လျိုယီ
Vol. 6 Ch. 85
ခွေးဓာတ်ပုံကို သိမ်းဆည်းလိုက်ပြီးနောက် ကောင်းမင်သည် အသိစိတ်လွတ်နေသော ဝေတယိုကို ကြည့်လိုက်သည်။
"တယိုကို ဘာလို့ပစ်ထုတ်လိုက်တာလဲ ၊ မျက်မမြင်လူက သူက ငါ့သူငယ်ချင်းမှန်းသိတာမို့လား "
အချိန်တစ်ချို့ကြာပြီးနောက် ဝေတယို၏မျက်လုံးများက ပုံမှန်ပြန်ဖြစ်လာ၏။သူသည် ကောင်းမင်ကို မြင်သောအခါ စတင်ငိုကြွေးတော့သည်။ အရပ် ၁.၈ မီတာရှည်သော လူထွားကြီးသည် တစ်ခုခုမှားနေပုံရသည်။
"ငါ မင်းနာမည်ကို ဆက်တိုက်ခေါ်နေတာ ၊ ငါ ရူးတော့ မတတ်ပဲ ၊ အမှောင်ထုထဲမှာ ရာစုနှစ်တစ်ခုလောက် နေထိုင်ခဲ့ရသလို ငါခံစားရတယ် "
ဝေတယိုသည် သူ့မျက်ရည်များကို သုတ်လိုက်သည်။
"မင်းလည်း ထောင်ချောက်မိနေမှာကို ငါစိတ်ပူနေခဲ့တာ ၊ ဒါပေမယ့် ငါ့မှာ တခြားလူကို ခေါ်စရာမရှိဘူးလေ"
သာမန်လူတစ်ယောက်အတွက် ရုတ်တရက် မျက်စိကန်းသွားခြင်းသည် ခက်ခဲပေသည်။
"မင်းကို ဒီထဲ ဆွဲသွင်းမိလို့ တောင်းပန်ပါတယ်ကွာ "
ကောင်းမင်က ဝေတယိုကို ကူညီပေးလိုက်သည်။သူသည် ပုံမှန်အခြေအနေသို့ အပြည့်အဝမရောက်သေးချေ။
"ဒါပေမယ့် အခု ငါတို့အိမ်ပြန်လို့ မရသေးဘူးကွ ၊ အထူးသဖြင့် မင်းပြန်လို့မရဘူး "
"ဘာလို့လဲ "
"ဘာလို့ဆို မင်းနဲ့အတူလာခဲ့တဲ့ စုံစမ်းရေးမှူးတွေ အကုန်လုံး ပိတ်မိနေကြလို့ပဲ ၊ မင်းတစ်ယောက်တည်း ပြန်သွားရင် စီတုအန်းက မင်းကို ပစ်မှတ်ထားလိမ့်မယ် "
ကောင်းမင်က အမှန်တရားကို ပြောလိုက်သည်။
"ငါ ချင်ဂီကို သတ်ပြီး စီတုအန်းပျိုးထောင်ထားတဲ့ ဌာနရဲ့ မရှိမဖြစ် လက်သည်းတစ်ချောင်းကို ဖယ်ရှားခဲ့တယ် ၊ ပြီးတော့ သူယုံကြည်ရတဲ့ ဆရာဝန်ကိုလည်း ငါသတ်ခဲ့သေးတယ် "
"ကောင်းတယ် ! ချင်ဂီက လူမဟုတ်ဘူး ! "
ဝေတယိုသည် ထိုလူအကြောင်းစဉ်းစားလိုက်ချိန်တွင် ဒေါသထွက်လာ၏။သူသည် ချင်ဂီကြောင့် မြေတိုက်ခန်းထဲ တွန်းချခံခဲ့ရခြင်းဖြစ်သည်။
"ပြဿနာက ...စီတုအန်းက ဒီကိစ္စကို စုံစမ်းဦးမှာ ၊ မင်းသူ့ကို လိမ်ဖို့ ယုံကြည်ချက်ရှိလား "
ကောင်းမင်၏ အဓိကရည်ရွယ်ချက်သည် ဝေတယိုအား စီတုအန်းအပေါ်တွင် မျက်လုံးတစ်လုံးအဖြစ် ဆက်လက်ထားရှိရန်ဖြစ်သည်။သို့သော်လည်း ဝေတယိုသည် ချင်ဂီက ချက်ချင်းပင် သူ့အား မစ်ရှစ်တစ်လျောက်လုံး ခေါ်ဆောင်စေလာနိုင်သည်အထိ ထိုလိမ်ညာခြင်းအလုပ်ကို အလွန်ကျွမ်းကျင်လေသည်။
ကောင်းမင်သည် ဝေတယိုအား စိတ်အေးအေးထားခိုင်းလိုက်သည်။
