← Chapters

ကောင်းမင်၏ ပထမဆုံးလူသတ်သမား

Vol. 6 Ch. 76

ကောင်းမင်၏ ပထမဆုံးလူသတ်သမား

Vol. 6 Ch. 76

ကွင်းစ်လမ်းအဆုံးတွင် ရာစုနှစ်ခန်းမသည် ကြီးမားသောပရဟိတပွဲတစ်ခု ကျင်းပလျက်ရှိသည်။အပြင်ဘက်တွင် တိမ်မည်းများသည် ကောင်းကင်ကို ဖုံးလွှမ်းနေပြီး မုန်တိုင်းသည် မြို့ကို ဖျက်ဆီးနေလေသည်။အတွင်းတွင် လူများသည် သီဆိုကခုန်လျက်ရှိသည်။ဧရာမခန်းမကြီးတွင် ဟန်ဟိုင်း၏ မြို့မျက်နှာဖုံးများဖြင့်ပြည့်နှက်နေသည်။ ကြည်လင်သောမှန်ချပ်က ကမ္ဘာနှစ်ခုကို ခွဲခြားထား၏။သူတို့သည် တစ်ဦးနှင့်တစ်ဦးမြင်တွေ့နေရသော်လည်း မထိတွေ့နိုင်ချေ။

"ခင်ဗျားမှာ ဖိတ်စာမရှိရင် ဒါမှမဟုတ် လုပ်ငန်းကတ်မရှိရင် အထဲဝင်လို့မရဘူး ၊ ခင်ဗျား အပြင်ဘက်ကနေ မတ်တပ်ရပ်ကြည့်လို့ရတယ် "

ခပ်ဝဝ အစောင့်တစ်ယောက်က ကောင်းမင်နှင့် ဝမ်ကျီကို တားဆီးလိုက်သည်။သူတို့အားလုံးသည် သာမန်လူများဖြစ်သော်လည်း အစောင့်က သူတို့ကို အထင်သေးစက်ဆုပ်သည့်အကြည့်ဖြင့် ကြည့်ရှုနေ၏။ကောင်းမင်သည် ထိုဝန်ထမ်းဖြင့် အချင်းများမနေခဲ့ပေ။သူက ဝမ်ကျီကိုခေါ်၍ လူအုပ်ထဲတွင် ဖုံးကွယ်လိုက်သည်။လုံခြုံရေး တင်းကျပ်လှပေသည်။စီတုအန်းကို ထိခိုက်စေရန်မဆိုထားဘိ သူ့နားကပ်နိုင်ရန် အခွင့်အရေးပင်မရှိချေ။

"ခန်းမက အကြီးကြီးပဲ ၊ လူသေဓာတ်ပုံအားလုံး ငါနိူးဆွလိုက်ရင်တောင် အရမ်းကြီးတဲ့ ဧရိယာကို ငါမလွှမ်းခြုံနိုင်ဘူး "

ကောင်းမင်သည် ခေါင်းငုံ့လိုက်သည်။သူ့နားတွင် ရှိသောလူများသည် သူတွေးနေသည်ကို သိပါက ထိတ်လန့်သွားကြမည်ဖြစ်သည်။

"လူရာပေါင်းများစွာသာ ပတ်ဝန်းကျင်က မီဒီယာတွေနဲ့အတူ မူမမှန်ဖြစ်ရပ်ထဲ ပိတ်မိသွားရင် သတင်းတွေက တိတ်ဆိတ်နေမှာ မဟုတ်ဘူး ၊ သူတို့လုပ်ခဲ့တဲ့ နောက်ဆုံးအရာကို ဌာနက စစ်ဆေးလိမ့်မယ် "

ပရဟိတပွဲတော်ကို မကြာခင်စတင်ကျင်းပသည်။ ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားများ ကပြဖျော်ဖြေပြီးနောက် အဖွဲ့အစည်းများက စတင်လှူဒါန်းကြတော့သည်။လှူဒါန်းပွဲများပြီးနောက် နောက်ဆုံးတွင် အခမ်းအနားမှူးသည် တစ်ချိန်က တယ်လီဗေးရှင်းတွင် ကောင်းမင်ကြားခဲ့ရသော စကားများကို ပြောဆိုလိုက်သည်။

"အခုဆိုရင် ကျွန်တော်တို့ ဟန်ဟိုင်းပရဟိတအဖွဲ့အစည်းရဲ့ ဒုဥက္ကဌ မာစတာစီတုအန်းကို စကားအနည်းငယ်ပြောဖို့အတွက် ကြိုဆိုလိုက်ရအောင်လားဗျာ "

