မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်)
Vol. 108 Ch. 1509
ဝမ်ဝေ့က ဤဖော်ထုတ်မှု၏ သက်ရောက်မှုများကို ခွဲခြမ်းစိတ်ဖြာနေစဉ် မဟာတာအို၏ လုပ်ရပ်များသည် အပြောကောင်းသော်လည်း အနှစ်သာရမရှိကြောင်း သဘောပေါက်ခဲ့သည်။ နောက်ထပ် အဆင့်၏ အမည်ကို ထုတ်ဖော်ခဲ့သော်လည်း ထိုအဆင့်ထဲ မည်သို့ ဝင်ရောက်ရမည်ကို အချက်အလက် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုအဆင့်ကို အမည်ပေးပုံနှင့် ဖော်ပြပုံသည် တိကျသော ဆိုးကျိုးသက်ရောက်မှုများ ရှိလာမည် ဖြစ်သည်။
ဝမ်ဝေ့က သတင်းအချက်အလက်များကို လက်ခံရယူခြင်းကို ရပ်လိုက်ပြီး ဝူဟုန်ကို ကြည့်လိုက်သည်။
"မင်းရဲ့ စည်းတံဆိပ် သုံးထောင်က … "
"မပြည့်စုံတဲ့ တာအိုသာလွန်ခြင်း ဖြစ်နိုင်တယ်” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။ ထိုစည်းတံဆိပ်များသည် သူမ၏ ဘဝတစ်လျှောက် လုပ်ဆောင်မှုနှင့် သူမ၏ အရည်အချင်းနှင့် ကြိုးစားအားထုတ်မှု၏ အနှစ်ချုပ် ဖြစ်သော်လည်း ယခုအချိန်အထိ ထိုအရာများသည် အတိအကျ ဘာတွေမှန်း မသိခဲ့ပေ။
"မပြည့်စုံရင်တောင် သူတို့ရဲ့ တည်ရှိမှုက မင်းအတွက် ပထမနဲ့ ဒုတိယအဆင့်မှာ ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းရည် ရှိစေမှာလေ။ မင်းရဲ့ တတိယအဆင့်ကို ရောက်ဖို့ လမ်းကြောင်းကလည်း အဆတစ်ထောင် ပိုမိုလွယ်ကူသွားလိမ့်မယ်” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
"ပြီးတော့ရော .. " ဝူဟုန်သည် အကြည့်ထဲတွင် တစ်ခုခု ဖုံးကွယ်ထားရင်း သူ့ကို မာန်မာနဖြင့် ကြည့်လိုက်သည်။
"ကိုယ့်လို နိမ့်ကျတဲ့ လူတွေကို အသက်ရှူဖို့ အခွင့်အရေးလေးတောင် မပေးနိုင်ဘူးလား" ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
"တစ်သက်လုံး ဖိနှိပ်ခံရမှာကို ကြောက်နေတာလား"
"ဆက်ပြီး အိပ်မက် မက်နေလိုက်။ မင်းကို ကိုယ် လွှမ်းမိုးပြီး ယောက်ျားဂုဏ်ကို ပြန်လည်ရယူနိုင်မဲ့နေ့က အလျင်အမြန် ရောက်လာနေပြီ။ ကိုယ် အဲဒါကို မြည်းစမ်းလို့ရနေပြီ” ဝမ်ဝေ့က လှောင်ပြောင်သည်။
"ရှင်လဲ ဆက်ပြီး အိပ်မက် မက်နေလိုက်"
"မင်း သိလာပါလိမ့်မယ်” ဝမ်ဝေ့က ပြန်ချေပသည်။
"ပြီးတော့ မင်းက ကိုယ့်ကို စိတ်ကူးတစ်ခု ပေးလိုက်တယ်။"