"ငါတို့ နဲနဲ ဇာတ်တိုက်လိုက်ရအောင် ၊ ငါမင်းကို မေးခွန်းနဲနဲမေးမယ် ၊ မင်းက အမှန်တရားကို ဖုံးကွယ်ပြီးဖြေ "
ရိုးရိုးရှင်းရှင်းစမ်းသပ်ပြီးနောက် ဝေတယိုသည် အံ့ဩစရာကောင်းသော လူလိမ်တစ်ယောက်ဖြစ်ကြောင်း ကောင်းမင် နားလည်သွားသည်။
"ငါ နဲနဲတော့ ကြောက်နေတယ်ကွ "
ဝေတယိုက လှည့်ပတ်လမ်းလျှောက်နေ၏။
"ငါ ခဏလောက်ပုန်းနေဖို့ ဘယ်သွားရင် ကောင်းမလဲ "
"ဒါလည်း ကောင်းတာပဲ ၊ ကိစ္စလေးတစ်ခုပါပဲကွာ "
ကောင်းမင်က သူ့ပုခုံးကို ပုတ်လိုက်သည်။
"ဒါပေမယ့် သိပ်စိုးမစိုးရိမ်ပါနဲ့ ၊ စီတုအန်းက အချိန်အကြာကြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ပါဘူး ၊ ဒါပြီးရင် မင်းက သူ့ကို ဖော်ထုတ်ခဲ့တဲ့ သူရဲကောင်းဖြစ်လာလိမ့်မယ် "
သူတို့သည် ယာယီလူနေအိမ်ရာမှ ထွက်လာကြသည်။မုန်တိုင်းက သူတို့၏ခြေရာများကို ဆေးကြောပစ်လိုက်သည်။အမှန်တရားသည် မြေတိုက်ခန်းအတွင်း ထာဝရကျန်ရစ်ခဲ့ပြီဖြစ်သည်။
အချိန်အတန်ငယ်ကြာပြီးနောက် သူတို့သည် တက္ကစီတစ်စီးငှား၍ မြို့ဟောင်းသို့ ပြန်လာခဲ့ကြသည်။သူတို့ မထွက်ခွာခင် ကောင်းမင်က တက္ကစီပေါ်ရှိ မှတ်တမ်းကို ဖျက်ပစ်ခဲ့သည်။
ကောင်းမင်သည် လီကျင်းအိမ်ရာနှင့် နီးလာသောအခါ တစ်ခုခုမှားနေကြောင်း သတိပြုမိသည်။သူသည် အကွာအဝေးတစ်ခုနေ၍ ရဲကားများနှင့် စည်းတားထားသော တိပ်ဝါများကို မြင်လိုက်ရ၏။လူတစ်ယောက်သည် အဆောက်အဦး ၂ ရှိ အိမ်ငှားများအားလုံးပျောက်ဆုံးနေကြောင်း ရှာတွေ့သွားပုံရသည်။
"ငါတို့ မင်လောင်လမ်းကို သွားမယ် "
ကောင်းမင်သည် ဝေတယိုအား လီကျင်း၏ အဆင်းရဲဆုံး အရှုပ်ထွေးဆုံးနေရာသို့ ခေါ်လာလိုက်သည်။သူတို့သည် အန်းအန်း၏အရင်နေအိမ်ကို ရှာတွေ့လိုက်သည်။ကောင်းမင်သည် အနက်ရောင်ဓာတ်ပုံကို ထုတ်၍ ဓာတ်ပုံထဲရှိ ဧရာမခွေးကြီးနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ခဏကြာပြီးနောက် အရိပ်သည် ပေါက်ကွဲသွားခဲ့သည်။ခွေးကြီးက ဓာတ်ပုံထဲမှ တွားထွက်လာ၏။သူ၏ အနက်ရောင်အမွေးများသည် တအိအိဖြစ်နေသည်။သူသည် ခြင်္သေ့နက်ကြီးတစ်ကောင်ဖြင့် ပိုတူပေသည်။
"ဒါက ငါ့အတွက် မင်းရွေးထားတဲ့ အိမ်အသစ်လား"
"အမှန်ပဲ ၊ မင်လောင်လမ်းက ငါ့အခြေစိုက်စခန်းအတွက် ပထမခြေလှမ်းပဲ "
ကောင်းမင်သည် အိမ်အလွတ်များကို ညွှန်ပြလိုက်သည်။
"သူတို့ကို လွှတ်ပေးလိုက်ပါ "
