မင်းငါ့ကို ဘာလုပ်လိုက်တာလဲ
Vol. 6 Ch. 83
ကောင်းမင်ကို ခဏတာစိုက်ကြည့်လိုက်ပြီးနောက် ဧရာမခွေးကြီးက ပင်ပန်းနေဟန်ဖြင့် ပြောလိုက်သည်။
"ဒါက အရိပ်မြို့တော်မှာ မင်းရဲ့ပထမဆုံးအကြိမ်ဖြစ်လိမ့်မယ် ၊ ဟုတ်တယ်မလား ၊ ဒါက အစစ်အမှန်ကမ္ဘာရဲ့ အရိပ်ပဲ ၊ ဒီနေရာမှာ အစစ်အမှန်ကမ္ဘာက မေ့ပစ်ထားခဲ့တဲ့ မှတ်ဉာဏ်တွေ ၊ အိမ်မက်ဆိုးတွေကို စုဆောင်းထားတယ် ၊ ဒီနေရာမှာ အလင်းရောင်တွေ ၊ ပျော်ရွှင်တာတွေမရှိဘူး ၊ စိတ်ပျက်အားငယ်စရာတွေ ၊ သေခြင်းတရားတွေနဲ့ အမှောင်ထုပဲ ရှိတယ် "
"အဲ့ဒီလူတွေကို မင်းဖမ်းထားတာက ဘာလုပ်စရာရှိလို့လဲ "
ကောင်းမင်သည် မျက်မမြင်လူက အရာများစွာကို သိသည်ဟု ခံစားရသည်။သူသည် မမြင်နိုင်မကြားနိုင်လျှင်ပင် သူ့နှလုံးသားက အရာများစွာကို အာရုံခံနိုင်၏။
"အရိပ်က တွန့်လိမ်နေတဲ့မွန်းစတားတစ်ကောင်ကို မျက်လုံးဖွင့်ပေးလိုက်တိုင်း ဒီလောကကြီးရဲ့ အတွေးတွေကို ထိုးသွင်းလိုက်လိမ့်မယ် "
ခွေးကြီးက မြေပြင်ပေါ်လဲလျောင်းလိုက်ပြီး
"ဒီ အရိပ်မြို့တော်ကြီးက သေဆုံးနေပြီ ၊ ဒီမြို့အတွက် ငါတို့ အသက်ရှင်နေတဲ့လူတွေ ပိုလိုအပ်တယ် ၊ သက်ရှိလူသားတွေက သရဲတွေထက် ပိုများလာတဲ့အချိန်ကျရင် ဖြစ်ရပ်ဆိုးက ရပ်တန့်သွားမှာ ၊ ငါ့လို မွန်းစတားတွေလည်း အစစ်အမှန်ကယ်တင်ခံရခြင်းကို ရှာတွေ့နိုင်လိမ့်မယ် "
"မင်းက လူသားတွေကို သရဲတွေထက် ပိုလိုအပ်တယ် ဟုတ်လား ! "
ကောင်းမင်သည် ဗလာဖြစ်နေသော မြို့တော်ကြီးကို ကြည့်လိုက်သည်။
"ဒါဆို လူဘယ်လောက်များ မင်းလိုအပ်တာလဲ ၊ တစ်ထောင်လား ၊ တစ်သောင်းလား ၊ ဒီမှာ ဘာသရဲတစ္ဆေမှ ရှိတဲ့ပုံမပေါ်ဘူး "
"မင်းမျက်လုံးတွေက မျှော်လင့်ချက်တွေ အရမ်းများနေတယ် ၊ စိတ်ပျက်အားငယ်နေတဲ့ မျက်စိတွေမှသာ သူတို့ကို မြင်နိုင်မှာ "
ခွေးကြီးက သူ့မေးရိုးကို ဟလိုက်သည်။
"မခုခံနဲ့ ၊ ငါမင်းကို ကူညီပေးမယ် "
ဧရာမပါးစပ်ကြီးသည် ကောင်းမင်ကို မြိုချလိုက်သည်။သူသည် အလွန်အေးစက်သော နှင်းထုများဖုံးလွှမ်းခံလိုက်ရသည်။ ဆွံ့အနားမကြားသူတွင် မည်သို့သော အိပ်မက်ဆိုးမျိုး ရှိမည်နည်း။ပုံသဏ္ဍာန် ၊ အရောင်နှင့် အသံများရှိမနေပေ။အမှောင်ထုနှင့် စိတ်ပျက်အားငယ်ခြင်းသာ ရှိလေသည်။