သူသည် သူ့ ကံကြမ္မာနန်းဆောင် ၁၂ ခုလုံးကို ခေါ်ယူရန်အတွက် သူ့ နိုးထအသက်ဝင်မှုကို အသက်သွင်းပြီး သူ့ကိုယ်ပိုင်ကံကြမ္မာမြစ်ကြောင်းအဖြစ် ပေါင်းစည်းလိုက်သည်။
"မင်းရဲ့ စည်းတံဆိပ်တွေထဲက တစ်ခုက ကံကြမ္မာ မလား"
"တာအို ၃၈၀၀ လုံးကို စည်းတံဆိပ်ခတ်ချင်ခဲ့တာဆိုတော့ ဟုတ်ပါတယ်လေ” ဝူဟုန်က ခေါင်းညိတ်သည်။
"ရှင့်ရဲ့ မပြည့်စုံတဲ့ တာအိုသာလွန်ခြင်း ပုံစံကို ဖန်တီးဖို့ ဒါကို လေ့လာချင်တာလား"
" မင်းက ကိုယ့်ကို အမြဲတမ်း သိနေတော့တာပဲ” ဝမ်ဝေ့က ခေါင်းညိတ်ပြလိုက်သည်။
"ကိုယ့်ရဲ့ အုတ်မြစ်က တာအိုသာလွန်ခြင်းရဲ့ ရှေ့ပြေးပုံစံကို ဖွဲ့စည်းနိုင်စေခဲ့တယ် … အဲဒီလို ခေါ်နိုင်ရင်ပေါ့"
သူ့ကံကြမ္မာနန်းဆောင်များသည် အမှန်တကယ်ပင် တာအိုသာလွန်ခြင်း ဖြစ်ပြီး ထိုအရာတို့သည် အလွန်အမင်း အရည်အချင်းရှိသူများ၊ ထူးခြားသော အုတ်မြစ်ရှိသူများနှင့် သူတို့၏ တာအိုနှင့် ရည်မှန်းချက် ပြီးပြည့်စုံစွာ ကိုက်ညီသူများတွင်သာ ပေါ်ပေါက်တတ်သည်။ သို့သော် ဝမ်ဝေ့က ဤအရာသည် ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိရန် ပေးသော အကျိုးကျေးဇူးက နည်းပါးလှသည့်အတွက် အမည်နှင့် မထိုက်တန်သလို ခံစားနေမိသည်။
မှန်ပေသည်။ အနည်းငယ်မျှသာ ဆိုသည်မှာ သူ့လို ထူးကဲသာလွန်မှု ကံကောင်းမှု၊ အတုအယောင်နှင့် ပြီးပြည့်စုံသော သာလွန်ခြင်းနည်းစနစ်များနှင့် ရှင်းလင်းသော လမ်းကြောင်းရှိသူတစ်ဦးအတွက်သာ ဖြစ်သည်။
"ဒါက အကြံကောင်းပဲ။ ရှင့်ကို အခု ပေးလိုက်ရမလား"
"မပေးသေးနဲ့ဦး … ကိုယ် အဲဒီအဆင့်အတွက် အဆင်သင့် မဖြစ်သေးဘူး”
ဝမ်ဝေ့က ငြင်းဆိုလိုက်သည်။ သူသည် လက်ရှိတွင် ရှေးဦးမူလအဆင့် ဖြစ်လာရန်သာ အာရုံစိုက်နေဆဲ ဖြစ်သောကြောင့် ပိုမြင့်မားသည့် အရာများကို စဉ်းစားနေရန် အကျိုးမရှိသေးပေ။
"ဒါ့အပြင် ဒီနေ့ သင်ယူခဲ့တာတွေကို အသုံးပြုပြီးတဲ့နောက် ကိုယ်ခန္ဓာသာလွန်ခြင်း နည်းစနစ်က ၃၀% ပြီးစီးဖို့ နီးနေပြီ။ အဲဒီအခါကျရင် မင်းနဲ့ လဲလှယ်နိုင်တယ်။"
"ကောင်းပြီလေ” ဝူဟုန်က ခေါင်းညိတ်ပြသည်။ သုံးပုံတစ်ပုံသာပြီးစီးသေးသည့် နည်းစနစ်တစ်ခုက သူမ၏ ကိုယ်ခန္ဓာသာလွန်ခြင်းအဆင့်အတွက် အလွန်အမင်း အထောက်အကူ ပြုလိမ့်မည်။
"ဒါနဲ့ ခင်ဗျားကိုလည်း ပုံတူပွား တစ်စုံ ပေးလို့ရပါတယ်” ဝမ်ဝေ့က မေတ္တယျကို ပြောလိုက်သည်။
