← Chapters

အမေ

Vol. 6 Ch. 84

အမေ

Vol. 6 Ch. 84

များစွာသော အနံ့အမျိုးမျိုးသည် သူ့နှာခေါင်းထဲ ဝင်ရောက်လာနေကြသည်။ ချင်ဂီသည် လူအမြောက်အမြားစတေးခဲ့ပြီးသည့်တိုင် သူသည်လည်းပဲ အရိပ်ကမ္ဘာဆီသို့ ဆွဲခေါ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

"ဒီမကောင်းဆိုးဝါးက လောဘကြီးသထက် ကြီးလာတာပဲ "

သူ့အမြင်အာရုံနှင့်အကြားအာရုံဆုံးရှုံးပြီးနောက် သူသည် လှောင်အိမ်တစ်ခုထဲ ပိတ်မိနေသကဲ့သို့ ဖြစ်နေလေသည်။သို့သော်လည်း ချင်ဂီသည် မကြောက်ရွံ့ခဲ့ပေ။သူ့ယုံကြည်ချက်သည် သူကိုင်ထားသော ဓားဆီမှလာခြင်းဖြစ်သည်။ဓားသည် သူ့ဘာသာအနက်ရောင်ဖြစ်နေခြင်း မဟုတ်ပေ။၎င်းသည် သွေးရည်ဝနေခြင်းဖြစ်သည်။ဓားကို နေ့စဉ်အဆောင်များဖြင့် သုတ်လေ့ရှိသောကြောင့် ယင်းသည် မကောင်းဆိုးဆန်နေတော့သည်။

"အနံ့တိုင်းက လူတစ်ယောက်ချင်းစီကို ကိုယ်စားပြုတယ် ၊ သူတို့က လူဆိုးလား လူကောင်းလား ငါမပြောနိုင်ဘူး ၊ ဒါပေမယ့် ငါ့နားကပ်လာတဲ့လူတွေကို ငါသတ်နေနိုင်သမျှ နောက်ဆုံး ငါထွက်သွားနိုင်မှာပဲ "

ပိုဝမ်ကျေးရွာ၏ ခွေးမြေတိုက်ခန်းသည် စီတုအန်းအလွန်တန်ဖိုးထားသော နေရာဖြစ်သည်။သူသည် ခွေးမြေတိုက်ခန်းအတွင်းမှ မကောင်းဆိုးဝါး၏ စွမ်းအားကို ဂရုမစိုက်ပေ။သူက အခြားတစ်ခုကို လိုချင်ခြင်းဖြစ်သည်။ဟန်ဟိုင်းပရဟိတအသင်းသည် ယာယီကျောင်းဆောင် ဆောက်လုပ်ခဲ့ချိန်တွင် သူတို့သည် မြေတိုက်ခန်းအတွင်းနေထိုင်ခဲ့ဖူးသည့် အရူးတစ်ယောက်အကြောင်းကို ဒေသခံများထံမှ ကြားခဲ့ရသည်။အဘယ်ကြောင့်ဆိုသော် သူ၏ 'ဝါးမေမေ'သည် ကလေးများကြောင့် မီးလောင်ခဲ့ရသဖြင့် အရူးသည် ကလေးများကို မုန်းတီးနေခဲ့သည်။သူသည် ရွာက ကလေးများကို ပြန်ပေးဆွဲပြီး သေသည့်အထိ နှိပ်စက်ခဲ့သည်။

ချင်ဂီသည် စီတုအန်း၏ အမိန့်ကို ပြန်တွေးလိုက်သည်။ နုပျိုသော အသက်စွမ်းအားကို ငှားယူရန် အခြေခံလိုအပ်ချက်မှာ သရဲတစ္ဆေများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသော ကလေးငယ်များဖြစ်သည်။ နှိပ်စက်ညှင်းပန်းမှု ရက်စက်လေလေ ပိုကောင်းလေဖြစ်သည်။ သူသည် ကလေးများက သူတို့၏အသက်ကို စွန့်လွတ်ရန် လိုအပ်သည်။ထို့နောက် သူက ကလေးများ၏ဘဝသက်တမ်းကို ရိတ်သိမ်းနိုင်မည်ဖြစ်သည်။

