အလုပ်တစ်ခု
Vol. 6 Ch. 82
ကောင်းမင်သည် ထွက်မသွားခဲ့ပေ။သူက ထိုအမျိုးသမီးကို စောင့်ရှောက်ပေးလာသည်နှင့်အမျှ သူသည် မြေတိုက်ခန်းနှင့် ပိုမိုရင်းနှီးလာသည်။အရာအားလုံးသည် အစစ်အမှန်ဖြစ်နေပုံ ရလေသည်။ သူသည် အမြင်အာရုံနှင့်အကြားအာရုံကို မရရှိသေးသော်လည်း သူ့နှလုံးသားထဲသို့ အလင်းရောင်တစ်ခု ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ သူက မမြင်နိုင်မကြားနိုင်ပင်လျှင် မကြောက်ရွံ့တော့ချေ။ ရင်းနှီးနေသည့် အနံ့ဆိုးသည် ပိုမိုပြင်းထန်လာ၏။ကောင်းမင်ကို ဆုပ်ကိုင်ထားသောလက်သည် အားပျော့နေခဲ့သည်။ သူမသည် အိပ်ရာထဲ လှဲနေရသောကြောင့် ကောင်းမင်က အရာအားလုံးကို လုပ်ဆောင်နေရလေသည်။
ကောင်းမင်တွင် ရည်မှန်းချက်တစ်ခုရှိသည်။ယင်းသည် သူမဘဝ၏ နောက်ဆုံးခြေတစ်လှမ်းထိ လိုက်ပါရန် ဖြစ်သည်။သို့သော်လည်း သူသည် မြေတိုက်ခန်းထဲရှိ ပစ္စည်းများကိုထားသော နေရာများသည် စတင်ပြောင်းလဲလာသည်ကို ရှာတွေ့ခဲ့သည်။ယက်လုပ်ထားသော ဖျာများသည် ခိုးယူခံနေရသည်။မြေတိုက်ခန်းထဲတွင် သူနှင့်နာမကျန်းဖြစ်နေသော အမျိုးသမီးအပါအဝင် အခြားလူများရှိနေလေသည်။
ကောင်းမင်က ထိုကိစ္စကို အာရုံစိုက်ထားလိုက်သည်။တစ်နေ့တွင် သူသည် လက်သေးသေးလေးတစ်ခုကို ဖမ်းမိလိုက်သည်။ထို့နောက်သူသည် ကလေးများ၏ လက်သီးချက်ကြောင့် မြေကြီးပေါ် ငိုက်ကျသွားသည်။
"ရွာကကလေးတွေက ရည်ရွယ်ချက်ရှိရှိ ဒုက္ခရောက်အောင်လုပ်ခဲ့တာလား "
ကောင်းမင်က သူတို့နောက် ပြေးလိုက်သော်လည်း ရုတ်တရက် သူ့ခေါင်းသည် မြေတိုက်ခန်းမျက်နှာကျက်နှင့် တိုက်မိသွားသည်။သူသည် ထွက်ပေါက်နှင့်အလွန်နီးစပ်နေပြီဖြစ်သည်။သူဆန္ဒရှိလျှင် ထွက်သွားနိုင်ပြီဖြစ်သည်။ မိုးရွာသံများနှင့် နီးကပ်လာသောအလင်းရောင်သည် သူ့အားထွက်သွားရန် မြူဆွယ်နေခဲ့သည်။
သာမန်လူတစ်ယောက်သည် တိတ်ဆိတ်သည့် အမှောင်ကမ္ဘာထဲ ပိတ်မိနေချိန်တွင် ထွက်ပေါက်ကို မြင်လိုက်ရပါက ၎င်းသည် မျှော်လင့်ချက်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်ပေလိမ့်မည်။သူတို့၏ ခြေသံများသည် အစီအစဉ်မကျ ရှေ့သို့ ဆက်လက်ရွေ့လျားနေကြသည်။သို့သော် ထိုအခိုက်အတန့်တွင် ကောင်းမင်သည် တစ်စုံတစ်ခု လောင်ကျွမ်းနေသည့်အနံ့ကို ရလိုက်လေသည်။
သူ့နောက်တွင် မီးလောင်နေခြင်းဖြစ်သည်။ ထူထဲသော မီးခိုးများ ပျံ့နှံ့လာ၏။
"ငါ့နောက်မှာ မြေတိုက်ခန်းရှိတယ် ၊ ငါ့ကယ်တင်ရှင်က အဲ့မှာ ရှိနေတုန်းပဲ ! "
