← Chapters

အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်ခြင်း

Vol. 4 Ch. 59

အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်ခြင်း

Vol. 4 Ch. 59

နှစ်ယောက်သား အချိန်တော်ကြာ စောင့်ကြည့်နေခဲ့သည်။

သူတို့က ဤနေရာ၌ သွေးလင်းနို့နန်းတော် အကြွင်းအကျန်တွေ မရှိတော့ဘူးဆိုတာ အတည်ပြုခဲ့၏။

ချန်းကျန်တောက် ပြောလိုက်သည်။

“သွားကြစို့…. ကြယ်သုံးလုံးဝိညာဥ်သခင်နဲ့ နဂါးလမ်းကြောင်းက ပါရမီရှင်ကို ဆက်ပြီး စောင့်ကြည့်ကြီရအောင်….”

သူက သိမ်းငှက်ပြာကြီးကို စီးပြီး ထွက်သွားဖို့ပြင်လိုက်၏။

ရုတ်တရက်, သူ့ခါးက ကျောက်စိမ်းဆွဲပြားက လင်းလက်လာပြီး အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

“ခန်းမသခင်ဆီက အရေးပေါ်စာပဲ….”

ချန်းကျန်တောက်အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

အရေးကြီးလို့သာမဟုတ်ရင် ခန်းမသခင်က အရေးပေါ်စာပို့မည်မဟုတ်ပေ။

သူက ကျောက်စိမ်းပြားကို အလျှင်အမြန်ယူလိုက်ပြီး လက်ထဲမှာ ချေမွလိုက်၏။

တဝီဝီမြည်သံက သတင်းတိုတစ်ခုအဖြစ် ပြောင်းသွားခဲ့သည်။

“သားရဲလှိုင်း ရုတ်တရက်ထွက်ပေါ်လာတယ်…. ချက်ချင်းပြန်လာခဲ့….”

ချန်ကျန်တောက် မျက်နှာ အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

“သားရဲလှိုင်း…. နှစ်ပေါင်းတစ်ရာကြာပြီးတဲ့နောက်မှာ နောက်တစ်ကြိမ်ပြန်ပေါ်လာပြီလား….”

သူက တွေဝေမနေရဲပဲ ပြောလိုက်သည်။

“ငါ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို ချက်ချင်းပြန်ရမယ်….”

“အဲ့ဒီဝိညာဥ်သခင်ကို ဆက်ပြီး မစောင့်ကြည့်နိုင်တော့ဘူး….”

“ပြီးတော့မင်းကိုလည်း တိမ်စိမ်းဂိုဏ်းက မကြာခင်ပြန်ခေါ်တော့မယ်လို့ ငါထင်တယ်…..”

လျိုချင်းရွယ်အကြည့်က လေးနက်လာခဲ့သည်။

သားရဲလှိုင်းက ကမ္ဘာပျက်ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး မသက်ရောက်သည့် အင်အားစုရှိမည်မဟုတ်ပေ။

သူမက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဦးလေးချန်း, နင်အရင်ပြန်လိုက်ပါ။ ငါ… ငါကတော့ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို ရှာပြီးရင် ပြန်လာခဲ့မယ်….”

သူမ၌ နဂါးလမ်းကြောင်းမှ ပါရမီရှင်ကို ရှာဖို့ အခွင့်အရေးမရှိတော့ပေ။

ထို့ကြောင့် ရွေးချယ်စရာမရှိပဲ အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကိုပဲ ရှာရမည်ဖြစ်သည်။

သူက ထိုလူကို တစ်ချိန်တွေ့ဖူးထားပြီး နောက်တစ်ကြိမ်ပြန်တွေ့လျှင် ကျိန်းသေပေါက် မှတ်မိမည်ပဲဖြစ်သည်။

ချန်းကျန်တောက် ခေါင်းညိတ်လိုက်ပြီး သူမကို အထီးကျန်လှေမြို့ကို လိုက်ပို့လိုက်၏။ ထို့နောက် တိမ်တွေပေါ်ကနေ အဝေးကို ပျံသန်းထွက်ခွာသွားခဲ့သည်။

အထီးကျန်လှေမြို့၏ စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း တက်ကြွစွာနှင့် မြို့ကိုပြန်ရောက်လာခဲ့ကြသည်။

