← Chapters

လူတစ်ယောက်တည်းသာကျင့်ကြံနိုင်သည့်ထိပ်တန်းသိုင်းပညာရပ်

Vol. 106 Ch. 1481

လူတစ်ယောက်တည်းသာကျင့်ကြံနိုင်သည့်ထိပ်တန်းသိုင်းပညာရပ်

Vol. 106 Ch. 1481

အခန်း (၁၄၈၁) လူတစ်ယောက်တည်းသာကျင့်ကြံနိုင်သည့်ထိပ်တန်းသိုင်းပညာရပ်

ရန်ကျောက်ကဲက ဖြည်းညင်းသည့်လေသံဖြင့်...

“ကျွန်တော်ခန့်မှန်းတာ မမှားဘူးဆိုရင်... ကျန်းပုရွှီးလည်း မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းနဲ့ နတ်ဘုရားသုတ်သင်အစီအရင်ကို ရရှိခဲ့တဲ့ပုံပဲ ၊ ဒါပေမဲ့ သူက အကြောင်းအမျိုးမျိုးကြောင့် ဂိုဏ်းတူအစ်မယွီထက် နှေးကွေးသွားခဲ့တယ်”

သူတို့နှစ်ယောက်လုံး မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ရရှိခဲ့သော်လည်း ယွီယဲ့က ပထမဆုံးအောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီး ကျန်းပုရွှီးက စွန့်လွှတ်ခဲ့ရသည်။

ယွီယဲ့ လောကကိုကျော်လွန်မသွားမချင်း သို့မဟုတ် သေဆုံးမသွားမချင်း အခြားသူများအနေဖြင့် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံနိုင်ကြမည် မဟုတ်ပေ။

စုန်းဟွမ်မြင့်မားဧကရာဇ် ကျန်းပုရွှီးလည်း ဤအထဲတွင် ပါဝင်သည်။

"ကျန်းပုရွှီး..."

လုန်ရှင်းချွမ်၏မျက်နှာ တည်ကြည်လေးနက်သွားသည်။

တိမ်လွှာခွင်းဧကရာဇ်သည်လည်း သူ၏အမူအရာကို သတိပြုမိပြီး တိတ်ဆိတ်သွားသည်။

စုန်းဟွမ်မြင့်မားဧကရာဇ် အဘယ်ကြောင့် ဤနယ်မြေသို့ရောက်ရှိနေရသည်ကို ရှင်းပြရန်ပင် မလိုတော့ပေ။

သူ့လက်ထဲတွင်ရှိခဲ့သောအခွင့်အရေးက သူ့လက်ထဲမှလွတ်ပြီး အခြားသူလက်ထဲသို့ ရောက်ရှိသွားသည်။ သူ့အနေဖြင့် ထိုသို့သောကံကြမ္မာကို လက်ခံလိုမည် မဟုတ်ပေ။

ဤသိုင်းပညာက တာအိုဝါဒတစ်ခုလုံး သို့မဟုတ် အသင်္ချေကမ္ဘာ ကာလမှာပင် အပြင်းထန်ဆုံး ထိပ်တန်းသိုင်းပညာတစ်ရပ် ဖြစ်၏။

သောပေါင်ထျန်းကျွင်း ရင်ဆိုင်ခဲ့ရသည့် ယခင်အခက်အခဲကြောင့်၊ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းသည် ယခုအခါ တာအိုအဆင့်သို့ ချက်ချင်းဦးတည်သွားနိုင်ခြင်း မရှိတော့ပေ။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ နောင်ပိုင်းမျိုးဆက်များက ဆန်းသစ်တီထွင်မှုအသစ်များကိုပြုလုပ်ပြီး အခွင့်အရေးတစ်ခုရရှိပါက လမ်းသစ်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်ဖွယ်ရှိသည်။

ထိုသို့မဖြစ်လျှင်တောင်မှ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းသည် ကျင့်ကြံသူအား ကောင်းကင်နတ်ဘုရားအဆင့်သို့ ဦးတည်စေနိုင်သည်။

စန့်ချင်အဆက်အနွယ်မှ ကျင့်ကြံသူများအတွက် သို့မဟုတ် လမ်းမှန်တာအိုဝါဒမှ ကျင့်ကြံသူများအတွက် ဤထိပ်တန်းသိုင်းပညာ၏ဆွဲဆောင်မှုက နားမလည်နိုင်လောက်အောင် ကြီးမားသည်။

ယွီယဲ့ မည်သည့်အချိန်တွင် လောကကိုကျော်လွန်မည်ကို ဘုရားသာလျှင် သိပေမည်။

သို့ဖြစ်ရာ ထိုသိုင်းပညာကို ကျင့်ကြံလိုပါက ယွီယဲ့လောကကိုကျော်လွန်သည်ကိုမစောင့်ဘဲ သူမကို သုတ်သင်ပစ်ရန်သာ ရှိသည်။

ရန်တိက ညင်သာသည့်လေသံဖြင့်...