ကောင်းမင်ဆီသို့ ရွေးချယ်မှုအသစ်တစ်ခု ရောက်လာခဲ့သည်။သူထွက်သွားရမလား ၊ ပြန်လှည့်ရမလား ။
ကောင်းမင်က ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။သူသည် အမျိုးသမီး၏တည်နေရာကို သူ့နှာခေါင်းဖြင့်သာ တွက်ချက်နိုင်သည်။ မီးခိုးများ အရမ်းထူလာသည့်အချိန်တွင် အနံ့တွေအားလုံးကို ဖုံးလွှမ်းသွားလိမ့်မည်ဖြစ်သည်။ကောင်းမင်က နောက်ပြန်လှည့်လိုက်သည်။သူသည် အမှောင်ထဲတွင် ပြေးလွှားလိုက်ပြီး အသံကင်းမဲ့စွာ အော်ဟစ်လိုက်သည်။ အမျိုးသမီးသည် သူ့အသံကို ကြားမကြား သူမသိပေ။ သူသည် အမျိုးသမီးအား မီးလောင်နေကြောင်းသိစေချင်သည့်အတွက် အသံတစ်ချို့ပြုလုပ်ချင်နေခြင်းဖြစ်သည်။
မီးတောက်များသည် မတော်တဆ သို့မဟုတ် ကလေးများက တစ်ခုခုကို မီးရှို့ခဲ့ခြင်း ဖြစ်နိုင်၏။မီးခိုးများ အလိပ်လိုက်တက်လာ၏။ကောင်းမင်က သူ့လက်များကို မီးတောက်ထဲ ဆန့်လိုက်မိသဖြင့် အသားညှော်နံ့များ ထွက်လာလေသည်။ယခုအချိန် သူနောက်ပြန်လှည့်ခဲ့လျှင် သူလွတ်မြောက်နိုင်သေးသည်။သဲကွဲစွာကြားနေရသော မိုးစက်သံသည် သူ့အား ခေါ်နေလေသည်။မီးလောင်နေသော သစ်သားချောင်းတစ်ခုသည် သူ့ခြေထောက်ပေါ်ပြုတ်ကျလာ၏။ မြေတိုက်ခန်းသည် ပြိုကျလုမတတ်ဖြစ်လာသည်။ကောင်းမင်သည် မျက်မမြင်လူက မည်သို့ ရှင်သန်နိုင်ခဲ့ကြောင်း မတွေးတတ်ပေ။
"ငါ မကြောက်ဘူးကွာ ! "
များစွာသော သေဆုံးခြင်းများသည် ကောင်းမင်အား စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ပေးထားသည်။သူသည် မီးတောက်ထဲတွင် စမ်းတဝါးဝါးဖြစ်နေသော်လည်း သူ့ကိုယ်သူ စိတ်တည်ငြိမ်နိုင်ရန် တွန်းအားပေးထားခဲ့သည်။ သူက မြေတိုက်ခန်းထဲရှိ အမျိုးသမီး၏တည်နေရာကို မှတ်မိနိုင်ရန် ကြိုးစားလိုက်သည်။ကောင်းမင်သည် မီးခိုးများနှင့် ကြောက်ရွံ့မှုတို့ကို တင်းခံရင်း ရှေ့ဆက်သွားလိုက်သည်။ အရာဝတ္ထုများက သူ့ခေါင်းပေါ်တဖွဲဖွဲ ပြုတ်ကျနေလေသည်။ မီးတောက်ထဲတွင် ရင်းနှီးသော လက်ကို မထိတွေ့မိခင်အထိ သူမရပ်တန့်ခဲ့ပေ။
"ခင်ဗျားကို တွေ့ပြီ "
ကောင်းမင်သည် အမျိုးသမီးကို ခပ်မြန်မြန် ချီပိုးလိုက်သည်။သူသည် နောက်ပြန်လှည့်လိုက်ပြီး မိုးရွာသံဆီသို့ ပြေးလွှားလိုက်တော့သည်။လောကကြီးသည် ပိုမိုထင်ရှားလာသည်။သူ၏ နောက်ဆုံးရွေးချယ်မှုကို ပြုလုပ်လိုက်သည့် အချိန်တွင် သူ့ထံမှ ယူဆောင်သွားခံရသော အရာများက ပြန်လည်ရောက်ရှိလာ၏။
"ဒါကမှ ဂိမ်းကို ရှင်းလင်းဖို့ မှန်ကန်တဲ့နည်းလမ်းပဲ ဖြစ်မယ် !"