ညနေပိုင်း၌ မြို့သခင်ယဲ့ဂျီဖုန်းက သွေးလင်းနို့နန်းတော် ဂိုဏ်းခွဲတစ်ခုလုံးကို ချေမှုန်းပြီးကြောင်း ကြေညာခဲ့၏။

ထို့နောက် ကြီးမားသည့် စားသောက်ပွဲကြီးတစ်ခုကို ကျင်းပခဲ့၏။

အဆင့်ချိုးဖြတ်နေကြသည့် မကောင်းဆိုးဝါးကြီးများလည်း နောက်တစ်ကြိမ်ထွက်လာခဲ့ကြသည်။ သူတို့က အဆင့် ၉ စိတ်ဝိညာဥ်အမြစ် ပါရမီရှင်လုကျန်းကို ကြိုဆိုတုန်းကလည်း ထွက်လာဖူးကြပြီး စားသောက်ပွဲကို လူကိုယ်တိုင် တက်ရောက်ခဲ့ကြ၏။

သူတို့ရည်ရွယ်ချက်က သဘာဝအတိုင်း အစားအစာတွေနှင့် သောက်ဖို့အတွက်မဟုတ်ပေ။

ဒုနန်းတော်သခင်ကို သတ်ခဲ့သည့် လူငယ်ပါရမီရှင်ကို သိချင်လို့ပဲ ဖြစ်သည်။

စားသောက်ပွဲ၌…..

ရှုယင်းရင်းလည်း သတိရလာပြီး သူမဘေးက နံပါတ် ၁ အရိပ်စောင့်ကို စိတ်ရှုပ်ထွေးစွာနှင့်ကြည့်နေခဲ့၏။ သူ့ကို မြို့၏စွမ်းအားကြီးကျင့်ကြံသူတွေက လေးလေးစားစား လာရောက်နှုတ်ဆက်ကြ၏။

သူတို့က အသက်အတူတူတွေဖြစ်ကြပြီး ဘာလို့ ဒီလောက်ကွာခြားချက်ကြီးမား နေရသနည်း။

အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်လျှင် သူ့ကို ယှဥ်နိုင်မည်ဟု ထင်ခဲ့၏။ သို့ပေမယ့် အဆုံးမှာ သူမကို နောက်တစ်ကြိမ် ကယ်တင်ခဲ့ရ၏။

ဒုနန်းတောင်သခင်ကြောင့် သူမသတိမမေ့ခင် နံပါတ် ၁ အရိပ်စောင့် သူမဆီပြေးလာတာကို မြင်လိုက်၏။

သူသာ အချိန်မီမဖမ်းထားခဲ့လျှင် သူမသေနေလောက်ပြီပဲဖြစ်သည်။

သူမရှေ့က မျက်နှာဖုံးကိုကြည့်ပြီး နောက်ကွယ်က မျက်နှာကို အလွန်သိချင်လာခဲ့သည်။

သူမတောင်မော့ကြည့်ရသည့် ပါရမီရှင်မျိုး အထီးကျန်လှေမြို့၌ ဘယ်အချိန်က ပေါ်လာသနည်း။

ကံမကောင်းစွာနှင့် သူမဘယ်တော့မှ သိဖို့ အခွင့်အရေးရှိတော့မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အရိပ်စောင့်အဖွဲ့၏ မူလရည်ရွယ်ချက်က သွေးလင်းနို့နန်းတော်အကြွင်းအကျန်တွေကို ရှင်းလင်းဖို့ပဲ ဖြစ်သည်။

ယခု အကြွင်းအကျန်တွေက ရှင်းလင်းသွားပြီပဲဖြစ်သည်။

စားသောက်ပွဲပြီးနောက် အရိပ်စောင့်အဖွဲ့က ဖျက်သိမ်းတော့မှာပဲ ဖြစ်သည်။

စိတ်မကောင်းဖြစ်သွားပြီး သူမက ဝိုင်ခွက်ကို မြောက်ကာ ပြောလိုက်သည်။

“ငါတို့ ထပ်တွေ့ကြအုန်းမှာလား…”

ဂျန်ဖန်း ပါးစပ်ထောင့်က အနည်းငယ် ကွေးတက်သွားသည်။

ငါတို့ နေ့တိုင်းတွေ့နေကြတာမဟုတ်ဘူးလား…

“ကံကြမ္မာအရပေါ့…..”