“တူမလေးယွီယဲ့က မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံအောင်မြင်ပြီးသွားပြီ ၊ အခုဆို သူ့တန်ခိုးစွမ်းအားက နက်ရှိုင်းနတ်ဘုရားတစ်ပါးကိုတောင် ခြိမ်းခြောက်နိုင်နေပြီ”

သူက ဆက်ပြောလိုက်သည်။

“ပြီးတော့ သူ့မှာ နတ်ဘုရားသတ်ဖြတ်ဓားလည်း ရှိတယ် ၊ ကျန်းပုရွှီးက သူ့ကိုလိုက်ပြီးဖမ်းဆီးတာက ဘယ်လိုလုပ်အောင်မြင်နိုင်မှာလဲ”

နတ်ဘုရားသုတ်သင်အစီအရင်ဖျက်ဆိးခံရပြီးနောက် နတ်ဘုရားသတ်ဖြတ်ဓားက ကောင်းချင်းရွှမ်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

ထိုကိစ္စကို ကျန်းပုရွှီး မသိရှိနိုင်သေးပေ။

ဤသို့သောအခြေအနေမျိုးတွင် ကံတရားအပြင် သူ့နောက်တွင် အခြားတစ်ယောက်က ထောက်ပံ့ပေးထားမှသာလျှင် ကျန်းပုရွှီးအနေဖြင့် နျဲ့ကျင်းရှန်နှင့် ယွီယဲ့ကို ယုံကြည်ချက်အပြည့်ဖြင့် လိုက်လံရှာဖွေနိုင်မည်ဖြစ်သည်။

ရန်ကျောက်ကဲက...

“အခု ဒီနှစ်ယောက်ဆီက နောက်ထပ် အဖိုးတန်သတင်းအချက်အလက်တွေ ညှစ်ထုတ်လို့ ရမှာမဟုတ်တော့ဘူး”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ကျန်းပုရွှီးကို တစ်ယောက်ယောက်က ကူညီပေးနေတယ်လို့ ယူဆမိတယ် ၊ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ သူက ယုံကြည်မှုရှိနေတာပေါ့”

တိမ်လွှာခွင်းဧကရာဇ်က ဖြည်းညင်းစွာ မေးလိုက်သည်။

“ကျန်းပုရွှီးက ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ ပူးပေါင်းနေတယ်လို့ ငါတို့ အတည်ပြုနိုင်ပြီလား”

ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။

“အခုချိန်ထိတော့ သေချာမပြောနိုင်သေးဘူး”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ... အခု ကျန်းပုရွှီးက ဂိုဏ်းတူအစ်မယွီကို ရှာဖွေနေတာတော့ သေချာတယ်”

“ပြီးတော့... ကျွန်တော်တို့ဖမ်းထားတဲ့ ထျန်းကျွင်းနယ်ပယ် ပြင်ပတာအိုကျင့်ကြံသူအပြင် နောက်ထပ် ထျန်းကျွင်းတစ်ယောက်လည်း အပြင်မှာ ရှိနေသေးတယ် ၊ သူတို့က ဂိုဏ်းတူအစ်မယွီ၊ ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဆရာဦးလေးယွဲ့တို့အတွက် ခြိမ်းခြောက်မှု ဖြစ်နေတုန်းပဲ”

ခဏနားပြီးမှ ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။

“ကျွန်တော်တို့ လူခွဲပြီးရှာကြမယ် ၊ အားလုံးပဲ သတိထားကြပါ”

ခွန်နင်ကျီနှင့် ပိုင်တောင်းတို့က အမတခုံရုံးလက်ထဲသို့ ကျ‌ရောက်သွားသူများ ဖြစ်သည်။

ရန်ကျောက်ကဲတို့အုပ်စုသာ အချိန်မီရောက်မလာဘဲ ရန်သူ့ဘက်မှ စစ်ကူများသာ ဦးစွာရောက်သွားပါက သူတို့နှစ်ယောက် မကောင်းသောအခြေအနေတွင် ပိတ်မိသွားဖွယ်ရှိသည်။

ရန်တိက...