ကောင်းမင်သည် အခြားကမ္ဘာနှင့် ချိတ်ဆက်သွားချိန်ထိ အိမ်မက်ဆိုး၏အောက်ခြေသို့ နစ်မြှုပ်သွားခဲ့သည်။မျက်မမြင်လူသည် ကောင်းမင်အား သူ့အာရုံခံစားမှုများကို ဝေမျှလိုက်သည်။သူတို့နှလုံးခုန်သံများသည် တစ်ထပ်တည်းကျသွားချိန်တွင် သူတို့ သူတို့မျက်လုံးများကို ဖွင့်လိုက်ကြသည်။ထိုအခိုက်အတန့်တွင် ကောင်းမင်သည် အာစေးမိသွားခဲ့သည်။
အလွတ်ဖြစ်နေသည့်မြို့တော်ကြီးသည် ပြောင်းလဲသွားခဲ့သည်။အော်ဟစ်ညည်းညူသံများ နေရာအနှံ့ရှိနေလေသည်။ကောင်းကင်အား အနက်ရောင်မြူထုကြီးက ဖုံးလွှမ်းထားသည်။ ကျိုးပဲ့ပျက်စီးနေသော အဆောက်အဦးများနှင့် အုတ်ဂူများသည် ကောင်းကင်ပေါ်မှ ပြုတ်ကျနေကြသည်။၎င်းတို့သည် မေ့လျော့ထားသော မှတ်ဉာဏ်များ ဖြစ်ပုံရသည်။
မြူပင်လယ်ကြီး၏အဆုံးတွင် ဧရာမဝေလငါးကြီးတစ်ကောင် သယ်ဆောင်ထားသော ကျွန်းကြီးတစ်ကျွန်းရှိလေသည်။ဤလောကထဲရှိ ဝိဉာည်တိုင်းသည် ထိုကျွန်းဆီသို့ ဆွဲဆောင်ခံနေရသည်။သူတို့သည် ထိုကျွန်းပေါ်သို့တက်နိုင်ရန် အကောင်းဆုံးကြိုးစားနေကြလေ၏။
ထို့ထက် အောက်ဘက်တွင် သွေးမြို့တော်တစ်ခုသည် ကမ္ဘာ၏ နက်ရှိုင်းသောနေရာတွင် တည်ရှိနေသည်။ကောင်းမင်သည် ထိုအရာနှင့် ယှဉ်လျင် အလွန်သေးငယ်သည်ဟု ခံစားရသည်။
"အဲ့ဒီမှာ သရဲတစ္ဆေတွေ ဘယ်လောက်များလဲဆိုတာ မင်းရေတွက်နိုင်ရဲ့လား "
ကောင်းမင်က ထွေးထုတ်ခံလိုက်ရသည်။သူ့မျက်လုံးများသည် ထိတ်လန့်ခြောက်ခြားနေဆဲဖြစ်သည်။ သူမြင်ခဲ့ရသော အရာမှ သူစိတ်ပြန်လည်မလာသေးချေ။
"ဒါကြီးက တကယ့်အရိပ်ကမ္ဘာလား "
အရိပ်ကမ္ဘာကို မြင်ခဲ့ရပြီးနောက် ကောင်းမင်သည် နောက်ဆုံးတွင် ရွှမ်ဝမ်က ထိုညတွင် သူ့ကို အိမ်ခေါ်လာပြီးနောက် ဘာကြောင့်အရမ်းကြိုးစားခဲ့မှန်း သဘောပေါက်သွားသည်။
"ငါက ငါ့အိမ်မက်ဆိုးထဲမှာ အရိပ်ကမ္ဘာကို မြင်ခဲ့ရတာ အတော်ကြာပြီ ၊ သူက ငါ့ကို ခေါ်နေတာလေ ၊ ငါ့မျက်လုံးတွေကို ဖွင့်လိုက်တော့ ငါဒီလိုဖြစ်လာတော့တာပဲ "
ခွေးကြီးသည် ကောင်းမင်ကို ချီမြှောက်လိုက်သည်။
"မင်းက အရှိတရားဘက်ကလူဆိုရင် မင်းတတ်နိုင်သလောက် သရဲတွေကို သတ်ရမယ် ၊ မင်းက အရိပ်ကမ္ဘာဘက်ကဆိုရင် လူတွေဒီကို ပိုရောက်လာအောင် ငါ့ကို ကူညီရမယ် "