သူက ထူးမခြားစွာပြောလိုက်သည်။

ရှုယင်းရင်း ပိုလို့တောင် စိတ်ပျက်သွားပြီး ဝိုင်ခွက်ကိုမြောက်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ… ရေစက်ရှိရင် ငါတို့ လက်တွဲလုပ်နိုင်အုန်းမယ်လို့ မျှော်လင့်ပါတယ်….”

ဂျန်ဖန်း တစ်ချိုက်တည်း သောက်ချလိုက်သည်။

စားသောက်ပွဲပြီးနောက် အရိပ်စောင့်အဖွဲ့က မျှော်လင့်ထားသည့်အတိုင်း တိတ်တဆိတ် ဖျက်သိမ်းသွားခဲ့သည်။

ယဲ့ချင်းရွယ်က သူတို့မျက်နှာဖုံးတွေကို အမှတ်တရသိမ်းထားခွင့်ပြုလိုက်၏။

အဆုံးမှာတော့ ဤမျက်နှာဖုံးတွေက အထီးကျန်လှေမြို့ လူငယ်ပါရမီရှင်တွေ၏ ဂုဏ်ကျက်သရေကို ကိုယ်စားပြုတာပဲ ဖြစ်သည်။

ညဥ့်နက်သည့်အခါ….

ဂျန်ဖန်းက မသိမသာနှင့် သူ့အရှိန်ကို နှေးလိုက်၏။ ရှုယင်းရင် ရှုအိမ်တော်ပြန်ရောက်တာကို အချိန်တော်ကြာ စောင့်ပြီးနောက် လမ်းကြားထဲဝင်ကာ မျက်နှာဖုံးကို ဖယ်ရှားလိုက်၏။

သူက ပေါ့ပေါ့ပါးပါးပဲ အိမ်တော်ကို ပြန်လာခဲ့သည်။

မမျှော်လင့်စွာနှင့် ရှုယင်းရင် မအိပ်သေးပေ။ သူမက အရက်မူးကာ ခြံဝန်းအလယ်မှာ ဓားသိုင်းလေ့ကျင့်နေခဲ့သည်။

သူမစိတ်ခံစားချက်တွေကို ရှင်းထုတ်နေပုံရ၏။

ဂျန်ဖန်းပြန်လာတာမြင်သည့်အခါ သူမအမူအရာက အနည်းငယ် အေးစက်သွားသည်။

“နင်ဘယ်သွားနေလို့ ဒီလောက်နောက်ကျမှ ပြန်လာတာလဲ…..”

ဂျန်ဖန်း မျက်လုံးလှန်ကြည့်လိုက်ပြီး စာရေးလိုက်သည်။

“မင်းနဲ့ မဆိုင်ပါဘူး….”

ရှုယင်းရင် ဘာမှမပြောပဲ မြေပြင်မှ ဓားတစ်ချောင်းကို ခြေဖျားဖြင့် ဂျန်ဖန်းဆီကို ပစ်ပေးလိုက်သည်။

“ငါ့နဲ့ ဓားသိုင်းလေ့ကျင့်ပါ….”

ဂျန်ဖန်း ဓားကိုကိုင်လိုက်ပြီး ဆွံ့အသွားခဲ့သည်။

ဘယ်သူက မင်းနဲ့ ဓားရေးလေ့ကျင့်ချင်လို့ တုန်း….

သူက ထွက်သွားဖို့ပြင်လိုက်၏။ သို့ပေမယ့် ရှုယင်းရင်း သူ့သဘောထားကို ဂရုမစိုက်ပဲ ဓားကိုင်ကာ သူ့ဆီပြေးဝင်လာခဲ့သည်။

ဂျန်ဖန်း ရယ်လည်းရယ်ချင် ဒေါသလည်း ထွက်သွားခဲ့သည်။

ယနေ့ည သူမဘာဖြစ်နေလဲဆိုတာ သူမသိတော့ပေ။

အရင်က ဓားသိုင်းလေ့ကျင့်ဖို့ သူမ သူ့ကို တစ်ခါမှမမေးဘူးပေ။

သူမဓားလာနေသည်ကိုမြင်သည့်အခါ ဂျန်ဖန်း သဘာဝအလျောက် အထီးကျန်ကြယ် ဓားကွက်ကို ထုတ်သုံးလိုက်ပြီး သူမဓားကို ဖယ်ရှားလိုက်၏။

ရှုယင်းရင်း ကြောင်အသွားခဲ့သည်။

“ဒီဓားကွက်….. ဒါက ဘာလို့ နံပါတ် ၁ အရိပ်စောင့်ဓားကွက်နဲ့ တူနေရတာလဲ….”

