← Chapters

လေဟာနယ်

Vol. 4 Ch. 60

လေဟာနယ်

Vol. 4 Ch. 60

ဂျန်ဖန်း မော့ကြည့်လိုက်သည်။

သူသစ်သီးခူးလိုက်သည့်အခါ အလားတူ နောက်ထပ် သစ်သီးတစ်လုံးပြုတ်ကျလာပဲ ဖြစ်သည်။

သူက သဘာဝအလျောက် ဖမ်းလိုက်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

“တစ်ခုခူးရင် တစ်ခုအလကားရတာလား….”

အနီးကပ်ကြည့်လိုက်သည့်အခါ သူ့မျက်ခွံတွေ ကျုံ့သွားခဲ့သည်။

“အဆင့်မြင့်သိမ်မွေ့အဆင့် လက်ဝါးသိုင်း….. ဦတည်ချက်မဲ့နဂါးလက်ဝါးသိုင်း….”

သိမ်မွေ့ အဆင့်မြင့် ကျင့်စဥ်တစ်ခုကကို မယုံကြည်နိုင်စရာကောင်းနေပြီဖြစ်၏။ ယခု လက်ဝါးသိုင်းပါ ပါလာခဲ့၏။

တိမ်စိမ်းဂိုဏ်းတောင် ဤကဲ့သို့ အဆင်မြင့် ကျင့်ကြံရေးနည်းလမ်းတွေ ရှိမည် မဟုတ်ပေ။

ဂျန်ဖန်း နှလုံးသားက အပြင်းအထန် ခုန်ပါက်နေပြီး မနေနိုင်ပဲ နောက်တစ်ကြိမ်မော့ကြည့်လိုက်သည်။

သူက အမြင့်ကို တက်ပြီး နောက်ထပ်သစ်သီးတွေခူးဖို့ ကြိုးစားလိုက်၏။

သို့ပေမယ့် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူက ဖိအားကို နောက်တစ်ကြိမ် ခံစားလိုက်ရ၏။

“အမြုတေဖွဲ့စည်းခြင်းအဆင့် ရောက်မှသာ ခူးနိုင်မည်….”

အသံတစ်ခုက သူ့ကို သတိပေးလိုက်သည်။

ဂျန်ဖန်း အတော်လေး စိတ်ပျက်သွားခဲ့သည်။

သူက မနေနိုင်ပဲ အနီးနားက သစ်သီးကို ကြည့်လိုက်သည်။

အကြည့်တစ်ချက်နှင့် မျက်စိမလွဲနိုင် ဖြစ်သွားခဲ့သည်။

“မြေကမ္ဘာအဆင့်နိမ့် ဝိညာဥ်နည်းလမ်း… ဝိညာဥ်ပိုင်းဖြတ်ခြင်းပုံစံသုံးခု….”

“ဟစ်… ဒါက တကယ်ပဲ ဝိညာဥ်ကျင့်စဥ် လျို့ဝှက်နည်းလမ်းတစ်ခုပဲ…. ပြီးတော့ မြေကမ္ဘာအဆင့်….”

ဂျန်ဖန်း ပင့်သက်ရှိုက်လိုက်သည်။

ဝိညာဥ်ကျင့်စဥ်တွေက အလွန်ထူးဆန်းပြီး ရန်သူကို မမျှော်လင့်ထားတဲ့ အခြေအနေမှာ တိုက်ခိုက်နိုင်၏။

သူတို့က သဲလွန်စမကျန်ပဲ သတ်နိုင်တာပဲ ဖြစ်သည်။

သူ၏ ထူးခြားသည့်စိတ်ဝိညာဥ်စွမ်းအားနှင့် ဝိညာဥ်ကျင့်စဥ် လျို့ဝှက်နည်းလမ်းကို ကျင့်ကြံလိုက်လျှင်…..

တွေးလိုက်ရုံနှင့် ဂျန်ဖန်း အာခေါင်တွေ ခြောက်လာခဲ့သည်။

ကံမကောင်းစွာနှင့်ပဲ….

ထိုအရာရဖို့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကို ရောက်ရှိရမည်ဖြစ်၏။

သူကနာကျင်စွာနှင့် အကြည့်လွဲလိုက်ပြီး လက်ထဲက အသီးနှစ်လုံးကိုသာ အာရုံပြန်စိုက်လိုက်၏။

အထဲက ကျင့်ကြံရေးနည်းလမ်းကို ဘယ်လိုယူရမှာလဲ….