"ကြိုပြီး ကျေးဇူးပါပဲ” သူမက ပြုံးရင်း ပြန်ဖြေသည်။
"ကိစ္စမရှိပါဘူး။ ဒါနဲ့ ဖုန်းဟွမ်နဲ့ ဝူကျစ်တို့ရော ဘယ်လိုလဲ။ ခင်ဗျား သူတို့ကို ပြန်လည် အသက်သွင်းပြီးပြီ မဟုတ်လား"
"သူတို့ အဆင်ပြေပါတယ်။ စံပြအဆင့်ကို ဝင်ရောက်ဖို့ ပြင်ဆင်နေကြတယ်"
"အိုး … "
"မင်းတို့ ဂိုဏ်းက ငါ့ကို စာလိပ်ကို စောစောစီးစီး အသိပေးခဲ့တာကြောင့်ပါ။ ငါ သူတို့ကို ကျေးဇူးဆပ်ချင်တာနဲ့ သူတို့ အမြန်ဆုံး စံပြအဆင့် ဖြစ်လာဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးကို ငါ့ကိုယ်ပိုင်ကုသိုလ်နဲ့ ဝယ်ပေးခဲ့တယ်” မေတ္တယျက ရှင်းပြလိုက်သည်။
"ဒါကြားရတာ ကောင်းပါတယ်။ ဒါနဲ့ ကျွန်တော် ဖုန်းဟွမ်အတွက် သင့်တော်တဲ့ ဝိညာဉ်သာလွန်ခြင်းကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတဲ့ အတွေးတစ်ခု တွေးမိထားတာရှိတယ်”
ဝမ်ဝေ့က စင်ကြယ်သော ဝိညာဉ်ရေးရာ ကျင့်ကြံမှုအကြောင်း သူ့ စိတ်ကူးကို သူမထံ ပြောပြလိုက်သည်။
"မင်း ပြောနေတာ သိဒ္ဓတ္ထလမ်းစဉ်အကြောင်းပဲ” မေတ္တယျက ပြောရာ ဝမ်ဝေ့က ထိုစကားကို ကြားလိုက်ပြီး မျက်မှောင်ကြုတ်မိသွားသည်။ ကမ္ဘာမြေပေါ်တွင် ဗုဒ္ဓဘာသာကို စတင်တည်ထောင်သူမှာ သိဒ္ဓတ္ထ ဂေါတမ ဖြစ်သည်။
"ဘာ လမ်းစဉ်လဲ"
"ဒါက ဗုဒ္ဓဘာသာရဲ့ လျှို့ဝှက်ချက်ဖြစ်ပြီး ဆရာတော်ဆီကိုပဲ လက်ဆင့်ကမ်းခဲ့တာ”
မေတ္တယျက ထိုကဲ့သို့ အရေးကြီးသော လျှို့ဝှက်ချက် ဖော်ထုတ်နေသည်ကို ဂရုမစိုက်ဘဲ ရှင်းပြလိုက်သည်။
"ပထမဆုံး ဗုဒ္ဓဖြစ်တဲ့ အရှင်သိဒ္ဓတ္ထ ဂေါတမဟာ အဆီအနှစ်ခေတ်ကာလမှာ ပေါ်ထွက်ခဲ့ပြီး ကျင့်ကြံရေးအစား စိတ်ကိုအသိဉာဏ်ပွင့်စေတဲ့အပေါ် အာရုံစိုက်တဲ့ ဗုဒ္ဓဘာသာနဲ့ စိတ်ဝိညာဉ်ရေးရာ လေ့ကျင့်မှု လမ်းစဉ်ကို ဖြန့်ဝေခဲ့တယ်"
"ဒါပေမဲ့ ဒီလမ်းစဉ်က နှေးကွေးတယ်။ မဟာတာအို အရင်းအမြစ်ကို ကျင့်ကြံတာထက်တောင် ပိုနှေးသေးတယ်။ အဲဆိုတော့ စိတ်ရှည်ရှည်နဲ့ အာရုံစူးစိုက်မှု ပြင်းထန်တဲ့လူတွေကပဲ လျှောက်လှမ်းနိုင်ခဲ့ကြတာ။ ဒါပေမဲ့ ဘယ်သူကမှ အရှင်ဂေါတမကို မမှီခဲ့ဘူး"
"အဆီအနှစ်ခေတ်ကာလ ပြီးဆုံးပြီးနောက် ဗုဒ္ဓဘာသာဂိုဏ်းအနေနဲ့ မဟာတာအိုက ခန္ဓာကိုယ်သန့်စင်ရေးလမ်းကြောင်းကို ကန့်သတ်ထားမှန်း သိခဲ့လို့ သိဒ္ဓတ္ထရဲ့ လမ်းစဉ်ကို လျို့ဝှက်ချက်အဖြစ် ထားခဲ့ကြတာ” မေတ္တယျက ခေါင်းခါပြသည်။