အာ…..

ဂျန်ဖန်း သူ့ကိုယ်သူ ဖြတ်ရိုက်ချင်သွားခဲ့သည်။

သူက အထောက်အထားပြောင်းလဲဖို့ မေ့သွားခဲ့သည်။

ကံကောင်းစွာနှင့် ရှုယင်းရင် အလွန်မူနေပြီး ကောင်းကောင်းမစဥ်းစားနိုင်ပေ။

“နင်မှားတာနေမှာပါ…. ငါက ဘယ်လိုလုပ် နံပါတ် ၁ အရိပ်စောင့်ရဲ့ ဓားကွက်ကို သိမှာလဲ….”

“သူက အရမ်းသန်မာတယ်…. နင်ကတော့….”

သူမရပ်တန့်လိုက်ပြီး ဆက်မပြောတော့ပေ။

စိတ်မပါတော့ပဲ သူမက ဓားကို လွင့်ပစ်လိုက်သည်။

“မေ့လိုက်တော့…. မလေ့ကျင့်တော့ဘူး….”

သူမထွက်သွားတာကိုကြည့်နေရင်း….

ဂျန်ဖန်း လကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် ဓားကိုကိုင်ကာ ကြယ်ခုနှစ်စင်းဓားသိုင်း၏ ဓားကွက်သုံးခုကို တစ်ခုပြီးတစ်ခု သရုပ်ဖော်လိုက်၏။

သူ့လှုပ်ရှားမှုတွေက လှပပြီး ဓားသိုင်းက သက်တန့်တစ်ခုလို လျှင်မြန်နေခဲ့သည်။

သူ့အခန်းထဲပြန်ရောက်သည့်အခါ….

ဂျန်ဖန်း ဒုနန်းတော်သခင်၏ခေါင်းကို ခုတင်အောက်ပစ်ထားလိုက်သည်။

ထို့နောက် ပီဖုဆေးတစ်ပုလင်း ထုတ်လိုက်၏။

“အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်ဖို့ အချိန်တန်ပြီ…..”

ဂျန်ဖန်း အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ မျိုးစေ့အညှောင့်ပေါက်ကတည်းက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ အိမ်မက်မက်ခဲ့တာဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်မှသာ လေဟာနယ်ရှေးဟောင်းသစ်ပင်ကို တက်ပြီး အံ့ဖွယ်သစ်သီးကို ယူနိုင်မည်ပဲဖြစ်သည်။

စိတ်လှုပ်ရှားစွာနှင့် သူက ပီဖုဆေးလုံးကို မျိုးချလိုက်၏။

ဆေးစွမ်းအားက ရေကြီးမှုတစ်ခုကဲ့သို့ သူ့ခန္ဓာကိုယ်ထဲမှာ ကြမ်းကြုတ်စွာ ထွက်ပေါ်လာခဲ့သည်။

“အ… အခြေခံတည်ဆောက်ခြင်းအဆင့် ချိုးဖြတ်တာ ဒီလောက်တောင် နာကျင်တာလား….”

သူ့နဖူးမှာ ပဲစေ့ကဲ့သို့ ချွေးလုံးကြီးတွေ အလျှင်အမြန်ပဲ စီးကျလာခဲ့သည်။

သို့ပေမယ့် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ပြီးနောက် ရရှိမည့်အကျိုးကျေးဇူးတွေကို တွေးပြီး ပြင်းထန်သည့်နာကျင်မှုကို တောင့်ခံထားလိုက်၏။

စွမ်းအားကြီးဆေးစွမ်းအားက သန်ခေါင်ထိ ကြာမြင့်ခဲ့၏။

ဂျန်ဖန်းမျက်နှာက ဖြူဖြော့နေပြီး ခန္ဓာကိုယ်က ချွေတွေဆွဲနစ်နေခဲ့သည်။ သူ့ဒန်တန်ထဲ၌ စမ်းချောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအရာက အခြေခံတည်ဆောက်ခြင်းအဆင့်၏ လက္ခဏာဖြစ်သည့် စိတ်ဝိညာဥ်ရေကန်ပဲ ဖြစ်သည်။

