နတ်ဘုရားသုတ်သင်အစီအရင်နောက်သို့လိုက်နေကြသူများ
Vol. 106 Ch. 1480
အခန်း (၁၄၈၀) နတ်ဘုရားသုတ်သင်အစီအရင်နောက်သို့လိုက်နေကြသူများ
ရန်ကျောက်ကဲက အမတခုံရုံးမှ ထိုက်ရွှီးမူလနတ်ဘုရားတစ်ဦးနှင့်နက်ရှိုင်းနတ်ဘုရားတစ်ဦးကို ဖမ်းဆီးပြီးနောက် ချက်ချင်း စစ်ဆေးမေးမြန်းမှု စတင်လိုက်သည်။
သူတို့၏ ယခင်လုပ်ရပ်များက သူတို့ကိုယ်သူတို့ ရှင်းပြပြီးဖြစ်နေပေပြီ။
သူတို့က လမ်းမှန်တာအိုဝါဒမှ တန်ခိုးစွမ်းအားရှင်များကိုဖမ်းဆီးပြီး အမတခုံရုံးသို့ပို့ဆောင်ကာ ယုံကြည်ခြင်းအလင်းတန်းပေးအပ်ရန် ကြံစည်ထားကြသည်။
ထိုသို့ပြုလုပ်ခြင်းက မည်သို့သောသက်ရောက်မှုဖြစ်လာမည်ကို သူတို့စိတ်ထဲ ထည့်မတွက်ကြတော့ပေ။
အဘယ်ကြောင့်ဆိုသော အမတခုံရုံးက အကြီးအကျယ်လူအင်အားနည်းနေပြီး ချက်ချင်းအင်အားဖြည့်တင်းရန် လိုအပ်နေသောကြောင့်ပင်။
မဟုတ်ပါက သူတို့အနေဖြင့် ထိုးစစ်ဆင်ခြင်းကို ထိရောက်စွာမစွမ်းဆောင်နိုင်သလို ဆုံးရှုံးထားသောနယ်မြေများကိုလည်း ပြန်လည်သိမ်းယူနိုင်မည် မဟုတ်ပေ။
နတ်ဘုရားနယ်မြေ(၃၀၀၀)တွင် နယ်မြေ(၈၀၀) က အဖြူရောင်ကြာပန်းသုခဘုံမှ ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူများ သိမ်းပိုက်ခြင်းကိုခံထားရသည်။
ထိုနေရာများတွင် သိုလှောင်ထားသော ရတနာများ ၊ ရင်းမြစ်ပစ္စည်းများ ၊ ယုံကြည်ခြင်းစွမ်းအားဖြင့်ပြည့်နေသည့် ရတနာအလင်းတန်းများပါမကျန် အားလုံး သိမ်းယူခံခဲ့ရသည်။
အမတခုံရုံး လူဦးရေ သိသိသာသာ လျော့ကျမသွားသော်လည်း ငြိမ်းချမ်းရေးမထိန်းသိမ်းနိုင်သဖြင့် လူထု၏မကျေမနပ်ဖြစ်မှုကိုရင်ဆိုင်ရပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေရသည်။
မသေချာမရေရာမှုများဖြင့်ပြည့်နက်နေသော ဤအချိန်ကာလတွင် လူထု၏ကိုးကွယ်ယုံကြည်မှုသည်လည်း တဖြည်းဖြည်းယိမ်းယိုင်လာသည်ဖြစ်ရာ အမတခုံရုံး၏ အခြေခံစနစ်များကိုပါ ခြိမ်းခြောက်ခံလာရသည်။
ယခင်တစ်ချိန်က စောမင်ကျန့်၏ ထင်မှတ်မထားသောတိုက်ခိုက်မှုကြောင့် အမတခုံရုံးက ကြီးမားသောထိုးနှက်ချက် ခံစားခဲ့ရသည်။
စောမင်ကျန့်က အမတခုံရုံးရှိ ကောင်းကင်ဘုံအရှင်(၁၂)ဦးအနက် (၄)ဦးကို သတ်ဖြတ်ပစ်ခဲ့သည်။
အမတခုံရုံး၏ ကြီးမားသော ကြိုးပမ်းအားထုတ်မှုများဖြင့် မကြာသေးမီနှစ်များအတွင်း နောက်ထပ် ကောင်းကင်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာခဲ့သည်။