"လမ်းစဉ်က အရင်ကတည်းက ခက်ခဲနေပြီ။ အခုတော့ ပါဝင်သူ အရေအတွက်က သိသိသာသာ လျော့နည်းသွားခဲ့တယ်လေ။ ဘာဖြစ်လာလဲဆိုတာ မင်း တွေးကြည့်ရင် သိမှာပါ"
"ဒါဟာ ဖြည်းဖြည်းချင်း မှေးမှိန်သွားခဲ့တာမျိုးပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
"လက်ရှိခေတ်မှာ ဒီလမ်းစဉ် တည်ရှိနေသေးတယ်ဆိုတာ လူ ၂၀၀ လောက်ပဲ သိကြတာ။ ပြီးတော့ လူငါးယောက်လောက်ကပဲ ကျင့်ကြံနေကြတယ်” မေတ္တယျက သက်ပြင်းချလိုက်၏။
"ခင်ဗျားရော"
"ငယ်ရွယ်စဉ်တုန်းက ငါလည်း ကျင့်ကြံခဲ့ဖူးပေမဲ့ လမ်းပျောက်နေခဲ့တာ ကြာပါပြီလေ” မေတ္တယျက အမှန်အတိုင်း ပြောပြသည်။
"ပြန်လာဖို့ အခွင့်အရေး ရှိပါသေးတယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
"မလိုတော့ဘူး။ ငါ့ဆီမှာ ကိုယ်ပိုင် လမ်းစဉ် ရှိနေပြီ” သူမက ငြင်းဆိုလိုက်သည်။ သူမ၏ လမ်းစဉ်သည် ထိုနှစ်ခု၏ မျှခြေညီမှု ပိုင်ဆိုင်ထားသည်။ သူမက ကျင့်ကြံရေးကိုဖြစ်စေ၊ ဝိညာဉ်ရေးရာ လေ့ကျင့်မှုကိုဖြစ်စေ တစ်ခုကိုပဲ ရွေးချယ်မည် မဟုတ်ဘဲ နှစ်ခုလုံး၏ အားသာချက်များကို အသုံးပြုမည် ဖြစ်၏။ ပုံမှန်အားဖြင့် ထိုသို့သော ကြိုးပမ်းမှုသည် အချည်းနှီးဖြစ်တတ်သော်လည်း သူမ၏ ယခင်က ဝိညာဉ်ရေးရာဉာဏ်အလင်းပွင့်ခြင်းနှင့် ဝိညာဉ်သာလွန်ခြင်းအဆင့် အသစ်က သူမအား ဤအခွင့်အရေး ပေးအပ်လာသည်။
"ဒါကြားရတာ ကောင်းပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်သည်။
"ဖုန်းဟွမ်ရဲ့ အကျင့်စရိုက်က ဒီလမ်းစဉ်နဲ့ ကိုက်ညီတယ်ဆိုတာ မင်း ပြောတာ မှန်တယ်”
မေတ္တယျက ပြောပြီးနောက် တစ်ခုခုကို ခံစားလိုက်ရသည်။ ဝမ်ဝေ့နှင့် ဝူဟုန်တို့က သူမအား ထိတ်လန့်တုန်လှုပ်ခြင်းနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် စိုက်ကြည့်သွားမိ၏။ သူမက နှာခေါင်းကို သုတ်လိုက်ရာ သွေးများ ထွက်လာသည်။
"ငါ ကိုယ့်ကိုယ်ကိုယ် အရမ်း တွန်းအားပေးလိုက်ပုံရတယ်”
မေတ္တယျက ပြုံးရင်း ပြောလိုက်သည်။ ပတ်ဝန်းကျင်သည် ရုတ်တရက် တုန်ခါသွားပြီး သူတို့ကို ဝန်းရံထားသော အချိန်ပူဖောင်း ပျောက်ကွယ်သွားလေသည်။ ဝမ်ဝေ့က သူ့ လက်ချောင်းများကို အသုံးပြုပြီး အချိန်မည်မျှ ကြာသွားသည်ကို တွက်ချက်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူတို့သည် နည်းစနစ်ကို ပြီးမြောက်ရန်အတွက် ယွမ်ခေတ်ကာလ သန်း ၅၀၀ ကို အသုံးပြုခဲ့သော်လည်း အပြင်ဘက်တွင် နှစ်ပေါင်း ၅၀၀,၀၀၀ သာ ကုန်လွန်ခဲ့သည်။