ချင်ဂီက စီတုအန်း လုပ်ဆောင်ခဲ့သည့် အပြုအမူများအရ ထိုလူ၏ ဘဝသက်တမ်း ကုန်ဆုံးတော့မည်ကို သိသည်။စီတုအန်း အသက်ရှင်နိုင်ရန် သူသည် ကလေးအလောင်းများကို သယ်ထုတ်သွားရမည်ဖြစ်သည်။

သွေးစတေးတေးခြင်း အကြိမ်များစွာ လုပ်ဆောင်ခဲ့ပြီး ဖြစ်သော်လည်း မြေတိုက်ခန်းထဲသို့ ပို့ဆောင်လိုက်သော ရွာသားများနှင့်ကလေးများသည် ပျောက်ဆုံးသွားမြဲဖြစ်သည်။ သူတို့သည် မနက်လင်းပြီး မြေတိုက်ခန်းကို စစ်ဆေးချိန်တွင် ခြေရာများနှင့် စုတ်ပြဲနေသည့်ရှပ်အင်္ကျီများကိုသာ တွေ့ခဲ့ရသည်။ကလေးအလောင်းများကို ပြန်လုယူရန်အတွက် ချင်ဂီသည် ညဘက်ရောက်လာရခြင်းဖြစ်သည်။

သို့သော်လည်း ‌မြေတိုက်ခန်းအတွင်း သူဝင်လိုက်ချိန်တွင် ထိုမူမမှန်ဖြစ်ရပ်သည် သူမျှော်လင့်ထားသည်နှင့်မတူကြောင်း သတိပြုမိခဲ့သည်။ အနက်ရောင်ဓားသွားသည် လူအမြောက်အများကို သတ်ဖြတ်ပစ်ခဲ့သည်။ချင်ဂီသည် မမြင်ရလျှင်ပင် သူပတ်လည်တွင် ဝန်းရံနေသည့် အလောင်းပုံကြီးကို ခံစားနိုင်၏။သို့သော်လည်း လေထဲကအနံ့သည် လျော့ပါးမသွားခဲ့ပေ။

"ဒါက မင်း ငါ့ရဲ့အသိစိတ်တွေကို ဖယ်ထုတ်ချင်နေတာလား"

မြေတိုက်ခန်းရှိ မကောင်းဆိုးဝါးသည် ကိုယ်ထင်ပြမလာခဲ့ချေ။ချင်ဂီသည် မတူညီသော အနံ့များကို ခွဲခြားသတ်မှတ်ခဲ့ပြီးပြီဖြစ်သည်။သံလွင်လက်ဖက်ရည်နံ့သည် စွမ်းအားကြီး စုံတွဲတစ်တွဲဖြစ်သည်။သူတို့သည် ချက်ချင်းသတ်ဖြတ်ခံလိုက်ရသည်။ချွေးနံ့သည် ရွာသားများဖြစ်သည်။အန္တရာယ်အများဆုံးအနံ့သည် ပရုတ်လုံးနံ့ဖြစ်သည်။အနံ့ပိုင်ရှင်သည် အလွန်ကောက်ကျစ်ပြီး အမျိုးမျိုးသော ဓားများနှင့်ရင်းနှီးသည်။ပျော့ပြောင်းသော အနံ့ဆိုးတစ်ခုလည်းရှိသည်။သူမက အလွန်အားနည်း၏။ချင်ဂီက သူမကို သတ်ဖြတ်ပြီးသောအခါ ထိုအနံ့သည် ထပ်မံထွက်ပေါ်မလာတော့ချေ။

ချင်ဂီသည် အာရုံစိုက်လိုက်ပြီး မည်သည့်အနံ့မှ မကျန်အောင် ဆက်လက်သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။

သွေးများသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းသွားကြသည်။ အရိပ်က ကွဲထွက်သွားခဲ့သည်။ချင်ဂီသည် အလင်းရောင်သေးသေးလေးကို မြင်လိုက်ရလေသည်။

"ဒါက ထွက်ပေါက်လား "

