ကောင်းကင်တာအို၏ အကြံအစည်
Vol. 108 Ch. 1499
ဝမ်ဝေ့ မျက်လုံးများ မှိတ်လိုက်သောအခါ အဖြူရောင် နေရာလွတ်တစ်ခုတွင် မိမိကိုယ်ကို တွေ့ရှိခဲ့ပြီး ထိုနေရာ၌ ပစ္စည်းသုံးမျိုး ရှိနေသည်။ ဧရာမ ခရမ်းရောင်တိမ်တိုက်ကြီး၊ ရွှေရောင်စာလိပ်ကြီးတစ်ခုနှင့် သေးငယ်သော ရွေ့လျားနေသည့် နဂါးတစ်ကောင်ပါရှိသော သတ္တုလုံးတစ်ခုတို့ ဖြစ်သည်။ သူက တိမ်တိုက်ကြီးကို ကြည့်ကာ ပြုံးလိုက်မိသည်။ မျှော်လင့်ထားသည့်အတိုင်း ဤအဖြစ်အပျက်အတွက် သူ၏ ဆုလာဘ်သည် အလွန်ကြီးမားလှသည်။
ငါ ထိပ်သီးစံပြအဆင့်ကို ယွမ်ခေတ်ကာလ ၅၀၀,၀၀၀ အတွင်း ရောက်ဖို့ လုံလောက်တယ်။ ပြီးတော့ နောက်ထပ် ယွမ်ခေတ်ကာလ ၁၀၀,၀၀၀ ထပ်ယူပြီး အထွတ်အထိပ် ဝိညာဉ် တစ်ခုကို ကျင့်ကြံနိုင်တယ် …
ဝမ်ဝေ့က တွေးမိသွားသည်။ သူက အကောင်းဆုံး အချိန်မြှင့်တင်ရေးစနစ်ကို အသုံးပြုမည်ဖြစ်သောကြောင့် သူ့ဝိညာဉ်နှင့် ကျင့်ကြံရေးက အထွတ်အထိပ်သို့ ရောက်ရန်အတွက် ယွမ်ခေတ်ကာလ ၆၀,၀၀၀ သာ အချိန်ပေးရမည်။ တစ်ခုတည်းသော ပြဿနာမှာ သူ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန်မူ အချိန်အနည်းငယ် ယူရလိမ့်မည်။
ဝမ်ဝေ့က နဂါးပါသည့် သတ္တုလုံးကို ကြည့်ရန် လှည့်လိုက်ပြီး ချက်ချင်းပင် ခေါင်းခါလိုက်မိသည်။
"ကျေးဇူးပါ … တော်ပါပြီ မလုပ်တော့ပါဘူး” သူက ငြင်းဆိုလိုက်သည်။ ယခင်ခေတ်က ရွေးချယ်ခံတစ်ယောက် ဖြစ်ရသည်မှာ ပင်ပန်းလှသည်။ ထို့အပြင် လာမည့် ကပ်ဘေးအတွက် ထိုအလုပ်ကို ထပ်လုပ်ရန် သူ ဆန္ဒမရှိတော့ပေ။
သူ ငြင်းဆိုလိုက်သည်နှင့် ဤနေရာလွတ်သည် တုန်ခါသွားပြီး တခြားတစ်ယောက် ထွက်ပေါ်လာသည်။ သူမက မည်းနက်သော ဆံပင်ရှည်များရှိပြီး အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဝတ်ရုံသည် အလွန်ရှည်သည့်အတွက် သူမ၏နောက်တွင် ကျန်ရစ်နေလေ၏။ သူမက အလွန်တရာလှပပြီး မျက်နှာသွင်ပြင်များသည်လည်း အလွန်ပြည့်စုံလွန်းသည့်အတွက် အတုအယောင်လိုပင် ဖြစ်နေသည်။
သို့သော် သူမကို စိုက်ကြည့်မိသောအခါ ဝမ်ဝေ့သည် သူမနှင့်ပတ်သက်၍ မလေးစားသည့် စိတ် သို့မဟုတ် ကာမစိတ်ဖြင့် ပစ်မှားလိုစိတ် မရှိသည်ကို တွေ့ရှိခဲ့သည်။ သူမ၏အငွေ့အသက်က သူ့အား မိခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာကို သတိရစေပြီး သူ လိုချင်သည့် တစ်ခုတည်းသောအရာမှာ သူမ၏ ပွေ့ဖက်မှုထဲသို့ အလျင်အမြန် ပြေးဝင်ရန်သာ ဖြစ်၏။ ထိုအမျိုးသမီးသည် အလှတရား၏ ပြယုဂ်ဖြစ်သော်လည်း သူမ၏ ရုပ်ရည်တွင် အဓိကအားနည်းချက်တစ်ခု ရှိနေသည်။ ထိုအရာမှာ သူမ၏ အေးစက်ပြီး လျစ်လျူရှုတတ်သော မျက်လုံးများပင် ဖြစ်သည်။