ခွေးကြီးသည် ကောင်းမင်အတွက် လမ်းနှစ်သွယ်ကို ညွှန်ပြလိုက်သည်။အမှန်တကယ်အားဖြင့် ကောင်းမင်၏သေဆုံးခြင်းမှတ်ဉာဏ်များတွင် လူတစ်ချို့သည့် အရိပ်ကမ္ဘာမှ မွန်းစတားများ အတူတူအလုပ်လုပ်နေကြပြီးသားဖြစ်သည်။သူတို့သည် မြို့ကြီးအား ပရမ်းပတာဖြစ်ရပ်ထဲ ပစ်ထည့်နိုင်ရန် အတူတကွလုပ်ဆောင်နေကြသည်။
"သက်ရှိလူသားတွေက သရဲတွေထက် ဘယ်လိုပိုလုပ်နိုင်မှာလဲ ၊ ကမ္ဘာကြီးနှစ်ခုသာ ထပ်မနေခဲ့ရင် ဒါက မဖြစ်နိုင်တဲ့ မစ်ရှင်တစ်ခုပဲ "
"ဒီလိုသရဲတွေက အများကြီးမရှိပါဘူး ၊ မင်း သူတို့ကို အရင်က မြင်ဖူးပုံမရဘူး ၊ သူတို့က အမုန်းတရားတွေနဲ့ ပျက်စီးနေကြတာ ၊ သူတို့နဲ့စာရင် ငါ့လိုမွန်းစတားတွေက အရိပ်ကမ္ဘာနဲ့ ပေါင်းစည်းနေတဲ့ လူသားတွေပဲလေ ..."
အသံသည် ရုတ်တရက်ရပ်တန့်သွားသည်။ခွေးကြီးသည် သူ့ရင်ဘတ်တွင် တစ်ခုခုစိုက်ဝင်နေသကဲ့သို့ ငုံ့ကြည့်လိုက်သည်။မကြာမီ ကောင်းမင်သည်လည်း ထူးဆန်းမှုတစ်ခုကို သတိပြုမိလိုက်သည်။ ဧရာမခွေးကြီး၏ ထွေးထုတ်ခံရပြီးနောက် သူသည် မျက်မမြင်လူ၏ နှလုံးခုန်သံအား အာရုံခံနိုင်ဆဲ ဖြစ်နေလေသည်။ မျက်မမြင်လူသည် သူ့နှလုံးသားနှင့် ကောင်းမင်၏နှလုံးနှစ်ခုတို့ကို ယှဉ်တွဲလိုက်ချိန်တွင် ထိုဖြစ်ရပ်သည် သားစားကြူးနတ်၏ စွမ်းအားကို နိူးဆွလိုက်မိပုံရသည်။
"ညစ်ပတ်တာ တစ်ခုခုများ ငါစားမိခဲ့တာလား "
ဧရာမခွေးကြီး၏အမွှေးများသည် ရေလှိုင်းများကဲ့သို့ တလိမ့်လိမ့် လှုပ်ရှားသွားသည်။နီရဲနေသော သူ့မျက်လုံးများက ကောင်းမင်ကို စိုက်ကြည့်လိုက်ပြီး
"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ "
"ငါမသိဘူးလေ "
ကောင်းမင်၏နှလုံးတွင် သားစားကြူးနတ်ရှိသည်။နှိပ်စက်ကိရိယာများသည် တချွင်ချွင်မြည်လာကြသည်။သွေးများက မြေတိုက်ခန်းအပြင်ဘက်တွားထွက်လာကြလေ၏။နတ်ဘုရားသည် အစာကို အာရုံခံမိသွားပုံရသည်။
"သရဲလား ၊ မင်းဆီမှာ သရဲတစ်ကောင်ရှိနေတာပဲ! "
ခွေးကြီးသည် တစ်စုံတစ်ခုကို အာရုံခံစားမိသွားဟန် ရသည်။သူ၏ ဧရာမခန္ဓာကိုယ်ကြီးသည် မြေတိုက်ခန်းထဲ တွားဝင်သွားပြီး တိတ်ဆိတ်မှောင်မဲနေသော အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
"ဒါက နားလည်မှုလွဲတာပါကွာ !"
