← Chapters

မတူညီသော အချိန်စီးကြောင်း

Vol. 6 Ch. 86

မတူညီသော အချိန်စီးကြောင်း

Vol. 6 Ch. 86

အခန်းသည် တိတ်ဆိတ်သွား၏။ကောင်းမင်တစ်ယောက် တစ်စက္ကန့်မျှ အေးခဲသွားသည်။ထို့နောက် သူသည် ဝမ်ကျီ့လက်ကိုဆွဲ၍ သူ့အခန်းထဲ ပို့လိုက်သည်။ဝမ်ကျီထွက်သွားပြီးနောက် ကောင်းမင်က ပြန်ထိုင်ချလိုက်သည်။သူ့အမူအရာသည် မပြောင်းလဲခဲ့သော်လည်း သူ့အကြည့်များက ခြားနားနေခဲ့သည်။

"နင့်စိတ်ထဲမှာ ရှိသမျှ ပြောပြပါ "

"ဟန်ရှန်းအကျဉ်းထောင်ကနေ နင်ကားပေါ်တက်လာတာ မြင်လိုက်တော့ ငါအံ့ဩသွားခဲ့တာ ၊ ငါနင့်ကိုနူတ်ဆက်ချင်ပေမယ့် နင်က နားကြပ်ကြီးတပ်ပြီး အလုပ်များနေတာလေ "

လျိုယီသည် ဖုန်းဖွင့်လိုက်ပြီး သူမဆွဲထားသည့်ဘတ်စ်ကားပုံတစ်ပုံကို ကောင်းမင်ထံပြလိုက်သည်။

"ငါကားပေါ်တက်ပြီးတော့ တစ်ခုခုမှားနေတာကို ငါသတိပြုမိတယ် ၊ ခရီးသည်တွေ ၊ ဒရိုင်ဘာနှင့်ကားကိုယ်တိုင်က ပြဿနာရှိနေတာ ၊ ဥမင်လှိုဏ်ခေါင်းထဲ ကားအက်ဆီးဒင့်ဖြစ်တဲ့အချိန်မှာ ငါအသက်ရှင်ခဲ့ပြီးတော့ ဘတ်စ်ကားကို အမှတ်ရလိုက်တယ် "

"သာမန်ဘတ်စ်ကားတစ်စီး နဲ့မကွာခြားပုံပါဘူး ၊ မှန်တွေက သွေးတွေကြောင့် ဝါးနေရုံပဲလေ "

"အက်ဆီးဒင့်ဖြစ်ခဲ့တဲ့ ဘတ်စ်ကားတွေကို ငါနိုင်းယှဉ်ကြည့်လိုက်တော့ ...."

လျိုယီက လျို့ဝှက်ဖိုင်တစ်ခုကို ဖွင့်လိုက်သည်။

"ဒီ ဓာတ်ပုံနှစ်ပုံကို ကြည့်လိုက် ၊ ကြည့်ရတာ တူနေတယ်လို့မထင်ဘူးလား "

ကောင်းမင်က စခရင်ကို ကြည့်လိုက်သည်။ခေါင်းစည်းပိုင်းတွင်ရှိနေသော ဘတ်စ်ကားသည် လျိုယီဆွဲထားသည့် ဘတ်စ်ကားနှင့် တူညီနေခဲ့သည်။ ကွဲကြေနေသော ပြတင်းပေါက်အရေအတွက် ၊ ကားဘော်ဒီမှခြစ်ရာများကဲ့သို့ အသေးစိတ်အချက်အလက်များပင်လျင် တူညီနေခဲ့သည်။

"ဒါတွေက အတူတူလိုပဲ "

"အဲ့ဒါကို ငါပြောချင်နေတာပဲ "

လျိုယီသည် စခရင်ကို အောက်ဆွဲချလိုက်သည်။

"ရက်စွဲကို ကြည့်လိုက် ၊ ဒီခေါင်းစည်းသတင်းက လွန်ခဲ့တဲ့ဆယ်နှစ်က ဆာလောင်တစ္ဆေပွဲတော်မှာ တင်ခဲ့တာပဲ ! ငါတို့စီးခဲ့တဲ့ဘတ်စ်ကားက လွန်ခဲ့တဲ့ ၁၀ နှစ်က မတော်တဆမှုဖြစ်ခဲ့တာပဲ ! "