သပ်ရပ်စွာချုပ်လုပ်ထားသော ဝတ်စုံဖြင့် စီတုအန်းသည် စတိတ်ခုံနောက်မှ လမ်းလျှောက်ထွက်လာ၏။ သူပေါ်လာသည်နှင့်ခန်းမသည် လက်ခုပ်သံများပေါက်ကွဲထွက်လာလေသည်။ သီချင်းသံသည်လည်း ပြောင်းလဲသွား၏။စီတုအန်းကို အဝေးမှမြင်လိုက်ရသည်နှင့် ကောင်းမင်၏မျက်လုံးများ နီရဲသွားသည်။သူသည် သူ့ကိုယ်သူထိန်းချုပ်ရန် လိုအပ်သည်။

စီတုအန်းသည် သူ့ကိုယ်သူဖုံးကွယ်ရာတွင် အလွန်တော်ပေသည်။သူ့ပုံစံသည် အရပ်ရှည်ပြီး တောင့်တင်းသည်။သူသည် ရင့်ကျက်ပြီး ခန့်ညားသည်။လူများသည် သူအားသိလိုက်ရသည်နှင့် သူသည် သူတို့ထင်ထားသည်ထက် ကြီးမြတ်ကြောင်း သဘောပေါက်ကြမည်ဖြစ်သည်။သူသည် စီးပွားရေးဉာဏ်ကြီးရှင်တစ်ဦး ၊ ကြီးမားသည် ပြည်သူ့အကျိုးဆောင်တစ်ဦးနှင့် မိမိကိုယ်ကို အလွန်နှိမ့်ချတတ်သူဖြစ်သည်။ သူသည် လူသားအကျိုးအတွက် လမ်းလျှောက်နေသည့် မီးပြတိုက်တစ်ခုဖြစ်သည်။

စီတုအန်းစကားစပြောလိုက်သည့်အခါ လက်ခုပ်သံများတိတ်ဆိတ်သွားသည်။လူတိုင်းသည် သူ့အား အပြည့်အဝအာရုံစိုက်လိုက်ကြသည်။

"အခုက နေ့အချိန်ဖြစ်လို့ ခြောက်ခြားဇာတ်လမ်းကို ငါအတင်းအကြပ်နိူးဆွလိုက်ရင် အကျိုးသက်ရောက်မှုက အကြီးအကျယ်လျော့သွားမှာပဲ ၊ ပြီးတော့ ဒီမှာ အပြစ်မဲ့ပြည်သူတွေ အများကြီးရှိနေတာ ...."

ကောင်းမင်သည် သူ့ဟောပြောမှုကို နည်းနည်းမှ အာရုံမစိုက်ပေ။သူသည် ထိုလူကို သတ်ဖြတ်၍ သူ့နှလုံးခန်းအတွင်း ပိတ်လှောင်ထားချင်ရုံသာဖြစ်သည်။ကောင်းမင်သည် စီတုအန်းကို သတ်ဖြတ်ရန် အခွင့်အရေးရှာချင်သောကြောင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူသည် သူနှင့်အကြုံတူသာ လူတစ်ချို့ရှိနေကြောင်း သတိပြုမိလိုက်သည်။

ခန်းမအပြင်ဘက်တွင် မျက်နှာဖုံးတပ်လူတစ်ယောက်သည် အဝတ်အစားများကို တိတ်တဆိတ်ပြောင်းလိုက်သည်။သူသည် သူ့အိတ်ကပ်ထဲမှ တွန့်ကြေနေသော ဓာတ်ပုံတစ်ခုကို ထုတ်လိုက်သည်။သူသည် ထိုဓာတ်ပုံကို ဆုတောင်းနေဟန်ရှိသည်။ထို့ထက် သူ့အရိပ်သည် ပိုနက်ရှိုင်းလာခဲ့သည်။

