ပြိုင်ဘက်ကင်းကောင်းကင်ကိုဖွင့်လှစ်လိုက်သည့်ဓားသိုင်း
Vol. 106 Ch. 1483
အခန်း (၁၄၈၃) ပြိုင်ဘက်ကင်းကောင်းကင်ကိုဖွင့်လှစ်လိုက်သည့်ဓားသိုင်း
ကောင်းချင်းရွှမ်က သူမနှင့် သူမ၏ကိုယ်ခွဲ စိတ်ချင်းချိတ်ဆက်ထားသည့်အတွက် ပြီးပြည့်စုံသည့် ညီညွှတ်မှုအခြေအနေကို ရရှိခြင်း ဖြစ်သည်။
အကယ်၍ သူမနှင့် သူမခင်ပွန်း လုန်ရှင်းချွမ် အတူပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်တောင် သူတို့၏ အတွေးအခေါ် မည်မျှထပ်တူကျပါစေ ဤသို့ တစ်သားတည်းကျမည် မဟုတ်ပေ။
ပူးပေါင်းတိုက်ခိုက်သည်ဟုသာ ယူဆနိုင်ပေမည်။
အကယ်၍ သူတို့အနေဖြင့် စန့်ချင်ဓားသိုင်းနှင့် ယွိချင်ဓားသိုင်းကို ထပ်တူကျစေလိုသည်ဆိုပါက လုံးဝအသစ်ဖြစ်သော ဓားသိုင်းတစ်မျိုးကို တီထွင်ရပေမည်။
နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ရုံမျှဖြင့် ထိုသို့ဖြစ်လာမည် မဟုတ်ပေ။
သို့သော် ယွီယဲ့နှင့် နျဲ့ကျင်းရှန်တို့ကတော့ ထိုသို့လုပ်ဆောင်နိုင်ခဲ့သည်။
အစောပိုင်း ယွီယဲ့က နွယ်ပင်ဧကရီအကြောင်း ပြောကြားစဉ်က သူတို့နှစ်ယောက်ကြား မမြင်ရသောတံတိုင်းတစ်ခု ခြာနားနေသည့်ပမာ နျဲ့ကျင်းရှန် ခံစားခဲ့ရသည်။
သို့သော် ယခုအချိန်တွင် ထိုအတားအဆီးများ ယာယီပျောက်ကွယ်သွားသည့်အလား ထင်မှတ်ရသည်။
နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ ပြီးပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းက ဝိညာဉ်တစ်ခုဖြင့် ခန္ဓာကိုယ်နှစ်ခု တည်ရှိသော ကောင်းချင်းရွှမ်နှင့် သူမ၏ ကိုယ်ခွဲခန္ဓာပမာ စွမ်းဆောင်ရည်တန်းတူ ဖြစ်ခဲ့သည်။
ယခင်က သောပေါင်ထျန်းကျွင်း၏ ဂူဗိမာန်တွင် ကျန်းပုရွှီး သူတို့နှစ်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် ယခုတော့ ပိုပြီးအံ့အားသင့်ခဲ့ရသည်။
ကျန်းပုရွှီးက...