စားရမှာလား….

သူက တစ်ကိုက်ကိုက်ကြည့်လိုက်၏။ ကျင့်ကြံရေးနည်လမ်း အပိုင်းအစတစ်ခုက သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့သည်။ နောက်တစ်ကိုက်ကိုက်လိုက်၏။ ပိုများသည့်အချက်အလက်တွေ ရောက်ရှိလာခဲ့သည်။

ဂျန်ဖန်း…

တော်တော်လေး အလေအလွင့်မရှိတဲ့ နည်းလမ်းပဲ…..

အသီးနှစ်လုံးလုံးစားပြီးနောက် သူ့အသိစိတ်က ခန္ဓာကိုယ်ကို ပြန်ရောက်လာခဲ့သည်။

မျက်လုံးဖွင့်လိုက်သည့်အခါ သူ့လက်ဝါးထဲမှာ အသီးတွေ မရှိတော့ပေ။

သို့ပေမယ့် ပြည့်စုံသည့် ကျင့်ကြံရေးနည်းလမ်းနှစ်ခုက သူ့စိတ်ထဲမှာ ရှိနေပြီပဲဖြစ်သည်။

“နဂါးရှာဖွေကျမ်း…. သိမ်မွေ့အဆင့်မြင့် ကျင့်စဥ်က ဘယ်လောက်ထူးခြားလဲ ကြည့်ရအောင်…..”

သူက လက်ဆစ်ချိုးရင် မျှော်လင့်တကြီး ပြောလိုက်သည်။

သို့ပေမယ့် ထိုအခိုက်အတန့်၌…..

အပြင်ဘက်က အရေးတကြီးတံခါးခေါက်သံတွေ ထွက်ပေါ်လာခဲ့သည်။

“ဖန်း, ကျူးဂျန်ရှန် ရောက်လာပြီ…..”

ဂျန်ဖန်းမျက်လုံးတွေပွင့်လာပြီး ကျင့်ကြံမည့်အတွေးကို ခဏဘေးဖယ်ထားလိုက်၏။

တံခါးဖွင့်လိုက်သည့်အခါ အထုပ်တစ်ထုပ် ကိုင်ထားသည့် ရှုရို့ရန်ကို တွေ့လိုက်သည်။

ရှင်းပြမနေတော့ပဲ သူမက အထုပ်ကို ဂျန်ဖန်းဆီးထိုးပေးလိုက်သည်။

“နင်အခုချက်ချင်းထွက်သွားရမယ်…. ရှုမိသားစုဒုက္ခထဲကို ဝင်မပါနဲ့…..”

အာ….

အထုပ်အလေးချိန်ကို ခံစားမိပြီး ငွေမှတ်စုကို မြင်သည့်အခါ ဂျန်ဖန်း နှလုံးသားထဲမှာ နွေးထွေးသွားခဲ့သည်။

ထိုအရာက ရှုရိုရန် တစ်ယောက်တည်း၏ ဆန္ဒမဟုတ်ပေ။ ရှုကျန်းယန်၏ ရည်ရွယ်ချက်လည်းပါတာဖြစ်သည်။

သူတို့က သူ့ကို ရှုမိသားစု၏ အဖိုးတန်ပစ္စည်းအားလုံးပေးပြီး အလျှင်အမြန်ထွက်သွားစေချင်ကြ၏။

အဆုံးမှာတော့ သူက ရှုမိသားစု၏ တရားဝင် သားမက်တစ်ယောက် မဟုတ်သေးသောကြောင့် တိမ်စိမ်းဂိုဏ်း သူ့ကို လိုက်ဖမ်းမည်မဟုတ်ပေ။

“ငါက ဘာလို့ ထွက်သွားရမှာလဲ….”

ဂျန်ဖန်း အနည်းငယ်ပြုံးလိုက်၏။

“ငါ အဲ့ဒီသခင်လေးကျူးနဲ့ ပြိုင်ချင်သေးတယ်….”