စီတုအန်း၏ဟောပြောမှု အဆုံးသတ်ခါနီးအချိန်တွင် ခန်းမအတွင်းမှ လူငယ်နှစ်ယောက်က ရုတ်တရက်ခုန်ထလိုက်သည်။သူတို့သည် မည်သည့်သတိပေးချက်မှမရှိပဲ စီတုအန်းထံပြေးဝင်သွားကြသည်။အစောင့်များက စီတုအန်း စင်နောက်သို့ ထွက်သွားနိုင်ရန် ထိုလူနှစ်ယောက်ကို တားဆီးလိုက်ကြသည်။ရုတ်တရက် ဖြူရော်ရော်လက်တစ်ဖက်သည် အရိပ်ထဲမှ ထွက်လာလေ၏။ထိုလက်သည် စီတုအန်းကို ဖမ်းဆီးရန်ကြိုးစားနေကြောင်း လူအများအပြားက မြင်လိုက်ရသည်။

"သူတို့ ဘယ်သူသတ်‌ချင်နေတာလဲ "

ကောင်းမင်က ထိုအရာများသည် မရိုးရှင်းကြောင်းယုံကြည်သည်။တရားခံသည် စင်နောက်သို့ ခိုးကြောင်ခိုးဝှက်ရောက်နေနိုင်စဉ်ကပင် သူတို့သည် ပိုကောင်းသည့် အခွင့်အရေးများစွာရှိသည်။ဘာကြောင့် စီတုအန်း မိန့်ခွန်းဆုံးခါနီးမှ တိုက်ခိုက်ရသလဲ။ထိုအရာသည် လူတိုင်းအား စီတုအန်းသည် တိုက်ခိုက်မှုကြောင့် ထိခိုက်သွားရကြောင်းမြင်စေချင်နှင့် ပိုတူပေသည်။ လုံခြုံရေးနှင့် ကုသရေးသမားများသည် စင်နောက်ပြေးဝင်သွားကြသည်။အခမ်းအနားမှူးသည် အားလုံးကို စိတ်တည်ငြိမ်စေရန် ကြိုးစားနေ၏။

"ဝမ်ကျီ ၊ အစ်ကို့ကို ဘာဘယ်တီးဆိုင်မှာ သွားစောင့်နေ "

ကောင်းမင်သည် ထိုလူ၏နေရာမှ ထွက်သွားသည်ကိုမြင်ပြီး ထွက်သွားလေသည်။သူက ထိုလူနောက် တိတ်တဆိတ်လိုက်ပါသွားသည်။သူတို့သည် အိမ်သာထဲသို့ တစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြသည်။ထိုအခိုက်အတန့်တွင် အရိပ်သည် တတိယမြောက်အိမ်သာခန်းကို ဗဟိုပြု၍ ပြန့်နှံလာကြောင်း ကောင်းမင်သတိပြုမိသွားသည်။သူသည် အရိပ်ကမ္ဘာထဲသို့ မတော်တဆ ဆွဲခေါ်ခံလိုက်ရလေသည်။ကောင်းမင်က နောက်အိမ်သာခန်းတစ်ခုထဲ လျှင်မြန်စွာ ပုန်းလိုက်သည်။မကြာခင် ကောင်းမင်သည် ခြေသံများနှင့် ရင်းနှီးသောအသံများကို ကြားလိုက်ရသည်။

"ကျုပ် ဓာတ်ပုံက မကောင်းဘူးလား "

"ဒေါက်တာလု ၊ ခင်ဗျားပြောသမျှ ကျုပ်လုပ်ပေးခဲ့တယ်နော် ၊ အား‌မိုင်က သတင်းထောက်တွေရှေ့မှာ စီတုအန်းကို တိုက်ခိုက်နိုင်အောင် ပရမ်းပတာတွေ ကျုပ်ဖန်တီးခဲ့ရတာ "

ကောင်းမင်သည် အဟကြားမှ ချောင်းကြည့်လိုက်သည်။သံသယရှိလူသည် မျက်နှာဖုံးကို ချွတ်လိုက်သည်။လူသေဓာတ်ပုံကို အသုံးပြုရခြင်းသည် သူ့သက်တမ်းကို ကုန်ဆုံးစေပုံရသည်။အဖြူရောင်ကုတ်ဖြင့်‌ဆရာဝန်တစ်ယောက်သည် ထိုသံသယဖြစ်ဖွယ်လူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေခဲ့သည်။ထိုလူသည် ကောင်းမင်ထက် လူကောင်ကြီးသည်။သူသည် မျက်မှနတပ်ထားပြီး လုံ့လဝီရိယရှိပုံပေါ်သည်။သို့သော်လည်း အရိပ်သည် သူ့မျက်နှာပေါ်တွင် ကြီးမားသည့် 'မွေးရာပါအမှတ်' တစ်ခု ချန်ထားခဲ့သည်။