“မင်းတို့နှစ်ယောက်တိုက်ကွက်က စိတ်ချင်းဆက်ထားသလိုပဲ အရမ်းထပ်တူကျနေတယ် ၊ ဘယ်လိုလုပ်ပြီး ဒီလိုအဆင့်ရောက်သွားရတာလဲ ၊ မင်းတို့က တိုက်ပွဲထဲမှာပဲ ဒီလိုဖြစ်တာလား ၊ ဘာမှမလုပ်ရင်လည်း ဒီလိုပဲ စိတ်ချင်းဆက်နေကြသလား”
ထို့နောက် ကျန်းပုရွှီးက သိုင်းကွက်ပြောင်းလဲလိုက်သည်။
“ဂိုဏ်းတူညီမ’ကောင်းချင်းရွှမ်’ နဲ့ လုန်ရှင်းချွမ်တို့တောင် ဒီလိုအဆင့်မျိုး မရောက်ခဲ့ကြဘူး”
“နေဦး... ယွီယဲ့က ကောင်းကင်သန့်စင်စိတ်ဝိညာဉ်ကိုပိုင်ဆိုင်တယ် ၊ ယွဲ့ကျန့်ပေတပည့်က ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာကို ပိုင်ဆိုင်တယ်လို့ ကြားဖူးတယ် ၊ ဒီလိုထူးဆန်းတဲ့အရာနှစ်ခုတွေ့လို့ ဒီလိုမျိုးဖြစ်လာတာလား”
ကျန်းပုရွှီးက တိုက်ပွဲအတွေ့အကြုံများသူ ဖြစ်သည်။
သူ အံ့အားသင့်နေသော်လည်း တိုက်ခိုက်မှုအရှိန်အဟုန် လျော့ကျသွားခြင်း မရှိခဲ့ပေ။
ကောင်းချင်းရွှမ်နှင့် သူမ၏ကိုယ်ခွဲခန္ဓာတို့ ပူးပေါင်းတိုက်ခိုက်မည်ဆိုပါက အစစ်အမှန်နတ်ဘုရားအဆင့်တွင်ရှိစေကာမူ ဓားနှစ်လက်ပေါင်းစည်းခြင်းအား သူကဲ့သို့ ချီစွမ်းအားလေးမျိုး ပေါင်းစည်းခြင်းရောင်ဝါအဆင့်ရှိသော နက်ရှိုင်းနတ်ဘုရားအထွတ်ထိပ်အဆင့်သည်ပင် အနိုင်ယူနိုင်မည် မဟုတ်ပေ။
ယခု နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ ဒဏ်ရာရထားသည့်တိုင် ကျန်းပုရွှီး သူတို့ကို အထင်မသေးရဲတော့ပေ။
သူက လက်ချောင်းများကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းများ သက်ဆင်းလာသည်။
အနီရောင်၊ အနက်ရောင်၊ အဖြူရောင်နှင့် အစိမ်းရောင် ယှက်နွယ်ပေါင်းစည်းထားသော ဓားအလင်းတန်းများက လေထုထဲတွင် ကခုန်လှုပ်ရှားလျှက် ရှိ၏။
ကွဲပြားသော ဂီတသံစဉ်များက ဓားအလင်းတန်းများနှင့်အတူ လိုက်ပါလာကာ ခမ်းနားသော ဗျပ်စောင်းတေးသံ ထွက်ပေါ်လာသည်။
ကျယ်ပြန့်သော ဓားအလင်းတန်းများသည် ဧရာမပင်လယ်ရေလှိုင်းများပမာ နျဲ့ကျင်းရှန်နှင့် ယွီယဲ့ဆီသို့ အဆက်မပြတ်ကျဆင်းလာ၏။
ထိုသို့ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာတိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရသော်လည်း နျဲ့ကျင်းရှန်နှင့် ယွီယဲ့ကတော့ အကြောက်တရားကင်းစွာ ဆက်လက်ရင်ဆိုင်နေမြဲပင်။
နျဲ့ကျင်းရှန်၏ဓားအလင်းတန်း အသွင်ပြောင်းသွားပြီး ကနဦးကောင်းကင်လေပြေအဖြစ် ထင်ရျားထွက်ပေါ်လာသလို အဆုံးမရှိထူထပ်သော မြေကြီးဒြပ်စင်အဖြစ်လည်း ထွက်ပေါ်လာသည်။