အေးစက်စက်အလင်းတစ်ချက် သူမျက်လုံးထဲမှာ ပေါ်လာခဲ့သည်။

သူသာ ကံကောင်းပြီး ဒုနန်းတောင်သခင်ကို မသတ်နိုင်ခဲ့လျှင် ရှုမိသားစု ကံကြမ္မာ ဘယ်လိုဖြစ်သွားမည်နည်း။

ရှုရို့ရန်ကော ဘာဖြစ်သွားမည်နည်း။

ထိုကဲ့သို့ကောင်မျိုးကို သင်ခန်းစာ တစ်ခုပေးရမည်ပဲဖြစ်သည်။

ရှုရို့ရန်၏ အသနားခံမှုကို လျှစ်လျူရှုကာ ကုတင်အောက်က အထုပ်ကို ကောက်ပြီး အဓိကခန်းမထဲကို သွားလိုက်၏။

ယခုချိန်၌ ခန်းမထဲမှာ ရှုမိသားစုဝင်တွေ ရှိမနေပေ။ ရှုကျန်းယန်တစ်ယောက်သာ လက်နှောက်ပစ်ပြီး မတ်တပ်ရပ်နေခဲ့သည်။

သူက ဘေးဆိုးကြီးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့၏။

ထိုစဥ် ကျူးဂျန်ရှန် သူ့လူတွေနှင့်အတူ ရန်လိုစွာဝင်လာခဲ့သည်။

“ရှုကျန်းယန်, မင်းရဲ့ ရှုမိသားစုက အပြေးမြန်သားပဲ….”

ရှုကျန်းယန်က ကိစ္စအားလုံးကို သိနေသကဲ့သို့ အမူအရာကင်းမဲ့နေဆဲ ဖြစ်သည်။

မနက်အာရုံတက်ကတည်းက ရှုမိသားစုဝင်တွေကို ထွက်သွားခိုင်းပြီး ဘေးအန္တရာယ်ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ အသင့်ဖြစ်နေခဲ့သည်။

“ကျူးဂျန်ရှန်, မင်း တိမ်စိမ်းဂိုဏ်းအာဏာ အလွဲသုံးစားလုပ်တာ နောက်ဆုံးမှာ မင်းပြန်ခံရမှာပါ….”

ရှုကျန်းယန် အေးစက်စွာပြောလိုက်သည်။

ကျူးဂျန်ရှန် လှောင်ပြောင်သည့်အပြုံးတစ်ခု ထုတ်ဖော်လိုက်၏။

“ဝဋ်လည်တာ….. ဒီအရွယ်ရောက်တာတောင် မင်းက ဒီလို ကလေးကလား အတွေးတွေကို ယုံနေတုန်းလား….”

“အသုံးမကျတဲ့ အရှုံးသမားတွေပဲ ဒီနည်းနဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ကြတာ….”

ရှုကျန်းယန် လက်သီးဆုပ်လိုက်၏။

ဤကမ္ဘာကြီး၌ အမှန်တကယ်ပဲ ဝဋ်လည်တာ ရှိသလား?

ကောင်းတဲ့လူတွေက အသက်တိုပြီး မကောင်းတဲ့လူတွေက အသက်ရှည်ကြတာပဲဖြစ်သည်။

ကျူးဂျန်ရှန် ကုလားထိုင်တစ်ခုယူလိုက်ပြီး ထိုင်လိုက်၏။

“ထပ်ပြောရရင် ငါက တိမ်စိမ်းဂိုဏ်အမိန့်ကို လုပ်ဆောင်နေတာ….”

“ငါမှားတယ်လို့ ဘယ်သူမှ ပြောလို့မရဘူး….”

“အခု, ငါ့တာဝန်ထမ်းဆောင်ဖို့ အချိန်ကြပြီ….”

“ဘယ်မှာလဲ ဒုနန်းတော်သခင်ရဲ့ခေါင်း….”

ရှုကျန်းယန်မျက်လုံးတွေ အေးစက်သွားခဲ့သည်။

“မရှိးဘူး….”

ရှုမိသားစုက ဘယ်လိုလုပ် ဒုနန်းတော်သခင်၏ ခေါင်းကို ရနိုင်မှာလဲ…

ဒဏ်ရာရထားကိုမပြောနှင့်အုန်း, သူ၏ အထွတ်အထိပ်အချိန်မှာတောင် ဒုနန်းတော်သခင်ကို နိုင်ဖို့ မဖြစ်နိုင်ပေ။

ကျူးဂျန်ရှန် အူလိုက်သည်းလိုက် ရယ်မောလိုက်၏။

“ဒီလိုဆိုမှတော့ ငါတာဝန်ကို မျှမျှတတ လုပ်ဆောင်ရတော့မှာပဲ….”