သို့တိုင် အမတခုံရုံး၏ ကောင်းကင်နတ်ဘုရားများသည် အဖြူရောင်ကြာပန်းသုခဘုံနှင့် နှိုင်းယှဉ်လျှင် လူဦးရေအရ နည်းပါးနေဆဲဖြစ်ပြီး အားနည်းချက်က သိသာထင်ရှားနေဆဲပင်။
ပုံမှန်ဆိုလျှင် အမတခုံရုံးတွင် ထျန်းကျွင်းနယ်ပယ်ကျင့်ကြံသူ (၇၂)ယောက်ရှိခဲ့သည်။
သို့သော် တာအိုစကြာဝဠာတွင်ဖြစ်ပွားခဲ့သော စောမင်ကျန့်နှင့်တိုက်ပွဲတွင် ထျန်းကျွင်းများသည်လည်း ကြီးမားစွာ ထိခိုက်ခဲ့ရသည်။
နှစ်ပေါင်းများစွာကြိုးစားအားထုတ်ပြီးမှသာ ထိုအရေအတွက်အနက် အယောက်(၆၀)ခန့်ကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤအဆင့်သို့ရောက်ရှိရန်က အလွန်ပင်ခက်ခဲသည်ဖြစ်ရာ ပြင်ပတာအိုကျင့်ကြံသူများသည်လည်း ထိုအခက်အခဲကို ခံစားခဲ့ကြရသည်။
အခြားတစ်ဖက်တွင် နတ်ဘုရားနယ်မြေ(၈၀၀)နှင့် ထိုနယ်မြေများထဲတွင်ပါဝင်သော ကမ္ဘာများစွာကို ဆုံးရှုံးခဲ့ရသဖြင့် ယုံကြည်ခြင်းစွမ်းအားဖြင့် ပြည့်နှက်နေသော ရတနာအလင်းတန်းများ၏ထောက်ပံ့မှု ထိခိုက်ပျက်ဆီးခဲ့ရပြီး တန်ခိုးစွမ်းအားရှင်များ ထပ်မံပေါ်ထွက်လာရန် ခက်ခဲခဲ့သည်။
လူအင်အားပြတ်လပ်မှုကြောင့် သိမ်းပိုက်ခံထားရသောနယ်မြေများကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်း မရှိပေ။ နယ်မြေများဆုံးရှုံးသွားသဖြင့် လူအင်အားပြန်လည်ဖြည့်တင်းရန် ခက်ခဲခဲ့သည်။
ထိုသို့ဖြင့် အမတခုံရုံး၏အခြေအနေက လုံးလည်ချာလည်လိုက်နေခဲ့သည်။
ဤသို့ ဆိုးရွားသောစက်ဝန်းထဲပိတ်မိနေသဖြင့် အမတခုံရုံး၏စိတ်ထဲ မကျေမနပ်ခံစားနေရပြီး စောမင်ကျန့်ကိုလည်း ပိုမိုမုန်းတီးလာကြသည်။
ငရဲကိုးထပ်နှင့်တိုက်ပွဲတွင် စောမင်ကျန့် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
အဖြူရောင်ကြာပန်းသုခဘုံ၏ ကျူးကျော်မှုက ဤမျှမပြင်းထန်ပါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုယ်တိုင် စောမင်ကျန့်ကို လိုက်လံဖမ်းဆီးမည် ဖြစ်၏။
ထို့ကြောင့်ပင် အမတခုံရုံးက သူတို့၏ လက်ရှိ စိတ်ပျက်ဖွယ်အခြေအနေမှလွတ်မြောက်ရန် အခြားအင်အားစုများမှ တန်ခိုးစွမ်းအားရှင်များကို ယုံကြည်ခြင်းအလင်းတန်း အတင်းအကျပ်ပေးအပ်ပြီး သူတို့၏လူအင်အား တိုးမြှင့်ရန် ကြိုးစားနေခဲ့သည်။
သို့သော် သူတို့၏လူအင်အားက နဂိုကပင်နည်းပါးနေပြီဖြစ်ရာ အခြားသူများကိုလိုက်လံဖမ်းဆီးရာတွင် အင်အားဖြန့်ဝေရန်အတွက် အခက်အခဲများဖြင့် ရင်ဆိုင်ရပြန်သည်။
ယခု ထျန်းကျွင်းနယ်ပင် ကျင့်ကြံသူ(၂)ယောက် တပြိုင်တည်းထွက်ပေါ်လာသည့်အခါ ရန်ကျောက်ကဲ အတော်လေး စိတ်ဝင်စားသွားသည်။
ရန်ကျောက်ကဲက....