ထိုအရာများက ကနဦးကောင်းကင်နှင့် နှောင်းပိုင်းကောင်းကင်ကြားတွင် တည်ရှိနေသည်။
ဤကောင်းကင်ဖွင့်မြေကြီးသည် အရာခပ်သိမ်းကို ထမ်းပိုးနိုင်ပြီး လောကကိုပင် ဖျက်ဆီးနိုင်သည့်အလား ထင်ရသည်။ အလွန်ပေါ့ပါးမှုနှင့် အလွန်လေးလံမှုတို့ ယှက်နွယ်လျှက် အဆုံးမရှိသော အသွင်ပြောင်းမှုများနှင့်အတူ လိုက်ပါလာသည်။
ဤဆန့်ကျင်ဘက် အစွန်းနှစ်ဖက်သည် တစ်ခုတည်းဖြစ်သည့်အလားဖြစ်ပြီး အဆုံးမရှိသော နက်နဲမှုများပါဝင်လျက် ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓား၏ ပုံစံသစ်တစ်ခုကို တည်ထောင်ထားသည်။
တစ်ချိန်တည်းမှာပင် ယွီယဲ့၏ နတ်ဘုရားသုတ်သင်ဓားသည်လည်း အသွင်ပြောင်းမှုများ ဖြစ်ပေါ်လာသည်။
ယွီယဲ့၏ အစိမ်းရောင်ဓားအလင်းတန်းက ပိုင်းခြားခြင်းနှင့် ပေါင်းစည်းခြင်းစက်ဝန်းကို ဖြတ်သန်းလျှင် တခါတလေ တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီး တခါတလေ ပြန်လည်ကွဲထွက်သွားသည်။
တခါတလေ ဓားသွားက တစ်ခုတည်းအဖြစ် ပြောင်းစည်းသွားပြီး တခါတလေ အစိမ်းရောင်အစက်အပျောက်များအဖြစ် ပြောင်းလဲသွားသည်။
အစိမ်းရောင်အလင်းစက်တစ်ခုစီက သာမန်ဖုန်မှုန့်များပမာ သေးငယ်လွန်းပြီး ထူးခြားမှုမရှိဟု ထင်မှတ်ရသည်။
သို့သော် အစိမ်းရောင်အလင်းစက်တစ်ခုစီက ဤလောကတွင် အရာအားလုံး၏အဆုံးသတ်ကို ကြေညာနေသည့် အဆုံးမှတ်များပမာ ဖြစ်၏။
ပေါင်းစည်းခြင်းနှင့် ပိုင်းခြားခြင်းကြားတွင် ယွီယဲ့၏ နတ်ဘုရားသုတ်သင်ဓားက ပို၍တန်ခိုးထက်မြက်လာပြီး ၎င်း၏ နက်နဲမှုသည်လည်း ပို၍သိမ်မွေ့လာသည်။
ဓားသိုင်းပညာတွင် အလွန်ထူးချွန်သော ဤလူငယ်နှစ်ဦးသည် အတွေ့အကြုံနည်းပါးသော်လည်း သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက ပြီးပြည့်စုံလွန်းသည်။
ယခင်ကလည်း သူတို့နှင့် တိုက်ခိုက်ဖူးခဲ့သော ကျန်းပုရွှီးက သူတို့၏ စွမ်းအားနှင့် ထူးချွန်မှုများကို နက်နဲစွာ သိရှိထားသည်။
သူတို့ဓားနှစ်လက်ပေါင်းစပ်မှုနှင့် ပြီးပြည့်စုံသော ပူးပေါင်းတိုက်ခိုက်မှုက ကျန်းပုရွှီးကို အခက်တွေ့စေခဲ့သည်။
ဤလူငယ်နှစ်ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့်သာ ကျန်းပုရွှီး အားသာချက်ရနေသဖြင့် ကံကောင်းသည်ဟု ဆိုနိုင်သည်။
သို့သော် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ အတူပူးပေါင်းတိုက်ခိုက်ခြင်းက သူတို့အတွက် ဆုတ်ခွာရန်အခွင့်အရေးရရှိပြီး လုံလောက်စွာ အချိန်ဆွဲထားနိုင်ခဲ့သည်။