ကောင်းမင်သည် ထွက်ပေါက်နှင့်နီးလာလေလေ သူ့အာရုံခံကိရိယာများကို ပိုမိုမြန်ဆန်စွာ ရရှိလေလေဖြစ်သည်။သို့သော်လည်း သူ့နောက်မှ အနံ့ဆိုးသည် ဆက်လက်အားပျော့လာနေ၏။
"ငါ သူ့ကို သယ်လာတာပဲလေ ၊ ဒါက ဘယ်လိုဖြစ်တာလဲ "
ကောင်းမင်က ထွက်ပေါက်ဆီပြေးသွားသည်။ကောင်းမင်သည် သစ်သားလှေကားပေါ် တက်လိုက်ချိန်တွင် အနံ့ဆိုးသည် လုံးဝပျောက်ကွယ်သွားတော့သည်။ထို့အချိန်တွင် ကောင်းမင်၏အမြင်အာရုံနှင့် အကြားအာရုံတို့ ပြန်လည်ရောက်ရှိလာကြသည်။သူနောက်လှည့်ကြည့်လိုက်ရာ သူ့နောက်ကျောတွင် ဝါးဆစ်ရုပ်တစ်ခု ရှိနေကြောင်း မြင်လိုက်ရလေသည်။
ကောင်းမင်တစ်ယောက် မကြောက်လန့်ရသေးခင် သူပြန်လှည့်လိုက်သည်နှင့် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသည်။မြေတိုက်ခန်းထွက်ပေါက်တွင် အနက်ရောင်သားမွှေးများနှင့်ဖုံးလွှမ်းနေသော ဧရာမခွေးကြီးတစ်ကောင် ရှိနေလေသည်။
ဧရာမခွေးကြီးသည် သူ့ပါးစပ်ကိုဖြဲ၍ ချွန်ထက်နေသည့်သွားစွယ်များကို ထုတ်ပြလိုက်သည်။ခွေးကြီး၏လည်ချောင်းအတွင်းတွင် သက်ရှိလူသားတစ်ယောက်၏ ဦးခေါင်းတစ်လုံးရှိနေပေသည်။ထိုလူခေါင်း၏ မျက်နှာတွင် မျက်ဆံများ မရှိပေ။သူ့နားများသည် မီးလောင်ခံထားရသည်။ထိုသူသည် အတိအကျပင် ခွေးမြေတိုက်ခန်းအမှုတွင် သေသည်အထိ ရိုက်နှက်ခံခဲ့ရသော မျက်မမြင်လူဖြစ်ပုံရလေသည်။
ပါးစပ်ကြီးသည် ထွက်ပေါက်တည့်တည့်တွင် ဟထားလေသည်။ကောင်းမင်သည် သူ့အာရုံခံစားမှုများ ပြန်လည်မရှိသေးပဲ ပြေးထွက်လာပါက သူသည် ဧရာမခွေးကြီး၏ပါးစပ်ထဲ တန်းရောက်သွားမည်ဖြစ်သည်။သစ်သားလှေကားကို ကိုင်ထားရင်း ကောင်းမင်သည် ထိုလူသားမျက်နှာကို စိုက်ကြည့်လိုက်သည်။သူက ဝါးဆစ်ရုပ်ကို ရှေ့သို့ ဖြေးဖြေးချင်း တွန်းပို့လိုက်သည်။
"ငါ သူ့ကို ကယ်ခဲ့တယ်နော် "