သူသည် တင်းမာနေသော်လည်း အလင်းရောင်ထံ တဖြည်းဖြည်းချဉ်းကပ်သွားချိန်တွင် သူ့သတိကို လျော့ချမထားပေ။ချင်ဂီ နှာခေါင်းရှုံ့လိုက်သည်။သူသည် အနံ့များပြောင်းလဲသွားခြင်းကို သေသေချာချာ အာရုံစိုက်လိုက်သည်။သူသည် အလင်းရောင်နှင့် မီတာအနည်းငယ်ရောက်လာချိန်တွင် သူ့လည်ကုတ်မွေးများက ထောင်မတ်သွားကြသည်။သူက ချက်ချင်း ဘေးသို့ ခုန်ရှောင်လိုက်သည်။

"ငါ အတိုက်ခံနေရပြီ ၊ အဲ့ဒါကို ညွှန်ပြတဲ့ အနံ့မရှိဘူး ! "

သူသည် နောက်ဆုံးစက္ကန့်လေးတွင်ထိုအရာကို မရှောင်တိမ်းနိုင်ခဲ့ပါက သူလည်ပင်းသည် ဟက်တက်ကွဲသွားပြီး ဖြစ်ပေလိမ့်မည်။ချင်ဂီက သူ့အနက်ရောင်ဓားကို ဝေ့ယမ်းလိုက်သည်။ ဘာကိုမှ သူမခုတ်မိချေ။ သူ၏တည်ငြိမ်နေသော နှလုံးသည် လှိုင်းထလာခဲ့သည်။

"ဒီနေရာက စည်းမျဉ်းတွေကို ချိုးဖောက်နိုင်တဲ့ တည်ရှိမှုတစ်ခု ရှိနေတယ် ၊ ဒါက လူလား သရဲလား "

သူ့အနံ့ခံအာရုံသည် အသုံးမဝင်ဖြစ်နေ၏။ ချင်ဂီသည် သတ်ဖြတ်သူတစ်ယောက်အဖြစ် သူ့ဗီဇကိုသာ အားကိုးနိုင်တော့၏။ သူသည် သူ့ခြေထောက်များကို ကွေးထားလိုက်သည်။ချင်ဂီသည် တစ်စုံတစ်ခုကို ဖမ်းနေပုံရသည်။ရုတ်တရက် သူက သူ့ရှေ့တစ်မီအကွာနေရာကို ခုတ်ပိုင်းလိုက်သည်။ ဓားသွားသည် တစ်စုံတစ်ခုကို ဖြတ်တောက်သွားသည်။ သို့သော် သူ့ခြေထောက် ၊ နောက်ကျောနှင့် လည်ပင်းတို့သည် တစ်ချိန်တည်း တိုက်ခိုက်ခံလိုက်ရသည်။

"လေးယောက်လား "

ဒေါက်တာလုသည် မြေတိုက်ခန်းထဲတွင် သရဲတစ်ကောင်သာရှိသည်ဟု ပြောခဲ့သော်လည်း သူ့အား လူလေးယောက် တိုက်ခိုက်နေကြလေသည်။

"တခြားစုံစမ်းရေးမှူးတွေက ငါ့ကို သစ္စာဖောက်တာလား "

ချင်ဂီသည် ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။သူ့ကို တိုက်ခိုက်နေသော လူလေးယောက်သည် အမှောင်ထု၏ သက်ရောက်ခြင်းမခံရပေ။ တကယ်တော့ သူတို့သည် အလွန်ကောင်းမွန်စွာ အချင်းချင်း ပူးပေါင်းဆောင်ရွက်နေကြသေးသည်။

အသက်တစ်ခါရှူချိန်တိုင်းတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပိုမိုများပြားလာ၏။ ယင်းသည် မမျှတသော တိုက်ပွဲတစ်ခုဖြစ်သည်။သူ၏ အကြား ၊ အမြင် ၊ အနံ့ တို့သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။‌နောက်ဆုံး အနက်ရောင်ဓားကို ကိုင်ထားသောလက်က တုန်ယင်လာချိန်တွင် ချင်ဂီသည် အကြောက်တရားကို ခံစားလိုက်ရသည်။ အမှောင်အတိကျနေသည့် အမှောင်ထုထဲတွင် အမည်မသိအကြမ်းဖက်သမားနှင့်ရင်ဆိုင်နေရသော ချင်ဂီသည် ကြောက်ရွံ့နေပြီဖြစ်သည်။စီတုအန်း၏အမဲလိုက်ခွေးတစ်ကောင်အနေဖြင့် ချင်ဂီသည် အမြဲတမ်း နှိပ်စက်ခဲ့သူသာ ဖြစ်သည်။သူသည် အရင်က ထိုကဲ့သို့ တစ်ခါမှ ဆက်ဆံမခံရဖူးချေ။