ကောင်းမင်သည် ဘတ်စ်ကားနှင့်ပတ်သက်၍ မည်သည့်ထင်မြင်ချက်မှ မရှိပေ။ သူသည် သူ့ကိုယ်သူသာ အလွန်အာရုံစိုက်ထားခဲ့သည်။

"အချိန်ထဲမှာ ပိတ်မိနေတဲ့ ဘတ်စ်ကားတစ်စီးလား "

ကောင်းမင်၏ ဦးနှောက်သည် လည်ပတ်နေ‌၏။

"ရှေ့နေလျိုက မရိုးရှင်းဘူးပဲ ၊ ဒီလို အန္တရာယ်များတဲ့ အခြေအနေမှာတောင် နင်က အကြောင်းအရာတွေ အများကြီး မှတ်မိနေတုန်းပဲ "

"နင်နဲ့ယှဉ်ရင် ဘာမှ မဟုတ်ပါဘူးလေ "

လျိူယီသည် သူမဖုန်းကို ပြန်ယူလိုက်ပြီး အရှိန်နှေးလိုက်သည်။

"ငါနင့်ကို ရှာဖို့ ဒီကို သုံးကြိမ်တောင်လာခဲ့တယ် ၊ ဒါပေမယ့် နင်က အိမ်မှာ မရှိဘူး "

"နင် ငါ့ကို လာရှာခဲ့တာလား "

ကောင်းမင်သည် သူ့နောက်ဆုံးဘဝကို ပြန်တွေးလိုက်သည်။သူသည် အိမ်တွင် သုံးရက်တိတိပိတ်မိနေခဲ့ပြီး လျိုယီနှင့်ဆုံတွေ့ရမည့်အခွင့်အရေးကို လွဲချော်သွားပြီး အခြားအချိန်စီးကြောင်းထဲ ဝင်သွားခဲ့သည်။တစ်နည်းဆိုရသော် ကောင်းမင်သည် သားစားကြူးနတ်၏မှတ်ဉာဏ်ကို ထိန်းသိမ်းမထားခဲ့ပါက သူသည် လျိုယီနှင့် ဘယ်တော့မှ တွေ့လိမ့်မည် မဟုတ်ချေ။

"ပြောရရင် ငါနင့်ကို ကျေးဇူးတင်ရမှာပဲ ၊ အဲ့ညမှာ နင်သာ လမ်းမပြခဲ့ရင် ငါလဲ ဥမင်ထဲက ထွက်သွားနိုင်မှာ မဟုတ်ဘူး "

"ငါ့နောက် လိုက်ခဲ့တာလား "

ကောင်းမင်သည် တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။

"အဲ့ညမှာ ငါ့ကို အမျိုးသမီးတစ်ယောက်က သယ်သွားတာ "

လျိုယီက စိတ်ရှုပ်သွားသည်။

"ဒါပေမယ့် ငါက နင့်ကိုပဲ မြင်ခဲ့တာနော် ၊ နင်က တစ်ယောက်ယောက်ကို စကားပြောနေတာ ၊ တချို့အရာတွေက ထိန်းချုပ်မှုလွတ်သွားပြီး သရဲတွေက နေရာအနှံ့ပဲတဲ့ ၊ အတိတ်က နင်ဖန်တီးခဲ့တဲ့ ဂိမ်းတွေက အစစ်အမှန်တစ်ခု ဖြစ်လာမှာတဲ့လေ "

ကောင်းမင်၏ မျက်ဆံများသည် စတင် တုန်ယင်လာလေသည်။သူသည် ထိုအရာကို အကြိမ်များစွာ ကြားခဲ့ရသည်။

"အသံက တခြားဘာတွေ ပြောခဲ့သေးလဲ "

"ငါမမှတ်မိတော့ဘူး "

လျိုယီက မရေမရာပြောလိုက်သည်။

"အသံက ပြောခဲ့သေးတယ် ၊ နင်က သေခဲ့သင့်တယ်တဲ့ ၊ ဒါပေမယ့် နင်က အရောင်းအဝယ်တစ်ခု လက်ခံခဲ့လို့ အသက်ရှင်မယ့် အခွင့်အရေးတစ်ခုပေးခဲ့တာတဲ့ "

