← Chapters

စက်ဝိုင်းများ

Vol. 6 Ch. 87

စက်ဝိုင်းများ

Vol. 6 Ch. 87

"ကောင်းပြီလေ ၊ ငါနင့်ကို စောင့်နေမယ် "

လျိုယီသည် ထွက်သွားရန် သူမလက်ဆွဲအိတ်ကို ပြင်ဆင်လိုက်သည်။

"နေပါဦး ၊ ငါနင့်ကို မေးစရာရှိသေးတယ် "

ကောင်းမင်သည် လျိုယီပြောခဲ့သည် အကြောင်းများကို တွေးတောနေခြင်းအား ရပ်တန့်လိုက်ပြီး စတင်ပြောဆိုလိုက်သည်။

"ငါ့နေတဲ့နေရာကို ဘယ်လိုသိလဲဆိုတာ နင်မပြောရသေးဘူးနော် "

"နင် တစ်ခုခုပျောက်နေတာ သတိမထားမိဘူးလား "

လျိုယီသည် သူမအိတ်ထဲမှ ပျက်စီးနေသည့် ကိုယ်ရေးဖိုင်တစ်ခုကို ထုတ်ယူလိုက်သည်။ထိုကိုယ်ရေးဖိုင်အကျဉ်းတွင် ကောင်းမင်၏ဓာတ်ပုံရှိပြီး သူ့လိပ်စာနှင့် သူဆုရရှိခဲ့ထားသော ဂိမ်းများလည်း ပါဝင်သည်။

"ငါနင့်အကြောင်းကို အများကြီးမသိပါဘူး ၊ ဒီကိုယ်ရေးဖိုင် အပိုင်းလေးမှာ နင့်လိပ်စာတစ်ခုပဲ ပါတာလေ "

"ကိုယ်ရေးဖိုင်လား "

ကောင်းမင်က မှတ်မိသွားခဲ့သည်။ညအလင်းရောင်စတူဒီယိုတွင် အလုပ်တစ်ခုရှာရန် သူစုံစမ်းခဲ့က သူသည် ထောင်မှ သူ့ကိုယ်ရေးအကျဉ်းကို ပရင့်ထုတ်ခဲ့သည်။သူ ဥမင်ထဲမှ ထွက်လာချိန်တွင် သူသည် သဘာလွန်ဖြစ်ရပ်များဖြင့် တိုင်ပတ်နေခဲ့သည်။သူက ထိုအကြောင်းကို မေ့လျော့နေခဲ့ခြင်းဖြစ်သည်။

"ဒါက ဘာလို့ နင့်ဆီရှိနေတာလဲ ၊ ဘာလို့ စုတ်ပြဲနေတာလဲ "

"ကြည့်ရတာ နင့်မှတ်ဉာဏ် မကောင်းသေးဘူး ထင်ပါရဲ့ ၊ အဲဒါကို ပေါင်းစပ်ဖို့ ငါတို့ပူးပေါင်းကြရင်ရော ဘယ်လိုလဲ "

လျိုယီက ပြန်ထိုင်လိုက်သည်။

"စုန့်ရွှယ်နဲ့ ငါက ဟန်ကျင်းကနေ ဘတ်စ်ကားစီးလာကြတာ ၊ ငါတို့နှစ်ယောက်နဲ့ ဒရိုင်ဘာအပြင် နောက်ဆုံးတန်းက ခရီးသည်သုံးယောက်ပဲရှိတယ် ၊ မြို့ကနေ ငါတို့ထွက်လာပြီးတော့ ဘတ်စ်ကားက ဟန်ရှန်းမြို့မှာပဲ ရပ်ခဲ့တာ ၊ ပြီးတော့ ကားကိုတောက်လျှောက်မောင်းတော့တာပဲ "

"ငါသိတယ်လေ ၊ ငါ ဟန်ရှန်းကနေ ဘတ်စ်ကားပေါ်တက်လာတာပဲ "