"ကောင်းကင်တာအို" ဝမ်ဝေ့က ရေရွတ်သည်။
"ခင်ဗျားက မျက်လုံးအပြင် တခြားရုပ်ပိုင်းဆိုင်ရာပုံစံတွေကိုလည်း ယူလို့ရတယ်ဆိုတာ မသိခဲ့ဘူး"
"ဒီလိုပုံပန်းသဏ္ဍာန်က စေ့စပ်ညှိနှိုင်းဖို့ ပိုသင့်တော်မယ်လို့ ယူဆမိတယ်" ကောင်းကင်တာအိုက ပြန်ဖြေရာ သူမ၏အသံတွင် မည်သည့်စိတ်ခံစားမှုမှ မရှိဘဲ စက်ရုပ်သံလိုပင် ဖြစ်နေသည်။
"လာမဲ့ ကပ်ဘေးရဲ့ ဝန်ကို ထမ်းဖို့ ကျွန်တော့်ကို လာစည်းရုံးတာဆိုရင် အချိန်ဖြုန်းနေတာပဲ" ဝမ်ဝေ့က ပြောလိုက်သည်။
"နှစ်ရှည်လများစွာ ငါ့တည်ရှိမှုထဲ ကြီးကျယ်တဲ့ ကံကြမ္မာနဲ့ ပါရမီရှင်များစွာကို ကောင်းချီးပေးခဲ့ပေမဲ့ မင်းတို့မိသားစုကိုတော့ သုံးကြိမ်တိုင်တိုင် ရွေးချယ်ခဲ့တယ်။ ပြီးတော့ အကြိမ်တိုင်းမှာ သူတို့ဟာ အခြေအနေကို မြှင့်တင်ပေးခဲ့ပြီး ငါ့ရဲ့ မျှော်လင့်ချက်ထက်တောင် ကျော်လွန်ခဲ့ကြတယ်"
"လာမဲ့ ကမ္ဘာကြီးရဲ့ ပြန်လည်တည်ဆောက်မှုက ငါ့ရဲ့ အထင်ရှားဆုံးလက်ရာ ဖြစ်လိမ့်မယ်။ ပြီးတော့ အောင်မြင်မှုရရှိဖို့အတွက် ယုံကြည်စိတ်ချရတဲ့ တစ်ယောက်ယောက်ကို လိုအပ်တယ်။ မင်းရဲ့ တန်ကြေးကို ပြော … အလွန်အကျွံ မဖြစ်သရွေ့ စဉ်းစားပေးမယ်"
ကောင်းကင်တာအိုထံမှ ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောဆိုလာလိမ့်မယ်လို့ မမျှော်လင့်ထားသည့်အတွက် ဝမ်ဝေ့ အနည်းငယ် အံ့ဩမိသွားသည်။ သို့သော် ထိုသို့သော သွေးဆောင်မှုကြောင့် သူ၏ဆုံးဖြတ်ချက်ကို ပြောင်းလဲမည် မဟုတ်ပေ။ ကပ်ဘေးတွင် ပါဝင်ပတ်သက်မှုများစွာ ရှိလာမည်ဖြစ်ပြီး သူ အလွန်အမင်း ပါဝင်ပတ်သက်ပါက အလုံးစုံကောင်းကင်ကံကြမ္မာကပ်ဘေးအတွက် သူက တာဝန်ရှိသူဖြစ်ကြောင်း အချက်အလက်ကို အလွယ်တကူ ထုတ်ဖော်မိလိမ့်မည်။
ထိုကပ်ဘေးသည် သူ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်သို့ ဝင်ရောက်နိုင်မလားဆိုသည့်အချက် ပါဝင်ပတ်သက်နေသည်။ ထိုကပ်ဘေးက သူ့ကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်သော်လည်း သူ့အနေနှင့် လှည့်ထွက်သွားနိုင်သည်။ ထိုသို့လုပ်ဆောင်ခြင်းက သူ့အား ထိုအဆင့်ကို ရောက်ရှိရန် လိုအပ်သောအချိန်ကို နှောင့်နှေးစေရုံသာ ဖြစ်၏။ သို့သော် အလုံးစုံကောင်းကင်ကံကြမ္မာကပ်ဘေးသည် သူ၏ ထူးကဲသာလွန်မှုလမ်းစဉ် ပါဝင်ပတ်သက်နေသောကြောင့် မည်သည်က ပိုအရေးကြီးသည်ကို သူ သိသည်။