“ရှုမိသားစုက တိမ်စိမ်းဂိုဏ်းပေးတဲ့တာဝန် ကျရှုံးတယ်ဆိုမှတော့ ဥပဒေအရ ဘဏ္ဍာတွေသိမ်းပြီး အပြစ်ပေးရမယ်…..”

“သွားကြ…. ရှုမိသားစုကို ချိတ်ပိတ်လိုက်….”

ခရက်!

သူ့လူတွေ ချက်ချင်းပဲ ရှုအိမ်တော်ကို ဝံပုလွေကဲ့သို့ ပြေးသွားတော့သည်။ သူတို့မျက်နှာတွေက စိတ်လှုပ်ရှားမှုတွေနှင့် တောက်ပနေခဲ့သည်။

ဘဏ္ဍာသိမ်းရတာက မကြာခဏရတတ်သည့် အခွင့်အရေးမဟုတ်ပေ။

ရှုကျန်းယန် ပါးစပ်ဖွင့်လိုက်ပေမယ့် သူတို့ကို မတားလိုက်ပေ။

အဆုံးမှာတော့ တန်ဖိုးကြီးပစ္စည်းတွေက ရှုမိသားစုဝင်တွေယူသွားကြပြီပဲဖြစ်သည်။

ကျူးဂျန်ရှန် သဘောကျနေပြီး လှောင်ပြုံးပြုံးလိုက်၏။

“မင်းရဲ့ ရှုမိသားစုဝင်တွေ တန်ဖိုးကြီးပစ္စည်းတွေနဲ့လွတ်မြောက်သွားတော့ ကိစ္စမရှိဘူးလို့ ထင်နေတာမလား….”

ဟမ်….

ရှုကျန်ယန် ရုတ်တရက် မကောင်းသည့်နိမိတ်တွေကို ခံစားလိုက်ရသည်။

ကျူးဂျန်ရှန် လှောင်ပြောင်စွာဖြင့် လက်ခုပ်တီးလိုက်သည်။

“သူတို့ကို အထဲခေါ်ခဲ့….. ရှုမိသားစုခေါင်းဆောင်ကို ကြည့်ခိုင်းလိုက်ပါအုန်း….”

အပြင်ဘက်မှ နောက်လူအုပ်တစ်ခု အထဲကိုဝင်လာခဲ့သည်။

တစ်ယောက်ချင်းစီက အကျဥ်းသားတစ်ယောက်စီ ခေါ်လာခဲ့ကြ၏။ သူတို့မျက်နှာတွေက ဖူးယောင်ကိုင်းနေပြီး ဆံပင်တွေလည်း ဖရိုဖရဲဖြစ်နေကြသည်။

သူတို့ထဲ၌ ဝမ်းယင်ဖုန်းလည်းပါတာ ဖြစ်သည်။

ထို့ပြင် ရှုမိသားစုဝင်များစွာလည်းပါဝင်၏။

ရှုယင်းရင်မှလွဲပြီး အားလုံးရှိ၏။

ရှုကျန်ယန် တုန်လှုပ်သွားခဲ့သည်။

“မင်းတို့ မလွတ်ကြဘူးလား….”

ကျူးဂျန်ရှန် အူလိုက်သည်းလိုက် ရယ်မောလိုက်၏။

“လွတ်မြောက်ဖို့လား….. ငါ အချိန်တော်ကြာကတည်းက ရှုမိသားစုအပြင်ဘက်မှာ လူတွေချထားပြီးသား….”

“ရှုယင်းရင်းကလွဲပြီး မင်းတို့ရှုမိသားစုဝင် ဘယ်သူမှ မလွတ်နိုင်ဘူး…..”

သို့ပေမယ့်…..

သိပ်မကြားလိုက်ပေ ကျူးဂျန်ရှန် ရယ်သံတွေရပ်တန့်သွားခဲ့သည်။

သူ့မျက်နှာတည်သွားပြီးပြောလိုက်သည်။

“ဂျန်ဖန်ဘယ်မှာလဲ…. ရှုရို့ရန်ကကော ဘယ်မှာလဲ….”

ထိုနှစ်ယောက်က သူ ရှုမိသားစုကို ဒီလောက်အခြေအနေထိ ပစ်မှတ်ထားရသည့် အကြောင်းအရင်းအစစ်အမှန်ပဲ ဖြစ်သည်။

တစ်ယောက်က သူ အပိုင်းပိုင်း ဆုတ်ဖြဲချင်နေသူဖြစ်ပြီး ကျန်တစ်ယောက်က သူ ညင်းပန်းနှိပ်စက်ချင်နေသည့် အမျိုးသမီးပဲ ဖြစ်သည်။

သို့ပေမယ့် သူတို့က ဒီနေရာမှာ ရှိမနေပေ။

အား….

