← Chapters

အဓိကဇာတ်ကောင်

Vol. 6 Ch. 88

အဓိကဇာတ်ကောင်

Vol. 6 Ch. 88

အကွေ့အကောက်များသော စင်္ကြန်များသည် အဆောက်အဦးအလယ်တွင် ဝိုင်းရံထားပြီး စက်ဝိုင်းသဏ္ဍာန် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။အပြင်လူများသည် အလယ်ရှိအခန်းထဲဝင်ရောက်ချင်လျှင် သူတို့သည် ‌စင်္ကြန်လေးခု၏ဖြတ်မှတ်များကို ဖြတ်လျှောက်သွားရမည်ဖြစ်သည်။ကောင်းမင်သည် မိုးရေထဲတွင် အချိန်စီးကြောင်းအသစ်တစ်ခုဆီထံ ပြေးဝင်မိခဲ့ခြင်းဖြစ်သည်။

"ဒါက တိုက်ဆိုင်မှုတစ်ခုမဟုတ်ရင် ဒီနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိရမယ် ၊ အဲ့ဒီလူက တကယ်ရီစရာကောင်းတာပဲ "

ကောင်းမင်သည် မင်လောင်လမ်းအိမ်ရာ ၉ သို့ရောက်ရှိလာခဲ့သည်။ သူဖုန်းမထုတ်ရသေးမီ လသာဆောင်ပေါ်တွင် ရင်းနှီးနေသော ပုံရိပ်လေးတစ်ခုကို မြင်လိုက်ရသည်။မှုန်ဝါးဝါးပြတင်းပေါက်အနောက်တွင် ရွှမ်ဝမ်သည် အပြင်ဘက်သို့ တိတ်တဆိတ်ကြည့်ရှုနေလေသည်။သူမသည် အရင်ကထက် ပိုပိန်သွားခဲ့သည်။လက်ရှိအခြေအနေတွင် သူမသည် သားကောင်တစ်ကောင်နှင့် ပိုတူနေခဲ့သည်။

ကောင်းမင်သည် အပေါ်ထပ်သို့ပြေးတက်လိုက်ပြီး တံခါးခေါက်လိုက်သည်။တံခါးသည် သော့မခတ်ထားကြောင်း သူသဘောပေါက်လိုက်သည်။သူက တံခါးကို တွန်းဖွင့်လိုက်သည်။ဖြူဖျော့သောအလင်းရောင်သည် သူ့ခန္ဓာကိုယ်ပေါ် ထိုးချလာသည်။အိမ်ထဲတွင် မည်သည့်ပရိဘောဂပစ္စည်းမှ မရှိပေ။အခန်းထဲတွင်လည်း မရှိပေ။အလွန်တသီးတသန့်ဖြစ်နေပုံရသည်။

" ကျွန်မရဲ့ အတွင်းခံ‌အရောင်တွေက လှရဲ့လား "

ရွှမ်ဝမ်၏ဖျော့တော့နေသော အသံသည် လသာဆောင်ဘက်မှ ထွက်ပေါ်လာသည်။သူမသည် ပြတင်းအောက်ခြေဘောင်ကို ကိုင်ထားပြီး ကောင်းမင်ကို ငဲ့ကြည့်လိုက်သည်။

ကောင်းမင်သည် ယင်းကဲ့သို့မေးခွန်းမျိုးကို တစ်ခါမှ အမေးမခံရဘူးပေ။သူသည် ကြောင်အအဖြင့် ခေါင်းခါလိုက်သည်။

"ကိုယ် အထင်ဝင်လာလို့ရလား "

"ကျွန်မဧည့်သည်ပါပဲ "

"ကိုယ်မင်းအတွက် ဟင်းတစ်ခုခု ချက်ပေးမယ် "

ကောင်းမင်သည် ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်သည်။ရေခဲပုံးနှစ်ခုကလွဲလို့ အခြားဘာမှ မရှိပေ။စားသောက်စရာ မရှိပေ။

"ကိုယ်တို့ အပြင်ကမှာစားကြရအောင် ၊ မင်း ဘာစားချင်လဲ "

"ကျွန်မ ဘာမှ မစားချင်ဘူး "

ရွှမ်ဝမ်သည် လသာဆောင်တံခါးကို ပိတ်လိုက်သည်။သူမသည် ဖိနပ်များကို ချွတ်လိုက်ပြီး ကုတင်အစွန်းတွင် ထိုင်ချလိုက်သည်။သူမသည် နံရံတွင်မှီ၍ သူမ၏ဒူးများကိူ ဖက်ကာ ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။