အားအနည်းဆုံး ဝိညာဉ်သာလွန်ခြင်းအဆင့်က လူကတောင် ဒီလို စွမ်းအားမျိုး ရှိတယ် …
ဝမ်ဝေ့က တွေးမိသွားသည်။ အချိန်မြှင့်တင်မှု၏ ကန့်သတ်ချက်မှာ ဆယ်ဆ ဖြစ်သော်လည်း မေတ္တယျသည် ထိုစည်းမျဉ်းများကို အလွယ်တကူ ချိုးဖျက်ပြီး အဆ ၁၀၀၀ အရှိန်မြှင့်တင်မှု အဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် သူမက ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့ရသည်။
"အစ်မ အနားယူသင့်တယ်” ဝူဟုန်က ပြောသည်။
"အနားယူလိုက်ပါ့မယ်” မေတ္တယျက ဝူဟုန်ကို ကြည့်ရင်း ခေါင်းညိတ်ပြသည်။
"ဒီစကားကို အရင်က ပြောခဲ့ဖူးတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ငါ လုပ်ခဲ့တာတွေအတွက် တကယ်ကို တောင်းပန်ပါတယ်"
"အစ်မ တောင်းပန်နေမှန်း သိပါတယ်” ဝူဟုန်က သက်ပြင်းချလိုက်သည်။
"ဒီနည်းလမ်းက အကောင်းဆုံး နည်းလမ်းလို့ ဘာလို့ ခံစားရတာလဲဆိုတာကိုပဲ ကျွန်မ နားမလည်တာ။ ပိုကောင်းတဲ့ နည်းလမ်းကို ရှာဖို့ ကျွန်မနဲ့ အစ်မယန်းအိုက်ကို တိုင်ပင်လို့ ရခဲ့တယ်လေ"
"ငါ အတ္တကြီးခဲ့တာကလွဲပြီး တခြား ဆင်ခြေမရှိပါဘူး။ ငါ ပိုမြင့်တဲ့ အဆင့်ရဲ့ သွေးဆောင်မှုကို မခံနိုင်ဘဲ ငါ့ကောင်းကျိုးကို အရာအားလုံးထက် ထားခဲ့မိတာ” မေတ္တယျက ဝန်ခံလိုက်သည်။
"ဒါက နောင်တရနေရတဲ့ ရွေးချယ်မှုပါပဲ"
"ကျွန်မ အစ်မအပေါ် အရမ်း ကြမ်းတမ်းခဲ့ပုံရပါတယ်” ဝူဟုန်က ပြောလိုက်သည်။
မေတ္တယျ၏ သီလရှင် အဆင့်အတန်း ရှိထားသော်လည်း ဝူဟုန်သည် သူမအား ကြီးမားသော ကိုယ်ကျင့်တရားရှိသည့် ဗုဒ္ဓအဖြစ် ဘယ်သောအခါမှ မဆက်ဆံခဲ့ပေ။ ထိုအရာသည် သူတို့ အတူတကွ ကောင်းစွာနေထိုင်ရသည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်၏။ သူမသည် မေတ္တယျကို လူသားတစ်ဦးအဖြစ်၊ အမှားလုပ်နိုင်သူအဖြစ် အမြဲတမ်း ဆက်ဆံခဲ့သည်။
"ကိုယ် နေရာ ဖယ်ပေးရမလား" ဝမ်ဝေ့က မေးလိုက်သည်။
"ကောင်းတယ်လေ” ဝူဟုန်က ပြောလိုက်သည်။
"ဒါပေမဲ့ ရှင့်ရဲ့ ဂိုဏ်းကိစ္စတွေ ပြီးတာနဲ့ ကျွန်မဆီ လာဖို့ မမေ့နဲ့နော်"
"ဒါပေါ့”