ကောင်းမင်က တောင်းပန်လိုက်သည်။သားစားကြူးနတ်သည် ဒေါက်တာလု၏မှတ်ဉာဏ်များကို ချိန်းကြိုးများအဖြစ် ကြိတ်ချေလိုက်ပြီးနောက် ၎င်းသည် မောပန်းနေခဲ့ခြင်းဖြစ်သည်။ မျက်မမြင်လူသည် အသားနှလုံးနှင့် ပဲ့တင်ထပ်မိသောအခါ သားစားကြူးနတ်သည် ယဇ်ပူဇော်ခြင်းဖြစ်သည်ဟု ယူဆလိုက်ခြင်းဖြစ်သည်။
"ဒါက ဆိုးတာပဲ"
ကောင်းမင်သည် မြေတိုက်ခန်းကို ကြည့်လိုက်ပြီး အထဲပြန်ခုန်ချလိုက်သည်။သူသည် ဝေတယိုကို ကယ်ဆယ်ပြီး ချင်ဂီကို သတ်ဖြတ်ရန်လိုနေဆဲဖြစ်သည်။ထွက်သွားရန် အချိန်မကျသေးပေ။ မြေတိုက်ခန်းထဲသို့ ဒုတိယအကြိမ်ဝင်လာသောအခါ ကောင်းမင်သည် အမြင်အာရုံနှင့် အကြားအာရုံ ဆုံးရှုံးမသွားခဲ့ပေ။ သူ့နှလုံးခုန်သံတစ်ချက်စီတွင် သူ့အနံ့ခံအာရုံသည် ပိုမို သန်မာလာ၏။ကောင်းမင်က ပတ်ဝန်းကျင်ကို ကြည့်ရှုရန် သူ့ဖုန်းကို ထုတ်လိုက်သည်။
ကောင်းမင်သည် ဝင်ပေါက်တွင် အသီးအရွက်ပုတ်များနှင့် သိုးနေသော အစားအစာများရှိကြောင်း နားလည်လိုက်သည်။ပိုက်ဆံစက္ကူများကြားတွင် အမည်မဲ့ ကဗ္ဗည်းတိုင်တစ်ခုရှိလေသည်။ ကဗ္ဗည်းတိုင်ရှေ့တွင် အပြစ်မှခွင့်လွှတ်ပေးရန် တောင်းပန်ထားသော စာသားများရှိလေသည်။
"လူသေပြီးတော့မှ ဒီလိုတွေလုပ်နေတာ ဘာအဓိပ္ပါယ်ရှိလို့လဲ "
မျက်မမြင်လူသည် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သည်။အခြားသရဲတစ္ဆေများသာဆိုလျှင်၊ သူတို့သည် မြေအောက်ခန်းကို စိတ်လှုပ်ရှားပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို စတင်ကြမည်ဖြစ်သည်။
လူတစ်ယောက်သည် မြေအောက်ခန်းထဲ တည့်တည့်ဝင်သွားသည့် လမ်းကြောင်းတစ်ခုကို တူးထားသည်။နံရံတွင် အဆောင်များစွာရှိပြီး မြေပြင်ပေါ်တွင်စုတ်ပြတ်နေသည့် အထည်အလိပ်များ ရှိနေသည်။ကောင်းမင်သည် ထိုအဆောင်များနှင့်ရင်းနှီးနေကြောင်း ခံစားရသည်။
"ဒါတွေက စီစွေ့အိမ်ရာက အဆောင်တွေနဲ့အတူတူပဲ ၊ စီတုအန်းက သူ့လူတွေကို ဒီနေရာမှာ ကပ်ခိုင်းထားတာလား ၊ သူက ဒီကလေးတွေကို ဘာလို့မြေတိုက်ခန်းထဲ ပို့ခဲ့တာလဲ "
ကောင်းမင်သည် အဆောင်များပေါ်ရှိ စာသားများကို နားမလည်ပေ။ သွေးနံ့သည် သိပ်သည်းလာ၏။ မကြာမီတွင် သူသည် ပထမဆုံးအလောင်းတစ်ခုကို တွေ့လိုက်ရသည်။ ယင်းသည် ကွင်းစ်ဌာနမှ စုံစမ်းရေးမှူးတစ်ယောက်ဖြစ်ပေသည်။အလောင်းသည် ပရုတ်လုံးနံ့ထွက်နေ၏။ သူ့မျက်လုံးများသည် သံချောင်းဖြင့် ထိုးဖောက်ခံထားရပြီး မျက်ဆံများ မရှိတော့ချေ။
"သူက အနံ့ဆိုးနောက်လိုက်ဖို့ မရွေးချယ်ခဲ့ဘူးလား ၊ သူက ဂျာကင်အင်္ကျီဝတ်လူနောက် လိုက်သွားပြီးတော့ ....."