အချိန်အတော်ကြာပြီးနောက် ခွေးကြီးက သူပါးစပ်ကို ပိတ်လိုက်သည်။ လှိုဏ်သံပေါက်နေသော အသံတစ်ခုက ခွေးကြီး၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။
"မင်းက ကိုယ့်ကိုယ်ကို ကယ်တင်ခဲ့တာပါ "
"ငါ မင်းရဲ့မှတ်ဉာဏ်တွေကို ကြုံတွေ့ခဲ့ရတာ ၊ ဟုတ်တယ်မလား "
ကောင်းမင်သည် မျက်မမြင်လူအား အရိပ်ကမ္ဘာမှတဆင့် ထိုပုံစုံအဖြစ် သန္ဓေပြောင်းသွားလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။သူ့ဖြစ်တည်မှုသည် စီစွေ့အိမ်ရာရှိ မည်သည့်အိမ်နီးချင်းထက်မဆို ပိုကြောက်မက်ဖွယ်ကောင်းသည်။
"မြေတိုက်ခန်းက ငါ့အိမ်ပဲလေ ၊ ငါ့မှတ်ဉာဏ်တွေနဲ့ ပြည့်နေမှာပေါ့ "
ခွေးကြီး၏ပါးစပ်က မလှုပ်ရှားသော်လည်း အသံက ပိုထင်ရှားလာသည်။
"ငါက အသံမရှိ အလင်းမရှိတဲ့ လောကကြီးမှာ နေထိုင်နေရတာ ၊ မင်းတို့တွေက ငါ့အိမ်ထဲ ဝင်လာကြတော့ သဘာဝကျကျဆိုရင် မင်းတို့လဲငါ့လို ဖြစ်သင့်တာပေါ့ "
"ငါက င့ါသူငယ်ချင်းတစ်ယောက်ကို လာရှာတာ ၊ သူ့နာမည်က ဝေတယိုတဲ့ ၊ သူက အရမ်းထွားကြိုင်းပေမယ့် ကြင်နာတတ်ပါတယ် "
ကောင်းမင်က ဝါးဆစ်ရုပ်ကို မြောက်ပေးလိုက်သည်။
"ငါ့က ငါ့အကြွေးကို အမြဲမှတ်မိတယ် "
"အရင် သွားလိုက်ပါ "
ဧရာမခွေးကြီးက မြေတိုက်ခန်းအပြင်သို့ ကောင်းမင်တွားထွက်နိုင်ရန် နေရာဖယ်ပေးလိုက်သည်။သူ့ရှေ့တွင် အရိပ်များဖုံးလွှမ်းနေသော ပိုဝမ်ရွာနှင့် မြို့တော်ကြီးရှိသည်။မြေတိုက်ခန်းအပြင်သို့ ကောင်းမင်တွားထွက်နိုင်ရန် နေရာဖယ်ပေးလိုက်သည်။သူ့ရှေ့တွင် အရိပ်များဖုံးလွှမ်းနေသော ပိုဝမ်ရွာနှင့် မြို့တော်ကြီးရှိသည်။
"မင်းရဲ့ အမြင်အာရုံနဲ့ အကြားအာရုံကို ဆုံးရှုံးလိုက်ရတာက ကြောက်စရာကောင်းလား "
"တစ်စက္ကန့်တိုင်းက နှိပ်စက်ခံနေသလိုပါပဲ "
ကောင်းမင်က ရိုးရိုးသားသားပြောလိုက်သည်။
"ဒါက ငါမွေးလာကတည်းက ငါ့ဘဝပဲ "
ဧရာမခွေးကြီးက မြေတိုက်ခန်းဝင်ပေါက်တွင် ထိုင်လိုက်သည်။