ဝမ်ဝေ့က ခေါင်းညိတ်ပြီး ထရပ်ကာ မေတ္တယျကို အရိုအသေပေးသည်။ ထို့နောက် ဝူဟုန်ကို လေထဲမှ အနမ်းတစ်ခုပေးကာ ပျော်ရွှင်သော စိတ်အခြေအနေဖြင့် ထွက်ခွာသွားလေသည်။
ဝူဟုန်သည် ခေါင်းတခါခါ ယမ်းနေသော်လည်း သူမ၏ နှုတ်ခမ်းအထက် အပြုံးတစ်ခု ပေါ်လာလေသည်။
"မင်းတို့နှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် ပြီးပြည့်စုံပါတယ်” မေတ္တယျက မှတ်ချက်ပြုသည်။
"ဖြစ်နိုင်ပါတယ်” ဝူဟုန်က တီးတိုးရေရွတ်သည်။
"သူ့အကြောင်း ဆက်မပြောကြတော့ဘဲ အရင်တုန်းကလို လက်ဖက်ရည် သောက်ပြီး စားကြရအောင်လား။ ကြာပန်းလက်ဖက်ရည် အကြိုက်ဆုံးပဲမလား"
“ဟုတ်တယ် … မင်းရဲ့ လက်ဖက်ရည်ကို ငါ ဘယ်လောက်သောက်ချင်နေတယ်ဆိုတာ မင်း မသိလောက်ဘူး။ ငါ အရင်တုန်းက အတိတ်ကိုယ်ဆီကနေရော၊ တခြားအချိန်စက်ဝန်းကနေပါ ခိုးယူခဲ့ပေမဲ့ အရသာက မတူဘူး”
"အဲဒါက ဘယ်တူပါ့မလဲ။ ကျွန်မက စိတ်ခံစားမှုနဲ့ လေထုပေါ် မူတည်ပြီး လက်ဖက်ရည်ကို ပြင်ဆင်တာလေ။ ပြီးတော့ သူတို့က အစ်မရဲ့ အရသာနဲ့ အခိုက်အတန့်အတွက် ပြီးပြည့်စုံအောင် ပုံစံထုတ်ထားတာ” ဝူဟုန်က လက်ဖက်ရည် ပြင်ဆင်ရန် သင်္ကေတစာလုံးများကို ဖန်တီးရင်း ရှင်းပြသည်။
"ဒါဆိုရင် ဒီလိုကိုး။ မင်းက အမြဲတမ်း အသေးစိတ် ဂရုစိုက်တတ်တာပဲ” မေတ္တယျက ပြုံးလိုက်သည်။
"ဒီနေ့အတွက် ဘာတွေရှိလဲ"
"အစ်မရဲ့ ဒုတိယအကြိုက်ဆုံး အစားအစာဖြစ်တဲ့ ကောင်းကင်ဖြူကမ္ဘာက မြေသား ဂေါ်ဖီထုပ်ကို ဝံပုလွေအော်သံကမ္ဘာက သန့်စင်ချောက်နက်ရေစင်နဲ့အတူ ပြုတ်ပြီး ကျွန်မကိုယ်တိုင် စိုက်ပျိုးထားတဲ့ အကောင်းမြင် စိတ်ခံစားမှုကနေ ရတဲ့ ငရုတ်ကောင်းမှုန့်နဲ့ အရသာ ဖြည့်ထားတယ်။"
"ရွှင်လန်းပင်လယ်ဂေါ်ဖီစွပ်ပြုတ်” မေတ္တယျက အကြည့်များ တောက်ပလာရင်း ပြောလိုက်သည်။ ရွှေရောင် အလင်းရောင်ဖြင့် တောက်ပနေသော စွပ်ပြုတ်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းထားနိုင်ရန် ခဲယဉ်းလှသည်။
"ငါ့ရဲ့ လောကီ ဆန္ဒတွေကနေ လွတ်မြောက်သွားပြီလို့ ထင်တိုင်း မင်းရဲ့ အစားအစာက ပေါ်လာတတ်တယ်"
"မစားချင်ရင် မစားလို့ရပါတယ်နော်” ဝူဟုန်က သူငယ်ချင်းဖြစ်သူ၏ ချဲ့ကားပြောဆိုမှုကို မျက်လုံဝေ့ကာ ပြောလိုက်သည်။ သူမက အသား ပါသော အစားအစာကို စားလိုက်သည်။ သူမ၏ အနာဂတ် ခင်ပွန်းလောင်းကဲ့သို့ပင် အသားနှင့် ထမင်းကို အလွန်နှစ်သက်သည်။