ကျန်းပုရွှီး မျက်ခုံးများ တွန့်ချိုးလိုက်သည်။
နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့အား ရန်ကျောက်ကဲ ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများ လိုက်လံရှာဖွေနေကြောင်း သူ သိရှိထားသည်။
အချိန်ဆွဲလေ သူ့အတွက် အခွင့်အလမ်းပိုမိုနည်းပါးလေ ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် သူက ညာဘက်လက်ဖြင့် တန်ခိုးစွမ်းအားတစ်ခုထုတ်လွှတ်ရင်း ဘယ်ဘက်အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ ဓားအိမ်တစ်ခု ထွက်ပေါ်လာသည်။
ထိုဓားအိမ်က ဟောင်းနွမ်းပြီး အရောင်မှိုင်းညို့ကာ ဖုန်မှုန့်များ ဖုံးလွှမ်းနေသည့်ပမာ ထင်မှတ်ရသည်။ ဓားအိမ်မျက်နှာပြင်ထက်တွင် သေးငယ်သော အက်ကွဲရာများပင် ရှိနေသေးသည်။
သို့သော် ဤသာမန်မထင်မရှား ဓားအိမ်သည် ရှေးခေတ်၏ နက်နဲမှုများကို သိမ်းဆည်းထားသည့်အလား ထင်မှတ်ရသည်။
ဤသည်က သောပေါင်ထျန်းကျွင်း၏ ဓားအိမ် ဖြစ်၏။
ကျန်းပုရွှီးက ဤရတနာနှင့် အခြားသဲလွန်စများကို အသုံးပြု၍ သောပေါင်ထျန်းကျွင်း ခေါင်းချရာနေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။
သူက ဂူဗိမာန်တဝိုက်ဖြန့်ကျက်ထားသော နတ်ဘုရားသုတ်သင်အစီအရင်ကို ဖြတ်သန်းရင် ဤဓားအိမ်ကို အသုံးပြုခဲ့ခြင်းပင်။
သို့သော် ကံမကောင်းစွာဖြင့်ပင် သူ၏ကြိုးပမ်းမှုအားလုံးက အရာမထင်ခဲ့ပေ။
နတ်ဘုရားသုတ်သင်ဓားက ယွီယဲ့နှင့် နျဲ့ကျင်းရှန် လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
သူက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ရရှိထားပြီးဖြစ်သော်လည်း ယွီယဲ့က သူ့ထက် စောလျင်စွာ ကျင့်ကြံအောင်မြင်ခဲ့သဖြင့် သူ့မှာ လက်ဗလာဖြင့် အဆုံးသတ်ခဲ့ရသည်။
သို့သော် သူက ဤဓားအိမ်၏ထူးခြားမှုကိုအသုံးပြုပြီး ယွီယဲ့နှင့် နျဲ့ကျင်းရှန်တို့၏တည်နေရာကို ခြေရာခံနိုင်ခဲ့သည်။
ဤဓားအိမ်က နတ်ဘုရားသုတ်သင်ဓားသိုင်းကို တန်ပြန်နိုင်စွမ်းရှိသဖြင့် ကျန်းပုရွှီးအနေဖြင့် ယွီယဲ့ကို လိုက်လံရှာဖွေရန် အခွင့်အရေးရခဲ့သည်။
ထို့ပြင် ယွီယဲ့က နတ်ဘုရားသတ်ဖြတ်ဓားကို ထုတ်လာမည်လားဟု ကျန်းပုရွှီးက သတိထားနေပြီး ထိန်းထိန်းသိမ်းသိမ်း တိုက်ခိုက်နေခဲ့သည်။
သို့သော် အတန်ကြာ တိုက်ခိုက်ပြီးနောက် ယွီယဲ့ထံတွင် နတ်ဘုရားသတ်ဖြတ်ဓားမရှိကြောင်း ကျန်းပုရွှီး အတည်ပြုနိုင်ခဲ့သည်။
ထို့ကြောင့် သူက စိုးရိမ်ခြင်းမရှိတော့ဘဲ ဓားအိမ်ကို ထုတ်ယူလိုက်ခြင်း ဖြစ်၏။