ကောင်းမင်သည် သူမ၏အစိတ်အခြေမကောင်းဖြစ်နေခြင်းကို ခံစားမိသဖြင့် နူးညံ့စွာပြောလိုက်သည်။

"မင်းစိတ်ထဲမှာ တစ်ခုခုရှိနေလား ၊ အဲ့ဒါကို ကိုယ်ကူညီပေးနိုင်ပါတယ် "

"ကျွန်မ ....ရှင့်နောက်ကို နောက်ယောင်ခံလိုက်ချင်နေတာ "

ရွှမ်ဝမ်သည် ကောင်းမင်၏ထိတ်လန့်သွားသော မျက်နှာကို မြင်လိုက်ရသည်။

"ကျွန်မက ပုံမှန်မဟုတ်ဘူးလို့ ရှင်နေတာလား "

"မဟုတ်ပါဘူး "

"ကျွန်မက သူတစ်ပါးစိတ်ကို ထိန်းချုပ်တဲ့နေရာမှာ တော်တယ်နော် ၊ လူတစ်ယောက်ကို ကျွန်မစကားလေးပြောရုံနဲ့ သတ်သေသွားအောင် ကျွန်မထိန်းချုပ်နိုင်တယ် ၊ ရှင်ကျွန်မကို လိမ်လို့မရဘူး "

ရွှမ်ဝမ်၏ဦးခေါင်းက ခန်းဆီးကို မှီလိုက်သည်။

"ဘယ်သူကမှ အရူးတစ်ယောက်မဖြစ်ချင်သလို ဘယ်သူကမှ ရူးနေတဲ့နှာဘူးတစ်ယောက်မဖြစ်ချင်ပါဘူး ၊ ဒါပေမယ့် ရှင်ဖန်တီးထားတဲ့ ကျွန်မက အဲ့လို လူမျိုးပဲ ၊ ကျွန်မ ရှင့်ကို အကြွင်းမဲ့ချစ်တယ် ၊ ရှင့်ကိုချစ်တဲ့လူတိုင်းကို သတ်ပစ်ပြီး ကျွန်မရှင့်ကို စိုက်ကြည့်နေချင်တယ် ၊ ရှင် လူတစ်ယောက်ကို ချစ်မိသွားရင်လည်း သူကိုရော ရှင့်ကိုရော ကျွန်မ သတ်ပစ်မယ် ၊ ဒါကြောင့် ကျွန်မကို ရှင်ကြောက်ရွံ့တာ ပုံမှန်ပါပဲ၊ ကျွန်မက ချစ်ဖို့မကောင်းဘူး ၊ ကျွန်မကိုယ် ကျွန်မမုန်းတယ် "

"ဒါက တကယ့်ကို ကိုယ့်ရဲ့ဂိမ်းမဟုတ်ပါဘူးကွာ ၊ ဥမင်ထဲက အသံက ကိုယ်တို့ကို လိမ်ခဲ့တာ "

ကောင်းမင်က ရှေ့သို့ လျှောက်သွားလိုက်သည်။

"ဒါဆို ကျွန်မက မှားယွင်းစွာမွေးဖွားလာတာလား "

ရွှမ်ဝမ်က ခြောက်ကပ်ကပ်ရယ်လိုက်သည်။

"အဲဒါ စိတ်ဖြေခြင်းတစ်မျိုးပါပဲ "

"အဲ့ဒီနောက်ကွယ်က အကြောင်းပြချက်တွေက အရမ်းရှုပ်ထွေးတယ် "

ကောင်းမင်က ကုတင်ဆီသို့ ရွှေ့လိုက်သည်။

"ကိုယ်မင်းကို ဘာမှ ဖုံးကွယ်မထားချင်ပါဘူး ၊ ကိုယ်မင်းကိုပြောမယ့်စကားက အရမ်းအရေးကြီးတယ် "

"ကျွန်မနားထောင်နေပါတယ် "

"ဂိမ်းထဲမှာ မင်းက အရံဇာတ်ကောင်ပဲ ၊ မင်းက မင်းရဲ့ကံကြမ္မာကို ပြောင်းလဲချင်ခဲ့တယ် ၊ ဒါကြောင့် မင်းက တခြားအမျိုးသမီးဇာတ်ကောင်ရှစ်ယောက်ကို သတ်ခဲ့တယ် ၊ မင်းက သူတို့အသက်တွေကို နူတ်ယူလိုက်ရင် အဓိကဇာတ်ကောင်ဖြစ်လာမှာလေ "

