← Chapters

ကမ္ဘာတည်ထောင်ခြင်းနိဒါန်း ၊ အရာခပ်သိမ်းဖန်ဆင်းခြင်း

Vol. 106 Ch. 1487

ကမ္ဘာတည်ထောင်ခြင်းနိဒါန်း ၊ အရာခပ်သိမ်းဖန်ဆင်းခြင်း

Vol. 106 Ch. 1487

အခန်း (၁၄၈၇) ကမ္ဘာတည်ထောင်ခြင်းနိဒါန်း ၊ အရာခပ်သိမ်းဖန်ဆင်းခြင်း

ယွဲ့ကျန့်ပေ ရောက်ရှိလာသဖြင့် ကျန်းပုရွှီးမျက်နှာက မဟူရာပမာနက်မှောင်သွားသည်။

သို့သော် ရောက်ရှိလာသူက ယွဲ့ကျန့်ပေတစ်ယောက်တည်းဖြစ်နေသဖြင့် သူ့စိတ်ထဲ မျှော်လင့်ချက်တစ်ခု ထပ်မံပေါ်ထွက်လာသည်။

ကျန်းပုရွှီး ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ဓားကိုဝှေ့ယမ်းရင်း ထပ်မံတိုက်ခိုက်လိုက်သည်။

“ယွဲ့ကျန့်ပေ... မင်းလည်း ဒဏ်ရာရထားတာပဲ... ၊ ဒါတောင် ငါ့လမ်းကို တားဆီးနိုင်မယ်လို့ မျှော်လင့်နေသေးတယ်လား”

ယွဲ့ကျန့်ပေက...

“မင်းရော ငါရော အမတချီစွမ်းအားလေးခုပေါင်းစည်းခြင်းရောင်ဝါ ရရှိထားပြီးသား ကျင့်ကြံသူတွေပဲလေ”

ပြောပြီးသည်နှင့် သူက ကောင်းကင်ဖွင့်ဓားအလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ ဓားဝိညာဉ်က မရှိမှုနှင့် ထာဝရတည်ရှိမှုကြား မသိမသာ ပြောင်းလဲသွားသည်။

ဓားအလင်းတန်းများက ပိုင်းစည်းလိုက် ပိုင်ခြားလိုက်ဖြစ်သွားပြီး ကျန်းပုရွှီး၏ စန့်ချင်အဆက်အနွယ် ဓားအလင်းတန်းများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ကျန်းပုရွှီး၏ မျက်နှာအရောင် အနည်းငယ်ပြောင်းလဲသွားသည်။

လွန်ခဲ့သည့် အနှစ်(၂၀)ခန့် အဂ္ဂိရတ်ခန်းမ ဤလောကတွင် ပြန်လည်ထွက်ပေါ်လာစဉ်က သူ ယွဲ့ကျန့်ပေနှင့် တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးသည်။

ထိုစဉ်က သူတို့နှစ်ယောက်လုံး နက်ရှိုင်းနတ်ဘုရားအဆင့်တွင် ရှိခဲ့သော်လည်း သူက အမတချီစွမ်းအားလေးခုပေါင်းစည်းခြင်းရောင်ဝါကို ရရှိထားခဲ့ပြီး ယွဲ့ကျန့်ပေကတော့ အမတချီစွမ်းအားသုံးခုပေါင်းစည်းခြင်းရောင်ဝါသာရှိခဲ့သည်။

သို့တိုင် သူ ယွဲ့ကျန့်ပေကို အနိုင်မယူနိုင်ခဲ့ပေ။

ယခု ယွဲ့ကျန့်ပေက နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ကဲ့သို့ပင် နတ်ဘုရားသုတ်သင်အစီအရင်၏ ဖျက်ဆီးခံရမှုမှ တန်ပြန်ဒဏ်ရာများ ရရှိထားသည်။

သို့တိုင် သူ့အနေဖြင့် ယွဲ့ကျန့်ပေကို ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပေ။