"လူသားတွေက အရိပ်ကမ္ဘာထဲမှာ အချိန်အတော်ကြာနေပြီးရင် သူတို့က အရိပ်တွေကြောင့်မို့ မသန့်ရှင်းတော့ဘူး ၊ ဘာကြောင့်လဲတော့ မသိဘူး ၊ သူတို့က အခု အရိပ်ကမ္ဘာသားတွေ ဖြစ်နေကြပြီ ၊ သူတို့သာ အစစ်အမှန်ကမ္ဘာကို ပြန်လာရင် သူတို့ပတ်ဝန်းကျင်က လူတွေကိုလည်း အရိပ်ကမ္ဘာက ပစ်မှတ်ထားလိမ့်မယ် "
ခွေးကြီးက ကောင်းမင်ကို ထပ်မံသတိပေးလိုက်သည်။
အရိပ်သည် ထပ်မံ၍ အရာအားလုံးကို ဝါးမြိုလိုက်သည်။ခွေးကြီးသည် အန်းအန်း၏တိုက်ခန်းကို အိမ်အသစ်အဖြစ် ပြောင်းလဲလိုက်သည်။ရွာသားများ ၊ ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် အားလုံးသော စုံစမ်းရေးမှူးများသည် အဆောက်အဦးအတွင်း ပေါ်လာကြ၏။
"လူအများကြီးအပေါ် မင်းစွမ်းအားသုံးဖို့ဆို ပင်ပန်းမှာပဲ ၊ ဟုတ်တယ်မလား "
ကောင်းမင်က တုန်လှုပ်နေသော ဝေတယိုအား ဆွဲလိုက်သည်။
"နောက်ကျရင် သူက မင်းနဲ့ပူးပေါင်းရမှာ ၊ မင်းတို့နှစ်ယောက်က ဒီလူတွေကို အရိပ်ကမ္ဘာထဲမှာ အသက်ရှင်နိုင်အောင် ကူညီပေးလို့ရတယ် "
"ပူးပေါင်းမှာလား "
ခွေးကြီး၏အသံသည် ချီတုံချီချ ဖြစ်နေ၏။သူသည် ဝေတယိုကို မယုံကြည်ပေ။ ရိုးရိုးသားဆိုရလျှင် ဖြစ်နိုင်ပါက ကောင်းမင်ကိုလည်း သူမယုံပေ။
"မင်းတို့ထဲက တစ်ယောက်က ရဲကောင်း ၊ နောက်တစ်ယောက်က ရဲဆိုး ဖြစ်နိုင်တယ် ၊ ဝေတယိုက လူတိုင်းကို ကယ်တင်ခဲ့တယ်ဆိုတဲ့ ပုံရိပ်ယောင်တစ်ခုကို ငါတို့ဖန်တီးရလိမ့်မယ် ၊ ဒါမှ မင်းပွင့်ပွင့်လင်းလင်း လုပ်မရတဲ့အရာတွေကို သူလုပ်နိုင်လိမ့်မယ် "
ကောင်းမင်သည် ခွေးကြီး၏အမွေးများကို ပွတ်သပ်လိုက်သည်။
"မင်းရဲ့ရွေးချယ်မှုက အမှောင်ထဲက မွန်းစတားတစ်ကောင် ဒါမှမဟုတ် လေးစားခံရတဲ့ နတ်ဘုရားတစ်ပါး ဖြစ်နိုင်ပါတယ် "
ဝါးမိခင် ကွယ်လွန်သွားခဲ့ပြီးနောက် မျက်မမြင်လူသည် ဘယ်တုန်းကမှ လေးစားခြင်းမခံခဲ့ရပေ။ထိုအရာကို ကုသရန်အကောင်းဆုံးနည်းမှာ သူ့အားလူတိုင်း၏လေးစားမှုနှင့် နားလည်မှုရရှိရန် ကူညီပေးရမည်ဖြစ်သည်။ မျက်မမြင်လူက သူသည် ကောင်းမင်ကို ငြင်းဆန်ရန် အခက်တွေ့နေကြောင်း နားလည်သည်။ကောင်းမင်သည့် သူ့နှလုံးသားအတွင်းမှ အရာများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။
"တယို ၊ ဒါက မင်းအတွက် ခက်ခဲလိမ့်မယ် ၊ မင်းကိုကူညီဖို့ အပြင်ကမ္ဘာက ပြဿနာတွေကို မြန်နိုင်သမျှ မြန်အောင် ငါဖြေရှင်းပေးပါ့မယ် "