"ငါ့ရဲ့ ကလေးဘဝမှတ်ဉာဏ်တွေက ဝေဝေဝါးဝါးပဲ ၊ ငါ့ကို တခြားလူဆီရောင်းစားခဲ့တဲ့ ပန်းအနံ့နဲ့ ငါမိဘတွေကိုပဲ ငါသိတာ ၊ သူတို့က ငါ့ရဲ့မိဘအရင်းတွေ ဟုတ်မယ်မထင်ဘူး ၊ ငါ ငယ်ကတည်းကပဲ သူတို့အတွက် တောင်းရမ်းခဲ့ရတယ် ၊ ငါ့လိုလူတစ်ယောက်အတွက် ငါဟာ တောင်းစားတာ တစ်ခုပဲ လုပ်နိုင်ခဲ့တယ် ၊ ဒါက ငါ့'အမေ'နဲ့ မတွေ့ခင်ထိပေါ့ ၊ သူက ငါ့ကို လူသားတစ်ယောက်ဖြစ်အောင် သင်ကြားပေးခဲ့တာ "
ဧရာမခွေးကြီးသည် ဝါးဆစ်ရုပ်ကို သူ့လက်ဖဝါးပေါ်တွင် ထားလိုက်သည်။ဧရာမလက်သည်းကြီးသည် ယောက်ျားကြီးတစ်ယောက်အား အလွယ်တကူသတ်ဖြတ်နိုင်သော်လည်း ဝါးဆစ်ရုပ်ကိုမူ မထိခိုက်စေခဲ့ပေ။
"အဲဒီတုန်းက အသံပျော့ပျော့လေးတွေကို ငါကြားနိုင်တုန်းပဲ ၊ သူက နည်းလမ်းအမျိုးမျိုးသုံးပြီး ငါ့လို ဘယ်လိုရှင်သန်ရမယ်ဆိုတာ သင်ပေးခဲ့တယ် ၊ သူဟာ ငါ့ကို မျှော်လင့်ချက် ၊ နွေးထွေးမှု နဲ့ ကိုယ့်ကျင့်တရား အဲ့ဒါတွေကို ပေးခဲ့တယိ "
"ဒါတွေကတော့ အမေ မသေခင်ထိပေါ့ ၊ သူ့ရဲ့ သွေးဝေးတဲ့ဆွေမျိုးတွေကို သူ့ကို မြေမြှုပ်ပေးပြီး သူ့အိမ်ကို သိမ်းပိုက်လိုက်ကြတယ်လေ ၊ သူတို့က ငါ့ကို စွန့်ပစ်မြေတိုက်ခန်းကို မောင်းထုတ်လိုက်တာ "
"ငါ ဒီနေရာမှာ အကြာကြီးနေခဲ့တာ ၊ အချိန်ကိုတောင် မေ့နေခဲ့တယ် ၊ ငါမှတ်မိတဲ့ တစ်ခုတည်းသောအရာက မိုးရွာတဲ့နေ့တစ်နေ့ပဲ ၊ လူတစ်ယောက်က မြေတိုက်ခန်းနားမှာ မီးရှို့သွားခဲ့တယ် ၊ ငါက မီးထဲက ပြေးထွက်လာပေမယ့် လူတစ်ယောက်က ငါ့ကို တောင်ကုန်းပေါ်က တွန်းချပစ်ခဲ့တယ် "
"ငါ့ခေါင်းလဲ အတွင်းကြေဒဏ်ရာရသွားတယ် ၊ ငါ့ကို လူတွေလာကယ်ဖို့ ငါ့လက်တွေကို ဝေ့ယမ်းပြီး ကြိုးစားခဲ့ပေမယ့် ဘယ်သူမှ ရောက်မလာကြပါဘူး "
"နာကျင်လွန်းလို့ ငါပြန်နိုးလာခဲ့တယ် ၊ လူတွေက ငါ့ကို ရိုက်နှက်နေကြတယ် ၊ ငါဘာများ အမှားလုပ်ခဲ့လဲဆိုတာ ငါမသိဘူးလေ ၊ သူတို့က ငါ့ကို လူတစ်ယောက်လို ဆက်ဆံဖို့ တွေးပုံမရဘူး "