သူ၏လုံခြုံရေးကို ယူဆောင်လာပေးသော စွမ်းအားများ ပြိုကျသွားပြီးနောက် ချင်ဂီမျက်လုံးများ ပြောင်းလဲသွားခဲ့သည်။သူသည် သူအရင်ကနှိပ်စက်ခဲ့သော ရွာသားများနှင့် ကွာခြားသည့်ဟန် မရှိတော့ပေ။

မြေတိုက်ခန်းထဲရှိ အားပျော့သောအလင်းရောင်သည် သူဘယ်တော့မှ လက်လှမ်းမှီမည်မဟုတ်သော ကောင်းကင်ဘုံတစ်ခုကဲ့သို့ဖြစ်နေလေသည်။ချင်ဂီသည် အနက်ရောင်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။သူ့ တိုက်ခိုက်မှုများက နှေးကွေးလာ၏။သူ့ခြေချင်းဝက်အား လှီးဖြတ်ခံလိုက်ရသည်နှင့် ချင်ဂီသည် မြေပြင်ပေါ်ဒူးထောက်ကျသွားခဲ့သည်။သူ့ခန္ဓာကိုယ်သည် သွေးများစိုရွှဲနေပြီး သူ့လက်ချောင်းများကို ဓားကိုထပ်မံဆုပ်ကိုင်ရန် အင်အားမရှိတော့ချေ။

အဆုံးမရှိသော စိတ်ပျက်အားငယ်မှုတွင် ပထမဆုံးရန်သူသည် မိမိကိုယ်တိုင်ဖြစ်သော်လည်း ချင်ဂီသည် သူ့ကိုယ်သူ မတ်တပ်ရပ်နိုင်ရန် မစွမ်းဆောင်နိုင်တော့ပေ။သွေးကြောများ သူ့နှလုံးအတွင်း ဝင်ရောက်သွားကြသည်။ချင်ဂီသည် သူ့ခန္ဓာကိုယ်ကို ဆုပ်ကိုင်ခံထားရသလို ခံစားလိုက်ရသည်။ သူ့နှလုံးသည် စတင်ခုန်ပေါက်လာ၏။ဖြည်းညင်းစွာပင် သူ့အမြင်အာရုံက ပြန်လည်ရောက်ရှိလာ၏။ သူပထမဆုံး မြင်လိုက်ရသည်က သူ့ပတ်လည်တွင်ရပ်နေသော လူနာလေး‌ယောက်နှင့် ဖုန်းကိုင်ထားသော ကောင်းမင်ကို ဖြစ်သည်။

"မြေတိုက်ခန်းထဲ အပြစ်မဲ့လူတွေအများကြီးကို မင်းတွန်းချခဲ့တုန်းက ဒီနေရာမှာ မင်းသေလိမ့်မယ်လို့တွေးခဲ့ဖူးလား "

ချင်ဂီက ပါးစပ်ဟလိုက်ရာ သွေးများစီးကျလာသည်။

"မင်းဘယ်သူလဲ "

"ငါက ဒီကမ္ဘာကြီးရဲ့ ပုတ်သိုးနေတဲ့အစိတ်အပိုင်းတွေဖြတ်ထုတ်ပြီး ကမ္ဘာကြီးကို ကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေ့ါ "

ကောင်းမင်က ချင်ဂီ၏ အနက်ရောင်ဓားကို ယူလိုက်သည်။

"မင်းမှာ နောက်ဆုံးပြောချင်တာ ရှိလား "

"ငါ မင်းကို ငရဲမှာ စောင့်နေမယ် ၊ စီတုအန်းက မင်းကို သတ်လိမ့်မယ် "