"ရပါတယ်ကွာ "
ဝေတယိုသည် ဌာနယူနီဖောင်းကို ဝတ်ဆင်ထားဆဲဖြစ်သည်။
"ဂိမ်းဒီဇိုင်နာတစ်ယောက်ဟာ လူသားရင်းမြစ်စီမံခန့်ခွဲမှုမှာ အရမ်းတော်တာကို ငါအံ့သြမိရုံပါပဲ "
ထို့နောက် ကောင်းမင်သည် အရိပ်ကမ္ဘာမှ တစ်ကိုယ်တည်း ထွက်လာခဲ့သည်။
"ဒေါက်တာလုနဲ့ ချင်ဂီကို သတ်လိုက်တာက စီတုအန်းရဲ့ လက်နှစ်ချောင်းကို ဖြတ်လိုက်တာနဲ့ အတူတူပဲ ၊ ဒါပေမယ့်လည်း ဒါက စီတုအန်းရဲ့ အာရုံစိုက်စရာ ဖြစ်သွားလိမ့်မယ် ၊ နောက်ထပ် သူဘာလုပ်မလဲ "
ကောင်းမင်သည် ရဲများကို ရှောင်ကွင်း၍ လီကျင်းအိမ်ရာသို့ ဖြတ်လမ်းမှ ရောက်လာခဲ့သည်။သူသည် ရဲများကြားတွင် ရင်းနှီးသောမျက်နှာများကို မြင်တွေ့လိုက်ရသည်။
ချင်ထျန်းသည် ချူးစီစီကို ဦးဆောင်၍ ကော်ရစ်ဒါတစ်ဝိုက်တွင် စစ်ဆေးနေကြသည်။သူတို့သည် တစ်စုံတစ်ခုကို ကောက်ချက်ချနေပုံရသည်။
"ဆိုတော့ ချင်ထျန်းက သူ့ရဲ့ကြီးကြပ်ရေးမှူးဖြစ်လာတာပေါ့ "
သူတို့ကိုမြင်သောအခါ ကောင်းမင်က အကြောင်း အရာများစွာကို တွေးတောလိုက်မိသည်။သူမှတ်ဉာဏ်များထဲမှ တစ်ချို့တွင် ပူပူနွေးနွေးမှတ်ဉာဏ်များရှိနေသေးသည်။
"လူတွေသေပြီးတဲ့နောက်မှာ လူတိုင်းအဘွားမန်၏ စွပ်ပြုတ်ကိုသောက်ရတာ အံ့ဩစရာမရှိဘူး ၊ လူတစ်ယောက်က အများကြီးမှတ်မိနေရင် ရှေ့ဆက်ဖို့ စိတ်ပါတော့မှာ မဟုတ်ဘူးလေ "
ကောင်းမင်က အဆောက်အဦးထဲ ဝင်လိုက်သည်။သူဝင်မသွားခင် ဝမ်ကျီက ခြေသံကြားသဖြင့် တံခါးလာဖွင့်ပေး၏။အခန်းထဲက မီးရောင်ကိုကြည့်ရင်း ကောင်းမင်သည် သူအိမ်ပြန်လာမည်ကိုစောင့်နေသော တစ်စုံတစ်ယောက်ရှိခြင်းသည် ကောင်းမွန်ကြောင်း ရုတ်တရက် ခံစားလိုက်ရလေသည်။
"အိမ်ပြန်ရောက်ပါပြီ "
ကောင်းမင်က မိုးကာအင်္ကျီကို ချွတ်လိုက်သည်။ရုတ်တရက် ဟင်းလျာနံ့များရလိုက်သည်။
"ဟင်းအနံ့ ကောင်းသားပဲ ၊ မင်းချက်ထားတာတော့ မဟုတ်လောက်ဘူး ၊ ဟုတ်တယ်မလား "
ဝမ်ကျီက ပါးစပ်ဟ၍ အထစ် အထစ်ပြောလိုက်သည်။
"အစ်ကို ပြန်မလာခင် လူ...လူတစ်ယောက်ရောက်လာတယ် ၊ သူ စောင့်နေတာ တော်တော်ကြာနေပြီ "
"ဟမ် "
ကောင်းမင်က အဝတ်မလဲတော့ပဲ မီးဖိုချောင်ထဲ တန်းဝင်သွားလိုက်သည်။သူသည် ဧပရွန်အဝတ်အား ကျွမ်းကျင်စွာ ချွတ်နေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။