ရုတ်တရက် အော်ဟစ်သံတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

ထို့နောက်…..

ပုံရိပ်တစ်ခုအနောက်ဘက်ခြံဝန်းမှ သွေးအံပြီး လွင့်ထွက်လာကာ ကျူးဂျန်ရှန် ရှေ့ကို ပြင်းထန်စွာပြုတ်ကျသွားခဲ့သည်။

မော့ကြည့်လိုက်သည့်အခါ…..

ဂျန်ဖန်း ရှုရို့ရန်လက်ကိုကိုင်ပြီး ဖြည်းဖြည်းချင်း လျှောက်ဝင်လာခဲ့သည်။

“ကျူးဂျန်ရှန်, ငါ့ကိုရှာနေတာလား….”

ဂျန်ဖန်း စာရွက်တစ်ခုကိုကောက်ယူပြီး ပါးစပ်ထောင့်မှာ လောင်ပြုံးတစ်ခုရှိနေခဲ့သည်။

“ရန်သူတွေ့ရင် မျက်လုံးရဲ” ဆိုသည့် စကားက သူ့စိတ်ထဲမှာပေါ်လာခဲ့သည်။

ကျူးဂျန်ရှန် အေးစက်စွာ ရယ်လိုက်၏။

“ကောင်းတယ်… ကောင်းတယ်…., မင်းက သတ္တိရှိသား…. မပြေးဘူးပဲ….”

“ဒါဆိုလည်း မင်းဆန္ဒကို ဖြည့်ပေးရတာပေါ့….”

“အဲ့ကောင်ကို ဖမ်းကြစမ်း….. ခုခံရဲရင် နေရာမှာပဲ သတ်လိုက်….”

ဘာပဲဖြစ်ဖြစ် သူက ဂျန်ဖန်းကို သေစေချင်တာပဲဖြစ်သည်။

ဂျန်ဖန်း အမူအရာကင်းမဲ့စွာနှင့် စာရေးလိုက်၏။

“မင်းက ဘာလို့ငါ့ကိုဖမ်းတာလဲ…..”

ဂျန်ဖန်း သေခါနီတောင် စကားများနေတာကို မြင်သည့်အခါ ကျူးဂျန်ရှန် လှောင်ပြောင်လိုက်၏။

“ဘာလဲ…. မင်း ဒုနန်းတော်သခင် ခေါင်းကို ရခဲ့လို့လား…..”

“မရခဲ့ဘူးဆိုရင် မင်းက တိမ်စိမ်းဂိုဏ်းအမိန့်ကို ဖီဆန်တာပဲ….”

“ငါမင်းကို မဖမ်းရင် ဘယ်သူ့ကိုဖမ်းသင့်လဲ….”

ရှုကျန်းယန် စိုးရိမ်လာခဲ့သည်။

ဂျန်ဖန်း ဘာကြောင့် ထွက်သွားနိုင်တုန်း မထွက်သွားရတာလဲ….

သို့ပေမယ့် မိသားစုဝင်အားလုံး အဖမ်းခံထားရတာမြင်သည့်အခါ သူက အကူအညီမဲ့စွာနှင့် သက်ပြင်းချလိုက်သည်။

ဂျန်ဖန်း ထွက်သွားလျင်တောင် သူလည်း ပြန်ဖမ်းခေါ်လာခံရမည်ဖြစ်၏။

ရှုမိသားစုကံကြမ္မာက သတ်မှတ်ပြီးသွားပြီပဲဖြစ်သည်။

သို့ပေမယ့် ရှုကျန်းယန်နှင့် ရှုမိသားစုဝင်တွေ အတော်လေး မျှော်လင့်ချက်မဲ့နေစဥ်မှာပဲ….

ဂျန်ဖန်း သူ့လက်ထဲက အထုပ်ကို ကျူးဂျန်ရှန်ရှေ့ပစ်ပေးလိုက်သည်။

သူက စာတစ်ကြောင်းရေးလိုက်သည်။

“သခင်လေးကျူး, ကြည့်လိုက်ပါအုန်း….”

All Chapters