ဒေါက်တာလုကို မြင်လိုက်ရသောအခါ ကောင်းမင်၏နှလုံးသည် နာကျင်ခြင်းနှင့်အတူ ရှုံ့မဲ့လာ၏။သူသည် ထိုဆရာဝန်ကို မှတ်မိပေသည်!။

သူ၏ပထမဆုံးသေခြင်းမှတ်ဉာဏ်တွင် သူသည် ခြောက်ခြားဇာတ်လမ်းကို ကြုံတွေ့ခဲ့ရပြီးနောက် ဆရာဝန်ထံသွားခဲ့လေသည်။ထိုဆရာဝန်သည် သူ့အား ကုသခဲ့သူဖြစ်သည်။သူက ဆရာဝန်ကို သူ့ရောဂါအခြေအနေအားလုံးကို ပြောပြခဲ့သည်။ထိုလူသည် ခွဲစိတ်ခန်းသုံး စကေဘာဓားဖြင့် ကောင်းမင်၏လည်ပင်းကို ထိုးစိုက်ခဲ့သည်။ထိုအရာသည် ကောင်းမင်၏ပထမဆုံး သေဆုံးခြင်းဖြစ်သည်။ကောင်းမင်သည် သူ့ပြန်လည်မွေးဖွားမှုများတွင် ထိုဆရာဝန်ဖြင့် အကြိမ်အနည်းငယ်ကြုံတွေ့ခဲ့ရသည်။အကြိမ်တိုင်း သူသည် ထိုဆရာဝန်၏လက်ထဲတွင် သေဆုံးခဲ့ရသည်။

ကောင်းမင်က သူ့အသက်ရှူသံကို ထိန်းထားလိုက်သည်။ကြိမ်ဖန်များစွာသေဆုံးပြီးနောက်ပိုင်း သူသည် နာကျင်ခြင်းနှင့် အသားကျနေခဲ့ပြီဖြစ်သည်။

"အကုန်လုံးလား "

ဒေါက်တာလုသည် လူသေဓာတ်ပုံကို ဆွဲယူလိုက်သည်။သူသည် ဓာတ်ပုံကို ဂရုတစိုက် သုတ်လိုက်သည်။

"မနက်မိုးလင်းကတည်းက အားမိုင်ကို ကန့်သတ်ထားတာမို့ အစီအစဥ်က မပြည့်စုံဘူး..."

ထိုလူသည် ကြောက်ရွံ့နေ၏။သူက အလျင်အမြန်ပြောလိုက်သည်။

"ဟန်သဲ့ ကိုယ်ပိုင်ကျောင်းက ကလေးတွေကိုလည်း ဖြေရှင်းခဲ့ပြီးပါပြီ ၊ သူတို့အားလုံးကို အရှေ့ပိုင်းမြို့တော် ခွေးမြေအောက်ခန်းကို ပို့ပြီးခဲ့ပြီလေ ၊ ခင်ဗျားနဲ့ စီတုအန်း သွားစစ်ဆေးလို့ရပါတယ် "

ထိုလူက အသနားခံလိုက်သည်။

"ကျုပ် ခင်ဗျားညွှန်ကြားချက်တိုင်းကို လိုက်နာခဲ့တယ် ၊ အားမိုင်ကို လွတ်ပေးလို့ ရမလား ၊ သူက အရမ်းငယ်ပါသေးတယ်ဗျာ "

"မင်းတော့ သွားလို့ရတယ် ၊ ဒါပေမယ့် သူကတော့ မရဘူး "

ဒေါက်တာလုက အေးအေးဆေးဆေးပြောလိုက်သည်။

"ငါ့လူနာတိုင်းက ငါ့ရဲ့စုဆောင်းမှုတွေပဲ "

"ခင်ဗျာ အရင်က ဒီလိုပြောခဲ့တာ မဟုတ်ဘူ ! ကျုပ်ခင်ဗျားကို အများကြီး ကူညီပေးခဲ့တာ ၊ ကျုပ်ခင်ဗျားအတွက် လူတောင်သတ်ပေးခဲ့တာ ! ကျုပ်မှာ အခုဘာမှ မရှိတော့ဘူး ! "