ကောင်းမင်သည်သည် ထိုအကြောင်းကို မှတ်မိနေသေးသည်။

"ကားပြန်မောင်းတဲ့အချိန်မှာ ကားက လူတွေပြည့်နေခဲ့တယ်"

လျိုယီနှင့်ကောင်းမင်သည် မျက်နှာချင်းဆိုင်တွင်ထိုင်နေကြခြင်းဖြစ်သည်။သူတို့ အမူအရာနှင့် အကြည့်များသည် အလွန်ပင် အလေးအနက်ဖြစ်နေခဲ့သည်။

"မဟုတ်သေးဘူး "

ကောင်းမင်က ခေါင်းခါလိုက်သည်။

"ငါ ကားမှတ်တိုင်မှာ ကားစောင့်နေတုန်းက ငါတစ်ယောက်ပဲ ရှိတာ၊ ငါကားပေါ်တက်လိုက်ပြီးမှ ကားပေါ်လူပြည့်နေမှန်း သိလိုက်တာပဲ "

သူတို့မှတ်ဉာဏ်များသည် မတူညီကြသော်လည်း တစ်ယောက် လိမ်ညာနေကြပုံ မရပေ။

"ငါတို့ မတူညီတဲ့ ရှုထောင့်ကနေ တွေးကြည့်ရမယ်ထင်တယ် ၊ နင်နဲ့အတူ ကားစီးလာတဲ့ ခရီးသည်တွေက အကုန်သရဲတွေပဲ "

လျိုယီက ဆက်၍ "ဘတ်စ်ကားက မြို့သုံးမြို့ ဆက်နေတဲ့နေရာကို ဆက်သွားခဲ့တယ် ၊ နင်က ဘတ်စ်ကား‌ ပေါ်မှာ နားကြပ်ကြီးတပ်ပြီး နင့်ဂိမ်းကို အာရုံစိုက်နေခဲ့တယ် "

"အမှန်ပဲ ၊ ငါက ဂိမ်းထဲကို ကိတ်မုန့်ဆိုင်ကြော်ငြာထည့်ဖို့လုပ်နေတာ ၊ ဒါက အရေးကြီးတယ်လေ "

ကောင်းမင်က မငြင်းခဲ့ပေ။

"စုန့်ရွှယ်က အိပ်ပျော်သွားပြီ ၊ ဘတ်စ်ကားက ဆယ်မိနစ်လောက် သွားပြီးတဲ့အချိန်ကျတော့ ငါနင့်ကို နူတ်ဆက်ချင်ခဲ့တယ် ဒါပေမယ့် ငါထရပ်လိုက်တော့...."

စုန့်ရွှယ်က အသက်ပြင်းပြင်းရှူလိုက်သည်။

"ခရီးသည် တစ်ဝက်လောက်က ငါ့ကိုကြည့်နေကြတာ ၊ ငါက အသာအယာပဲ လှုပ်ရှားလိုက်တာလေ ၊ ဒါကြောင့် လူအများကြီးကို အနှောက်အယှက်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ထပ်ပြီးတော့ သူတို့က ငါ့ကို အနှောက်အယှက်ဖြစ်တဲ့ပုံနဲ့ ကြည့်နေတာမဟုတ်ဘူး ၊ ဒါပေမယ့် သူတို့မှာ ကြောက်စရာကောင်းတာတွေ ရှိတယ် "

"ရေခဲတိုက်ထဲက လူတွေက မင်းကို စိုက်ကြည့်နေသလိုမျိုးလား "

ကောင်းမင်သည် ယင်းနေရာတွင် အတွေ့အကြုံရှိသည်။

"ဟုတ်တယ် "

"ဒါက သရဲတွေနဲ့လူတွေကို ခွဲခြားဖို့ နည်းလမ်းကောင်းတစ်ခုပဲ "

