘက်ကနေ ဆူညံသံတွေထွက်ပေါ်လာခဲ့သည်။
မြို့သခင်က သူ့ကို ကူညီဖို့ လူတွေခေါ်လာပြီပဲဖြစ်သည်။
သူ၌ ပစ္စည်းတွေစုဆောင်းဖို့ အချိန်မရှိတော့ပေ။
အလျှင်အမြန်ပဲ ကျောက်စိမ်းပုတီးစေ့ကို ပြန်ယူလိုက်၏။
ရုပ်ထုက ချက်ချင်းပဲ လည်ပတ်လာပြီး အခန်းက နောက်တစ်ကြိမ် ပိတ်သွားခဲ့သည်။
ယဲ့ဂျိဖုန်း သူ့လူတွေနှင့် ရောက်လာသည့်အခါ မြင်လိုက်ရတာက ဂျန်ဖန်းသစ်သားဓား လေထဲကို မြောက်သွားပြီး ဒုနန်းတော်သခင် ခေါင်းကို ဖြတ်လိုက်တာပဲဖြစ်သည်။
သန်မာသူများစွာ အံ့သြတုန်လှုပ်သွားကြသည်။
“သူက ဒုနန်းတော်သခင်ကို သတ်လိုက်တယ်….”
“နံပါတ် ၁ အရိပ်စောင့်က အတိအကျ ဘယ်သူလဲ….”
လူအုပ်ထဲ၌ ကျူးဂျန်ရှန်လည်းပါလာပြီး ရင်ဘတ်ထဲက မချိမဆန့်နာကျင်ရသည်အထိ နောင်တရသွားခဲ့သည်။
နံပါတ် ၁ အရိပ်စောင့်က တိုက်ပွဲကို အလျှင်အမြန် အဆုံးသတ်ခဲ့၏။ ထိုအရာက ရှုယင်းပြောသည့်အတိုင်း ဒုနန်းတော်သခင် အလွန်အားနည်းနေပြီ ဆိုတာ သက်သေပြနေတာပဲဖြစ်သည်။
သူက ရူးမိုက်စွာနှင့် ကောင်းကျိုးကြီးတစ်ခုကို နံပါတ် ၁ အရိပ်စောင့်ကို လွဲပြောင်းပေးခဲ့၏။
“သေစမ်း…”
သို့ပေမယ့် ဒုနန်းတော်သခင်ကို နံပါတ် ၁ အရိပ်စောင့်သတ်လိုက်ကတည်းက ရှုမိသားစုတာဝန် ကျရှုံးသွားပြီဖြစ်သည်။
“ဟမ့်… မနက်ဖြန် ရှုမိသားစုကို ခေါင်းသွားတောင်းရမယ်….”
“ထုတ်မပေးနိုင်လို့ကတော့ ရှုမိသားစု တစ်ခုလုံး ထောင်ထဲမှာ အရိုးဆွေးဖို့ ပြင်ထားကြတော့….”
“အဲ့ဒါဆိုရင် ရှုရို့ရန်လည်း ငါ့ကို အသနားခံလာမှာပဲ… ဟား…ဟား….ဟား….”
ဂူအပြင်ဘက် ကောင်းကင်…..
သိမ်းငှက်ပြာကြီးကျောပေါ်၌…..
ချန်းကျန်တောက်နှင့် လျိုချင်းရှန် ဘေးချင်းယှဥ်ရပ်နေပြီး အောက်ကမြင်ကွင်းကို ကြည့်နေခဲ့ကြ၏။
မြို့ထဲ၌ ဤလောက်ဆူညံမှုနေတာ သူတို့ သတိမထားမိဖို့က မဖြစ်နိုင်ပေ။
“ဒီနံပါတ် ၁ အရိပ်စောင့်မှာ အရည်အချင်းအချို့ရှိသားပဲ။ သူက အခြေခံတည်ဆောက်ခြင်းအဆင့်တောင် မရောက်သေးဘူး, အခြေခံတည်ဆောက်ခြင်းအဆင့် ၂ ကျွမ်းကျင်သူကို သတ်နိုင်တယ်….”
ချန်းကျန်တောက် ချီးကျူးသည့်လေသံနှင့် ပြောလိုက်သည်။
လျိုချင်းရွယ်လည်း သဘောကျစွာနှင့် ကြည့်နေခဲ့သည်။
“သူက မှော်လက်နက်ကိုမှီခိုပြီး အနည်းငယ်ကံကောင်းသွားတယ် ဆိုပေမယ့် အတော်လေး ထူးချွန်ပါတယ်….”
“သူက နှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ လူတစ်ယောက်ပဲဖြစ်မယ်….”
ထို့နောက် သူမက ကျူးဂျန်ရှန်အကြောင်း တွေးမိသည့်အခါ စက်ရှုပ်ရွံ့ရှာသည့် အမူအရာဖြစ်လာခဲ့သည်။
“ယှဥ်ကြည့်လိုက်ရင် ငါတို့ တိမ်စိမ်းဂိုဏ်း တပည့်က တကယ်ကို ရှက်စရာကောင်းတာပဲ….”
ချန်းကျန်တောက်လည်း မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
“အဲ့ဒီ ကျူးဂျန်ရှန် အရေးပေါ်အခြေအနေမှာ ထွက်ပြေးတာကို ထားအုန်း…. ဒါပေမယ့် ကိုယ့်လူကို ရန်သူလက်ထဲပစ်ချပြီး သေခိုင်းလိုက်တာက….”
“ဒီလိုလူမျိုးက အနာဂတ်မှာ ဘေးအန္တရာယ်တစ်ခုဖြစ်လာလိမ့်မယ်။ သူ့ကို သေချာကိုင်တွယ်ပါ….”
လျိုချင်းရွယ် ခေါင်းညိတ်လိုက်၏။
“ကောင်းပါပြီ…. ငါနားလည်ပါတယ်….”