ချင်ဂီသည် စီတုအန်းကို အကြွင်းမဲ့ယုံကြည်ခြင်းဖြစ်သည်။

"ဒါဆိုလဲ ငါ့ကို စောင့်နေလိုက် ၊ သူ့ကို ငရဲမှာ မင်းနဲ့အတူ ပေါင်းစည်းပေးဖို့ ငါအချိန်အကြာကြီး ယူမှာ မဟုတ်ပါဘူး "

ကောင်းမင်က လှည့်ထွက်သွားလိုက်သည်။သားစားကြူးနတ်သည် ချင်ဂီအား ကောင်းမင်၏ သန္ဓေပြောင်းနှလုံးအတွင်း ဆွဲထည့်လိုက်သည်။အရိပ်ကမ္ဘာမှ မွန်းစတားများကိုသာ ချိန်းကြိုးအဖြစ်ပြောင်းလဲနိုင်ခြင်းဖြစ်သည်။နတ်ဘုရားသည် ချင်ဂီကို ဝါးမြိုပြီးနောက် မောပန်းခြင်းမရှိပေ။ တကယ်တမ်းတွင် နတ်ဘုရားသည် အားအင်ပြည့်ဝလာခြင်းဖြစ်သည်။ကြီးမားသော ခန္ဓာကိုယ်သည် ပို၍ စွမ်းအားကြီးလာတော့သည်။

"ချင်ဂီမှာ စူပါလူသားခန္ဓာကိုယ်ရှိတာပဲ ၊ စီတုအန်းက သူ့ကို စတေးခံတစ်ယောက်အဖြစ် လေ့ကျင့်ပေးထားတာများလား "

ကောင်းမင်သည် ဝေတယိုကို ရှာဖွေရန် လူနာလေးယောက်ကို ဦးဆောင်သွားလိုက်သည်။ကောင်းမင် သည် သူ့နောက် အခြားလူလိုက်လာသည်ကို သတိပြုမိလိုက်သည်နှင့် ခွေးကြီးသည် အရိပ်ထဲမှ ထပ်မံထွက်ပေါ်လာ၏။အနက်ရောင်မျက်လုံးများက ကောင်းမင်ကို ကြည့်လိုက်ပြီး

"မင်းက ပစ်မှတ်ကို သတ်လိုက်ပြန်ပြီ ၊ တခြားလူတွေကိုတော့ လွတ်ပေးပါဦး "

"မင်း ငါ့ကို ထပ်ပြီး အထင်လွဲပြန်ပြီ "

ကောင်းမင်က အရှုံးပေးဟန်ဖြင့် သူ့လက်ကို မြောက်လိုက်သည်။

" လူသားတွေအတွက် အရိပ်ကမ္ဘာထဲက လီစန်းခရိုင်မှာ အခြေစိုက်စခန်းတစ်ခုတည်ဆောက်ဖို့ ငါအစီအစဉ်ဆွဲထားတယ် ၊ ငါသူတို့ကို အရိပ်ကမ္ဘာနဲ့ အသားကျဖို့ အဲ့ဒီမှာ နေစေချင်တယ် "

"ငါနားမလည်ဘူး "

ခွေးကြီး၏အမွေးများက အရိပ်ထဲသို့ ပျော်ဝင်နေ၏။သူသည် အချိန်မရွေးထွက်ပြေးနိုင်လေသည်။

"မင်းက အရိပ်ကမ္ဘာထဲကို လူတွေ ပို့ပေးစေချင်ရုံပဲလေ ၊ ဒါပေမယ့် ငါကတော့ ဒီလူတွေကို အရိပ်ကမ္ဘာထဲမှာ ဘယ်လိုရှင်သန်ရမယ်ဆိုတာ သင်ယူစေချင်တယ် ၊ ငါသူတို့ကို အရိပ်ကမ္ဘာမှာ ရှင်သန်စေချင်တယ် "

ကောင်းမင်က သူ့အနာဂတ်အစီအစဉ်ကို ချပြလိုက်သည်။

"မွန်းစတားတွေတောင် ဒီနေရာမှာ အသက်မရှင်နိုင်တာ လူသားတွေက လုပ်နိုင်ပါ့မလား၊ သူတို့ကို အရိပ်တွေဆီ ကျွေးလိုက်တာ ပိုမကောင်းဘူးလား"