"မင်းကို ကောင်းကင်ဧကရာဇ် ဖြစ်စေမယ်ဆိုရင်ရော" ကောင်းကင်တာအိုက မေးလာသည်။
"မင်းက မိုးမြေရဲ့ စည်းမျဉ်းဥပဒေသအားလုံးကို တရားဝင် တာဝန်ယူရလိမ့်မယ်။ ပြီးတော့ အလွန်ကြီးမားတဲ့ အင်အားနဲ့ အာဏာကို ကောင်းချီးပေးခံရလိမ့်မယ်"
"အဲဒါက ဆွဲဆောင်မှုရှိတယ်" ဝမ်ဝေ့က ရေရွတ်လိုက်သော်လည်း ထိုဂုဏ်ပုဒ်၏ ထောင်ချောက်ကို သိထားသည်။ စစ်မှန်သော ကောင်းကင်ဧကရာဇ် တစ်ဦးအနေဖြင့် သူက ကမ္ဘာကြီးကို အုပ်ချုပ်ရန်နှင့် ခုံရုံးတစ်ခုကို တည်ထောင်ရန် တရားဝင်အခွင့်အရေး ရှိလိမ့်မည်။ သို့သော် ထိုအာဏာရှင်များနှင့် အခြားမျိုးနွယ်စုများသည် အကြွင်းမဲ့အင်အားမရှိဘဲ သူ၏အုပ်စိုးမှုကို ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။ သူတို့သည် သူ့ကို အားနည်းအောင် လုပ်ဖို့ အရာအားလုံးကို လုပ်ဆောင်ကြလိမ့်မည်။ ထို့အပြင် သူခုံရုံး၏ အင်အားကို ဖြည်းဖြည်းချင်း တည်ဆောက်ရန်အတွက် နိုင်ငံရေးကစားရမည့် အချိန်ပမာဏက တွေးကြည့်ရုံနဲ့တင် အိပ်မက်ဆိုးတစ်ခုလိုပင် ဖြစ်၏။
ဒီရှေးခေတ်ဝတ္ထုတွေထဲက ကျောက်စိမ်းဧကရာဇ်လို မဖြစ်ချင်ဘူး။ ကောင်းကင်ခုံရုံးကို ဘယ်သူမှ မလေးစားဘူး။ ပြီးတော့ သူ့နဲ့ မတူတာက သူ ဟုန်ကျွင်း ဆီ ပြေးသွားသလိုမျိုး ကောင်းကင်တာအိုဆီ ပြေးပြီး အကူအညီတောင်းလို့ မရဘူး …
ဝမ်ဝေ့က တွေးမိသည်။
"ကျွန်တော့်အဖြေက အတူတူပါပဲ" ဝမ်ဝေ့က ပြန်ဖြေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်အတွက် ပြီးပြည့်စုံတဲ့တစ်ယောက်ယောက် ရှိပြီးသား မဟုတ်ဘူးလား။ ခုံက စစ်ဆေးမှုကတည်းက ဒီရာထူးအတွက် ကြိုးစားပြီး စီစဉ်နေခဲ့တာ။ သူ ဒီအလုပ်ကို လိုချင်တာဆိုတော့ သူ့ကို ပေးလိုက်လေ"
"ခုံက အရည်အချင်းရှိပြီး ကြီးမားတဲ့ အလားအလာတွေနဲ့ ပြည့်နေတယ်။ ဒါပေမဲ့ ငါက အတွေ့အကြုံရှိတဲ့လူ … လာမဲ့ ကပ်ဘေးအတွက် စမ်းသပ်ခံပြီးသား တစ်ယောက်ယောက်ကို လိုအပ်တယ်။ ဝမ်ချီရှန်းက ဒီကြီးမြတ်တဲ့တာဝန်ကို လက်ခံမယ်လို့ ထင်လား"
"သူ့ရဲ့ ယခင်အပြုအမူအရ သူက အနားယူတော့မဲ့ပုံပေါ်တယ်၊ ဒါကြောင့် သူ လက်ခံပါ့မလားပဲ " ဝမ်ဝေ့က ရိုးသားစွာ ပြောသည်။