ကောင်းမင်က မတ်တပ်ထရပ်လိုက်သည်။ သူသည် ကြက်သီးမွေးညင်းများ ထလာခဲ့သည်။

သူသည် သူ့နောက်ဆုံးဘဝက ရွှမ်ဝမ်ပြောပြခဲ့သည် ထိုစကားများကို အတိအကျကြားခဲ့ရသည်။ဥမင်လှိုင်ခေါင်းထဲမှ သူထွက်ခွာလာချိန်က သူသည် ရွမ်ဝမ်အား အခြားအမျိုးသမီးဇာတ်ကောင်ရှစ်ယောက်ကို အမဲလိုက်ခြင်း ရပ်တန့်ရန် ပြောခဲ့သည်။ရွှမ်ဝမ်သည် သူ့အကြံပြုချက်အား လိုက်နာခဲ့လျှင် မည်သို့ဖြစ်မည်မှန်းမသိသော်လည်း ရွှမ်ဝမ်၏ကံကြမ္မာသည် ပြောင်းလဲခဲ့ပြီးဖြစ်ပေလိမ့်မည်။

သို့သော်လည်း ရွှမ်ဝမ်၏ကံကြမ္မာပြောင်းလဲခဲ့ပြီးနောက် လျိုယီသည် ကောင်းမင်ကို လိုက်ရှာခဲ့ပြီး သူ့ကို ရွှမ်ဝမ်ပြောလိမ့်မည်ဖြစ်သော တူညီသည့်စကားများကို ပြောပြခဲ့သည်။ကောင်းမင်သည် သူ့မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ရသည်ဟု ယူဆပါက သူသည်လျိုယီထံမှ ထိုအချက်အလက်များကို ဘယ်တော့မှ ကြားရလိမ့်မည်မဟုတ်။ပြီးလျှင် သူသည် သူ့ဂိမ်းများက အမှန်တကယ်ဖြစ်လာပြီး ဥမင်ထဲမှ လူတစ်ယောက်နှင့် အပေးအယူတစ်ခုပြုလုပ်ခဲ့သည်ကို ဘယ်တော့မှ အဖြေရှာနိုင်ခဲ့မည်မဟုတ်ချေ။ထိုခံစားချက်သည် အိမ်မက်ဆန်လေသည်။သူမည်မျှ ရုန်းကန်သည်ဖြစ်စေ ရွေးချယ်မှုအားလုံးသည် တူညီသောရလာဒ်ကိုသာ ညွှန်ပြနေလေ၏။မည်သည့်အရာမှ ပြောင်းလဲနိုင်ခြင်းမရှိချေ။

"ဒါက ကံကြမ္မာဆိုတာလား "

လူတိုင်း လူတိုင်းနှင့် အရာများစွာသည် စစ်တုရင်ရုပ်များသာ ဖြစ်ကြသည်။အရာအားလုံးသည် သူတို့၏ လမ်းကြောင်းအတိုင်း ပြန်လည်ရွေ့လျားနေကြလေသည်။

"ဘာဖြစ်လို့လဲ "

လျိုယီက မတ်တပ်ရပ်လိုက်ပြီး ကောင်းမင်၏ကျောကို ပုတ်လိုက်သည်။

"နင့်ကြည့်ရတာ ကြောက်နေသလိုပဲ ၊ ငါ့စကားတွေကို စိတ်ထဲ မထားပါနဲ့ "

လျိုယီသည် ကောင်းမင်အတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

"ဥမင်ထဲက အသံက ဘာပဲပြောပြော ကိစ္စမရှိပါဘူး ၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြဿနာရှိတယ်လို့ နင်ထင်နေရင် အဓိပ္ပါယ်မရှိဘူးလို့သာ တွေးလိုက်ပါ "

လျိုယီနှင့်ရွှမ်ဝမ်တွင် မတူညီသော ကိုယ်ရည်ကိုယ်သွေးများ ရှိကြသည်။ ရွှမ်ဝမ်သည် အခြားလူများသတိမထားမိဘဲ သူမ၏ပန်းတိုင်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။လျိုယီသည် သူမ၏ ကိုယ်ပိုင်ဆန်းစစ်နိုင်စွမ်းကို ယုံကြည်ပြီး လူတိုင်းကို တူညီသည့်ပန်းတိုင်တစ်ခုကိုပြီးမြောက်စေရန် ဦးဆောင်နိုင်သည်။