"မင်းက ဒါကြီးကို အမှန်လို့ တကယ်တွေးနေမယ်ဆိုရင် ရွာသားတွေနဲ့ကလေးကို ပိတ်ထားဖို့ မင်းဒီလောက်ကြိုးစားနေမှာ မဟုတ်ဘူးလေ "

မျက်မမြင်လူ၏ မှတ်ဉာဏ်များကို ကြုံတွေ့ခဲ့ရပြီးနောက် ထိုလူ၏နှလုံးသားတွင် ဝါးမိခင် စိုက်ပျိုးထားခဲ့သော ကြင်နာမှုလေး ကျန်ရှိနေသေးကြောင်း သူသိခဲ့သည်။

"မင်းနှလုံးသားက ငါနဲ့ထပ်တူကျနေပြီ ၊ အရင်ဆုံး ဒီနေရာကို မင်းပြောင်းလာပြီးတော့ တခြားအိမ်နီးချင်းတွေနဲ့ သိအောင်လုပ်‌ရမယ်ထင်တယ် ၊ အဲ့ဒါက အလုပ်မဖြစ်ဘူးလို့ ထင်ရင် ဒီနေရာကို မင်းပြန်လာလို့ရတယ် "

ခွေးကြီးက သူ့ခေါင်းကို ခါယမ်းလိုက်သည်။သူသည် ကောင်းမင်းကို တစ်ကြိမ်မြိုချမိခဲ့သည်ဖြစ်၍ ယခုတွင်သူ့ဘဝသည် ထိုလူထူးဆန်းနှင့် ချည်နှောင်သွားခဲ့ပြီဖြစ်သည်။

ပဲ့တင်ထပ်မှုကြောင့် ခွေးကြီး၏စွမ်းအားသည် ကောင်းမင်အပေါ်တွင် ကောင်းစွာ အလုပ်မဖြစ်တော့ပေ။ထပ်ပြီး သူသည် အလွန်များပြားသော ရွာသားများနှင့် ကလေးများကို စောင့်ရှောက်ရဦးမည်ဖြစ်သည်။သူသည် သားစားကြူးနတ်ကို တိုက်ခိုက်၍ အနိုင်မရနိုင်ပေ။ကောင်းမင်သည် သူ့အား အခွင့်အရေးတစ်ခု ပေးနေပုံရသော်လည်း ရွေးချယ်စရာမရှိချေ။

"ကောင်းပြီလေ "

ခွေးကြီး၏ခန္ဓာကိုယ်သည် ပြန့်ကားသွားသည်။လူအားလုံးကို မြိုချလိုက်ပြီးနောက် အရိပ်သည် ဆုတ်ခွာသွားခဲ့သည်။ကောင်းမင်က အစစ်အမှန်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ဝေတယိုနှင့် မှောင်မဲနေသည့် လူသေဓာတ်ပုံတစ်ခုသာ ကျန်ရစ်ခဲ့သည်။ခွေးကြီး၏ဓာတ်ပုံသည် အနက်ရောင်ဖြစ်ပြီး အခြားမည်သည့်အရောင်မှ မရှိချေ။ လူတစ်ယောက်သည် အမည်းရောင်ထဲတွင် ပုန်းကွယ်နေသော ခွေးကြီးတစ်ကောင်ရှိကြောင်းသာ ခက်ခက်ခဲခဲ ပြောနိုင်မည်ဖြစ်သည်။

ကောင်းမင်သည် ဓာတ်ပုံကို လှည့်လိုက်ရာ ရင်းနှီးနေသော ကလေးလက်ရေးကို ရှာတွေ့လိုက်သည်။

"မိသားစုဓာတ်ပုံ -

သူတို့ပြောတာက ငါက ခွေးတစ်ကောင်တဲ့ ဒါပေမယ့် ခွေးတွေက ငါ့ထက်ပျော်စရာကောင်းတဲ့ဘဝတစ်ခုရှိတယ်ဆိုတာ ငါသိတယ် ၊ ဒါပေမယ့် ငါမမြင်နိုင် မကြားနိုင်ရင်တောင်မှ ငါရှင်သန်နေမှာပါ ဘာလို့လဲဆိုတော့ အမေ့ကို ငါစောင့်ရှောက်ရမယ်လေ "

All Chapters