ဓားအိမ်၏ထူးခြားချက်ကတော့ သောပေါင်ထျန်းကျွင်း၏အမွေအနှစ်ကို ရရှိထားသော ယွီယဲ့ကို အနည်းနှင့်အများ ထိခိုက်စေခြင်းပင်။
ဓားအိမ်ကြောင့် ယွီယဲ့ အားနည်းသွားခြင်း မရှိပေ။
သို့သော် ဓားအိမ်က ယွီယဲ့နှင့် နျဲ့ကျင်းရှန်တို့၏ ထပ်တူကျမှုကို နှောင့်ယှက်နိုင်သည်ဖြစ်ရာ သူတို့နှစ်ယောက်ကို အားနည်းစေသည့်အလားဖြစ်ပြီး သိမ်မွေ့စွာပေါင်းစည်းနေသည့် ဓားနှစ်လက်ကို ပြိုကွဲစေရန် လုံလောက်သည်။
ထင်သည့်အတိုင်းပင် ယွီယဲ့၏ခန္ဓာကိုယ် ခဏမျှလှုပ်ရှားမှုရပ်တန့်သွားသည်နှင့် သူတို့နှစ်ယောက်၏ မူလကပြီးပြည့်စုံသော ထပ်တူကျမှု အနှောက်အယှက် ဖြစ်သွားရသည်။
သူတို့၏ ဓားနှစ်လက်ပေါင်းစည်းခြင်း ပြိုကွဲသွားမည့် လက္ခဏာများ ပြသလာသည်။
ကျန်းပုရွှီး၏ အာရုံခံစားမှုက အလွန်ထက်မြက်သည်။
သူက သေးငယ်သောအပြောင်းအလဲကိုပင် သတိပြုမိပြီး အခွင့်အရေးကိုအသုံးချကာ ချက်ချင်းပင် ထိုးစစ်ဆင် တိုက်ခိုက်လာ၏။
နျဲ့ကျင်းရှန် ရှေ့သို့တက်လိုက်ပြီး ယွီယဲ့ကို သူ့နောက်တွင်ထားကာ ကာကွယ်ပေးထားလိုက်သည်။
ထို့နောက် သူ၏ ဓားတန်ခိုးစွမ်းအားက ထပ်မံအသွင်ပြောင်းသွားသည်။
ယွီယဲ့၏ နတ်ဘုရားသုတ်သင်ဓားနှင့် ထပ်တူကျရန် မလိုအပ်တော့သဖြင့် နျဲ့ကျင်းရှန်သည်လည်း သူ၏ ပုံရိပ်ယောင်ကျောက်စိမ်း ကောင်းကင်ဖွင့်ဓားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ဓားအလင်းတန်းက လုံးဝအသစ်သော ဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ဓားအလင်းတန်းက တိမ်ညိုများပမာ မှိုင်းညို့သွားပြီး လင်းလက်တောက်ပနေခြင်း မရှိတော့ပေ။
ဗလာနယ်ထဲတွင် မရေရာသည့် ပရမ်းပတာဖြစ်စဉ်တစ်ခု ထွက်ပေါ်လာသည်။
နျဲ့ကျင်းရှန်၏ဓားဝိညာဉ်ထိန်းချုပ်မှုအောက်တွင် ထိုပရမ်းပတာဖြစ်စဉ်က အဆုံးမရှိ ချဲ့ထွင်နေသည့်အလား ထင်မှတ်ရပြီး တစ်ချိန်တည်း တစ်နေရာတည်းတွင် ပြိုကွဲသွားသည့်အလား ထင်မှတ်ရပြန်သည်။
ဤဓားကွက်က နက်နဲရှုပ်ထွေးလှပြီး ဖော်ပြရန် မဖြစ်နိုင်သလောက်ပင်။
ဤဓားကွက်တွင် ရှေ့ပြေးနိမိတ်မရှိ၊ တိုးတက်မှုမရှိ၊ အစမရှိ၊ အဆုံးမရှိ...။
သူ၏ဓားချက်ထွက်ပေါ်လာသည်နှင့် ပြိုင်ဘက်ကင်းအဆုံးမဲ့ဖြစ်စဉ် ထင်ဟပ်ပြသလာသည်။
နျဲ့ကျင်းရှန်က ပုံရိပ်ယောင်ကျောက်စိမ်းကော်းကင်ဖွင့်ဓားသိုင်းကို ကျွမ်းကျင်သူဖြစ်သည်။ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ၏ ထူးခြားမှုနှင့်ပေါင်းစပ်လိုက်သည့်အခါ ‘ပြိုင်ဘက်ကင်းကောင်းကင်’ ကို နားလည်သူ ဖြစ်လာခဲ့သည်.