"ငါဒီကို ရောက်လာတာ ဒါပဲပြောဖို့မဟုတ်ဘူး ၊ နင်နဲ့ တခြားကိစ္စတစ်ခု ဆွေးနွေးချင်လို့ပဲ "

လျိုယီသည် သူမ၏လက်ဆွဲအိတ်ကို ထုတ်လိုက်သည်။သူမသည် ဘွဲ့ရဓာတ်ပုံတစ်ခုကို ထုတ်ယူလိုက်ဦး ကောင်းမင်ရှေ့တွင် ထားလိုက်သည်။

တစ်ချက်ကြည့်ပြီးနောက် ကောင်းမင်၏မျက်လုံးများသည် ဆွဲခွာမရတော့ချေ။

ဘွဲ့ရဓာတ်ပုံသည် အဖြူအမဲဖြစ်သည်။ကျောင်းသားအားလုံးသည် လူသေများနှင့်တူနေ၏။အချို့ကျောင်းသားများ၏ မျက်နှာများသည် ခြစ်ချခံထားရသည်။

ကျောင်းသားအများစုသည် အဖြူအမဲများဖြစ်သည်။ဘယ်ဘက်ထောင့်တွင် ရပ်နေသောကောင်းမင် ၊ အရှေ့တွင် ဒူးထောက်ထိုင်နေသော လျိုယီ ၊ လျိုယီကို မှီထားသော စုန့်ရွှယ် ၊ နောက်ဘက်တွင် အရပ်အရှည်ဆုံးဖြစ်သော ကျိုးကျွင်းနှင့် မျက်နှာကို ဖျက်ထားသော အလယ်တွင်ရပ်နေသည့် လူငယ် စသည့်သူတို့ငါးယောက်မှ လွဲ၍ဖြစ်သည်။

"စုန့်ရွှယ်လည်း ငါတို့နဲ့အတူ ဘတ်စ်ကားပေါ်မှာရှိတယ် ၊ ငါတို့နှစ်ယောက်ကို သတို့သမီးအရံလုပ်ဖို့ ဖိတ်ထားတာလေ ၊ ပြန်တဲ့လမ်းမှာ ငါတို့ အက်ဆီးဒင့်ဖြစ်တာပဲ "

လျိုယီသည် အလွန်တည်ငြိမ်နေသော်လည်း သူမပြောနေသော ဇာတ်လမ်းသည် ကြောက်မက်ဖွယ်ရာဇာတ်လမ်းတစ်ခုဖြစ်သည်။

"ဘတ်စ်ကားက မှောက်သွားခဲ့တာ ၊ စုန့်ရွယ်ခေါင်းက ကြေမွသွားပြီး နေရာမှာတင် သေသွားခဲ့တာ ၊ ဒါပေမယ့် သူ့ဆီကနေ ငါ ဒီဓာတ်ပုံတွေ့ခဲ့တာ ၊ သူက ဘာလို့ဒီဓာတ်ပုံကို ပြန်ထုတ်ထားလဲ ငါမသိဘူး ၊ ကြောက်စရာအကောင်းဆုံးက ငါအိမ်ရောက်ပြီးတော့ စုန့်ရွယ်က ငါ့ကို မက်ဆေ့ပို့လာတာပဲ "

သူမသည် သူမ၏အဝင်မက်ဆေ့များကို ဖွင့်ပြလိုက်သည်။စုန့်ရွှယ်သည် ကျောင်းသားအနည်းငယ်နှင့်အတူ ဟန်ဟိုင်းတွင် ကျောင်းသားတွေ့ဆုံပွဲပြုလုပ်မည့်အကြောင်း ပြောဆိုနေ၏။သူတို့သည် နှစ်တိုင်းထိုအကြောင်းပြောခဲ့ကြသော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ကြပေ။သို့သော်လည်း ယခုနှစ်တွင် သူတို့က ဆုံးဖြတ်ခဲ့ကြပြီဖြစ်သည်။

"နင် စုန့်ရွှယ်ဆီက မက်ဆေ့ရခဲ့သေးလား "

"ငါတစ်ခါမှ သတိမထားမိခဲ့ဘူး "

ကောင်းမင်က ဖုန်းထုတ်ကြည့်လိုက်သည်။သူ့အဝင်မက်ဆေ့များကို ကြည့်လိုက်သောအခါ သူသည် စုန့်ရွှယ်ထံမှ မက်ဆေ့တစ်စောင်ရထားလေသည်။ အဲဒီတုန်းက သူသည် ကျောက်ရှီနှင့်စကားပြောနေခြင်းဖြစ်သည်။