ကောင်းမင်သည် နောက်ဆုံးအကြိမ်က ရွှမ်ဝမ်ပြုလုပ်ခဲ့သောအရာများကို သိသည်။

"ဒါပေမယ့် မင်းက ကံကြမ္မာအတွက် အဓိကဇာတ်ကောင်ပါပဲ ၊ ကျန်တဲ့ အခြားလူရှစ်ယောက်ကို သတ်ပစ်ပြီး သူတို့ရဲ့ နာကျင်မှုတွေကို အမွေဆက်ခံတာဟာ မင်းလုပ်ရမယ့် အရာပဲ "

"ဒါပေမယ့် ကျွန်မရှင့်စကားကို နားထောင်ပြီး သူတို့ကို မသတ်ခဲ့ဘူးလေ ၊ အခု ကျွန်မ သေတော့မလို ခံစားနေရပြီ "

ရွှမ်ဝမ်၏အသံသည် အားနည်းနေခဲ့သည်။

"ဒီနေရာမှာ ကျွန်မ တစ်ခါမှ မရှိဘူးခဲ့သလိုမျိုး အမှောင်ထုထဲကို မကြာခင် ကျွန်မပြန်သွားရတော့မယ် ၊ ပြီးရင် ရှင်ကျွန်မကို မကြာခင်မေ့သွားလိမ့်မယ် ၊ ဒီကမ္ဘာကြီးကလဲ ကျွန်မကို မှတ်မိမှာ မဟုတ်ဘူး "

ရွှမ်ဝမ်သည် သူမ၏ကံကြမ္မာကို မလိုက်နာခဲ့သောကြောင့် ထိုအခြေအနေသို့ ရောက်ခဲ့ခြင်းဖြစ်သည်။လျိုယီသည် ရွှမ်ဝမ်၏နေရာကို တာဝန်ယူသွားခဲ့သည်။အသုံးမဝင်သော စစ်တုရင်ရုပ်များသည် လွှင့်ပစ်ခံရပေလိမ့်မည်။စွန့်ပစ်ခံရခြင်းသည် စစ်တုရင်ရုပ်၏ ကံကြမ္မာဖြစ်သည်။

"မင်းကို လူတွေ ပိုအမှတ်ရလာဖို့ နည်းလမ်းတစ်ခုရှိပါတယ် "

ကောင်းမင်သည် သူ့ဖုန်းထုတ်လိုက်ပြီး ရွှမ်ဝမ်အတွက်သူဖန်တီးထားသော ဂိမ်းကို ပြလိုက်သည်။

"မနက်ဖြန်ကျရင် ညအလင်းရောင်စတူဒီယိုကို ဂိမ်းပရိုဂရမ်မာတစ်ယောက်အဖြစ် မင်းသွားရမယ် ၊ သူတို့ လက်ရှိလုပ်နေတဲ့ ဒိတ်တင်းဆင်းကို မင်းပြင်ဆင်ပေးရမယ် ၊ ဂိမ်းကို ကစားတဲ့ ကစားသမားတွေအားလုံး မင်းကို မှတ်မိကြလိမ့်မယ် ၊ မင်း ဘယ်တော့မှ မေ့ပျောက်ခံရမှာ မဟုတ်ဘူး "

ကောင်းမင်၏ ဂိမ်းမူကြမ်းကို ကြည့်လိုက်ပြီး ရွှမ်ဝမ်၏မျက်လုံးများသည် ထပ်မံတောက်ပလာခဲ့သည်။

"ကျွန်မလား ၊ အဓိက မိန်းကလေးဇာတ်လိုက်တဲ့လား "

"ကံကြမ္မာရဲ့အလိုအတိုင်း ကိုယ်တို့ရှင်သန်စရာမလိုပါဘူး ၊ ဒါပေမယ့် ကံကြမ္မာကြောင့်လည်း ကိုယ်တို့သေမှာ မဟုတ်ဘူး ၊ နောက်အနာဂတ်ကျရင် ကိုယ်တို့က အနီးကပ်ဆုံးတိုက်ပွဲပါတနာ ဖြစ်လာလိမ့်မယ် "

ကောင်းမင်သည် ဂိမ်းမူကြမ်းကို ရွှမ်ဝမ်ထံ လွှဲပေးလိုက်သည်။

"လုပ်လိုက်စမ်းပါ ၊ ကိုယ် မင်းကို အနောက်ကနေ ကူညီပေးမယ် ၊ ကိုယ်မင်းကို အကြိမ်တိုင်း အဓိကဇာတ်လိုက်ဖြစ်အောင် လုပ်ပေးမယ် "