“ငရဲကိုးထပ်နဲ့တိုက်ခိုက်ရတာက မင်းတို့ထင်သလို ပျော်စရာကောင်းတဲ့ကိစ္စမဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒီတိုက်ပွဲစစ်မြေပြင်က နတ်မိစ္ဆာတွေရော အနောက်ဘက်သူတော်စင်ဘုံကလူတွေရော ပြည့်နေတာပဲ ၊ မင်းတို့က ငါတို့ညီအစ်ကိုတွေကို ယုံကြည်ခြင်းအလင်းတန်းပေးပြီး လူအင်အားဖြည့်ဖို့ ရည်ရွယ်ရင်တောင် အနောက်ဘက်သူတော်စင်ဘုံက မင်းတို့ကို ကူညီပေးနိုင်တာပဲလေ”
သူက အမတခုံရုံးမှ သိုင်းကျင့်ကြံသူနှစ်ဦးကို စိုက်ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက် ဒီနေရာကို ဘာလို့ရောက်လာကြတာလဲ”
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်နှစ်ယောက် မကျေမနပ်ဖြင့် ‘ဟွန့်’ ခနဲ နှာမှုတ်လိုက်ကြသည်။
“အယုတ်တမာတွေ ၊ မင်းတို့က အလကားသက်သက် အပင်ပန်းခံနေတာပဲ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ငါက နတ်ဘုရားသုတ်သင်ဓားသိုင်း ၊ သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာနဲ့ ထိုက်ယီလက်သီးသိုင်းတွေ ကျင့်ကြံထားတာ ၊ မင်းတို့ထဲက ဘယ်သူမဆို အမတခုံရုံးကို ယုံကြည်ခြင်းအလင်းတန်း ပြန်ရောက်မသွားအောင် ဟန့်တားထားလို့ရတယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါကြောင့် မင်းတို့အတွက် တခြားသူတွေက လက်စားချေပေးမယ်လို့ မျှော်လင့်မနေနဲ့”
“ဘာလဲ... မင်းတို့က သေမှာကိုမကြောက်ဘူးလား ၊ ဒီလောကမှာ သေတာထက်ပိုပြီး ကြောက်စရာကောင်းတဲ့အရာတွေ အများကြီးရှိတယ်ဆိုတာ မင်းတို့သိသင့်တယ် ၊ မင်းတို့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် မြစ်ဝါကိုးကွေ့အစီအရင်ကို သိတယ်မလား”
ထိုစကားကြားတော့ လူရွယ်တာအိုဆရာနှင့် အနက်ရောင်နဂါး၏ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ယင်သွားသည်။
ရန်ကျောက်ကဲက သူတို့ကိုတစ်ချက်ကြည့်လိုက်ပြီး...
“မင်းတို့က ငါတို့ကိုပစ်မှတ်ထားဖို့ ဒီနေရာကိုရောက်လာတာမဟုတ်ဘူး ၊ မဟုတ်ရင် မင်းတို့ ဒီလောက်နောက်ကျပြီးမှ ရောက်လာမှာမဟုတ်ဘူး ၊ ဟုတ်တယ်မလား”
“မင်းတို့က ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဂိုဏ်းတူအစ်မယွီကို လိုက်ဖမ်းမလို့မဟုတ်လား ၊ သူတို့ဆီက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းနဲ့ နတ်ဘုရားသုတ်သင်အစီအရင်ကို သိမ်းယူရန် ကြံစည်ထားတာ မဟုတ်လား”
လူရွယ်တာအိုဆရာက မျက်လုံးများကိုမှိတ်လျှက် တိတ်ဆိတ်နေသည်။ အနက်ရောင်နဂါးကတော့ ခေါင်းကိုငုံ့လျှက် သက်ပြင်းတစ်ချက် ချလိုက်၏။
ရန်ကျောက်ကဲ၏စကားများက သူတို့အကြောင်းများကို ထုတ်ဖော်နိုင်ခဲ့သည် မဟုတ်လား။
လူရွယ်တာအိုဆရာက ခေါင်းမာသူတစ်ယောက်ဖြစ်သည်။ သူက စကားအမှန်ထဲတွင် စကားအမှားများရောယှက်ပြီး ရန်ကျောက်ကဲကို လှည့်စားရန် ကြံရွယ်ထားသည်။