ယွဲ့ကျန့်ပေ၏ဓားသိုင်းက နျဲ့ကျင်းရှန် ကိုယ်ပိုင်ဖန်တီးထားသော ဓားသိုင်းကဲ့သို့ လုံးဝ ဆန်းသစ်သည့်အရာမဟုတ်သော်လည်း သူက ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်းတွင် ထူးကဲသော ကျွမ်းကျင်မှုကို ရရှိထားသည်။

တစ်နည်းအားဖြင့် သူက ရန်ရှင်းထန်၏ စစ်မှန်သောအဆက်အနွယ်တစ်ယောက်ဖြစ်ပြီး ရန်ရှင်းထန်၏အမွေကို အပြည့်အဝ ဆက်ခံထားသူ ဖြစ်သည်။

ထို့ကြောင့် သူ၏ ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်းက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုပြီးပြည့်စုံသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။

ယွဲ့ကျန့်ပေ၏ဓားသိုင်းက သန့်စင်ပြီး ငြိမ်သက်တည်ကြည်သည်။

သူက အေးဆေးသယောင်ထင်ရသော်လည်း နောက်ကွယ်တွင် ရေခဲစီးကြောင်းတစ်ခု စီးဆင်းနေသည့်ပမာ ကြီးကျယ်သည့် သြဇာလွှမ်းမိုးမှုစွမ်းအားများ ထွက်ပေါ်လျှက် ရှိသည်။

ယခု သူက တိုက်စစ်ထက် ခံစစ်ကို ပိုမိုအာရုံစိုက်နေ၏။

ကျန်းပုရွှီးက သူ့ကို ဤအခြေအနေသို့ တွန်းပို့ခြင်း မဟုတ်ပေ။ ယွဲ့ကျန့်ပေကိုယ်တိုင်က နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ ဤနေရာမှ လုံခြုံစွာထွက်သွားနိုင်ရန် ခံစစ်ကို အာရုံစိုက်ခဲ့ခြင်း ဖြစ်၏။

ကျန်းပုရွှီးက ဤအချက်ကို သ‌ဘောပေါက်ထားသည့်တိုင် အထိအခိုက်မဖြစ်စေရန် အလွန်သတိထားနေခဲ့သည်။

ဘယ်သူသိနိုင်မည်နည်း။

ယွဲ့ကျန့်ပေက ရုတ်တရက် ခံစစ်မှတိုက်စစ်သို့ ပြောင်းလဲသွားနိုင်သည် မဟုတ်လား။

ယွဲ့ကျန့်ပေနှင့်တိုက်ခိုက်ရင်း နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ ထွက်ခွာသွားသည်ကို တွေ့ရသည့်အခါ ကျန်းပုရွှီး ရင်ထဲနင့်သလို ခံစားလိုက်ရသည်။

သူ့ရှေ့တွင်ရှိသောအခွင့်အရေးက တဖန်ပြန်လည် လက်လွတ်သွားပြန်ပေပြီ။

တစ်ခါမှ မပိုင်ဆိုင်ဖူးခြင်းထက် ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးရခြင်းက ပို၍ပင် စိတ်ပျက်စရာကောင်းလှသည်။

မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကဲ့သို့ ထိပ်တန်းသိုင်းပညာတစ်ရပ်က ထူးခြားသလို အရေးလည်းပါသည်။

ထိုမျှအဖိုးတန်သောပစ္စည်းကို ရယူပြီးမှ ဆုံးရှုံးခဲ့ရသည့်အခါ ကျန်းပုရွှီး၏နှလုံးသားက သံမဏိဖြင့်ပြုလုပ်ထားစေကာမူ မခံရပ်နိုင် ခံစားရသည်သာပင်။

သို့သော် ထိုအချိန်မှာပင် အေးစိမ့်စမ်းချောင်းနယ်မြေထဲတွင် နောက်ထပ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

များပြားလှစွာသော သိုင်းကျင့်ကြံသူများ တပြိုင်တည်းထွက်ပေါ်လာပြီး သူတို့၏စွမ်းအားရောင်ဝါက ငရဲကိုးထပ်စွမ်းအားရောင်ဝါများဖြင့် ဆန့်ကျင်လျှက်ရှိသည်။