ဤလောကတွင် ပြိုင်ဘက်ကင်းကောင်းကင်ကို နားလည်သူများသည် ယွိချင်အဆက်အနွယ်၏ ပထမဆုံးကောင်းကင်ကျမ်းစာဖြစ်သည့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံခြင်းနှင့်ညီမျှသည်။
ယွမ်စီထျန်းကျွင်း လောကကို ကျော်လွန်သွားခဲ့သည်။
ဤသည်မှာ သူ လျှောက်လှမ်းခဲ့သောလမ်းကြောင်း အဆုံးစွန်အထိ ရောက်ရှိခဲ့ကြောင်း ညွှန်ပြသည်။
ထို့ကြောင့် စန်းချင်းသုံးပါးအဆက်အနွယ်တွင် ထိုက်ချင်မှ ထိုက်ယီလက်သီးသိုင်း ၊ စန့်ချင်မှ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းတို့အပြင် ယွိချင်မှ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံသော အခြားသူများမှာလည်း ယခင်လူတစ်ယောက်က ကျင့်ကြံထားခဲ့လျှင် လမ်းကြောင်းများ ပိတ်ဆို့ခံရမည်ဖြစ်သည်။
နောက်လူများက တူညီသောလမ်းကြောင်းကိုလျှောက်လှမ်းရန် ရည်ရွယ်ပါက သူတို့လမ်းကြောင်းက ပိုမိုကျဉ်းမြောင်းလာပြီး နောက်ဆုံး ခြေလှမ်းစရာနေရာမရှိတော့သည်အထိ ဖြစ်လာပေမည်။
သူတို့အနေဖြင့် အတင်းအကျပ် ဆက်လက်လျှောက်လှမ်းရည်ရည်ရွယ်ပါက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာလမ်းသို့ပင် ပြန်လည်ရောက်ရှိသွားမည် ဖြစ်၏။
ဤသို့သောအခြေအနေကို ယခင်က ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ တွင်လည်း ဖြစ်ပွားခဲ့ဖူးသည်။
သူ့အနေဖြင့် ထပ်မံတိုးတက်ချင်သည်ဆိုပါက ယွိချင်အဆက်အနွယ်၏ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာလမ်းသို့ လျှောက်လှမ်းရမည် ဖြစ်သည်။
ယခု နျဲ့ကျင်းရှန်သည်လည်း ဤလမ်းကြောင်းသို့ လျှောက်လှမ်းတော့မည်ဖြစ်သည်။
ယင်ထျန်းရှနှင့် သူ၏ကွဲပြားမှုမှာ သူက ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သူ၏ တိုးတက်မှုအတွက် မျှော်လင့်ချက်များသည် များစွာ ပို၍ထွန်းလင်းလှသည်။
ဓားသွားက ပရမ်းပတာအသွင်ပြောင်းကာ ပြိုင်ဘက်ကင်းကောင်းကင်သို့ ဦးတည်သော တာအိုလမ်းကြောင်း ဖြစ်တည်လာသည်။
မတိုင်းတာနိုင်သော နက်နဲမှုများဖြင့် ပြည့်နှက်နေသော လုံးဝအသစ်သော ဓားသိုင်းတစ်ခု...။