တစ်ခါက သွေးကြောတွေထဲမှာ သိုလှောင်ထားသည့် စိတ်ဝိညာဥ်စွမ်းအင် အားလုံးက အရည်အဖြစ်ပြောင်းပြီး စိတ်ဝိညာဥ်ရေကန်ထဲမှာ စုဝေးလာကြတာပဲဖြစ်သည်။

ဤအချိန်၌ သူ့စိတ်ဝိညာဥ်စွမ်းအာက ချီကျင့်ကြံခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်း အဆင့်ထက် နှစ်ဆ များနေပြီပဲဖြစ်သည်။

“ငါ ဒုနန်းတော်သခင်လို စွမ်းအားကြီးသူနဲ့ နောက်တစ်ကြိမ်တွေ့ရင် နိုင်မယ်လို့ မပြောရဲပေမယ့် အရမ်းကြီးခက်ခဲတော့မှာ တော့မဟုတ်ဘူး…..”

ဂျန်ဖန်း ယုံကြည်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူတွေသာ အသုံးပြုနိုင်သည့် ပြိုင်ဘက်ကင်းစွမ်းရည်ကို စိတ်အားထက်သန်စွာ အသုံးပြုလိုက်သည်။

အတွင်းပိုင်း၌….

သူက မျက်လုံးပိတ်လိုက်သည့်အခါ စိတ်အာရုံက တဖြည်းဖြည်းနှင့် အတွင်းပိုင်းကို ရောက်လာခဲ့သည်။ ထိုနေရာ၌ မင်ကဲ့သို့ မည်းနက်နေသည့် နေရာလွတ်တစ်ခုကို တွေ့လိုက်ရသည်။

စမ်းချောင်းတစ်ခုက ရေတွေ တသွင်သွင် စီးဆင်းနေ၏။

ထိုအရာက အခြေခံတည်ဆောက်ခြင်း အဆင့် စိတ်ဝိညာဥ်ရေကန်ပဲ ဖြစ်သည်။

စမ်းချောင်းဘေး၌ မိုးထိမြင့်မားသည့် ရှေးဟောင်းသစ်ကြီးတစ်ပင်က တိမ်တွေထဲအထိ ရောက်ရှိနေခဲ့သည်။

သူက စိတ်လှုပ်ရှားစွာနှင့် ရှေးဟောင်းသစ်ပင်နားကို ချည်းကပ်သွားခဲ့သည်။

မြေပြင်အနီးနားက သစ်သီးကို ကြည့်ပြီး သူက အာခေါင်ခြောက်သွားခဲ့သည်။ ထိုအထဲ၌ သိမ်မွေ့အဆင့်မြင့် နဂါရှာဖွေကျမ်းကျင့်စဥ် ရှိနေခဲ့၏။

သူက ခုန်တက်လိုက်၏။

ဤတစ်ချိန်၌ အရင်ကကဲ့သို့ သူ့ကိုဖိနှိပ်ထားသည့် မမြင်ရတဲ့အား မရှိတော့ပေ။

သူက ပေါ့ပါးစွာခုန်လိုက်ပြီး သစ်သီးကိုဆုပ်ကိုင်ကာ အားနှင့် ဆွဲခူးလိုက်၏။

“နောက်ဆုံးတော့ ငါ ဒါကိုရပြီ….”

ဂျန်ဖန်း စိတ်လှုပ်ရှားစွာနှင့် အော်လိုက်သည်။

ဤ အဆင့်မြင့် သိမ်မွေ့အဆင့် ကျင့်စဥ်နှင့် ဆိုလျှင် ကျင့်ကြံရေးအရှိန် ဘယ်လောက်မြန်လာမလဲဆိုတာ သူ စိတ်ကူးကြည့်လို့တောင်မရပေ။

ဝှီး!

သို့ပေမယ့် ထိုအခိုက်အတန့်၌…..

ရုတ်တရက် သူ့ခေါင်းအထက်က အသံတစ်ခုကြားလိုက်ရ၏။

ထိုအရာက တစ်စုံတစ်ခုကြလာသကဲ့သို့ ဖြစ်၏။

All Chapters