အမျိုးသမီးသည် ကောင်းမင်ကို မြင်သောအခါ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"နင့်ညီလေးက တော်တော်ဗိုက်ဆာနေပုံရတယ် ၊ ဒါကြောင့် သူ့စားဖို့ ငါချက်ပြုတ်ပေးနေတာ ၊ ဒါပေမယ့် ကျောင်းတုန်းက နင့်မှာ ညီလေးတစ်ယောက်ရှိတာ ငါဘာလို့ မကြားခဲ့ရတာလဲ "
"လျိုယီလား "
ကောင်းမင်သည် ထိုအမျိုးသမီးကို မှတ်မိသည်။သူတို့သည် အထက်ကျောင်းတုန်းက သူငယ်ချင်းများဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မရှိခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။
"ငါဒီမှာ နေတာကို နင်ဘယ်လိုသိတာလဲ "
"နင့်အဝတ်တွေ အရင်သွားလဲလိုက်ပါဦး ၊ စားသောက်ပြီးမှ ငါတို့စကားပြောကြတာပေါ့ "
လျိုယီသည် ၁.၇ မီတာခန့်ရှိသည်။သူမသည် ဆံပင်များကို ပိုနီတေးပုံ စည်းထားသည်။ဧပရွန်စအောက်တွင် ဝတ်စုံတစ်ခု ဝတ်ဆင်ထားလေသည်။သူမသည် ကြည့်ကောင်းနေပေသည်။ကောင်းမင်အဝတ်လဲပြီးနောက် လျိုယီက အစားအစာများ လာချပေးသည်။
"ငါ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ထားတယ် ၊ နင်တို့ကောင်လေးနှစ်ယောက် အိမ်ကို အရမ်းသန့်ရှင်းအောင်လုပ်ထားတာ ငါအံ့ဩမိတယ် "
"မတွေ့ရတာ ကြာပြီနော် "
ကောင်းမင်သည်လည်း ဗိုက်ဆာနေလေသည်။သူက အစားအသောက်များကို အလျင်အမြန်စားသောက်လိုက်သည်။
"နင်က ငါတို့အတန်းထဲမှာ အကောင်းဆုံးကျောင်းသူပဲ ၊ နင်က ဟန်ဟိုင်းရဲ့ အကောင်းဆုံးဥပဒေရုံးမှာ အလုပ်ရတယ်လို့ ငါကြားခဲ့တယ် "
"အဲ့ဒီမှာ ငါ ခဏ အတွေ့အကြုံယူခဲ့တာပါဟာ ၊ခုတော့ ငါထွက်လိုက်ပြီ "
လျိုယီ၏မျက်လုံးများသည် ထက်မြနေသည်။သူမသည် သူမဘဝနှင့်အနာဂတ်အတွက် ရှင်းလင်းသောနားလည်မှုတစ်ခုရှိသည်။
"ဒါဆို အခု နင်ဘာလုပ်နေတာလဲ "
"ငါက ရှေ့နေတစ်ယောက်ဖြစ်နေတုန်းပဲဆိုပေမယ့် မသန်မစွမ်းလူတွေကို အဓိကထား ကူညီနေတာပါ "
လျိုယီက ရှင်းပြလိုက်သည်။
"အဲ့ဒါအတွက် သင်္ကေတစကား သုံးခုတောင် ငါလေ့လာခဲ့ရတယ် "
"စကားမပြောနိုင်တဲ့လူတွေအတွက် စကားပြောပေးဖို့၊ နင်က အရင်ကလျိုယီနဲ့ တူနေတုန်းပါပဲ "
ကောင်းမင်သည် အထက်တန်းကျောင်းမှ ပွဲတော်များကို ပြန်တွေးလိုက်သည်။
"ငါ နင့်လိုလူမျိုးတွေကို မနာလိုဖြစ်မိတယ် ၊ အရမ်း အထင်ကြီးစရာပဲ "
"အဲ့ဒါတွေ တော်ပါတော့ ၊ တခြားကိစ္စကြောင့် ငါဒီကို လာခဲ့တာ "
လျိုယီက ကောင်းမင်ကို ကြည့်လိုက်သည်။
"ဆာလောင်တစ္ဆေပွဲတော်တုန်းက ဘတ်စ်ကားပေါ်မှာ ငါရှိနေခဲ့တယ် "