ထိုသို့ဖြစ်ပေါ်လာခြင်း၏ နောက်ဆက်တွဲသက်ရောက်မှုများက လူတို့၏စိတ်နှလုံးကို တုန်လှုပ်စေသည်။

ယွဲ့ကျန့်ပေနှင့် ကျန်းပုရွှီးတို့၏ မျက်နှာအမူအရာများ အနည်းငယ်ပြောင်းလဲသွားသည်။

ထို့နောက် အေးစိမ့်စမ်းချောင်းအတွင်း အလင်းတန်းများ လွင့်ပျံထွက်ပေါ်လာသည်။

ထိုသူများက အမတခုံရုံးမှ သိုင်းကျင့်ကြံသူများဖြစ်ကြပြီး နက်ရှိုင်းနတ်ဘုရားများနှင့် အစစ်အမှန်နတ်ဘုရားများ ပါဝင်သည်။

မြင်ကွင်းကိုတွေ့တော့ ယွဲ့ကျန့်ပေ မျက်မှောင်ကြုံ့လိုက်သည်။

စောစောက သူ နျဲ့ကျင်းရှန် ချန်ထားခဲ့သော ထုံးတမ်းစည်းတံဆိပ်ကိုတွေ့ရှိခဲ့သည်။ ထိုစည်းတံဆိပ်အား ဖုံးကွယ်ထားမှုမှာ ဖယ်ရှားခံထားရကြောင်း သတိပြုမိခဲ့သည်။

ထို့ကြောင့် စည်းတံဆိပ်ကိုတွေ့ရှိသူ မည်သူမဆို နျဲ့ကျင်းရှန်၏တည်နေရာကို သဲလွန်စ ရှာဖွေနိုင်မည် ဖြစ်၏။ ယွဲ့ကျန့်ပေသည်လည်း ထိုနည်းတူစွာပင် သဲလွန်စများလိုက်လံရှာဖွေရင်း စည်းတံဆိပ်သင်္ကေတများကို တွေ့ရှိခဲ့ခြင်းပင်။

ထို့ကြောင့် သူက ထိုစည်းတံဆိပ်များကို အလျှင်အမြန်ဖုံးကွယ်ခဲ့ပြီး အခြားသူများ အခွင့်ကောင်းယူမသွားစေရန် ကာကွယ်ခဲ့သည်။

ကျန်းပုရွှီးက သူ့ထက်စောပြီး ရှာတွေ့ခဲ့သည်ကတော့ သူပြောင်းလဲနိုင်စွမ်းမရှိသည့်အရာဖြစ်သည်။

သို့သော် ယခု ရောက်ရှိလာသည့် အမတခုံရုံး ကျင့်ကြံသူများအနေဖြင့် ဤနေရာကို ဤမျှလျှင်မြန်စွာ ရှာတွေ့နိုင်စရာ အကြောင်းမရှိပေ။

“ဒီကောင်တွေ ကျန်းပုရွှီးနောက်ကို လိုက်လာကြတာများလား”

ထိုအတွေးက ယွဲ့ကျန့်ပေ စိတ်ထဲတွင် လျင်မြန်စွာ ဖြတ်ပြေးသွားသည်။

သို့သော် သူက သနားကရုဏာပြရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

သူက မူလက ထိန်းချုပ်ထားသော ဓားအလင်းတန်းများကို ရုတ်တရက် ဖွင့်ထုတ်လိုက်ရာ ဓားအလင်းတန်းများက နေရာတစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး ကျန်းပုရွှီးကို တိုက်ခိုက်ရုံသာမက ပြင်ပတာအိုကျင့်ကြံသူအုပ်စုကိုပါ ဟန့်တားလိုက်သည်။