ကောင်းမင်က ရေနွေးခွက်ကို ဘယ်ဘက်တွင် တင်ထားလိုက်သည်။

"လူတွေက သူတို့အလုပ်သူတို့လုပ်နေချိန်မှာ သရဲတွေက လှည့်လာပြီးနင့်ကို ကြည့်နေကြတယ် ၊ ဒါပြီးတော့ ဘာဖြစ်ခဲ့သေးလဲ ၊ နင်မှတ်မိလား "

"ငါသာ တစ်ခုခုအမှားအယွင်းလုပ်မိခဲ့ရင် တစ်ခုခုဆိုးဝါးတာ ဖြစ်လာလိမ့်မယ်လို့ ငါခံစားခဲ့ရတယ် "

လျိုယီက သူမဖုန်းကို ထိတွေ့လိုက်သည်။

"ငါက ဗွီဒီယိုနဲ့ ဓာတ်ပုံတွေ တိတ်တဆိတ်ရိုက်ထားခဲ့တယ်လို့ ထင်ခဲ့တာ ၊ ဒါပေမယ့် မအောင်မြင်ပါဘူး ၊ မှတ်တမ်းတွေအကုန်လုံး ဖျက်ခံထားရတယ်လေ "

ကောင်းမင်က ရှက်ရွံ့သွားခဲ့သည်။သူသည် ဂိမ်းတစ်ခုဒီဇိုင်းဆွဲနေချိန်တွင် လျိုယီက အရာများစွာကို ပြုလုပ်နေခဲ့သည်။

"ပြီးတော့ ငါတို့ ဥမင်ထဲ ဝင်ခဲ့ကြတယ် ၊ အရာအားလုံးက မှောင်မဲသွားချိန်မှာ "

လျိုယီသည် သူမဖုန်းပေါ်ရှိ အချိန်ကိုကြည့်လိုက်ပြီး အလေးအနက်ပြောလိုက်သည်။

"ဖုန်းပေါ်ကအချိန်က ရပ်သွားတာကို ငါမြင်ခဲ့ရတယ် "

ဥမင်လှိုဏ်ခေါင်းသည် သဘာဝဥပဒေသမှ ဟနေသော အက်ကွဲကြောင်းတစ်ခုနှင့်တူပေသည်။

"ကားအက်ဆီးဒင့်ဖြစ်ခဲ့တာမို့ ငါ့မှာ ဘာကိုမှ တွက်ချက်ဖို့အချိန်မရခဲ့ဘူး ၊ ကားက လူတစ်ယောက်ကို တိုက်မိသွားတယ် ၊ ပြီးတော့ ကားတစ်စီးလုံးအထိန်းအကွပ်မဲ့သွားတော့တာပဲ "

ကောင်းမင်သည် လျိုယီကို မနှောက်ယှက်ခဲ့ပေ။ဘတ်စ်ကားနှင့်တိုက်မိသောလူသည် သူဖြစ်ကြောင်း လျိုယီကို မပြောပြလိုက်ပေ။

"ငါသတိဝင်လာတော့ ခရီးသည်တွေအကုန်လုံး မရှိတော့ဘူးဆိုတာ ငါသိလိုက်တယ် ၊ ငါလည်း အကူအညီခေါ်ချင်ပေမယ့် ဖုန်းလိုင်းက မမိခဲ့ဘူးလေ "

လျိုယီ၏မျက်လုံးထဲတွင် ‌ကြောက်ရွံ့ခြင်းများ ပြည့်နေ၏။သူမသည် ထိုအကြောင်းကို သတိမရချင်ပေ။

"အော်ဟစ်သံတွေက နေရာအနှံ့ပဲ ၊ ငါ့ကို လွန်ခဲ့တဲဆယ်နှစ်က မတော်တဆမှုထဲ ပြန်ပို့ခံလိုက်ရသလို ခံစားခဲ့ရတယ် ၊ လူကြီးနဲ့ကလေးတွေက ငိုကြွေးနေကြတယ် ၊ ဖုန်းမီးကလည်း ဝေးဝေးမရောက်နိုင်ခဲ့ဘူး "