အမှောင်ထုထဲတွင် အန္တရာယ်သည် နေရာအနှံ့ဖြစ်သည်။မည်သို့ပင်ဖြစ်စေကာမူ ခွေးကြီးသည် အရိပ်ကမ္ဘာကဖြစ်သည်။ သူသည် လူသားများကို ကြင်နာလိမ့်မည်မဟုတ်ချေ။ ထောင့်ချိုးကွေ့တွင် အဆောင်နှင့် ရုပ်ပုံများ ပိုမိုရှုပ်ထွေးလာလေသည်။၎င်းတို့သည် ရှေးခေတ်သွေး ပူဇော်သက္ကာများကို သရုပ်ဖော်ပုံနှင့်တူသည်။
"ကြည့်ရတာ စီတုအန်းက ဒီနေရာမှာ ရှိနေတာ အတော်ကြာပြီပဲ ၊ သူက ဒီနည်းလမ်းကို အသုံးပြုပြီး မျက်မမြင်လူရဲ့အကူအညီကို လိုချင်နေတာ "
ဥမင်ထဲတွင် အလောင်းများ ပိုမိုများပြားလာ၏။တချို့သည် သေသည်အထိ ရိုက်နှက်ခံထားရသည်။သူတို့၏ဖူးယောင်နေသော အလောင်းများသည် သံလွင်လက်ဖက်ရည်နံ့ထွက်နေ၏။တချို့သည် မီးလောင်ကျွမ်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။အချို့မှာမူ ကိုယ့်ဘာသာ သတ်သေသွားကြခြင်း ဖြစ်သည်။
ကောင်းမင်က မျက်မမြင်လူသည် ကြင်နာတတ်သည်ဟု တွေးထင်ခဲ့သည်။သို့သော် ထိုအရာများကို မြင်ရပြီးနောက် သူ့အတွေးများပြောင်းလဲသွားသည်။မျက်မမြင်လူသည် သူ့အမေကို ကယ်တင်ခဲ့သောသူများအပေါ်သာ ကြင်နာခြင်းဖြစ်ပေသည်။
မြေတိုက်ခန်း၏ အနက်ရှိုင်းဆုံးနေရာတွင် ကောင်းမင်သည် မတ်တပ်ရပ်နေသော လူအများအပြားကို မြင်လိုက်ရသည်။
ထိုနေရာရှိ လူအများစုသည် မိန်းမောစွာ ရပ်နေကြသည်။သူတို့မျက်လုံးများတွင် မျက်ဆံများမရှိပဲ သူတို့ခန္ဓာကိုယ်များသည် တဆတ်ဆတ်တုန်နေကြသည်။သူတို့သည် ပုံရိပ်ယောင်ထဲတွင် ပိတ်မိနေကြဆဲဖြစ်သည်။သို့သော်လည်း လူတစ်ယောက်လွဲ၍ ဖြစ်သည်။ ချင်ဂီသည် ဓားများကို ကိုင်ထားပြီး သူ့မျက်လုံးများကို မှိတ်ထားသည်။သူ့ပတ်ဝန်းကျင်တွင် ခုတ်သတ်ခံထားရသော အလောင်းပုံကြီး ရှိလေသည်။
ကောင်းမင်သည် ဘာဖြစ်နေခဲ့မှန်းမသိပေ။သူက ဖုန်းမီးဖြင့်ထိုးလိုက်ပြီး ချင်ဂီအား အနီးကပ်ကြည့်ရန် ရှေ့တိုးလိုက်သည်။ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပွားသွားပြီး ဓားကိုင်ထားသော ချင်ဂီသည် အလင်းရောင်ရှိရာသို့ လှုပ်ရှားလိုက်လေ၏။
"သူက ပုံရိပ်ယောင်ထဲမှာ ရှိနေတာလား မရှိဘူးလား "
အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ကောင်းမင်ထံတွင် ဆုံးဖြတ်ချက်တစ်ခု ပေါ်လာလေသည်။ ချင်ဂီသည် ပုံရိပ်ယောင်ထဲတွင် ပိတ်မိနေသည်ဖြစ်စေ ၊ မပိတ်မိသည်ဖြစ်စေ အရေးမကြီးပေ။သူသည် ချင်ဂီကို သတ်ပစ်ရမည်ဖြစ်သည်။
"ဒီလို အရမ်းလွယ်ကူတဲ့အခွင့်အရေးကို ငါနောက်ထပ်ရမှာ မဟုတ်ဘူး "
ကောင်းမင်သည် သူ့ဖုန်းကို လှုပ်ယမ်းလိုက်သည်။တဖြေးဖြေးချဉ်းကပ်လာသော ချင်ဂီသည် မီးပုံထဲသို့ တိုးဝင်ချင်နေသော ပိုးဖလံတစ်ကောင်နှယ်။