"လူသေတွေက တွေ့ဆုံပွဲအတွက် လူတွေကို လိုက်ဖိတ်နေတာ ၊ ထပ်ပြီးတော့ ဒီပုံကိုကြည့်လိုက် အလယ်က လူငယ်ကိုကြည့် "

လျိုယီသည် မျက်နှာကိုခြစ်ထားသော ကျောင်းသားကို ညွန်ပြလိုက်သည်။

"ဒီလူနဲ့ ပတ်သက်ပြီး နင့်ဘယ်လိုမြင်လဲ ၊ ငါတို့အတန်းထဲမှာ ဒီလိုလူရှိတာကို ငါဘယ်လို မမှတ်မိနိုင်တာလဲ မသိဘူး "

"ငါလည်း မမှတ်မိဘူး "

ကောင်းမင်က ခေါင်းခါလိုက်သည်။

"ငါတို့မှတ်ဉာဏ်ထဲမှာ ပြဿနာတစ်ခုရှိနေတာလား ဒါမှမဟုတ် အစစ်အမှန်ကမ္ဘာကြီးက ပြဿနာတစ်ခုရှိနေတာလား "

ကောင်းမင်က ထိုအကြောင်းနဲ့ပတ်သက်၍ မှတ်မိနိုင်ရန် အလွန်အကျွံကြိုးစားလိုက်သည်။သို့သော် သူခေါင်းကိုက်လာ၏။

"ဒါက အလုပ်မဖြစ်ရင် တစ်တန်းလုံး ငါစားပစ်တော့မယ် "

"နင်ဘာပြောလိုက်တာလဲ "

လျိုယီသည် ကောင်းမင်စကားကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။

"ငါတို့မမှတ်မိရင် ငါတို့ တစ်တန်းလုံးစားသောက်ပွဲတစ်ခု ဖိတ်သင့်တယ်လို့ပြောတာပါ "

ကောင်းမင်သည် ဓာတ်ပုံနောက်ကျောကို ကြည့်လိုင်သည်။နောက်ကျောတွင် မည်သည့်စာမှ ရေးထာခြင်းမရှိသကဲ့သို့ အရိပ်များလှုပ်ရှားနေခြင်းလည်း မရှိချေ။

အပြစ်ကင်းသူများကို ကယ်တင်ခဲ့သောကြောင့် ကောင်းမင်သည် လူအများအပြား၏ကံကြမ္မာကို ဖြည်းညင်းစွာပြောင်းလဲခဲ့သည်။သူသည် သူလွတ်သွားခဲ့သော အချိန်စီးကြောင်းကို ဝင်ခဲ့ခြင်းဖြစ်သည်။ထိုအရာသည် ထောင်ချောက်လော တကယ့်ထွက်ပေါက်လော သူမသိပေ။

"သူတို့က မိုးရွာတာ ရပ်သွားရင် တွေ့ဆုံပွဲလုပ်ကြမယ်လို့စီစဉ်ထားကြတာ ၊ ငါတို့ မဆုံကြတာ နှစ်တွေကြာပြီလေ "

လျိုယီက ဓာတ်ပုံကို ပြန်သိမ်းလိုက်ပြီး "နင်အလုပ်မများဘူးဆိုရင် ငါတို့အတူသွားကြမယ်လေ ၊ ငါတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုနိုင်ရင် ပိုကောင်းတာပေါ့ "

"ငါက ဖောက်သည်ကြီးတစ်ယောက်အတွက် ဂိမ်းတစ်ခုကို ဒီဇိုင်းဆွဲနေတာ ၊ အဲ့ဒါပြီးမှပဲ ငါသွားနိုင်လိမ့်မယ်"

ကောင်းမင်သည် အတန်းဖော်များ၏ဘဝကို စပ်စုလိုခြင်းမရှိပေ။သူ၏ အကြီးမားဆုံး ပန်းတိုင်သည် အရှေ့ပိုင်းမြို့တော်စုံစမ်းစစ်ဆေးရေးဌာန၏ အနာဂတ်အကြီးအကဲဖြစ်သော စီတုအန်းကို သတ်ဖြတ်ရန်ဖြစ်လေသည်။

All Chapters