“အမှန်ပဲ... ငါတို့တွေ သူတို့ကို ဦးစားပေးပြီး ရှာသင့်တယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“သွားရအောင် ၊ ကျွန်တော် အကြီးအကဲ’ကောင်းချင်းရွှမ်’ ဆီ သတင်းပို့ပြီးပြီ ၊ သူ ခဏနေရင် ရောက်လာလိမ့်မယ်”

စကားပြောပြီးနောက် သူတို့ ချက်ချင်းပင် ရှာဖွေမှုခရီးကြမ်း ပြန်လည်စတင်ကာ ကျယ်ပြန့်သော အဆုံးမဲ့ဗလာနယ်ထဲ ပျောက်ကွယ်သွားကြလေသည်။

***

ထိပ်တန်းအဆင့်မြင့် တန်ခိုးစွမ်းအားရှင်များအကြား တိုက်ပွဲက ဗလာနယ်ထဲတွင် ဆက်လက်ဖြစ်ပွားနေခဲ့သည်။ နတ်ဆိုးများကို လိုက်လံတိုက်ခိုက်နေမှုက ယခုအချိန်ထိ အဆုံးသတ်မသွားသေးပေ။

ကောင်းကင်နတ်ဘုရားအဆင့်ရှိတန်ခိုးစွမ်းအားရှင်များက ရန်သူများကို သုတ်သင်ဖယ်ရှားနေပြီး တိုက်ပွဲ၏ ကြီးကျယ်မှုက သာမန်လူများ၏နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။

ရုတ်တရက် မှောင်မိုက်သော စကြာဝဠာထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းထွက်ပေါ်လာပြီး ဗလာနယ်အား ပုံပျက်သွားစေသည်။

မကြာမီ မီးလျှံတစ်ခုထွက်ပေါ်လာပြီး ဗလာနယ်ကို ဖြတ်ကျော်လောင်ကျွမ်းသွားကာ ရွှေရောင်အလင်းတန်း၏ သဲလွန်စခြေရာများကို သန့်စင်ပစ်လိုက်သည်။

ထိုအရာနှစ်ခုက ဘယ်ကမှန်းမသိ ရုတ်တရက်ထွက်ပေါ်လာပြီး ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားသည်။ သို့သော် ဖြစ်ပွားခဲ့သောနေရာရှိ ဗလာနယ်က လုံးဝ ပြိုကွဲပျက်စီးသွားပြီး သက်ရှိများအားလုံး လွင့်ကြွေကုန်ကြသည်။

သို့သော် ခြွင်းချက်တစ်ခုရှိသည်မှာ ဥက္ကာခဲအရွယ်အစားရှိ ဧရာမကျောက်တုံးတစ်တုံး၏ မျက်နှာပြင်က ဖြည်းဖြည်းချင်း ဆက်လက်ပြိုကွဲနေခြင်းပင်။

နောက်ဆုံး ထိုဥက္ကာခဲ လုံးဝပြိုကွဲသွားပြီး အတွင်းမှာ ပုံရိပ်(၂)ခု ထွက်ပေါ်လာသည်။

အနက်ရောင်ဝတ်လူငယ်တစ်ယောက်နှင့် အစိမ်းရောင်ဝတ်မိန်းမပျိုတစ်ယောက်...။

နျဲ့ကျင်းရှန်နှင့် ယွီယဲ့ပင် ဖြစ်လေ၏။

သူတို့မျက်နှာများ ဖြူဖပ်ဖြူလျော်ဖြစ်နေသည်ကိုကြည့်ခြင်းအားဖြင့် ဒဏ်ရာအပြင်းအထန်ရထားကြောင်း ထင်ရှားပေသည်။

ယွီယဲ့က တိုးလျသည့်လေသံဖြင့်...

“အဲဒီရွှေရောင်အလင်းတန်းက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန် ဖြစ်နိုင်သလား”

နျဲ့ကျင်းရှန်က...