"ငါနိုးလာတော့ ကားပေါ်မှာ ဘယ်သူမှ မရှိဘူး ၊ ဘာမှလည်း မကြားခဲ့ရဘူး ၊ ငါမြင်တာကတော့ အမှောင်ထုတစ်ခုတည်းပဲ "

ကောင်းမင်က ပြောလိုက်သည်။

လျိုယီသည် ကောင်းမင်ကို ကြည့်လိုက်ပြီးနောက် ခက်ခက်ခဲခဲပြောလိုက်သည်။

"နောက်ပိုင်းမှာ နင်အော်တာက အကျယ်ဆုံးပဲ ၊ ဒီလိုကြောက်စရာကောင်းတဲ့ အော်သံကို အရင်က ငါမကြားဖူးဘူး "

"အဲ့သလိုလား "

ကောင်းမင်က သူ့နှာခေါင်းကို ကုတ်လိုက်သည်။

"ငါက မှတ်ဉာဏ်မကောင်းဘူး ၊ အဲ့ဒါတွေကို ငါမမှတ်မိဘူး "

"နင့်အသံကို ကြားပြီးတော့ ငါရှေ့ဆက်သွားလိုက်တယ် ၊ပြီးတော့ မရင်းနှီးယောက်ျားသံတစ်ခုကို ငါကြားခဲ့ရတယ် "

လျိုယီက စူးစမ်းလိုက်သည်။

"နင်ဘယ်သူ့ကို စကားပြောနေတာလဲ ၊ သူက ဘာလို့ဥမင်ထဲမှာ ရှိနေတာလဲ ၊ သူက မတော်တဆမှုနဲ့ ဆက်စပ်နေတာလား "

"ငါ သူ့မျက်နှာကို မမြင်ရဘူး "

ကောင်းမင်သည် ဥမင်လှိုဏ်ခေါင်းထဲတွင် အကြိမ်များစွာသေဆုံးခဲ့သော်လည်း ထိုလူကို မသိရှိရသေးပဲ ဖြစ်နေ၏။

"နင်တို့နှစ်ယောက်က တချို့သဘောတူညီချက်လုပ်ခဲ့တာ ၊ ပြီးတော့ နင်က အရူးတစ်ယောက်လို စပြေးတော့တာပဲ ၊ နင့်ကို အမှီလိုက်ဖို့ ငါအရမ်းကြိုးစားခဲ့ရတယ် "

လျိုယီသည် ကိုယ်ရေးဖိုင်ကို စားပွဲပေါ်တင်လိုက်သည်။

"နင်က ကိုယ်ရေးဖိုင်၊လက်တော့နဲ့ ကျောပိုးအိတ်တွေ ကျထားခဲ့တာ ၊ ငါ ကောက်ဖို့တွေးလိုက်ပေမယ့် အမှောင်ထဲက လူတစ်ယောက်က အဲ့ဒါတွေအတွက် ငါ့ကို တိုက်ခိုက်ခဲ့တယ် "

"နောက်ထပ် အသက်ရှင်တဲ့သူ ရှိခဲ့တာလား "

"ငါမသိဘူး ၊ ငါဘာမှ မမြင်ရဘူး ၊ နောက်ဆုံးတော့ နင်ပြေးနေတဲ့အသံကို ကြားပြီး ငါလဲ ပြေးခဲ့တာပဲ "

‌လျိုယီသည် ရေနွေးခွက်ကို ‌ယူပြီး မော့လိုက်သည်။ရေနွေးခွက်ကို ‌ယူပြီး မော့လိုက်သည်။

"ဘယ်လောက်ကြာအောင် ပြေးခဲ့လဲ ငါမေ့သွားပြီ ၊ ငါတို့ထွက်ပေါက်နားရောက်ခါနီးမှာ အလင်းရောင်ရှိနေခဲ့တယ် "