"ဟုတ်ပါတယ်လေ" ကောင်းကင်တာအိုက သူမ၏ အေးစက်သောမျက်နှာဖြင့် သက်ပြင်းချလိုက်သည်။ သူမ စိတ်ဆင်းရဲနေကြောင်း ထင်ရှားသော်လည်း သူမ၏အမူအရာက တစ်ပုံစံတည်းသာ ရှိနေသည်။
"ဒါဆို ဝမ်ကောပဲ ကျန်တော့တယ်။ သူက လည်တယ်ဆိုပေမဲ့ မဟာဗျူဟာမြောက် စွမ်းရည်တွေ ဒါမှမဟုတ် အခြေအနေတစ်ခုလုံးကို နားလည်နိုင်မှုမှာ မင်းနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး"
"တခြား အလားအလာရှိတဲ့သူတွေ ဘယ်သူတွေ ရှိသေးလဲ။ ဝူဟုန်က ကာကွယ်ရေးစနစ်နဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့ပြီးကတည်းက ငါ့ကို မကြိုက်တော့ဘူး။ တုကုထျန်းပိုင် က သူ့ကိုယ်သူအတွက် အရမ်းရည်မှန်းချက် ကြီးလွန်းပြီး ယင်ကျန်း က ငါ သဘောကျဖို့အတွက် အရမ်းစိတ်ကျဉ်းမြောင်းပြီး လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်"
"မင်း ဒီကြီးမြတ်တဲ့ အခွင့်အရေးကို တကယ်မလိုချင်တာ သေချာလား"
ဝမ်ဝေ့က ပြုံးရုံသာ တုံ့ပြန်သည်။
ဘာလို့ ကောင်းကင်တာအိုက ဒီနာမည်တွေကို သူ့ရှေ့မှာ ပြောနေရတာလဲ …
သူ့ကို ချီးကျူးဖို့နှင့် စာနာစိတ်ကို ဖြစ်ပေါ်စေပြီး သူ့စိတ်ပြောင်းအောင် လုပ်ဖို့ ဖြစ်နိုင်သည်။ ကံမကောင်းစွာဖြင့် ဤကဲ့သို့ နည်းဗျူဟာက သူ့အပေါ် အသုံးမဝင်ပေ။ သူ့အနေနှင့် ဤကဲ့သို့ အရေးကြီးသော ကိစ္စတစ်ခုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချပြီးတာနဲ့ သူ့စိတ်ပြောင်းဖို့ အခွင့်အရေးက နည်းပါးလှသည်။
"မင်းက စိတ်ဆုံးဖြတ်ပြီးပြီပုံရတယ်။ ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်လဲ" ကောင်းကင်တာအိုက သူ့ကို နောက်ထပ်စကားတစ်ခွန်းမှ မပြောဘဲ ပျောက်ကွယ်သွားသည်။ နေရာလွတ် ပြိုကျသွားပြီး ဝမ်ဝေ့က သူ၏အခန်းထဲသို့ ရောက်ရှိလာပြီး ကုသိုလ်တိမ်တိုက်နှင့်စာလိပ် တို့ဖြင့် ဝန်းရံလျက် ရှိနေသည်။
သူမက ဒေါသအလျောက် ပြုမူပြီး အထူးဆုလာဘ်ကို ပြန်ယူသွားမယ်လို့ ထင်ခဲ့တာ …
ဝမ်ဝေ့က တွေးပြီး စာလိပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ခေါင်းစဉ်က သူ့အာရုံကို ချက်ချင်း ဖမ်းစားသွားလေ၏။
ကုသိုလ်လဲလှယ်ရေးစာရင်း
ဝမ်ဝေ့ တစ်ယောက် သူ့စိတ်ထဲတွင် အကြံအနည်းငယ် ပေါ်လာသောကြောင့် မျက်မှောင်ကြုတ်မိသွားသည်။ သို့သော် သူက မိမိကိုယ်ကို ထိန်းချုပ်ပြီး ဆက်ဖတ်နေသည်။