ရွှမ်ဝမ်သည် စာရွက်စာတမ်းများကိုယူလိုက်ပြီး ကောင်းမင်ကို ကြည့်လိုက်သည်။

"ကျွန်မ ရှင့်ကို ပိုပြီး ကျေးဇူးဆပ်သင့်လား ၊ ဒါပေမယ့် ကျွန်မတို့က နှစ်ခါပဲ ဆုံဖူးသေးတာလေ "

"မင်း ကိုယ့်ကို ကယ်ခဲ့တယ် ၊ ဒါက အနည်းဆုံး ကိုယ်လုပ်ပေးနိုင်တာပဲ "

ရွှမ်ဝမ်သည် နောက်ဆုံးအကြိမ်နှင့် မတူကြောင်း ကောင်းမင်ခံစားရသည်။လူရှစ်ယောက်ကို အမဲလိုက်ခဲ့သော ရွှမ်ဝမ်သည် သူတို့၏စွမ်းအားနှင့် ချစ်ခြင်းကို လွှဲပြောင်းရယူခဲ့သည်။၎င်းသည် အရာရာတိုင်း အလွန်တိုးမြှင့်သွားခြင်း၏ အကြောင်းအရင်းဖြစ်သည်။

"ဒါဆိုလဲ... ကျေးဇူးတင်ပါတယ် "

ရွှမ်ဝမ်သည် ကောင်းမင်အား ဥမင်ထဲမှ အိမ်သို့ ပို့ခဲ့ပြီးကတည်းက သူမခန္ဓာကိုယ်သည် အားနည်းနေခဲ့သည်ဟု ခံစားရသည်။အရိပ်ကမ္ဘာသည် သူမအား ဝါးမြိုနေခဲ့သည်။သူမ၏ လူသေဓာတ်ပုံသည် မှိန်ဖျော့လာခဲ့သည်။သူမအတွင်းမှ အသံတစ်သံသည် အခြားအမျိုးသမီးဇာတ်ကောင်ရှစ်ယောက်ကို သတ်ပစ်ရန် သူမအားတိုက်တွန်းနေခဲ့သည်။

"ဒါက ပိုကောင်းလာမှာပါ "

ကောင်းမင်က ထပ်ပြောလိုက်သည်။

"ကိုယ်တို့မှာ ရံပုံငွေမရှိတာတွေ ဒါမှမဟုတ် ပြဿနာတစ်ချို့ ကြုံရမယ်ဆိုရင် အကြမ်းပတမ်းနည်းလမ်းတွေမသုံးပဲ ဖြေရှင်းဖို့ ကြိုးစားရမယ် ..."

ဧည့်ခန်းမီးသည် ပြေးထွက်သွားသည်။ရုတ်တရက် တံခါးဝတွင် တံခါးခေါက်သံတစ်ခုထွက်ပေါ်လာသည်။တံခါးခေါက်သံသည် အလွန်ညင်သာ၏။ကလေးတစ်ယောက် စနောက်နေခြင်းနှင့်တူလေ၏။ ကောင်းမင်သည် ချက်ချင်း ပါးစပ်ပိတ်သွားသည်။သူက ရွှမ်ဝမ်ကို ကြည့်လိုက်သည်။ဘယ်သူက သူမကို လာရှာတာလဲ ။ ကောင်းမင်သည် သူ့ခြေရာလက် ရာများကို ဖျောက်လိုက်ပြီး လသာဆောင်တွင် ပုန်းလိုက်သည်။

"မဟုတ်ဘူးလေ ၊ ရှင်ဘာလို့ ပုန်းနေတာလဲ "

"ဒါကို ချုံခိုတိုက်တယ်လို့ ခေါ်တယ် "

တံခါးခေါက်သံသည် အကြိမ်ရေစိပ်လာ၏။ချောင်းကြည့်ပေါက်မှတဆင့် လူတစ်ယောက်ပေါ်လာ၏။ တံခါးဆီမှ မဖြေမရသောကြောင့် တံခါးလက်ကိုင်ဘု စတင်လည်လာသည်။ ကလစ်သံတစ်ချက်နှင့်အတူ ရှေ့တံခါးသည် ပွင့်လာတော့သည်။တံခါးဝတွင် အမျိုးသမီးတစ်ယောက်ပေါ်လာလေသည်။သူမသည် ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သည်။သူမသည် အသက်ကြီးသေးပုံမရပဲ နုပျိုမှုများ ပြည့်ဝနေလေသည်။

"အိမ်ထဲမှာ ဘယ်သူမှ မရှိဘူးလား "