"ဒါပြီးတော့ ငါ့ကို သယ်သွားတဲ့လူကို နင်မြင်လိုက်သေးလား "

ကောင်းမင်က မေးလိုက်သည်။

"မတွေ့ဘူး "

လျိုယီက ခေါင်းခါလိုင်သည်။

"နင့်ကို မှုန်ဝါးဝါးအရိပ်တစ်ခုက သယ်သွားတာပဲ ၊ အဲ့ဒါက လူမဖြစ်နိုင်ဘူး "

"နင် ရွှမ်ဝမ်ကို မမြင်ရဘူးပေါ့ "

ကောင်းမင်သည် ကျွမ်းကျင်သော စိတ်ဆရာဝန်တစ်ယောက်ဖြစ်သည်။လျိုယီမလိမ်ကြောင်း သူပြောနိုင်သည်။

"အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ငါလဲ မပြောတတ်ဘူး ၊ ဒါပေမယ့် ငါပြောရရင် နင့်ကိုယ်နင်ထက် တခြားလူတွေကရော သူ့ကို မြင်ရလား "

လျိုယီ၏စကားများသည် ကောင်းမင်ကို ထိတ်လန့်သွားစေသည်။

"နင်မှာလည်း နင်ဖြေဖို့ မေးခွန်းတချို့ရှိနေဦးမယ် ထင်ပါတယ် "

လျိုယီသည် လက်ပတ်နာရီကိုကြည့်ရင်း သူမလက်ဆွဲအိတ်ကို ကောက်ကိုင်လိုက်သည်။

"နောက်ကျနေပြီ ၊ ငါအလုပ်သွားလုပ်ရဦးမယ် ၊ နောက်မှ တွေ့မယ် "

"ညနက်တဲ့အထိ နင်ဘာအလုပ် လုပ်နေတာလဲ "

"ရှေ့နေအလုပ်ပေါ့ဟာ"

ဖုန်းနံပါတ်များကို အပြန်အလှန်မှတ်သားလိုက်ပြီး လျိုယီက အလျင်အမြန်ထွက်သွား၏။သူမသည် ဖုန်းကို နောက်ဆုံးအကြိမ်ကြည့်ခဲ့စဉ်က အရေးကြီးသည့် မက်ဆေ့အချို့ကို မြင်ခဲ့ရသည်။

"ဂရုစိုက်ဦး "

တံခါးကို ပိတ်လိုက်ပြီးနောက် ကောင်းမင်သည် ရွှမ်ဝမ်ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။ ဖုန်းအဝင်သံသည် အချိန်‌အတော်ကြာမြည်နေပြီးနောက် ချိတ်ဆက်မိသွားသည်။

"မင်း အခုအဆင်ပြေရဲ့လား "

အချိန်တစ်ချို့ကြာပြီးနောက် ရွှမ်ဝမ်က ပြန်ဖြေလိုက်သည်။

"သိပ်မကောင်းဘူး "

သူမအသံသည် အလွန်အားနည်းနေ၏။ထိုသည်က ကောင်းမင်အား ရွှမ်ဝမ်ကို အရိပ်ကမ္ဘာက ဝါးမြိုသွားသည့်အချိန်ကို အမှတ်ရသွားစေသည်။

"ကိုယ့်ကို မင်းလိပ်စာပေး ၊ ကိုယ် တစ်မိနစ်အတွင်း ရောက်အောင်လာခဲ့မယ် "

ခဏမျှတိတ်ဆိတ်သွားပြီးနောက် ရွမ်ဝမ်က ပြောလိုက်သည်။

"ကျွန်မက လီစန်း မင်လောင်လမ်းအိမ်ရာ ၉ မှာ နေတာ "

ကျောက်ရှီ မသေခဲ့သောကြောင့် ရွှမ်ဝမ်သည် သူ့အိမ်သို့ ပြောင်းမလာခဲ့ပေ။ကျေးဇူးတင်ရမည်က သူမသည် အဝေးတွင် မနေခဲ့ခြင်းဖြစ်သည်။