သေမျိုးအဆင့်၊ မဟာဧကရာဇ်အဆင့်၊ ကောင်းကင်အဆင့်အဆင့်၊ စံပြအဆင့်နှင့် [???????] ဟူ၍ ဖြစ်ပေသည်။
ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်ဖြင့် သေမျိုးအဆင့်ကို ချက်ချင်းရွေးချယ်လိုက်ရာ စာလိပ်သည် ပြောင်းလဲသွားပြီး ရှားပါးအရင်းအမြစ်များ၏ ကုသိုလ်ပေါ် အခြေခံ၍ စျေးနှုန်းများဖြင့် စာရင်းတစ်ခုကို ထုတ်ဖော်ပြသလာသည်။ သူက အခြားအရာများကို စစ်ဆေးကြည့်ရာ အတူတူပင် ဖြစ်နေသည်။
မဟာတာအိုရဲ့ စကားအရ ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုက ကြီးကျယ်တဲ့ အဖြစ်အပျက်တစ်ခုကို ဘယ်လိုစီစဉ်ရမယ်ဆိုတာ တကယ်သိတာပဲ …
ဝမ်ဝေ့က ပြုံးလိုက်သည်။ လာမဲ့ ကပ်ဘေးက တိုက်ရိုက်ကျူးကျော်မှုပဲဖြစ်ဖြစ်၊ ပြည်ပအင်အားစုတွေ၏ ရိုးရှင်းသော ဝင်ရောက်စွက်ဖက်မှုပဲဖြစ်ဖြစ် ကိစ္စမရှိပေ။
ကောင်းကင်တာအိုက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသားအတွက် ထိုလူများကို ကံကြမ္မာအရ အနုတ်လက္ခဏာဆောင်သူများအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ပြင်ပလူ သို့မဟုတ် ခြိမ်းခြောက်မှုများကို သတ်ခြင်း သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် နယ်ခံများသည် ကုသိုလ်ကို ရရှိနိုင်မည်ဖြစ်သည်။ ထို့နောက် နယ်ခံများသည် ထိုကုသိုလ်ကို အသုံးပြု၍ ရှားပါးအရင်းအမြစ်များကို လဲလှယ်နိုင်ပြီး သူတို့၏ အင်အားကို မြှင့်တင်နိုင်ကာ ကပ်ဘေးမှ အသက်ရှင်နိုင်စေမည် ဖြစ်သည်။
အဲဒါက တကယ်ကို ထက်မြက်တဲ့ လုပ်ရပ်ပဲ … အထူးသဖြင့် ထူးကဲသာလွန်မှုအဆင့် အရင်းအမြစ်တွေ ရှိလာမှာဖြစ်လို့ မေတ္တယျလို လူမျိုးတောင် အစွမ်းကုန် ကြိုးစားရလိမ့်မယ် …
ဝမ်ဝေ့က တွေးမိသည်။ ကျင့်ကြံရေးလောက၏ အခြေခံအချက်များထဲမှ တစ်ခုမှာ အဘယ်နည်း။ အကျိုးအမြတ်ပင် ဖြစ်၏။ ကောင်းကင်တာအိုက ထိုအချက်ကို သိထားပြီး အပြည့်အဝ အသုံးချထားသည်။
အရာအားလုံးကို တကယ်စီစဉ်ခဲ့တာပဲ …
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကံကြမ္မာကို မြှင့်တင်ရန်အတွက် ကပ်ဘေး ၈၁ခု မှစ၍ ပါရမီရှင်များစွာကို မွေးထုတ်ပေးခဲ့သည့် ရွှေရောင်ခေတ်ကာလအထိ၊ ကမ္ဘာကြီးကို ဟွင်သွမ်းစကြဝဠာ၏ ဗဟိုချက်တစ်ပိုင်းဖြစ်လာစေသည့် အကြွင်းမဲ့တားမြစ်ချက်အထိ … ယခု ဟွင်သွမ်းစကြဝဠာတစ်ခုလုံးမှာ ထူးကဲသာလွန်မှုခေတ်ကာလကို စတင်စေပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအား ဟွင်သွမ်းစကြဝဠာ၏ ဗဟိုချက်အဖြစ် အဆင့်အတန်းကို တိုးမြင့်ကာ အာမခံပေးလိမ့်မည်။