ကောင်မင်လေးသည် ကုတင်ဘေးတွင် ရွှမ်ဝမ်ကိုမြင်လိုက်ရာ ပြုံးပြလိုက်သည်။

"အစ်မကြီး ၊ နောက်ဆုံးတော့ ငါနင့်ကို တွေ့ပြီ "

ကောင်မလေးသည် တံခါးကို အပြည့်အဝတွန်းဖွင့်လိုက်လေသည်။သူမ၏ အဝတ်အစားများသည် သွေးများစွန်းထင်းနေ၏။

"အစ်မကြီး နင်ကဒီလိုချောင်ကျတဲ့နေရာမှာ ပုန်းနေတော့ ရှာရတာ အရမ်းခက်တာပဲ ! "

ကောင်မလေးသည် လှပပြီး အပြုံးက ချိုမြနေသည်။သို့သော် သူမပြုံးလိုက်သည်အချိန်တွင် သွေးများတစ်စက်စက်စီးကျလာသဖြင့် ကြောက်မက်ဖွယ်ကောင်းနေလေသည်။

ကောင်းမင်က သူ့ခန္ဓာကိုယ်အား ချိန်ညှိလိုက်သည်။သူသည် အခန်းထဲ ဝင်လာသော ကောင်မလေးကို မြင်သည်။ကောင်မလေးသည် အမျိုးသမီးဇာတ်ကောင်များထဲမှ တစ်ယောက်ဖြစ်ပုံရသည်။သူမနာမည်သည် လီလုစင်းဖြစ်သည်။ ဝေတယို ဒီဇိုင်းဆွဲခဲ့သော ဇာတ်ကွက်ရှစ်ခုတွင် လီလုစင်းသည် အဓိကအမျိုးသားဇာတ်လိုက်၏ မိသားစုကို သေဆုံးသွားသည်အထိ ကစားခဲ့လေသည်။သူမသည် အစစ်အမှန်မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်။

"နင် ဘာလို့ ငါ့ကို ရှာနေတာလဲ "

ရွှမ်ဝမ်က တည်ငြိမ်စွာမေးလိုက်သည်။သူမသည် လီလုစင်းကို ကြည့်ပင်မကြည့်ချေ။

"အိုး သေချာတာပေါ့ ၊ အစ်မကို သတ်ဖို့ရှာနေတာလေ "

ချစ်စရာကောင်မလေးသည် လှပစွာပြုံးလိုက်ပြီး သူမနောက်ကျောမှ ဓားတစ်ချောင်းထုတ်လိုက်သည်။

"နင်က အရမ်းအန္တရာယ်များတယ် ၊ ဒါကြောင့်မို့ နင့်ကို ဒီနေရာမှာ တခြားအစ်မကြီးတွေနဲ့ ပေါင်းစည်းမလားလို့ မေးပါရစေ "

"ငါဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး ၊ ဒါပေမယ့် လူတွေက ငါ့ကို သတ်ဖို့ရောက်လာကြတယ် "

ရွှမ်ဝမ်က ခက်ခက်ခဲခဲ ထရပ်လိုက်သည်။

"ကံကြမ္မာက မင်းရဲ့လမ်းဟောင်းအတိုင်း မင်းကို အတင်းအကျပ်သွားခိုင်းလို့မရပါဘူး "

ကောင်းမင်သည် လသာဆောင်မှ လမ်းလျှောက်ထွက်လာ၏။

"သူ့ကို ကိုယ်ဖြေရှင်းပါရစေ "

ရွှမ်ဝမ်က ပြုံးလိုက်ပြီး ကောင်းမင်နှင့်လီလုစင်း၏ နောက်ကျောကို ကြည့်လိုက်သည်။လီလုစင်းကို ကြည့်နေရင်း ရွှမ်ဝမ်သည် သေတော့မည်ကဲ့သို့ ကောင်းမင်ကို ရည်ရွယ်ချက်ရှိရှိ မှီလိုက်သည်။

"သူပြောတာ မမှားပါဘူးလေ ၊ ကျွန်မအရမ်းအန္တရာယ်များတယ် ၊ ကျွန်မက လူမသိသူမသိတဲ့ ချောင်လေးမှာ ပုန်းနေပြီး ဘယ်သူ့ကိုမှ ထိခိုက်စေဖို့တောင် မတွေးခဲ့ပါဘူး ၊ ဒါတွေအားလုံး ကျွန်မအမှားပါပဲရှင် "

"နင်ဘာလို့ တခြားဇာတ်ကောင်ရဲ့လူကို ခိုးယူဖို့ ကြိုးစားနေတာလဲ "

All Chapters