"ကောင်းပြီ ၊ ကိုယ်အခုလာပြီ ! "

ကောင်းမင်သည် သူ့မိုးကာအင်္ကျီကို ပြန်ဝတ်လိုက်သည်။သူသည် ဝမ်ကျီကို နူတ်ဆက်စကားပြောရန် တံခါးကိုဖွင့်လိုက်သည်။ထိုကလေးသည် လက်ဝှေ့လေ့ကျင့်နေပေသည်။

"အစ်ကို သွားလိုက်ဦးမယ် ၊ မင်းဘာသာ ဂရုစိုက်နေ ၊ အရမ်းနောက်ကျနေရင် မင်းအရင်အိပ်လိုက်နော် "

"အစ်ကိုက တစ်ချို့လူကြီးကိစ္စလေးတွေ သွားလုပ်မလို့လား "

ဝမ်ကျီသည် သူ၏လှပသောမျက်လုံးများကို တဖျတ်ဖျတ်ခတ်လိုက်သည်။

"မင်းဘာပြောနေလဲ ငါမသိဘူး "

ကောင်းမင်သည် တံခါးကို ပိတ်လိုက်ပြီး ပြေးလိုက်သည်။သူက မိုးရေထဲ ပြေးလွှားလိုက်သည်။ ကောင်းမင်သည် အချက်အနည်းငယ်ကို စတင်စဉ်းစားခဲ့သည်။

"ရွှမ်ဝမ်ရဲ့ ကံကြမ္မာကို ငါပြောင်းလဲလိုက်ပြီးတော့ လျိုယီက တူညီတဲ့အကြောင်းအရာတွေပြောဖို့ ငါ့ဆီရောက်လာခဲ့တယ် ၊ ကံကြမ္မာကို မမြင်နိုင်၊ မထိတွေ့နိုင်ပေမယ့် သူက နေရာတိုင်းမှာ အစွမ်းသက်ရောက်တယ် "

ကောင်းမင်စိတ်ထဲရှိ အတွေးများသည် ဆန့်ကျင်ဘက်ဖြစ်နေကြသည်။

"ဒါပေမယ့် ကံကြမ္မာက အစွမ်းထက်တယ်ဆိုရင် ငါက တည်ရှိနေသင့်တယ် "

"ကြည့်ရတာ ငါက ကံကြမ္မာစက်ဝိုင်းတစ်ခုရဲ့ အပြင်ဘက်မှာ ရှိနေပုံပဲ ၊ ငါက ငါ့ကိုယ်ငါ ရိုက်ချပြီးတဲ့နောက် ငါဟာ ငါကိုယ်တိုင်ရဲ့အရင်ဗားရှင်းဖြစ်လာခဲ့တယ် "

"ငါက ပထမစက်ဝိုင်း ၊ လွန်ခဲ့တဲ့ဆယ်နှစ်က ဘတ်စ်ကားက ဒုတိယစက်ဝိုင်း ၊ အစစ်အမှန်ကမ္ဘာနဲ့ မပေါင်းစည်းနိုင်ပေမယ့် ပေါင်းစည်းနေဆဲဖြစ်တဲ့ အရိပ်ကမ္ဘာက တတိယစက်ဝိုင်းပဲ ၊ ဥမင်ထဲမှာ ဖြတ်သွားတဲ့ စက်ဝိုင်းသုံးခုက စတုတ္ထမြောက် စက်ဝိုင်းဖြစ်လာခဲ့တယ် "

အတိတ်သည် အနာဂတ်ဖြစ်၍ အနာဂတ်သည် မရောက်ရှိသေးချေ။

ကောင်းမင်သည် ခေါင်းကိုက်လာခဲ့သည်။ သူသည် စိတ်မပါဘဲ မှန်းဆရုံသာ ရှိတော့သည်။

All Chapters