ကောင်းကင်ကာဒီနယ်က ဒီကောင်းကင်တာအိုကို လစာတိုးပေးသင့်တယ် …
ဝမ်ဝေ့က နောက်ပြောင်ပြီး စာလိပ်ပေါ် အာရုံစိုက်လိုက်သည်။ ယခု သူက စာလိပ်ကို စောစီးစွာ အသုံးပြုခွင့်ရထားပြီဖြစ်သောကြောင့် သူက အပြည့်အဝ အခွင့်ကောင်းယူရန် လိုအပ်သည်။ သူက စံပြအဆင့်အရင်းအမြစ်များကို ကြည့်ပြီးသည့်နောက် ဤပစ္စည်းများသည် အလွန်စျေးကြီးသည်ဟု ချက်ချင်း ညည်းညူလိုက်မိသည်။
ဥပမာအားဖြင့် စံပြကောင်းကင်အလိုဆန္ဒဟုခေါ်သည့် အရာတစ်ခု ရှိလေသည်။ ၎င်းသည် အရည်အချင်းများ မည်မျှပင် ဆိုးရွားပါစေ (အကန့်အသတ်မဲ့စံပြ ဖြစ်လိုသူများအတွက်မူ ချွင်းချက်) တစ်စုံတစ်ဦးကို စံပြအဆင့်ဖြစ်လာစေရန် အာမခံပေးလိမ့်မည်။ ဤပစ္စည်းက ဝမ်ဝေ့ ရရှိထားခဲ့သည့် ကုသိုလ်အားလုံး၏ လေးပုံတစ်ပုံ တန်ဖိုး ရှိနေသည်။
ဝမ်ဝေ့က ခေါင်းခါလိုက်ပြီး ပစ္စည်းနှစ်ခုကို ဝယ်ယူလိုက်သည်။ ပထမတစ်ခုက အနှစ်သာရ ပြန်လည်တည်ဆောက်ရေး ဆေးလုံး ဖြစ်ပြီး ထိုအရာက သူ့ခန္ဓာကိုယ်အား ယွမ်ခေတ်ကာလ ၅၀၀၀ ဖြင့် ပြန်လည်တည်ဆောက်နိုင်ရန် ခွင့်ပြုလိမ့်မည်။ အချိန်မြှင့်တင်ရေး အစီအရင်ဖြင့် ယွမ်ခေတ်ကာလ ၅၀၀ သာ ရှိသည်။
သူ ရယူခဲ့သည့် ဒုတိယပစ္စည်းမှာ သူ တစ်ခါမှ မကြားဖူးသော မဟာသန့်စင်ရေး အဆောင်ဟု ခေါ်သည့် အရာတစ်ခု ဖြစ်ပေသည်။ ဝမ်ဝေ့က ထိုအရာကို အသုံးချကာ အော့နှလုံးနာဖွယ်သွေးကို အသုံးပြုခြင်းမှ ကျန်ရှိနေသော အကျိုးသက်ရောက်မှုများကို သူ၏တည်ရှိမှုမှ ဖယ်ရှားရန် စီစဉ်ခဲ့သည်။ သူက သူ၏ဝိညာဉ်ထံ သက်ရောက်မှု သို့မဟုတ် လွှမ်းမိုးမှုကို ဖယ်ထုတ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူ စိုးရိမ်နေဆဲဖြစ်သော အကြွင်းအကျန်များ ရှိနေပြီး ဤအဆောင်သည် စံပြအဆင့်တွင် အကောင်းဆုံး ဖြစ်နေသည်။ သူ့ကုသိုလ်တိမ်တိုက်၏ တစ်စိတ်တစ်ပိုင်း ပျောက်ကွယ်သွားလေရာ ဝမ်ဝေ့အား အနည်းငယ် နာကျင်စေသည်။
သူက ကောင်းကင်တာအို၏ လောဘနှင့် ဤပစ္စည်းများ၏ စျေးနှုန်းများကို ညည်းညူပြီးနောက် ဘိုးဘေးလေးဦးနှင့် သူ၏အနာဂတ်ဇနီးလောင်းတို့ကို သူ့ဝိညာဉ်ကွန်ရက်ထဲသို့ အစည်းအဝေးတစ်ခုအတွက် ဖိတ်ကြားလိုက်သည်။