ဧရာမခွေးကြီးသည် တခြားလူတစ်ယောက်အကြောင်းပြောနေသကဲ့သို့ ခံစားချက် ကင်းမဲ့နေ၏။တခြားလူတစ်ယောက်အကြောင်းပြောနေသကဲ့သို့ ခံစားချက် ကင်းမဲ့နေ၏။
ထိုအချက်များအရ ကောင်းမင်က ခွေးမြေတိုက်ခန်းအမှု၏ အမှန်တရားကို တွေးနိုင်ခဲ့သည်။
ကလေးများက မီးရှို့ပြီးနောက် ထွက်ပြေးရန်ကြိုးစားချိန်တွင် သူတို့သည် မျက်မမြင်လူအား တောင်ကုန်းအောက် တွန်းချခဲ့ကြသည်။သူတို့သည် မျက်မမြင်လူ သေသွားပြီထင်ပြီး ရွာသို့ အပြေးပြန်၍ လူကြီးများကို ပြောခဲ့ကြသည်။ ရွာသားများသည် မျက်မမြင်လူကို သတ်ပစ်ရန်ဆုံးဖြတ်လိုက်ကြပြီး ကလေးများကိုပြန်ပေးဆွဲသော ရာဇဝတ်သားတစ်ယောက်ဟု ပြောခဲ့ကြသည်။
"အဲ့ဒီလူတွေက အသက်ရှင်နေတုန်း ဖြစ်လိမ့်မယ် ၊ မင်းအတွက် သူတို့ကို သွားရှာပေးရမလား "
ကောင်းမင်သည် ခွေးကြီး၏ အမွှေးများကို ထိတွေ့ရန်ကြိုးစားလိုက်သည်။
"ငါက ခြောက်ခြားဂိမ်း ဒီဇိုင်နာတစ်ယောက်ပဲ ၊ မင်းတောင်းဆိုရင် ငါမင်းကို ကူညီဖို့ အရိပ်ကမ္ဘာထဲက ထွက်လို့ရမယ့် ဂိမ်းတစ်ခု ဖန်တီးပေးနိုင်တယ် "
"မလိုအပ်ပါဘူး ၊ ငါသူတို့ကို မမုန်းပါဘူး "
"မင်း သူတို့ကို မမုန်းဘူးဆိုရင် ဘာလို့ လူအများကြီးကို မှောင်မဲနေတဲ့ မြေတိုက်ခန်းမှာ ပိတ်ထားရတာလဲ ၊ ပြီးတော့ ဘာလို့ မင်းရဲ့နာကျင်မှုတွေကို သူတို့ကို ကြုံတွေ့စေတာလဲ "
ကောင်းမင်သည် အပြစ်မဲ့သူများကို ထိခိုက်စေလိုခြင်း မရှိပေ။
"ငါတို့ စကားပြောကြည့်လို့ရမယ် ထင်တယ် ၊ ငါက အသိအမှတ်ပြုလက်မှတ်ရ စိတ်ဆရာဝန်တစ်ယောက်ပါ ၊ ငါမင်းကို ကူညီနိုင်တယ် "
ဧရာမခွေးကြီးက ကောင်းမင်၏မျက်နှာကို ကြည့်လိုက်သည်။ကောင်းမင်သည် ထူးဆန်းသည်ဟု သူတွေးလိုက်သည်။သူသည် ဤနေရာသို့ အလုပ်ရှာရန်ရောက်သည်နှင့် တူ၏။
း ပေးလိုက်မယ်"