“ဖြစ်နိုင်တယ် ၊ ငါတို့ နတ်ဘုရားသုတ်သင်အစီအရင် ပြုလုပ်တုန်းက ရွှေရောင်အတောင်တွေရှိတဲ့ မဟာသူတော်စင်က တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ပဲလို့ ကျောက်ကဲ ပြောပြဖူးတယ်”

သူက ခေါင်းကိုလှည့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ဒါပေမဲ့ တစ်ယောက်ယောက်က သူ့ကိုတားထားသလိုပဲ ၊ ကြည့်ရတာ မီးလျှံထက်ယံအရှင်သခင်လား မသိဘူး”

ယွီယဲ့က မရပ်မနား ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ရင်း...

“သူသာမရှိရင် ကျွန်မတို့ကို ရှာတွေ့သွားတာ ကြာလှပြီ”

နျဲ့ကျင်းရှန်က...

“ဘာပဲဖြစ်ဖြစ် ငါတို့ အမြန်သွားပြီး ဂိုဏ်းတူညီလေး’ရန်’ ၊ အကြီးအကဲ’ကောင်း’ နဲ့ တခြားသူတွေကို သွားရှာရမယ်”

ယွီယဲ့ အားနည်းစွာ ခေါင်းညိတ်လိုက်သည်။

နတ်ဘုရားသုတ်သင်အစီအရင် ဖျက်ဆီးခံရပြီးနောက် သက်ရောက်မှုက ပြင်းထန်လွန်းသဖြင့် သူတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရထားကြသည်။

နျဲ့ကျင်းရှန်က ယွီယဲ့ထက် အနည်းငယ်ပိုမိုကောင်းမွန်သော အခြေအနေတွင် ရှိနေသည်။

ထို့ကြောင့် သူက ယွီယဲ့ဒဏ်ရာများသက်သာစေရန် ကူညီပေးပြီး သူမနှင့်အတူ ထျန်းစူးစကြာဝဠာကို ရှာဖွေရန် ထွက်ခွာလာခဲ့သည်။

နတ်ဘုရားသုတ်သင်အစီအရင်ပြိုကွဲသွားစဉ် ဖြစ်ပေါ်လာသည့် ဗလာနယ်ဝဲဂယက်ကြီးက သွေးနီရောင်ကြယ်နတ်ဆိုးဖန်တီးခဲ့သော ဗလာနယ်ဝဲဂယက်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားသည်။

အစီအရင်ကိုတည်ဆောက်သူဖြစ်သော ယွီယဲ့က အနည်းငယ်အဆင်ပြေစေသော အားသာချက်များကို ရရှိခဲ့သည်။ သူမက ဗလာနယ်ဝဲဂယက်အတွင်း နစ်မြုပ်သွားခဲ့သော်လည်း ဦးတည်ရာကို အလွယ်တကူ ထိန်းထားနိုင်ခဲ့သည်။

သို့သော် သူမက နျဲ့ကျင်းရှန်ကိုကူညီရန်အတွက် ဝဲဂယက်ထဲလည်ပတ်သွားခဲ့ပြီး ခေါင်းများမူးဝေသွားခဲ့ရသည်။

နောက်ဆုံး တည်နေရာကို တည်ငြိမ်အောင်ထိန်းထားပြီးမှ သူတို့က ဗလာနယ်မငြိမ်သက်မှုများကြားမှလွတ်မြောက်ကာ ပြန်လည်လမ်းရှာရန် အလျင်အမြန် ကြိုးပမ်းခဲ့ရ၏။

အချိန်ကြာမြင့်စွာ ပြန်လမ်းရှာအပြီး သဲလွန်စအချို့ရရှိချိန်ကျမှ သူတို့နှစ်ယောက် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကို တားဆီးသူတစ်ယောက် ရောက်ရှိလာချိန် သူတို့နှစ်ယောက် အခွင့်ကောင်းယူပြီး ထွက်ပြေးခဲ့ကြသည်။

သို့ရာတွင် ဤနတ်မိစ္ဆာ မဟာသူတော်စင်၏ ပျံသန်းမှုအရှိန်အဟုန်ကြောင့် ဖြစ်ပေါ်လာသည့် ဗလာနယ်ပုံပျက်ခြင်းက အလွန်ပြင်းထန်လှသည်။

နျဲ့ကျင်းရှန်နှင့်ယွီယဲ့မှာ မဆင်မခြင်မလှုပ်ရှားရဲဘဲ ပုန်းကွယ်နေခဲ့ရသည်။

သို့သော် ထိုမဟာဂဠုန် အတောင်တစ်ချက်ယမ်းလိုက်ရုံဖြင့် သူတို့နှစ်ယောက်လုံးမှာ ဗလာနယ်ပုံပျက်မှုထဲသို့ အတင်းအကျပ်ဆွဲခေါ်ခံရပြီး သူတို့မသိရှိသော နေရာတစ်ခုဆီသို့ လွင့်စင်သွားရစမြဲ ဖြစ်သည်။