ကျန်းပုရွှီး၏ခန့်မှန်းချက် မှန်ကန်ခဲ့သည်ပင်။

ဓားသိုင်းကျင့်ကြံသူအများစုက ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ရက်စက်ကြမ်းတမ်းကြသည်။ တိုက်ခိုက်နေသည့်အခါမှသာ သူတို့၏ အပြင်းထန်ဆုံးသော စွမ်းအားကို ပြသပြီး အကောင်းဆုံးပုံစံကို ထုတ်ဖော်နိုင်သည်။

ယခု ယွဲ့ကျန့်ပေ၏ တိုက်ကွက်တစ်ခုစီတိုင်းက တစ်လောကလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားရှိသည်။

သူ၏ ဓားအလင်းတန်းများ ပြည့်လျှံထွက်ပေါ်လာသည်နှင့်အမျှ ကမ္ဘာမြေကြီး ပိုင်းခြားကွဲထွက်သွားပြီး စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူ၏ဓားအလင်းတန်းများ ဖြတ်သန်းသွားသည့်နေရာတိုင်း၌ အချိန်စီးဆင်းမှုသည် ပြောင်းပြန်လှည့်သွားသလို ဖြစ်ပြီး ကောင်းကင်ဖွင့်လှစ်ပြီး မြေကြီးပိုင်းခြားခံရသည့် ကနဦးကောင်းကင်ခေတ်သို့ ပြန်လည်ရောက်ရှိသွားသည်။

ကျန်းပုရွှီး၏ ဓားအလင်းတန်းများဖြစ်စေ၊ အမတခုံရုံးမှ ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုဖြစ်စေ ၊ ထိုအရာအားလုံးက ယွဲ့ကျန့်ပေ၏ ဓားရှေ့တွင် သေးငယ်လှသည်ဟု ထင်မှတ်ရသည်။

သူတို့အားလုံး တွေဝေခြင်းတွင် နစ်မြုပ်သွားကြပြီး ကျင့်ကြံခြင်းစတင်ခဲ့သည့် ပထမဆုံးအချိန်သို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ကြရ၏။

လောကနိယာမ ဆုပ်ကိုင်ထားမှု ၊ သူတို့တစ်ဘဝလုံး စုဆောင်းထားသည့်ကျင့်ကြံခြင်းများ ၊ တာအိုအပေါ်နားလည်ခြင်းများ အရာအားလုံး ပျောက်ကွယ်သွားပြီး ကနဦးအဆင့်၏ အနိမ့်ဆုံးနားလည်မှုသာ ကျန်ရှိတော့သည်။

“ကမ္ဘာတည်ထောင်ခြင်းနိဒါန်း ၊ အရာခပ်သိမ်းဖန်ဆင်းခြင်း...”

ကျန်းပုရွှီး၏ အကြည့်များသည်လည်း ခဏမျှ တွေဝေမိန်းမောမှုထဲတွင် နစ်မြုပ်သွားသည်။

ဤပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်းကို ယခင်က သူ မြင်တွေ့ခဲ့ဖူးသည်ပင်။

အတိတ်တစ်ချိန်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ဤဓားသိုင်းဖြင့် ရန်ရှင်းထန်က ကောင်းချင်းရွှမ်ကို အနိုင်ယူခဲ့ပြီး တိချင်းလျန်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့လေသည်။

ထို့ပြင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင ကောင်းချင်းရွှမ်နှင့် တိချင်းလျန်တို့မှလွဲ၍ ဤဓားသိုင်း၏ တင့်တယ်မှုကို အမှန်တကယ် ခံရပ်နိုင်သူ တစ်ယောက်မှမရှိခဲ့ပေ။

ယနေ့ သူလည်း အခွင့်အရေး ရရှိခဲ့ပေပြီ။

သို့သော် သူ ခံစားရသည်က မိစ္ဆာတစ်ကောင် သူ့အပေါ်သို့ သက်ဆင်းလာသည့်ပမာ ဖြစ်လေ၏။

ယွဲ့ကျန့်ပေနှင့် သူ၏သန့်စင်သောဓားသွားက အတူတကွ ပျောက်ကွယ်သွားပြီး အေးစိမ့်စမ်းချောင်းနယ်မြေတွင် အလင်းတန်းတစ်ခုသာ ကျန်ရှိတော့သည်။