သို့သော် ရန်ကျောက်ကဲက သူတို့နှစ်ယောက်ကိုခွဲထားပြီး သူတို့ဖြေဆိုချက်များကို နှိုင်းယှဉ်စစ်ဆေးကြည့်ခဲ့သည်။
ထိုသို့ဖြင့် အတုအယောင်သတင်းများကိုဖယ်ရှားပြီး အသုံးဝင်သော သတင်းအချို့ကို ရရှိခဲ့သည်။
ရန်ကျောက်ကဲစိတ်ထဲ ဝေးကွာသည့်တိုင် ရင်းနှီးမှုရှိသော နာမည်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
စုန်းဟွမ်မြင့်မားဧကရာဇ်”ကျန်းပုရွှီး”...။
သူက အမတခုံရုံးမှ ထိုက်ရွှီးမူလနတ်ဘုရားနှစ်ဦး၏ မူလပစ်မှတ်ဖြစ်ခဲ့သည်။
စုန်းဟွမ်မြင့်မားဧကရာဇ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ဆင်းသက်လာသူဖြစ်သော်လည်း သူ၏စိတ်ထားနှင့် အတွေးအမြင်များက ကောင်းချင်းရွှမ်၊ လီယင်း၊ တိမ်လွှာခွင်းဧကရာဇ်တို့နှင့် ကွဲပြားနေသည်။
သူ၏စိတ်ထားက အထက်ဘုံကမ္ဘာရှိ မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ နှင့်ဆင်တူသည်။
ဤသို့ သဘောထားကွဲပြားမှုကြောင့် စုန်းဟွမ်မြင့်မားဧကရာဇ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။
သူက အမတခုံရုံးနှင့် မဆက်သွဘ်ခဲ့သော်လည်း အခြားသူများကဲ့သို့ အမတခုံရုံးကို ပြင်းထန်စွာ ဆန့်ကျင်ငြင်းပယ်ခြင်းမရှိသလို ရန်လိုကြောင်းလည်း မပြသခဲ့ပေ။
ထို့ပြင် သူက လမ်းမှန်တာအိုဝါဒ နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သော်လည်း မကြာခဏဆိုသလို တစ်ယောက်တည်း လှုပ်ရှားလေ့ရှိသည်။
ဤအချက်ကြောင့် အမတခုံရုံးက သူ့အား ယုံကြည်ခြင်းအလင်းတန်းဖြင့် ဉာဏ်အလင်းပေးရန် ပစ်မှတ်တစ်ခု အဖြစ်ထားရှိခဲ့သည်။
အမတခုံရုံးက မတော်တဆ စုန်းဟွမ်မြင့်မားဧကရာဇ်ကို ခြေရာခံမိသွားပြီး သူ့ကို လိုက်လံရှာဖွေခဲ့ကြသည်။ သူ့နောက်သို့လိုက်ရန် ထျန်းကျွင်းအဆင့် ကျင့်ကြံသူ(၂)ယောက်အား စေလွှတ်ခဲ့သည်။
ထိုနှစ်ဦးအနက် တစ်ဦးသည် ကျန်းပုရွှီးနှင့် အကြိမ်ပေါင်းများစွာ ဆက်ဆံဖူးသူဖြစ်သည်။ သူတို့က ရင်းနှီးသော မိတ်ဆွေများမဟုတ်သော်လည်း တစ်ဦးနှင့်တစ်ဦး ကောင်းစွာ သိရှိထားကြသည်။
ယခုတစ်ကြိမ်တွင် အမတခုံရုံးက ကျန်းပုရွှီးအား ယုံကြည်ခြင်းအလင်းတန်းဖြင့် ဉာဏ်အလင်းပေးရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသည်။
သို့သော် သူတို့လိုက်လံရှာဖွေစဉ်မှာပင် ကျန်းပုရွှီး ဦးတည်ထွက်ခွာသွားသောနေရာက လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နေကြောင်း သတိပြုမိခဲ့ကြသည်။
တိမ်လွှာခွင်းဧကရာဇ်က တည်ကြည်သည့်မျက်နှာထားဖြင့်...
“ဒါဆို တာအိုရောင်းရင်း’ကျန်း’ က သောပေါင်ထျန်းကျွင်း ခေါင်းချရာနေရာကို ရှာဖွေတွေ့ရှိသွားတာလား”
သူက ဆက်ပြောလိုက်သည်။
“အရင်က အဲဒီနေရာမှာ အခြားတစ်ယောက်လည်းရှိနေနိုင်တယ်လို့ ငါတို့ယူဆခဲ့ကြတာ... အဲဒီလူက တာအိုရောင်းရင်း’ကျန်း’ များ ဖြစ်နေမလား”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“ဖြစ်နိုင်တယ်...”