ထိုလူသည် ဒေါက်တာလုဆီ သွားလိုက်သည်။သူသည် ဒေါက်တာလု၏ပုခုံးများကို ကိုင်လိုက်သည်နှင့် အဖြူရောင်ကုတ်အောက်မှ အမျိုးသမီးလက်တစ်‌ဖက် ထွက်လာ၏။ဒေါက်တာလု၏ ခန္ဓာကိုယ်ပေါ်တွင် လူနာတစ်ယောက်၏မျက်နှာတစ်ခု ပေါ်လာလေသည်။သူတို့သည် အတူတကွ တွဲဆက်နေသကဲ့သို့ ဖြစ်သည်။

"ငါမင်းကို မလိမ်ပါဘူး "

ဒေါက်တာလု၏အနောက်မှ စကေဘာဓားတစ်ချောင်းကိုင်ထားသည့် နောက်လက်တစ်ဖက်ထွက်ပေါ်လာ၏။ယင်းသည် ထိုလူ၏လည်ပင်းကို ဖြတ်တောက်လိုက်သည်။

"မင်းထွက်သွားနိုင်မယ်လို့ တကယ်ကြီး တွေးနေတာလား "

ဓာတ်ပုံသည် သွေးစွန်းအလောင်းပေါ်သို့ ပြုတ်ကျသွားသည်။ထိုလူ၏အလောင်းသည် မကြာမီ အရိပ်၏စုပ်ယူခြင်း ခံလိုက်ရသည်။ဒေါက်တာလုက တစ်စုံတစ်ခုကို ရသွားခဲ့သည်။သူက အိမ်သာထဲက ထွက်သွားပြီး အမှောင်ညထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

"စီတုအန်းက အရိပ်ကမ္ဘာထဲက မွန်းစတားတွေနဲ့ အလုပ်လုပ်နေခဲ့တာပဲ ၊ သူ့ကို စုံစမ်းစစ်‌ဆေးရေးဌာနအကြီးအကဲဖြစ်စေဖို့ မွန်းစတားတွေက သူ့ကို တိုက်ခိုက်နေတယ်... ဒါမှမဟုတ် ဒါက သရဲတွေရဲ့ တည်ရှိမှုကို ဖော်ထုတ်ဖို့လား "

အရိပ်ပျောက်ကွယ်သွားပြီးနောက် ကောင်းမင်သည် အိမ်သာခန်းမှ ထွက်လာ၏။သူသည် ဒေါက်တာလုကို တိုက်ခိုက်လုနီးပါးဖြစ်သော်လည်း ထိုလူသေအလောင်းဆီမှ ပိုအရေးကြီးသည့်တစ်စုံတစ်ခုကို ကြားခဲ့ရသည်။

ဒေါက်တာလုနှင့်စီတုအန်းသည် ဤညတွင် အရှေ့ပိုင်းမြို့တော်၏ခွေးမြေတိုက်ခန်းကို သွားကြလိမ့်မည်ဖြစ်သည်။ ဒေါက်တာလုအား သူတိုက်ခိုက်လိုက်ပါက စီတုအန်းစိတ်ပြောင်းလိုက်မည်ကို ကောင်းမင်စိုးရိမ်လေသည်။

"အရှေ့ပိုင်းမြို့တော်ခွေးမြေတိုက်ခန်းလား ၊ ဟန်ဟိုင်း ခွေးမြေတိုက်ခန်းအမှုများလား "

ကောင်းမင်သည် ထိုလူသတ်မှုဖြင့် အလွန်ရင်းနှီးလေသည်။ထိုအမှုသည် တော်တော်ရိုးရှင်းပေသည်။ယင်းအမှုသည် အရှေ့ပိုင်းမြို့တော်အစွန်ဘက် ယာယီနေအိမ်များအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တစ်နေ့တွင် ကလေးတစ်‌ယောက်သည် သူ့မိဘများကို စွန့်ပစ်မြေတိုက်ခန်းထဲတွင် ခွေးကြီးတစ်ကောင်ရှိကြောင်းပြောခဲ့သည်။ပထမတွင် မိဘများက ဂရုမစိုက်ခဲ့ပေ။သို့သော်လည်း ကျေးရွာထဲရှိကလေးများသည် စတင်ပျောက်ဆုံးလာကြသည်။လူကြီးများက မြေတိုက်ခန်းကို စတင်သံသယရှိလာကြသည်။အဆုံးတွင် သူတို့သည် မြေတိုက်ခန်းထဲတွင် ကလေးများကို ပစ်မှတ်ထားသည့် အရူးတစ်ယောက်ကို တွေ့ခဲ့ကြလေသည်။

All Chapters