ဓားသွားပုံရိပ်က နေရာတိုင်းတွင် ရှိနေသည့်ပမာဖြစ်ပြီး ကျန်းပုရွှီးနှင့် အခြားသူများမှာ အတင်းအကျပ် ခုခံနေကြရသည်။

ထိုဓားအလင်းတန်းက ကောင်းကင်ဖွင့်လှစ်ပြီး မြေကြီးပိုင်းခြားခံရချိန်က ပထမဆုံးအလင်းရောင်ပမာဖြစ်ပြီး ထိုဓားသွားကို မည်သူမှ ဟန့်တားနိုင်ခြင်းမရှိပေ။

ပြင်ပတာအိုကျင့်ကြံသူ အစစ်အမှန်နတ်ဘုရားများမှာ အသက်မသေစေရန် ကမန်းကတန်း‌ရှောင်တိမ်းလိုက်ကြရပြီး အနားသို့တိုးကပ်မလာရဲကြတော့ပေ။

အနည်းငယ် အနားသို့တိုးကပ်လိုက်သည်နှင့် ဓားအလင်းတန်းဖြင့် ချက်ချင်းသုတ်သင်ခံရမည်ဖြစ်သည်။

ယွဲ့ကျန့်ပေ၏ ဓားတန်ခိုးလွှမ်းခြုံထားသည့် နယ်မြေအတွင်းသို့ ဝင်ရောက်ရဲသူများအတွက် သေဆုံးမှုသာ စောင့်ကြိုနေပေသည်။

ပြင်ပတာအိုကျင့်ကြံသူ နက်ရှိုင်းနတ်ဘုရားများအတွက်ပင် ဤဓားသိုင်းက သိသာထင်ရှားသည့် အန္တရာယ်ကို ဖြစ်ပေါ်စေသည်။

သို့သော် ဓားအလင်းတန်းက ရံဖန်ရံခါတွင် မတည်ငြိမ်မှုလက္ခဏာများ ပြသနေသည်။ ထိုသို့ဖြစ်ရာသည်မှာ ယွဲ့ကျန့် ဒဏ်ရာရထားခြင်းကြောင့် ဖြစ်၏။

ကျန်းပုရွှီးနှင့် အခြားသူများက ထိုအခွင့်အရေးကို အသုံးချကာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ထိုသို့ဖြစ်နေစေကာမူ သူတို့အနေဖြင့် ရှေ့ဆက်တိုးလာနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် မကြာခင်မှာပင် ပြင်ပတာအိုကျင့်ကြံသူများ၏မျက်နှာထက် ဝမ်းမြောက်ဝမ်းသာ အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ရုတ်တရက် ဗလာနယ်ထဲတွင် မဟာတာအို စူးရှတေးသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

ပြင်ပတာအိုကျင့်ကြံသူအုပ်စုကို ခေါင်းဆောင်လာသည့် ထိုက်ရွှီးမူလနတ်ဘုရား ထျန်းကျွင်းနယ်ပယ် ကျွမ်းကျင်သူ နောက်ဆုံး ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

မဟာတာအို၏ စူးရှတေးသံ ထွက်ပေါ်လာသည်နှင့် နျဲ့ကျင်းရှန်၏ခန္ဓာကိုယ်တောင့်တင်းသွားရသည်။

သူက ပြိုင်ဘက်ကင်းကောင်းကင်ကို တဖြည်းဖြည်း ဖော်ထုတ်ကျင့်ကြံနိုင်ပြီဖြစ်သော်လည်း ရန်ကျောက်ကဲ ကျင့်ကြံထားသည့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကိုတော့ မယှဉ်နိုင်သေးပေ။

သူက ထူးချွန်သောအရည်အချင်းနှင့် ထူးကဲသောစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း တကယ်တမ်း အစစ်အမှန်နတ်ဘုရားအဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည်။

ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရသည့်အခါ သူ့အနေဖြင့် မဟာတာအို၏ စူးရှတေးသံကို ခုခံနိုင်စွမ်းမရှိဘဲ ဖိနှိပ်ခံရမည်ဖြစ်သည်။