သူက ဆက်ပြောလိုက်သည်။
“နောက်ဆုံးတော့ အဲဒီနေရာက ပရမ်းပတာတိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားတယ်”
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက သောပေါင်ထျန်းကျွင်း ခေါင်းချရာနေရာတွင် ငြိမ်သက်စွာရှိနေသည့် နတ်ဘုရားသုတ်သင်အစီအရင်ကို သတိပြုမိပြီး အာရုံစိုက်ခဲ့ကြသည်။
အမတခုံရုံးက စန်းချင်း(၃)ပါးအဆက်အနွယ်၏ သိုင်းပညာများကို ကျင့်ကြံခြင်းကို တားမြစ်ထားပြီး ၎င်းတို့ကို လမ်းမှားသိုင်းပညာများအဖြစ် သတ်မှတ်ထားသည်။
သို့သော် နတ်ဘုရားတံခါးကို ဖြတ်ကျော်ထားသော အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်တစ်စုအတွက် နတ်ဘုရားသုတ်သင်အစီအရင်၏ တင့်တယ်မှုသည် ၎င်းတို့၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။
သူတို့အနေဖြင့် နတ်ဘုရားသုတ်သင်အစီအရင်၏ စစ်မှန်သောတန်ခိုးစွမ်းအားကို မသိမြင်ဖူးသော်လည်း
ဤအစီအရင်က ဒဏ္ဍာရီများထဲတွင် လူသားနှင့် နတ်ဘုရားများကြား ကွာဟချက်ကို ကျော်လွှားနိုင်သည့် အပြင်းထန်ဆုံး အစီအရင်ဖြစ်သည်။
ရန်ကျောက်ကဲ၏ နတ်သက်ကြွေဓားသိုင်းကဲ့သို့ပင် စန့်ချင်အဆက်အနွယ်၏ နတ်ဘုရားသုတ်သင်အစီအရင်က သူတို့၏ လုံခြုံမှုအပေါ် ယုံကြည်ချက်ချိုးဖျက်နိုင်သည့်အရာ ဖြစ်သည်။
သူတို့ကို ထိုသိုင်းပညာကို ထိန်းချုပ်နိုင်စွမ်းမရှိလျှင် အခြား မည်သူ့ကိုမှ ထိုပညာကို ပိုင်ဆိုင်ခွင့်မပြုနိုင်ပေ။
ရန်ကျောက်ကဲက...
“ကံကောင်းတာက ပရမ်းပတာအခြေအနေတွေထဲမှာ ပိတ်မိနေခဲ့ပေမယ့် ဂိုဏ်းတူအစ်မယွီက သောပေါင်ထျန်းကျွင်းရဲ့ အမွေအနှစ်နဲ့ နတ်ဘုရားသတ်ဖြတ်ဓားကို ရရှိခဲ့တယ်”
သူက ဆက်ပြောလိုက်သည်။
“သောပေါင်ထျန်းကျွင်းရဲ့ဂူဗိမာန်နေရာမှာ အချိန်စီးဆင်းမှုက အပြင်လောကနဲ့မတူဘဲ အများကြီးပိုမိုမြန်ဆန်နေတဲ့သဘောရှိတယ် ၊ အဲဒီနေရာမှာနေရင်း ဂိုဏ်းတူအစ်မယွီက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံနိုင်ခဲ့ပုံရတယ် ၊ နောက်ပိုင်းတော့ သူက ကျွန်တော်တို့ကိုကူညီပြီး တိုက်တိုင်းအောင်ဗုဒ္ဓ ဆုတ်ခွာသွားအောင် တွန်းအားပေးနိုင်ခဲ့တယ်”
အမတခုံရုံးမှတန်ခိုးစွမ်းအားရှင်များက ဤကိစ္စကို ဤအတိုင်းထားရန် စိတ်မကူးခဲ့ပေ။
တိုက်ပွဲပြီးဆုံးသည်နှင့် သူတို့က ရန်ကျောက်ကဲတို့အုပ်စု တိုက်ပွဲဖြစ်ပွားရာ စကြာဝဠာဆီသို့ ရောက်ရှိလာခဲ့သည်။
ယွီယဲ့ကို မဖမ်းဆီးနိုင်ခဲ့သည့်အတွက် သူတို့က လမ်းမှန်တာအိုဝါဒမှ အခြားသောကျင့်ကြံသူများကို ဖမ်းဆီးရန် ပြင်ဆင်ခဲ့ကြသည်။
သို့သော် သူတို့၏ အဓိကပစ်မှန်ကတော့ ဒဏ်ရာရထားသော ယွီယဲ့သာလျှင် ဖြစ်၏။
သတိထားရမည့်အချက်တစ်ခုမှာ ကျန်းပုရွှီးသည်လည်း ဤနေရာသို့ ရောက်နေခြင်းဖြစ်သည်။
ဟုတ်ပေ၏။
သူသည်လည်း ဤနယ်မြေထဲတွင် ရှိနေခဲ့ပေသည်။