"ငါ အဲဒီလို မပြောပါဘူး” မေတ္တယျက ချက်ချင်း ပြန်ဖြေပြီး သူမ၏ တူကို အသုံးပြုကာ ဂေါ်ဖီထုပ်ကို စားလိုက်သည်။ သူမက မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ လျှာမှတဆင့် မည်သည့်အခါမှ မခံစားဖူးသော အရသာများကို ခံစားလိုက်ရသည်။
အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး၏ အားနည်းချက်များထဲမှ တစ်ခုမှာ သူတို့၏ အရသာခံအာရုံသည် သာမန်လူများ စိတ်ကူးနိုင်သည်ထက် ကျော်လွန်၍ ပြင်းထန်ခြင်း ဖြစ်သည်။ သို့သော် ဤအားနည်းချက်သည် မှန်ကန်သော စားဖိုမှူးနှင့် အစားအစာတို့နှင့် တွေ့ဆုံသောအခါ အားသာချက်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
"မင်းရဲ့ ချက်ပြုတ်ရေးအရန်တာအိုက ၁၀၀% ရောက်နေပြီ မဟုတ်လား" မေတ္တယျက မေးလိုက်သည်။
"ဘယ်လိုထင်လဲ" ဝူဟုန်က ပြောလိုက်သည်။ သူမ ငယ်စဉ်က ထွက်ပြေးနေရပြီး ရရှိနိုင်သည့် အစားအစာကို စားရလေ့ရှိသည်။ တစ်ချိန်တွင် သူမသည် ကောင်းမွန်သော အရာတစ်ခုကို စားချင်သော်လည်း နတ်ဆိုးမျိုးနွယ်က သူမကို ရှာဖွေနေသောကြောင့် စားသောက်ဆိုင်သို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ရာ သူမသည် ချက်ပြုတ်ဖို့ သင်ယူရန် ဆုံးဖြတ်ခဲ့သည်။
ထိုနေ့မှစ၍ ချက်ပြုတ်ခြင်းသည် သူမ၏ စိတ်အားထက်သန်မှု ဖြစ်လာပြီး ငယ်စဉ်နှစ်များတွင် အမှောင်ဆုံး အချိန်အချို့မှ အသက်ရှင်နိုင်ရန် ကူညီပေးခဲ့သည်။ ထို့ကြောင့် အခွင့်အရေး ရောက်လာသောအခါ သူမက ချက်ပြုတ်ရေးကို အရန်တာအိုအဖြစ် သင်ယူပြီး အဆုံးအထိ တွန်းအားပေးခဲ့သည်။
"ငါလည်း ချက်ပြုတ်ရေး သင်ယူဖို့ ကြိုးစားခဲ့ဖူးပေမဲ့ အဲဒီအတွက် အရည်အချင်း မရှိခဲ့ဘူး” မေတ္တယျက ပြောလိုက်သည်။ သူမကသူမ၏ ကျင့်ကြံရေးဖြင့် စားသုံးနိုင်သော အစားအစာကို ပြုလုပ်နိုင်သော်လည်း သူမ၏ ဟင်းပွဲများသည် ဤအဆင့်တွင် အရည်အချင်းရှိပြီး စိတ်အားထက်သန်သူများနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်ကြောင်း သိသည်။
"ကျွန်မတို့အားလုံးမှာ ကိုယ်ပိုင် ကန့်သတ်ချက်တွေ ရှိကြတာပဲ” ဝူဟုန်က သူမ၏ စာရေးခြင်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းက သာမန်အဆင့်သာ ရှိတယ်လို့ ပြောခဲ့သည့် ကောင်စုတ်တစ်ဦးအကြောင်း တွေးရင်း ပြောလိုက်သည်။