ကောင်းကင်ထက်မှ စိမ်းပြာရောင်လျှပ်စီးများ သက်ဆင်းလာပြီး မိုးကြိုးတိမ်တိုက်များအဖြစ် ပြောင်းလဲကာ အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

သို့သော် ပြင်ပတာအိုကျင့်ကြံသူ ထိုက်ရွှီးမူလနတ်ဘုရားက ချက်ချင်းတိုက်ခိုက်ခြင်း မပြုခဲ့ပေ။

ထိုအစား သူက ယွဲ့ကျန့်ပေနှင့် ကျန်းပုရွှီးတို့ကို စူးစိုက်ကြည့်နေသည်။

ကျန်းပုရွှီးသည် ခဏမျှ တိတ်ဆိတ်နေပြီးမှ စကားတစ်လုံးချင်းစီ စတင်ပြောဆိုလိုက်၏။

“ငါကတစ်ယောက်တည်း ၊ သူတို့က (၃)ယောက်နော်...”

“ကျန်းချင်းချောင်...”

ယွဲ့ကျန့်ပေ အော်ဟစ်လိုက်သည်။

မိုးကြိုးသံက ခဏမျှ ရပ်တန့်သွားပြီး ချက်ချင်းပင် ပြန်လည်ဆူညံလာသည်။

စိမ်းပြာရောင်လျှပ်စီးများ အောက်သို့သက်ဆင်းလာပြီး ယွဲ့ကျန့်ပေ၏ ဓားအလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ဓားနယ်မြေကို တိုက်ခိုက်လိုက်သည်။

ကျန်းပုရွှီးက ဤအခွင့်အရေးကို အသုံးချကာ ယွဲ့ကျန့်ပေအား တန်ပြန်တိုက်ခိုက်လိုက်၏။

ယွဲ့ကျန့်ပေ၏ ဓားအလင်းတန်းများ မပျောက်ကွယ်သွားသော်လည်း စကြဝဠာကို လွှမ်းခြုံထားသော ဓားနယ်မြေ အက်ကွဲသွားသည်။

ပြင်ပတာအိုကျင့်ကြံသူ နက်ရှိုင်းနတ်ဘုရားများနှင့် အစစ်အမှန်နတ်ဘုရားများက ယွဲ့ကျန့်ပေကို ဝိုင်းဝန်းတိုက်ခိုက်ရန် မလုပ်ဆောင်ခဲ့ပေ။

သူတို့က အခြေအနေဆိုးရွားနေသော နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ဆီသို့ ဦးတည်ထွက်ခွာသွားသည်။

မဟာတာအို၏ စူးရှတေးသံ ဆက်လက်ထွက်ပေါ်နေသဖြင့် နျဲ့ကျင်းရှန်သည်လည်း တစ်ချိန်လုံး ဖိနှိပ်ခံနေရသည်။

သူက သတိကင်းမဲ့သည့်အခြေအနေသို့ နစ်မြုပ်မသွားသေးသော်လည်း သူ့ခန္ဓာကိုယ်က အေးခဲနေပြီး လှုပ်ရှားမှုနှင့် တွေးတောမှုလုပ်ငန်းစဉ်များ နှေးကွေးလျှက်ရှိသည်။

ထိုသို့ ကျဉ်းထဲကြပ်ထဲရောက်နေသည့်အခြေအနေတွင် ယွီယဲ့က နျဲ့ကျင်းရှန်အားဖက်လျှက် ရက်စက်ခြင်းတရားများဖြင့် ဖုံးလွှမ်းနေသော ကြီးမားသည့် အမှောင်ထုမြူခိုးများအတွင်းသို့ ခုန်ချသွားလေသည်။

သူတို့က ငရဲကိုးထပ်၏ မရဏတွင်းနက်ထဲသို့ တန်းတန်းမတ်မတ် ခုန်ဆင်းသွားခြင်း ဖြစ်ပေတော့၏။

All Chapters