ကံကောင်းသည်မှာ ထိုမဟာနတ်မိစ္ဆာက သူတို့ပုန်းကွယ်နေကြောင်း သတိမပြုမိသဖြင့် အိမ်ပြန်ရန် အခွင့်အရေး ရှာဖွေနိုင်ခဲ့ကြသည်။

နျဲ့ကျင်းရှန်က ယွီယဲ့ကိုခေါ်ဆောင်ပြီး အဆုံးမရှိသောဗလာနယ်အတွင်း ပျံသန်းထွက်ခွာသွားသည်။

ယွီယဲ့က ဒဏ်ရာကိုကုသနေရင်း...

“ဆရာဦးလေး’ကျန်း’ ကျွန်မတို့နောက်လိုက်လာနေတယ်လို့ အာရုံခံမိတယ်”

သူမက ဆက်ပြောသည်။

“သူ့မှာ သောပေါင်ထျန်းကျွင်းရဲ့ ဓားအိမ်ရှိတယ် ၊ ကျွန်မတို့ သူ့ကို သတိထားဖို့လိုတယ်”

နျဲ့ကျင်းရှန်းက...

“သူက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ရရှိခဲ့ပေမယ့် မင်းက သူ့ထက်စောပြီး ကျင့်ကြံလိုက်နိုင်တယ် ၊ သူက အဲဒီကိစ္စကို ကျေနပ်ပုံမရဘူး”

ယွီယဲ့ခေါင်းညိတ်လိုက်သည်။

“ကျွန်မ နားလည်ပါတယ်”

ခဏနားပြီးမှ သူမက အနည်းငယ်တွေးလိုက်ရင်း...

“တခြားသူတွေလည်း အခု အခြေအနေ ဘယ်လိုရှိလဲမသိဘူး”

နျဲ့ကျင်းရှန်က...

“သူတို့ အဆင်ပြေကြမှာပါ”

“အင်း ဟုတ်ပါတယ်လေ”

ယွီယဲ့ တီးတိုးရေရွတ်လိုက်ပြီး သူမမျက်နှာထက် စိတ်ဓာတ်ကျမှုများဖြင့် ပြည့်နက်နေသည်။

သူမ၏မျက်နှာအမူအရာကိုတွေ့သည်နှင့် နျဲ့ကျင်းရှန်က သူမ ဘာတွေးနေသည်ကို သဘောပေါက်လိုက်သည်။

သူက...

“စိတ်မပူပါနဲ့ ၊ နွယ်ပင်ဧကရီ ဘေးကင်းမှာပါ ၊ မင်း သူ့အတွက် အရမ်းစိတ်ပူမနေပါနဲ့”

ယွီယဲ့က တိုးလျသည့်လေသံဖြင့်...

“ကျွန်မလည်း အဘွားဘေးကင်းမယ်လို့ ယုံကြည်ပါတယ်”

တိုက်တိုင်းအောင်ဗုဒ္ဓနှင့်တိုက်ခိုက်စဉ်က လူတိုင်း တင်းမာသောအခြေအနေတွင် ရှီနေခဲ့သည်။ ထို့ကြောင့် သူမအနေဖြင့် နွယ်ပင်ဧကရီအကြောင်းမေးမြန်းရန် အခွင့်မသာခဲ့ပေ။

တိုက်ပွဲကြောင့် နတ်ဘုရားသုတ်သင်အစီအရင်ပြိုကွဲသွားပြီး သူတို့အုပ်စု ထပ်မံလူချင်းကွဲသွားရသည်။ ထို့ကြောင့် ယွီယဲ့မှာ အခြေအနေများကို မသိရှိရတော့ပေ။

သူမစိတ်ထဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်နေပြီး နျဲ့ကျင်းရှန်ကတော့ သက်ပြင်းတိုးတိတ်ချရင်း တိတ်ဆိတ်နေလိုက်သည်။

နွယ်ပင်ဧကရီ’လီယင်း’ အကြောင်း စဉ်းစားမိတိုင်း ယွီယဲ့နှင့် သူ့ကြားတွင် မမြင်နိုင်သော တံတိုင်းတစ်ခုခြားနေသည့်ပမာ ခံစားခဲ့ရသည်ပင်။

All Chapters